မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်ခြင်း
မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ (မန်ဘာများ ကျေးဇူးပြုပြီး like မလုပ်ပဲ မှတ်ချက်ရေးပေးကြပါ)
သဂျီးနဲ့ သဂျီးရဲ့ ဖခင်ကြီး စပ်တဲ့ ကဗျာထဲက ရှား၏ ရှား၏ ဆိုတာလေး စိတ်ထဲစွဲနေတယ်။
ရှိတဲ့တန်ဖိုးကို မရှိတဲ့အချိန်မှာမှ ပိုသိရတာလေ။
ကိုယ်ချင်းစာမိပါတယ်။
Was this answer helpful?
LikeDislikeကိုခိုင်ရေ..
သားသမီးဝတ္တရားအရ လှူမျှဝေပါနော်။
May I offer my sympathies!
TTNU.
Was this answer helpful?
LikeDislikeဦးခိုင်…
ဦးခိုင် မိသားစုများနဲ့ထပ်တူ..
ဝမ်းနည်းရပါတယ်…။
စိတ်မကောင်းပါဘူး ဦးခိုင်…။
နေကောင်းအောင် ဂရုစိုက်ပါနော်…။
Was this answer helpful?
LikeDislikeအင်း..
တနှစ်ပြည့်ပြီ… အချိန်တွေမြန်လိုက်တာ…။
ဆိုတော့…
“ငါ့အလှည့် မရောက်သေး”…. ရယ်လို့..။
Was this answer helpful?
LikeDislikeတစ်နှစ် ပြီး တစ်နှစ် …..
ဒီလို နဲ့ ဘဲ တစ်နေ့ နေ့ မှာတော့ ကိုယ့်အလှည့် ပါဘဲ။
ဒီ ခရီး ကို လိုက်ကြရမှာပါဘဲ။
အားလုံးကတော့ ဘာဘဲဖြစ်ဖြစ် တစ်နေ့ မှာ ပြီး သွားရမှာပါဘဲ။
ကိုယ့် သမိုင်း ကို ဘယ်လို ရေးခဲ့သင့်လဲ။
နောက်ဆုံး ကိုယ့်အချိန် ကို ဘယ်လို ရင်ဆိုင်သင့်လဲ။
Was this answer helpful?
LikeDislikeသဂျီးက အမေကို မဆုံးခင် အားရပါးရပြုစုလိုက်ရလို့ ဖြေသာပါတယ်လေ… :'(
Was this answer helpful?
LikeDislikeအချိန်တွေကုန်တာ မြန်လိုက်တာ.. ကိုရင် ဒီရောက်ခါစ
ဒီသတင်းကြားမိတာ.. မိသားစု ထပ်တူ သတိရ မေတ္တာပို့ပါတယ်။
မိဘကို သိတတ်တဲ့ အူးခိုင်လည်း သစ္စာတရားကို မြန်မြန်တွေ့ပါစေ…
Was this answer helpful?
LikeDislikeသူကြီးရေ…. ကြားရတာ စိတ်မကောင်းပါဘူး။ မဆုံးခင် အားရပါးရပြုစုလိုက်ရတယ်ဆိုတော့ တော်ပါသေးတယ်။ အပြင်လောကမှာ မရှိတော့ပေမယ့်လည်း အဆုံးအမတွေ၊ မေတ္တာစကားတွေနဲ့အတူ ရင်ထဲမှာ ကျန်ရှိနေဦးမှာပါ။
Was this answer helpful?
LikeDislikeစိတ်မကောင်းဖြစ်မိပါကြောင်းး
Was this answer helpful?
LikeDislikeကိုယ့်ထက်ကြီးသူ
ကိုယ့်အောက်လူ
ရွယ်တူသေကြ
များလှပြီ။
မဝေးတဲ့ တစ်နေ့မှာတော့ သေကြရမှာပါပဲ။
မသေခင် အတ္တ္တတ္ထစရိယ၊ဉာတတ္ထစရိယ၊လောကတ္ထစရိယ
ကျင့်နိုင်ဖို့ ကြိုးစားနေပါတယ်။
Was this answer helpful?
LikeDislikeသူကြီးမင်း ဦးခိုင် ယခု လို ဖြစ်ဖြစ် မြောက်မြောက် ရှိ လာ တာ ဟာ ၊
သူကြီး မိခင်ကြီး ရဲ့ ပင်ပန်း ၊ နစ်နာ မှု များ စွာ ပါ ဝင် ခဲ့ သည် မှာ သေချာ ပါ တယ် ။
တနှစ် ပြည့် သော် လည်း ၊ မိဘ မေတ္တာ ကို တသက် လုံး မေ့ နိုင် မည် မ ဟုတ် ပါ ။
Was this answer helpful?
LikeDislikeဝမ်းနည်းစွာနဲ့ စိတ်မကောင်းဖြစ်မိပါတယ်ရှင်။ လူတိုင်း မလွန်ဆန်နိုင်တဲ့ သဘောတရားကြီးကို မနောတို့လည်း ဘယ်တော့များမှ သွားရမလဲဆိုတာ နှလုံးမူထားပါတယ်။
သဂျီးမေမေ မနောဘွားဘွား ကောင်းရာသုဂတိလားပါစေလို့ မေတ္တာပို့သလိုက်ပါတယ်။
Was this answer helpful?
LikeDislikeထပ်တူထပ်မျှ ခံစားရပါကြောင်း
Was this answer helpful?
LikeDislikeမိသားစုနှင့်ထပ်တူထပ်မျှဝမ်းနည်းမိပါတယ်ခင်ဗျာ..။
Was this answer helpful?
LikeDislikeမိသားစုနှင့်ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်ခင်ဗျာ..။
Was this answer helpful?
LikeDislikeပြက္ခဒိန် တစ်ပတ် ပြန်လည်လာပေါ့…..
နှစ်တွေ နှစ်တွေ ပြောင်းသွားပေမင့်
အဟောင်းတွေက အသစ် ပြန်ဖြစ်ဆဲ ပါလား…
Was this answer helpful?
LikeDislikeဒီအရွယ်အထိမိခင်နဲ့အတူ
နေရတာနည်းတဲ့ကုသိုလ်မဟုတ်ပါဖူး
ဒါပေမဲ့ဘယ်အရွယ်အထိအတူနေနေ
မိခင်ဆုံးရှုံမှုကမိခင်ဆုံးရှုံမှုပါပဲလေ
ဝမ်းနည်းစရာပါ
Was this answer helpful?
LikeDislikeခုမှ ဝင်ကြည့်မိပါတယ် …
ကောင်းရာမွန်ရာဘဝ ရောက်ပါစေ …
ကျုပ်တို့လည်း အရင်ကနဲ့စာရင် တဖြည်းဖြည်း နီးကပ်လို့လာနေပါပြီ …။
Was this answer helpful?
LikeDislike