နဒီဧရာနံဘေးက အလှမြင်ကွင်း…………….







တောင်စွယ်နေကွယ်
လွမ်းစဘွယ်








“ဧရာကမ်းနံဘေးက လွမ်းမောစရာလေးတွေ”
2010 ခုနှစ်ကစလို့ ကျနော်ဓါတ်ပုံတွေရိုက်ခဲ့ပါတယ်။
ဒါပေမယ့် 2012ရောက်တဲ့အထိ မရိုက်ဘူးတာတွေအများကြီးပါ။
ပိတောက်ပန်းမရိုက်ဖူးဘူး။
မန်းလေးတက္ကသို်လ်ကိုမရိုက်ဖူးဘူး။
သင်္ကြန်ရေပက်တာ မရိုက်ဖူး ဘူး ဆိုသလို မရိုက်ဘူးတာတွေအများကြီးထဲမှာ
ဧရာဝတီမြစ်ရေတက်ချိန်လဲမရိုက်ဘူးသေးပါဘူး။
တစ်ရက်တော့ကိုစိန်သော့နဲ့ ဖုန်းပြောရင်း ဧရာဝတီကို ဆော်ဘို့နှက်ဘို့ပြောဖြစ်ပါတယ်။
ကိုစိန်သော့နဲ့ကျနော် သုံးလေးကြိမ်တွဲရိုက်ဘူးပါတယ်။
ကိုသော့ ရွွှေမင်းသား လုလင်နဲ့ကျနော် တောင်သမန်ကိုတစ်ခါ
ကိုသော့လုလင် ကျနော် မင်းကွန်းတစ်ခါ
ကိုသော့ ဖရဲမ ကိုထွန်းဝင်းလတ်နဲ့ ကျနော် ဒီးဒုတ်ရေတံခွန်တစ်ခါ
သုံးခါ။
သူနဲ့ကျနော် စကားအင်း ကိုသွားရိုက်မယ်ဆိုပြီးမရိုက်ဖြစ်။
အာဇာနည်နေ့ညနေခင်းမှာတော့ သူလည်းအား ကျနော်လည်းအား။
ဒါနဲ့ဘဲ သူရယ်ကျနော်ရယ် သူ့မိတ်ဆွေတစ်ယောက်ရယ် တက်သိမ်းအင်းကိုဖြတ်။
ကန်ပါတ်လမ်းဘက်ချီတက်ခဲ့ပါတယ်။
ညနေ နေချိုချိန် ညနေငါးနာရီခွဲလောက်ရောက်အောင်မှန်းသွားခဲ့ကြပါတယ်။
ရှမ်းလေးကျွန်းရောက်တော့ ရေနည်းနည်းကျသွားပါပြီ။
ကန်ပါတ်လမ်းမှာတော့ ရေလွတ်ရာပြေးလာတဲ့ တဲအိ်မ်လေးတွေကအစီအရီ။
ရှမ်းလေးကျွန်းအလွန်မှာ ပထမဆုံးဆင်းရိုက်။
ကျနော်တို့ဓါတ်ပုံရိုက်တဲ့အခါ ကိုယ်နှစ်သက်သလိုကိုယ်ရိုက်ကြတာပါ။
ရိုက်ကွင်းရောက်တာနဲ့ တစ်ယောက်တစ်နေရာစီ။
ကိုယ်စိတ်ကူးနဲ့ကိုယ်။
အဲတော့ တူတာလဲရှိ မတူတာလဲရှိ။
လောကမှာလူတစ်ဦးနဲ့တစ်ဦးရေရှည်ဆက်ဆံဘို့ဆိုတာက ညှိနိုင်းခြင်းမဟုတ်ပါဘူး။
ကိုယ်နှစ်သက်ရာကိုယ်လုပ်ရင်း ကိုယ်မနှစ်သက်တာ လုပ်သူကို ဥပေက္ခပြုထားခြင်းပါဘဲ။
ကျနော်တို့က ညှိနိုင်းပြီးနေတာမဟုတ်။
ကိုယ်နှစ်သက်တာကိုယ်လုပ်ရင်းသူများလုပ်တာကို လည်း မကန့်ကွက် ဘဲနေကြတာပါ။
တစ်နေရာ ရိုက်လို့ဝရင် နောက်တစ်နေရာပြောင်းပေါ့။
အခုလိုရေတက်ချိန်မှာဧရာဝတီက ရေပြင်ကျယ်ကြီးဖြစ်သွားပါတယ်။
ခါတိုင်း လယ်စိုက်ကိုင်းစိုက်လုပ်နေတဲ့ ကမ်းနားလမ်းက ရေဝင်တဲ့ဧရိယာကြိးဖြစ်လို့ ဖောင်တွေ
လှေတွေ သင်္ဘောတွေ တောင်ရောက်နေပါတယ်။
ရီစရာပြောရရင် သွားလေရာ အိတ်တစ်လုံးလွယ်ထားတဲ့ကျနော်ဖောင်တွေလိုက်ဓါတ်ပုံရိုက်တော့
သစ်တောကလူမှတ်လို့ ခပ်စိမ်းစိမ်းအကြည့်တွေနဲ့ကြည့်ခံလိုက်ရတာကတော့အမှတ်တရ။
ရိုက်ရင်းရိုက်ရင်းနေအဝင်စောတော့ အလင်းရောင်စိတ်တိုင်းမကျတော့ပြန်ခဲ့ကြပါတယ်။
ပျော်စရာကောင်းပါ၏။
–
ကိုပေါက်လမ်းသလားနေသည်
5-8-2012
16 comments
surmi
August 4, 2012 at 11:06 am
အစ်ကိုကြိုက်တဲ ့ နောက်ဆုံးပုံလေးကို ကျနော်လည်းကြိုက်တယ်
ဖြာကျနေတဲ ့ သစ်ကိုင်းနဲ ့ အရွက်တွေက အနီးအဝေးကိုပုံဖေါ် ပြီး
ပိုပြီး ရုပ်လုံးကြွ စေတယ်လို ့ ထင်တာပဲ ။
ahnyartamar
August 4, 2012 at 11:18 am
ဒီပုံတွေ ကြည့်ရတာ အညာကို လွမ်းတယ် ဦးပေါက်..ရေ……
mamanoyar
August 4, 2012 at 11:25 am
တမာရနံ့လေး သင်းပျံ့မွှေးတဲ့ အညာမြေကို ပြန်သတိရနေသည်
ဆည်းဆာနေညိုချိန်မှာ ဧရာဝတီမြစ်ကမ်းနဘေးက ငွေသောင်ယံကမ်းရဲ့…
သီချင်းဆိုတာ
မရတော့ဘူး
snow white
August 4, 2012 at 11:59 am
ပုံလေးတွေကလင်းနေတာဘဲ ကြည့်လို့ကောင်းလိုက်တာ တကယ့်ပညာရှင်အဆင့်ထက်ကျော်နေပြီ လေးလေးပေါက် ပုံလေးတွေကြည့်ခွင့်ရလို့ကျေးဇူးတင်ပါတယ် နောက်လည်း ပုံများများတင်နိုင်ပါစေ။။
မွန်မွန်
August 4, 2012 at 12:26 pm
ဝိုး..လေးပေါက်..ပုံအားလုံးကို ကြိုက်တယ်…ဘာကိုအကြိုက်ဆုံးလို့ ပြောရမလဲတောင် မသိဘူး.. ဘယ်ကိုသွားမလဲ ကိုရွှေနွား ကတော့ ပိုကြိုက်မိသလိုပဲ…..
လေးပေါက်… စင်ရော်တွေ၊ ဟင်္သာတွေ မရှိဘူးလားဟင်… တစ်ခါသားတော့ ဟင်္သာပုံတွေကို ဂျာနယ်ထဲမှာ မြင်လိုက်ရတယ်… ရှိရင် ရိုက်ပေးပါဦး…
မောင်ပေ
August 4, 2012 at 12:36 pm
4.8.2012 ဒီနေ ့မနက် စစ်ကိုင်းသွားဖြစ်တော့
ရေတွေက ထပ်တက်လာတယ် ထင်တယ်
သင်္ဘောတွေ စက်လှေတွေတောင် ခါတိုင်းတစ်ခါမှ မမြင်ရတဲ့နေရာမှာ နေရာယူထားကြတာ ကို တွေ ့ခဲ့တယ်ဗျ ။
ကိုပေါက်(မန္တလေး)
August 4, 2012 at 2:49 pm
နောက်ရက်ကျရင် ရှမ်းလေးကျွန်းရေတက်တာ မြင်ရမယ်နော်
ဇောက် ထိုး
August 4, 2012 at 3:02 pm
ထိပ်ကွက်နဲ့နွားတွေက ဘာတွေရဲဟင်………
လှအောင်လုပ်ထားတာတော့ ဟုတ်ဖူးထင်တယ်နော်….
ကိုပေါက်(မန္တလေး)
August 4, 2012 at 5:47 pm
အမဲသားနှစ်သက်သူများစားဘို့ သားသတ်ရုံကိုပို့ဘို့လေဗျာ
မဟာရာဇာ အံစာတုံး
August 4, 2012 at 4:19 pm
ဖေဂျီးရေ ..
ပုံ ၅ ထဲက နေရာမှာထိုင်ပြီး
တစ်ယောက်တည်း အေးဆေး နှပ်လိုက်ချင်တယ်ဗျာ .. 😀
ပုံ ၁၄ ကို မြင်ရပြန်တော့
ရွာက ညနေ နွားကျောင်းသားတွေကို
ပြေးမြင်လိုက်မိသေးရဲ့ ..
ဒါနဲ့ ဖရဲသီး တစ်ယောက်လည်း
အလုပ်ရတာနဲ့ ရွာထဲကို ဝင်နိုင်တော့ဘူးထင်တယ် ..
သူ့ကို သတိရကြောင်းလည်း ပြောပါဦး ဖေဂျီးရေ …
Mလုလင်
August 4, 2012 at 5:45 pm
မိသားစု လိုက်ရေချိုးဆင်း ဆိုတာ လေး တော့ ကြိုက်တယ်ဗျာ .. အောက်ဆုံးပုံ လဲ ကြိုက်တယ် .. ကျွန်တော် လဲ ဒီနေ့ ကုန်ထမ်း တာ နေ့ဝက်နားပြီး သွား ရိုက်ထားသေးတယ်ဗျ .. ဒီည တော့ တင်ဦးမယ်။
ပင်လယ် ပျော်
August 4, 2012 at 7:38 pm
ဦးပေါက်…နောက်တစ်ခါ မန ္တလေး ရောက်ရင် ဒါမျိုးရှုခင်းကောင်းတဲ့နေရာလေးတွေ လိုက်ပို ့ဦးနော်…
အတိသဌ္ဇနာဂရ
August 4, 2012 at 9:48 pm
ကိုပေါက်ရေ ရွာထဲက အကိုတွေနဲ ့အတော့်ကိုဆုံချင်သားပါဗျာ။
ကိုပေါက်တို ့ဆီဒါပုံပညာသင်ချင်ပါ၏။
ကိုပေါက်(မန္တလေး)
August 4, 2012 at 10:48 pm
ကိုပေါက်က ဝါသနာရှင်ပါ။
ရွာထဲမှာ သင်ပြပေးနိုင်သော ဆရာများစွာရှိပါ၏။
P chogyi
August 5, 2012 at 9:07 am
သစ်တောကလူအမှတ်နဲ့ လိုက်ရိုက်ခံရမှာကြောက်လို့ထင်တင်
တစ်ချို့ပုံတွေက မှုန်ဝါးသွားတယ်။
ကိုပေါက်(မန္တလေး)
August 5, 2012 at 11:43 am
ဟုတ်ဘူး P chogyi ရေ
ဇွမ်းဆွဲပြီး လက်နဲ့ကိုင်ရိုက်တာ လက်မငြိမ်လို့ ဝါးသွားတာပါ။.
ကျနော်ညံ့လို့ ဝါးတာ။.