Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သက်သေရှိ၏ မရှိ၏………….(သက်သေမရှိရင်လွတ်မယ်တဲ့လား)

“သက်သေရှိ၏ မရှိ၏”

(သက်သေမရှိရင်လွတ်မယ်တဲ့လား)

 

 

 

မူရင်းပိုစ်ကိုဖော်ပြပေးလိုက်ပါတယ်။

(ဆေးမူးတယ် ဆေးကွဲတယ်လို့သတ်မှတ်ကြတာပါပဲ
ခုတော့ ကိုယ်တွေ့ဗျာ… ကျုပ်အစ်ကို ခံလိုက်ရပီ…

ရုံးမှအပြန် အစ်ကို အောင်မင်းဦးနှင့် ကျော်ဇင်ဟိန်းတို့ ဆိုင်ကယ်နှင့် အပြန်လမ်းတွင် အနောက်မှ အောင်မင်းဦးဖြစ်သူကို သံတုတ်ဖြင့် ရိုက်ရာ ဆိ်ုင်ကယ်ပေါ်မှပြုတ်ကျသွားပြီး..
လူ၈ ယောက်ခန့် အုပ်စုဖြင့် ဝိုင်းကာ ဆွမ်းကြီးလောင်းကြသည်။

၎င်းတို့တွင်သံတုတ်များ. ဓါးများ အသင့်ပါကြသည်။ ၂ယောက်နှင့် ၈ယောက်..
ဖြစ်သည့်နေရာတွင် လူမှားမည်စိုးသဖြင့် အရိုက်ခံနေစဉ်တွင် အမည် အလုပ်အကိုင်များကို
ပြောပြသော်လည်း သည်းကြီးမဲကြီးသာ ဆော်ကြပါသည်။

ကိုအောင်မင်းဦး ခွေလဲကျချိန်တွင် ၅၊ ၆ ယောက်ခန့်ဝိုင်းပြီး ကန်ကြောက် ရိုက်နှက်ကာ မြောင်းထဲကျသွားသည်ထိပင်. မြောင်းမှာ.. လူတစ်ရပ်စာနီးပါးခန့်ရှိသည်။
ဒဏ်ရာအနေဖြင့်. ဆီးခုံကွဲခြင်း၊ အူမကြီးပေါက်သွားခြင်း၊ နှင့် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ
တင်ပါးတွင် အချွန်ဖြင့် ထိုးနှက်ဒဏ်ရာရရှိ။

မောင်ကျော်ဇင်သည် ဓါးဖြင့် ခုတ်ခံရပြီး ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ ၃ခု လက်မောင်းတွင်
ပြတ်ရှဒဏ်ရာတစ်ခု လက်တွင် ပြတ်ရှဒဏ်ရာတစ်ခု(ဓါးအား ဆုတ်ကိုက်လိုက်စဉ်)
ဒဏ်ရာရရှိပါသည်။ ယခု လက်ရှိ ကုတင် ၃၀ဝ တွင် ကုသလျက်ရှိ။

ဒီလိုမျိုးတွေ ကျွန်တော်တို့ နိုင်ငံမှာ ရှိနေခြင်းသည် ကောင်းသော လက္ခဏာတည်းမဟုတ်… အထက်ပါကဲ့သို့သော အမှုကိစ္စရပ်များသည် အမြဲတစေ ကြားနေရသော ကိစ္စရပ်အမှုများအဖြစ်
ကြားသိနေရသည်။ ၎င်းကိစ္စအား သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်ပေးစေလိုပါသည်။

မင်းမဲ့စရိုက်ဖြင့် ဖြစ်ပျက်ခဲ့သော ယခုကိစ္စအပါအဝင် ယခင်ကိစ္စများစွာတို့သည် ကျွန်ုပ်တို့လူမျိုးများ၏ ဂုဏ်သိက္ခာနှင့် မကိုက်ညီဟု ကျုပ်ယူဆသည်။ ကျုပ် ဖင်ခေါင်းကျယ်ပြီး ကြီးကြီးကျယ်ကျယ် မပြောချင်… ကျုုပ်ပြောချင်တာက မန္တလေးမှာ ဒီလိုအမှုတွေ ရှိနေသေးတယ်….. မိတ်ဆွေများ
သင်ဒီ အဖြစ်အပျက်များကို မနှစ်သက်လျင် Share ပါ
)

 

တစ်ရက်မန်းလေးဂေဇက်ထဲဝင်ဖတ်လိုက်တော့

“မန်းလေးမှာဒီလိုအမူ့တွေရှိနေတယ်ဆိုတဲ့ ပိုစ်လေးကိုဖတ်လိုက်ရပါတယ်။

(https://myanmargazette.net/?p=140008 အဲဒီပိုစ်လင့်လေးပါ)

ကောင်လေးနှစ်ယောက်ကို အကြောင်းမဲ့သက်သက် အုပ်စုဖွဲ့ပြီး အနိုင်ကျင့်လိုက်တဲ့အကြောင်းလေးရေးထားတာပါ။

အရိုက်ခံ ဓါးအထိုးခံလိုက်ရတဲ့ အောင်မင်းဦးရဲ့ ညီဖြစ်သူ ဖြိုးသီဟ ဖေစ်ဘုတ်မှာရေးတင်ထားတဲ့

ပိုစ်လေးကို TTNU ကပြန်ရှယ်ထားတာပါ။

ဒီပိုစ်လေးဖတ်အပြီးမှာတော့ ည ညတွေမှာ နံပါတ်ပါသော မပါသောဆိုင်ကယ်များနဲ့အုပ်စုဖွဲ့ကာ

လမ်းသလားနေသော လူငယ်တစ်စုကို ပြေးမြင်ယောင်မိပါတယ်။

တစ်ခါသားမှာတော့ ကျနော် ကန်တော်ကြီးပါတ်လမ်းအတိုင်း စမတ်ဂါးဒင်းမှအပြန်

လမ်းပေါ်မှာ ကန့်လန့်ခံနေတဲ့ ဆိုင်ကယ်အုပ်စုကို ဟွန်းသံပေးလို့ကျော်လိုက်ပါတယ်။

သူတို့အနားအရောက် မှာတော့  ပယ်ပယ်နယ်နယ်အဆဲခံလိုက်ရပါတယ်။

ကြည့်လိုက်တော့ ကိုယ့်သားလောက်အရွယ်။

 

ကျနော်မိတ်ဆွေလင်မယားကတော့ ကျနော့်ထက်အဖြစ်ဆိုးပါတယ်။ဆိုင်ကယ်အုပ်စုတစ်စုက အော်ဟစ်ပြီး လမ်းပေါ်မှာ မြွေလိမ်မြွေကောက် မောင်းနေတာကို ကျော်တက်ချင်လို့ဟွန်းသံပေးလိုက်ပါတယ်။

အဲဒီအခါသူတို့ဆိုင်ကယ်ကို အဲဒီဆိုင်ကယ်အုပ်စက ဝိုင်းထားပြီး

ပြဿနာရှာပါတော့တယ်။

အုပ်စုနဲ့နှစ်ယောက်ထဲလဲဖြစ် မူးပြဲကွဲနေတာကိုလဲတွေ့နေရတော့ မနည်းတောင်းပန်မှ

“နောက်တစ်ခါဒါမျုးိလုပ်ရင် အသေဘဲ”လို့ကြိမ်းမောင်းပြီး ထွက်သွားကြပါသတဲ့။

ဒါကတော့ရုံးမရောက်ဂါတ်မရောက်နဲ့ပြီးသွားတဲ့ကိစ္စလေးများပေါ့။

24-7-2012 နေ့မှာ သူငယ်ချင်းတစ်ယောက်ကဖုန်းဆက်လာပါတယ်။

20-7-2012နေ့က ဒါးထိုးခံလိုက်ရတဲ့ အောင်မင်းဦးဆိုတာကျနော်တို့

သူငယ်ချင်းတစ်ယောက်ရဲ့သားဖြစ်နေတာကိုသိလိုက်ရပါတယ်။

ဒါနဲ့ဘဲဆေးရုံသွားပြီးလူမမာမေးသွားခဲ့ပါတယ်။

သူ့ညီလေးရေးထားတဲ့အတိုင်းပါဘဲ အလုပ်ကပြန်အလာ မသိမမြင်မတွေ့ဘူး

ရန်ညှိုးရန်စမရှိတဲ့ သူက အသွားလွတ်ဆော်တာကို ခံလိုက်ရတာပါ။

လူမှားနေပါတယ်ပြောလဲမရ။

နာကျင်နေတာရယ် မျက်နှာထိမှာစိုးလို့ကွယ်ထားရတာရယ်ဆိုတော့ ဘယ်သူတွေ

ကကိုယ့်ကို ရိုက်နေကန်နေတယ်ဆိုတာတောင် မော့မကြည့်နိုင်ဆိုတော့ မမှတ်မိ။

အုပ်စုလိုက်ဝိုင်းပြီး ရိုက်နှက်ကန်ကျောက် ဒါးနဲ့ထိုးလုပ်သွားတာကိုခံလိုက်ရတာပါ။

ညအချိန်လူအသွားအလာပြတ်တော့လဲ ကူမယ့်သူမရှိ သက်သေမရှိ မြင်သူမရှိပေါ့။

ကျနော်ရောက်သွားချိန်မှာတော့ မောင်ကျော်ဇင်ကတော့ဆေးရုံဆင်းသွားပါပြီ။.

အောင်မင်းဥိးကတော့ ဆေးရုံပေါ်မှာရှိနေဆဲ။

သက်သာတယ်ဆိုပေမယ့် ဆက်လက်ဆေးကုသမှု့ခံနေဆဲ။

မိဘက ဆေးကုသစရိတ်ကုန်မယ်။

အလုပ်လုပ်ရမယ့်အချိန်မှာ ကိုယ့်မှားယွင်းမှု့ကြောင့်မဟုတ်ဘဲဆေးရုံပေါ်ရောက်နေမယ်။

အခုချိန်ထိ သူတို့အပေါ်ဘယ်သူကျူးလွန်သွားတယ်ဆိုတာ မသိသေး။

တနည်းပြောရင်ကျူးလွန်သူက ဥပဒေလက်တွင်းကလွတ်မြောက်နေဆဲ။

ကျနော်ကြားဘူးသလိုပြောရရင် အမှု့အခင်းရယ်လို့ဖြစ်ခဲ့ရင်

သက်သေလိုအပ်ပါသတဲ့။

မျက်မြင်သက်သေက ပိုအဓိကကျပါသတဲ့။

တကယ်လို့များ သက်သေမရှိလို့ ဘာဆက်လုပ်လို့မရဘူးလို့အရပ်ပြောစကားများမှန်ခဲ့ရင်

အခုတကယ်ခံလိုက်ရတဲ့ကလေးတွေကိစ္စကလဲ ရေစုန်မျောသွားနိုင်ပါတယ်။

ခံလိုက်ရသူက ငွေကုန် အချိန်အလကားဖြစ်  လူ့ကျန်းမာရေးပျက်စီးသွားတော့ လုပ်အားပျောက်ဆုံး။

အစစအရှုံး။

ဒီကလေးတွေကိုလုပ်သွားတဲ့သူကို ဖမ်းမမိဘူးရင်တော့ အဲဒီသူက ဆက်မိုက်ဆက်ဆိုးလို့ရ

နိုင်တဲ့အခွင့်အရေးတွေအပြည့် ။

 

ဒီလိုုလုပ်သွားတိုင်းသာ မျက်မြင်သက်သေ မရှိတိုင်းသာ ဒီလိုကျူးလွန်သူက

လွတ်မြောက်နေမယ်ဆိုရင်…………………………………………

 

 

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

(28-7-2012)

22 comments

  • ခေါင်းစဉ်ပြောင်းဘို့မေ့သွားလို့
    အမှန်က ဆရာမကြီးနောက်ကလိုက်ခြင်းလို့ရေးရမှာ။.

  • မောင်ပေ

    July 28, 2012 at 3:17 pm

    “ ဒီလိုုလုပ်သွားတိုင်းသာ မျက်မြင်သက်သေ မရှိတိုင်းသာ ဒီလိုကျူးလွန်သူက
    လွတ်မြောက်နေမယ်ဆိုရင်………………………………………… ”
    ဟုတ်ကဲ့… အဲဒါ အမှန်ပါဘဲ
    တစ်ရက်တုန်းကပါ ၊ လွန်ခဲ့တဲ့ ငါးလလောက်က
    နေ ့လည် ၁၂ နာရီခန် ့
    ကျွန်တော်က ဆိုင်ကယ် တစ်စီးရယ်… ကျွန်တော့် မိတ်ဆွေတို ့လင်မယားက ဆိုင်ကယ်တစ်စီး စီရယ် နဲ ့ လမ်း၈ဝ အတိုင်း ၊ ၂၆လမ်းကနေ မြောက်ပြင်ဘက်ကို မောင်းခဲ့ကြပါတယ် ။
    ၂၄လမ်းနဲ ့၂၃လမ်းကြားလောက်မှာ ကျွန်တော်ဖုန်းလာတာနဲ ့၊ ကျွန်တော် ဆိုင်ကယ်လမ်းဘေးရပ်ပြီး ဖုန်းပြောနေတုန်း ၊ မိတ်ဆွေလင်မယားတို ့က ဖြေးဖြေးလေး ဆက်မောင်းသွားပါတယ် ။
    အဲဒီမှာ… ချာတိတ်နှစ်ယောက် ဟာ 125တရုတ်ရုပ်ဆိုးဆိုင်ကယ် ကို ဗြဲလရမ်းမောင်းလာပြီး ၊ မိတ်ဆွေလင်မယား ဆိုင်ကယ်နားကပ်ကာ ၊ အနောက်က မိတ်ဆွေရဲ ့ဇနီး ကို လက်လှမ်းကိုင်ပါတယ် ။
    ကျွန်တော့် မိတ်ဆွေခဗျာ ဒေါသ ဘယ်လောက်ဖြစ်မလဲ… ကျွန်တော် ကိုယ်တိုင် အနောက်ကလှမ်းမြင်လိုက်ရချိန်မှာ ဒေါသအရမ်းဖြစ်ပြီး ၊ ဖုန်းချကာ ဆိုင်ကယ်ကို အမြန်မောင်းပြီး အဲ့နားကပ်လိုက်ပါတယ် ။ ကျွန်တော့် မိတ်ဆွေက သူ ့ဆိုင်ကယ်ကို မောင်းနေရင်းတန်းလန်းနဲ ့ဆိုင်ကယ်မှောက်ချင်လဲ မှောက် ဆိုတဲ့သဘောနဲ ့၊ ချာတိတ်နှစ်ယောက်ဆိုင်ကယ် က မောင်းနေတဲ့ ချာတိတ်ကို လှမ်းထိုးပါတယ် ။ ထိပါတယ် ။ အဲဒီမှာ သူရို ့၂ယောက်ကလဲ မခေ ၊ ဆိုင်ကယ်ကို ချက်ချင်းရပ်ပြီး ၊ ရန်ဖြစ်ဖို ့တာဆူပါတယ် ။ အဲဒီအချိန်မှာ သူရို ့ဘေးကို ကျွန်တော် ရောက်သွားပါပြီ ။ ကျွန်တော်တို ့၂ယောက်ဖြစ်သွားတဲ့အချိန်မှာ ကျွန်တော့် မိတ်ဆွေ က ထပ်ထိုးပါတယ် ။ ကျွန်တော်လဲ ဆိုင်ကယ်ရပ်ပြီး ဆင်းလဲဆင်းရော
    အဲ့ခါကြ ချာတိတ်များဟာ ဆိုင်ကယ်ပေါ်ပြန်တက်ပြီးမောင်းပြေးပါတယ် ။ ကျွန်တော့်မိတ်ဆွေ က ဆိုင်ကယ်စီးဦးထုပ်နဲ ့လှမ်းထု ရာမှာ ၊ အနောက်က ထိုင်စီးတဲ့ ကောင်ရဲ ့ကျော ကို ပိတ်မှန်ပါတယ် ။ ဒါပေမယ့် မရပ်တော့ပဲ မောင်းပြေးသွားပါတယ် ။
    အဲဒီလို ချာတိတ်မျိုး ၊ အဲဒီလို လူမိုက်မျိုးတွေ မန်းတလေးမှာ အများကြီးပါဘဲ…
    ညကြမှ ကြုံခဲ့ဖူးတဲ့ စည်းမဲ့ကမ်းမဲ့ ရမ်းနေတဲ့ ဖြစ်ပုံများကို
    ဒီပို ့စ်မှာ ထပ်လာမန် ့ပါဦးမယ်

  • စိန်ဗိုက်ဗိုက်

    July 28, 2012 at 3:32 pm

    ညဘက်တွေ လှည့်ကင်းကို များများလေး ချထားသင့်တယ်နော..
    ပြဿနာ ဖြစ်လေ့ရှိတဲ့ နေရာတွေ ပိုချထားပေါ့…
    ဖြစ်ဖြစ်ချင်း မဖမ်းနိုင်ရင်တော့ မှတ်တမ်းတော့ တင်နိုင်အောင် လုပ်ထားသင့်တယ်..
    နောက်မှ လူစုကွဲမှ ထပ်စုံးစမ်းပြီး တစ်ယောက်ချင်းစီ ဖမ်းသင့်တယ်..
    ဒီကိစ္စ နယ်ထိန်းတွေမှာ တာဝန်မကင်းဘူး..
    ကိုယ့်နယ်ထဲ ဘယ်သူဘယ်လိုဇ ရှိတယ်ဆိုတာ သိအောင် လုပ်ထားရမပေါ့..
    ဥပဒေ မစိုးမိုးလို ့ ဒီလို ထင်တိုင်းကြဲနေကြတာပေါ့..
    ကိုယ့်အရပ်ထဲ ဇရှိတဲ့လူတွေ၊ မသင်္ကာဖွယ် လူတွေ ရှိနေမယ်ဆို ပြည်သူတွေအနေနဲ ့လည်း တာဝန်သိစွာ သတင်းပေးကြဖို ့လဲ လိုပါဦးမယ်
    ဒီလိုအဖြစ်တွေက တခြားနိုင်ငံကဗွဒီယိုတွေကြည့်ပြီး စိတ်ကူးယဉ်ပြီး ဖင်ယားပြီး လျှောက်လုပ်ကြတာထင်ပါတယ်
    မှတ်လောက်သားလောက်အောင် ဖမ်းဆီး အရေးယူနိုင်ဖို ့…..ဘယ်လိုကြိုးစားကြမလဲ….
    ဆင်းစားကြစေလိုပါတယ်..
    🙂

  • mocho

    July 28, 2012 at 3:41 pm

    မန်းတလေး မှာ ဘယ် လို တွေ ဖြစ် နေ ပါလိမ့် နော် ၊ ကြား ရတာ မသက်သာလိုက် တာ။ သေချာ စီမံချက် ချ ပြီး ထိထိရာက်ရောက် နှိမ်နင်းမယ်ဆို ရင်မရ စရာ အကြောင်း မရှိ လောက်ဘူး။ ဒါပေမယ့် ပတ်သက်ရာ ပတ်သက် ကြောင်း တွေ၊ ဘောစိ ပေါက်ဖော် ကြီးတွေ ၊ ရဲ့ သားတွေ၊ မြေးတွေ ပါနေရင်တော့ မပြောတတ်ဘူး။ အရင် တုန်းက ရန် ကုန်မှာ စကော် ပီ ယံ ဂိုဏ်း သောင်း ကျန်း ခဲ့ တုန်း ကလို ဖြစ် နေ ပြီ ထင်ပါရဲ့။

    • ဥဥ

      July 28, 2012 at 3:46 pm

      အဲ့ဒါထက်ဆိုးတယ် အမမိုချိုရေ့
      အခု မန်းလေးမှာက ဗျောက်သောက် ဟိုတစ်ဖွဲ့ ဒီတစ်ဖွဲ့နဲ့ ဦးတဲ့ကောင်တွယ်နေကြတာ

  • kai

    July 28, 2012 at 3:49 pm

    ယူအက်စ်မှာလည်း..အဲဒီလိုခတ်ဆင်ဆင်တွေဖြစ်ပါတယ်…
    ဖြေရှင်းနည်းက..
    ခံရတဲ့ကာယကံရှင်တွေက.. မီဒီယာကိုဖွင့်ပြော.. ဆုငွေထုတ်တာပါ…
    တရားခံတွေမိအောင်ဖမ်းနို်င်သတင်းပေးနိုင်သူကို.. ဆုငွေပေးပါတယ်..။

    အဲဒီနည်း.. မြန်မာတွေလည်း.. အဆင်ပြေသလို.. ညှိပြီးသုံးစေချင်ကြောင်း..

    • pan pan chit

      July 30, 2012 at 9:16 am

      မြန်မာတွေက တော်တော့တန်တန် သတင်းပေးဖို့ကြောက်တယ်ထင်တယ်သဂျီးရယ်
      ရှေးလူကြီးများဆိုရင် ရုံးရောက်ဂတ်ရောက်လည်း အင်မတန်ကြောက်ကြတယ်လေ
      ပြီးတော့ အဲ့လိုကိစ္စတွေမှာ ကိုယ်နဲ့မဆိုင်ရင်သိပ်မပါရဲတာလည်းများတယ်
      သတင်းပေးရင် အမည်မဖော်ဘဲပေးလို့မလွယ်လောက်ဘူးထင်တယ်
      နောက်ပိုင်း သက်သေလိုက်ဖို့ရှိသေးတယ်လေ
      အချိန်လည်း ဘယ်လောက်ကြာမယ်မသိ
      ပြီးတော့ ရန်ငြိုးမှာစိုးလို့နဲ့တူပါ့
      ဟိုတခါ မြောက်ဥက္ကလာလို…….၊၊၊
      အစရှာမရတဲ့အမှုတွေကြောင့်ထင်ပါ့
      မုန့်လုံးစက္ကူကပ်၊ ဂျာအေးသူ့အမေရိုက်
      အဲ့လာ သဂျီးပြောတဲ့ ကျိန်စာမိလို့ထင်တယ် အဟီးးးးးးးးးးး :mrgreen:

  • ကိုရင်မောင်

    July 28, 2012 at 4:30 pm

    သူ့အပိုင်နဲ့သူ ရဲတွေရှိနေရဲ့နဲ့ ဒီလိုအမှု့မျိုးသဲလွန်စတောင်မရဘူးဆိုတော့
    တော်တော်ကြောက်ဘို့ကောင်းနေပါလား….
    တချိန်တုန်းက ဘယ်ကောင်နိုင်ငံရေးလုပ်လဲ ဆိုတာကျတော့
    တယ်ထောက်လှမ်းရေးကောင်းလိုက်ကြတာ
    လောင်းကစားလိုင်းကြေးကောက်ဘို့ဆိုယင်လဲ ဘယ်မှာခိုးကြောင်ခိုးဝှက်လုပ်တာကအစ
    သိနိုင်တဲ့ရဲတွေ ဒီလိုအမှု့မျိုးမသိဘူးဆိုတာကတော့ တနေရာမှာလွဲနေတာဖြစ်ရမယ်…
    ရဲတွေကို ပေးကမ်းပြီး ဆိုးနေတဲ့လူငယ်တွေများရှိနေလား ?…
    ဒါမှမဟုတ် အာဏာပိုင်လူကြီးသားသမီးတွေပါတဲ့ ဆိုးသွမ်းတဲ့လူငယ်တွေများလား?….
    အောင်မလေးလေး…မန်းလေးလာလည်ရမှာတောင်ခတ်ကြောက်ကြောက် ပါလား
    ဆရာပေါက်ရေ…….

  • ko khin kha

    July 28, 2012 at 5:04 pm

    ဒီလိုုလုပ်သွားတိုင်းသာ မျက်မြင်သက်သေ မရှိတိုင်းသာ ဒီလိုကျူးလွန်သူက
    လွတ်မြောက်နေမယ်ဆိုရင်…………………………………………

    This is so bat.

  • ဆူး

    July 28, 2012 at 5:26 pm

    ဒါမျိုးကို ရဲဝန်ထမ်းတွေ စောင့်ကြည့်ပြီး ထောင်ဖမ်းသင့်တယ် ထင်တယ်။ ဒီလိုသာ တကယ်ဖြစ်နေတယ် ဆိုရင် မန်းမှာ နေတဲ့ လူတွေ ညဘက် အပြင်ထွက်ရင်တောင် မအေးချမ်းတော့ သလို ခံစားရတာကိုက လုံးဝ မသင့်တော်ဘူး။

    ဖမ်းမိတဲ့ ကောင်တွေ နောက်မလုပ်ရဲအောင် မရမ်းကားရဲအောင် စင်္ကာပူလို ကြိမ်ဒဏ် ၂ချက်လောက် ချ ပလိုက်.. တချက် ကို ၁လ ကု ရတယ်လို့ ကြားဖူးတယ်။
    အရိုက်ခံပြီးရင်တော့ ဆိုင်ကယ်ခုံမှာ တောယုံ မထိုင်နိုင် ဖြစ်သွား အေးရော..

  • TTNU

    July 28, 2012 at 9:40 pm

    ကိုပေါက်ရေ…
    မောင်ရင်လည်းညဘက်အင်တာနက်ဆိုင်သွားတာမိုးချုပ်တယ်နော်။
    သတိရှိပါ။
    မောင်ပေလည်း အတူတူသတိပေးချင်ပါတယ်။ ညမိုးမချုပ်ပါစေနှင့်။
    မေတ္တာဖြင့်
    TTNU

  • marblecommet

    July 28, 2012 at 10:05 pm

    ကိုပေတို့
    ဟိုတုန်းက ဂြိုဟ်ကိုးလုံး ဂိုးဏ်နဲ့
    ပြန်နှိမ်နှင်းလိုက်ပါလားဟင်င်င်….
    ကိုပေ ဇ ရှိမှန်း နော်သိပါတယ်..ဟိဟိ…..

  • ဦးဦးပါလေရာ

    July 29, 2012 at 8:43 am

    ရဲက အလုပ်မလုပ်ချင်လို့ပါ
    အလုပ်လုပ်ချင်ရင် သိပ်မခက်ပါဘူး….
    အသွင်ယူစောင့်ဆိုင်းပြီး ထောင်ဖမ်း-
    မိရင် တကိုယ်လုံးဓါတ်ပုံရိုက်ပြီး သတင်းစာဂျာနယ်ထဲထည့်-
    ဆိုင်ကယ်ကိုသိမ်းပြီး အမြင့်ဆုံးအပြစ်ဒါဏ်ချပြီး စစ်တွေထောင်ကိုပို့-
    ဘယ်နှစ်ယောက်မှ မလုပ်ရပါဘူး….။

  • nozomi

    July 29, 2012 at 9:18 am

    ဖြစ်တဲ့မြိ ု့နယ်က မြိ ု့နယ်မှူး စခန်မှူး နယ်ထိန်းတွေ
    တပတ်အတွင်း မမိရင် ကယားတို ့ ချင်း တို ့ ပို ့လိုက်မယ်သာပြော
    တစ်ရက်အတွင်း မိတယ်
    အရင်ကလဲ ဒါမျိ ုး ဖြစ်ဘူးမှာ
    မီဒီယာမှာ မပါတော့ လူမသိဘူး ဆိုင်ရာက အေးဆေးလုပ်နေတယ်
    အခုလို မီဒီယာ မှာ များများ ပါတာ
    ကောင်းတယ်
    မမိရင် ထပ်ဖြစ်ရင် ထပ်အော်ပါ

  • အဂျစ်

    July 29, 2012 at 11:03 am

    တလောက ၁ဝ ယောက် ၊ အခု ၂ ယောက် မတွေးတော့ဘူး ထမင်းဝဖို့အလုပ်လုပ်ရအုံးမယ်…နဝတ ကိုပြန်တမ်းတရအောင်များ ဖန်တီးနေကြသလားဗျာ ၊ (ရမ်းစွက်ဆွဲသွားခြင်းသာ)

  • three colors

    July 29, 2012 at 11:08 am

    သက်သေမရှိပဲ ဖမ်းလို့၊ စီရင်ချက်ချလို့ရတဲ့နည်း သင်ပေးစမ်းပါ၊
    မဟုတ်တဲ့သူတွေကို လက်ညှိုးမထိုးနိုင်အောင်၊

    • three colors ရေ

      (သက်သေမရှိပဲ ဖမ်းလို့၊ စီရင်ချက်ချလို့ရတဲ့နည်း သင်ပေးစမ်းပါ၊
      မဟုတ်တဲ့သူတွေကို လက်ညှိုးမထိုးနိုင်အောင်၊) ဆိုပြီးခင်ဗျားပေးထားတဲ့ကော်မင်းဖတ်ကြည့်ရင်
      အပေါ်ယံရှပ်တွေးကြည့်မယ်ဆိုရင်တော့ မှန်သလိုလိုပါဘဲ။

      ဒါပေမယ့်လက်တွေ့မှာ ရေဆုံးရေဖျားလိုက်မယ်ဆိုရင် ပေါ်နိုင်တဲ့အမူ့ဖြစ်ပေမယ့်
      သက်သေမရှိဘူးဆိုပြီး လမ်းတစ်ဝက်မှာတင် ရပ်နေတဲ့အမူ့တွေများလာမှာစိုးလို့ဒီပိုစ်ကိုတင်ပေးလိုက်တာပါ။
      နောက်ခံလိုက်ရတဲ့သူတွေကလည်း မျက်မြင်သက်သေမှမရှိတာကွာ အလကားပါဘဲဆိုပြီး
      သက်ဆိုင်ရာကိုမတိုင်ဘဲဖုံးထားမှာစိုးလို့ပါ။
      ဒီထက်အသေးစိတ်သိချင်သေးရင်မန်းလေးလာခဲ့လေ။

  • Shwe Ei

    July 29, 2012 at 12:51 pm

    ထုံးစံအတိုင်း နယ်ခံရဲတွေ လာဘ်စားမှုအကြီးကြီး လုပ်နေကြပြီထင်တယ်။ အဲလိုမှမဟုတ်ရင် မန်းလေးတိုင်းရဲ့လုံခြုံရေးပိုင်းဆိုင်ရာမှာ အမြင့်ဆုံးအုပ်ချုပ်သူထဲက ခွင့်ပြုနေလို့ (သို့) မသိချင်ယောင်ဆောင်ပေးနေလို့ဖြစ်ရမယ်။ မန်းလေးမှာ စီးပွားရေးလုပ်ငန်းရှင် တရုတ်တွေ၊ ရှမ်းတွေ၊(ဗမာနဲ့ အခြားတိုင်းရင်းသား အနဲငယ်)ကလဲ ပေါမှပေါဆိုတော့ ငွေပေးပြီးမိုက်နိုင်သူတွေ မည်သူမဆိုလုပ်ချင်တာ လုပ်ခွင့်ရှိကြသည်ပေါ့။ ဟူး မလွယ်ပါလား။

  • ကိုသင်း

    July 30, 2012 at 2:05 am

    မန်းတလေးက ဂန်းစတား
    လမ်းလည်ခေါင် သူရမ်းကား

    တောသားကြိးက ကိုလှရွှေ
    KTV မှာ. ဟစ်လို့နေ

    တို့ မေမေ မခင်မြ
    ဟင်းချင်ရာတွင် ကျွမ်းကျင်လှ

  • Thu Wai

    July 30, 2012 at 11:11 am

    ရန်ဖြစ်ရင်တော့ ကိုယ့်မှာအဖော်ပါရင်ကိုယ့်ရှေ့ကမကွယ်ခိုင်းတာအကောင်းဆုံးပဲ
    မှတ်ချက်- ပြေးပေါက်ပိတ်တတ်လို့

  • ma me kyaw

    August 1, 2012 at 10:03 am

    မန်းတလေးမှာအဲလိုလား ့ကျန်းမာပါစေ. ့ချမ်းသာပါစေ. ့ဘေးရန်ခပ်သိမ်းငြိမ်းပါစေ

  • မန်းလေးမှာ ထင်သာမြင်သာရှိအောင် ရေးလိုက်တာပါ။
    နေရာတိုင်းမှာ ဒီလိုအဖြစ်မျိုးတွေရှိနေနို်င်ပါတယ်။

Leave a Reply