“ဆံပယ်ခြင်းအလွမ်း ” လွန်လေပြီးသောနှစ်များမှာဇာတိမြေနဲ့ပူးတုံခွာတုံရှိနေသူ ကျနော်တစ်ယောက် ၂၀၁၈နှစ်၏ ပထမဆုံးသောနေ့ ညမိုးချုပ်ချုပ်မှာ မွေးရပ်မြေကိုရောက်ခဲ့လေသည်။ ဆုံတွေ့ချင်လှသောမန္တလေးဆောင်းအမှီအရောက်ပြန်ခဲ့သော်လည်း ဇာတိမြေကို အကြာကြီးခွဲထားလေသူအား စိတ်ကောက်လေသောသဘောဆောင်ကာ မိုးနှင့်သာကြိုဆိုလေ၏။ မိုးကြောက်သောကျနော်သည်မိုးနှင့်မလွတ်သဖြင့် ဘယ်မှ မသွားဘဲ အခန်းအောင်းကာသာနေလေသည်။ လွတ်လပ်ရေးနေ့နံနက်တွင်မူ မိုးဒုက္ခမှလွတ်ကင်းလေတော့သည်။ ရုံးပိတ်သဖြင့် ဟိုဟိုဒီဒီလမ်းသလားမည်ကြံနေခိုက် အလုပ်ကိစ္စများက လက်ကိုင်ခြူလေး များတစ်ဆင့် ကျနော်ထံအရောက်လာကြလေသည်။ ဒီတော့လဲ အလုပ်နှင့်ချိန်းဆိုရာ နေရာသို့ ဆိုင်ကယ်ထုတ်ကာယွန်းရလေတော့သည်။ အလုပ်အတွက် တွေ့ဆုံရသောသူများနှင့် တွေ့ဆုံ ဘာဘာညာညာသာရကာတွေပြော ပြီးလို့အပြန် လမ်း၈ဝပေါ်အရောက် ၂၆ဘီလမ်းမှနေ၍ ၂ရလမ်းဘက်သို့ချိုးကွေ့လိုက်သောအခါ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက စားသောက်နေကျဖြစ်သောခဲ့ဘူးရုံစိန်ခေါက်ဆွဲဆိုင်ရှေ့ရောက်ချိန် ဆိုင်ကယ်ခေါင်းက အလိုလို ဆိုင်ထဲသို့ဦးတည်လေတော့၏။ “အကိုဘာစားမလဲ”ဟု မေးလာသော ဆိုင်ဝန်ထမ်းလေးအား ထမင်းပေါင်းတစ်ပွဲ နှင့် နံအသားလျှာ (ဝက်နံကင်၊ဝက်သား၊ဝက်လျှာသုံးမျိုးစပ်) အသုတ်တစ်ပွဲ ကိုမှာလိုက်လေသည်။ ထမင်းပေါင်းရောက်လာတော့ ခေတ်အလိုက်ဓါတ်ပုံရိုက် […]