“ရှိစေကောင်း ၏ …….မကောင်း၏”
“ရှိစေကောင်း ၏ …….မကောင်း၏”
တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၆)
မြန်မာပြည်ဘက်က မူဆယ်နဲ့ သူတို့ဘက်က ကျယ်ခေါင် ဆိုတာ ကျောက်လမ်းမလေးတစ်ခုဘဲခြားပါတယ်။
ဒါပေမယ့်သူတို့ဘက်ကစိမ်းစိမ်းစိုစို။
ကျနော်တို့ဘက်မှာခြောက်ခြောက်သွေ့သွေ့။
သူတို့ဘက်မှာ တိုက်တာအဆောက်အဦတွေကအထပ်အမြင့်။
အဆောက်အဦတွေကြားမှာသစ်ပင်တွေစိုက်ထားတာ စိမ်းစိ်မ်းစိုစို။
ကျနော်တို့ဘက်ခြမ်းမှာတော့ တောင်ကုန်းတွေပေါ်မှာခရုခွေ
သလို အိမ်တွေပါတ်ဆောက်ထားတာကျပ်ကျပ်ညပ်ညပ်။
နေရာတိုင်းမှာအိမ်တွေအပြည့် သစ်ကြီးဝါးကြီးဆိုတာမရှိသလောက်။

သူတို့ဘက်မှာတော့လမ်းတွေလမ်းတွေရဲ့ဘေးဘယ်ညာမှာ သစ်ပင်တွေအပြည့်။
သူတို့အိ်မ်တွေခြံဝင်းတွေထဲမှာ သီးပင်စားပင်လေးတွေရသလောက်စိုက်ကြပါတယ်။
အဲတော့ သူတို့ဘက်က ရာသီဥတုမှန် မိုးလေဝသမှန်လို့အေးအေးချမ်းချမ်းပါဘဲ။

ကျနော်တရုတ်စာ မတတ်လို့လားတော့ မသိဘူး။
သူတို့ဘက်မှာ
“ သစ်တစ်ပင်ခုတ် အချုပ်သုံးလ”တို့
“သစ်တောနဲ့သစ်ပင်ချစ်ခင်တဲ့လူမျိုး”တို့ဘာတို့ရေးထားတဲ့ဆိုင်းဘုတ်မတွေ့မိပါဘူး။
ဒါပေမယ့် သူတို့ ဘက်က သစ်ပင်ကို ဂရုစိုက်ကြပါတယ်။
ကျနော်၂၀၁ဝခုနှစ် ပထမဆုံးအကြိမ်ရောက်တော့
သစ်ပင်တွေကို သူတို့ အပင်လိုက်နူတ်ပြီး လမ်းဘေးတွေမှာစိုက်ကြပါတယ်။
အများအားဖြင့်ပိန္နဲပင်တွေပါ။

လူတစ်ရပ်ကျော်တဲ့အပင်ကြီးတွေပါ။
အခုချိန်မှာတော့ လမ်းဘေးမှာစိုက်ထားတဲ့အပင်တွေက အသီးသီးနေပါပြီ။
စ တင်စိုက်ကာစက အရိုးပြိုင်းပြိုင်းအပင်တွေက အခုချိန်မှာစိမ်းစိုလန်းဆန်းလို့
နေပါပြီ.။


လွန်ခဲ့သော ငါးနှစ်ဒီလိုဇွန်လမှာကျနော်ရောက်ခဲ့စဉ်ကအပင်နဲ့
အခုအပင်အများကြီးကွာခြားလို့သွားပါပြီ။

သစ်ပင်မရှိမှတော့ရာသီဥတုလဲမမှန်နိုင်တာအသေအချာပါဘဲ။
အဲတော့
…………………………………………………………….
…………………………………………………………….
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
27-6-2015
4 comments
မြစပဲရိုး
June 28, 2015 at 1:19 pm
တရုတ်အစိုးရ က ဘယ်လောက် အာဏာရှင်လို့ ပြောပြော ဦးဏှောက်ရှိတယ်။
တိုင်းပြည် ကို ကမ္ဘာ့ ရှေ့တန်းရောက်အောင် တွန်းပို့နိုင်တယ်။
. ရွှေပြည်က ရွှေအာဏာရှင်တွေ ကတော့ သူတို့ စားဖို့ ကလွဲ လို့ ကျန်တာ ခေါင်းထဲ ဘာဆိုဘာမှ မရှိ။
အသီးစားအပင် တွေထဲ ့ပိန္နဲပင် ကို အကြိုက်ဆုံးပါ။
အရွက်နု၊ အသီးနု လေးတွေ ကို တို့စားရတာ ကြိုက်တယ်။
အသီး ကို စားတယ်။ အစေ့ ကို ပြုတ်စားတယ်၊ ဖုတ်စားတယ်။
အပင် က အရိပ်ရတယ်။
ကိုပေါက်(မန္တလေး)
June 28, 2015 at 3:36 pm
တစ်ယောက်ကတော့ ပြောသွားတယ် တရုပ်ပြည်မှာအပင်က အသီးကိုခူးရင်ဒဏ်ငွေ 500လို့ရေးထားတယ်တဲ့
Alinsett @ Maung Thura
June 30, 2015 at 10:23 am
.ရိုးမတောကြီးတွေ .. သစ်တောကြီးတွေကို မရောက်ဖြစ်တာကြာလို့…အခု တောင်ကတုံးတွေ ဘယ်လောက် ပြောင်နေပြီလဲ..မသိတော့ဘူး..
.အတော်လေးတော့ ပြောင်သလင်းခါနေလောက်ပြီ ထင့်….
လွန်ခဲ့တဲ့ ၂ နှစ်လောက်က ငွေဆောင်တို့ ချောင်းသာတို့ အသွားမှာတောင်…လမ်းတလျှောက် မြင်ရတဲ့
.တောတောင်တွေဟာ…ပြောင်သခင်းခါနေတာ တွေ့ခဲ့ရ….
.ကြာလေ…. ပြောင်လေ…
.ပြောင်တဲ့သူ အုပ်ချုပ်လေတော့…. အသွင်တူ ..ပြောင်ကုန်တာ ထင့်…
အောင် မိုးသူ
June 30, 2015 at 3:06 pm
ဟူးးးးးးးးးးး သက်ပြင်းသာချမိတော့တယ်။