“ကျနော်ဓါတ်ဖမ်းသမား” (၉) (ဓါတ်ဖမ်းသမားရဲ့ခံစားချက်များ) ကျနော် ကင်မရာပေါက်စနနဲ့လက်ဆော့တဲ့အချိန်တုံးက ကင်မရာအကြီးသာကိုင်ရရင် ဓါတ်ပုံပြိုင်ပွဲတွေဝင်မယ်လို့စိတ်ကူးယဉ်ခဲ့ဘူးပါတယ်။ ဒီအကြောင်းကို ဓါတ်ဆရာမိတ်ဆွေတစ်ယောက်ကိုပြောပြတော့ “ ဓါတ်ပုံပြိုင်ပွဲ ဆုရချင်ရင် အချိန်ပေးနိုင်ရမယ် ငွေသုံးနိုင်ရမယ် ခရီးထွက်နိုင်ရမယ် အတတ်ပညာရှိရမယ်” လို့ပြောပါတယ်။ အချိန်ပေးနိုင်ရမယ်ဆိုတာက အချိန်မရွေး ဓါတ်ဖမ်းဘို့ဆိုအဆင်သင့်ဖြစ်နေရမယ်။ ငွေသုံးနိုင်ရမယ်ဆို တာ က ကင်မရာနဲ့ဆက်စပ် ပါတ်သက်တဲ့ပစ္စည်းမှန်သမျှ ဝယ်နိုင်ရမယ်။ ခရီးထွက်နိုင်ရမယ်ဆို တာ မြန်မာပြည်အနှံ့ သွားပြီးရိုက်နိုင်ရမယ်။ နိုင်ငံခြားအထိသွားနိုင်တယ်ဆိုရင်ပိုကောင်းပါသတဲ့။ အတတ်ပညာရှိရမယ်ဆိုတာကတော့ ကင်မရာကိုကောင်းစွာအသုံးချနိုင်ရမယ်ဆိုတာပါ။ တစ်ယောက်ကတော့ “အနုပညာမြောက်စွာမြင်တတ်ဘို့ လိုတယ်” လို့ဆိုပြန်ပါတယ်။ တစ်ယောက်ကတော့ အနုပညာဆိုတာ ပုံသေနည်းမရှိဘူး။ ကို်ယ်နှစ်သက်သလိုဖန်တီးလို့ရတယ်။ ဒိုင်လူကြီးတွေဆိုတာလဲ လူအမျိုးမျိုး အကြိုက်အမျိုးမျိုး အဲတော့ ကိုယ်နဲ့ အကြိုက်ချင်းတူတဲ့ ဒိုင်ပါလာရင် ဆုဆိုတာရမှာဘဲလို့ဆိုပါတယ်။ တစ်ယောက်ကတော့ ပြိုင်ပွဲဝင်ချင်တယ်ဆိုရင် ဆုရတဲ့ဓါတ်ပုံတွေကိုများများကြည့်။ လေ့လာ။ နောက်ဓါတ်ပုံဆုရွေးပွဲတွေဆိုရင်အချိန်ပေးပြီးသွားကြည့်။ ဒီပုံက […]


“ကျနော်ဓါတ်ဖမ်းသမား” (၈) (ကျောင်းသားအသစ်ကလေး…..)   အဲဒီအချိန်မှာဘဲ ရန်ကုန်ယဉ်ကျေးမူ့တက္ကသိုလ်က ဆရာကျော်ဝင်းလှိုင်က ဓါတ်ပုံသင်တန်းမန္တလေးမှာလာဖွင့်ပါတယ်။ ကျုံးပိုင်ကြီးကလဲဆရာကျော်ဝင်းလှိုင်(ယဉ်ကျေးမူ့တက္ကသိုလ်)ရဲ့သင်တန်းကို တက်ဘို့ပြောပါတယ်။ ဆရာကျော့်သင်တန်းတက်ထားတဲ့လူတွေကလဲ ပြိုင်ပွဲတွေမှာ ဆုတွေအမြဲလိုလိုရနေတော့ ပိုပြီးသင်တန်းတက်ဘို့စိတ်ဝင်စားလာပါတယ်။ ဒါနဲ့ဘဲကျနော်လဲ သင်တန်းတက်မယ်ပြောလိုက်ပါတယ်။ သင်တန်းအမှတ်စဉ်ကတော့ လပ်ကီးဆဲဗင်း  အမှတ်စဉ် (၇)ပါ။ ကျနော်နဲ့အတူ ဓါတ်ပုံရိုက်ဖော် ရိုက်ဖက် ကိုကိုမျိုးကလဲတက်မယ်ဆိုတော့အဖော်ရသွားပါတယ်။ အမှတ်တရထဲက အမှတ်တရဆိုသလို ကျနော်တို့သင်တန်းတက်မယ့်လမှာဘဲ မန္တလေးမြို့က ညမထွက်ရဆိုတဲ့ ၁၄၄ အောက်ရောက်သွားပါတယ်။ သင်တန်းချိန်က ညနေ ၅နာရီကနေ ရနာရီလောက်ထိ။ သင်တန်း ရက် က ၂ပါတ်။ သင်တန်းကြေးက တစ်သိန်းခွဲ။ စဖွင့်တဲ့နေ့က ဇူလိုင် ၁၉ရက်နေ့။ အဲ့နေ့ကစပြီး ကျောင်းသားတစ်ယောက်လိုပြန်ဖြစ်သွားပါတယ်။ ကျနော်အရင် ကကြားသာကြားဘူူးပြီး ရေရေရာရာမသိခဲ့တဲ့ Exposure(အလင်းပမာဏ) Shutter Speed (အလင်းဝင်ချိန်) ISO(အလင်းဆွဲအား) Aperture […]


  “ကျနော်ဓါတ်ဖမ်းသမား” (ရ) (ကိုပေါက်ဆိုတဲ့ လက်ဆော့သူတစ်ယောက်…..)   ကျနော်မိတ်ဆွေတွေက ကျနော့်ရဲ့Tag နာမယ်ကိုပြောင်းစေချင်ပါတယ်။ ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ ဆိုတဲ့နာမယ်ကိုမသုံးသင့်တော့ဘူးပြောင်းသင့်တယ်။ အခုရိုက်နေတဲ့ပုံတွေက မြန်မာ့ပြည်ရဲ့လှပတဲ့ပုံရိပ်တွေ။ အဲတာနဲ့ဘဲ “ကိုပေါက်လက်ဆောင်မြန်မာပြည်က အလှတရား “ဆိုတဲ့ နာမယ်လေးကိုပြောင်းပြီးသုံးကြည့်ပါတယ်။ ဒါပေမယ့်လဲအဲဒီနာမယ်က ခန့်လွန်းသန့်လွန်းနေတော့ ကျနော်သုံးရမှာစိတ်မရဲပါဘူး။ ကျနော်နဲ့မတန်ဘူးလို့လဲထင်မိပါတယ်။ ဒီတော့ စနက်ရှော့မဟုတ်တဲ့လက်ဆော့နဲ့ဘဲပြန်စခန်းသွားတာပေါ့။ လူတစ်ယောက်နဲ့တစ်ယောက်ဓါတ်ပုံရိုက်တဲ့အခါမှာခံစားချက်ခြင်းမတူသလို အကြိုက်ချင်းလဲမတူကြပါဘူး။ မှတ်တမ်းဓါတ်ပုံ သတင်းဓါတ်ပုံ သဘာဝအလှဓါတ်ပုံ လူပုံ ငှက်ပုံ ပန်းပွင့်ပုံ အမြင်ဆန်းဆန်းပုံ နဲ့ လိုင်းစုံရှိကြပါတယ်။ ကျနော်ဓါတ်ပုံစရိုက်တော့ မှတ်တမ်းပုံလို စရိုက်ခဲ့တာပါ။ ကျနော်ရောက်တဲ့နေရာက လှတယ်ထင်တယ် ထူးဆန်းတယ်ထင်တာတွေကို ကျနော်ရိုက်ခဲ့ပါတယ်။ နောက်ပြီးသတင်းဓါတ်ပုံလို ယာဉ်တွေ ကားတွေလမ်းပြောင်းပြန်မောင်းတာ စည်းကမ်းမဲ့တာ လမ်းဘေးမှာသူတောင်းစားတွေ တောင်းနေတာတွေ အမြင်မတော်တာတွေမှန်သမျျှ ရိုက်တင်တာပါဘဲ၊ ကျနော်ရိုက်သမျှ ပုံထဲမှာ ကျနော့် ဘဝ အတွက် […]


“ကျနော်ဓါတ်ဖမ်းသမား” (၆) (ကြီးမှ အကြီးနဲ့ရိုက်တဲ့ ကြီးရိုက်) ၂၀၁၃ခုနှစ် နှစ်ကုန်ခါနီးမှတော့ ကျနော်နဲ့ကင်မရာအကြီးနီးစပ်ဘို့ အကြောင်းဖန်လာပါတယ်။ တိုတိုပြောရရင်ကျနော့်မိတ်ဆွေတစ်ယောက်က ကျနော့်အတွက် သူ့ နိုင်ငံခြားကနေမြန်မာပြည်ကိုခဏပြန်အလာမှာ ကင်နွန် D70  တစ်လုံးဝယ်လာခဲ့ပါတယ်။ မှန်ဘီလူးက  ဝိုက်ဇွမ်း 18-200 နဲ့ တွဲထားပါတယ်။ အဲဒီအချိန်က ဒီအမျိုးအစားက မန္တလေးကိုမရောက်သေးပါဘူး။ ဒီပစ္စည်းကြီးလက်ထဲရောက်တော့ ကျနေ ာ်မှာ အင်္ဂလိပ်စာမတတ်တဲ့သူလက်ထဲ အိုက်ပက်ရောက်လာသလိုပါဘဲ။ ကိုင်သာကြည့်နေရတယ်ဘာမှ မလုပ်တတ်။ ကင်မရာက အားလုံးတစ်စ စီဖြုတ်ထားတာကို။ မှန်ဘီလူးက သတ်သတ် ကိုယ်ထည်က သတ်သတ်။ ပြစရာ ကိုစိန်သော့ ကလဲမရှိ။ အဲဒါနဲ့ပါလာတဲ့ကက်တစ်လောက်ကိုဖတ်။ ပစ္စည်းကိုဘေးနားချပြီး ကြည့်ပြီး စမ်းတဝါးဝါးနဲ့ ဆင်ရပါတော့ တယ်။ မသိတဲ့အခါ စာအုပ်လို့ ကျနော်က ချစ်စနိုးခေါ်တဲ့ ရန်ကုန်က ဂန္ဓရီဆြာအုပ် ကိုလှမ်းမေးရပါတော့တယ်။ သုံးရက်လောက်ကြာမှ […]


“ကျနော်ဓါတ်ဖမ်းသမား” (၅) (ဓါတ်ဖမ်းသူနဲ့ဓါတ်ကြည့်သူ) အရင်က ဓါတ်ပုံတွေဘာလို့မတင်ကြသလဲဆိုတာကတော့ နှစ်ချက်ရှိပါတယ်။ ပထမ အချက်က ဖေစ်ဘုတ်ဆိုတာ ရှယ်ချင်သလိုရှယ် လုပ်ချင်သလိုလုပ်လို့ရတဲ့နေရာဖြစ်နေပါတယ်။ ဓါတ်ပုံတစ်ပုံဆိုတာက  အချိန် ၊ငွေကြေး၊ဖန်တီးမူ့အတတ်ပညာနဲ့စိတ်ခံစားမူ့ တို့ပေါင်းစပ်မှရလာနိုင်တဲ့ အနုပညာပစ္စည်းတစ်ခုဖြစ်ပါတယ်။ အဲတော့ ကိုယ်အပင်ပန်းခံရိုက်ထားတဲ့ ပုံလေးတစ်ပုံကို အလွယ်တကူ ယူပြီး ကိုယ့် နာမယ်ကိုယ် ခပ်တည်တည်ပြန်ရေးတဲ့သူတွေ လက်ထဲရောက်သွားမှာကိုတော့ ဘယ်ဓါတ်ဖမ်းသူမှ အဖြစ်မခံချင်ပါဘူး။ အဲတော့ ဓါတ်ဖမ်းဆရာအစစ်တွေက ဖေစ်ဘုတ်မှာ ပုံမတင်ကြပါဘူး။ ဒုတိယအချက်က ပြိုင်ပွဲ ဝင် မဝင် ဆိုတာနဲ့ဆိုင်ပါတယ်။ ကျနော်သိသလောက် ဟိုအရင်က ဓါတ်ဆရာကြီးများက ကိုယ်ဓါတ်ဖမ်းခဲ့တဲ့ နေရာကို အလွယ်တကူပြလေ့မရှိပါဘူး။ ပြိုင်ပွဲဝင်ဓါတ်ပုံဆိုတာ သူများထက် ထူးနေ သာနေဘို့ လိုတယ်လေ။ ဒီတော့ ပြိုင်ပွဲဝင်မယ့် ဓါတ်ပုံ ကို လူတွေကြားမှာအလွယ်တကူချမပြဘူး။ မြင်ဘူးတွေ့ဘူးပြီးသား ပုံဆိုရင် အကဲဖြတ်မယ့် […]


“ကျနော်ဓါတ်ဖမ်းသမား” (၃) (ဓါတ်ဖမ်းရင်း ရ ခဲ့ တဲ့  ရီစရာလေးများ)   နောက်ပိုင်းမှာ အလုပ်ပိတ်ရက်တွေဆိုရင် တစ်မြို့ထဲသား ကိုစိန်သော့နဲ့ ဓါတ်ဖမ်းထွက်ကြပါတယ်။ ဥပုဒ်နေ့ဆိုရင် မနက်အစောကြီးထ တောင်သမန်အင်း စစ်ကိုင်းဘက်ကမ်း အနှံ့သွား။ ညနေခင်းများ တိမ်တွေလှရင် တစ်ယောက်နဲ့တစ်ယောက်သတင်းပေးပြီး အပြေးအလွှားသွား၊ ကျနော်နဲ့သူ စစ်ကိုင်း အင်းဝ  ရှမ်းလေးကျွန်း အောင်ပင်လယ် ဧရာဝတီမြစ်နံဘေး မန်းလေးမြို့ အရှေ့အနောက်တစ်ခွင်ပြဲပြဲစင်အောင်ရိုက်ကြပါတယ်။ လူသူအရောက်နည်းသေးတဲ့ ဒီးဒုတ်ရေပြာအိုင်ကိုလည်းသူနဲ့အတူသွားခဲ့ကြတာပါ။ ပုုံရိုက်ပြီးလို့သူ့ကိုပြရင်သူက ကျနော့်လိုအပ်ချက်တွေကိုထောက်ပြလို့ သင်ပေးပါတယ်။ သူနဲ့ကျနော်ဓါတ်ဖမ်းထွက်ချိန် မှာ ပျော်စရာ ရယ်စရာ အဖြစ်အပျက်တွေ အများကြီးကြုံခဲ့ရပါတယ်။ ဓါတ်ပုံလာရိုက်တာကို သစ်တောက လူတွေမှတ်လို့ ဆရာချင်းမုးိမွှန်အောင်ခေါ်ပြီး “လိုတာပြောပါ လိုတာပြောပါ”လို့ လာပြောတဲ့ သစ်ဖောင်သမားနဲ့လဲဆုံရ။ သူတို့က ဝါးဖောင်အောက်မှာ သစ်လုံးတွေဖျောက်ပြီးသယ်လာတာကိုးဗျ။ အဲတော့လာဖမ်းတဲ့သူတွေမှတ်လို့ လာညှိတာပါ။   […]


“ကျနော်ဓါတ်ဖမ်းသမား” (၂) (ဓါတ်ဖမ်းသူများ ဆုံကြခြင်း)   မန္တလေးရောက်တော့ ကိုစိန်သော့ နဲ့ ဆက်သွယ်ပါတော့တယ်။ သူနဲ့တစ်ရက်ဆုံပြီး လက်ဖက်ရည်ဆိုင်ထိုင်ကြ စကားတွေပြောဖြစ်ကြပါတယ်။ သိပ်မကြာခင် ၂၀၁၁ ကုန်ခါနီးမှာ Mလုလင် က မန်းလေးကိုလာမယ်လို့ဖုန်းဆက်လာပါတယ်။ သူကလဲ ကိုစိန်သော့နဲ့တွေ့ချင်နေပါတယ်။ နောက်မန်းလေးမှာ ဓါတ်ဆရာ ရွှေမင်းသား လဲရှိနေပါတယ်။ သူတကယ်လာတဲ့ရက်မှာတော့ ကိုစိန်သော့ ရွှေမင်းသား ကျနော် နဲ့ Mလုလင် တို့ဆုံပြီး တောင်သမန်းအင်းမှာ ကွန်ပစ်တာကို ရိုက်ကြပါတယ်။ အဲ့အချိန်က လှေသမားကို ငါးထောင်လောက်ပေးလိုက်ရင် ကွန်ပစ်တဲ့ပုံ စိတ်တိုင်းကျ မရခြင်းကွန်ပစ်ပေးပါတယ်။ အခုတော့ စားဝတ်နေရေးကျပ်တည်း တာရယ် ကွန်သမားတွေကလဲ စာတတ်ကုန်တော့ ကျပ်သောင်းဂဏန်းပေးမှကွန်ကိုကောင်းကောင်းပစ်ပေးပါတော့တယ်။ ပထမဆုံးအကြိမ်ကွန်ပစ်တာကိုရိုက်တော့ သူတို့မှာတော့ပုံကောင်းတွေရ ကျနော်မှာတော့ တစ်ဝက်တစ်ပိုင်းပုံတွေဘဲရ။ အဲတော့မှာ ကျနော်ကို ကိုစိန်သော့က ဒီလိုပုံမျိုးရိုက်မယ်ဆိုရင် ကွန်းတိန်းညူးရပ်(ဆက်တိုက်ရိုက်တာ)ဖန်ရှင်းမှာထားရိုက်ရတယ်ဆိုပြီးသင်ပေးမှ […]


“ကျနော်ဓါတ်ဖမ်းသမား” (၁) (ငယ်ငယ်လေးနဲ့လက်ဆော့ သူ)   ဓါတ်ပုံကို စိတ်ဝင်စားတာကတော့ ငယ်ငယ်ကတည်းကပေါ့၊ ဒါပေမယ့်ကျနော်ကြီးပြင်းတဲ့ခေတ်က ဖလင်ခေတ်။ သာမန်ဝန်ထမ်းမိသားစုက ပေါက်ဖွားတဲ့ကျနော့်အဘို့ ကင်မရာကိုင်ပြီးဓါတ်ဖမ်းဘို့ဆိုတာ စိတ်ကူးတောင်မယဉ်ရဲပါဘူး။ ကင်မရာအသာထား ဖလင်ဆေးခ ကူး ခတောင် မရှိပါဘူး။ နောက်အဲဒီခေတ်က ကိုယ်ရိုက်ထားတဲ့ပုံလေးကြည့်ချင်ရင် ဖလင်တစ်လိပ်လုံးကုန်အောင်ရိုက်ပြီးမှ ဓါတ်ပုံဆိုင်သွားကူး မှ ကိုယ့်ပုံလေးပြန်မြင်ရတာလေ။ ငွေကုန်မှပုံမြင်ရတဲ့ အချိန်ဖြစ်နေလေတော့ ဝါသနာကိုမြိုသိပ် ထား ပြီး သူများရိုက်တာတွေဘဲကြည့်၊ မြဝတီမဂ္ဂဇင်းမှာပါတဲ့ဓါတ်ပုံပြိုင်ပွဲက ပုံတွေကြည့် အဲဒီကပေးတဲ့မှတ်ချက်တွေလိုက်ဖတ် နဲ့ဘဲ စိတ်အယားပြေအောင်နေခဲ့ရတာပေါ့၊ ******************************************************* နောက်ပိုင်းမှာတော့ ရိုးရိုးကင်မရာနေရာမှာ ဒစ်ဂျစ်တယ်ကင်မရာတွေအစားထိုးလို့လာပါတယ်။ ဖလင်တွေနေရာမှာ မင်မိုရီကဒ်တွေအစားထိုးလာပါတယ်။ အရင်ကလို ဖလင်ဆေးစရာ ကူးစရာမလိုဘဲ ခုရိုက်ခုကြည့် မကြိုက်ရင်ဖျက်လိုက်။ မကြိုက်မချင်းပြန်ထပ်ရိုက်။ အတော်လေးကိုဟန်ကျပါတယ်။ ဒါပေမယ့်လဲ ကင်မရာနဲ့ကျနော် မနီးစပ်သေးဘဲဝေးနေပါသေးတယ်။ ဝါသနာတစ်ခု အတွက် ကင်မရာ […]


“တောင်တွေးမြောက်တွေး  အပိုင်းအစလေးများ တစ်”   တစ်ရက် မိတ်ဆွေတစ်ယောက် အလုပ်ဆိုင်ကို ကျုပ်ရောက်သွားပါတယ်။ အလုပ်သဘောလဲပါ အလည်ကိစ္စလဲ ပါတယ်ဆိုပါတော့။ ကျုပ်ရောက်တဲ့အချိန်မီးပျက်နေတော့ ကလေးမလေးတစ်စု ထိုင်ပြီး တွတ်ထိုးနေကြပါတယ်။ အဲ့မှာကောင်မလေးတစ်ယောက်က ဖုန်းလေးကို ပွတ်လိုက် ဟီဟီနဲ့ရီလိုက်လုပ်နေပါတယ်။ ကြည့်ရတာ ဖေစ်ဘုတ်က ပုံတွေကြည့်ရင်းကော်မင်းတွေဖတ်ရင်း တစ်ယောက်ထဲတစ်ကမ္ဘာဖြစ်နေပုံပါဘဲ။ အဲ့ကောင်မလေးက ဖုန်းကြည့်လိုက် ဟီလိုက် လုပ်နေတာကို မြင်ကြားနေတော့ သွားလေသူ ကျနော့်အဖွား ပြောခဲ့ဆုံးမခဲ့တာတွေကို သတိရသွားပါတယ်။ ကျနော်တို့အဖွားက ရှေးအဖွားကြီးဆိုတော့ ဗိုင်းကောင်းကျောက်ဖိ ပိပိပြားပြား ရီစရာတွေ့လို့ရီရင်တောင်မှ ပါးစပ်ကိုလက်ကလေးနဲ့ကွယ်ပြီး ခစ်ကနဲ့တစ်ချက်ဘဲရီတဲ့ဘဝနဲ့ကြီးပြင်းလာတာကိုး။ အဲတော့ မိန်းကလေးဖြစ်ပြီး တဟီဟီနဲ့ မြင်းများလို့ ဟီလာတိုက် နေတတ်တဲ့သူဆိုရင် သူတို့မျက့်စေ့ထဲမှာ ကြည့်မရတော့ပါဘူး။ “ဟဲ့ မိန်းမကောင်းဆိုတာ ဟီလာမတိုက်ရဘူး၊ မိန်းမပျက်တွေမှအဲ့လိုနေတာ” လို့ မြည်တွန်တောက်တီးတတ်ပါတယ်။ မိန်းမပျက်လို့ ဆိုပြန်တော့ […]


“ဦးပိန်ကို ဖျက်ဆီးကြသူများ”     လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝကျော်လောက်ကတောင်သမန်အင်းထဲမှာတည်ဆောက်ခဲ့တဲ့ ဦးပိန်သစ်သားတံတားကြီးက အခုအချိန်မှာအတော်အိုမင်းလို့နေပါပြီ။ အိုမင်းတော့ ယိုယွင်းသပေါ့၊ မိုးမှာရေအပြည့်နဲ့အင်း နွေနဲ့ဆောင်းမှာ ကိုင်းခင်း တစ်နှစ်ကို ဝတ်ရုံသုံးလွှာလဲတတ်တဲ့တောင်သမန်ကို ရေအမြဲဖြည့်ပြီး တောင်သမန်ကန်အဖြစ်ပြောင်းလဲလိုက်ချိန်ကစပြီး မိုးတွင်းမှာရေ နေသတ္တဝါ နွေနဲ့ဆောင်းမှာ ကုန်းသတ္တဝါ အဖြစ်ကျင်လဲခဲ့တဲ့ ဦးပိန်ကလည်း ရေ ထဲ မှာအမြဲရပ်နေရတဲ့ဘဝကို အလိုလိုရောက်သွားပါတယ်၊ အဲအချိန်ကစပြီး ဦးပိန်လည်းကျန်းမာရေချို့ယွင်းလို့လာပါတော့တယ်။ ယိုယွင်းအိုမင်းနေပေမယ့်လဲ ဒီတံတားပေါ်မှာ တစ်နေ့တစ်နေ့လူပေါင်းရာချီပြီး လမ်းလျောက်ကြပါတယ်။ ဒီတော့ လည်းဦးပိန်တံတား ကို ကျားကန်တဲ့အနေနဲ့ တံတားပေါ်မှာ စက်ဘီးမစီးရလို့သတ်မှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့်  လည်းမသိဆိုးဝါးတဲ့ လူအချို့က ဒီတံတားပေါ်ကို စက်ဘီးစီးနေကြသေးတယ်။ ဒီလို စည်းကမ်းချိုးဖောက်နေတာကိို မြင်နေတွေ့နေပေမယ့်လည်း တားမြစ်သူမရှိ။   အမြင်မတော်လို့ တိုင်မယ်ဆိုလဲတိုင်စရာနေရာမရှိ။ ဒီလိုဘဲ ကြည့်နေကြရတာအမှန်ပါဘဲ။ တစ်နေ့တံတားကြီးပြိုလဲ ချိန်မှ […]


” အသိပေးကြေညာချက် “ ရွေးချယ်စရာမရှိ ပါသောကြောင့် မချစ်သော်လည်း အောင့်ကာ နမ်းခဲ့ရသည့် ပထမဇနီး ( မပုတု)သည်၎င်း အပြော ချိုချိုဖြင့်ကတိတွေ တွင်တွင်ပေးသည်ကို ယုံကြည်မိ၍ ဆွေမျိုးမိဘအသိုင်းအဝိုင်းက သဘောမတူသည့်ကြားမှ ပေါင်းသင်းမိခဲ့သော (ဒေါ်အူတူ)သည်၎င်း အရင်သူတွေထက် သာရပါစေမည် ဟုအကြိမ်ကြိမ်ပြောလွန်း၍ ပုံအပ်မိသော (မိတာနော) သည်၎င်း ခေါ်ဆို၍မရ နိုင်ခြင်း အဝိုင်းလည်ပြသည်မှလွဲ၍ မည်သို့မှဆောင်ရွက်ပေးနိုင်ခြင်း မရှိကြပါသောကြောင့် ၎င်းတို့အားကြိုတင်ပေးအပ်ထားသောငွေများကုန်သည့်နေ့တွင် ၎င်းတို့နှင်ပြတ်စဲမည်ဖြစ်ကြောင်းမိတ်ဆွေအပေါင်းအားအသိပေးအပ်ပါသည် ကာဗမို ၃၁-၁၁-၂၀၁၄


“လျှော်စေသင့် ၏…………..မသင့်၏”   အခုရက်ဂျာနယ်တွေဖတ်လိုက်ရင် ယာဉ်တိုက်မူ့တွေဘဲတွေ့နေရပါတယ်။ ဖြစ်လိုက်တဲ့အမူ့တွေကလဲ အရက်သေစာသောက်ထားတာ၊ မူးယစ်ဆေးဝါးသုံးစွဲထားတာ မကျွမ်းကျင်ဘဲမောင်းတာ၊ မဆင်မခြင်နဲ့ အရမ်းမောင်းတာ ၊ ယာဉ်စည်းကမ်းကိုလုံးဝမသိဘဲမောင်းတာ၊ ယာဉ်စည်းကမ်းကိုသိပေမယ့်လဲ မလိုက်နာဘဲမောင်းတာတွေကြောင့် ယာဉ်တို်က်မူ့ဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။   မကြာသေးခင်ရက်ပိုင်းကတင်ရန်ကုန် သင်္ဃန်းကျွန်းမှာ ဖြစ်သွားတာကလဲ တရားဥပဒေစိုးမိုးခြင်းဆိုတာ ဒါဘဲလားလို့ စိန်ခေါ်နေသလိုပါဘဲ။ လမ်းပြောင်းပြန်ဝင်လာတဲ့ကားက လမ်းမှန်အတိုင်းမောင်းလာတဲ့ ကား ကို ဝင် တိုက်လိုက်ပါသတဲ့။ လမ်းမှား ဝင်လာပြီးတိုက်တဲ့လူက ဓါးကိုင်ပြီးရမ်းကားပါသတဲ့။ နောက်ဆုံးဇာတ်ပေါင်းတော့ အတိုက်ခံလိုက်ရတဲ့ကားမှာ အလျော်မရဘဲ “ကိုယ့် စားရိတ်နဲ့ကိုယ်ကားပြင်ပါ”လို့ တာဝန်ကျ ဝန်ထမ်းက ဆုံးဖြတ်ပေးသွားတယ်ဆိုတာကိုို ဖတ်မိတဲ့အခါ အတိုက်ခံရပြီး အလျော်လဲမရတော့စိတ်ဆင်းရဲ လူဆင်းရဲ ၊ ငွေကုန် လူပန်း ဖြစ်ရရှာတဲ့ ယာဉ်ပိုင်ရှင်တွေကို သွားသတိရမိပါတယ်။ “မှန်လဲမှန်သေး ခံ လဲ ခံ ရ […]


“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၂၁”   (ဖတ်ပြီး  ရင်း ဖတ်ချင်နေတာ……………….)   ၁၉၈၂မှာ ကျနော်တို့ အဖွားက အိမ်ပြောင်းပါတယ်။ ကျနော်တို့ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့တဲ့ ၂၅လမ်းကျုံးနံဘေးကနေ မြောက်ပြင် ထားဝယ်ထဲကိုပြောင်းကြတာပါ။ ကျနော်အဖေရဲ့ ညီအလတ်က အဲဒီနားမှာနေတာကြာပါပြီ။ အဖေ့ရဲ့ညီအငယ်က သူ့အမေအတွက်အိမ်ဝယ်ပေးတော့ ကျနော်တို့မိသားစုပါလိုက်ပြောင်းကြတာပါ။ အဖွားရယ် ဦးလေးတစ်ယောက်ရယ် အဖေရယ် ကျနော်တို့မောင်နှမသုံးယောက် ရယ်ပေါ့။ ဒါပေမယ့် ကျနော်က အဖွားတို့နဲ့လိုက်မနေပါဘူး။ အိမ်ကိုထမင်းစားရုံလောက်ဘဲ ပြန်ပါတယ်။ ကျနော်က တက္ကသိုလ်ဒုတိယနှစ်ကတည်းက အိမ်မှာမနေတော့တာပါ။ ၂၆ဘီလမ်းက အိမ်တစ်အိမ်ရဲ့အပေါ်ထပ်မှာ ကျနော်သူငယ်ချင်းရဲ့အကိုနဲ့ ကျနော်အတူနေကြတာပါ။ အဲဒီမှာနေရတာကျနော့်အတွက်လွတ်လပ်ပါတယ်။ ညည ဆိုရင် သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်။ ပြန်ရောက်ရင် ကိုယ်မအိပ်ချင်သေးသ၍စာဖတ်လို့ရပါတယ်။ ကျနော်အိမ်မှာကလျှပ်စစ်မီးမရှိတော့ ရေနံဆီမီးအိမ်နဲ့စာဖတ်ရပါတယ်။ လူကြီးတွေနဲ့အတူနေရပြန်တော့ အိ်ပ်ချိန်တန်လို့ မအိပ်ရင်အဆူခံရတတ်ပါတယ်။ ဒီအခန်းမှာက လျပ်စစ်မီးနဲ့ဆိုတော့ စာဖတ်လို့ […]