“ကျနော်ဓါတ်ဖမ်းသမား” (၈) (ကျောင်းသားအသစ်ကလေး…..)
“ကျနော်ဓါတ်ဖမ်းသမား” (၈)
(ကျောင်းသားအသစ်ကလေး…..)
အဲဒီအချိန်မှာဘဲ ရန်ကုန်ယဉ်ကျေးမူ့တက္ကသိုလ်က ဆရာကျော်ဝင်းလှိုင်က
ဓါတ်ပုံသင်တန်းမန္တလေးမှာလာဖွင့်ပါတယ်။
ကျုံးပိုင်ကြီးကလဲဆရာကျော်ဝင်းလှိုင်(ယဉ်ကျေးမူ့တက္ကသိုလ်)ရဲ့သင်တန်းကို
တက်ဘို့ပြောပါတယ်။
ဆရာကျော့်သင်တန်းတက်ထားတဲ့လူတွေကလဲ ပြိုင်ပွဲတွေမှာ ဆုတွေအမြဲလိုလိုရနေတော့
ပိုပြီးသင်တန်းတက်ဘို့စိတ်ဝင်စားလာပါတယ်။
ဒါနဲ့ဘဲကျနော်လဲ သင်တန်းတက်မယ်ပြောလိုက်ပါတယ်။
သင်တန်းအမှတ်စဉ်ကတော့ လပ်ကီးဆဲဗင်း အမှတ်စဉ် (၇)ပါ။
ကျနော်နဲ့အတူ ဓါတ်ပုံရိုက်ဖော် ရိုက်ဖက် ကိုကိုမျိုးကလဲတက်မယ်ဆိုတော့အဖော်ရသွားပါတယ်။
အမှတ်တရထဲက အမှတ်တရဆိုသလို ကျနော်တို့သင်တန်းတက်မယ့်လမှာဘဲ
မန္တလေးမြို့က ညမထွက်ရဆိုတဲ့ ၁၄၄ အောက်ရောက်သွားပါတယ်။
သင်တန်းချိန်က ညနေ ၅နာရီကနေ ရနာရီလောက်ထိ။
သင်တန်း ရက် က ၂ပါတ်။
သင်တန်းကြေးက တစ်သိန်းခွဲ။
စဖွင့်တဲ့နေ့က ဇူလိုင် ၁၉ရက်နေ့။
အဲ့နေ့ကစပြီး ကျောင်းသားတစ်ယောက်လိုပြန်ဖြစ်သွားပါတယ်။
ကျနော်အရင် ကကြားသာကြားဘူူးပြီး ရေရေရာရာမသိခဲ့တဲ့
Exposure(အလင်းပမာဏ)
Shutter Speed (အလင်းဝင်ချိန်)
ISO(အလင်းဆွဲအား)
Aperture (အလင်းဝင်ပေါက်)
Depth of field (ပုံရိပ်ပြတ်သားမူ့နယ်ပယ်)
ဆိုတာတွေကြားဘူးလာပါတယ်။
နောက်အရင်က မှန်ဘီလူးဆိုရင် အဝေးလှမ်းဆွဲဘို့ လို့ထင်ထားရာကနေ
အဝေးအတွက်သုံးတဲ့ tele (တယ်လီ)
ဧရိယာအကျယ်ကြီးမြင်ရအောင်ဖန်တီးပေးတဲ့ wide (မြင်ကွင်းကျယ်)
ပုံတွေကိုခုံးချင်ခွက်ချင်ရင်သုံးရတဲ့ fish eye (ငါးမျက်လုံး)
အနီးကပ်အနုစိတ်ရိုက်ချင်ရင် ကြည်လင်ပြတ်သားဘို့ အတွက်Macro ( အဏုစိတ်)
ဆိုတာတွေကိုသိလာပြန်ပါတယ်။
တစ်ခါဆက်သင်ရင်းကနေ ဓါတ်ပုံတစ်ပုံကို မရိုက်ခင်
အလင်းပမမာဏ အတွက် Meter (မီတာ)တိုင်းရတယ်။
ဒါကြောင့်လဲ ဓါတ်ဆရာကြီးတွေက ဓါတ်ပုံတစ်ပုံကိုမြင်ရင်
ဘယ်ဂီယာနဲ့ဆော်တာလဲ လို့ မေးကြတာကို ရေးရေးလေးသိလာပါတယ်။
ပြီးတော့ အလင်းပမာဏကိုအခြေတည်တဲ့
Key တွေကိုသင်ရပြန်ပါတယ်။
High Key (လင်းတဲ့ဘက်များတာ)
Middle Key (အလင်းအမှောင်သင့်တင့်မျှတတာ)
Low Key (မှောင်တဲ့ဘက်များတာ)ဆိုတာတွေကို လဲအခုမှသိရပြန်ပါတယ်။
အဲတော့ မှ ဓါတ်ပုံတစ်ပုံကိုကြည့်ပြီး
ဘယ်ကီးနဲ့ တီးတာလဲ လို့မေးကြတာကို သဘောပေါက်လာရပြန်ပါတယ်။
ဒီတော့မှလဲ white balance ဆိုတာကြားဘူးလာတာအမှန်ပါဘဲ။
တစ်ခါထပ်ပြီးတော့ Colour Temperature ဆိုတဲ့ (ပူသောအရောင် အေးသောအရောင်)
ဆိုတာတွေ ရောက်လာပြန်တော့ လူက နည်းနည်းတော့ ယောင်လာပါတယ်။
အရင်ကတော့ ရိုက်စရာတွေ့ရင်ရိုက်ချလိုက်တာပါဘဲ။
အခုမှ ကိုယ်တင်ပြချင်တဲ့ ရည်ရွယ်ချက်ကို မူတည်ပြီး
အအေးရောင်(အဖြူ အပြာအစိမ်း)
အပူရောင်(အနီ အဝါ အနက်) တို့ နဲ့ ဖြည့်စွက်ပြီး ပုံကိုအားကောင်းအောင်လုပ်ရတယ်ဆိုတာ
ဝိုးတို့ဝါးတားလေးသိလာပါတယ်။
ဒီအခန်းရောက်တော့ မှ အရင်က ကင်မရာဆရာကြီးတွေပြောပြောနေတဲ့
ကယ်လဗင် ကယ်လဗင်ဆိုတာ ကို ရေးရေးလေး မြင်လာခဲ့တာအမှန်ပါဘဲ။
အရောင်ပြီးပြန်တော့ မျဥ်းတွေ ကနောက်က ကပ်ပါလာပါတယ်။
ကိုယ်ရိုက်ထားတဲ့အရောင်ကိုမူတည်ပြီး
ပုံကိုပျော့ပြောင်းစေချင်ရင်မျဉ်းကွေးသုံး
မာကျောကြမ်းတမ်းစေချင်ရင် မျဉ်းမတ်တွေကိုသုံး
ဆိုတဲ့ ကိုယ်အရင်က နည်းနည်းမှမစဉ်းစားမိခဲ့တာတွေကိုလဲ သိရပြန်ပါတယ်။
နောက် လူပုံကိုရိုက်တဲ့အခါမှာ ပိုမိုပေါ်လွင်တဲ့အနေအထားရအောင်
ဆလိုက်မီးထိုးပေးတဲ့ အတတ်ပညာအရေးကြီးလာတာကိုလဲ
ဒီသင်တန်းတက်မှသိလာရတာပါ။
နောက်အရင်ကဆိုရင်ကျနော်ကင်မရာ ခလုပ်တွေကို ဖန်သားပြင်ပေါ်ကြည့်ပြီးလက်နဲ့ရွှေ့ပါတယ်။
အဲလိုရွှေ့တော့ ကိုယ်ရိုက်မယ်လို့ပြင်လဲပြီးရော ကိုယ်ရိုက်ချင်တဲ့ဟာက အဲနားမှာမရှိတော့ပါဘူး။
နောက်ဓါတ်ပုံရိုက်တဲ့အခါမှာ ချောင်းကြည့်ပေါက်ကနေဘယ်လို့ကြည့်ရမယ်
ကင်မရာကို လက်က ဘယ်လိုကိုင်ရမယ်
ကိုယ်လိုချင်တဲ့ စကေးရောက်အောက် ကင်မရာခလုတ်တွေကို မကြည့်ဘဲ
ရွှေ့ရမယ်၊
ကိုယ်ခန္ဓာတွေ လက်တွေခြေထောက်တွေရဲ့အနေအထားက
ထိုင်ရိုက်ရင် ဘယ်လို မတ်တပ်ရပ်ရိုက်ရင်ဘယ်လိုဆိုတာတွေကိုစံနစ်တကျ
ဖြစ်အောင်သင်ပေးပါတယ်။
အဓိကအချက်ကတော့ ဟန်ချက်ညီပြီး အချိုးအစားကျနအောင်နေတတ်ဘို့လိုတယ်ပေါ့။
ဒါတွေကတော့ ကင်မရာကိုင်တွယ်ပုံနဲ့ ဘယ်လိုချိန်ရမယ်ဆိုတဲ့ စက်ပိုင်းဆိုင်ရာပေါ့။
နောက်ဆက်သင်ရတဲ့ ပညာတွေကတော့ စိတ်ပိုင်းဆိုင်ရာနဲ့သက်ဆိုင်တဲ့
အနုပညာဖန်တီးမူ့တွေပါဘဲ။
ISO တွေ Shutter speed တွေ Aperture တွေက ပုံသေနည်းတွေ လို
မှတ်ထားလို့ရကောင်းရနိုင်ပေမယ့် Composition ဆိုတဲ့ ဖွဲ့တည့်မူ့တည်ဆောက်ခြင်းကတော့
ပုံသေနည်းနဲ့ကျက်လို့ မရတဲ့ စိတ်ပိုင်းဆိုင်ရာခံစားချက်ဆိုတာကို ပြတ်သားစွာသိလာရပါတယ်။
ဓါတ်ပုံတစ်ပုံ ကို စရိုက်တော့မယ်ဆိုရင် ကိုယ်တင်ပြချင်တဲ့ အကြောင်းအရာ (subject)ကိုတိကျစွာ
ရွေးချယ်နိုင်ဘို့ လိုပါပြီ။
အကြောင်းအရာ ရပြီဆိုရင် သူ့ကိုတင်ပြမယ့်ပုံစံ အနီးအဝေးအနိမ့်အမြင့်ဆိုတာကို စပြီးစဉ်းစားရပါတော့တယ်။
ပြီးရင် ကိုယ်တင်ပြချင်တဲ့အကြောင်းအရာနဲ့ဆက်စပ်ပါတ်သက်နေတာတွေကို
အမြင်မျှတအောင် အချိုးညီအောင် နေရာချထားရပါတော့မယ်။
ပြီးရင် ဘယ်လိုအရောင်အသွေးနဲ့ ဖွဲ့စည်းတင်ပြရမယ်ဆိုတာကို တွက်ချက်ရပြန်ပါတယ်။
ဒါတွေက ကွန်ပြူတာနဲ့လဲတွက်လို့မရ။
ပုံကြမ်းဆွဲလို့လဲမရ။
ကိုယ့်ရှေ့မှာမြင်နေရတဲ့ အရာတွေကို စိတ်ထဲမှာပုံဖော်ပြီး ချက်ခြင်းဆုံးဖြတ်ရတာမျိုးပါ။
ဥပမာပြောရရင် နေလုံးကြီးဝင်ခါနီး အနေအထားကိုရိုက်ချင်ရင် နေမင်းကြီးခဏရပ်ပါအုံးလို့
တောင်းပန်လို့မရသလိုပေါ့။
ရှိနေတုန်းလေးမှာကိုယ်လိုချင်တဲ့အနေအထားကိုစိတ်တွက် တွက်ပြီးလျှပ်တစ်ပျက်ဆုံးဖြတ်ရတာပါ။
ဓါတ်ပုံတစ်ပုံမှာ ဘယ်လောက် အကြောင်းအရာကောင်းကောင်း
ဘယ်လောက် အရောင်ကောင်းကောင်း
ဘယ်လောက်အချိုးအစားညီညီ
ပုံရိပ်ပြတ်သားမူ့ မရှိရင် အဲ့ပုံတစ်ပုံက လုံးဝသုံးမရဘူးဆိုတာကို သိလာချိန်မှာတော့
ကျနော်အရင်ကရိုက်ခဲ့တဲ့ပုံအတော်များများမှာ ပုံရိပ်ပြတ်သားမူ့အားနည်းတယ်ဆိုတာကိုမြင်လာပါတယ်။
ဒီသင်တန်းရောက်မှဘဲ ရှေးက ဓါတ်ဆရာကြီးများ သတ်မှတ်ပေးခဲ့တဲ့
Rule of third တို့ Golden rule တို့ ဆိုတဲ့ တင်ပြချင်တဲ့အကြောင်းအရာကို
အားအကောင်းဆုံးဖြစ်အောင်ထားရတဲ့ အနေအထားကို ကြားဘူးလာသလို
မလိုအပ်ဘဲနဲ့ပုံတစ်ပုံကို ထက်ဝက်ပိုင်းထားသလိုဖြစ်အောင်မရိုက်ရဘူးဆိုတာလဲ
သိလာရပြန်ပါတယ်။
အခုမှဘဲ လူတစ်ယောက်လမ်းလျောက်လာတာ လှေခါးတက်တာ ဆင်းတာတွေကို
ကျနော်ရိုက်ထားခဲ့ဘူးတဲ့ပုံတွေမှာ
အဝင်အထွက်မှားနေတယ်လို့ ပြောခံရတာတွေကို သဘောပေါက်လာပါတယ်။
နောက်ပုံတစ်ပုံမှာ fore ground (ရှေ့မျက်နှာစာ) middle ground (အလယ်ခြမ်း) back ground (နောက်ခံ)
စတာတွေကိုလဲ သူ့နေရာနဲ့သူသင့်တင်မျတအောင်ထားရမယ်ဆိုတာကိုလဲသဘောပေါက်လာပါတယ်။
၁၅ရက်ဆိုတဲ့အချိန်တိုတိုလေးအတွင်းမှာမြောက်များလှစွာသော ပညာရပ်တွေကို သင်ယူရတယ်ဆိုတာ
တကယ်မလွယ်သလို သင်သမျှအားလုံးခေါင်းထဲရောက်ဘို့ နားလည်ဘို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုတာ
ပိုပိုသိလာပါတယ်။
ချစ်ကောင်းရဲ့ ချစ်ဘူးတယ် ချစ်ဘူးတယ် ဆိုတဲ့သီချင်းလိုဘဲ
ဆရာပြောသမျှကို နားထောင်ပြီး
ကြားဘူးတယ် ကြားဘူးတယ် ဆိုတဲ့အဆင့်လောက်ဘဲရှိခဲ့တာအမှန်ပါဘဲ။
ဒါပေမယ့် ဘာမှ မသိတာထက်စာရင် နည်းနည်းလေးပိုသိလာတော့ နည်းနည်းလေးပိုလုပ်နိုင်လာတာကလဲအမှန်။
သင်တန်းမှာကင်မရာအကြောင်းတွေရောမှန်ဘီလူးတွေအကြောင်းကိုပါ သင်ပေးပါတယ်။
အဲဒီတော့ မှ ကိုယ်ကိုင်တဲ့ ကင်မရာကောင်းလှပြီလို့ထင်တားတာမှားမှန်းသိပါတော့တယ်။
ကင်မရာဘော်ဒီမှာ crop frame (ဖလင်တခြမ်း) နဲ့ full frame (ဖလင်အပြည့် ) ရှိတယ်ဆိုတာကိုလည်းသိလာရပါတယ်။
ဖရိမ်ဆိုတာက ကင်မရာဘော်ဒီအတွင်းမှာပါတဲ့ပုံရိပ်ဖမ်းယူထားတဲ့ ဆင်ဇာ လို့ခေါ်တဲ့
မှန်ပြားလေးရဲ့အကျယ်အဝန်းကိုဆိုလိုတာပါ။
ဖူးဖရိမ်ဆိုတာ ရုပ်ရှင်ဖလင်ကော်ပြား တစ်ချပ်စာအပြည့် ကိုခေါ်တာပါ။
အဲဒါနဲ့ရိုက်မှ ကို်ယ်ရိုက်တဲ့မြင်ကွင်းရဲ့အပြည့်ကိုရနိုင်ပါတယ်။
ခရော့ဖရိမ်ကတော့ ဖူးဖရိမ်လောက်မြင်ကွင်းကို ပြည့်စုံအောင်ဖမ်းယူလို့မရနိုင်ဘူးဆိုတာ သိလိုက်တော့
ဓါတ်ဆရာတွေ ဖူးဖရိမ် ဖူးဖရိမ် လို့ “တ” ကြ တာကို နားလည်သဘောပေါက်လို့သွားပါတယ်။
နောက်အရင်က မှန်ဘီလူးဆိုတာ ကြီးရင်ကောင်းတယ်လို့ခပ်နုံနုံတွေးခဲ့ဘူးပါတယ်။
ကိုယ်ရိုက်ချင်တဲ့အကြောင်းအရာ နဲ့လိုက်ဖက်တဲ့မှန်ဘီလူးကိုရွေးချယ်နိုင်ရမယ်ဆိုတာကိုသိလာသလို မှန်ဘီလူးအမျုးိအစားတင်မကပါဘူးမှန်ဘီလူးပါဝါ ကွာရင်ပုံအထွက်လဲ
ကွာတယ်ဆိုတာသိလာပြန်ပါတယ်။
ပုံတစ်ပုံကို ကောင်းအောင် ပံ့ပိုးပေးတဲ့ မှန်ဘီးလူရှေ့မှာတပ်တဲ့
ဖစ်လတာဆိုတဲ့ မှန်ချပ်ကလေးက လဲ
ကြယ်တွေထွက်လာအောင်
လင်းနေတာကိုမှောင်အောင်
တိမ်တွေကြွလာအောင်
အရိပ်တွေထင်ရှားလာအောင်လုပ်ပေးနိုင်စွမ်းရှိတယ်ဆိုတာ ကို သိလာပါတယ်။
သင်တန်းတက်တော့မှ ဓါတ်ပုံကောင်းတစ်ပုံရဘို့မလွယ်ဘူးဆိုတာ သေသေချာချာသိလာပါတယ်။
အဲလိုလဲသိလာရော အရင်ကလို မြင်တာနဲ့ ခလုပ်ကောက်နှိပ်ပြီးမရိုက်ရဲတော့ပါဘူး။
သင်ပေးနေတဲ့ဆရာကျော်ဝင်းလှိူင်ရိုက်ထားတဲ့ပုံတွေကို ကြည့်ရင်း
အဲလိုပုံမျုးိ ရချင်တယ်ဆိုရင် ကိုယ်တတ်ထားတာလောက်နဲ့
ကိုယ့်လက်ထဲမှာရှိနေတဲ့ ကင်မရာနဲ့ ရိုက်လို့ ဒီလိုပုံမျုးိထွက်မလာဘူးဆိုတာ
ပြက်ပြက်ထင်ထင် သိလာပြီးတဲ့နောက်မှာ ဓါတ်ပုံရိုက်ဘို့
စိတ်မရဲဘူးဖြစ်လာပါတယ်။
သင်တန်းလဲတက်ပြီးရော ကျနော် ဓါတ်ပုံ အရိုက်နည်းသွားပါတယ်။
သူများပုံတွေကိုလဲ ပိုကြည့်ဖြစ်လာပါတယ်။
ဖေစ်ဘုတ်မှာတင်ကြတဲ့ ပုံတွေကြည့်ရင်းကနေ ကိုယ်မရိုက်တတ်တဲ့
ကိုယ်နဲ့လက်လှမ်းမမှီတဲ့ပုံတွေကိုမြင်မြင်လာရပါတယ်။
အဲတော့မှ သူများတွေပုံကောင်းတစ်ပုံရအောင်ဘယ်လိုလုပ်ကြသလဲဆိုတာ
လိုက်ပြီးလေ့လာကြည့်တဲ့အခါမှာ………………………………………….
(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
9 comments
တောင်ပေါ်သား
June 5, 2015 at 10:28 am
( တန်ဆောင်မုန်းလပြည့်ည )
လွမ်းချင်လာသလိုလိုပဲ ကိုပေါက်ရေ
ကိုပေါက်(မန္တလေး)
June 5, 2015 at 12:13 pm
တစ်ခါလောက်ပြန်လာခဲ့ပါလား ကမျှိုး
Mike
June 5, 2015 at 3:01 pm
.ကိုစိန်သောနဲ့အတူဖမ်းခဲ့တဲ့အလင်းတန်းပုံက တမာတန်းလားဗျ…လှလိုက်တဲ့ပုံဗ ျာ
.က ျုပ်လည်း25-12-2012 နေ့ကိုသတိပြန်ရမိပါရဲ့ဗ ျာ
ကိုပေါက်(မန္တလေး)
June 5, 2015 at 4:13 pm
ကိုစိန်သော့နဲ့အတူဖမ်းခဲ့တဲ့အလင်းတန်းက မေမြို့ အထွက်ဘက်က ပန်းတန်းမှာပါ ကိုမိုက်
ဝင့်ပြုံးမြင့်
June 5, 2015 at 5:12 pm
.ပုံ (၇) က လှရက်လိုက်တာ။ ပညာရပ်စာတွေတော့ ဖတ်ဘူး။ နားမလည်ဘူးရှင့်။ ဓာတ်ပုံပညာမှာ ဘာမှနားမလည်။
Alinsett @ Maung Thura
June 5, 2015 at 7:53 pm
ဦးပိန်နဲ့ တွေ့ချင်သေးတယ်…
ဦးပိန်ကို စိတ်ဝင်စားတယ်..
ဦးပိန်နားမှာ နေချင်တယ်…
aye.kk
June 5, 2015 at 9:16 pm
6,7,8
ပိုနှစ်သက်တယ်။
ပုံတွေအားလုံးလှတယ်။
ကိုပေါက်(မန္တလေး)
June 6, 2015 at 12:40 pm
မပြုံးရေ
သဘာဝအလှဆို တာ ကျနော်တို့လူသားအားလုံးခံစားဘို့ ကြည်နူးစေဘို့ပါ
အလင်းဆက်ရေ
ဒီတစ်ခါလာရင် ညအိပ်လာပါ
မမအေးရေ
အမနှစ်သက်တဲ့ပုံတွေကျနော်လဲကြိုက်
အမလဲ ဓါတ်ပုံတွေရိုက်ပါ
အမလက်ရာတွေလှပါကြောင်း
aye.kk
June 6, 2015 at 4:25 pm
ကျေးဇူးပါ,ကိုပေါက်။