“တွေးမိ တာလေးကို တော့ ပြောပြချင်ပါတယ်”                               နေ့စဉ်ထုတ်ဂျာနယ်တွေမှာ ထဲမှာ စက်ရုံ အလုပ်ရုံတွေ က လုပ်သားတွေဆန္ဒပြတဲ့ သတင်းတွေကို မကြာခဏဖတ်နေရပါတယ်။ မနေ့ကထုတ်တဲ့ဂျာနယ်တစ်စောင်ထဲက မန်းလေးမှာဖြစ်တဲ့ ဆန္ဒပြတဲ့စက်ရုံကတောင်းဆိုတဲ့ အချက်(14)ချက်ထဲက (လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရလျင် နာမကျန်းမူ့များဖြစ်ပွားပါက လူမူ့ဖူလုံရေးဆေးခန်းသို့ စက်ရုံမှ တာဝန်ယူပို့ဆောင်ပေးရန်နှင့်လူမူ့ဖူလုံရေးဥပဒေအရ အလုပ်သမားများအားခံစားခွင့်ပေးရန်) ဆိုတာကိုဖတ်လိုက်ရတော့ အဲဒီလိုတောင်းဆိုလိုက်တာက ကိုယ့် အတွက် ထိရောက်မူ့ရှိပါရဲ့လားလို့ မေးခွန်းလေးတွေ ခေါင်းထဲမှာပေါ်လာပါတယ်။ ” လူမူ့ ဖူလုံရေး “ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှိနေတဲ့ဌာနသို့မဟုတ်အဖွဲ့အစည်းက ခေတ်အဆက်ဆက် မှာ လုပ်သားများရဲ့ လိုအပ်ချက်ကို ပြည့်စုံကောင်းမွန်စွာ ဖြည့် ဆည်းပေးနိုင်ခြင်းမရှိတာ အမှန်ပါဘဲ။ လုပ်မပေးနိုင်တဲ့ နေရာကို မှ အားကိုး တကြီး ညွှန်းပြနေရင် တောင်းအလကားဘဲဖြစ်မယ်ထင်ပါတယ်။ နေရာအသီးသီးမှာ အကြောင်းအရာမျုးိစုံနဲ့ဆန္ဒပြတာတွေကိုမြင်နေကြားနေ ဂျာနယ်တွေက ရေးတာတွေကို လဲ […]


“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၂၀”   (ကွာခြားခြင်းများ းးးးးးးးးးးးးးးးးးးးးးးးးးးး)   ကျနော်ကျောင်းသားဘဝကာလများ အစိုးရဝန်ထမ်းကာလများနဲ့ ကျနော်လှိူင်းတေးသံသွင်းကို ရောက်တဲ့ ၁၉၈ဝ စွန်းစွန်း ကာလ များမှာ တိုင်းပြည်ရဲ့ငွေကြေးဖောင်းပွမူ့က သိပ်ကွာခြားမူ့ မရှိ။ ၁၉၇၅ခုနှစ်ကနေ၁၉၈၃ ခုနစ် ပါတ်ဝန်းကျင်အထိ အကြော်တစ်ခု တစ်မတ် နံပြားတစ်ချပ်ငါးမူး အီကြာကွေးတစ်ချောင်း ငါးမူး လက်ဖက်ရည်တစ်ခွက်တစ်ကျပ် ထပ်တစ်ရာတစ်ချပ် တစ်ကျပ် ဝက်သားပေါက်စီတစ်လုံးတစ်ကျပ် ငါးဖယ် နဲ့မုန့်တီတစ်ပွဲ တစ်ကျပ် လမ်းဘေးမှာ ထမင်း တစ်ခါ ပြင် ၂ကျပ်ခွဲ ရှမ်းခေါက်ဆွဲပွဲသေး တစ်ပွဲ ၂ကျပ်ခွဲ ကြေးအု့းိတစ်ပွဲ သုံးကျပ် ခေါက်ဆွဲကြော်တစ်ပွဲ ကျပ်တစ်ဆယ် ဆို တဲ့ ဈေးနူူန်းတွေက အတော်ကြာကြာ မပြောင်းမလဲ ရှိနေခဲ့တာအမှန်ပါဘဲ။ ငွေကြေးဖောင်းပွမူ့ ကိုထိန်းထားနိုင်တယ်လို့ ဆိုနိုင်ပါတယ်။ အလွန်အမင်းကျပ်တည်းခြင်းမရှိသလို […]


“မနိူင်း စေ လို ပါ ”   လူ တိုင်းမှာ အလှကိုယ်စီရှိတတ်ကြပါတယ်။ ဥပမာပေးရ ရင် မိန်းကလေးတွေ မှာလဲ ပင်ကိုယ်အလှ သဘာဝအလှ ဆိုတာ ကိုယ်စီရှိကြပါတယ်။ ရွက်ကြမ်းရေချို  လှ တဲ့သူဘဲဖြစ်ဖြစ် ပင်ကိုယ်လှပြီးသားသူဘဲဖြစ်ဖြစ် မိတ်ကပ်တွေဘာတွေလိမ်းချယ်ပြီး ပြင်တတ်ကြပါတယ်။ ပြင်လိုက်ရင်လှသွားမယ်လို့ ဆိုနို်င်ပေမယ့် ပြင်လွန်းလို့ ဖင်ချွန်းသွားတဲ့သူတွေလဲ ရှိနုိုင်ပါတယ်။   လူ့စိတ်ဆိုတာ အမျုးိမျုးိ အထွေထွေပါဘဲ။ ကိုယ့်ကိုကိုယ် အလှတွေခြယ်ချင်သူလဲရှိမယ်။ သဘာဝလေး အတိုင်းရိုးရိုးလေးနေချင်သူလဲရှိမယ်။ တတ်နိုင်လို့ ပြင်သူလဲရှိမယ်။ အလှပြင်ချင်ပေမယ့် ငွေကြေးမတတ်နိုင်လို့ မပြင်ရသူလဲရှိမယ်။ အလှပြင်တဲ့သူတောင်မှ တန်ဘိုးကြီးတဲ့ ဘရန်းဒတ်တွေကိုအသုံးပြုပြီး ပြင်နိုင်သူရှိသလို ကိုယ့် တတ်နိုင်တဲ့ ပေါပေါ ပဲပဲလေးနဲ့ ဘဲ အလှပြင်သူလဲ ရှိကြပါတယ်။   အလှပြင်တာကို နှစ်သက်တာ […]


“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၉”   (ပြောင်းလဲသော သီချင်းရေစီး………………….)     ခေတ်ရဲ့ရေစီးကြောင်းဆိုတာအမြဲပြောင်းလဲနေပါတယ်။ ဒါပေမယ့်လဲ တစ်ချိန်ချိန်မှာတော့ အဟောင်းတွေက အသစ်ပြန်ဖြစ်တတ်တာက မဆန်းဘူးလို့ဆိုနိုင်ပါတယ်။ မြန်မာ့ဂီတလောက အစမှာတော့ သီချင်းကြီးတွေက ပထမပေါ့။ မြဝတီမင်းကြီးဦးစတို့လက်ထက်ကတည်းက “ကော်ပီ”ပေါ်ခဲ့တယ် ဆိုနိုင်ပါတယ်။ ခရစ်ယာန်ဓမ္မသီချင်းအလိုက်ကို ယူပြီး သီချင်းဖွဲ့ဆိုခဲ့လို့ပါ။ ရှေးကသီချင်းကြီးအများစုကတော့ ဘုန်းတော်ဘွဲ့သီချင်းတွေနဲ့ မောင်ဘွဲ့ မယ်ဘွဲ့ တောဘွဲ့တောင်ဘွဲ့တွေပေါ့။ ရတနာပုံခေတ်ရောက်တော့ အထူးခေတ်စားတဲ့သီချင်းတွေက တော့ သီချင်းထဲမှာဇာတ်လမ်းလေးတွေ ပါတဲ့ပတ်ပျိုးနဲ့ဘောလယ်တွေပေါ့။ သီချင်းကြီးဆိုလိုက်တာနဲ့ အရင်ဆုံးပြေးမြင်မိတာကတော့ လှိုင်ထိပ်ခေါင်တင်ရဲ့ “စိန်ခြူးကြာညောင်” ပါဘဲ။ ဒီဘက်ခေတ်ပိုင်းထိ ခေတ်စားခဲ့ လူ သိများခဲ့ သီချင်းကြီးကတော့ မလှရွှေ ရဲ့  မိုးဒေဝါ နဲ့ စန္ဒကိန္နရီပါတ်ပျိုးပါဘဲ။   ဒုတိယကမ္ဘာစစ်အပြီးမှာတော့ မြန်မာတွေလဲ ခေတ်မှီလို့လာပါတယ်။ ကြေးကြိုး သားရေ […]


မေးပါရ ဇီ( ဖြေချင်သူ ဖြေချင်သလို ဖြေနိုင်ပါသည်) ပြီးခဲ့တဲ့ဥပုဒ်က မင်းကွန်းကိုရောက်သွားပါတယ်။ ဒီတစ်ခါတော့ ပုထိုးတော်ကြီးအထက်အဆင့် ထိ တက်သွားလိုက်ပါတယ်။ အဲဒီအပေါ်ရောက်တော့ အမွှေးတိုင်လေးတွေကို အုတ်ကြားတွေမှာထောက်ထားတာကိုမြင်ရပါတယ်။ မေးကြည့်တော့ ကိုယ့် ကိုအထောက်အကူ ဖြစ်အောင် ယတြာအနေနဲ့ထောက်ထားတာ တဲ့။ အဲဒီမှာကောင်လေး နှစ်ယောက်ငြင်းခုန်နေကြတာကိုကြားရပါတော့တယ်။ ဒီလိုထောက်ထား တာ မှားတယ် တဲ့ ။ အုတ်ကို ကန်ထားသလိုဖြစ်တော့ နည်းနည်းချင်း ဟ သွားမယ်တဲ့။   နောက်တစ်ယောက်က တော့ အောက်ကနေ ထောက်ထားတော့ ပင့် အား ရတော့  အလေးချိန်မျှ ခံ သလို ဖြစ်တာပေါ့တယ်။   ကျနော်ကတော့ဒါ တွေ နားမလည် လို့ မဖြေတတ်။ ကဲ သိသူတွေ ပွားကြပါအုံး။     […]


“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၈” (လုပ်ခွင်စည်းကမ်း နည်းလမ်းကျနသေချာ……………………..) ကျနော်တို့ လှိုင်းတေးသံသွင်း မှာ ဆရာနှစ်ယောက်ရှိတဲ့အနက် ဆရာကြီးက ဝန်ထမ်း ထိန်းသိမ်းရေးကိုတာဝန်ယူပြီး ဆရာကိုလှမောင်ကတော့ စက်ပိုင်းဆိုင်ရာတာဝန်ယူပါတယ်။ စက်ပျက်တာ ပြုတာကို ကိုလှမောင်ကလုပ်ပါတယ်။ အဲတော့ ကျနော်တို့က ဆရာကြီးနဲ့ဘဲအမြဲထိတွေ့နေရပါတယ်။ လူသစ်တစ်ယောက် ရောက်လာတယ်ဆိုရင် ဆရာကြီးက အလုပ်စည်းကမ်းတွေကို သင်ပြပေးပါတော့တယ်။   ပထမဦးဆုံးသောသင်္ခန်းစာက မနက်(၈)နာရီ အလုပ်ရောက်အောင်လာမယ်။ စောလဲမလာနဲ့နောက်ကျလဲ မလာနဲ့။ နေ့လည်၁၂နာရီထိုးရင် ထမင်းစားပြန်လို့ရမယ်။ နေ့လည် တစ်နာရီထိုးရောက်အောင်ပြန်လာပါ။ ညနေ ၅နာရီထိုးရင်ပြန်လို့ရမယ်။   ဒုတိယ သင်္ခန်းစာက ဆေးလိပ်မသောက်ပါနဲ့။ မသောက်နဲ့ဆိုတာ ဆိုင်ထဲလဲမသောက်ရ။ အပြင်မှာလဲမသောက်ရ။   တတိယသင်္ခန်းစာက အလုပ်လုပ်သူအချင်းချင်း ရန်မဖြစ်ရ။ စကားမများရ။ မိုက်မိုက်ရိုင်းရိုင်းဆဲဆိုမပြောရ။ အကျိုးမဲ့မငြင်းခုံရ။   အရေးအကြီးဆုံးသင်္ခန်းစာ ကနောက်ဆုံးမှပြောပါတယ်။ တကိုယ်ရေသန့်ရှင်းမူ့ […]


“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၇”   (သီချင်းလှိုင်းစီးသောကာလများ ………………)   သေသေချာချာစဉ်းစားမိတဲ့အခါမှာတော့ ကျွန်တော်တို့ အားလုံးက ကိုယ့်မှာရှိတဲ့အစွမ်းအစ ကို ထုတ်မသုံးကြဘူးဆိုတာသိလာပါတယ်။ အခက်အခဲ တစ်စုံ တစ်ရာပေါ်လာတဲ့အခါမှာ “ငါမလုပ်နိုင်လောက်ဘူး ထင်တယ်” ဆိုတဲ့အတွေးက အရင်ဆုံးခေါင်းထဲရောက်လာတတ်တယ်လို့ထင်မိပါတယ်။ အဲတော့သူများကိုအားကိုးမိပါတော့တယ်။ ကျနော်လဲ ဒီလိုဘဲပေါ့။ မသိဘူးဆိုရင် သူများမေးလိုက်ရတာဘဲဆိုတဲ့ ခပ်ပေါ့ပေါ့အတွေးနဲ့နေခဲ့မိတာကိုး။ အဲတော့သူများပညာပေးတာကိုခံလို်က်ရတာပေါ့။ ကိုယ်ညံ့တာကို တော့ မမြင်ဘဲ ပညာပေးလိုက်သူကို စိတ်တွေလုပ်တော့တာပေါ့။ တကွေ့တော့တွေ့မယ်ဆိုတဲ့စိတ်မိုက်စိတ်ရိုင်းတွေနဲ့ပေါ့။ ဒါပေမယ့်သေချာပြန်စဉ်းစားမိတော့ကိုယ့် အလုပ် ကိုယ့်တာဝန် ကိုယ်မကျေ လို့ ခံလိုက်ရတာဘဲလို့ သဘောပေါက်တဲ့အခါမှာတော့ သူများကို မကျေနပ်စိတ်တွေလျော့ပါးခဲ့ပါတယ်။ ဒါကလဲ ချက်ခြင်း  အသိတရား ရသွားတာမဟုတ်ပါဘူး။ လပေါင်းအတော်ကြာမှ ဒီအသိတရားဝင်လာတာပါ။   ကျနော်အလုပ်ကနေအိမ်ပြန်တဲ့အခါမှာ အိမ်စာယူပြီးပြန်ပါတယ်။. ခွေနံပါတ် (၁) ကနေ ( […]


“ ကိုခ နောက်ကလိုက်ခြင်း”( (အိမ်ထောင်ဖက် ရက်ရွေးမယ်))   ကိုခရဲ့ “ နေ့ချင်းထပ်မြတ်သလား” ကိုဖတ်မိတော့ အတွေးတစ်ခုရလာပါတယ်။ ဗေဒင်ကိန်းခန်းနဲ့နွယ်ပြီး နေ့ခြင်း တည့် တာ မတည့် တာက တော့ အိန္ဒိယဘက်ကနေ နွယ်လာတဲ့ အယူအဆဖြစ်မယ်ထင်ပါတယ်။ တရုပ်တွေကတော့ ကြွက်-နွား-ကျား-ယုန် -နဂါး-မြွေ-မြင်း-ဆိတ်-မျောက်-ကြက်-ခွေး ဝက် အစရှိတဲ့ အကောင်(၁၂)ကောင်ကိုသာ မူတည်ပြီး အိမ်ထောင်ဘက်ရွေးတယ်လို့ ကြားဘူးပါတယ်။ သိသလောက်တော့ အကောင်အကြီးနဲ့အသေး အိမ်ထောင်ဘက်မပေးဘူး ပေါ့၊ ကျနော်တို့ရွာထဲမှာလဲ အရွယ်စုံ အသက်စုံဆိုတော့ ဘဝတွေ စုံကြပါမယ်။ ရှေးအလိုအတိုင်း နေ့ သင့် နံ သင့် တွက်ချက်ယူသလို ဘာမှ အယုံ အကြည်မရှိ ဘဲ ကိုယ်ကြိုက်တာ ကိုယ်ယူကြသူများလဲရှိပါမယ်။. ဘဝတွေ စုံကြတော့ အိမ်ထောင်တည်မြဲသူရှိသလို အိမ်ထောင်မတည်မြဲသူတွေလဲ ရှိနိုင်ပါတယ်။ […]


“မြန်မာတွေ သတ္တိရှိလာပြီ” ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်းအုပ်စိုးတဲ့အချိန်ကစပြီး ၂၀၁၂ ပုံပြောင်းအစိုးရ မတိုင်မီအချိန်ကာလ က တိုင်းပြည်ကိုအုပ်ချုပ်တဲ့မင်းများက ပြည်သူပြည်သူများအပေါ်မှာ စည်းကမ်းရှိအောင်အတော်လေးကို ကွပ်ကွပ်ညှပ်ညှပ်လုပ်ခဲ့ပါတယ်။ အထူးသဖြင့် ယဉ်စည်းကမ်းနဲ့ပါတ်သက်လို့ပေါ့။ ဒါဏ်ငွေဆောင်ခိုင်းတယ်။ ယာဉ်ကိုသိမ်းထားတယ်။ အဲ့လိုလုပ်တော့ စည်းကမ်းကိုအတော်လေး လိုက်နာခဲ့ကြပါတယ်။ လူမလစ်ရင် စည်းကမ်းမဖောက်ဘူးပေါ့။ ဒါပေမယ့် အခုနောက်ပိုင်း ခေတ်မှီဖွံဖြိုး တိုးတက်ပွင့်လင်းသောခေတ်ကာလမှာ လူတွေက အမြင်ကျယ်လာသလို မတရားဖိနှိပ်တယ်ထင်ရင် မခံတော့ပါဘူး။ ပြောင်ပြောင်တင်းတင်းကို ဆန့်ကျင့်ကြပါတယ်။ ငုံ့ မခံ ကြ တော့ပါဘူး။ သတိ္တရှိလာတယ်ဆိုတဲ့သဘောပေါ့။ တစ်လမ်းမောင်းကိုလဲ နေ့ခင်းကြောင်တောင် ရော ညရော လမ်းပြောင်းပြန်မောင်းရဲလာတယ်။ သတိ္တိရှိလာတဲ့သဘောပေါ့။ အခုတော့ အဲဒီထက်တောင်ပိုလာပါပြီ။ ဘယ်လောက်လေးစားစရာကောင်းလဲလို့။ သတိ္တရှိရှိ ပြောင်ပြောင်တင်းတင်းဆန့်ကျင့်ကြတာ။ နေ့ခင်းကြောင်တောင်မှာတောင်မှ လမ်းပြောင်းပြန်ရပ်ထားတဲ့ကားတွေလေ။ တကယ့် ကို လေးစား စရာကောင်းမှကောင်းပါဘဲ။   […]


“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၆”   (ရွှေနားပန်ဆင်တော်မူဖို့……………….)   ဒီတေးသီချင်းလောက ကိုရောက်လာတဲ့အခါမှ သာ အရင်က ပြောပြော နေကြတဲ့  မိုနို(mono) နဲ့ စတီရီယို(stereo) ဆိုတာကို ကွဲပြားအောင်သိလာပါတယ်။ ကျနော်အရင်က သိထားခဲ့ တာက ရှေးသီချင်းကြီးတွေ ၊ အဆွေးသီချင်းတွေ၊ ဓါတ်ပြားသီချင်းတွေ ရေဒီယိုသီချင်းတွေက “မို နိုလိုင်း” ဂစ်တာတွေ အော်ဂင်တွေနဲ့ တီးထားတဲ့ လမ်းသူရဲသီချင်းလို့နာမယ်တပ် ထားတဲ့သီချင်းက “စတီရီယိုလိုင်း”လို့ သဘောပေါက်ထားပါတယ်။ အားလုံးကလဲ ဒီလို ဘဲ သတ်မှတ်ထားပါတယ်။ အခုအချိန်မှာလဲ မြန်မာသံစဉ် သီချင်း ဆိုရင် မိုနို ကော်ပီသီချင်း အနောက်တိုင်းသံစဉ် ဆိုရင် စတီရီယိုု လို့ သတ်မှတ်ထားတုံးဘဲဖြစ်ပါတယ်။   တကယ်တော့စတီရီယို မို နို ဆို တာ […]


“ ကုသိုလ်ရ၏  ……….မရ၏”     “လမ်းဘေးမှာ.. လှနေတဲ့ပန်းကို.. ချိုးယူပြီးဘုရားလှူရင်.. ကုသိုလ်ရ/မရ.. သိချင်မိတယ်…။” လို့ သူကြီးမင်း က အမေး ရှိလာပါတယ်။   တစ်ခါတစ်ခါမှာ ဘာသာတရားနဲ့နီးနွယ်နေတဲ့ အကြောင်းအရာတွေက ဟုတ်မဟုတ်မှန်မမှန် ပြောဘို့ရာခက်ခဲပါတယ်။ အဖြစ်အပျက်အကြောင်းအရာတစ်ခုကို ဝေဖန်သုံးသပ်တဲ့အခါ ရူ့ဒေါင့်အမျုးိမျုးိ အမြင်အမျုးိမျုးိနဲ့ ကြည့် မြင်ဆုံးဖြတ်တတ်ကြလို့ပါဘဲ။ အလွယ်ဆုံးဥပမာပြောရ ရင် ကျောက် ရုပ်ထု တစ်ခု ကို မြင် လိုက်တယ်ထားပါတော့။ အနုပညာရှင်က အနုပညာမြောက်မမြောက် ဘူမိဗေဒပညာရှင်ကတော့ ကျောက်အမျိုးအစားနဲ့သက်တမ်းဘယ်လောက်ရှိမယ်ဆိုတာ ရှေးဟောင်းသုတေသီကတော့  ဘယ်ရာစုနှစ်လောက်က ဖြစ်မယ်လို့ တွေး နေပါမယ်။     အဲ့တော့ဒီမေးခွန်းကို ဖြေကြမယ့် သူတွေကလည်း ကိုယ်ကိုးကွယ်ရာ ဘာသာ တရား နဲ့ ချိန်ထိုးမလား ဘာကို […]


“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၅”   (သီချင်းပန်းခင်းမှာ ခိုနားခြင်း……………)     ကျနော်အလုပ်ပြောင်းသင့်မပြောင်းသင့် ကိစ္စက အတော်လေးကို ခက်ခဲ တဲ့ ဆုံးဖြတ်ခန်း ဘဲဖြစ်ပါတယ်။ အစိုးရအလုပ်က တစ်လ ကို ၁၈၅ကျပ်ရပါတယ်။ တစ်လကို ဆန် ၁ဝပြီ အစိုးရ ဈေး နဲ့ဝယ်ခွင့်ရပါတယ်။ အဲဒါက အိမ်ကိုပေးရပါတယ်။ နောက်ပြီးအိမ်ကို တစ်လ ငါးဆယ်ပေးရပါတယ်။ တစ်ပါတ်ကို စနေ နေ့ဝက်နဲ့တနင်္ဂနွေနေ့ နားရပါတယ်။ ဂျုတီစောင့်ပြီးရင်နောက်ရက်ကအလုပ်နားခွင့်ရပါတယ်။ ဂေဇက်တက်ပိတ်ရက်မှန်သမျှ အလုပ်ပိတ်ပါတယ်။   အပြင်အလုပ်ကတော့ ဥပုဒ်နေ့တစ်ရက်ဘဲအလုပ်ပိတ်ပါတယ်။ ကျန်တဲ့ရက်မှာ သင်္ကြန်ကာလ နဲ့ တရုပ်နှစ်ကူးနေ့ ကလွဲရင် အလုပ်ဖွင့်ပါတယ်။ မနက် ၈နာရီတိတိလာပြီးညနေ ငါးနာရီတိတိမှာအလုပ်ပြီးပါတယ်။ နေ့လည်မှာအိမ်ပြန်ထမင်းစားဘို့ တစ်နာရီတိတိ အနားပေးပါတယ်။ တစ်ရက်ကို ၁ဝကျပ်စရပါမယ်။ ၁၅ရက်တစ်ကြိ်မ်ပိုက်ဆံရှင်းပေးပါတယ်။ […]


. “ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၄”   (ပလက်ဖောင်း ၂၁-၂၂  ကမမေ့နိုင်စရာလေးတွေ……………)     လောကကြီးမှာ အကြောင်းအမျုးိမျိုးကြောင့် လေလွင့် နေတဲ့ လူတော်တွေကိုမြင်ရင်ကျနော်အတော်နှမျောပါတယ်။ ကျနော်ရဲ့ လက်ဦးဆရာဆိုရင်လဲ ဒီအတိုင်းပါဘဲ။ လက်ရေးလေးတွေဆိုရင်ဝိုင်းစက်ညီညာရုံမက ဘဲ လှပသေသပ်။ ရုံးလုပ်ငန်းဆိုရင်လဲ သူမသိတာမရှိ။ စက်ရုံနဲ့ပါတ်သက်ရင်လဲ ရှေ့မှီနောက်မှီ။ စာရင်းအင်းဆိုရင်လဲအလွန်ကျွမ်းကျင်ပါတယ်။ နောက်အတွက်အချက်မှာဆိုရင်လဲ အလွယ်တွက်နိုင်တဲ့ ဖြတ်လမ်းနည်းတွေကိုလဲ သူ သိပါတယ်။ ၁၉၇၉-၁၉၈ဝကာလများက အခုခေတ်မှာ ကလေးက အစ ကိုင်နိုင်တဲ့ ကာကူလေတာ ဆိုတဲ့ ဒစ်ဂျစ်တယ်ဂဏန်းပေါင်းစက်တွေ မပေါများသေးပါဘူး။ ရုံးတွေမှာဆိုရင် လက်နဲ့ လှည့် ရတဲ့ဂဏန်းပေါင်းစက်ကြီးတွေဘဲရှိပါတယ်။ ပေါင်းရင်ရှေ့လှည့် နုတ်ရင်နောက်လှည့် ဆိုတဲ့ လက်လှည့် စက်ကြီးတွေပါ။ အများ အားဖြင့် စိတ်နဲ့ ဘဲ ပေါင်းကြပါတယ်။ ကျွန်တော် […]