“ဦးပိန်ကို ဖျက်ဆီးကြသူများ”
“ဦးပိန်ကို ဖျက်ဆီးကြသူများ”
လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝကျော်လောက်ကတောင်သမန်အင်းထဲမှာတည်ဆောက်ခဲ့တဲ့
ဦးပိန်သစ်သားတံတားကြီးက အခုအချိန်မှာအတော်အိုမင်းလို့နေပါပြီ။
အိုမင်းတော့ ယိုယွင်းသပေါ့၊
မိုးမှာရေအပြည့်နဲ့အင်း
နွေနဲ့ဆောင်းမှာ ကိုင်းခင်း
တစ်နှစ်ကို ဝတ်ရုံသုံးလွှာလဲတတ်တဲ့တောင်သမန်ကို
ရေအမြဲဖြည့်ပြီး တောင်သမန်ကန်အဖြစ်ပြောင်းလဲလိုက်ချိန်ကစပြီး
မိုးတွင်းမှာရေ နေသတ္တဝါ
နွေနဲ့ဆောင်းမှာ ကုန်းသတ္တဝါ အဖြစ်ကျင်လဲခဲ့တဲ့
ဦးပိန်ကလည်း ရေ ထဲ မှာအမြဲရပ်နေရတဲ့ဘဝကို အလိုလိုရောက်သွားပါတယ်၊
အဲအချိန်ကစပြီး ဦးပိန်လည်းကျန်းမာရေချို့ယွင်းလို့လာပါတော့တယ်။
ယိုယွင်းအိုမင်းနေပေမယ့်လဲ ဒီတံတားပေါ်မှာ တစ်နေ့တစ်နေ့လူပေါင်းရာချီပြီး
လမ်းလျောက်ကြပါတယ်။
ဒီတော့ လည်းဦးပိန်တံတား ကို ကျားကန်တဲ့အနေနဲ့ တံတားပေါ်မှာ
စက်ဘီးမစီးရလို့သတ်မှတ်ပေးခဲ့ပါတယ်။
ဒါပေမယ့် လည်းမသိဆိုးဝါးတဲ့ လူအချို့က
ဒီတံတားပေါ်ကို စက်ဘီးစီးနေကြသေးတယ်။
ဒီလို စည်းကမ်းချိုးဖောက်နေတာကိို မြင်နေတွေ့နေပေမယ့်လည်း
တားမြစ်သူမရှိ။
အမြင်မတော်လို့ တိုင်မယ်ဆိုလဲတိုင်စရာနေရာမရှိ။
ဒီလိုဘဲ ကြည့်နေကြရတာအမှန်ပါဘဲ။
တစ်နေ့တံတားကြီးပြိုလဲ ချိန်မှ ဝိုင်းပြီးအော်ဟစ်နေကြ
နှမျောနေကြမယ့်အစားအခုကတည်းက တိတိကျကျတားဖြစ်
ထိထိရောက်ရောက် အရေးယူသင့်ပြီလိုဆိုချင်တဲ့အပြင်
ဒီတံတားကြီးကို အမြဲရေထဲရပ်နေရတဲ့ဘဝကလွတ်အောင်လည်း
ပြောင်းလဲသင့်ပြီလို့ တိုက်တွန်းချင်ပါတယ်။
ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
22-11-2014
23 comments
kyeemite
November 24, 2014 at 9:39 am
.ကျုပ်ကတော့ တောင်သမန်ကို မူလကလိုသဘာဝအတိုင်းပဲပြန်ဖြစ်စေချင်ပါတယ်
.မိုတွင်းဖက်ရေပြည့်နေပြီး ဆောင်းတွင်းဖက်ရေပြန်ကျသွားတော့ ကိုင်းတွေလည်းမြေဆီမြေနှစ်ကျန်ခဲ့တော့
.စိုက်လို့ပျိုးလို့ကောင်းတယ်
.ငါးရှာဖားရှာစားသူတွေလည်းအဆင်ပြေတယ်…
.ရေကလည်းရေရှင်မို့ အင်းရေတွေက ရေညှိစော်မနံဘူး…
.ကျုပ်ဘဝငယ်စဉ်မှာ တောင်သမန်က ကျုပ်တို့ဟင်းအိုးပဲ
.ဉာဏ်ပညာနုံနဲ့သူအာဏာရူးတွေလုပ်ချင်တာလုပ်ထားတာကို ပြည်သူတွေဝိုင်းပြီးပြန်လည်တောင်း
.ဆိုသင့်တယ်…
.စည်းကမ်းကိစ္စကတော့ အရေးယူမဲ့သူမရှိပဲ၊ အရေးယူမဲ့သူမထားနိုင်ပဲ .စည်းကမ်းထုတ်တာတော့အလကားပေါ့ :p:
ကေဇီ
November 24, 2014 at 9:43 am
http://www.thefarmermedia.com/%E1%80%87%E1%80%9B%E1%80%AC%E1%80%B1%E1%80%91%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%AD%E1%80%AF%E1%82%94-%E1%80%B1%E1%80%8A%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%94/
ဇရာထောင်းလို့ ညောင်းနေရော့သလား ဦးပိန်
“လူတစ်ကိုယ် ငါးမျှားတစ်စင်းရှိရင် အရင်ကတော့ တောင်သမန်အင်းထဲမှာ လွတ်လွတ်လပ်လပ် ငါးမျှားလို့ရတယ်။ အခုဘယ်နေရာပဲဖြစ်ဖြစ် ငွေပေးမှရတာ။ မိခင်တောင်သမန်အင်းက ရပ်ဝေးရပ်နီးက လူမျိုးမရွေးကို ထမင်းကျွေးနေတာပါ။ အခုတော့ အရင်လို မဟုတ်တော့ဘူး”လို့ ငှက်လှော်တဲ့ ဦးမြအေးက ပြောပါတယ်။
တောင်သမန်အင်းမှာ အရင်က ဒေသငါးမျိုးတွေဖြစ်တဲ့ ငါးလက်သီး၊ ငါးအုံတုံ၊ ငါးပတ်၊ ငါးကြင်းဖြူအစရှိတဲ့ ငါးမျိုးစုံများ ပေါများစွာရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဂျပန်ငါး (ခေါ်) ငါးဝက်မ၊ ငါးဗျက်၊ ငါးကြင်း ရွှေဝါမွေးမြူရေးငါးတို့ကို မွေး မြူမှုကြောင့် ဒေသငါးတွေ ရှားပါးလာရတယ်လို့ ဆိုကြပါတယ်။
တောင်သမန်အင်းမှာ ငှက်ခတ်ပြီး နှစ်ပေါင်း ၆ဝ လောက် အသက်မွေးဝမ်း ကျောင်းပြုနေတဲ့ ဦးမြအေးဟာ အခု အသက် ၈ဝ အရွယ်ရောက်နေပေမယ့်လည်း သူ့ရဲ့သန်မာတဲ့လက်နဲ့ ခွန်အားကို အရင်းတည်ပြီး ဘဝကိုဖြတ်သန်းနေဆဲ ဖြစ်ပါတယ်။ သူ့ဘဝရဲ့ ငယ်စဉ်အချိန်ကနေ အခု အသက်ကြီးပိုင်းအရွယ်အထိ နေ့စဉ်နဲ့အမျှ ထိတွေ့ဖြတ်သန်းနေရတဲ့ တောင်သမန်အင်းကြီးနဲ့ပတ်သက်ပြီး သူ့မှာ ပြောစရာတွေ ဒုနဲ့ဒေးရှိနေတဲ့ပုံစံပါ။ တောင်သမန်အင်း ရေပြင်နဲ့ သူ့ရဲ့ငှက်ဟာ ငှက်နဲ့ ကောင်းကင်ပြင်သဖွယ် ခွဲခြားမရ ဖြစ်နေဟန် ရှိပါတယ်။
“ပြား ၂၀၊ တစ်မတ်ခေတ်က တည်းက ငှက်လှော်တာ။ အခု ငှက်တစ်ခေါက်ကို ကျပ် ၃,၀၀ဝ ခေတ်အထိ လှော်တုန်းပေါ့။ နှစ်တွေကြာတာနဲ့အမျှ ခေတ်တွေကလည်း ပြောင်းလဲသွားသလို ဒီအင်းကြီးထဲမှာလည်း အသွင်ပြောင်းလဲသွားတာတွေ တစ်ပုံတစ်ပင်ကြီးပဲ”လို့ ဦးမြအေးက သူပြောချင်တဲ့ တောင်သမန်အင်းအကြောင်းကို အနှစ်ချုပ် ပြောပြပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တောင်သမန်အင်းက နွေအခါမှာ ရေမရှိဘဲ စပါး၊ ပြောင်း၊ နှမ်းတွေကို စိုက်ပျိုးရာ နေရာဖြစ်ခဲ့ပါတယ်။ မိုးရာသီမှာ ဦးပိန်တံတားရဲ့ တိုင် လုံးတွေအဆုံးအထိ အင်းရေတက်လေ့ရှိပါတယ်။ ယခုအခါ ရာသီမရွေး ရေရှိစေဖို့အတွက် တံတားဖြူ ရေထိန်းတံတားက စီမံခန့်ခွဲနေပါတယ်။ ယခု အင်းမြေနေရာအချို့တွင် ဆောင်းသီးနှံတွေ၊ နွေစပါးတွေ၊ ပြောင်းတွေကို စိုက်ပျိုးထား တာတွေ့ရပါတယ်။
ဦးပိန်တံတားက လွန်ခဲ့တဲ့နှစ်ပေါင်း ၁၆ဝ ကျော်က တည်ဆောက်ခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်၊ ရှေးဟောင်းအဆောက်အအုံဖြစ်ပြီး ကမ္ဘာကျော် ရှေးဟောင်းသစ်သား တံတားလည်း ဖြစ်ပါတယ်။ ဒါ့ပြင် အမရပူရရဲ့ ဂုဏ်ဒြပ်တစ်ခုလည်းဖြစ်တဲ့ ဦးပိန်တံတားကြီးကို လာရောက် လေ့လာသူတွေ၊ အသုံးပြုသူတွေအသိတရားနဲ့ ဝိုင်းဝန်းထိန်းသိမ်းကြရန် ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက် နဲ့ စာကြည့်တိုက်ဌာနက နှိုးဆော်ထားတာတွေ့ရပါတယ်။
ကမ္ဘာလှည့် ခရီးသွားအများစု မဖြစ်မနေ လည်ပတ်လေ့ရှိတဲ့ တောင်သမန် အင်းနဲ့ ဦးပိန်တံတားမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစပြီး ရပ်ဝေး၊ ရပ်နီးဒေသတွေအပြင် နိုင်ငံ ခြားခရီးသွားတွေနဲ့ စည်ကားနေတာ တွေ့ရပါတယ်။ခရီးသွားများပြားစွာ ဝင်ရောက်မှုကြောင့် ငှက်တွေလည်း မလုံလောက်မှုဖြစ်ပေါ်နေပြီး ငှက်အစင်းရေ ၄၈ စင်း အထိ တိုးချဲ့သွားဖို့ရှိတယ်လို့လည်း သိ ရပါတယ်။ တောင်သမန်အင်းရဲ့ ညနေ နေဝင်ဆည်းဆာအလှကို စောင့်ကြည့် ခံစားလိုတဲ့ နိုင်ငံခြားသားတွေက နေမဝင်မီငှက်နဲ့ အင်းအလယ်သို့ အရောက်သွားကာ ဆည်းဆာ အလှကို ခံ စားလေ့ရှိကြပါတယ်။ တချို့ကလည်း တောင်သမန်အင်းအတွင်း ဆင်းကာ စိုက်ပျိုးသီးနှံတွေကို စိတ်ဝင် တစားလေ့လာသူတွေကိုလည်း တွေ့မြင်ရပါတယ်။
ကမ္ဘာရွာဖြစ်လာတဲ့အချိန်မှာ မြန်မာနိုင်ငံကို အနောက်နဲ့ တခြားနိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေ ကူးလူးလာချိန်ဖြစ်သလို ကမ္ဘာ့လှည့်ခရီးသည်တွေကလည်း မြန်မာနိုင်ငံက
ထူး၍ခြားနားနေသော ဘဝများကို စိတ်ဝင်စားမကုန် မြင်သမျှ အဆန်းတကျယ်ဖြစ်နေပါတယ်။
အင်းအတွင်း ငါးမျှားနေတဲ့ တံငါသည်တွေရဲ့ ဘဝကိုလည်း နိုင်ငံခြားသားအချို့က စိတ်ဝင်စားကြပုံပေါ်ပါတယ်။ တံငါသည်တွေရဲ့ ဘဝအကြောင်းကို မေးရင်း အတူတကွ ဓာတ်ပုံတွဲရိုက်သူကြတာလည်း တွေ့ရပါတယ်။
တကယ်တော့ တောင်သမန်အင်းကတစ်နိုင်တစ်ပိုင် အသက်မွေးဝမ်းကျောင်းပြုသူတွေကစပြီး စီးပွားရေးလုပ်ငန်းကြီးတွေ မှီတင်းနေတဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။
“အင်းထဲမှာ ဘယ်နေရာမှ အလကားမရှိဘူး။ ငွေဆိုတာရှိမှ။ အင်းရေ၊ အင်းငါး အားလုံး လေလံတွေချည်းပဲ။ ဝါဆို၊ ဝါခေါင်အချိန်ဆို အင်းရေ လေလံဈေးကသိန်း ၂,၀၀ဝ ထက်မနည်းဘူး၊ ကျော်သွားတာပဲရှိတယ် အောက်မကျဖူးဘူး”ဟု တောင်သမန် အင်းအတွင်း ငှက်လှော်သူတစ်ဦးက ပြောသည်။
တောင်သမန်အင်းအတွင်း ငါးမျှားတံ တစ်ချောင်းလျှင် ငွေကျပ် ၅၀ဝ ပေး၍ ကကတစ်ငါး၊ ငါးကြင်းတွေကို မျှားနေကြသူများမှာ အများအပြား၊ ငါးလေး ပိုလျှံရင် ဝင်ငွေတိုးပြီး ငါးအရနည်းရင်တောင် မိသားစုဟင်းစားအတွက် ရပုံပေါ်ပါတယ်။ဒါ့ပြင် တောင်သမန်အင်းကို အမှီပြုပြီး မျောက်လိမ္မာပြသသူရှိသလိုု ဘောစကိုင်းအစေ့ကို ကြိုးဖြင့်သီကာ လက်မှုပစ္စည်းအဖြစ် ရောင်းချကြတာလည်း မရိုးနိုင်သော မြင်ကွင်းတစ်ခု ဖြစ်ပါတယ်။ဦးပိန်တံတားကြီးနဲ့ တောင်သမန် အင်းက ဘဝပေါင်းများစွာရဲ့ မှီခိုအားထားရာ၊ မြန်မာတို့အတွက် ဂုဏ်ယူဖွယ်ရာလို့ဆိုရင် မှားမည်မထင်ပါ။ ဒါပေမယ့် တစ်နေ့တခြား ဇရာရဲ့လက္ခဏာ ပြလာနေတယ်လို့ တောင်သမန်နဲ့ ဦးပိန်တံတားချစ်သူတစ်ဦးက ပြောပါတယ်။
“ဦးပိန်တံတားကြီးက ရှေးဟောင်း အမွေအနှစ်တစ်ခု ဖြစ်ပါတယ်။ တံတားကို နှစ်နှစ် တစ်ခေါက်လောက် ရောက်ဖြစ်တဲ့သူတစ်ဦးကတော့ ဒီနှစ်ထူးခြားတာက တံတားက အရင်ကလို မဟုတ်ဘဲ တော်တော်လေး လှုပ်နေတယ်လို့ ပြောတယ်။ တံတားတိုင်လုံးအချို့ရဲ့ အောက်ပိုင်းဆို အရွယ်အစားပါးပါးလေးပဲ ကျန်တော့တယ်။ ရေရှည်တည်တံ့ဖို့၊ ထိန်းသိမ်းဖို့တော့လိုနေပြီလို့ အခုလဆန်းပိုင်းက ပြောပါတယ်။
စာရေးသူကိုယ်တိုင်လည်း တံတား ကလှုပ်နေတာကို သတိထားမိတယ်။ တံတားတစ်လျှောက် လှုပ်တဲ့နေရာက အရမ်းလှုပ်ပြီး မလှုပ်တဲ့နေရာလည်း မလှုပ်ဘူး။ တချို့ နေရာလေးတွေ ရောက်ရင်တော့ လမ်းလျှောက်ရင်း လန့်တဲ့သူကလည်း လန့်ကြတာကို တွေ့ပါတယ်။မြန်မာနိုင်ငံအတွင်း ရှေးနှစ်ပေါင်း များစွာကရှိခဲ့သော ယဉ်ကျေးမှုအမွေအနှစ်ရှေးဟောင်းအဆောက်အအုံများ အဓွန့်ရှည်ကြာ တည်တံ့စေရေး၊ ဖျက်ဆီးခံရမှု မရှိစေရေး၊ မူလရှေးဟောင်းပုံစံ မပြောင်းလဲစေရေး၊ ထည်ဝါခန့်ညားမှုကို မထိခိုက်စေရေး၊ ပတ်ဝန်းကျင် သဘာဝမြင်ကွင်းကိုအနှောင့်အယှက် မဖြစ်စေရေးတို့အတွက် ရည်ရွယ်ပြီး ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ၁၉၉၈ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။
ဇရာထောင်းလာတဲ့ ဦးပိန်တံတားကြီးက ငှက်ခတ်သမားကြီး ဦးမြအေးလိုပဲ အပန်းဖြေလိုသူ၊ ဖြတ်သန်းသွားလိုသူပေါင်းများစွာရဲ့ဝန်ကို နှစ်ပေါင်းများစွာ သယ်ပိုးပေးခဲ့ပြီး ဖြစ်ပါတယ်။ ဆက်လက်သယ်ပိုးပေးဖို့ အားမာန်တွေ ဘယ်လောက်ပဲရှိရှိ ဇရာက မနေပြီ။ အားလုံးရဲ့ မေတ္တာထားမှု၊ ဂရုစိုက်စောင့်ရှောက်မှု၊ ပြုပြင်ထိန်းသိမ်းမှုတို့ဖြင့်သာ တောင်သမန်နဲ့ ဦးပိန်တံတားရဲ့ ဆည်းဆာအလှက ရေရှည်တည်မြဲသွားမှာဖြစ်ပါတယ်။
ပွင့်ဖြူဖြူလွင်
အလင်းဆက်@မောင်သူရ
November 24, 2014 at 9:51 am
ဦးပိန်ကို လွမ်းလိုက်တာ
😥
ကိုပေါက်(မန္တလေး)
November 24, 2014 at 9:49 pm
တကယ်ပြုပြင်သင့်တာကတောင်သမန်ကရေတွေထုတ်ဖြစ်ဘို့ဘဲ
တကယ်ပြုပြင်သင့်တာကတံတားပေါ်စက်ဘီးစီးသူတွေကိုတားဆီးဘို့ဘဲ
တကယ်ဖြစ်နေတာကဘယ်ဟာမှဖြစ်မလာဘူး
uncle gyi
November 24, 2014 at 11:01 pm
မြန်မာမှာက
မလုပ်ရဆိုပြီးစာကပ်လိုက်ပြီးရင်
ပြီးနေကြတာ
ကပ်ထားတဲ့စာကိုလိုက်နာမယ်လို့လဲဘယ်သူမှစိတ်မကူး
ကပ်ထားတဲ့စာလိုက်နာအောင်လုပ်တဲ့သူလဲမရှိဖူး
လိုက်နာအောင်လုပ်တဲ့လူကိုလည်း
ဘယ်သူမှမကြည်ဖြူဖူး
ထုံးစံလိုဖြစ်နေပါပြိီလေ
ကိုပေါက်(မန္တလေး)
November 25, 2014 at 8:33 am
စည်းကမ်းဆိုတာ လိုက်နာရမယ်ဆိုတဲ့ အသိတရား မြန်မာတွေမှာမရှိ
ဘယ်လိုလက်တလုံးခြား ဖောက်ဖျက်ရမယ်ဆိုတဲ့ အသိဘဲရှိ
စည်းကမ်းဆိုတာ စောင့် ပြီး အပြစ်ပေးသူရှိနေချိန်သာ လိုက်နာရန်ဟုရင်ထဲမှာရှိ
မဟာရာဇာ အံစာတုံး
November 25, 2014 at 11:08 am
တန်ဖိုးကို တန်ဖိုးမှန်းသိပြီး
တန်ဖိုးကို တန်ဖိုး မြှင့်တင်တတ်မယ်ဆိုရင်
စက်ဘီးစီးပြီး သွားရတာထက် မြန်မယ်ဆိုတာ သိခဲ့မယ်ဆိုရင် …
ကိုပေါက်(မန္တလေး)
November 25, 2014 at 1:42 pm
အခုတော့ သိမှာမဟုတ်
ထိန်းသိမ်းဘို့လဲမလုပ်
တံတားကြီးကျိုးကျသွားပြီဆိုမှ
သီချင်းတွေရေး
ကဗျာတွေစပ်
ဗီနိုင်းတွေရိုက် ဝမ်းနည်းကြောင်း လူ စုလူဝေးနဲ့
အမှတ်တရတွေ လုပ်ကြမှာသေချာပါတယ်
aye.kk
November 25, 2014 at 1:50 pm
အသိကိုယ်စီ ရှိကြရင် ။
kai
November 25, 2014 at 2:03 pm
ဆိုတော့…
ဦးပိန်က.. ဘာဘာသာကိုးကွယ်ပါလိမ့်…။
အင်း..
အလှူတွေ.. အလှူငွေတွေ… :k:
ကိုပေါက်(မန္တလေး)
November 26, 2014 at 8:05 am
ကိုခိုင်ရေ
အဲဒီအချိန်က မြန်မာမင်းများက အားရင်စစ်တိုက်ပါတယ်။
စစ်နိုင်တဲ့နယ်မြေကလူတွေကိုအလုပ်အကျွေးပြုဘို့ခေါ်လာပါတယ်။
အဲတော့ လူမျုးိပေါင်းစုံ မြန်မာပြည်ကိုရောက်လာသပေါ့။
အဲဒီအချိန်ကတော့ အားလုံးသာတူညီမျှ ပေါင်းစည်းလို့နေကြပါတယ်။
ဦးနုလက်ထက်ရောက်ချိန်က စပြီး ဘာသာရေးကို တည်ကြက်လုပ်လိုက်တော့
စည်းလုံးညီညွတ်မူ့ပျက်ပြားသွားပါတယ်။
အရှင်းဆုံးပြောရရင် နွားသား စားသူ နဲ့ မစားသူကြားမှာ ကြီးမားတဲ့ ပဋိပက္ခအသွင်ဆောင်သွားပါတယ်။
အနှစ်ချုပ်က တော့ ဒါပါဘဲ။
ဦးပိန်ဘာကိုးကွယ်သလဲဆိုတာ အားလုံးအသီပါဘဲ။
အဓီကအချက်က လူတွေက စည်းကမ်းမဲ့တာပြချင်တာပါ။
ကလေးသူငယ်ကအစအရွယ်စုံ စက်ဘီးမစီးပါနဲ့ပြောတာကိုစီးကြတာပါ။
အခုပုံတွေက ဘယ်သူဘယ်ဝါမထင်ရှားတဲ့ပုံတွေပါ။
အနီးကပ်ပုံတွေရှိပေမယ့် စောင့်ထိန်းမူ့ မူအရ မတင်တော့ တာပါ။
ကျနော်တို့မြန်မာပြည်က ဖြစ်ပြီးမှအော်ကြပါတယ်။
ခပ်ရိုင်းရိုင်းဥပမာပေးရင်
ကိုယ်သမီးလူတကာနဲ့တွဲတုံးက မဆုံးမဘဲ လင်ကောင်မပေါါ်မှ လမ်းလယ်ခေါင်ကထွက်ဆဲ တတ်လို့ပါ။
အခုဦးပိန်ကို ကယ်တင်ရင် မီပါသေးတယ်။
ဘယ်လူမျိုး ဘယ်ဘာသာ ကိုးကွယ်သူ ဆောက်ခဲ့ တာ အဓိက မဟုတ်
အစားထိုးမရနိုင်တဲ့ ပစ္စည်းတစ်ခု ကို အချိန်မီ ကယ်တင်စေချင်တာပါ။
အာဇာနည်ကုန်းလိုများဖြစ်လာမလားလို့ ရေးကြည့်တာပါ ကိုခိုင်
အာဇာနည်ကုန်းကတော့ အခုချိန်မှာရှယ်ဖြစ်သွားပြီ
kai
November 26, 2014 at 2:23 pm
အင်း..
ဆိုလိုချင်တာက.. မြန်မာတွေ.. ကိုယ်ထူကိုယ်ထ.. အလှူငွေတွေစုကောက်ပြီး.. သမိုင်းဝင်တံတားကြီးထိမ်းသိမ်းတာမျိုး.. အသစ်ခုဆောက်ပေးတာမျိုုးများ.. မလုပ်ချင်ကြလားဘူးလို့ပါ..။
နာမယ်ကြီးစေတီတွေကျ.. ရွှေအထပ်ထပ်ချဖို့..လှူကြသလောက်.. ဒါမျိုးကျ.. လက်နှေးနေကြမယ်ပေါ့…။
ဆိုတော့…
အဲဒီကျွန်းတိုင်လုံးကြီးတွေက.. နှစ်ရာဂဏန်းသက်တန်းမို့.. အဲဒီသစ်နဲ့ရုပ်ထုထု.. ရောင်းရင်.. ရှေးဟောင်းပစ္စည်းဖြစ်မှာပေါ့…။
အဲဒါမျိုးတွေရှိနေရင်..
ရှေးဟောင်းပစ္စည်း.. ဘယ်လိုထိမ်းသိမ်းရမလည်း… ဆိုတော့…
အဟောင်းကိုမသုံးကြရတော့ပဲ.. ဘေးမှာ တံတားသစ်တခုဆောက်ရမယ်.. လို့.. ထင်ကြောင်း..။
ကိုပေါက်(မန္တလေး)
November 26, 2014 at 3:48 pm
ကိုခိုင်ပေးတဲ့အကြံကောင်းတယ်
ဒီတံတားကို လက်ရှိအတိုင်းထား။
လူတွေသုံးဘို့အတွက်တံတား နောက်တစ်စင်းဆောက်။
အိုကေ
ကြိုးစားကြည့် မယ် ……………..
aye.kk
November 25, 2014 at 2:06 pm
လမ်း တံတားနဲ ့ဆိုင်တာ ဘယ်သူပါလိမ့်သူကြီး ။
ကိုပေါက်(မန္တလေး)
November 26, 2014 at 8:10 am
မမအေးရေ
တာဝန်ရှိသူ နဲ့ တာဝန်သိသူ နှစ်ခုစလုံးပျောက်နေပါတယ်
ခင် ခ
November 25, 2014 at 2:58 pm
ဤတံတားသည် မြစ်(သို့)ချောင်း(သို့)အင်း ကို ဖြတ်လို့ရအောင်တည်ဆောက်ထားတုန်းက လမ်းလျှောက်ဘဲ ဖြတ်ရမည် စက်ဘီးစီးမသွားရလို့ သတ်မှတ်ခဲ့မူ စက်ဘီးစီးသူ အပြစ်ပေတည်း။
ထိုတည်းမဟုတ် ထိုတံတားဆောက်ခဲ့စဉ်က လမ်းလျှောက်ရုံတင်မဟုတ် စက်ဘီးနှင့်ပါ စက်ဘီးစီးဖြတ်ရအောင် တည်ဆောက်ခဲ့သည်ဖြစ်ခဲ့ပါမူ စက်ဘီးစီဖြတ်ရအောင် သက်ဆိုင်သည့် တာဝန်ရှိအစိုးရမှ စဉ်ဆက်မပြတ် ထိန်းသိမ်းကာပြုပြင်သင့်သည်။ ခရီးသွားတို့အနေနှင် ခရီးကိုတစ်ပတ်ကြီး ပတ်ကာသွားရမည့်ကို အချိန်တိုနှင့်ဖြတ်သန်းကာသွားလိုခြင်းသည် ခရီးသွားသူတို့ ဆန္ဒပင်ဖြစ်လေ၏။
စာကြွင်း – အစားထိုးပြုပြင်စရာ ကျွန်းသစ်တို့သည် ဤမြေတွင်မရှိတော့လည်း အခက်ပင်။
ကိုပေါက်(မန္တလေး)
November 26, 2014 at 8:08 am
ကိုခရေ
တံတားကြီး က ပြန်ဖြေပါတယ်
ငါငယ်ငယ်တုန်းကတော့ မင်းတို့ ဘယ်လို ဆော့ဆော့ ခံနိုင်ပါတယ်ကွာတဲ့
အခု အသက်ကြီးလာတော့အရင်လောက်ခံနိုင်ရည်မရှိလို့ တောင်းပန်တာပါကွာတဲ့
အသက်ရှည်ရှည်နေချင်ပါသေးတယ်တဲ့
Shwe Ei
November 26, 2014 at 10:00 am
တံတားရှိနေလို့ သွားရေးလာရေးအဆင်ပြေတယ်ဆိုလဲ..
အဟောင်းကိုထိန်းသိမ်းပြီး…နောက်အသစ်တစ်ခုဆောက်လိုက်တာပိုမကောင်းဝူးလားနော်
တံတားဟောင်းမှာ လမ်းလျှောက်…တံတားအသစ်မှာ ကားပေးမောင်းလိုက်ပေါ့ 🙂
ဦးပိန်တံတား ဆုံးအောင် တစ်ခေါက်ဘဲလျှောက်ဖူးသေးလို့ နောက်တစ်ခေါက်လျှောက်ချင်သေးတယ်….
တစ်ယောက်ထဲတော့ဟုတ်ဖူး.. 😛
ကိုပေါက်(မန္တလေး)
November 26, 2014 at 3:50 pm
အရေးထဲမှ မချွေအိ က အဖော်ရှာနေပြန်ပါဘီ
Wow
November 27, 2014 at 12:02 pm
ဦးပိန် ပေါ်မှာ တစ်ခါသာလျောက်ဖူးပေမဲ့ ခုထိ ဦးပိန်နဲ့ တောင်သမန်အင်း ကို မမေ့ပါဝူး (တံတားအောက်က ထရည်နဲ့ ငါးကြော်ပူပူနွေးနွေးလဲပါသပေါ့)
ကိုပေါက်(မန္တလေး)
November 27, 2014 at 12:31 pm
ငါးကို ဖမ်းပြီး စမှာ ချက်ခြင်းကြော်ခိုင်းရင်လဲရတယ် wow ရေ
CharTooLan
November 27, 2014 at 12:53 pm
ကျောင်းသားလေးတွေကို အိုက်လိုမပြောဘာနဲ့ လေးလေးပေါက်
မရှိလို့ဈေးရောင်းစားနေတဲ့သူတွေကို အိုက်လိုမမြင်ဘာနဲ့ လေးလေးပေါက်
ပီသူတွေမှာ တစိုးတစီမှ အပစ်မချိဘာဘူး လေးလေးပေါက်
အစိုးရမှာ တာဝန်ချိဒါဘာလေးလေးပေါက် တာဝန်မဲ့အစိုးရကို ဒါ့ပုံရိုက်တင်ဘာလေးလေးပေါက်
ပျက်သွားတဲ့အခါတိုင်း အိုက်တံတားကို မပြင်မခြင်း တာဝန်မဲ့အစိုးရကို ဖင်ထိုင်ရာမကြွစဲပေးရမှာ ကီးဘုတ်ကိုင်သူတို့ရဲ့ကြီးလေးသောတာဝန်ပါ လေးလေးပေါက်
လေးစားပါတယ် လေးလေးပေါက်
ကိုပေါက်(မန္တလေး)
November 27, 2014 at 3:57 pm
ချာတူးရေ
ကလေးေ တွကို အပြစ်မတင်ပါ
ငယ်စဉ်ကတည်း က စည်းနဲ့ ကမ်းနဲ့ မနေခဲ့ ရင်
သူတို့ကပြန့်ပွားလာမယ့် မျိုးဆက်တွေ စည်းမဲ့ ကမ်းမဲ့ဖြစ်ကုန်မှာစိုးလို့
အချိန်မီပြုပြင်စေချင်တဲ့ စိတ်နဲ့တင်ပေးတာပါကွဲ့