Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဖျောက်ဖျက်ခြင်းခံခဲ့ရသော သမိုင်းများ”

ဒီဆောင်းပါးလေးက မန်းလေး အခြေစိုက် မန္တလေး ခေတ်သတင်းစာ (1-6-2017)နေ့ထုတ်မှာပုံနှိပ်ဖော်ပြထားပါတယ်။

 

 

“ဖျောက်ဖျက်ခြင်းခံခဲ့ရသော သမိုင်းများ”

ဟိုအရင်က မေမြို့သွားမယ်ဆိုရင် မန္တလေးမြို့ရဲ့ အထင်ကရလမ်းမကြီးတစ်ခုဖြစ်တဲ့ ၃၅အေလမ်းကဘဲ သွားလို့ရပါတယ်။

အခုနောက်ပိုင်းမှာ မြို့သစ်သိပ္ပံလမ်းကနေဘဲ အသွားများတော့

၃၅အေလမ်းနဲ့ အောင်ပင်လယ်လမ်းဆုံကို  မရောက်ဖြစ်တော့ပါဘူး။

ပြီးခဲ့တဲ့ သုံးလေးရက်လောက်က မေမြို့ကအပြန်မှာအဲ့ဘက်ကို သွားချင်စိတ်ပေါက်လာတာနဲ့ ၃၅အေလမ်းဘက်က နေပါတ်ပြီး ဆိုင်ကယ်မောင်းလာလိုက်ပါတယ်။

အရင်ကလမ်းကျဉ်းကျဉ်းလေးရဲ့ဘေးဝဲယာမှာခြုံပင်တွေကိုင်းပင်တွေနဲ့ ရှုပ်ယှက်ခတ်နေရာကနေ

လမ်းကလဲ အရင်ကထက်ကျယ်လာ အိမ်တွေလဲ တိုးလာဆိုတော့ မှတ်များတောင်မမှတ်မိနိုင်အောင်ပါဘဲ။

အောင်ပင်လယ်က နေ အနောက်ဘက်ကိုချိုးကွေ့လိုက်တာနဲ့ မနော်ယမံဆိုတဲ့အရပ်ကိုရောက်ပါတယ်။

မနော်ယမန်ဆိုတာကလဲ အနာကြီးဆေးရုံနဲ့တွဲဘက်ပြီးလူသိများထင်ရှားခဲ့တာကိုး။

ဒီတော့လဲ မနော်ယမန် ဆိုတာကတော့ ကိုယ်ရေပြားရောဂါသည်တွေနဲ့ အရက်ပုန်းချက်သူတွေနေတဲ့အရပ်လို့နာမယ်ကျော်ခဲ့ပါတယ်။

တနည်းပြောရင် မကောင်းမူ့တွေနဲ့ သာမွှမ်းထုံနေခဲ့တဲ့ အရပ်လို့လဲဆိုနိုင်ပါတယ်။

နောက်လမ်းဘေးဝဲယာမှလည်း သုဿာန် တွေသချိုင်း တွေချည်းပါဘဲ။

သင်္ချိုင်း တွေဘယ်လောက်များလဲဆိုရင် ၃၅အေလမ်းနဲ့ အောင်ပင်လယ်ထိပ်ကနေစပြီးရှိခဲ့တာ

၇၂လမ်းထိပ် အထိတိုင်အောင်ပါဘဲ။

ဂေါ်ရာ သင်္ချိုင်းနဲ့ဆွေတော်မျိုးတော် သင်္ချိုင်းကတော့ နောက်ဆုံးပိတ်လို့ထင်မိပါတယ်။

ဒီမနော်ယမန်မှာအများအားဖြင့်ကတော့ လူမျုးိခြားဘာသာခြားတွေရဲ့ တရုတ် သင်္ချိုင်း ကုလား သင်္ချိုင်း ခရစ်ယာန် သင်္ချိုင်းဂေါ်ရာသင်္ချိုင်း  အစရှိတဲ့ ဘာသာပေါင်းစုံရဲ့ သင်္ချိုင်းတွေရှိနေတာပါ။

တရုတ် သင်္ချိုင်းကတော့  များပြားလှတဲ့သူ့လူမျိုးစုအလိုက်သီးသန့်စိရှိနေတာပါ။

 

ဝါခင်းကုန်း ဘုရားနားမှာတော့ မြန်မာ သင်္ချိုင်း ရှိပါတယ်။

ဘုရင့်ဆွေတော်မျိုးတော်တွေအတွက် သင်္ချိုင်းကလဲ ၃၅အေလမ်းပေါ်မှာဘဲရှိပါတယ်။

အခုတော့ စည်ပင်အိမ်ယာတွေဖြစ်လို့ နေပါတယ်။

ဒီ သင်္ချိုင်း နေရာတွေက အခုချိန်မှာတော့ လူနေအိမ်တွေ စားသောက်ဆိုင်တွေ

ဘီယာစတေရှင်တွေ အစုးိရ ရုံးတွေအားကစားကွင်းတွေဖြစ်လို့ နေပါတယ်။

ဟို့အရင်က နေ့ခင်းကြောင်တောင် မှာတောင် မှ မသွားရဲမလာရဲခဲ့တဲ့လမ်းမကြီးက

အခုအချိန်မှာတော့ လူစည်ကားတဲ့ မြို့လည်ခေါင်နေရာကြီးဖြစ်လို့နေပါပြီ။

“ဒီနေရာမှာဟိုးအရင်က သင်္ချိုင်းတွေတန်းစီရှိနေခဲ့တာ”လို့ပြောရင်

အခုခေတ်ကလေးတွေက ယုံမယ်မထင်မိပါဘူး။

၃၅လမ်းပေါ်မှာဆိုင်ကယ်က တရိပ်ရိပ်ပြေးနေသလို ကျနော်စိတ်တွေကလဲ

ဟိုအရင်အင်္ဂလိပ်ခေတ်ကတည်းက မန္တလေးမြို့ကို သချိုင်းတွေနဲ့ ပါတ်လည်ဝိုင်းပြီး

ပိတ်ထားတာကို  ပြန်တွေးနေမိပါတယ်။

 

မြို့အရှေ့ဘက်ခြမ်း မြို့အဝင် ၃၅အေလမ်းမှာ သင်္ချိုင်းတွေတန်းစီပြီးရှိနေပါတယ်။

မြို့တောင်ဘက်ခြမ်းမြို့အဝင်(အခု ၇၈လမ်းနဲ့သိပ္ပံလမ်းဆုံ )

ရှေးဘုရင်များလက်ထက်က ဆင်ဖြူတော်တွေရေချိုးတဲ့

ဆင်ဖြူကန်နေရာမှာ  သင်္ချိုင်း လုပ်လိုက်ထားတော့

ဆင်ဖြူကန် ဆိုတဲ့

မင်္ဂလာရှိတဲ့အမည် ကနေ အ မင်္ဂလာ အဖြစ်ပြောင်းလဲ သွားခဲ့ပါတယ်။ မန္တလေးမြို့တောင်ဘက်ခြမ်းမှာနေသူများလာရောက်မြုပ်နှံတဲ့ သင်္ချိုင်းဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ် တောင်ဘက်ပေါက် ၇၃လမ်း လေယာဉ်ကွင်းအရှေ့ဘက်ခြမ်း

(အခုအားကစားသိပ္ပံ အနီး)မှာလည်း အရင်က သင်္ချိုင်း ဟောင်းတစ်ခုရှိခဲ့ဘူးပါတယ်။

ဗိုလ်ရရွာ သင်္ချိုင်းလို့ ထင်ပါတယ်သိပ်တော့အသေချာကြီးမဟုတ်။

သင်္ချိုင်းကတော့ခပ်သေးသေးပါဘဲ။

ပဲဖြူကုန်း မြို့သစ်ထွန်းကားလာချိန်မှာ သိပ္ပံလမ်းနဲ့ မနော်ဟရီလမ်းကို ဆက်သွားအောင်လမ်းဖောက်လိုက်တဲ့အခါ ဒီ သင်္ချိုင်းလဲဖျက်တဲ့အထဲပါသွားခဲ့ပါတယ်။

ကျနော်တို့တက္ကသိုလ်ကျောင်းသားဘဝမှာအမှတ်တရရှိနေတဲ့ သင်္ချိုင်း ကတော့

ဦးကော သင်္ချိုင်း ပါ။

ကျနော်တို့ အခေါ် ယူကေ (UK)။

ယူကေဆိုတာ အင်္ဂလန်နိုင်ငံ (ယူနိုက်တက်ကင်းဒမ်း)ကိုအတိုကောက်ခေါ်တာပါ။

အဲ့အချိန်တုံးက နိုင်ငံခြားသွားရဘို့ဆိုတာအလွန်ခက်ခဲတဲ့ကိစ္စဖြစ်လေတော့ အချင်းချင်းနောက်ပြောင်ပြီး

ယူကေ သွားမလား စီစဉ်ပေးမယ် ဆိုပြီး အကြောင်ရိုက်လေ့ရှိပါတယ်။

၃၈-၃၉ကြား၈ရလမ်းမှာတော့ ရွာဟိုင်း သင်္ချိုင်း

၄၂လမ်းအနောက်ဘက်ထဲ သင်္ဂဇာချောင်းနံဘေး နွားသတ်ရုံတွေရှိတဲ့အရပ်ဘက်မှာတော့ ပတ္တာတရုပ် သင်္ချိုင်း

မြို့အရှေ့ဘက်ခြမ်းမန္တလေးတောင်အရှေ့ဘက်ခြမ်းမှတော့ အုတ်စက် သင်္ချိုင်း

မြိုအနောက်ဘက် ၂၂စီလမ်း ၈၆-၈ရလမ်းကြားမှာတော့ ဆွေတော်မျိုးတော် သင်္ချိုင်း

၂၂စီလမ်းနဲ့၂၆ဘီလမ်းကြား ၈၉လမ်းမှာတော့ အစ္စလာမ်ဘာသာဝင်တွေရဲ့ သင်္ချိုင်း။

အရပ်အခေါ်ကတော့ ကုလား သင်္ချိုင်း။

၁၉ဒီလမ်း က ကျောက်သပိတ်မရောက်ခင်မှာ မင်းတဲအီကင်းကနေ သမင်ခြံရပ်ကွက်ဘက်ကိုသွားတဲ့လမ်းကနေ

ကြက်သွန်ကြော်တဲ့ဖိုတွေအလွန်မှာတော့ တံတားကျိုး သင်္ချိုင်း ရှိပါတယ်။

ဒီသချိုင်းကတော့ မြို့ရဲ့အနောက်ဘက်ဆုံးမှာရှိနေတဲ့ သင်္ချိုင်းပါ။

အချို့အချို့သောအနွယ်တော်တွေက တော့ကိုယ့် ဝင်းကိုယ်ခြံထဲမှာဘဲ အုတ်ဂူလုပ်ပြီး

ထားခဲ့တာကိုလဲ တွေ့ဘူးပါတယ်။

ငယ်စဉ်ကလေးဘဝက မြင်ခဲ့ရလို့ ဘယ်သူဘယ်ဝါ့ဂူရယ်လို့ သိပ်မှတ်မှတ်သားသားမရှိပေမယ့် စိတ်ထဲမှာမှတ်မိနေတဲ့

အုတ်ဂူတစ်ခုကတော့ လမ်း ၂ဝ ၈၆-၈၉ကြား တောင်ပုလင်းဝင်းရပ်ကွက်ရဲ့ဘုန်းကြီးကျောင်းတွေကြားမှာ

အုတ်ဂူကြီးနှစ်လုံးရှိတာမြင်ခဲ့ဘူးပါတယ်။

ပြီးတော့ ၁၉၉ဝခုနှစ်လောက်မှာကြုံခဲ့ရတာလေးကလဲ ဘဝမှာအမှတ်တရပါဘဲ။

၁၉-၂ဝလမ်းကြား ၈၀-၈၁လမ်းကြားက ဒေါ်မမလေး ဝင်းထဲမှာအိမ်ငှားနေခဲ့တုံးကပေါ့။

ကျနော်တို့ငှားနေတဲ့ အိမ်ရဲ့ အနောက်ဘက်မှာဝင်းကျယ်ကြီးတစ်ခုရှိပါတယ်။

အိမ်ငှားတွေနဲ့ပြည့်နေတဲ့ဝင်းကြီးပေါ့။

အဲဒီဝင်းထဲမှာ အုတ်ဂူကြီးတစ်လုံးရှိပါတယ်။

အချို့ကလဲ ဘုရင့်လက်ထက်က မင်းသားကြီးဦးကျောက်လုံးအုတ်ဂူလို့ဆိုပါတယ်။

ကိုယ်တိုင်လဲ ဝင်မကြည့် ဘူးတော့ သိပ်အသေအချာကြီးတော့ မပြောနို်င်ပါဘူး။

ဒီအုတ်ဂူကြီးရှိတဲ့အတွက် ရှေးဟောင်းသုတေသန က ဒီဝင်းကြီးကို ပြန်သိမ်းမယ်လို့ အသံထွက်လာပါတယ်။

ဝင်းပိုင်ရှင်က ဈေးလျှော့ရောင်းပေမယ့် ဘယ်သူမှ မဝယ်ရဲပါဘူး။

နောက်တစ်လ လောက်ကြာတော့ ဒီဝင်းကြီးကိုတရုတ်တစ်ယောက်ကဝယ်လိုက်တယ်လို့လဲသတင်းကြားပြီးမကြာခင်မှာဘဲ

အဲ့ဒီဝင်းထဲမှာနေတဲ့အိမ်ငှားတွေကိုလဲ ပိုက်ဆံအမ်းပြီး နှင်ထုတ်လိုက်ပါတယ်။

ဒီအုတ်ဂူကြီးကိုလဲ ဘူဒိုဇာနဲ့ထိုးပြီးရှင်းလိုက်ပါတယ်။

အဲဒီတော့ ရှေးဟောင်းသုတေသနကသိမ်းမယ်ဆိုတာလဲတစ်ခန်းရပ်သွားပါတယ်။

 

သင်္ချိုင်းခြင်းယှဉ်ရင် ခရစ်ယာန် သင်္ချိုင်း တွေက သန့်ရှင်းသပ်ရပ်နေပြီး

တရုပ် သင်္ချိုင်းတွေကတော့ ခန့်ခန့်ထည်ထည်ရှိပါတယ်။

တရုပ် သင်္ချိုင်းများရဲ့ ထူးခြားတဲ့ဓလေ့ထုံးစံတစ်ခုကတော့ သင်္ချိုင်း အသစ်မှာပထမဆုံး

မြုပ်နှံသူရဲ့ ဂူက အကြီးမားဆုံးအခန့်ထည်ဆုံးဖြစ်အောင်တည်ထားပါတယ်။

သူ့နောက်မှာကွယ်လွန်သူတွေက ဒီဂူထက်ကြီးတဲ့ကောင်းတဲ့ဂူဆောက်လုပ်ခွင့်မရှိသလို

သူတည်ထားတဲ့နေရာရဲ့ရှေ့ကိုကျော်လွန်ပြီးတည်ခွင့်မရှိ။

ပြီးရင် ဒီသချိုင်းမှာလာရောက်မြုပ်နှံသူတိုင်းက ဒီဂူကို ဂါဝရပြုရတဲ့ထုံးစံလေးပါဘဲ။

တရုပ် သင်္ချိုင်း ကုလား သင်္ချိုင်း ခရစ်ယာန် သင်္ချိုင်း တွေကတော့ နှစ်စဉ် သင်္ချိုင်းကန်တော့ပွဲလုပ်တဲ့အတွက်

တစ်နှစ်တစ်ကြိမ်သန့်ရှင်းရေးလုပ်ဖြစ်ပါတယ်။

နောက်ပြီး သင်္ချိုင်းအစောင့်ကိုလည်းအခကြေးငွေပေးပြီး သီးသန့်ထားတတ်ပါတယ်။

ဒီတော့လဲ သင်္ချိုင်းတွေကသန့်ရှင်းသပ်ယပ်မူ့ရှိနေတတ်ပါတယ်။

 

ကျနော်တို့မြန်မာ သင်္ချိုင်းတွေကတော့  အုတ်ဂူတွေကိုလဲ ဆေးကြောသန့်စင်ခြင်းမရှိတဲ့အတွက်

လိုတာထက်ပိုပြီးအိုမင်းတဲ့အသွင်ကိုဆောင်နေပါတယ်။

သင်္ချိုင်းထဲမှာကုက္ကိုပင်လို မန်ကျည်းပင်လို နှစ်ရှည်ပင်တွေက အုပ်အုပ်ဆိုင်းဆိုင်း

ဇရပ်တွေကလဲ ရေနံချေးရောင်ဆိုတော့ အမြင်မှာက မှောင်မဲမဲ

ဆိုတော့ တရားသဘောဆောင်တာထက်

စိမ့်စိုအုံ့မိူင်းပြီးကြောက်စရာကောင်းတဲ့အသွင်ကိုဆောင်နေပါတယ်။

ပြီးတော့ သင်္ချိုင်းထဲမှာက တောင်းရမ်းစားသောက်သူတွေ

သုဘရာဇာတွေ မကောင်းမူ့အမျိုးမျိုးလုပ်ကိုင်စားသောက်သူတွေသာနေလေ့ရှိတော့

လူကောင်းသူကောင်းတွေသွားလာလေ့ မရှိတဲ့နေရာတစ်ခုဖြစ်နေပါတယ်။

နောက်ပြီး အသုဘတစ်ခုချပြီးပြီဆိုရင် ညပိုင်းမှာ အဝတ်အစားတွေဘာတွေကို

ပြန်ဖော်လို့ ယူပြီးတဲ့အခါ သေချာပြန်ပြီးမမြုပ်နှံခဲ့ဘဲပြီးစလွယ်ထားသွား။

ဒီတော့ မိုးရွာတဲ့ အခါ မြေနူး တော့ အလောင်းတွေက ပြန်ပေါ်တဲ့အခါပေါ်

ခွေးတွေက ကျင်းကိုယက်ပြီးပြန်ဖော်တဲ့အခါဖော်ဆိုတော့ နံစော်ပြီး

အမြင်မတင့်တယ်တော့ မြန်မာ သင်္ချိုင်းဆိုတာ သွားလာရန်မသင့်တော်တဲ့

အရပ်ဒေသအဖြစ်သတ်မှတ်ထားကြတော့တာပေါ့။

 

မန္တလေးက သင်္ချိုင်းတွေထဲမှာကျနော်နဲ့ ပါတ်သက်ဆက်စပ်နေတဲ့ သင်္ချိုင်းတွေလဲရှိခဲ့ပါတယ်။

ကျနော်ခပ်ငယ်ငယ် က ကျနော်တို့ အမေရဲ့ ဘိုးဘွားတွေက ၂၂စီလမ်း ခြင်္သေ့ကြီးနှစ်ကောင်ရဲ့

မြောက်ဘက်က တောင်ပုလင်းဝင်းမှာနေကြပါတယ်။

ကျနော်တို့ မိသားစုက မနက်ဆိုရင် ၂၅လမ်း ၈၀-၈၁လမ်း

သူဌေးတန်းမှနေတဲ့ အဖေ့ ဘက်က ဆွေမျိုးတွေရှိရာကို လမ်းလျှောက်ပြီးသွား

ညနေရောက်တော့ တောင်ပုလင်းဝင်းကအိမ်မှာပြန်အိပ်အဲ့လိုနေခဲ့ကြပါတယ်။

၂၂စီလမ်းနံဘေးက ဆွေတော်မျိုးတော် သင်္ချိုင်းရှေ့ကနေ ညနေတိုင်း ဖြတ်ရပါတယ်။

အဲအချိန်တုံးကရွှေတစ်ချောင်းမြောင်းကိုဖြတ်ဘို့ဆောက်ထားတဲ့တံတားကလဲ ကြမ်းခင်းတွေပေါက်ပြဲနေတဲ့

သစ်သားတံတားအိုကြီးပါ။

ကျနော်တို့က ငယ်လို့ မသိခဲ့ပေမယ့် အဲ့ဒီတံတားက သစ်သားပန်းပုတွေထုထားတဲ့

ရုပ်စုံတံတားလို့ပြောပါတယ်။

အခုချိန်ထိသာထိန်းသိမ်းထားနို်င်မယ်ဆိုရင် ရှေးဟောင်းအမွေအနှစ်တစ်ခုဖြစ်နေမှာပါ။

နောက်ပြီးလမ်းကအထက် အိမ်တွေက အောက်ချိုင့်ထဲမှာရှိနေတာပါ။

လမ်းတောင်ဘက်မှာက ဒိုင်အိုသံတဲကျောင်း (အခုအမှတ်၁ဝ အထက)လမ်းမြောက်ဘက်မှာက

ဆွေတော်မျိုးတော် သင်္ချိုင်း ။

ညနေမှောင်ရီဝိုးတဝါးမှာပြန်တော့ အဖေတို့ အမေတို့ က ကျနော်တို့ ကို သင်္ချိုင်းဘက်မကြည့်ဘို့

မှာပါတယ်။

ဒါပေမယ့်လည်းကျနော်တို့ က မသိမသာခိုးကြည့်တာပါဘဲ။

တကယ်လို့များကျနော်သိတတ်တဲ့အရွယ်မှာသတ္တိရှိရှိနဲ့ဝင်ပြီး ကြည့်ခဲ့မယ်ဆိုရင်

ဒီထက်တိကျအောင်ပြောနိုင်မယ်ထင်ပါတယ်။

 

သင်္ချိုင်းအလည်လောက်မှာ အားလုံးထက်ထူးခြားတဲ့ အတော်မြင့်တဲ့အုတ်ဂူတစ်လုံးရှိနေတာတော့မှတ်မိနေပါတယ်။

အုတ်ဂူတွေက ညို့မိူင်းတဲ့အသွင်ကိုဆောင်လို့ နေပါတယ်။

သင်္ချိုင်းအဝင်ဝမှာညောင်ပင်ကြီးကအုပ်အုပ်ဆိုင်းဆိုင်း သူ့ အောက်မှာက သစ်သားဇရပ်ကြီးက

ထုထည်ကြီးကြီး မဲမဲမှောင်မှောင် ကြောက်စရာတော့ ကောင်းလှပါတယ်။

အဲဒီအထဲမှာလဲတောင်းရမ်းစားသောက်သူတွေ အမိူက်ကောက်သူတွေနေကြပါတယ်။

ဒီသချိုင်းက ၁၉၈၁ခု မေလမှာလောင်တဲ့ ဆိုင်းတန်းမီးနဲ့အတူပျောက်ကွယ်သွားပါတယ်။

အရင်ကတည်းက သင်္ချိုင်းအုတ်ဂူတွေကိုဖောက်ပြီး လက်ဝတ်ရတနာတွေကိုယူကြတယ်လို့လဲ

ကြားဘူးပါတယ်။

ဆိုင်းတန်းမီးအပြီးမှာ ပေါ်ပေါ်တင်တင်ဖြိုဖျက်ပြီးယူကြတော့

လက်ဝတ်ရတနာတွေရပြီး ချမ်းသာသူတွေလဲရှိလာကြတယ်လို့ဆိုကြပါတယ်။

ပြောရရင်တော့ မြန်မာ့သမိုင်းတစ်ခု ကွင်းဆက်ပြတ်သွား ပျောက်ဆုံးသွားတယ်ဆိုနို်င်ပါတယ်။

အခုတော့ဒီဆွေတော်မျိုးတော် သင်္ချိုင်းနေရာက လူနေတိုက်ခန်းတွေဖြစ်လို့သွားပြီး လမ်းနဲ့လူနေအိမ်တွေကလဲ

တစ်ညီတည်းဖြစ်အောင်ညှိထားပါတယ်။

ထို့အတူပါဘဲ ဗောဓိကုန်းက ဦးကော သင်္ချိုင်းလဲ ဒီလိုဘဲတစစနဲ့ပျောက်ကွယ်သွားခဲ့တာပါ။

ဗောဓိကုန်းဆိုတာအရင်က မြို့အစွန်အဖျားကရပ်ကွက်ဆိုတော့ လူနေကျဲပါးပါတယ်။

အဲဒီသချိုင်းနားကို တစ်ဖက်ရပ်တဲလေးထိုး အပင်လေးစိုက်။

နောက်တော့ခြံခတ် အထဲက အုတ်ဂူကိုဖြိုပြီး ကိုယ်ပိုင်အိမ်ယာဖြစ်သွားသူတွေလဲရှိခဲ့ပါတယ်။

 

တကယ်လို့များအဲ့ဒီအချိန်က ဒီ သင်္ချိုင်းတွေကို

အသစ်ထပ်မြုပ်နှံခွင့်မပြုတော့ဘဲ

သင်္ချိုင်းတွေကိုအမြင်တင့်တယ်အောင်သပ်သပ်ရပ်ရပ်ထား

ဝင်ကြေးတွေသတ်မှတ်လို့ ခရီးသွားအေဂျင်စီတွေကနေ

နိုင်ငံခြားသားတွေကို အဲ့ဒီနေရာတွေကိုအရောက်ပို့ပြီး

“ဒါကတော့ မြန်မာပြည်ရဲ့နောက်ဆုံးမင်းဆက်တွေရဲ့အနွယ်တော်တွေရဲ့ အုတ်ဂူပါ”

“ဒါကတော့ မန္တလေးမြို့က ခေတ်ဦးပိုင်းစာရေးဆရာကြီးမြမျိုးလွင်ရဲ့အုတ်ဂူပါ”

“ဒါကတော့ မန္တလေးမြို့ကျက်သရေဆောင် မြို့မဂီတအသင်းရဲ့တန်ဖိုးမဖြတ်နိုင်တဲ့

ဂီတမှူးတေးရေး ဆရာမြို့မငြိမ်းရဲ့ လဲလျှောင်းရာနေရာပါ”

“ဒါကတော့ သူ့ကျွန်ဘဝရောက်စဉ်က နယ်ချဲ့အင်္ဂလိပ်ကို သီချင်းနဲ့

တော်လှန်ခဲ့တဲ့ တေးရေးဆရာ နန်းတော်ရှေ့ဆရာတင်ရဲ့အုတ်ဂူပါ”

“ဒါကတော့ လူထုကြီးပွားရေးပုံနှိပ်တိုက်ကို ထူထောင်ခဲ့သူ လူထုဦးလှရဲ့အုတ်ဂူပါ”

“ဒါကတော့မန္တလေးမြို့ကအင်မတန်ထင်ရှားခဲ့ တဲ့ဇာတ်သဘင်ပညာရှင်

အ လင်္ကာကျော်စွာရွှေမန်းတင်မောင်ရဲ့ ဂူဗိမ္မာန်ပါ”

လို့ပြောပြရင်း မန်းလေးမြို့ရဲ့သမိုင်းကြောင်းကိုဆက်စပ်ပြီး သမိုင်းတွေကိုပြန်လည်ပြောပြရင်း

သူတို့အိတ်ထဲက ဒေါ်လာတွေကို နှိုက်ယူလို့ရတဲ့နေရာတစ်နေရာဖြစ်မှာဧကန်။

 

 

၁၉၇၈ခုနှစ်ပါတ်ဝန်းကျင် ကျနော်မီးခြစ်စက်မှာ အောက်တန်းစာရေးအဖြစ်အလုပ်လုပ်နေချိန်ပေါ့။

ဂျူတီကျတဲ့ညတွေဆိုရင်ကျနော်တို့ ဂျူတီအတူစောင့်ကြတဲ့သူတွေစုပြီး ၂၆ဘီလမ်းနဲ့၈၉လမ်းထိပ်က အကောင်းကြိုက်ကိုလက်ဖက်ရည်လာသောက်ကြပါတယ်။

စက်ဘီးကိုတစ်ကွေ့တစ်ပါတ်ကြီး နင်းရမှာစိုးတော့ ကုလား သင်္ချိုင်းထဲကနေဖြတ်လာကြပါတယ်။

အရပ်ခံတစ်ယောက်လဲပါလို့ ဖြတ်ရဲတာပါ။

ကုလား သင်္ချိုင်းနဲ့ရွာကြီးက ဆက်နေတာကိုး။

ရွာကြီးဆိုတာ သီတင်းကျွတ်ကာလမှာ ရောင်စုံမီးထွန်းပုံလေးတွေထုတ်လုပ်တဲ့အရပ်

တောင်းရမ်းစားသောက်သူတွေနေတဲ့အရပ်ပေါ့။

ကုလား သင်္ချိုင်းကလဲ မန်ကျီးပင်လိုနှစ်ရှည်ပင်ကြီးတွေနဲ့အုပ်ဆိုင်းစိမ့်မှောင်လို့နေပါတယ်။

ဒါပေမယ့် ဂူတွေက သပ်သပ်ရပ်ရပ်ဆိုတော့ မညစ်ပတ်ပါဘူး။

နာနာဘဝမကြောက်ရပေမယ့် လူကိုတော့ ကြောက်ရပါတယ်။

ကျနော်တို့ နဲ့ အတူပါလာတဲ့ အရပ်ခံအကိုကြီးက သင်္ချိုင်းထဲဝင်ဘီဆိုတာနဲ့

သူတို့ချင်းအချက်ပေးတဲ့ လေချွန်သံလေးကို တလမ်းလုံးချွန်လို့လာပါတယ်။

အဲလိုမဟုတ်ဘဲလူစိမ်းဖြတ်လာလို့ကတော့ ဟိုအုတ်ဂူကြားဒီမြေပုံကြားကနေ

တစ်ယောက်ခြင်းထွက်လာမှာအမှန်ပါဘဲ။

အခုတော့ ဒီကုလား သင်္ချိုင်းနေရာက သီရိမန္တလာကားဝင်းဖြစ်လို့ နေပါပြီ။

 

ရွာဟိုင်း သင်္ချိုင်းကတော့ ကျနော်အဘိုး အပါအဝင်ကျနော်တို့ ရဲ့ ဘိုးဘေးဘီဘင်တွေခေါင်းချခဲ့တဲ့နေရာပါဘဲ။

အခါကြီးရက်ကြီးတွေမှာ အဘိုးအဖွားတို့ကိုးကွယ်ခဲ့တဲ့ ကင်းဝင်မင်းကြီးကျောင်းတိုက်ထဲကို

သွားကြ လှူကြတန်းကြတဲ့အခါမျိုးမှာဆိုရင် အဖွားက ကျနော်တို့ မောင်နှမတွေ ကျနော်တို့ဦးလေးတွေကို

ရွာဟိုင်း သင်္ချိုင်းထဲခေါ်သွားပြီးအဘိုးအုတ်ဂူကို သန့်ရှင်းရေးလုပ်ခိုင်းပါတယ်။

အုတ်ဂူနံဘေးနားမှာပေါက်နေတဲ့မြက်ပင်ပေါင်းပင်တွေကိုနုတ်ခိုင်းပါတယ်။

ပြီးရင်ကန်တော့ခိုင်းပါတယ်။

အဖွားက ကျနော်တို့တတွေကို အဲလိုခေါ်သွားတဲ့အခါ ကလေးတွေဖြစ်တော့ အပမှီလာမှာစိုးတဲ့အတွက် ကျနော်တို့အဒေါ်တွေကသိပ်မကြိုက်ပါဘူး။

ဒါပေမယ့်လည်းအမအကြီးဆုံးဆိုတော့ ဘယ်သူမှ မကန့်ကွက်ရဲပါဘူး။

ပြောရရင် ကျနော်တို့ကလဲ အဖွားကြောက်လို့ သာလိုက်ရတာ သင်္ချိုင်းထဲကို မသွားချင်ပါဘူး။

ကလေးဆိုတော့လဲ ဘာရယ်မဟုတ်ပေမယ့် ကြောက်ပါတယ်။

အုတ်ဂူတွေကညစ်ထပ်ထပ်။

ဇရပ်တွေကလဲရေနံကြီး(ရေနံချေး)ဝထားတော့မဲမှောင်မှောင်။

တစ်ခါတစ်ခါ အသုဘချနေတာနဲ့ကြုံရင်ပိုကြောက်ပါတယ်။

နောက်ကုက္ကိုပင်တွေကလဲအုပ်အုပ်ဆိုင်းဆိုင်းနဲ့နေပြောက်မထိုးတော့

အလိုလိုနေရင်းအေးစိမ့်ပြီး ကြက်သီးတွေထ လာသလိုပါဘဲ။

အဘိုးဂူကို သွားကန်တော့ရင်းနဲ့အဘွားက အမျုးိတွေရဲ့ ဂူတွေကိုလဲပြပါတယ်။

ဒါကတော့ ငါတို့အမေနဲ့အဖေ ဒါကတော့ မင်းတို့ ဘကြီး  ဒါကတော့ မင်းတို့ဒေါ်လေးအုတ်ဂူဆိုပြီးပြပါတယ်။

အခုအချိန်မှာ ရွာဟိုင်း သင်္ချိုင်းနေရာကလဲကျောက်ဝိုင်းဖြစ်နေလေတော့

ကျနော်တို့ရဲ့နောက်မျိုးဆက်လေးတွေကိုအဘိုးအဖွားခေါင်းချခဲ့တဲ့နေရာကိုပြချင်လို့တောင်မှ

ပြစရာမရှိတော့ပါဘူး။

 

အုတ်စက် သင်္ချိုင်းကတော့ ကျနော်အမျိုးသမီးရဲ့ မိဘတွေ ခေါင်းချခဲ့တဲ့နေရာဘဲဖြစ်ပါတယ်။

မှတ်မှတ်ရရ ၁၉၇၆ခုနှစ်သူ့ အမေဆုံးတဲ့အချိန် အုတ်ဂူလုပ်တာ မပြီးတော့ ကျနော်သွားစောင့်ပေးရပါတယ်။

အဲဒီလိုစောင့်နေတုံးမှာဘဲ မီးသဂြီုလ်တာကို မြင်ဘူးခဲ့ရတာပေါ့။

အရင်က မီးသဂြီုလ်တာကို ဘုန်းကြီးပျံလောက်မှာဘဲမြင်ဘူးးခဲ့တာပါ။

မြေကျင်းတူး ရှားထင်းတုံးတွေအောက်ကခံ။

ပြီးရင်အလောင်းကိုထည့်။

အပေါ်က ရှားထင်းတုံးတွေထပ်ခံပြီးဖိ။

ပြီးမှရေနံဆီလောင်းပြီးမီးရှိို့တာပါ။

မီးထိတဲ့အခါ  ကုန်းရုန်းထလာတာကို တုတ်နဲ့ထိုးချ။

မီးလောင်တဲ့အခါ အသားညှော်နံ့ကအတော်ဆိုးဝါးနံစော်သလို

တဖုန်းဖုန်းနဲ့ပေါက်သံတွေလဲကြားနေရပါတယ်။

အခုတော့ဒီအုတ်စက် သင်္ချိုင်းကလဲ မိုးကုတ်ဘက်ကိုသွားတဲ့ယာဉ်ရပ်နားစခန်းဖြစ်လို့သွားပါပြီ။

 

တက္ကသိုလ်ကျောင်းသားဘဝမှာတော့ ဆင်ဖြူကန်နဲ့ဆက်စပ်လို့နေပါတယ်။

မန်းလေးတက္ကသိုလ်တောင်ဘက်ပေါက်ကနေထွက်လိုက်ရင် ဆင်ဖြူကန် သင်္ချိုင်းရှေ့က

ဖြတ်လိုက်ရင်ရန်ကုန်မန်းလေးကားလမ်းမကြီးကိုရောက်သွားပါတယ်။

အဲဒီနားလေးတွေမှာထမင်းဆိုင်တန်းလေးတွေရှိပါတယ်။

ထမင်းလဲစားရင်းလိပ်ဥလဲတူးရင်းကျနော်တို့တက္ကသိုလ်ကျောင်းသားတတွေသွားလေ့ရှိကြပါတယ်။

သင်္ချိုင်းနား ည မှောင်မှောင်ဖြတ်ရင် မိန်းမတစ်ယောက်ထွက်ထွက်ပြီးတားတယ်

ရပ်ပေးလိုက်ရင် ဘာမှ မတွေ့ ရတော့ ဘူး တို့

စက်ဘီးကယ်ရီယာနောက်ကနေ ခုန်ခုန် နက်တယ် တို့ဆိုတဲ့

ပါးစပ်စကား အရပ်စကားတွေရှိနေတာကြောင့်တစ်ယောက်ထဲတော့ မသွားရဲတာအမှန်။

အုပ်စုတောင့်မှ သွားဖြစ်တာပါ။

အုပ်စုလိုက်သွားတာတောင်မှ အဲ့နားရောက်ရင် ပါးစပ်ထဲရောက်လာတဲ့သီချင်းကို

အကျယ်ကြီးသံပြိုင်အော်ဆိုပြီးသွားကြတာပါ။

ပြောသာပြောရတယ် အဲ့အချိန်က တက္ကသိုလ် ည သင်တန်းလဲရှိပါတယ်။

မြစ်ငယ်စစ်ကိုင်းဘက်ကနေကျောင်းလာတက်တဲ့ကျောင်းသူကျောင်းသားတွေက

အဲဒီသချိုင်းထိပ်ရန်ကုန်မန္တလေးလမ်းမကြီးထိပ်ကနေ ကားစောင့်ပြီးစီးကြရတာပါ။

ဒါပေမယ့်လည်း ညမှောင်ရင်တော့ လူပြတ်ပါတယ်။

အခုတော့လဲ အဲဒီဆင်ဖြူကန် သင်္ချိုင်းကိုဖျက်ပြီးဈေးပွဲတော်တွေအကြီးအကျယ်လုပ်လိုက်ပါတယ်။

နောက်တော့ လူထုအစည်းအဝေးအအခန်းအနားတွေကျင်းပရာ

ပွဲလမ်းသဘင်တွေကျင်းပရာကွင်းအဖြစ်ပြောင်းလဲခဲ့ပြိး

အခုတော့ဂေါက်ကွင်း ကားအမောင်းသင်တဲ့ကွင်း အဖြစ်ပြောင်းလဲလို့ သွားပါပြီ။

ကျနော်တို့ မိသားစုက ၁၉၈ဝခုနှစ်အလွန်လောက်မှာ မြောက်ပြင်စည်သာရပ်ကွက်ဘက်ကို

ပြောင်းရွှေ့နေထို်င်ခဲ့ကြပါတယ်။

၁၉၈၄ခုနှစ်မှာကျနော့်အဖေရဲ့အမေဆုံးတော့ မြောက်ပြင်အိုးဘိုရပ်ကွက်မှာရှိတဲ့

နွားခြံကုန်းတွေကြားထဲမှာတည်ရှိတဲ့ ခံကုန်း သင်္ချိုင်းမှာမြုပ်နှံခဲ့ပါတယ်။

အခုတော့ အဲဒီနေရာက အိုးဘိုထောင်အဖြစ်ပြောင်းလဲလို့သွားပါပြီ။

မန်းလေးတောင်ပေါ်ကနေလှမ်းကြည့်ရင်အိုးဘိုထောင်ထဲမှာရှိနေတဲ့

စေတီအဟောင်းလေးကိုမြင်နိုင်ပါသေးတယ်။

 

၈၈၈၈ အရေးအခင်းအပြီးမှာ ဒီ သင်္ချိုင်းတွေကို အားလုံးဖျက်သိမ်းလိုက်ပါတယ်။

မြောက်ဘက်ခြမ်းကလူများအတွက် မင်းဂံရွာ ဘုတ်ရွာ အိမ်ရှေ့မင်းထန်းတော နဲ့ သခင်မတောင်တော် ကိုသွားတဲ့လမ်းမှာရှိတဲ့ ကြာနီကန်ကိုရွှေ့လိုက်ပါတယ်။

တောင်ဘက်ခြမ်းကလူများအတွက်ကတော့ တံခွန်တိုင်ဘက်ကိုရွှေ့လိုက်ပါတယ်။

အခုတော့ တောင်အင်းမြောက်အင်းဆိုတဲ့ ထုံးဘိုကိုသွားတဲ့လမ်း ဘက်ကိုရွှေ့လိုက်ပါတယ်။

တကယ်ပြောရရင်တော့ ဒီ သင်္ချိုင်းတွေမှာ ကျနော်တို့ မြို့ရဲ့အထင်ကရ လူတွေ နားခိုလှဲလျောင်းတဲ့

နေရာဖြစ်ပါတယ်။

နောင်လာနောက်သားတွေကို ပြန်ပြောပြစရာ သမိုင်းကောင်းခဲ့သူများ ထာဝရအိပ်စက်ရာနေရာဖြစ်ပါမယ်။

သင်္ချိုင်းတစ်ခုစီမှာ မြို့တစ်မြို့ရဲ့အုတ်အော်သောင်းနင်းဖြစ်ခဲ့ဘူးတဲ့ နာရေးနဲ့ပါတ်သက်ခဲ့သူများ

တည်ရှိရာနေရာဖြစ်ပါမယ်။

(ဥပမာပြောရရင် ရွာဟိုင်းသင်္ချိုင်းမှာဖြစ်ခဲ့တာလေးတခုပေါ့။

ခင်မာလာဆိုတဲ့အိမ်တော်ရာသင်္ကန်းတန်းသူ အမျိုးသမီးလေးရဲ့နာရေးမှာ မြေမြုတ်ပြီးမှ အထဲက အသက်ရှူသံကြားရတယ်ဆိုပြီး

ပြန်ဖော်မယ်လုပ်လို့ ရုန်းရင်းဆံခတ်အုတ်အော်သောင်းနင်းဖြစ်ခဲ့တာလေးပါ)

(မန္တလေးမြို့ ရဲ့ဂန္ဓဝင်ဇာတ်ပညာရှင်ရွှေမန်းတင်မောင်ရဲ့နာရေးမှာ မြန်မာပြည်မှာရှိတဲ့

နာမယ်ကျော်ရုပ်ရှင်မင်းသားမင်းသမီးတွေက ရွှေမန်းတင်မောင်ရဲ့ရုပ်အလောင်းကို

ရထားနဲ့တင်ပြီးကြိုးနဲ့ဆွဲပြီး နာရေးကိုလိုက်ပို့ခဲ့တော့ သွားရာလမ်းတစ်လျှောက်မှာ

လာရောက်ကြည့်ရှု့သူတွေနဲ့ ကြက်ပျံမကျစည်ကားခဲ့တာကလည်းအမှတ်တရပါ)

အခြားသောထူးခြားမူ့တွေလဲရှိနေမှာဖြစ်ပေမယ့်လည်း ကျနော်မှတ်မိသလောက်လေးရေးပြတာပါ။

 

မန်းလေးမြို့ အထင်ကရ ဆရာမြို့မငြိမ်း နန်းတော်ရှေ့ဆရာတင် ဆရာမြမျိုးလွင် လူထုဦးလှ ရွှေမန်းတင်မောင်

ဒါးတန်းဦးသန့် အစရှိသူများရဲ့မူလပထမလှဲလျောင်းရာနေရာတွေက ပျက်ယွင်းလို့သွားပြီဖြစ်ပါတယ်။

မန်းလေးမြို့မှာနေထိုင်ခဲ့ကြတဲ့လေးစားဂုဏ်ယူထိုက်သူ

မြို့မိမြို့ဖများ

စာရေးဆရာ

ဂီတအနုပညာရှင်

သုခုမဇာတ်သဘင်ပညာရှင်

ရုပ်ရှင်သရုပ်ဆောင်တို့ရဲ့အနားယူအိပ်စက်ရာနေရာများပျောက်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

နောင်လာနောက်သားများကို ပြစရာနေရာ မကျန်ရစ်ခဲ့တော့။

၁၃၀ဝပြည့်အရေးတော်ပုံနဲ့အတူပေါ်ထွန်းလာခဲ့တဲ့ မန္တလေးမြို့က အာဇာနည် (၁၇)ဦးရဲ့ဂူဗိမ္မာန်ကို

တမ္မဝတီအရပ်မှာတည်ထားခဲ့ပေမယ့် နှစ်ပေါင်းများစွာခြုံနွယ်ပိတ်ပေါင်းများအောက်မှာရောက်ပြီး

သံတံခါးအထပ်ထပ်ခတ်ပြီးအမှောင်အောက်မှာ ထားခဲ့ဘူးပါတယ်။

၂၀၁၂ခုနှစ်ရောက်မှာသာပြန်လည်ဖော်ထုတ်သူတွေရှိလို့ သိလာပြီး အများပြည်သူဝင်ရောက်

လေ့လာနိုင်တဲ့နေရာဖြစ်လာခဲ့တာပါ။

တကယ်ပြောရ ရင် သင်္ချိုင်းဖျောက်လိုက်တာနဲ့ လူတစ်ဦးခြင်းစီရဲ့အထောက်အထားပျောက်ထွက်သွားသလို သမိုင်းပါ ပျောက်ထွက်သွားတယ်လို့ ဆိုနိုင်ပါတယ်။

 

ကျနော့်သူငယ်ချင်းထဲမှာ အနွယ်တော်တွေ က ဆင်းသက်လာပြီး အခုအချိန်ထိမျိုးရိုးဂုဏ်

ဆက်လက်စောင့်ထိန်းသလို့ အင်မတန်မှလဲ အယူသီးသူလို့ဆိုနိုင်သူတစ်ယောက်ရှိပါတယ်။

ဘာလေးဖြစ်ဖြစ် မင်္ဂလာအယူတော်နဲ့ချိန်ညှိလို့ နေသူဖြစ်ပါတယ်။

သူက နာရေးတွေဘာတွေသွားတဲ့အခါ က ကမ်းလိုက်တဲ့ပစ္စည်းဆိုလုံးဝမယူပါဘူး။

ဆင်ဖြူကန်ကွင်းကို ဖျက်သိမ်းပြီး ဈေးရောင်းပွဲတော်လုပ်တဲ့ အချိန်ကပေါ့။

သူနှစ်သက်မယ်လို့ထင်တဲ့စာအုပ်လေးတစ်အုပ်ကိုဝယ်ပြီးလက်ဆောင်ပေးတဲ့အခါ ခါးခါးသီးသီး

စိတ်ဆိုးမာန်ဆိုးနဲ့ငြင်းပယ်တာကို ခံလိုက်ရတော့ သူ့ကို ကျနော်လဲ ပြန်ပြီးစိတ်တိုသွားပါတယ်။

ဒါပေမယ့် သူ့ရှင်းပြတာကို နားထောင်လိုက်ရတဲ့အခါ ဘာအယူမှ မရှိတဲ့ကျနော်တောင်တွေဝေလို့

သွားပါတော့တယ်။

“  ကိုပေါက်ရေ မင်းတို့က မင်းတို့ကိုယ် မင်းတို့ ဘာအယူမှ မရှိဘူး ဆိုပြီး

ကွန်မြူနစ်လိုလို ဘာလိုလိုနေလာတဲ့ကောင်တွေမို့ငါက ဘာမှမပြောတာ။

အင်္ဂလိပ်တွေက  ငါတို့မြိုတွေကို နာမ်နှိမ်ထားခဲ့ကြတာ။

မင်းပြန်စဉ်းစားကြည့်မြန်မာပြည်နေရာအနှံ့အပြားမှာ

မြိုအဝင်အထွက်နေရာတွေမှာ သင်္ချိုင်းတွေ တည်တည်ထားတာလေ။

အဲဒါမြို့ကိုနာမ်နှိမ်ပြီးတည်ထားခဲ့တာ။

နောက်ပိုင်းမှာ ဒါကို ချေဖျက်မယ်ဆိုပြီး သင်္ချိုင်းမှန်သမျှ အကုန်ရွှေ့လိုက်တာ။

ဒါပေမယ့် အဲဒီလိုဖျက်လိုက်တဲ့ သင်္ချိုင်းနေရာတွေမှာ ဈေးပွဲတော်လုပ်တယ်

လူနေတိုက်ခန်းတွေလုပ်တယ်

အဝေးပြေးကားကွင်းတွေလုပ်တယ်။

ဒီတော့ ဘာဖြစ်သွားလဲ အဲလို မြေမသန့်တဲ့နေရာက ဝယ်လာတဲ့ပစ္စည်းတွေက မင်းတို့ငါတို့

အိမ်ထဲရောက်လာတယ်

မြေမသန့်တဲ့ နေရာတွေမှာ နေကြ ထိုင်ကြရတယ် ဒီတော့

ငါ့တို့ အိမ်တွေလဲ ဘယ်သန့်တော့မလဲ အလိုလို နာမ်နှိမ့်ပြီးသားဖြစ်သွားတာပေါ့။

ဒါက ဖန်တီးယူလိုက်တာလေ။

ငါတို့ကတော့ အယူသီးတယ်ပြောပြော ဘာပြောပြောမြေမသန့်တဲ့နေရာကပစ္စည်းအိမ်ထဲအဝင်မခံဘူး”

လို့အရှည်ကြီးပြောတာကို နားထောင်လိုက်တဲ့အခါ ယုံတာ မယုံတာအပထားစိတ်ထဲမှာမှင်သက်တော့မိသွားပါတယ်။

ဒါပေမယ့်လည်းဘယ်လိုအကြောင်းကြောင်း ကြောင့်ဘဲဖြစ်ဖြစ်

သင်္ချိုင်းတွေပျောက်သွားတာနဲ့အတူ ကျနော်တို့ က နောင်လာနောက်သားတွေကိုပြောပြစရာ

လက်တွေ့ပြစရာ သမိုင်းကတော့ ပျောက်သွားတာအမှန်ပါဘဲ။

နောက်နောင်မှာ ပြန်လည်အစားထိုးလို့ မရနိုင်တော့တဲ့

သမိုင်းအထောက်အထားတွေ

ရှေးဟောင်း အဆောက်အဦတွေ

ဘုရားကျောင်းကန်တွေကို

အသစ်နဲ့အစားထိုးပြီး ဖျောက်ဖျက်ခြင်း နဲ့ ကင်းဝေးနိုင်ပါစေလို့ဘဲဆုတောင်းပေးချင်ပါတော့တယ်။

 

ကိုပေါက်(မန္တလေး)

ကိုပေါက်လက်ဆောင်အတွေးစဉ်

၂၂၅၁၇

 

 

 

3 comments

  • Shar Thet Man

    June 1, 2017 at 1:06 pm

    ဟုတ်တယ် ပြုပြင်တယ်ဆိုလည်း မူလလက်ရာပျောက်သွားတာမျိုးတော့မဖြစ်စေချင်ပါ ထပ်မွမ်းမံတာမျိုုးဆိုလက်ခံလို့ရပါတယ်

  • aye.kk

    June 2, 2017 at 9:17 pm

    မအအောင်၊သမိုင်းသင်တဲ့
    သမိုင်းဖျောက်ဖျက်ပစ်တော့
    သမိုင်းမသင်ရတော့၊အလိုလိုအတဲ့ဘဝ
    ရောက်သွားရတယ်။
    မိဘလက်ထက်က
    ကျိုက်ပေါလောဘုရား၊မဟာမြတ်မုနိသွန်းဘုရားမှာ
    ဘုရားပန်းချီကားချပ်(တစ်ချပ်)လှူထားတယ်။
    လှူထားတဲ့အလှူုရှင်နာမည်ဖျောက်ဖျက်ခြင်းခံရတယ်(လက်တွေ ့ပါ)။
    နာမည်အသစ်အစားထိုးခံရတယ်။
    ကျိုက်ပေါလောဘုရားလမ်း၊ဘုရားနဲ ့အနီးဆုံး၊ဘုန်းကြီးကျောင်း(ဝါးကျောင်း)မှာ
    ရေအိုးစင် အကျအနဆောက်ပြီး လှူဒါန်းထားပါတယ်။ အဲဒါလည်း အလှူရှင်နာမည်ဖျောက်ဖျက်
    ခြင်း ခံရပါတယ်၊ အသစ်အစားထိုးသွားတာ တွေ ့ရပါတယ်။ (လက်တွေ ့)ပါ။
    သားသမီးတွေရှိနေသေးတာတောင် လုပ်ရဲ ကြတယ်။
    တော်တော်တရားရစရာ ကောင်းလှပါတယ်။
    ကိုပေါက်ပြောတဲ့သမိုင်းဝင်နေရာတွေလည်း နှမြောမိပါတယ်။
    အသစ်အစားထိုးကင်းဝေးကြပါစေဆုတောင်းမိပါတယ်။

Leave a Reply