အသင်ရထားကြီး
အသင်ရထားကြီး
သင်ဖြတ်သွားသော်
ငယ်စဉ်ကလေးဘဝ
ဘာကြောင့်ရယ်မသိ ငါတို့ပျော်၏
အသင်ရထားကြီး
ငါကြီးလာသော်
ပညာရှာမှီး မြို့သို့သွားရန်
သင့်ကိုစီး၏
အသင်ရထားကြီး
ငါအရွယ်ရောက်သော်
ပညာတတ်မြောက် လုပ်ငန်းရောက်၍
မြန်ပြည်တလွှား သင်သွားလိုရာ သွားနိုင်စေရန်
ငါ့ပညာဖြင့် လမ်းဖောက်-တံတားဆောက်
လုပ်ဆောင်ခြင်းဖြင့်
သင်လည်းပျော်ရွှင်
ပြည်သူအများ ဝမ်းမြောက်ပါစေသတည်း။
မင်းသုတ
10:25 AM
13.2.2012
4 comments
သန်းထွဋ်ဦး
July 29, 2012 at 10:45 pm
ဘဝ သံသရာပေါ့ဗျာ ဆရာ
ကြောင်ကြီး
July 30, 2012 at 8:51 am
ဂျုံးဂျုံးဂျက်ဂျက်
တုံးလုံးပလက်
ကုံးကုံးအရှက်
ရုန်းဟုန်းထွက်၊
မုန်းဆုံးမနက်
ရုံးဖုန်းဆက်
သုံးနှုန်းမတတ်
ဗုံးလုံးဖက်..။
မောင်ပေ
July 30, 2012 at 9:00 am
အသင်ကြောင်ကြီး
ငါဂေဇက်ဝင်ချိန်
သင့်စာများအား ဖတ်ရပါက
ပြုံးပြုံးပျော်ပျော်
ဝမ်းသာစရာတည်း
မမ အညာသူ
July 30, 2012 at 9:51 am
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့နော်