Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင်အားကြီးစီးပွားရေး လုပ်ငန်းရှင်ကြီးများအခွန် ကင်းလွတ်ခွင့်ရထား-

YE YINT THUJuly 30, 201219min3969

ပေါ်ပြီဗျို  ့-

အင်အားကြီးစီးပွားရေး လုပ်ငန်းရှင်ကြီး တွေကျတော့ နိုင်ငံတော်ကို အခွန်ပေးဆောင်စရာမလိုဘဲ ကင်းလွတ်ခွင့် ပေးထားတယ်တဲ့ဗျ။

ဒီကိစ္စမဖြစ်သင့်လို ့အမျိုးသားလွှတ်တော် ငွေရေးကြေးရေး နှင့် အခွန်အကောက်ဆိုင်ရာကော်မတီက လွှတ်တော်ကို အကြံပြုတင်ပြထားတယ်ဆိုဘဲ။

ကျွန်တော် စိတ်အဝင်စားဆုံးက ဦးခင်ရွှေ ဗျ။ ဒီအခွန်ကင်းလွတ်ခွင့်ရထားတဲ့ လုပ်ငန်းရှင်ကြီးတွေထဲမှာအဲဒီဘဘ ပါမပါသိချင်တာပါ။ ပါခဲ့ရင်တော့ ဒီပွဲကကြည့်ကောင်းပြီဗျို ့။

သိတဲ့သူတွေသိကြမှာပါ။ သူနဲ ့ဟိုဘဘနဲ ့က ခမီးခမက်တွေတော်နေကြတယ်လေ။

သတင်းအပြည့် အစုံသိချင်တော့ တော့ Eleven Media ရဲ ့On line စာမျက်နှာမှာ ယနေ ့လေ့လာတွေ ့ရှိနိုင်ပါတယ်။

ကျွန်တော်တို ့ပြည်သူအများစု စူပါမားကက်တွေကဝယ်ယူစားသုံးနေ တဲ့ ကိစ္စကျတော့ အခွန်ကောက်မယ်ဘာညာ ဆိုပြီး ဆင်ဖမ်းမယ်ကျားဖမ်းနဲ ့သတင်းထုတ်ပြန်ကြေညာ ပြီးအခုကိုင်တွယ်နေပြီ်ဗျ။

ဒီကိစ္စကိုလည်း လွှတ်တော်နဲ ့သမ္မတကြီးက ဘက်မလိုက်စတမ်း အမြန်ဆုံးကိုင်တွယ်နိုင်ပါစေလို ့ဆန္ဒပြုပါတယ်။

ကုန်သွယ်ခွန်ကိစ္စ

ရန်ကုန်၊ဇွန်-၁၈

စားသုံးသူထံမှ  ဖြတ်ယူကောက်ခံမည့် ကုန်သွယ်လုပ်ငန်းခွန်အား ဇူလိုင် ၁ ရက်မှစ၍ ကုန်တိုက်ကြီးများ၊ စတိုးဆိုင်ကြီးများနှင့် ဈေးဝယ်စင်တာများတွင်  စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးအောင်မိုးကြည်က ပြောသည်။

ဇွန်လ ၁၈ ရက်က ကုန်သည်စက်မှုအသင်းချုပ်တွင်ပြုလုပ်သော အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ “ဈေးဝယ်တဲ့ ဘောင်ချာထဲမှာ ငါးရာခိုင်နှုန်းကို စတိုးဆိုင်တို့ ကုန်တိုက်ကြီးတို့မှာ ထည့်ကောက်ခိုင်းမှာ”ဟု ဦးအောင်မိုးကြည်က ဆိုသည်။ ထို့ကြောင့်စားသုံးသူများအနေဖြင့် စတိုးဆိုင်ကြီးများနှင့် ကုန်တိုက်ကြီးများတွင် ဈေးဝယ်ယူသောအခါ ကျသင့်ငွေ စုစုပေါင်းမှ ၅ ရာခိုင်နှုန်းထပ်ပေါင်းပေးရတော့မည်ဖြစ်သည်။ စီမံချက်စတင်သော နှစ်တွင် ဇူလိုင်လ၊ အောက်တိုဘာလနှင့် ဇန်နဝါရီလတို့တွင် ဆိုင်ဖွင့်သည့်ရက်များ၌ နေ့စဉ်ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည်။

“အစကတည်းက ဒီစနစ်က ရှိနေပြီးသားပါ။ ကျွန်မတို့ဆိုလည်း ဒီကုန်သွယ်ခွန်ကို ဆောင်နေပါတယ်။ ဒါပေမဲ့ အခုလက်ရှိဆောင် နေတဲ့အပိုင်းမှာ ခုနှိမ်တဲ့အပိုင်းကို ကျယ်ကျယ်ပြန့်ပြန့်  လုပ်ခဲ့လို့မရပါဘူး။ ဒီစနစ်ဖြစ်သွားတဲ့အတွက်ကြောင့်မို့ ပိုလျော့သွားနိုင်တယ်(အခွန်ဆောင်ရမှုပိုနည်းသွားမည်)လို့ထင်ပါတယ်”ဟု City Mart  စတိုးဆိုင်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ရောင်းအားအမှန်စာရင်းရရှိရေးအတွက် ပြေစာဖြင့် ရောင်းချသည့် ဆိုင်ဖြစ်ပါက ပြေစာအားလုံးပါရောင်းရငွေ စုစုပေါင်းပမာဏကိုကောက်ယူခြင်းစက်ဖြင့် ပြေစာထုတ်ခြင်းဖြစ်ပါက စက်တစ်လုံးချင်းစီနှင့် ချိတ်ဆက်ထားသော Main Server မှ စုစုပေါင်းရောင်းရငွေကို ထုတ်ယူခြင်းများ ပြုလုပ်သွားမည်ဟု ညွှန်ကြားရေးမှူးဦးကျော်ကျော်ကပြောသည်။

ကုန်တိုက်ကြီးများနှင့် စတိုးဆိုင်ကြီးများတွင် အပ်ကုန်စနစ်ဖြင့်ရောင်းချသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရာတွင်ရောင်းချ ပေးသူမှာသာ တာဝန်ရှိကြောင်း ဦးကျော်ကျော် ကဆိုသည်။ “အပ်ကုန်စနစ်ဟုတ်၊မဟုတ်ကို စာချုပ်ကိုကြည့်မှာဖြစ်ပါတယ်”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ အဆင့်မြင့်အရာရှိကြီးတစ်ဦးကပြောသည်။ လက်ရှိတွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ တံဆိပ်ခေါင်းခွန်နှင့် အောင်ဘာလေ ခွန်တို့အား ကောက်ခံလျက်ရှိသည်။                                                                                              

9 comments

  • kai

    July 30, 2012 at 2:45 pm

    ယူအက်စ်လည်း… မထူးပါဘူး..
    တနိုင်ငံလုံးမှာ အချမ်းသာဆုံး ၁ရာခိုင်နှုန်းပဲရှိတဲ့.. သူဌေးတွေကို.. အခွန်လျှော့ကောက်တယ်လေ…
    ဝင်ငွေများလေ.. အခွန်ပေးရတဲ့..ရာခိုင်နှုန်းနည်းလေ…

    Expiration of Bush Tax Cuts for the 1% Are a Step Forward, But Not …
    https://www.commondreams.org/view/2012/07/27-9
    2 days ago – President Obama is currently confronting mostly Republican opponents over whether to extend the Bush tax cuts to the richest 1 percent of …

  • etone

    July 30, 2012 at 3:53 pm

    တကယ်ပါ … မယောင်ရာ ဆီလူးနေသူတွေရှိလို့ ……… ဖွတ်ထွက်တဲ့ တောင်ပို့တွေ ချည်း ပေါပေါနေတာ … ။ ဒီသတင်းကို ကြားတော့ .. တကယ့်ကို ဖီလင်ငုတ်ပါတယ် …. ။ ဘာမဟုတ်တဲ့ စားသုံးသူတွေပေါ်မှာကျတော့ အခွန်ခကောက်ခံ ၊ အခုလို အင်အားကြီးစီးပွားရေး လုပ်ငန်းရှင်တွေကိုကျတော့ အခွန်ကင်းလွှတ်ခွင့်ပေးတာ … လူတွေကို ဂုတ်သွေးစုပ်နေသလိုပဲ မြင်မိပါတယ် … ။

    ကျွန်မတို့တွေ သူငယ်ချင်းတွေနဲ့စားကြ သောက်ကြပြီဆိုလျှင် …. အခွန်၁၀% ဆောင်ရတယ် … ပြီးလျှင် … ဆားဗစ်ချာချ် ့ဆိုပြီး … ၁၀% … ဒါတင် ပြီးပြီလား .. ဆိုတော့လည်း … တေဘယ်လ်ချာချ် ့ဆိုပြီး .. အမောင့်တစ်ခု ထပ်ပေါင်းတယ် … ။ ကာစတမ်မာကို ပြန်ပေးတဲ့ ခံစားခွင့်က … ဘာကဒ်ကိုင်မှ ၂% လောက်ပါ … အများဆုံး ၅%လောက်ပြန်လျော့ပေးတာပါ .. အဲ့ဒါကလည်း .. ခုနက ပေးရတဲ့ ငွေအမောင့်အားလုံးက … မဟုတ်ပဲ … အခွန်+ဆားဗစ်ချာ့ချ်+တေဘယ်လ်ချာချ် +တွေကို နှုတ်ပြီးမှ …. ပြန်စောင်းပေးငွေပါ ……… ။

    အခွန်ဆောင်ခိုင်းရခြင်း ရည်ရွယ်ချက်ထဲက .. အဓိက အချက်က နိုင်ငံတော် ဘဏ္ဍာငွေ တိုးဖို့ မဟုတ်လား … ဒါဆို ဘဏ္ဍာငွေတိုးအောင် .. လုပ်ငန်းအလိုက်အခွန်ကောက်ခံမှ ဘဏ္ဍာငွေ ပိုရမယ်လေ … ကျွန်မတို့လို ပြည်သူတွေ ၊ စားသုံးသူတွေဆီကနေ … မူးစေ့ မတ်စေ့လေးကို မက်ပြီး .. အခွန်ကောက်နေလျှင် ဘယ်လောက်များ ရမှာမို့လဲ ……. ။ တော်ပါပြီ .. သိပ်အများကြီး မပြောတော့ဘူး … ဒီရက်ပိုင်း ချဉ်စရာတွေ များနေတယ် …. အမှန်တွေပြောလျှင် အနာပေါ် ဒုတ်ကျလို့ နာတဲ့ ဟာတွေလာပတ်ရမ်းနေဦးမယ် …. ။ ဒီလောက်ပါပဲ … ။ 👿

    အဲ … ပြောရင်းနဲ့ တစ်ခုကျန်ခဲ့တယ် … နောက်ပိုင်းဆို အိမ် ၊ခြံမြေတွေ ဝယ်တော့မယ်ဆို ….ဝယ်တဲ့လူက အခွန် 30%ဆောင်ရမယ်တဲ့ .. တရားဝင်တော့ ကြော်ငြာမထွက်သေးဘူး .. ဒါပေမယ့် … ဩဂုတ်လ12ရက်လောက်မှာတော့ … သတင်းထွက်လာမယ်ဆိုပြီး …. ဟိုနား ဒီနား စနည်းနာရင်း ကြားခဲ့ပါတယ် … ။တကယ်သာ အဲ့သတင်းမှန်နေလျှင် … စဉ်းစားကြည့်ကြပါ ….။ လခစား ၊ အလုပ်သမားတွေမို့ … ရှိစုမဲ့စုလေး ၊ ချွေတာစားပြီး ဖဲ့စုလာလို့ …. အိုးပိုင်အိမ်ပိုင်လေးဝယ်ဖို့ ရပြီထား …. အခုဆို အခွန် 30% နှုန်းဆိုတော့ …. ဥပမာ သိန်း 100ပေါက်တဲ့ အိမ်ဝယ်နိုင်ဖို့ စုစုပေါင်း ငွေ သိန်း 130ရှိမှ ဖြစ်တော့မယ် …. အဲ့လိုပဲ ..တန်ဖိုး ကြီးလျှင် ကြီးတဲ့ အလိုက် အခွန်ဆောင်ရတော့မယ် ……. ။ မူရင်းတန်ဖိုးရော အခွန်အတွက်ရော .. ပိုက်ဆံ စုလိုက် … အချိန်ကြာလို့ အိမ်ဈေးတွေက တက်လိုက်နဲ့ …. ။
    ထင်ပါတယ် …… နောက်ပိုင်း.. လခစား ၊ နေ့စား ၊ လက်လုပ်လက်စားတွေအတွက် … အိုးပိုင် အိမ်ပိုင်ဖြစ်ဖို့က မလွယ်လောက်တော့ပါဘူး …
    လမ်းထိပ်က မီးကင်းလိုမျိုးတောင် ဝယ်ဖို့ မှီပါ့မလား မသိတော့ဘူး … ။ ဪ …….. ဘဝ ဘဝ … ခြေသလုံး အိမ်တိုင်တွေ များဖြစ်ဦးမလား …….. ရင်မောတယ် 🙄

  • Mလုလင်

    July 30, 2012 at 7:46 pm

    အဲ့လို အခွန် တန်ဖိုး ကို အိမ်ဝယ်သူ တွေ ပေးရမယ် ဆိုတာ အတည်ဖြစ်ရင် .. အိမ် ဝယ်မယ့် သူ နည်းသွားနိုင်ပါတယ်။ ဈေးကွက် သဘော အရ .. ရောင်းမယ့်သူများ ပြီး ဝယ်မယ့်သူ နည်းသွားရင်ဖြင့် ရောင်းကုန် ဈေး ကျတတ်တာကြောင့် ……. လက်လုပ်လက်စား၊ လူလတ်တန်းစားတွေ တိုက်ခန်း တစ်ခန်း လောက် ဝယ်နိုင်ရေး ဆိုတဲ့ အိပ်မက် အကောင်အထည် ပေါ်နိုင်မှာပါ။ အဲ့ဒီတော့ ခုနေ ခါ 100 ပေါက်နေတဲ့ တိုက်ခန်း က အဲ့နေခါ ကျ 75 လောက်ပဲ ပေါက်တော့မှာ မို့ 30 ရာခိုင်နှုန်း ဆောင် ရရင်တောင် လက်ရှိ ပေါက်ဈေး 100 ထက် သက်သာ တဲ့ 97.5 သိန်းလောက်ပဲ ကျတော့မှာ မို့ ……
    အဲဒါလေး တစ်ခုကိုတော့ ကြိုဆိုပါတယ်ဗျာ … အဲဒါလေး ပါ …..။
    သူကြီး ပြောသလို မတူ တဲ့ အမြင် နဲ့ မန့် ကြည့်တာပါဗျာ .. တစ်ခါတစ်လေ လေး… အကောင်းမြင်ကြည့်တဲ့ သဘော ပေါ့ …။

    • etone

      July 31, 2012 at 10:18 am

      ကိုလုရေ… အခွန်မြင့်လိုက်လို့ ဝယ်လိုအား ကျသွားတာနဲ့ …. ရောင်းလိုအားတွေချည်းပဲ ကျန်နေလို့ ပစ္စည်းကို ဈေးလျော့ရောင်းမယ်ထင်လားဟင် …… ။ တိုက်ခန်းဆိုတာ ပုပ်ကုန်မှ မဟုတ်တော့ … ဗိုက်နာနေတဲ့ လူကလွဲလျှင် ကျန်တဲ့ လူက … မရောင်းတော့ပဲ ပြန်ဥထားတာမျိုးလုပ်မယ်ထင်ပါတယ် ….. ။
      အသာတော့မရှိသေးဘူး .. အနာကြီးပဲဖြစ်နေတဲ့ ဘွထဲ အကောင်းမြင်နိုင်ဖို့ ကြိုးစားရဦးမယ် …. 🙁

  • Mလုလင်

    July 30, 2012 at 7:55 pm

    စီးပွားရေး သဘောအရ လူတွေ ငွေသုံး ကြရင် တိုင်းပြည်မြန်မြန် တိုးတက်တယ် တဲ့ (မှားရင်ပြင်ပေးကြပါ။) ဆိုတော့ ပိုက်ဆံ ရှိရင် အိမ်ဝယ်၊ မြေဝယ် နဲ့ ငွေ တွေ အိပ်နေရာကနေ . မြေမဝယ်၊ အိမ်မဝယ် ပဲ တစ်ခြား (မှန်ကန်)နေရာ မှာ ရင်းနှီးမြုပ်နှံ ကြမယ်ဆိုရင် ဒါတွေကနေ တိုးတက် ဖု့ိ (မြန်မြန်) လမ်းစ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ငွေ မအိပ် မနေ ပဲ .. လည်ပတ် နေတာကလဲ တိုင်းပြည် တိုးတက် ရာ တိုးတက်ကြောင်း လမ်းစ တစ်ခု ပဲ မဟုတ်ပါလား …။ သမ္မတ အကြံပေး နဲ့ စီးပွားရေးပညာရှင် ကြီးတွေ နောက် အမေစု နောက် တခြား ကန်လန့်ကာ နောက်က ပညာရှင် တွေ နဲ့ နေ့တိုင်း နီးပါး ခေါင်းချင်းတိုက်ပြီး ထွက် လာတဲ့ (လုပ်သင့်တယ် ဆိုတဲ့) အကြံဉာဏ် တစ်ခု ကိုတော့ တစ်ထိုင်တည်း စဉ်းစား ပြီး တွေးလို့ရတာ မန့်လိုက်တာ မို့ လိုကောင်းလို နိုင်တာ မို့ …. လို တာလေး တွေ ဖြည့် ပေးကြပါလို့ ……

    လေးစားစွာဖြင့်
    Mလုလင်

  • မောင်ပေ

    July 30, 2012 at 8:50 pm

    ၂၀၁၂ ခုနှစ်အထိ ကျွန်တော် ကြုံခဲ့ရသလောက်ကတော့
    အခွန်ရုံးကို သွားရင်
    စာရေးမ/စာရေးထီး တွေနဲ ့အရင်တွေ ့ရတယ်
    ဘာကိစ္စကြောင့်လာတာလဲ ဆိုတာ / အမှန်က သူရို ့က ( ဥစီးမှူးက ) ခေါ်ထားလို ့လာတဲ့ဟာကို
    ဘာကြောင့်လာရသလဲ ဆိုတဲ့ မေးခွန်းကို အရင်ဖြေ
    ပြီးရင်… ဥစီးမှူး အားသည်ဖြစ်စေ/မအားသည်ဖြစ်စေ ခဏတော့ထိုင်စောင့်
    ထိုင်နေတဲ့အချိန်အတွင်းမှာ စာရေးမ/ထီး က ဥစီးမှူးကို ဘယ်သို ့ဘယ်ပုံ ပေးကမ်းရင် ဘယ်သို ့ဘယ်ပုံ သက်သာမယ်ဆိုတဲ့အကြောင်း လက်ချာပေးမယ် ။
    မညည်းပါနဲ ့… ညည်းခွင့်မရှိ… ရှောင်ခွင့်မရှိ
    ညည်းရဲညည်းကြည့်… ခါတိုင်း ၁သိန်း အခွန်ဆောင်ရရင် ညည်းတဲ့အခါ ၂ သိန်းပဲ
    မညည်းပဲ ၊ ပြေလည်ရာပြေကြောင်း ကပ်ငြှိ ၊ ခါတိုင်း၁သိန်း ကို ခါတိုင်းလို ၁သိန်းပဲ

  • ကိုသင်း

    July 30, 2012 at 9:42 pm

    တားတား ထမင်း အချားတော့ဘူး
    တားတား ဈေးဝယ် အတွားတော့ဘူး
    တားတား တေချင်တေ ဘာမ မနုပ်တော့ဘူး
    အိမ်မါပဲ နေတော့မယ် စောက်နုပ်ရှုပ် နွန်းနို့……..
    တ …..ဒန်……တန့်……ဒန်……..

  • ကြောင်ကြီး

    July 31, 2012 at 8:43 am

    အခွံဆောင်ခြင်းသည် နိုင်ငံသားဒိုင်း တာဝံဖြစ်ပြီး အနှစ်အသားကတော့ အုပ်ချုပ်သူများ အတွက်ပါ။
    ယူအက်စ်မှာ ကော်ပိုရေးရှင်းကြီးတွေ လုပ်ငန်းချဲ့ ရင်းနှီးမြှုပ်နှံမှု စွန့်ရဲအောင် ပြည်နယ်၊ ဖက်ဒရယ် အစိုးရများကနေ အခွန်ကင်းလွတ်၊ လျော့ပေါ့ခွင့် မက်လုံးတွေပေးတယ်။ ဒါမှ အလုပ်အကိုင် အခွင့်အလန်းတွေ ပေါလာမှာကိုး။ နှစ်ကုန်တဲ့အခါ သူတို့ဆောင်စရာ ရှိတဲ့ ပုံမှန်အခွန်ထဲကနေ ဘဲစားဘဲချေ လုပ်လိုက်တဲ့အခါ အစိုးရဘဏ္ဍာတိုက်ထဲ တပြားမှရောက်မလာတော့ဘူး ဒီလိုနဲ့ မီဒီယာတွေမှာ ပွက်လောရိုက်ကုန်ကြတာပဲ။ မပေးပြန်တော့လည်း ဒင်းတို့က ငွေပုံဂျီးပေါ် ဖင်ခုထိုင်နေဂျသဗျ၊ ငွေအရင်းအနှီးတွေ ပြည်ပမှာ သွားမြှုပ်နှံပစ်ကုန်ဂျမှာ စိုးတော့လည်း အပေးအယူ မလုပ်မဖြစ်လုပ်ရတာပဲ။ မြန်မာပြည်မှာလည်း လုပ်ငန်းရှင်ဂျီးများ အမြတ်ရဖို့ သိပ်စွန့်စား ရုန်းကန်နေရလို့ ဖြစ်မှာပေါ့ဗျာ။ နားလည်ပေးကြပါ… 😆

Leave a Reply