သည်းခံရဦးမှာပေါ့
ကျွန်မတို့နိုင်ငံက ယခုထက်ထိ ဖွံ ့ဖြိုးစဲနိုင်ငံအဖြစ်ရပ်တည်နေရသေးလို့လား မသိဘူး …. ပါ့ဘလစ်နေရာတွေမှာ ပရိုက်ဗိတ်ဆန်ဆန် ပြုမူနေတာတွေ တွေ့နေရတုန်းပါပဲ ။ တွေ့မိမြင်မိတာ ၊ အကြိမ်ကြိမ်ဖြစ်လာတော့လည်း ပို့စ်ရေးပြီး အများမြင်အောင် ချပြချင်တဲ့စိတ်ဖြစ်လာမိပါတယ် ။ အကျိုးကြောင်းတိုက်ဆိုင်လို့ .. အဖြစ်ပျက်တူသူတွေထဲက ဖတ်မိလျှင်လည်း ၊ ပါ့ဘလစ်နဲ့ ပရိုက်ဗိတ်ခွဲခြားတတ်မယ်ဆိုလျှင် … တစ်ယောက်ပဲ ဖတ်မိစေဦးတော့ ……..ရေးရကျိုးနပ်တယ်လို့ မှတ်ယူပါမယ် …… ။ တိုက်ဆိုင်သူတွေက ဝိုင်းပြီး မေတ္တာပို့မယ်ဆိုလည်း … ကျိန်စာဝလေ လှလေလို့ သတ်မှတ်ပြီး ……ခံယူပါမယ် ….
%%%%%%%%%%%%%%%%%%
ဘိုးတော်ဘုရား လေးဘက်သွားတဲ့ ခေတ်တွေကတည်းက ဖက်ကြမ်းဆေးလိပ်သောက်လာရာကနေ … အခုဆို လမ်းမတွေပေါ်မှာ စီးကရက်လက်ကြားညှပ်လို့ သောက်နေတဲ့အမျိုးသားတွေ အရွယ်စုံ အတန်း စုံ တွေ့ရမှာပါ ။ ကြိုက်လို့ပဲ သောက်ကြသလား ၊ စတိုင်လုပ်ပြီးပဲ သောက်ကြသလားတော့မသိဘူး …..ဘေးလူအနှောက်ယှက်ဖြစ်ရတာ ဒီဆေးလိပ်ငွေ့တွေကြောင့်ပါပဲ … ။ အနံ ့ရှုရှိုက်ရုံနဲ ့တောင် လူကို ဒုက္ခဖြစ်စေတတ်တဲ့ ဆေးလိပ်ငွေ့ပါ … လူအုပ်ထဲသွားရင်း ဆေးလိပ်သောက်နေတဲ့ လူတွေကို အဝေးက ကြည့်လိုက်လျှင် …. စက်မှုဇုံတွေက မီးခိုးခေါင်းတိုင်တွေလိုပါပဲ … အငွေ့ တလူလူနဲ့ပေါ့ ။ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်ဆိုတဲ့ စာတန်းတွေ ဆေးလိပ်ဗူးပေါ်ကပ်ပါလာတတ် တာတောင် … အသက်ထက်ပိုခင်တွယ်တဲ့ ဆေးလိပ်ကို မခွဲနိုင်ကြသလိုပါပဲ …. ။ ချောင်းဆိုးရင်ကြပ်တာက စလို့ … ကင်ဆာအထိ ဖြစ်နိုင်တဲ့ ဆေးလိပ်ရဲ့ အန္တရာယ် မသေးပေမယ့် ….. ကြိုက်လို့သောက်တယ် … နန်းမ်းအော့ဖ်ယွာဘစ်ဇနက်ဆိုလည်း ….. အက်စ်ယူလိုက်ပါ … ။ ဒါပေမယ့် …. ပါ့ဘလစ်လိုနေရာမျိုးမှာ ဘယ်သူ့ကိုမှ အားမနာဘူး….. ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် သောက်တယ်ဘာဖြစ်လဲဆိုလျှင်တော့ ……၊အနှောက်ယှက်ဖြစ်တယ်လို့ ထင်သူကသာ ၊ ဆေးလိပ်ငွေ့ မခံနိုင်သူကသာ ရှောင်ထွက်သွားရမှာပါ … ။ ပါ့ဘလစ်နေရာတွေနဲ့ ပတ်သတ်လို့ ဒီလိုအပြုမူမျိုးကို စည်းမျဉ်း စည်းကမ်း ရေရေရာရာမရှိသေးတဲ့ နိုင်ငံဆိုတော့ …….. သည်းခံရဦးမှာပေါ့ ……. ။
နောက်တစ်ခုကတော့ ……. မြန်မာနိုင်ငံရဲ့ ထရိတ်မတ်လို့တောင် ခိုင်းနှိုင်းတင်စားလို့ ရတဲ့ …. ကွမ်းတံတွေးကွက်တွေပါပဲ ….. ။သည်းခြေကျောက်တည်လည်းခံမယ်ဆိုပြီး … ကိုယ့်ပါးစပ်ထဲကိုယ်ဝါးတဲ့ ကွမ်းတော့ …. ဟုတ်ပါရဲ့ …….ကိုယ့်လည်ချောင်းထဲ ပြန်မျိုမချတာ ပြသနာပါ ။ ပြည်သူပိုင်ဆိုတဲ့ နေရာတွေမှာရော .. ကတ္တရာလမ်းတွေမှာပါ …… ကိုယ့်လက်ကလွတ်လျှင် ပြီးရောဆိုတဲ့ စိတ်တွေနဲ့ ……. ထွေးချင်တဲ့ နေရာ ထွေးချကြတယ် ……. ။ကွမ်းတံတွေးထွေးဖို့ နေရာတွေ လုပ်ထားပေးလျှင် … သတ်သတ်မှတ်မှတ်မထွေးကြပဲ … အဆင်ပြေသလို ကွမ်းတံတွေးထွေးကြတော့ အဲ့ဒီနေရာတွေတောင် …. အခုဆို … အမှိုက်ပစ်သူကပစ်နဲ့ …. ကွမ်းတံတွေးထွေးဖို့ လုပ်ထားပေးမှန်းတောင် မသိတော့ပါဘူး ….. ။
ကွမ်းတံတွေး မထွေးရလို့ စာရေးထားလျှင် ရေးထားတဲ့နေရာကို ဖျက်လို ဖျက်ဆီးစိတ်နဲ့ … ကွမ်းတံတွေး ထွေးသွားကြတယ် ။ တစ်ခါတစ်လေ …….လမ်းသွားရင်း မလွတ်မကင်းထွေးလိုက်မိလျှင် ပေမိတဲ့ လူက သက်သက် စိတ်အနှောက်ယှက်ဖြစ်ရပါရော ….. ။ ကားစီးသွားရင်း ….. ငေးချင်ရာငေးထွေးလိုက်တဲ့ ကွမ်းတံတွေးကြောင့် ကားနားကဖြတ်သွားလို့ စင်ခဲ့လျှင် ၊ တောင်းပန်ဖို့တောင် သတိမရတတ်ကြဘူး ။ ခဏခဏမြင်ရလေ့ရှိတဲ့ မြင်ကွင်းမျိုးကတော့ ….. ကားပေါ်မှာ ပါးစပ် အငြိမ်မနေနိုင်လို့ ကွမ်းဝါးကြပါတယ် …ဝါးပြီးသားကိုလည်း အားနားပါးနာ စည်းကမ်းလိုက်နာတဲ့အနေနဲ့ ကြွတ်ကြွတ်အိတမလုံ ့တလုံနဲ့ပြန်ထွေးထုတ်တယ်ပေါ့ …. ။ အဲ့ဒီကြွတ်ကြွတ်အိတ်ကို …. အမှိုက်ပုံးမထားပေးတဲ့ ကားပေါ်ကနေ … လမ်းပေါ်ကို အလျဉ်းသင့်လျှင် သင့်သလို … ဘယ်သူစင်စင် ငါမစင်လျှင်ပြီးရောလို့တွေးပြီး ပစ်တတ်ကြသလို …… လက်ထဲမှာ ကိုင်ထားလျှင်လည်း …. ဟိုလူ့ကို လိုက်ကပ် ဒီလူ့ကို လိုက်ကပ်နဲ့ ….. မြင်ရတာတောင် ၊ အတော်လေး စိတ်အနှောက်ယှက်ဖြစ်ပါတယ် …. ပါ့ဘလစ်နေရာမှာတောင် အားမနာတတ်တဲ့လူမျိုးတွေရှိနေတော့လည်း …. အောင့်သက်သက်နဲ့ … သည်းခံရဦးမှာပေါ့ ။
တန်ဖိုးကြီးရော ၊တန်ဖိုးမနိမ့်မမြင့်ရော … တန်းဖိုးနည်းရော .. ဖုန်းတွေ ပေါ်လာကတည်းက ……. ဘယ်နားမှာပဲ ဖြစ်ဖြစ် နတ်ကန္နားပေးနေသလို အသံစုံထွက်နေတာကတော့ …….. ဖုန်းringtone သံတွေနဲ့ ဖုန်းအော်ဟစ်ပြောဆိုသံတွေပါ ။ မနက်စောစောလေး အိပ်ချင်မူးတူးနဲ့ ကားစီးလာရင်း ၊ ဘေးက ထမြည်တဲ့ ဖုန်းသံနဲ့ ခုနှစ်အိမ်ကြားရှစ်အိမ်ကြား အာကြီးဖြဲအော်နေတဲ့ ဖုန်းပြောသံတွေကြောင့်လည်း အိပ်ငိုက်ခဏပြေခဲ့ဖူးပါတယ် ။ တကားလုံးက ဝိုင်းကြည့်လဲ ဘယ်လို အကြည့်နဲ ့ပဲ ကြည့်ကြည့် …. ရှက်ရကောင်းမှန်း မသိကြပါဘူး …. ဒီလိုပါပဲ ရုပ်ရှင်ရုံလိုနေရာမျိုးမှာ အားလုံးက စိတ်ဝင်တစား ရုပ်ရှင်ကြည့်နေတုန်း ….. ဟိုနား ဒီနားက ထမြည်လာတဲ့ ဖုန်းသံတွေ ၊ အားမလို အားမရ ဖုန်းကို မတ်တပ်ထပြောတာတွေကြောင့် .. အပမ်းဖြေလာသူတို့ကို အနှောက်ယှက်ဖြစ်စေပါတယ် … ။ တစ်ချို့ဆို ရှိသေးတယ်အသံကို အကျယ်ဆုံးထားပြီး … ဖုန်း ringtone ကသီချင်း မဆုံးမချင်း နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတာမျိုးပါ … ။ဘတ်စ်ကားပေါ်မှာ ဖုန်းကို စပီကာဖွင့်ပြီးပြောကြသလို … သီချင်းအကျယ်ကြီးဖွင့်ပြီး ကိုယ်ပိုင်အခန်းထဲမှာလို နားထောင်နေတာမျိုးကလည်း …. စိတ်တိုချင်စရာပါ ။ ဒီမှာ လူအများစုကပါ့ဘလစ်နေရာတွေမှာ… မြင်နေကြ လုပ်နေကြမို့ ရှက်ရကောင်းမှန်း မသိကြတာမျိုးပါ ။
ဂျာမဏီက ကျွန်မဧည့်သည်လာလို့ ဒင်နာအတူစားတော့ ….. နင်တို့ နိုင်ငံက လူတွေ ပါ့ဘလစ်နေရာမျိုးမှာ ရှက်ရကောင်းမှန်း မသိဘူးလားလို့ အမေးခံခဲ့ရဖူးပါတယ် …….. ။ လူမြင်ကွင်းမှာ ဖင်ပေါ် ခေါင်းပေါ် ဖြစ်နေမှ ၊ ခိုးဝှက်လုယှက် ၊ လိမ်လည်နေတာတွေကိုပဲ ရှက်စရာအဖြစ် သတ်မှတ်တာ မဟုတ်ပါဘူး … ပါ့ဘလစ်နေရာတွေမှာ လူ့အသိစိတ်ဓါတ်ရှိရှိနဲ့ အံဝင်အောင် မနေနိုင်တာကလည်း ရှက်စရာပါတဲ့လေ …… ။ နိုင်ငံကြီးသားမပီသဘူးပေါ့ သူဆိုလို ချင်တာက ……. ။ ပြောရလျှင် ကိုယ့်နိုင်ငံကိုလည်း လာသေးတယ် …. ၊ ကိုယ့်လူမျိုးတွေကိုလည်း ဝါးလုံးရှည်နဲ့ သိမ်းကျုံးပြောတယ် …ကိုယ့်ကိုလည်း လက်ချာရိုက်သေးတယ်ဆိုတော့ … ဖီးလ်အတော်ငုတ်သွားပါတယ် …. ပြန်ချေပဖို့ ကြိုးစားပေမယ့် ….. သူပြောတာတွေလည်း အမှန်မို့ … စကားလုံးရှာမရပဲ ….. ပြောသမျှ ငြိမ်နားထောင်ပြီး .. သည်းခံရဦးမှာပေါ့လေ …. ။ ။
25 comments
P chogyi
July 31, 2012 at 4:50 pm
သည်းခံလိုက်ပါလေ
အခုမှ ဖွံ့ဖြိုးဆဲနိုင်ငံပဲရှိသေးတာ
ဒီလိုပဲဖြစ်တတ်ပါတယ်။
mamanoyar
July 31, 2012 at 4:56 pm
ကွမ်းတွေးကတော့ တကယ်ပဲမှန်တယ်
နေရာတကာ ကွမ်းတွေးတွေကြောင့် ညစ်ပတ်ကုန်တယ်
ဟီးးးးးးးး ဖုန်းပြောတာတော့ နိုရာလဲနည်းနည်းအသံကျယ်တယ်
တောသူဆိုတော့ အကျင့်ပါနေတာ အရမ်းကြီးတော့မကျယ်ပါဘူး
ဒါပေမယ့် ပတ်ဝန်းကျင်နဲ့ဆိုတော့ အားနာလို့ ထိန်းပြောဖြစ်ပါတယ်
မွန်မွန်
July 31, 2012 at 5:22 pm
အစ်မရေ…မွန်မွန်ခံစားနေရတာတွေနဲ့ တကယ်ကို ကွက်တိပါပဲ…
သိတဲ့အတိုင်း ရန်ကုန်မှာက လူသွားလမ်းသက်သက်ရယ်မရှိဘဲ လမ်းလျှောက်ရင် ရှေ့လူနောက်လူ၊ ရှေ့ကားနောက်ကား ရှောင်လျှောက်နေရတဲ့အချိန်မှာ ရှေ့ကလူက ဆေးလိပ်သောက်တော့ အနောက်ကလမ်းလျှောက်တဲ့လူတွေက အသားလွတ်ရောဂါရတယ်။ မွန်မွန်ဆို ဆေးလိပ်ငွေ့ရှူမိရင် ချက်ချင်းရင်ကျပ်တော့တာပဲ…တော်တော်ကို စိတ်တိုမိတယ်…
ကွမ်းတံတွေးကတော့ အရွံဆုံးပဲ…ကြည့်တာနဲ့ကို အန်ချင်တာ…(ဒါပေမယ့် ကွမ်းယာရောင်းတာကတော့ တော်တော်ကိုမြတ်တယ်ဆိုပဲ…) 🙂
နောက်ပြီးတော့ ဖုန်း… ဘယ်အချိန်မှာစိတ်အတိုဆုံးလဲဆိုတော့ စာသင်ခန်းထဲမှာ ဖုန်းသံတွေထမြည်တာ…စာသင်နေတဲ့အချိန်မှာ ဟိုက ထမြည်၊ ဒီက ထမြည်နဲ့… စာသင်မယ်ဆိုတာ သိနေတာပဲ.. စာသင်ချိန်မှာ silent လုပ်ရမယ်ဆိုတာ ဘယ်သူကမှ ပြောနေစရာမလိုပဲ သိရမှာ…
အခုတော့ အစ်မပြောသလိုပဲ သည်းခံနေရဦးမှာပေါ့နော်… ခန္တီစ..သည်းခံခြင်းသည် မြတ်သောမင်္ဂလာတစ်ပါးဖြစ်သည်…. 😛
ရဲစည်
July 31, 2012 at 5:43 pm
မမအီးတုံးဗျ
ဒါအမှန်တရားတွေလို့ ပြောလိုပါတယ်
ကျနော် ဆေးလိပ်သောက်ပါတယ် ပါးဘလစ်မှာတော့ မှတ်မိသလောက် ပြောရရင် မသောက်ဖူးပါ(သိပ်မကြိုက်တာလဲ ပါကောင်း ပါနိူင်ပါတယ်)
ကွမ်းကိုတော့ အလွန်ကြိုက်မိပါတယ် ဒါပေသိ ဗျစ်.. ဗျစ် နဲ့တော့ မထွေးတတ်ပါ ဘာလို့လဲ မေးရင် ကွမ်းကို စပြီးစားကတည်းက မြုံပီးထားတတ်တဲ့ အကျင့်ရှိလို့ပါ။
ဖုံးကိစ္စကတော့ မြန်ပြည်ဖုံးတွေက အဲလိုအော်မှ ရတတ်သမို့ နည်းနည်းတော့ အော်ရမယ် ထင်ပါတယ်။ ဒါပေသိ လူကြားထဲ ဖုံးကို အကြောင်းကိစ္စ အရေးကြီးတစုံတရာ မရှိဘဲ အော်ကြီးစွတ်ကျယ် ပြောတာတော့ ကျနော်လဲ အတော်ကို ချဉ်ပါတယ်…ဆိုတော့ကာ
အရင်းစစ်သော်
နိူင်ငံဖွံ့ဖြိုးတိုးတက်မှု ဆိုရာထက် နိူင်ငံသားများ၏ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်မှု အသိဉာဏ်သာ အရေးကြီးကြောင်း ထပ်လောင်း ထောက်ခံ ပြောလိုပါတယ်။
ကျနော်တို့တွေ အတုခိုးတဲ့နေရာမှာ ကောင်းတာတွေကို များများ အတုခိုးဖို့လိုအပ်နေသေးကြောင်း ဆိုလိုတာပါ…….
Thanks for your Thinking….
ster
July 31, 2012 at 6:11 pm
အဲဒါမျိုးတွေက ဘေးက လိုက်ပြောနေတာထက် ကိုယ်စီ ကိုယ်ပိုင်အသိဉာဏ်နဲ. နေထိုင်သင်.တဲ.အရာတွေလို.ထင်ပါတယ်၊
အခုမှ စမယ်. generation က နေပြီး အဲဒီလို အသိစိတ်မျိုးတွေ ရှိအောင် တတ်နိုင်သလောက် သွင်းပေးရင် နောက်ပိုင်းတော. ok သွားမယ် ထင်ပါတယ်။
အလင်းဆက်
July 31, 2012 at 8:00 pm
ဒါပဲ.ပဲ..ဗျာ.။ ကျွန်တော်တို ့..အတွက် သီးခံရတာတွေ.တော့ များနေပါပြီ ။
သန်းထွဋ်ဦး
July 31, 2012 at 8:42 pm
Passive smokers တွေက ရောဂါပိုဖြစ်လွယ်ပါတယ်ဗျာ။
ko khin kha
July 31, 2012 at 8:55 pm
ပြောမဆုံးပေါင်တော၃တောင် မကပါဘူး မအိတုံရေ။
ကွမ်းလေးတပျစ်ပျစ်ကတော့ ကြည့်၍သာရှောင်ရှားခြင်းသည် လက်ရှိအနေ အထားအရ ကောင်းပါ၏။ ဆေးလိပ်လေးတဖွာဖွာကတော့ လက်ကိုင်ပဝါလေး ဆောင်ထားရင်ပိုကောင်းနိုင်မှာပါ။
စည်းကမ်းရှိခြင်းထက် စည်းစနစ်ကျခြင်းဖြစ်ဖို့လိုနေတာပါ။ အခုအတော်များများက သူနေရာနဲ့သူ လုပ်သင့်လား၊ မလုပ်သင့်ဘူးလား စနစ်တကျလေ့လာမှု အားနည်းကြ တဲ့သဘောပါ။ အစည်းအဝေးတစ်ခုတက်မယ် မိမိလက်ကိုင်ဖုန်းကို meeting ပြောင်းရမယ့် စနစ်ကိုမသိတတ်ကြဘူး၊ မမွန်မွန်ပြောသလို စာသင်ခန်းထဲမှာ လက်ကိုင်ဖုန်းမည်သံကို Silent ပြောင်းရမယ့်စနစ်ကို နားလည်ကြပုံမရတာများလား၊ စနစ်တကျဖြစ်ကြဖို့ဆိုရင် စနစ်ကောင်းရှိဖိုလိုပါတယ်၊ အဲဒီစနစ်ကောင်း နှစ်ပေါင်းများ မရှိခဲ့တော့လည်း ချက်ခြင်းကြီးပြောင်းလဲကြဖို့ဆိုတာမဖြစ်နိုင်သေးတာမို့ ကိုယ်ကို ကိုယ်ကာကွယ်လို့သာနေရပေအုံးမည်သာတည်း။
ပင်လယ် ပျော်
July 31, 2012 at 9:18 pm
အနော်ကိုယ်တိုင်လည်း ဆေးလိပ်သောက်တတ်ပါတယ်….ဒါပေမဲ့ပါ့ဘလစ်နေရာမျိုးမှာတော့ အတတ်နိုင်ဆုံးရှောင်ပါတယ်..နဂါးမျက်စောင်းတွေကြောက်လို ့ပါ.. အိမ်မှာဆိုရင်လည်း ဂျီးဒေါ်ကြီးနဲ ့နောင်ချိမ် ပလေး ရတာလည်း မကြာခဏပါ…
ကွမ်းတံတွေး ထွေးတာကတော့ ဝမ်းလျှောတဲ့သူတွေ ဝမ်းမထိန်းနိူင်သလိုပဲနဲ ့ထင်ပါတယ်..သနားစရာပါ..ဟီးဟီး
မောင်ပေ
July 31, 2012 at 9:20 pm
အိတုန်ရေ
ယဉ်ကျေးမှု တစ်ရပ်လို လုပ်နေကြတဲ့ ဒီကိတ်စတွေ ကို
ဘယ်လို ရှင်းကြမလဲ ဆိုတာပါ တစ်ပုဒ်ရေးပေးပါဦး
မန်းတလေးမြို ့က ရှေးအဘိုးကြီး အဘွားကြီးတွေ ဆိုရင် အခုထက်ထိ ဧည့်သည်လာရင် ကွမ်း ၊ ဆေးလိပ် နဲ ့တည်ခင်း ဧည့်ခံနေကြတုန်းကလား ။
htet way
July 31, 2012 at 9:34 pm
တကယ်ကောင်းတဲ့ ဆောင်းပါး လေးပါ
အားပေးတယ် ဆရာမလေးရေ့
ကွမ်းဆေး ဆိုတာ ကောင်းကျိုး ဘာမှ မပေးဘူး ဒီကြားထဲ အဲ့ဒီသူတွေက စည်းကမ်းမရှိတော့………..
MaMa
July 31, 2012 at 9:58 pm
ဆင်ခြင်သင့်တာ ပြင်ဆင်သင့်တာတွေကို ရေးကြပြောနေကြပေမယ့်………
လိုက်နာဖို့ အားနည်းနေကြတာ၊ ပြုပြင်ဖို့ မကြိုးစားကြတာတွေကို……
အသိစိတ်ဓာတ်ရအောင် လူတန်းစားအစုံ သိနိုင်အောင် ဘယ်လိုများ လုပ်ကြရမယ် မသိ 🙁
htoosan
July 31, 2012 at 10:25 pm
ဗရာကြော်ပါ အိတုန်ရေ ..
မနိုင်၍ သည်းခံခြင်းဖြင့် သည်းခံနေရသည့်ထဲမှာ ပါနေပါသည်။
မနိုင်ဆို ကိုယ့် လက်အောက် အလုပ်သမားတောင် ကွမ်းမစားနဲ့ဆိုတာ ပြောမရဘူး ။
ကိုပေါက်(မန္တလေး)
July 31, 2012 at 10:44 pm
ဘာမှ ဘာမှ မတတ်နိုင်ပါ………………………..
(ငယ်ငယ်တုန်းက ကြားဘူးတဲ့သီချင်းလေးပါ)
မိုက်ကယ်ဂျော်နီအောင်ပု
July 31, 2012 at 11:27 pm
ဒါကတော့ ဒေါက်တာဆရာမအီးတုံး ရယ် အကြောင်းတစ်ခုပေါ်မှာ အခြေခံပြီးမှ အကျိုးခံစားရမှာပါ
ဥပမာ
အင်္ဂလိပ်လက်ထက်က နယ်ချဲ့တွေကို မြန်မာ့အာဇာနည်ကြီးတွေ တော်လှန်ခဲ့ကြလို့
ကျနော်တို့တွေ ခုဆို လွပ်လပ်တဲ့ တိုင်းပြည်သူပြည်သားလိင်တူချစ်သူမှား ဘဝနဲ့နေနိုင်ခဲ့ကြတာပါ
ခုအကြောင်းကိုလည်း
နယ်ချဲ့လို့သဘောထားပြီး ဒေါက်တာဆရာမအီးတုံး အနေနဲ့ အာဇာနည်ကြီးတွေလို
ကိုယ့်ကိုယ်ကိုယ်သဘောထားပြီး တွန်းလှန်ခြေဖျက်နိုင်ခဲ့မယ်ဆိုရင်
ဒေါက်တာဆရာမအီးတုံး တို့ရဲ့ နောင်အနာဂတ် သားသားလေးတွေ မီမီးလေးတွေ
ဟိုဒင်းလေးတွေ 😀 လက်ထက်ကျရင် ဒီလိုကိစ္စတွေ မရှိတော့တန်ပါရဲ့ခင်ဗျား
ဦးဦးပါလေရာ
August 1, 2012 at 12:03 am
ဖုန်း ကိစ္စကတော့ ဒီကလူတွေ ခေတ်မမီ တောဆန်နေသေးလို့ထင်ပါရဲ့ အိတုန်ရေ..။
ပြောသာပြောရတာ ဒီတောသားတွေ သူများနိုင်ငံရောက်တော့လဲ ဘူတာရုံမှာ၊ အမ်အာတီထဲမှာ အော်ကြီးဟစ်ကျယ်ပဲ။ လူတကာက အထင်သေးတဲ့အကြည့်နဲ့ဝိုင်းကြည့်လဲ နဲနဲမှမတုန်လှုပ်ဘူး….။ 🙁
ကွမ်းကတော့ စည်ပင်ဥပဒေကို မလိုက်နာတာပါ။ စည်ပင်ဥပဒေနဲ့အရေးယူနိုင်တဲ့နေ့မှ အဆင်ပြေမှာလို့ထင်တယ်။ အသိစိတ်ဓါတ်နဲ့ပြင်သွားဘို့ကတော့ မထင်ရေးချမထင်…။
ဦးလေးမန္တလေးမှာနေတုန်းက စက်ဘီးစီးရင်းကွမ်းစားရင် ထွေးချင်တဲ့အခါ အမြဲပဲ စက်ဘီးရပ်ပြီး လမ်းဘေးမြေသား သို့မဟုတ် သစ်ပင်စိုက်ထားတဲ့မြေသားနေရာမှာထွေးတယ်။ လူတွေက ဦးလေးကို အရူးလိုကြည့်တာ အမြဲခံရတယ်။
ဆေးလိပ်ကတော့ မသောက်ရမယ့်နေရာတွေအတွက် ဥပဒေရှိပြီးသားပါ။ တကယ်တော့ မသောက်ရမယ့်နေရာတွေ သတ်မှတ်ရမှာမဟုတ်ဘူး။ သောက်နိုင်တဲ့နေရာတွေသာသတ်မှတ်ပြီး အဲဒီနေရာမှအပ ဘယ်မှာမှမသောက်ရဘူးလို့ ဖြစ်ရမှာ။ တဖြေးဖြေးမှ ဖြစ်နိုင်မှာပါ။ လက်ရှိမှာတော့ ဆေးရုံ၊ ကျောင်း၊ ဘူတာရုံ၊ ကားမှတ်တိုင်၊ဈေး နဲ့ လူအများစုဝေးရာနေရာတွေ၊ မှန်အလုံပိတ်ထားတဲ့ စားသောက်ဆိုင်တွေမှာ မသောက်ရဘူးဆိုတဲ့ ဥပဒေပဲရှိပါသေးတယ်။ အဲဒါတောင် မလိုက်နာကြသေးပါဘူး။
ပျက်စီးလာတာက မျိုးဆက် နှစ်ဆက်စာလောက်ရှိပြီဆိုတော့၊ ပြန်ပြုပြင်ရင်လဲ အဲသလောက်များကြာဦးမလားမသိဘူး…. 🙁
marblecommet
August 1, 2012 at 2:26 am
ဆေးလိပ်ကတော့ အရင်ကနဲ့စာရင်
ဆယ်ပုံပုံ တစ်ပုံပဲသောက်တော့တယ်
ရှောင်ရမယ့်နေရာကိုလည်း ရှောင်သောက်မိပါရဲ့…
…..ကွမ်းကတော့ ကိုယ့်ဘာသာ ဘယ်တော့မှ ဝယ်မစား
ဘေးကကောင်တွေ ဆီက ပျင်းရင်တောင်းစားတယ်
နာမည်ပျက်ကွမ်းသမားပေါ့…..
ကားပေါ်က ကွမ်းထွေးချတဲ့ကောင် ကျနော့်အင်းကျီကို
လာစင်လို့ အဲဒီကွမ်းသွေးနဲ့ ဒင်းကို
ပြန်သုတ်တာနဲ့ ထိုးကြိတ်ခဲ့ရဘူးပါရဲ့…အဟဲ…..
ဒါပေမဲ့ ကျနော်က ပါ့ဘလစ်ချ်နေရာတော့ ရှောင်ပါသဗျ….
………
မအိတုန်ရေး ပို့စ်ကောင်းလေးကို လက်မထောင်
အားပေးသွားကြောင်းပါ
ခင်တဲ့……
ငကမ်း….
pu ma
August 1, 2012 at 7:09 am
မအိတုန်ရေ
မဖတ်ရတာကြာတဲ့မန်းဂေဇက်ကိုခုမှဝင်ဖတ်မိတယ်
မအိတုန်ပြောတာလေးတွေအားလုံးလူတိုင်းခံစားနေကြရတာပါ
ကွမ်းထက်ဆေးလိပ်ကပိုဆိုးပါတယ်၊ကွမ်းကဝေးရာရှောင်လို့ရပေမဲ့
ဆေးလိပ်ကတော့အနံ့ကဝေးလဲရနေတာ၊ပုမတော့မုန်းလွန်းလို့
အသိတရားမရှိသူတွေကိုသိအောင်အမုန်းခံပြောတယ်၊
ရွာထဲကsmokerများသတိထားနော်ပုမနဲ့တွေ့လို့ကတော့
အပြောခံရမယ်မှတ်
မအိတုန်နဲ့ထပ်တူခံစားသွားပါတယ်
ခင်တဲ့ ပုမ
surmi
August 1, 2012 at 9:14 am
ဒီပို ့စ်က ဒီနေရာမှာတင်မက လူအများဖတ်နိုင်တဲ ့နေရာတွေပါဖြန် ့ချီသင် ့တာပါ
ကိုယ်တိ်ုင် ဆေးလိပ်သောက်ကွမ်းစားတတ်ပေမမဲ ့ အနံ ့မခံန်ုင်တာဆိုတော ့
ကိုယ်ချင်းစာပါတယ် ။ ဆေးလိပ်သောက်ဖြစ်ရင်လဲ လေဝင်လေထွက်ကောင်းတဲ ့နေရာဘဲ
သောက်တော ့တယ် ။ဒီမှာက ပျက်အစဉ် ပြင်ရင်ကြာဆိုတော ့
သည်းခံလော ့ ဒကာမကြီး သည်းခံလော ့
ko khin kha
August 1, 2012 at 9:50 am
မအိတုံရေးတာတွေက မမှားပါဘူး ဒီလိုပါဘဲ အပြင်မှာတွေ့နေရတာက။
မအိတုံရေ စည်းကမ်းရှိစေချင်တာထက် ဒီပိုစ့်အရ စည်းစနစ်ရှိဖို့က ပိုလိုအပ်မယ်ထင်ပါတယ်။
စည်းကမ်းဆိုတာ သတ်မှတ်ထားတဲ့နေရာ ဝန်းကျင်နဲ့ဘဲပက်သက်တာ ဥပမာ- ဒီနေရာတွင်အမှိုက်မပုံရ၊ ကွမ်းတံတွေးမထွေးရ စသည်ဖြင့်ပေါ့၊ သူသတ်မှတ်တဲ့နေရာက လွန်ရင် အဲဒီသတ်မှတ်ချက်က မပက်သက် သလိုဘဲ၊ အဲ စည်းစနစ်ရှိစေချင်တာကတော့ လူတိုင်းလူတိုင်း သင့်လျော်၏ မလျော်၏ စဉ်းစားပြီး စနစ်ကျတာမျိူး ဒါက နေရာတိုင်း အချိန်တိုင်း အတွက်မှန်နိုင်တယ်၊ ဥပမာ- ကျွန်တော် ရန်ကုန်သွားဖို့ လေဆိပ်နားနေခန်းမှာ လေယာဉ်စောင့်နေတုံး နိုင်ငံခြားသူတစ်ဦးက ရေသန့် ဗူးဝယ်သောက် တော့ အဖုံးကပလပ်စတစ်ကိုခွာပြီး သူနဲ့အလှမ်းဝေတဲ့ အမှိုက်ပုံးစီမှာသွားထဲ့ပစ်တယ်၊ ကိုယ့်နိုင်ငံသားတစ်ဦး ကရေသန့်တစ်ဗူးဝယ်ပြီး သူကလေးကိုတိုက်ဖို့ ပလပ်စတစ်ကိုခွာပြီး သူနေရာက ကြမ်းပေါ်အလွယ်ပစ်ချလိုက်တယ်၊ ဒါက စနစ်ရှိတဲ့ဝန်းကျင်မှာကြီးပွားတဲ့သူရဲ့ အတွေးအခေါ်နဲ့ စနစ်မရှိခဲ့တဲ့ ဝန်းကျင်(တိုင်းပြည်)မှာကြီးပွားတဲ့သူတို့ ကွာခြားမှုပါဘဲ။ အဲဒီတော့ ညီမလေးအိတုံရေ ဒီလိုလုပ်ပါလား ကွမ်တံတွေးတပျစ်ပျစ် အတွက် လမ်းသွားရင် မျက်စိလေးရှင်ရှင်ထားသွား ခေါင်းကြည့်ငုံ မသွားနဲ့၊ ဆေးလိပ်လေး တဖွာဖွာအတွက်တော့ လက်ကိုင်ပဝါလေးတာ ဆောင်ထားပါ။ (ကျွန်တော် ဆေးလိပ်သောက်တတ်ပေမဲ့ လ္ဘက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်လွဲပြီး မသောက်ခဲ့ဘူးပါဗျာ။ အခုတော့ ဆေးလိပ်တောင်ဖြတ်သင့်ပြီဗျာ)ဖုန်းအသံကျယ် ပြောတာကတော့ ဒို့မြန်မာပြည်လိုင်းကိုက စနစ်မကျသေးလို့ အော်ပြောနေရတာလို့ဘဲ သည်းခံပေးပါနော်။
ခင်မင်စွာနဲ့အကြံပေးတာပါ စိတ်မဆိုးရဘူးနော်။
ခင်တဲ့ – ခင်ခ။
same kyaw
August 1, 2012 at 1:24 pm
တကယ်တော့ ကွမ်းစားတာ အိန္ဒိယ ကစခဲ့ပြီး မြန်မာပြည် က သူဒေသထက် ကျော်သွားပြီး။တခြားန်ိုင်ငံမှာဆို လဲ ကွမ်းစားရင် မြန်မာနိုင်ငံသားဘဲ ဆိုပြီး ပြဿနာ တက်တယ်။စည်းကမ်းမရှိတာလဲ ပါတယ်။ဆေးလိပ် ကတော့တိုးတက်နို်င်ငံမှာ ပါဘလစ် ဇုံရှိတော့တော်သေးတယ်။မြန်မာပြည်တော့ ဘယ်တော့ဖြစ်လာမလဲမသိသေးဘူး။ကွမ်းစားတာ ဆေးလိပ်သောက်တာ တကယ်တော့ စိတ်နဲ့လဲဆိုင်ပါတယ်။စိတ် ထိန်းနို်င်ရင် ရပါတယ်။အလကားနေ ကွမ်းစားတယ်ဆေးလိပ်သောက်တယ်ဆို တာတကယ်တော့ ယောကျင်္ားတွေ ထွက်ပေါက်ရှာနည်းပါတယ်။
myanmarcitizen
August 1, 2012 at 4:11 pm
ကားစီးရင်းကွမ်းစားတယ် ဒီလောက်ခနတာလေးတောင်မအောင့်နိုင်ကြဘူး၊
နာက် ကားမှတ်တိုင်မှာ ဆေးလိပ်သောက်တယ် သူစီမယ့်ကားလာတော့ အဲ့ ၅ဝတန် ဆေးလိပ်ကိုမလွင့်ပစ်နိုင်ဘူး (အဲ့ဒီလောက်ကို စွဲတာလား နှမြောတာလားတော့မသိ) ဒိုင်နာပေါ့ နောက်ကနေဆေးလိပ်သောက်ရင်းတွယ်စီးတယ်။
နောက်ပြီး သောက်တယ် တွေ့တဲ့နေရာက နေသောက်လာတယ်။ ကားစီးတော့ အနံတထောင်းထောင်းနဲ့။ လူကိုမှီပြီးတောင်အိပ်လိုက်သေး
အဲ့တော့ကျွန်တော်ကားစီးရင် ဘယ်တော့မှယောကျင်္ားလေးနားမှာမစီးဘူး ..မိန်းကလေးနားမှာပဲစီး တယ် နှာဘူးပြောလဲခံမှာပေါ့ 🙂 (ဒါက ကိုယ့်အကြောင်းကြော်ငြာတာ)
ကျွန်တော်စဉ်းစားမိတယ်ဗျ အဲ့လိုလုပ်တဲ့သူမျိုးတွေကလဲ ဒီလိုမျိုးနေရာကိုရောက်ပြီးဖတ်မိမှာမဟုတ်ဘူး။ ဒီမှာရှိတဲ့သူတွေကလဲ အဲလိုမျိုးမလုပ်လောက်ဘူး (ကိုယ့်ကိုယ်ကို စွတ်မြှင့်လိုက်သည်)။ ဂျာနယ်လဲဒီကောင် တွေဖတ်မှာမဟုတ်ဘူး။ အဲ့တော့ ပညာပေးလုပ်ဖို့နေရာက တစ်နေရာပဲရှိတယ် “ကား” ပဲ ကားပေါ်မှာ စာရွက်တွေကပ်ထားမယ် တိုတိုတုတ်တုတ် ပညာပေးလေးတွေပေါ့။ အဲ့လိုလုပ်ဖို့ တနည်းပဲရှိမယ်ထင်တယ် နောက်နည်းလမ်းတွေရှိသေးရင်လဲပြောကြပါအုန်း
ko khin kha
August 1, 2012 at 5:01 pm
myanmarcitizen ရေ။ ဆေးလိပ်နဲ့ကျန်းမာရေး သင်ကြိုက်ရာရွေးဆို အလွန်ဆင်းရဲ ရုန်းကန်လှုပ်ရှား နေကြရတဲ့ သူတွေကတော့ မြန်မြန်သေတာမှ၏ အော်ကောင်း၏ ဆိုပြီး—–။
ဟဲဟဲ စဉ်းစားစရာလေးတစ်ပါ။
ko khin kha
August 1, 2012 at 5:02 pm
myanmarcitizen ရေ။ ဆေးလိပ်နဲ့ကျန်းမာရေး သင်ကြိုက်ရာရွေးဆို အလွန်ဆင်းရဲ ရုန်းကန်လှုပ်ရှား နေကြရတဲ့ သူတွေကတော့ မြန်မြန်သေတာမှ၏ အော်ကောင်း၏ ဆိုပြီး—–။
ဟဲဟဲ စဉ်းစားစရာလေးတစ်ခုပါ။
etone
August 3, 2012 at 7:58 pm
ကော့မန့်ပေးဆွေးနွေးသူများ အားလုံးကိုရော … ပို့စ်ဝင်ဖတ်သူများ အားလုံးကိုပါ ကျေးဇူးတင်ပါတယ်နော်
တချို့ ကော့မန့်တွေဆို … ရေးထားတာ အရမ်းကောင်းတာ တွေ့ရပါတယ် …. ။ … ဒီရက်ပိုင်း ရုံးမှာ အင်တာနက် ဆာဗာက ပြသနာ နည်းနည်း ရှိလို ့…. သုံးရတာ အရမ်းလေးနေတာကြောင့် တယောက်ချင်းဆီ ပြန်မဆွေးနွေးနိုင်တာ .. ခွင့်လွှတ်ကြပါလို့ …. ။