Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နိုင်ငံတော်သမ္မတဦးသိန်းစိန် နှင့် CNA ရုပ်သံတို့ရဲ့ အင်တာဗျူး

အာဂJuly 31, 20121min4858

Yangon Media Group — နိုင်ငံတော်သမ္မတဦးသိန်းစိန် – ခင်ဗျားတို့ CNA အနေနဲ့ကတော့ နာမည်ကြီးတဲ့သတင်းဌာနတစ်ခုလဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလဲ CNAသတင်းဌာနကို လူကြည့်တော်တော်လဲများပါတယ်။ များသောအားဖြင့်ကြည့်ကြတာများပါတယ်။ ဒီလိုအင်တာဗျူးလာရောက်လုပ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ ကြိုဆိုပါတယ်။ ကျေးဇူးလဲတင်ပါတယ်။

CNA – ကျွန်မတို့အနေနဲ့ အခုလိုနိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံမေးမြန်းခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်မတို့ CNAသတင်းဌာနအနေနဲ့ မြန်မာနိုင်ငံကသတင်းများကို ရယူထုတ်လွှင့်လျက်ရှိပါတယ်။ ဒီနှစ်အတွင်းမှာ CNAသတင်းဌာနအနေနဲ့ ကျွန်မအပါအဝင် စင်ကာပူတို့၊ ဘန်ကောက်အခြေစိုက်တို့က သတင်းသမားတွေက မြန်မာနိုင်ငံသို့သွားရောက်ပြီးတော့ သတင်းရယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မတို့အနေနဲ့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ် အထူးသဖြင့် နိုင်ငံတော်သမ္မတကြီးတို့လို ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကို တိုက်ရိုက်ထိတွေ့ပြီး သတင်းရယူထုတ်လွှင့်နိုင်တဲ့အတွက်ကြောင့်မိုလို့ ကျွန်မတို့များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လဲ ဒီသတင်းဌာနနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံအင်တာဗျူးလုပ်တာပါပဲ။ မေးမယ့်မေးခွန်းတွေကိုလဲ ကြိုပြီးတော့ရထားပါတယ်။ ကျွန်တော်လဲ အတတ်နိုင် ဆုံးကြိုးစားပြီးဖြေပေး ပါ့မယ်။

CNA – သမ္မတကြီးအနေနဲ့ ဒီခရီးစဉ်အတွင်းမှာ အစီအစဉ်က အင်မတန်မှကြပ်တယ်ဆိုတာနားလည်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့အနေနဲ့ မေးခွန်းတွေကို တိုတိုတုတ်တုတ်နဲ့ မေးမြန်းသွားဖို့ အတတ်နိုင်ဆုံးဆောင်ရွက် သွားပါမယ်။ ကျွန်မတို့အင်တာဗျူးမတိုင်ခင် သတင်းသမားတွေ ပြင်ဆင်မှုလုပ်နေပါတယ်။ ကျွန်မရဲ့မိသားစုက အိနိ္ဒယနိုင်ငံကိုကတ္တားကပါ။ ကျွန်မတို့အဖိုးတွေလက်ထက် ၁၉၃ဝခုနှစ်လောက်တုန်းက ကျွန်မအဖိုးက မြန်မာနိုင်ငံရန်ကုန်မြို့မှာစီးပွားရေးလုပ်ခဲ့ ပါတယ်။ ကိုကတ္တားက ပြည်သူတွေကလဲ မြန်မာနိုင်ငံနဲ့သိကျွမ်းနေကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ဒါဆိုရင်လဲကျွန်တော်တို့နဲ့ ဆွေမျိုးတွေပေါ့။

CNA – ကျွန်မရဲ့အဖေက ၁၉၅၀-၆ဝလောက်မှာ ဒါဂျီလင်မှာ ပညာသင်ကြားခဲ့ပါတယ်။ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံက ဒါဂျီလင်မှာ လာရောက်ပညာသင်ကြားနေတဲ့ မြန်မာတွေနဲ့ရင်းနှီးခဲ့ပါတယ်။ ဒါကြောင့်မိုလို့ ယဉ်ကျေးမှုအရ ကျွန်မတို့ နှစ်နိုင်ငံက တော်တော်နီးစပ်ပါတယ်။

ဒါကြောင့် သမ္မတကြီးနဲ့ အခုလိုအင်တာဗျူးခွင့်ရတဲ့အတွက် သူတို့အနေနဲ့အင်မတန်မှ ဝမ်းသာနေကြပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ကျွန်တော်ထင်တယ်။ ခင်ဗျားအဖေရဲ့သူငယ်ချင်းတွေ မြန်မာနိုင်ငံမှာ အခုထိရှိနေဦးမယ်ထင်ပါတယ်။ ကျွန်တော်ထင်တာက ရုပ်ရှင်မင်းသားဦးညွှန့်ဝင်းတို့နဲ့ အတူတူလောက်ရှိမယ်ထင်တယ်။ ဦးညွှန့်ဝင်းအသက်ဆို ၆ဝကျော် ၇ဝနီးပါးလောက်ရှိမယ်ထင်တယ်။

CNA – ကျွန်မရဲ့အဖေက ဦးညွှန့်ဝင်းထက်အသက်နည်းနည်းပိုကြီးမယ်ထင်ပါတယ်။ ဦးညွှန့်ဝင်းက ကျွန်မအဖေထက်အသက်ငယ်တော့ နည်းနည်းဂျူနီယာပိုကျမယ်ထင်ပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ဒါဂျီလင်မှာ ကျောင်းတက်တဲ့သူတွေ ကျွန်တော်တို့ဆီမှာတော်တော်များများရှိပါတယ်။ ကျွန်တော်တို့နဲ့အတူတူ ဗိုလ်လောင်းသင်တန်းတက်တဲ့သူတွေထဲမှာ ဒါဂျီလင်ကျောင်းဆင်းတွေတော် တော်များများရှိပါ တယ်။

CNA – ကျွန်မအဖေကျောင်းတက်တဲ့ ဒါဂျီလင်မြို့ကိုရောက်ဖူးပါတယ်။ ဒါဂျီလင်က တော်တော်လေးလှတဲ့မြို့ပါ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ခင်ဗျားအဖိုးနေခဲ့တဲ့မြန်မာနိုင်ငံကို ခင်ဗျားတို့ဆွေမျိုးသားချင်းတွေခေါ်လာပြီး လာလည်ပေါ့။

CNA – နိုင်ငံတော်သမ္မတကြီးကို ပြုပြင်ပြောင်းလဲရေးသမား၊ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်နေတဲ့သူလို့ အများကပြောကြပါတယ်။ ဒီလိုသုံးသပ်မှုကိုဘယ်လိုမြင်ပါသလဲ။ ဒီလိုသုံးသပ်တာကမှန်ပါသလား။ သမ္မတကြီးရဲ့အမြင်လေးကိုသိ ရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ပြုပြင်ပြောင်းလဲရေးကိစ္စက တကယ်တော့ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။ စနစ်ကလဲပြောင်းလာပြီ။ စနစ်ပြောင်းလာတဲ့အတွက်ပြည်သူလူထုက နိုင်ငံရေးအရပြုပြင် ပြောင်းလဲမှုတွေကို လိုအပ်လာတယ်။ တောင်းဆိုလာတယ်။ စီးပွားရေးအရပြုပြင်ပြောင်းလဲမှုတွေကို လိုအပ်လာတယ်။ တောင်းဆိုလာတယ်။ ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီး အကောင်အထည်ဖော်ဆောင်ရွက်ပေးတဲ့သဘောပဲဖြစ်ပါတယ်။ ဘာကြောင့်ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်လျောပေးရသလဲဆိုရင် ကျွန်တော်တို့က ပြည်သူလူထုကရွေးချယ်ထားတဲ့ အစိုးရဖြစ်နေပါတယ်။ စနစ်ကလဲပြောင်းသွားပါပြီ။ ဒါကြောင့်ပြည်သူလူထုက ရွေးချယ်ထားတဲ့အစိုးရဖြစ်တဲ့အတွက်ကြောင့် ပြည်သူလူထုရဲ့ဆန္ဒကိုလိုက်ပြီးတော့ အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းပဲဖြစ်ပါတယ်။

CNA – နိုင်ငံတော်သမ္မတကြီးက မြစ်ဝကျွန်းပေါ် ဧရာဝတီဒေသမှာမွေးဖွားခဲ့တယ်လို့သိရပါတယ်။ တချို့ကလဲပြောနေကြပါတယ်။ သတင်းတစ်ခုကပေါ့။ နိုင်ငံတော်သမ္မတကြီးအနေနဲ့ ၂၀၀၈ခုနှစ်မှာဖြစ်ခဲ့တဲ့ နာဂစ်ဆိုင် ကလုန်းမုန်တိုင်းဖြစ်ပြီး တော့ ဒီဒေသကိုသွားရောက်ပြီးတော့ ဒီဒေသမှာရှိတဲ့ပြည်သူတွေ ဒုက္ခဆင်းရဲရောက်နေတာကို မျက်မြင်ကိုယ်တွေ့တွေ့ပြီး နိုင်ငံတော်ကို အခုလျှောက်လှမ်းနေတဲ့ ဒီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို လုပ်ရမယ်ဆိုတဲ့ အမြင်ပြောင်းလာ တယ်လို့ပြောပါတယ်။ ဒါကိုရော သမ္မတကြီးအမြင်အနေနဲ့ပေါ့။ အဲဒါမှန်ပါသလား။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ကျွန်တော့်ကို ဧရာဝတီတိုင်းက သာမန်မိဘနှစ်ပါးကမွေးဖွားလာတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းက ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရဲ့ဇာတိဖြစ်ပါတယ်။ နောက်၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်း ကြုံ တွေ့ရတဲ့အခါမှာ ကျွန်တော်ကလဲ ဒီဒေသကို ပြန်လည်ထူထောင်ပေးဖို့အတွက်၊ ကယ်ဆယ်ရေးတွေလုပ်ပေးဖို့အတွက် တာဝန်ရှိတဲ့ဝန်ကြီးချုပ်တစ်ယောက်ဖြစ်ပါတယ်။ တာဝန်ရှိတဲ့ ဝန်ကြီးချုပ်တစ်ယောက်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ ဒီဒေ သကို ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ ပြန်လည်ထူထောင်ရေးတွေ လုပ်ပေးရတာလဲပါပါတယ်။ နောက်ကိုယ့်ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပိုပြီးတော့လုပ်ပေးချင်တဲ့ဆန္ဒဖြစ်မိပါတယ်။ သို့သော်လဲ ဒီပြုပြင်ပြောင်းလဲရေးလုပ်တာမှာ ဒီကိစ္စတစ်ခုထဲကြောင့်တော့မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးကို ကျွန်တော်တို့ရောက်ရှိပါတယ်။ ပြည်သူများနဲ့လဲထိတွေ့ပါတယ်။ အဲဒီလို ပြည်သူတွေနဲ့ထိတွေ့တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ရောက်ရှိဖူးတယ်။ ဒီအတွေ့အကြုံတွေအရ ဒီအချိန်မှာတော့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့လိုအပ်တယ်ဆိုပြီးတော့ အားလုံးအတွက် ဒီလိုလုပ်တာဖြစ်ပါတယ်။ ဧရာဝတီတိုင်းရဲ့အတွေ့အကြုံတစ်ခုထဲနဲ့မဟုတ်ပါဘူး။ ကျွန်တော်ကဧရာဝတီတိုင်းသားမှန်ပါတယ်။ နာဂစ်ဖြစ်တဲ့အချိန်တုန်း က ကျွန်တော်က ဝန်ကြီးချုပ်တာဝန်ယူထားရပါတယ်။ ဝန်ကြီးချုပ်ဖြစ်တဲ့အတွက်ကြောင့် ဒီဒေသရဲ့ကူညီရေးတွေ၊ ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေကို ဆောင်ရွက်ပေးဖို့တာဝန်ရှိပါတယ်။ ဒီတာဝန်အရလဲဆောင်ရွက်ရ တာဖြစ်ပါတယ်။ သို့သော်လဲဒီပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အခါမှာ ဧရာဝတီတိုင်းတစ်တိုင်းထဲရဲ့အတွေ့အကြုံကြောင့်မဟုတ်ပါဘူး။ တစ်နိုင်ငံလုံးကိုရောက်ဖူးပါတယ်။ တစ်နိုင်ငံလုံးကိုသွားလာနေတဲ့ပုဂိ္ဂုလ်တစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အလွှာအသီးသီးနဲ့ထိတွေ့မှုကျွန်တော့်မှာရှိခဲ့ပါတယ်။ တစ်နိုင်ငံလုံးရဲ့လိုအပ်ချက်တွေကိုကြည့်ပြီးတော့မှ ပြုပြင်ပြောင်းလဲရေးတွေကိုလုပ်တာမှန်ပါတယ်။ ဧရာဝတီတိုင်းတစ်တိုင်းထဲကြောင့်မဟုတ်ပါဘူး။

CNA – ကျွန်မမြန်မာနိုင်ငံမှာရှိတဲ့ ပူတာအိုဒေသကိုသွားချင်ပါတယ်။ အဲဒီမှာ နှင်းဖုံးနေတဲ့တောင်တွေလဲရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်ကျွန်မအနေနဲ့ လာမယ့်လ မကြာမီအတွင်းမှာ ကျွန်မတွေ့ခဲ့တဲ့ ဟိုတယ်/ခရီးကတာဝန်ရှိသူတွေနဲ့၊ ကျွန်မရဲ့မိတ်ဆွေလုပ်ဖော်ကိုင်ဖက်တွေခေါ်ပြီး ပူတာအိုဒေသကို သွားရောက်ဖို့မျှော်လင့်ထားပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ပူတာအိုဆိုရင်တော့ ကျွန်တော်တို့က တော်တော်လေးစဉ်းစားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပူတာအိုက ကချင်ပြည်နယ်ထဲမှာပါလို့ပါ။ လောလောဆယ်ကချင်ပြည်နယ်ထဲက လူမျိုးစု လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ အပြည့်အဝမရသေးပါဘူူး။ မရသေးတဲ့အတွက် လုံ ခြုံမှုအတွက်စိုးရိမ်ရပါတယ်။ ငြိမ်းချမ်းမှုရလာတဲ့အခါ ကျွန်တော်ဖိတ်ပေးပါ့မယ်။ သို့သော်လဲ သာမန်ပြည်သူတွေ အနေနဲ့ကတော့သွားလို့ရပါတယ်။ ပူတာအိုမှာလေယာဉ်ကွင်းလဲရှိပါတယ်။ ပူတာအိုရောက်လို့ရှိရင် ရေခဲတောင်တွေ ဟိုမှာလှမ်းတွေ့ရပါတယ်။ အရှေ့တောင်အာရှမှာဆိုရင် ရေခဲတောင်တွေရှိတာ ကျွန်တော်တို့တစ်နိုင်ငံထဲရှိပါတယ်။

CNA – ဒါဂျီလင်ကိုခရီးသွားတဲ့အခါမှာ မြင့်တဲ့အတွက်ကြောင့်မို့လို့နေရတာ အသက်ရှုရတာအခက်အခဲရှိပါတယ်။ ပူတာအိုကရော အမြင့်ဘယ်လောက်လောက်များရှိပါသလဲ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ပူတာအိုက ပေ၁၅၀ဝ လောက်ပဲရှိမယ်ထင်ပါတယ်။

CNA – မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံပြီးပါပြီ။ ဆက်လက်ပြီးတော့ ထိတွေ့ဆက်ဆံမှုတွေတွေ့နေ့ရပါတယ်။ ဒီလိုထိတွေ့ဆက်ဆံတဲ့အခါမှာ နိုင်ငံ တော် သမ္မတကြီးရဲ့ခံစားမှုရယ်။ နောက်ဒီလိုတွေ့တဲ့အခါမှာ နိုင်ငံတော်သမ္မတကြီးနဲ့ သူနဲ့ဘယ်လိုအချက်တွေမှာ တူညီမှုရှိပြီးတော့ ဘယ်လိုအချက်တွေမှာ သဘောထားကွဲလွဲမှုတွေရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ သိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ပထမဆုံးပြောချင်တာက ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင်ယူပေးတဲ့ ြအေငသညေူ ံနမသ ပေါ့။ သူရဲ့သမီးတစ်ယောက်ဖြစ်ပါတယ်။ ဒီအတွက်ကြောင့်ဖြစ်တဲ့အတွက် အစကတည်းက ဂုဏ်ယူတဲ့စိတ်ရှိနေပါတယ်။ တပ်မတော်အစိုးရလက်ထက်မှာတော့ နိုင်ငံရေးအပိုင်းတွေမှာ သူနဲ့တပ်မတော်အစိုးရက အုပ်ချုပ်တဲ့ အစိုးရပိုင်းနဲ့က ဆန့်ကျင်ဘက်တွေရှိပါတယ်။ ပြောရမယ်ဆိုရင် နှစ်ပေါင်း၂ဝကျော်လောက်က တစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းဆန့်ကျင်နေတဲ့သဘောရှိပါတယ်။ သို့သော်လဲပဲ သူကလဲ ဒီမိုကရေစီကို ဖော်ဆောင်ဖို့ကြိုးစားနေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုကျွန်တော်တို့က ဒီမိုကရေစီစနစ်ကိုပြောင်းလဲ ဖို့ကျင့်သုံးလိုက်တဲ့အခါမှာ သူနဲ့ပူးပေါင်းပြီးဆောင်ရွက်နိုင်တဲ့ကိစ္စတွေကို ပူးပေါင်းပြီးဆောင်ရွက်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆုံးဖြတ်ပြီးတော့ သူ့ကိုနိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဒါတွေကျွန်တော်တို့ဆောင်ရွက်ပေးတယ်။ပေးပြီးတော့မှ သူနဲ့ကျွန်တော်တို့တွေ့တယ်။ တွေ့ပြီးတော့မှ သူနဲ့ကျွန်တော်တို့ တူညီတဲ့အချက်တွေ၊ တူညီတဲ့အချက်တွေဆိုတာ မြန်မာနိုင်ငံကို ခုနကလို ဖွံ့ဖြိုးတိုးတက်အောင်၊ စီးပွားရေးတွေတိုးတက်အောင်၊ နိုင်ငံရေးတွေတည်ငြိမ်အောင် ဒီလိုလုပ်မယ့်အချက်တွေ ဘုံတူညီတဲ့အချက်တွေကို လက်တွဲပြီးတော့ လုပ်ကြရအောင်ဆိုပြီးတော့ ညှိကြပြုကြတဲ့အခါမှာ သူလဲသဘောတူပါတယ်။ သို့သော်လဲတစ်ချို့ကွဲပြားခြားနားတဲ့အချက်တွေတော့ရှိမှာပါ။ ဒါတွေကိုတော့ဘေး မှာအသာဖယ်ထားပြီးတော့ သူနဲ့ခုနကလို မြန်မာနိုင်ငံဘုံအကျိုးစီးပွားဖြစ်တဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကိစ္စ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ကိစ္စ ဒီကိစ္စတွေကို အတူတကွပူးပေါင်းလက်တွဲလုပ်ဖို့ ဒီလိုသဘောတူညီချက်တွေရခဲ့ပါတယ်။ခုနမေးခွန်းထဲမှာ မတူညီတဲ့အချက်တွေ၊ မတူညီတဲ့အချက်တွေကတော့ သိပ်အထွေအထူးတော့မရှိပါဘူး။ မတူတာကတော့ ကျွန်တော်တို့က နိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် ပိတ်ဆို့တားဆီးထားတာတွေကို ကျွန်တော်တို့ကဖြေလျော့ပေးစေချင်တယ်။ လုံးဝရုတ်သိမ်းပေးစေချင်တယ်။ ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာကိုလှည့်ပြီး ပြောတဲ့တွေ့တဲ့အထဲမှာတော့ ရင်းနှီးမြှုပ်နှံမှုတွေကို ချက်ခြင်းမလာဖို့ စဉ်းစဉ်းစားစားနဲ့လုပ်ဖို့ဆိုတာတွေက ဒီအချက်တွေကတော့ ကွဲပြားခြားနားမှုရှိပါတယ်။ သို့သော်လဲ ဒါတွေကညှိနှိုင်းယူလို့ရတဲ့ကိစ္စတွေဖြစ်ပါတယ်။

CNA – တပ်မတော်ထဲမှာလဲ ပြုပြင်ပြောင်းလဲရေးလိုလားတဲ့အဖွဲ့တွေရှိသလို ရှေးရိုးစွဲနေတဲ့အဖွဲ့အစည်းတွေရှိနေတယ်လို့သိရပါတယ်။ ဒါ့အတူဒေါ်အောင်ဆန်းစုကြည်ဘက်မှာလဲ စံနှုန်းတွေကိုအလေးထားတဲ့သူတွေရှိသလို လက်တွေ့ကျတဲ့ အဖွဲ့အစည်းတွေရှိပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်သမ္မတကြီးအကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးကိုလိုလားတယ်ဆိုရင် ဒီလိုသဘောထားမတူတဲ့အဖွဲ့နှစ်ခုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ သမ္မတကြီးအနေ နဲ့လုပ်နိုင်မလား။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ဘက်အုပ်စုနှစ်စုကို အောင်မြင်စွာထိန်းသိမ်းဆောင်ရွက်သွားနိုင်မလားဆိုတာ သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေးရိုးစွဲပုဂ္ဂိုလ်တွေလဲရှိပါတယ်။ နောက်ပြီးတော့ တိုးတက်တဲ့အမြင်ရှိတဲ့ လူငယ်တွေလဲရှိပါတယ်။ တပ်မတော်ထဲမှာလဲ အလားတူရှိမှာဖြစ်ပါတယ်။ နောက် ကျွန်တော်တို့ရဲ့အစိုးရအဖွဲ့ထဲမှာလဲ ရှိမှာဖြစ်ပါတယ်။ ဒီဟာတွေက တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာမူတည်တာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြသွားရင်းနဲ့ ဆန့်ကျင်သဘောထားအမြင်ရှိတဲ့သူတွေ နောက်ကအလိုုလိုလိုက် ပါလာမှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ဒီလိုပဲယုံကြည်ထားပါတယ်။

CNA – ကုလသမဂ္ဂအနေနဲ့မြန်မာနိုင်ငံရဲ့အမည်ကို တရားဝင်မြန်မာလို့ခေါ်ဝေါ်သုံးစွဲနေပါတယ်။ တချို့ကလဲအရင်ကတည်းကခေါ်ဝေါ်တာကိုစွဲပြီးတော့ Burmaလို့ ခေါ်ဝေါ်သုံးစွဲတာရှိနေသေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ ဘယ်လိုမြင်ပါသလဲ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ကျွန်တော်ရဲ့အမြင်ပြောမယ်ဆိုရင် ဥပမာ ခင်ဗျားရဲ့နာမည်ရှိပါတယ်။ ခင်ဗျားနာမည်မခေါ်ပဲနဲ့ တခြားနာမည်ခေါ်ရင်စိတ်ထဲဘယ်လိုရှိမလဲ။ ကျွန်တော်တို့လဲဒီအတိုင်းပါပဲ။ မြန်မာနိုင်ငံဆိုပြီး သတ်မှတ်ထားတယ်။ တခြားနာမည်ခေါ်ရင်တော့ စိတ်ထဲမှာတော့မကြိုက်ဘူးပေါ့။ မကောင်းဘူးပေါ့။

CNA – မြန်မာနိုင်ငံက သဘာဝပေါကြယ်ဝတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပါတယ်။ အများကပြောကြတာကတော့ မြန်မာနိုင်ငံက သဘာဝရင်းမြစ်တွေကို တန်ဘိုးမြှင့်ထုတ်လုပ်ရောင်းချတာသိပ်ပြီးတော့ဆောင်ရွက်ခြင်းမရှိပဲနဲ့ သဘာဝရင်းမြစ်လုပ်ငန်း တွေကို ပိုပြီးတော့ထုတ်လုပ်ရောင်းချနေတာကိုတွေ့ရပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်ပေါ့ ဘယ်နယ်ပယ်၊ ဘယ်ကဏ္ဍကိုပိုပြီးတော့ အလေးပေးဆောင်ရွက်နေလဲဆိုတာသိ လိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – ပထမဆုံးအနေနဲ့ သဘာဝဓာတ်ငွေ့တွေကို ကုန်ကြမ်းအတိုင်းထုတ်ရောင်းနေရတာက ငွေကြေးအခြေအနေကြောင့် ငွေကြေးပြသနာကြောင့် ထုတ်ပြီးတော့ရောင်းနေရတာဖြစ်ပါတယ်။ အနာဂတ်မှာသဘာ ဝဓာတ်ငွေ့တွေကိုသုံးပြီး စက်ရုံအလုပ်ရုံတွေတည်ဆောက်ဖို့ရှိပါတယ်။ ဥပမာလျှပ်စစ်ထုတ်တဲ့ ဂက်စ်တာဘိုင်တွေလုပ်ဖို့ရှိတယ်။ ဓာတ်မြေဩဇာစက်ရုံတွေ၊ ဘိလပ်မြေစက်ရုံတွေလုပ်ဖို့ရှိတယ်။Down Stream စက်ရုံတွေတည်ပြီးတော့ဓာတ် ငွေ့တွေကိုအသုံးချသွားဖို့ အစီအစဉ်ရှိပါတယ်။ ဒါပထမမေးခွန်းပါ။ စီးပွားရေးမှာ ဘယ်ဝန်ကြီးဌာနတွေကို ပိုပြီးတော့အလေးထားသလဲဆိုရင် စီးပွားရေးမှာ ကျွန်တော်တို့ရည်မှန်းချက်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့နိုင်ငံသူနိုင်ငံ သားတွေ စားရေး၊ဝတ်ရေးနဲ့ပတ်သက်လို့ ပြည့်စုံဖူလုံဖို့၊ နောင်တိုးလာမယ့်လူဦးရေအတွက် ပြည့်စုံဖူလုံစွာစားနိုင်ဖို့အတွက် အထူးသဖြင့် ကျွန်တော်တို့ရဲ့လယ်ယာကဏ္ဍပါပဲ။ စိုက်ပျိုးရေးနိုင်ငံဖြစ်ခဲ့ပါတယ်။ လယ်ယာကဏ္ဍကို ပြုပြင် ပြောင်းလဲပြီးတော့မှ လက်ရှိထွက်ရှိတဲ့နှုန်းထားတွေနဲ့ ပိုမိုပြီးတော့ထွက်ရှိအောင်ကြိုးစားပြီးဆောင်ရွက်နေပါတယ်။ ဒါ့ကြောင့်မို့လို့ စိုက်ပျိုးရေးဝန်ကြီးဌာနကလဲ အရေးကြီးတဲ့ဝန်ကြီးဌာနတစ်ခုဖြစ်ပါတယ်။ ဒုတိယအချက်ကတော့တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စက်မှုနိုင်ငံအဖြစ်ကိုသွားဖို့အတွက် ကျွန်တော်တို့ရည်မှန်းထားပါတယ်။စက်မှုနိုင်ငံအဖြစ်သွားဖို့အတွက် လတ်တလောလိုအပ်နေတာက ကျွန်တော်တို့တိုင်းပြည်မှာ အလုပ်အကိုင်အခွင့် အလမ်းတွေတော်တော်လေး နည်းပါတယ်။ နည်းတဲ့အတွက်ကြောင့်မို့လို့ အလုပ်အကိုင်အခွင့်အလမ်းတွေများများရတဲ့စက်ရုံအလုပ်ရုံတွေများများထူထောင်နိုင်ဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်။ နောက်ဒုတိယအချက်က ကျွန်တော်တို့တိုင်းပြည်မှာ ထွက်ကုန်တွေအများ ကြီးရှိပါတယ်။ ဒီထွက်ကုန်တွေက ကုန်ကြမ်းအတိုင်းရောင်းနေရတယ်။ ဒီထွက်ကုန်တွေကို Value Added လုပ်ဖို့ အသေးစား၊ အလတ်စားစက်ရုံတွေထူထောင်ဖို့အတွက် ဒါကိုကြိုးစားပြီးလုပ်နေပါတယ်။ တတိယအချက်ကတော့ကျွန်တော် တို့မှာဂက်စ်တွေရှိတယ်။ နောက်တခါသတ္တုတွေရိပါတယ်။heavy industryလိုဟာမျိုးထူထောင်ဖို့ စတုတ္ထအချက်ကတော့ IT နဲ့Telecommunication ကိစ္စတွေထူထောင်ဖို့ ကျွန်တော်တို့ကကြိုးစားပြီးဆောင်ရွက်နေပါတယ်။စက်မှု ဝန်ကြီးဌာနတို့၊ ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဒီဝန်ကြီးဌာနတွေဟာ အရေးပါတဲ့ဝန်ကြီးဌာနတွေဖြစ်ပါတယ်။

CNA – လက်ရှိအနေအထားအရမြန်မာနိုင်ငံကို နိုင်ငံခြားအစိုးရတွေ စီးပွားရေအသိုင်းအဝိုင်းတွေ ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုသူများက မြန်မာနိုင်ငံကို အထူးစိတ်ဝင်စားနေကြပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေ၊ ရင်းနှီးမြှုပ် နှံမှုအခွင့်အလမ်း တွေနဲ့ပတ်သက်ပြီးတော့ နိုင်ငံတော်သမ္မတကြီးအနေနဲ့ အမေရိကန်တို့၊ ဥရောပတို့ အာဆီယံတို့ ဘယ်ဒေသကစီးပွားရေးလုပ်ငန်းရှင်တွေကိုရွေးရမယ်ဆိုရင် ဘယ်ဒေသကသူတွေကို နိုင်ငံတော်သမ္မတကြီးအနေနဲ့ ဦးစားပေးရွေးမလဲဆိုတာသိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – အရှေ့ရယ်အနောက်ရယ်မခွဲခြားပါဘူး။ ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးမူဝါဒမှာလဲ အရှေ့ရယ်အနောက်ရယ်မခွဲခြားပဲနဲ့ အားလုံးနဲ့ဆက်ဆံဖို့အတွက် ကျွန်တော်တို့ ဒီလိုမူချထားပါတယ်။ တိုင်း ပြည်အတွက် အကျိုးရှိမယ့်ရင်းနှီးမြှုပ်နှံမှုဆိုရင် ဘယ်နိုင်ငံကိုမဆို ရွေးချယ်သွားမှာဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့မူဝါဒလေးခု ချမှတ်ထားတာရှိပါတယ်။ တစ်အချက်ကတော့ ကိုယ့်တိုင်းပြည်ရဲ့အကျိုးစီးပွားကိုမထိခိုက်မနစ် နာစေဖို့ပါ။ ဒုတိယ အချက်ကတော့ မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုမထိခိုက် မနစ်နာစေဖို့ပါ။ တတိယအချက်ကတော့ အချုပ်အခြာ အာဏာကို ဝင်ရောက်ပြီးတော့ စွက်ဖက်တာတွေပေါ့ အချုပ်အခြာအာဏာကို မထိခိုက်စေဖို့ပါ ဒီမူတွေချပေးထားပါတယ်။ နောက်ဆုံးအချက်ကတော့ ကျွန်တော်တို့ရဲ့သဘာဝပတ်ဝန်းကျင်ကို မပျက်ယွင်းစေဖို့ဆိုပြီး ဒီမူဝါဒလေးရပ်ချမှတ်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေတာဖြစ်ပါတယ်။

CNA – ခုနသမ္မတကြီးနဲ့ပြောသလိုပါပဲ။ ပူတာအိုဒေသကသဘာဝအခြေခံခရီးသွားလာရေးလုပ်ငန်းလုပ်ဖို့ အင်မတန်မှကောင်းမွန်တဲ့ဒေသဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ဒေသကပဋိပက္ခက မပြီးပြတ်သေးပါဘူး။ ဒါကြောင့်မို့လို့မြန်မာ နိုင်ငံက ကချင်လူမျိုးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ငြိမ်းချမ်းရေးကဘယ်လောက်အရေးကြီးတယ်။ ဘယ်လိုအခက်အခဲတွေရှိသေးတယ်ဆိုတာနဲ့ မြန်မာနိုင်ငံရဲ့ အောင်မြင်အောင်ဆောင်ရွက်နေတဲ့အရာတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကြောင့် ဘယ်လောက်ထိခိုက်နိုင်တယ်ဆိုတာ၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးက ဘယ်လောက်အရေးကြီးတဲ့ကဏ္ဍဖြစ်တယ်ဆိုတာကို သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကိစ္စက ဦးစားပေး(၁)ဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဒီမိုကရေစီဆက်လက်ပြီးတော့ ရှင်သန်ဖို့အတွက် ကျွန်တော်တို့တိုင်းပြည် မှာ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်က ပထမအရေးကြီးပါတယ်။ နိုင်ငံရေးတည်ငြိမ်ဖို့အတွက်ဆိုတာမှာလဲ ခုနကလို ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းရံနေတဲ့ အင်အားစုတွေနဲ့ အဆင်ပြေဖို့အတွက် ဒေါ်အောင် ဆန်းစုကြည်အပါအဝင် သူ့အင်အားစုတွေဟာ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ဖု့ိအတွက်ဒါအရေးအကြီးဆုံးဖြစ်ပါတယ်။ ဒီအချက်ကိုလဲ ကျွန်တော်တို့ဦးစားပေးပြီးလုပ်ပါတယ်။ တချိန်တည်းတပြိုင်တည်းမှာပဲ လက်နက်ကိုင်ပြီးဆန့်ကျင်နေတဲ့အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ဒီအဖွဲ့တွေက လွတ်လပ်ရေးစရကတည်းက ဖြစ်ပေါ်လာတဲ့အဖွဲ့တွေရှိပါတယ်။ အရင်အစိုးရအဆက်ဆက်ကလဲ ငြိမ်းချမ်းရေးကို ကြိုးပမ်းခဲ့ပေမယ့်လဲ အောင်မြင်တာရှိတယ်၊ မအောင်မြင်တာရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့အစိုးရသစ် လက်ထက်မှာ ဒီဟာတွေက အမွေခံအနေနဲ့ရလာတာဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပဲနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အေင်၊ ဒီမိုကရေစီရှင်သန်အောင် ဘယ်လိုမှလုပ်လို့မရပါဘူး။ မရတဲ့အတွက်ကြောင့် ကျွန်တော်တို့အစိုးရ သစ်စတက်လာလာခြင်း ဒီငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက် ဦးစားပေးတစ်ရပ်အနေနဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်ဖို့အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။ အားလုံးလက်နက်ကိုင်အဖွဲ့၁၁ဖွဲ့ရှိပါတယ်။ ၁၁ဖွဲ့မှာ ၁ဝဖွဲ့နဲ့ပစ်တာ၊ ခတ်တာတိုက် တာ ရပ်ဆိုင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ သို့သော်လဲပဲ နိုင်ငံရေးအရဆွေးနွေးသွားစရာတွေကတော့ ဆက်ပြီးဆွေးနွေးသွားဖို့ရှိပါတယ်။ မြောက်ဘက်ပိုင်းမှာတော့ ကချင်လက်နက်ကိုင်ဆန့်ကျင်ဘက်အဖွဲ့တစ်ဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေပါတယ်။လောလောဆယ်တော့ တစ်နှစ်ကျော်သွားပါပြီ။ ထိတွေ့ဆက်ဆံမှုတွေတော့ရှိနေတယ်။ သို့သော်လဲ ဒီကနေ့အထိ အောက်ခြေပိုင်းမှာတော့ ပစ်တာ၊ ခတ်တာ၊ တိုက်တာခိုက်တာတွေကတော့ ရှိနေတုန်းဖြစ်ပါတယ်။ သို့သော်လဲပဲထိတွေ့ ဆက်ဆံမှုတွေရှိနေတဲ့အတွက်ကြောင့်မို့လို့ ဒီအဖွဲ့ဟာလဲ မကြာခင်မှာ ငြိမ်းချမ်းရေးတည်ဆောက်သွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

CNA – ကျွန်မတို့သိရှိထားတာကတော့ နိုင်ငံတော်သမ္မတကြီးက သမ္မတသက်တမ်းတစ်ကြိမ်ပဲတာဝန်ထမ်းဆောင်မယ်လို့သိရပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံတော်သမ္မတကြီးကို ဘယ်လိုမျိုးအနေနဲ့ လူတွေအမြင်မှာ အမှတ်တရရှိနေစေချင်ပါ သလဲ။ ဘယ်လိုမျိုးမှတ်မှတ်သားသားရှိနေစေချင်ပါသလဲ။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – တာဝန်ထမ်းဆောင်တယ်ဆိုတာ ကျွန်တော့်ရဲ့အသက်အရွယ်အရ၊ ကျွန်တော်ရဲ့ကျန်းမာရေးအရ ဒီလိုစဉ်းစားလာတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံကို နိုင်ငံရေးအရတည်တည်ငြိမ် ငြိမ်ဖြစ်အောင်လုပ် နိုင်မယ့်လူမျိုးတွေ၊ စီးပွားရေးအရဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မယ့်မျိုးဆက်မျိုးတွေ၊ ဒီမျိုးဆက်မျိုးက ဆက်ပြီးတော့တာဝန်ယူသွားစေချင်ပါတယ်။

CNA – နောက်ဆုံးတစ်ခုမေးချင်ပါတယ်။ မြန်မာနိုင်ငံရဲ့မြောက်ပိုင်းမှာရှိတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းတွေတော်တော်များများရရှိခဲ့ပါတယ်။အခုအခါမြန်မာမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဆောင်ရွက် နေတဲ့အခါမှာတော့ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ဆက်ဆံရေးအပေါ် သိရှိလိုပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် – တရုတ်နိုင်ငံက ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း မိုင်ပေါင်း ၁၃၀ဝလောက် ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ ရှေးပဝေဏသီကတည်းက တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံလာခဲ့ကြတာဖြစ် ပါတယ်။ ပြောမယ်ဆိုရင်ချစ်ကြည်ရင်းနှီးတဲ့မိတ်ဆွေ နိုင်ငံတွေလဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း၂ဝကျော်လောက်က ကျွန်တော်တို့မြန်မာနိုင်ငံကို အကုန်လုံးဝိုင်းဝန်းပြီးပိတ်ဆို့ထားတဲ့အချိန် ဘယ်နိုင်ငံကမှအကူအညီမပေးတဲ့အချိန်မှာတရုတ် နိုင်ငံက မြန်မာနိုင်ငံအပေါ်မှာ အကူအညီပေးတာတွေရှိပါတယ်။ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ပြီးလုပ်နေတာရှိပါတယ်။ တရုတ်နိုင်ငံကပြောရမယ်ဆိုရင် ဒီကနေ့လဲ ကျွန်တော်တို့နဲ့ရင်းနှီးတဲ့မိတ်ဆွေနိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံသည်ပင်လျှင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ နိုင်ငံအားလုံးနဲ့အဆင်ပြေအောင် ဆက်ဆံစေလိုတဲ့ဆန္ဒရှိပါတယ်။ ဟိုတုန်းကတည်းကတိုက်တွန်းနေပါတယ်။ အခုအစိုးရသစ်ပြောင်းလာမှတင်မဟုတ်ပါဘူး။

CNA- အခုလို သမ္မတကြီးရဲ့ တန်ဖိုးရှိလှတဲ့အချိန်တွေမှာ ကျွန်မတို့ကို စကားပြောဆိုခွင့်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ဂုဏ်ယူပါတယ်ရှင်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်-ကျွန်တော်ကလဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကိုလဲ လာလည်ဖို့ဖိတ်ခေါ်ပါတယ်။

CNA ဝမ်းမြောက်ဝမ်းသာနဲ့လက်ခံချင်ပါတယ်။ဗီဇာရဖို့လဲကူညီပါ( ရယ်မောပြောသည်)။

နိုင်ငံတော်သမ္မတဦးသိန်းစိန်-စပယ်ရှယ်ဗီဇာလုပ်ပေးမယ်လို့ (ရယ်မောပြောသည်)။

(ဘာရယ်ညာရယ်တော့ မဟုတ်ဘူးဗျာ..။ ဖတ်စေချင်လို့ ခိုးကူးတင်ပြလိုက်တာပါ။
အာဂ)

8 comments

  • ဝေးလွင့်တိမ်

    July 31, 2012 at 8:27 pm

    ဖတ်သွားပါတယ်ဗျို့

  • သန်းထွဋ်ဦး

    July 31, 2012 at 8:57 pm

    အခြေအနေအရပ်ရပ်အတွက် အူာလေးပြောင်ပြောင်လဲ အသက်ရှည် အနာကင်းနေဖို ့
    လိုနေပါတယ်။

  • မောင်ပေ

    July 31, 2012 at 9:09 pm

    ကိုအာဂ ရေ အပေါ်က အမေးအဖြေ တွေ ကတော့ သိပ်မထူးဘူးလို ့ထင်မိတာပဲ
    စိတ်ဝင်စားမိတာကတော့ စပယ်ရှယ်ဗီဇာ ပါပဲ
    နောက်ပြီး စီအန်အေ အနေနဲ ့မေးသွားတဲ့ အထဲမှာ ၂၀၁၁ တုန်းက အကျယ်ကြီး အော်ခဲ့ကြတဲ့
    ှSME တွေ ဖွံ ့ဖြိုးလာအောင် ကူညီပေးမယ် ဆိုတာ ကို အကောင်အထည်မဖော်သေးတဲ့အတွက်အကြောင်း ကို ထည့်မေးပေးရင် ပိုကောင်းမယ်လို ့စဉ်းစားမိပါတယ်
    ဘာပဲဖြစ်ဖြစ် သမ္မတကြီးရဲ ့အင်တာဗျူး ကို စေတနာနဲ ့ပြန်ဝေမျှ ပေးလို ့ကျေးဇူးတင်ပါတယ် ခင်ဗျ

  • htoosan

    July 31, 2012 at 9:30 pm

    ကျေးဇူးပါ ကိုအာဂ ရေ ။ ဦးသိန်းစိန် အဖြေတွေမှာ နိုင်ငံခြား သမ္မတများလို အတွေ့အကြုံ သိပ်မရှိတဲ့ အတွက် ဒဲ့ ဖြေပေးတာတွေ ပိုတွေ့ ရသလိုဘဲ ။ ရိုးသား မှု့လို ခံစားမိပါတယ် ။
    ဥပမာ .. ဒေါ်စု နဲ့ စီးပွားရေး ပိတ်ဆို့မှု့ အမြင်မတူတာ၊ ကချင်ပြဿနာ ၊ မြန်မာ နိုင်ငံ အခေါ်အဝေါ်တွေမှာ ဒဲ့ ဖြေသွားတာတွေ ဘယ်သူရေးပေးလဲတော့ မသိဘူး ။ ပြီးသူက ကျေးဇူးတင်ကြောင်း အရင်ပြောနေရသေးတယ် .. CNA က ဒီလို အခွင့်အရေးရတာကို… 😀

  • kai

    August 1, 2012 at 3:38 am

    သမ္မတအဖြေတွေထဲ.. ရိုးသားမှုတချို့ကိုတော့.. မြင်ရတယ်..
    ဒါပေမယ့်.. နိုင်ငံရေးသမားတော့.. မဟုတ်ဖူးယူဆမိပါတယ်..။

    • pooch

      August 2, 2012 at 12:16 am

      နိုင်ငံရေးသမားတွေလို ပရိယာယ်မကြွယ်ပေမဲ့ အရိုးခံအတိုင်း အရှိကို အရှိအတိုင်း ပြောသွားတာကတော့ ချစ်စရာကာင်းပါတယ်။ ဟိတ်ဟန်တွေထုတ် လေတလုံး မိုးတလုံး လူကြားကောင်းအောင် လျှောက်ပြောတာထက် စာရင် အပုံကြီးသာပါတယ်။

  • maungmoenyo

    August 1, 2012 at 10:06 am

    သူုကိုသမ္မတ Bush လိုနိုင်ငံခေါင်းဆောင်တယောက်လို့မြင်မိပါတယ်။ အများအားဖြင့်ကတော့ မြန်မာ့တပ်မတော်ထဲမှာ လူထုကောင်းစားရေးကို အမှန်အတိုင်းမြင်တတ်တဲ့စစ်ခေါင်းဆောင်တွေရှိနေပါတယ်။ သူတို့ရဲ့အရည့်အသွေးနဲ့ လုပ်ရည်ကိုင်ရည့်ရှိဘို့နဲ့ အထူးသဖြင့် လုပ်ရဲကိုင်ရဲရှိကြဘို့ လမ်းဖွင့်ပေးဘို့ဘဲလိုပါတယ်။ ခုချိန်မှာတော့ အစိုးရအဖွဲ့ထိပ်ပိုင်းထဲတောင် တယောက်ခြေလှမ်းတယောက်ကြည့်ပြီး လျှှောက်နေကြတဲ့ပုံပေါ်နေပါတယ်။

  • R Ga

    August 1, 2012 at 4:21 pm

    ခိုးကူးတင်ပြ မောင်အာဂ ရဲ့ ပိုစ်လေးကို အားပေးကျတဲ့ကို ဝေးလွင့်တိမ် ။ကိုသန်းထွဋ်ဦး၊ ကို မောင်ပေ ။အယ်ချုပ်ကြီးဆရာခိုင်။ဆရာထူးဆန်း။maungmoenyo တို့ကို အထူးပဲကျေးဇူးတင်အပ်ပါတယ်။

Leave a Reply