ဝင်ြပြုံးမြင့် မြန်မာပြန်တဲ ့တိမ်ယံသစ္စာ အပိုင်း ( ၄၂ )
”ခင်ဗျားဘာပြောတာလဲ။ ဒီကလေးကို လမ်းပေါ်ပြန်လွှင့်ပစ်ရမယ်လို့
ပြောတာလား”
”ကျွန်တော်ဒီလိုမပြောဘူး”
”သူက အဓမ္မကျင့်ခံထားရတာဗျ” ဟုကျွန်တော်ပြောလိုက်သည်။
”ကြားရတာစိတ်မကောင်းပါဘူး” ဟုအင်ဒရူးက ပါးစပ်ဖျားလေးတင် ပြောသည်။
ကျွန်တော့်ကိုကြည့်သောအကြည့်သည် ရာသီဥတုအကြောင်းပြောသ လောက်သာရှိသည်။
”ဒါပေမယ့် ဒီအဖြစ်တစ်ခုနဲ့ INS ကဒီကလေးကို ဗီဇာချပေးမှာမဟုတ်ဘူး”
……………………………………
_________________-
”ခင်ဗျားဘာပြောတာလဲဗျ”
”ကျွန်တော်ပြောတာက ခင်ဗျားကူညီချင်ရင် အဖွဲ့အစည်းတစ်ခုခုကို ငွေလှူပါ။ ဒုက္ခသည်စခန်းမှာ အပျော်တမ်းအမှုထမ်းပါ။ အမေရိကန်နိုင်ငံသား တစ်ယောက်က အာဖဂန်နစ္စတန်ကလေးကို မွေးစားချင်တဲ့ကိစ္စကိုတော့
… ကျွန် တော်တို့ အားမပေးပါဘူး”
ကျွန်တော်နေရာမှထသည်။ ”စိုးရက်ပ်လာခဲ့” ဟု ဖာစီဘာသာဖြင့် ခေါ်ရာ စိုးရက်ပ်သည်နေရာမှထပြီး ကျွန်တော့်တင်ပါးကို သူ့ခေါင်းမှီထားသည်။
”ကျွန်တော်တစ်ခုလောက် မေးလို့ရမလား မစ္စတာအင်ဒရူး”
”မေးပါ”
”ခင်ဗျားမှာ သားသမီးရှိလား”
ပထမဆုံးအကြိမ်အဖြစ် သူမျက်တောင်ပုတ်သည်။
”ရှိသလား။ ဒီမေးခွန်းဟာ ရိုးရိုးလေးပါ”
အင်ဒရူးတိတ်နေသည်။
”ရှိမယ်ထင်ပါတယ်။ ခင်ဗျားထိုင်ခုံမှာ တခြားလူခန့်ထားသင့်တယ်။ သားသမီးလိုချင်တဲ့စိတ်ဟာ ဘယ်လိုနေမှန်း ကိုယ်ချင်းစာတတ်တဲ့လူတစ်ယောက် ကိုပေါ့”
ကျွန်တော့်လှည့်ထွက်လာခဲ့ရာ အင်ဒရူးလှမ်းခေါ်သည်။
”ကျွန်တော်ကရော ခင်ဗျားကိုမေးခွန်းတစ်ခု မေးလို့ရမလား”
”ဆိုစမ်းပါဦး”
”ဒီကလေးကို ခင်ဗျားနဲ့အတူခေါ်သွားမယ်လို့ ကတိပေးလိုက်ပြီလား”
”ကတိပေးတော့ဘာဖြစ်လဲ”
အင်ဒရူးခေါင်းရမ်းသည်။ ”ဒါအန္တရာယ်သိပ်များတယ်။ ကလေးတွေကို ကတိပေးတာ အန္တရာယ်များတယ်” ဟုဆိုကာ သက်မချပြီး အံဆွဲဖွင့်သည်။ ”ဒီကိစ္စဆက်လုပ်မယ်ပေါ့” ဟု အံဆွဲထဲမွှေနှောက်ရင်းမေးသည်။
”ဆက်လုပ်ဖို့ပါပဲ”
ကျွန်တော့်ကို လိပ်စာကဒ်ကမ်းကာ ”ဒါဆိုလည်း ပြည်ဝင်ခွင့်ရှေ့နေ ကောင်းကောင်းရဖို့ ကျွန်တော်အကြံပေးပါရစေ။ ဒီအစ္စလမ္မာဘက်မှာ အိုမာဖေ ဇယ် အလုပ်လုပ်တယ်။
ကျွန်တော်ကလွှတ်လိုက်တဲ့အကြောင်း ပြောပြပေါ့ဗျာ” ဟုဆိုသည်။
သူ့ထံမှလိပ်စာယူကာ ”ကျေးဇူးတင်ပါတယ်” ဟုပြောခဲ့သည်။
ကျွန်တော်တို့အခန်းထဲမှ ထွက်ခါနီးတွင် ကျွန်တော်ပြန်လှည့်ကြည့်ရာ အင်ဒရူးသည် ပြတင်းဝတွင် မတ်တတ်ရပ်လျက် ခရမ်းချဉ်သီးပင်လေးကို တယု တယ ပုတ်နေလေသည်။
္ထ
”ဂရုစိုက်သွားပါရှင်” ဟု အတွင်းရေးမှူးအမျိုးသမီး နှုတ်ဆက်သည်။
”ခင်ဗျားရဲ့ အရာရှိကတော့ဗျာ … ” ဟု ကျွန်တော်မြည်တွန်လိုက်ရာ အမျိုးသမီးသည် လေသံနှိမ့်ပြီး ”သနားစရာကောင်းပါတယ်ရှင်။ သူ့သမီးဆုံး သွားကတည်းက သူလည်း အရင်လိုမဟုတ်တော့ဘူး”
ဟုပြောသည်။
ကျွန်တော်မျက်ခုံးတစ်ဖက်ပင့်တော့ သူမက ”ကိုယ့်ကိုယ်ကိုယ်သတ်သေ တာ” ဟု တိုးတိုးပြောသည်။
္ထ
ဟိုတယ်အပြန်တက္ကစီကားပေါ်တွင် စိုးရက်ပ်သည် ကားပြတင်းကိုခေါင်း အပ်ကာ အဆောက်အဦးများ၊ ယူကလစ်ပင်များကို ကြည့်လျက်ပါလာသည်။ ရှူထုတ်သောလေကြောင့် ပြတင်းမှန်ဝါးသွားလိုက်၊ ပြန်သုတ်လိုုက်နှင့်
ကျွန် တော့်ကို တစ်ခုုခုမေးမလား ကျွန်တော်စောင့်နေသော်လည်း သူဘာမှမမေး။
ရေချိုးခန်းထဲမှ ရေသံမပြတ်။ ဟိုတယ်ပြန်ရောက်ကတည်းက စိုးရက်ပ် သည် ညဘက်အိပ်ယာမဝင်ခင် ရေချိုးကြာသည်။ ကဘူးတွင် ရေပူဆိုသည်က ဖခင်လိုပင် ရှားပါးကုန်ပစ္စည်းဖြစ်နေသည်။
စိုးရက်ပ် ရေချိုးခန်းဝင်နေစဉ် ကျွန် တော်က ခုတင်စွန်းတွင်ထိုင်ကာ စိုးရာယာထံဖုန်းခေါ်သည်။
အင်ဒရူးပြောခဲ့သမျှကို စိုးရာယာအား ကျွန်တော်ပြောပြလိုက်သည်။
”ဒီတော့ စိုးရာယာ ဘယ်လိုထင်လဲ”
”သူမှားနေပြီလို့ပဲ ထင်ရမှာပေါ့”
နိုင်ငံတကာမှ ကလေးများကိုမွေးစားနိုင်ရန်အတွက် အကျိုးဆောင်များကို စိုးရာယာဆက်သွယ်ထားသည်။ သို့သော် အာဖဂန်ကလေးမွေးစားရေး အကျိုး ဆောင်ကိုမူ ယခုထိရှာမတွေ့သေး။ ရှာတော့ရှာနေသေးကြောင်း
စိုးရာယာပြော ပြသည်။
”ဒီသတင်းအပေါ် စိုးရာယာမိဘတွေ ဘယ်လိုနေလဲ”
”အမေကတော့ပျော်တာပေါ့။ အေမားအပေါ် အမေဘယ်လိုသဘောထား လဲ သိပြီးသားပဲဟာ။ အေမား … အေမားဘာလုပ်လုပ် အမေ့မျက်စိထဲမှာ မ မှားဘူး။ အဖေကတော့ … အမြဲတမ်းဒီလိုချည်းပါပဲ။ အဖေက
ဟက်ဟက်ပက် ပက်မရှိဘူး”
”စိုးရာယာကရော … ပျော်ရဲ့လား”
ဖုန်းခွက်လက်ပြောင်းကိုင်သံ ကျွန်တော်ကြားသည်။ ”အေမားရဲ့တူလေး အပေါ် ကျွန်မတို့ဘက်ကကောင်းမယ်လို့ ထင်တယ်။ ဒီကလေးကလည်း ကျွန်မ တို့အတွက်ကောင်းမှာပါပဲ”
”ကိုယ်လည်း ဒီလိုပဲတွေးမိတယ်”
”ကျွန်မကလေ … စိတ်ကူးတောင်ယဉ်နေပြီ။ ကျောင်းမှာ သူဝါသနာ အပါဆုံးက ဘယ်ဘာသာဖြစ်မလဲ။ သူ့ကိုကျွန်မက အိမ်စာတွေဝိုင်းလုပ်ပေး လို့ …”
စိုးရာယာရယ်သည်။ ရေချိုးခန်းထဲမှ ရေသံရပ်သွားပြီ။
”ဪ … မေ့တော့မလို့။ ကာကာရှာရဖ်ဆီကို ကျွန်မဖုန်းခေါ်သေး တယ်”
ကျွန်တော်နှင့်စိုးရာယာတို့၏ ‘နီကာ’ ဟုခေါ်သော ကျမ်းသစ္စာကျိန်ဆို ပွဲတွင် ကဗျာရွတ်ပေးသော ကာကာရှာရဖ်ကို ကျွန်တော်မှတ်မိသည်။ မင်္ဂလာပွဲ တွင် စိုးရာယာနှင့်ကျွန်တော် စင်မြင့်ဆီလျှောက်သွားကြစဉ်
ကာကာရှာရဖ်၏ သားက ကျွန်တော်တို့ခေါင်းပေါ် ကိုရန်ကျမ်းမိုးပေးခဲ့သည်။
”သူဘာပြောလဲ”
”ကျွန်မတို့အတွက် သူမွှေပေးပါ့မယ်တဲ့။ ှုြှ က သူ့အပေါင်းအသင်း တွေဆီ ဖုန်းခေါ်မယ်တဲ့” ဟု စိုးရာယာပြောသည်။
”ဒါဧရာမသတင်းကောင်းပဲ။ စိုးရက်ပ်ကို စိုးရာယာနဲ့တွေ့ပေးဖို့ ကိုယ် စောင့်တောင်မစောင့်နိုင်တော့ဘူး”
ကျွန်တော်ပြုံးပြီး ဖုန်းချလိုက်သည်။
ရေချိုးခန်းထဲမှ စိုးရက်ပ်ထွက်လာသည်။ အင်ဒရူး၏ရုံးခန်းမှ ပြန်လာ စဉ်ကတည်းက စိုးရက်ပ် ကျွန်တော့်ကိုစကားဆယ်လုံးပြည့်အောင် မပြောသေး။ ကျွန်တော်ပြောသမျှ အင်းလိုက်၍ ခေါင်းညိတ်ပြခြင်းသာရှိသည်။
စိုးရက်ပ်သည် အိပ်ယာပေါ်တက်ကာ စောင်ကိုမေးစေ့ထိရောက်အောင် ဆွဲခြုံ၍ မိနစ်ပိုင်းအတွင်း ဟောက်နေတော့သည်။
္ထ
ရှေ့နေ အိုမာဖေဇယ်ဆိုသူသည် အသားမည်းမည်း ဝဝဖိုင့်ဖိုင့် ပါးပြင် ပါးချိုင့်နှင့် ရယ်လိုက်လျှင်သွားကျိုးများပေါ်လာသော သူ့အပြုံးက ဖော်ရွေလှ သည်။ မွဲပြာပြာဆံပင်ပါးပါးကို ခေါင်းနောက်တွင် စုချည်ထားသည်။
ဝတ်ထား သော အညိုရောင်ချည်ကတ္တီပါဝတ်စုံ၏ တံတောင်ဆစ်နေရာတွင် သားရေဖြင့် ကွက်၍ချုပ်ထားသည်။ လက်ကိုင်ပြုတ်နေသော ပွယောင်းယောင်းလက်ဆွဲအိတ် အစုတ်ကို ရင်ဘတ်တွင် ပိုက်ထားသည်။
အိုမာဖေဇယ်သည် ပြုံးပြပြီးသည်နှင့် စကားတဖောင်ဖောင်ပြောတတ်သူ၊ မလိုအပ်ဘဲ ‘ဆောရီးဗျာ’ စသဖြင့်တောင်းပန်နေတတ်သူ။ ကျွန်တော် သူ့ဆီ ဖုန်းဆက်တော့ သူကသူလာတွေ့မည်ဟုပြောသည်။ ”ဆောရီးဗျာ။
ဒီမြို့က တက္ကစီ သမားတွေ အကုန်အမြတ်ကြီးစားချည်းပဲ။ သူတို့က နိုင်ငံခြားသားကို အနံ့ခံ နေတာဗျ။ တွေ့တာနဲ့ ယာဉ်စီးခသုံးဆတင်တော့တာပဲ” ဟုဆိုခဲ့သည်။
အပြုံးများ အတောင်းအပန်များဖြင့် အိုမာဖေဇယ်သည် တံခါးကိုတွန်း ဖွင့်ဝင်လာသည်။ တရွှီးရွှီးနှင့် ချွေးတွေစို့ကာ လက်ကိုင်ပုဝါဖြင့် နဖူးသုတ်သည်။ လက်ဆွဲအိတ်ဖွင့်သည်။ လက်ဆွဲအိတ်ထဲ ခလောက်ဆန်၍
မှတ်စုစာအုပ်ထုတ် သည်။ အိပ်ယာပေါ်ကျသွားသော စာရွက်စာတမ်းများအတွက် တောင်းပန်သည်။ အိပ်ယာပေါ် ခြေချိတ်ထိုင်သည်။
စိုးရက်ပ်ကမူ အသံပိတ်ထားသောတီဗွီကိုတစ်လှည့် ရှေ့နေကိုတစ်လှည့် ကြည့်နေသည်။ ရှေ့နေဖေဇယ်လာမည့်အကြောင်း မနက်တုန်းက စိုးရက်ပ်အား ကျွန်တော်ပြောပြထားသည်။
”အင်ဒရူးက ခင်ဗျားအကြောင်း အများကြီးညွှန်းထားတယ်ဗျ” ဟု ကျွန်တော်ပြောသည်။
”သူပြောထားလား”
”ပြောထားတာပေါ့ဗျ”
”ဒါကြောင့် ကျွန်တော့်အခြေအနေကို သိနေတာကိုး” ဟုဆိုကာ ရှေ့နေ ဖေဇယ်သည် နှုတ်ခမ်းအပေါ်မှ ချွေးသီးများကို တို့သုတ်ပြီး ”မစ္စတာအင်ဒရူးကို ခင်ဗျားပြောပြထားတဲ့ အခြေအနေမျိုး …
ဒီအခြေအနေမျိုးဟာ ကျွန်တော့်အတွက် အစိမ်းသက်သက်မဟုတ်ပါဘူး” ဟုဆိုသည်။ ပါးချိုင့်များပေါ်အောင်ပြုံးပြီး စိုး ရက်ပ်ဘက်လှည့်ကာ ”ပြဿနာက ဒီကလေးပေါ့” ဟု ဖာစီဘာသာဖြင့်မေးသည်။
”သူက စိုးရက်ပ်ပါ။ စိုးရက်ပ်ရေ … ကာကာပြောပြထားတဲ့ ရှေ့နေ ကြီးမစ္စတာဖေဇယ်လေ”
စိုးရက်ပ်သည် ခုတင်ပေါ်မှလျှောဆင်းပြီး ရှေ့နေနှင့် လက်ဆွဲနှုတ်ဆက် သည်။ ”ဆာလမ် အလီခန်” ဟုတိုးသက်စွာနှုတ်ဆက်သည်။
”အလီခန် ဆာလမ်။ စိုးရက်ပ်။ သားရဲ့နာမည်က ရာဇဝင်သူရဲကောင်း ကြီးရဲ့နာမည်ဆိုတာ သိသလား” ဟု ဖေဇယ်မေးသည်။
စိုးရက်ပ်ခေါင်းညိတ်ပြပြီး ခုတင်ပေါ်ပြန်တက်၍ တီဗွီဆက်ကြည့်သည်။
”ခင်ဗျားက ဖာစီစကားကောင်းကောင်းပြောတတ်တာပဲ။ ကျွန်တော် မသိဘူးဗျ။ ကဘူးမှာ ကြီးခဲ့တာလား” ဟုကျွန်တော် အင်္ဂလိပ်ဘာသာဖြင့်မေး ကြည့်ရသည်။
”ကျွန်တော် ကရာချိမှာကြီးခဲ့တာဗျ။ ဒါပေမယ့် ကဘူးမှာလည်း နေခဲ့ဖူး တယ်။ ဟာဂျီရာဟုဗလီနားက ရှာရီနောရပ်ကွက်မှာ။ တကယ်တော့ ကျွန်တော် ကြီးလာခဲ့တာ ဘာကလေမှာဗျ။ အဖေက အဲဒီမှာ
တူရိယာဆိုင်ဖွင့်ထားတယ်”
”အပြတ်မိုက်ပါလား”
ကျွန်တော့်အပြောကို ဖေဇယ်တအားရယ်ရာ တစ်ကိုယ်လုံးချွေးတွေ ထွက်လာပြန်သည်။
”မစ္စအင်ဒရူးကို ကျွန်တော်ပြောခဲ့တာတွေထဲမှာ အမှန်ကများပါတယ် ဗျာ။ တစ်ခုနှစ်ခုကလွဲလို့ပေါ့။ မဟုတ်ရင်လည်း သုံးခုပေါ့ဗျာ။ ခင်ဗျားကိုတော့ ကျွန်တော် ဆင်ဆာမလုပ်ဘဲ အကုန်ပြောမှာဗျ”
ရှေ့နေဖေဇယ်သည် လက်ကိုတံတွေးဆွတ်ပြီး စာရွက်လှန်သည်။ ဘော ပင်အဖုံးချွတ်သည်။ ”ဝမ်းသာပါတယ် အေမား။ အခုကစပြီး ကျွန်တော်တို့ အင်္ဂလိပ်လိုပဲ လုပ်သွားကြရအောင်”
”ကောင်းတယ်ဗျ”
အဖြစ်အပျက်အလုံးစုံကို ကျွန်တော်ဇာတ်စုံခင်းပြလိုက်သည်။ ရာဟင်ခန် နှင့်တွေ့ခဲ့ပုံ၊ ကဘူးခရီးစဉ်၊ မိဘမဲ့ဂေဟာ၊ ဂါဇီအားကစားရုံမှ ကျောက်ခဲပေါက် ပွဲ …
”ဘုရား … ဘုရား။ ဆောရီးဗျာ။ ကျွန်တော်မှတ်မိသလောက် ကဘူးက သိပ်ကောင်းတာဗျ။ အခုခင်ဗျားပြောတာတွေ ယုံရခက်ကြီးပါလား” ဟု ဖေဇယ် တိုးတိုးပြောသည်။
”ခုတလော ကဘူးကိုခင်ဗျားရောက်သေးလား”
”ဟင့်အင်း”
”ကျွန်တော်ပြောမယ်။ အဲဒါ ဘာကလေမဟုတ်ဘူးဗျ”
”ဆက်စမ်းပါဦး”
အာစွပ်နှင့်တွေ့ခဲ့ပုံ၊ ကျွန်တော့်ကို သမခန်း၊ စိုးရက်ပ်နှင့် သူ၏လောက် လေး၊ ပါကစ္စတန်ကိုထွက်ပြေးလွတ်မြောက်ခဲ့ပုံ – ကျွန်တော်ပြောပြီးသောအခါ သူစာရွက်ပေါ်ရေးချွတ်နေသည်။ အသက်ပြင်းပြင်းရှူ၍ ကျွန်တော့်အား
တည် တည်ကြည်ကြည်ကြည့်သည်။
”အင်း … အေမား။ ခင်ဗျားရှေ့မှာ ပြဿနာကြီးကြိုနှင့်နေပြီ”
”ကျွန်တော် နိုင်လောက်မယ့်ပြဿနာလား”
”အင်ဒရူးရဲ့အပြောအရဆိုရင် မနိုင်လောက်ဘူး။ မဖြစ်နိုင်တာလည်း မဟုတ်ဘူး။ ဒါပေမယ့် ဖြစ်နိုင်ချေနည်းတယ်” ထိုနေရာတွင် သဘောကောင်း သောအပြုံးပြယ်လွင့်ကာ မျက်လုံးထဲ ဆော့မြူးရိပ်ပေါ်လာသည်။
”ဒါပေမယ့် စိုးရက်ပ်လိုမျိုး မိသားစုသိပ်လိုအပ်နေတဲ့ကလေးတွေအတွက် ဒီလိုစည်းမျဉ်းဥပဒေတွေက ကျွန်တော့်အတွက် ဘာယုတ္တိမှမရှိဘူးဗျာ” ဟု ကျွန် တော်ပြောလိုက်သည်။
”ခင်ဗျားက သံစုံကျူးအဖွဲ့ကို တရားဟောနေတာကိုးဗျ။ လက်ရှိအမှန် တရားကတော့ တည်ဆဲပြည်ဝင်ခွင့်ဥပဒေကို လိုက်နာရမယ်။ မွေးစားခြင်းပေါ် လစီကို လိုက်နာရမယ်။
အာဖဂန်နစ္စတန်ရဲ့ နိုင်ငံရေးအခြေအနေရှိသေးတယ်။ ခင်ဗျားရှေ့မှာ အမှောင့်အရောင့်ချည်းပဲ။ ဘာနဲ့တူသလဲဆိုတော့ သဘာဝကြောင့် ပဲဖြစ်ဖြစ်၊ လူကြောင့်ပဲဖြစ်ဖြစ် ကပ်ဆိုက်ပြီးတဲ့အခါမှာ – တာလီဘန်ဆိုတာ
ကပ်ဆိုက်တာပဲလေ … အဲဒီအခြေအနေမှာ ကလေးတစ်ယောက်ကို မိဘမဲ့ဟုတ် မဟုတ် လေ့လာစိစစ်ဖို့မလွယ်ဘူး။ ဒုက္ခသည်စခန်းမှာ ကလေးတွေ ဟိုပြောင်း သည်ရွှေ့ရှိတယ်။ မိဘတွေက မတတ်နိုင်တော့လို့
စွန့်ပစ်လိုက်တာရှိတယ်။ ဒါမျိုးတွေက အချိန်ပြည့်ဖြစ်နေတာ။ ကလေးဟာ မိဘမဲ့ဖြစ်ဖို့ အရည်အသွေး မမီရင် ှုြှ ကဗီဇာချမပေးဘူး။ ဆောရီးဗျာ၊ ရယ်စရာတော့ကောင်းတယ်။ ဒါ ပေမယ့် ခင်ဗျား သေစာရင်းလိုအပ်တယ်”
”ခင်ဗျားကိုယ်တိုင် အာဖဂန်နစ္စတန်ကိုရောက်ဖူးတာပဲ။ ဒါ ဘယ်လောက် မဖြစ်နိုင်တဲ့ကိစ္စဆိုတာ ခင်ဗျားသိပါတယ်”
”သိပါတယ်။ ဒါပေမယ့် … ဒီလိုယူဆကြရအောင်။ ကလေးမိဘတွေ သေဆုံးသွားတာ သိပ်ရှင်းလင်းသွားပြီဆိုပါတော့၊ ဒါတောင် ှုြှ ကဘယ်လိုထင် လဲဆိုရင် ကလေးကို
မိခင်တိုင်းပြည်ကလူကိုပဲ မွေးစားခွင့်ပေးတာကောင်းတယ် ထင်တယ်။ ဒီနည်းနဲ့ကလေးရဲ့အမွေအနှစ်ကို ထိန်းသိမ်းနိုင်တယ်”
”ဘာအမွေအနှစ်လဲ။ အာဖဂန်နစ္စတန်က ရှိရှိသမျှအမွေအနှစ်တွေ တာလီဘန်တွေ ဖျက်ဆီးလို့ကုန်ပြီလေ။ ဘာမီယန်က ဗုဒ္ဓရုပ်ပွားတော်ကြီးတွေ သူတို့ဘာလုပ်ပစ်လိုက်ပြီလဲ ခင်ဗျားအမြင်ပဲ”
”ဆောရီးပဲဗျာ။ ှုြှ အလုပ်လုပ်ပုံကို ကျွန်တော်ပြောတာပါ”
ကျွန်တော် သက်ပြင်းချပြီး မျက်လုံးပွတ်ရသည်။ ခေါင်းကိုက်နေပုံများ မျက်လုံးနောက်နားကလေးတင် တူနှင့်နှက်နေသလို။
အိုမာဖေဇယ်သည် စူထွက်နေသောဝမ်းဗိုက်ကြီးပေါ် လက်ပိုက်ပြီး ”အာ ဖဂန်နစ္စတန်ဟာ တစ်နည်းနည်းနဲ့ ပူးပေါင်းပေးမယ်ဆိုရင်တောင် အခုလိုမွေး စားခြင်းကိစ္စကို ခွင့်ပြုမှာမဟုတ်ဘူး။
တကယ်က တော်ရုံမွတ်စလင်တိုင်းပြည် တွေတောင် မွေးစားရေးကိစ္စကိုတွန့်ကြတယ်။ အဲဒီတိုင်းပြည်အများစုမှာ အစ္စလာမ် ဥပဒေက မွေးစားတာကို အသိအမှတ်မပြုဘူး” ဟုပြောသွားသည်။
”ကျွန်တော့်ကို လက်လျှော့လိုက်ဖို့ပြောနေတာပေါ့”
ခင်ဗျားရဲ့ရှေ့နေတစ်ယောက်အနေနဲ့ ခင်ဗျားကိုအဖြစ်မှန်တွေ ပြောပြ ဖို့တာဝန်ရှိတယ်။ နောက်ဆုံးအဆင့်အနေနဲ့ မွေးစားခြင်းအေဂျင်စီတွေက ကလေး ရဲ့ ဝန်းကျင်အသိုင်းအဝိုင်းကို အကဲဖြတ်ဖို့ ဝန်ထမ်းတွေလွှတ်တယ်။
အာဖဂန် နစ္စတန်ကိုတော့ ဘယ်အေဂျင်စီမှ လူလွှတ်မှာမဟုတ်ဘူး”
”ကျွန်တော်က သူ့ရဲ့ဦးလေး။ ဒါကကော … ”
”သက်သေပြနိုင်ရင်တော့ မဆိုးဘူး။ ဆောရီးဗျာ … ခင်ဗျားကို ထောက် ခံပေးမယ့်စာရွက်စာတမ်း ဒါမှမဟုတ် လူသက်သေရှိလား”
”စာရွက်စာတမ်းတော့ မရှိဘူး။ ဒါကိုဘယ်သူမှမသိဘူး။ စိုးရက်ပ် တောင် ကျွန်တော်ပြောမှသိတာ။ ကျွန်တော်ကိုယ်တိုင်တောင် တလောကလေးက မှ သိခဲ့တာ။ ဒီအကြောင်းသိတဲ့လူက ထွက်သွားပြီ။
ခုဆိုသေသွားလောက်ပြီ”
”ဟမ်း …”
”ကျွန်တော့်အတွက် တခြားရွေးပိုင်ခွင့် ဘာရှိသလဲ”
”ပွင့်ပွင့်လင်းလင်းပြောမယ်ဗျာ။ ရွေးပိုင်ခွင့်သိပ်မများဘူး။ မိဘမဲ့ ကလေးမွေးစားခွင့်ကို လျှောက်မြဲလျှောက်ထားပါ။ ဒီကလေးကို အလွတ်သဘော မွေးစားလို့ရတယ်။ ဆိုလိုတာက ဒီပါကစ္စတန်မှာပဲ
စိုးရက်ပ်နဲ့အတူ နောက် ထပ်နှစ်နှစ်နေရမယ်။ ကလေးကိုယ်စား ခိုလှုံခွင့်တောင်းခံရမယ်။ ဒါဟာ တာဝေး နည်းပေါ့ဗျာ။ ဒီနည်းနဲ့လူသားချင်းစာနာတဲ့ဗီဇာကို တောင်းဆိုလို့ရတယ်။ ဒီဗီဇာ မျိုးကို
လွယ်လွယ်ချမပေးဘူး။ ရှေ့နေချုပ်ရဲ့ ကိုယ်ပိုင်သဘောနဲ့ချပေးတဲ့ဗီဇာ မို့ပါ”
အိုမာဖေဇယ်သည် တအောင့်နားနေပြီးမှ ဆက်ပြောသည်။
”နောက်ထပ်ရွေးပိုင်ခွင့်တစ်ခုက ဒါဟာခင်ဗျားရဲ့အကောင်းဆုံးရိုက်ချက် ဖြစ်နိုင်တယ်”
”ဘာပါလိမ့်”
”ဒီပါကစ္စတန်မှာပဲ သူ့ကိုမိဘမဲ့ဂေဟာမှာစွန့်ခဲ့။ ပြီးတော့မှ ှု-၆ဝဝ ဖောင်နဲ့ ခင်ဗျားရဲ့နေအိမ်လေ့လာမှုကို လုပ်တော့”
”အဲဒါက ဘာတွေလဲ”
”ဆောရီးဗျာ … ှု-၆ဝဝ ဆိုတာ ှုြှ ရဲ့လုပ်ထုံးကိုပြောတာပါ။ ခင်ဗျား ရဲ့နေအိမ်လေ့လာမှုကိုတော့ ခင်ဗျားရွေးချယ်တဲ့ မွေးစားခြင်းအေဂျင်စီက လုပ် ပါလိမ့်မယ်။ ခင်ဗျားနဲ့ ခင်ဗျားဇနီး
အရူးတွေမဟုတ်ဘူးဆိုတာ သေချာဖို့ပါ”
”ကျွန်တော်ဒီလိုမလုပ်ချင်ဘူးဗျာ။ စိုးရက်ပ်ကို မိဘမဲ့ဂေဟာ ပြန်မပို့ ဘူးလို့ ကတိပေးပြီးပြီ”
”ကျွန်တော်ပြောခဲ့သလိုပါပဲ။ ဒါဟာ ခင်ဗျားရဲ့အကောင်းဆုံး လုပ်ဆောင် ချက်ဖြစ်နိုင်ပါတယ်”
ကျွန်တော်တို့ စကားနည်းနည်းဆက်ပြောကြပြီး သူ့ကားဆီကျွန်တော် လိုက်ပို့သည်။ အနောက်ဆီတွင် တိမ်နီရဲရဲဆင်လျက်ရှိသော အစ္စလမ္မာဘက်၏ နေယွန်းချိန်။ အိုမာဖေဇယ် ကားပြတင်းကိုချကာ ”အေမား”
ဟုခေါ်သည်။
”ဟုတ်ကဲ့”
”ကျွန်တော်ပြောမလို့ပါပဲ။ ခင်ဗျားကြိုးစားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တော့ပေါ့။ ခင်ဗျားဟာ ထူးကဲပါပေတယ်ဗျာ”
ကားမောင်းထွက်သွားရင်း အိုမာလက်ပြသွားသည်။
ကျွန်တော်အခန်းထဲပြန်ဝင်လာတော့ စိုးရက်ပ် တီဗွီပိတ်ထားသည်။ ခုတင်စွန်းတွင် ကျွန်တော်ထိုင်ပြီး သူ့အားကျွန်တော့်အနားလာထိုင်ရန် ခေါ်ကာ ”သားကို အမေရိကားခေါ်သွားဖို့
နည်းလမ်းရှိတယ်လို့ ရှေ့နေကြီးကပြောသွား တယ်ကွ” ဟုပြောပြလိုက်သည်။
”ဟုတ်လား၊ သားတို့ဘယ်တော့သွားနိုင်မလဲ”
ရက်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် စိုးရက်ပ်မျက်နှာပေါ် မှ အပြုံးငွေ့ငွေ့ကိုမြင်ရသည်။
”ပြဿနာက အဲဒါပဲကွ။ အချိန်နည်းနည်းကြာမယ်။ သူက သူကူညီ မယ်လို့ပြောသွားတယ်”
အပြင်ဘက်မှလမ်းတွေထဲ ဘုရားရှိခိုးရန်နှိုးဆော်သံများ ညံနေသည်။
”ဘယ်လောက်ကြာမလဲ” ဟု စိုးရက်ပ်မေးသည်။
”ကာကာ မသိဘူးကွ။ နည်းနည်းတော့ကြာမယ်”
ပခုံးတွန့်ပြီးပြုံးပြသော စိုးရက်ပ်၏အပြုံးက သည်တစ်ခါပိုပီပြင်သည်။ ”ကိစ္စမရှိပါဘူး။ သားစောင့်နိုင်ပါတယ်။ ပန်းသီးစိမ်းနဲ့တူတာကိုး”
”ပန်းသီးစိမ်း”
”သားငယ်တုန်းက သစ်ပင်ပေါ်တက်ပြီး ပန်းသီးစိမ်းတွေခူးစားဖူးတယ်။ သားဗိုက်ကြီးဖောင်းလာပြီး ဗုံကြီးလိုမာတောင်နေတာပဲ။ နာလိုက်တာမှ တအား ပဲဗျာ။ အမေကပြောတယ်။ ပန်းသီးတွေ
မှည့်တဲ့အထိစောင့်ပြီးစားရင် ဒီလိုမဖြစ် ဘူးတဲ့။ ခုဆို သားဘာပဲလိုချင်လိုချင် အမေပြောတဲ့ ပန်းသီးတွေအကြောင်း ပြန်တွေးနေရတယ်”
”ပန်းသီးစိမ်းတဲ့လား။ ကာကာတွေ့ဖူးသမျှထဲမှာ သားဟာအတော်ဆုံး ကောင်လေးပဲကွာ”
စိုးရက်ပ်၏နားရွက်များ ရဲတက်သွားသည်။
”အင်္ဂလိပ်စာက သင်ရခက်လား ကာကာ”
”ကာကာပြောမယ်၊ တစ်နှစ်အတွင်းပဲကွာ။ ဖာစီစကားလိုတတ်သွားမယ်”
”တကယ်”
”ဒါပေါ့” ဟုဖြေပေးပြီး သူ့မေးစေ့ကလေးကို ကျွန်တော်ဆွဲယူမော့ကာ ဆက်ပြောသည်။ ”ကိစ္စတစ်ခုတော့ရှိတယ် စိုးရက်ပ်”
”ဘာလဲဟင်”
”ဒီလိုကွာ … ရှေ့နေကြီးက ဘယ်လိုထင်လဲဆိုရင် သားကိုကလေးတွေ နေတဲ့အိမ်မှာ ခဏတဖြုတ်နေခိုင်းလို့ရမလားတဲ့။ ဒါမှ သူလုပ်ပေးရလွယ်အောင်”
”ကလေးတွေနေတဲ့အိမ်ဆိုတာ ဘာလဲ။ မိဘမဲ့ဂေဟာလား”
စိုးရက်ပ်၏အပြုံး မှိန်ကျသွားသည်။
”ခဏလေးပဲနေရမှာ သားရဲ့”
”ဟင့်အင်း … ဟင့်အင်း … မလုပ်ပါနဲ့”
”စိုးရက်ပ်၊ ခဏလေးနေရမှာပါ။ ကာကာ ကတိပေးတယ်”
”အရင်တုန်းက ကာကာကတိပေးတော့ သားကိုဘယ်တော့မှ မိဘမဲ့ ဂေဟာ ပြန်မပို့ဘူးဆို ”
……………………………………
……………………………………
_____________________________
ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER
မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်
မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ
2009 / ဇွန် ၊ ပထမ အကြီမ် ။
စာမျက်နှာ စုစုပေါင်း…350
13 x 21 စင်တီဆိုဒ် စာအုပ်တန်ဖိုး
… 3000 ကျပ်
_________-
လေးစားစွာဖြင့်…
…………………….
5 comments
အလင်းဆက်
August 7, 2012 at 7:30 pm
ခပ် မြန်မြန်လေးပဲ..တင်ပေးလိုက်ပါတယ်…မိတ်ဆွေတို ့ရေ.။
ဇာတ်က အရှိန် မြင့်နေပြီ..ကိုး….
မောင်ပေ
August 7, 2012 at 7:38 pm
ဒီလောက်ဆိုရင် ရှေ ့လာမယ့် အပိုင်းကို ခန် ့မှန်းကြည့်မိတာ
စိုးရပ်လေးက မိဘမဲ့ဂေဟာကို ပြန်မရောက်တော့ဘူး
ရှေ ့နေကြီးအိမ်မှာ ခဏထားခဲ့ပြီး ၊ သူ ့ကို အမေရိကား ခေါ်သွားနိုင်ဖို ့
အေမားအသဲသန် ကြိုးစားတော့မှာ ဖြစ်ရမယ်
ကြောင်ကြီး
August 8, 2012 at 10:48 am
ဇာတ်ရှိန်မြင့်
တက်လိမ်သင့်
ငှက်အိမ်ဝင့်
ဘဝဂ်တိမ်စွင့်..။
shwe kyi
August 8, 2012 at 4:50 pm
ဆက်ပါဦးကိုအလင်းဆက်ရေ မျှော်နေမယ်။ စိုးရက်ပ်ကလေးကိုပဲသနားနေမိတယ်။
အလင်းဆက်
August 8, 2012 at 5:43 pm
ဦးပေ…ခန့်မှန်းသလို..နီးနီး..ပါပဲ.။
နောက် လာမယ့် အပိုင်း 44 ဆိုပြီးပါပြီ။
_____________
ဦးကြောင်..ရဲ ့သုံးလုံးစပ်ကဗျာ..တိုလေးကလည်း..ရှယ်ပဲ ။
________________
ရွှေကြည်ရေ… ဆက်လက် အားပေးပါဦးနော် ။
အားလုံးကို ခင်မင်လေးစားစွာ