Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဖြူသောနှလုံး၊ သူတော်ထုံးကို ၊ဆွဲသုံးသောထွေ မှန်လှစေ။ (သို့ ) Voice Fatigue in Myanmar’’

zaylayJuly 5, 20101min1721

ဒီတပတ်ကတော့ ကျွန်တော့်အတွက်တော်တော်ခက်
ခဲတဲ့ အပတ်စဉ်တစ်ခုဘဲလို့ဆိုရမှာ ဘာလို့လဲဆိုတော့ မြန် မာပြည်တွင်းမှာ
နိုင်ငံ့အနာဂတ်နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးပို
င်းနဲ့ ပတ်သတ်ပြီးတော်တော်လေး
အသံကျယ်ကျယ် ပြောရေးဆိုခွင့်ရထားတဲ့သူတွေလို့
ကျွန်တော်တို့တော်တော်များများစာရင်းတို့ထားတဲ့
ဆရာတွေထဲက ဆရာ နှစ်ဦးဖြစ်တဲ့ ဆရာစူးစမ်းနဲ့ ဆောင်းပါးရှင်ကိုအောင်ထွဋ်ခေါ်
ဆရာဒေါက်တာ နေဝင်းမောင်နှစ်ဦး၊ ဆရာနေဝင်း မောင် ပိုင် The Voice
ဂျာနယ်ထဲမှာရေးတဲ့ ဘာသာပြန်ဆောင်းပါးလေးနဲ့ ပတ်သတ်ပြီး
စိုးရိမ်စိတ်တစ်ချို့ပျို့ တက်လာပြီး အထူးသဖြင့် နိုင်ငံရေးကိုလေ့လာနေတဲ့
အနာဂတ်လူငယ်လေးတွေ အယူမှားအလိုက်လွဲသွား မှာ စိုးလို့ရယ်၊
ဆရာကိုအောင်ထွဋ်ကိုယ်တိုင် မိမိလွတ်လပ် ချောင်ချိရေးအတွက် အခြားသူတွေကိုဖိနင်း
ကြပ် နေတဲ့ (အထူးသဖြင့် စစ်အစိုးရနဲ့အမြင်မကြည်လို့
အထူးတင်းကြပ်ခံထားရတဲ့အတိုက်အခံအဖွဲ့စည်းများကို)
တ ချို့ ကိစ္စလေးတွေကို စောင့်ကြည့်နေသူတွေရှိတယ်ဆိုတာကိုလည်း
သိရအောင်ဒီဆောင်းပါးလေးကိုရေး သား လိုက်ရတာပါဘဲ..။
ပထမဦးစွာ ကျွန်တော်အထင်တော့ စစ်တပ်ခေါ်ခေါ် တပ်မတော်ခေါ်ခေါ် နအဖခေါ်ခေါ်
ယခုလူနဲ့ယခုမူ ဟါဘာမှပြောင်း လဲမသွားဘူးဆိုတာလေးကို
သိသိကြီးနဲ့မရှက်မကြောက်ရေးရေးတတ်လွန်းတဲ့ဆရာ့ကို အံ့ဩ မိသွားတာ
တော့အမှန်ဘဲ..။
နောက်ဘာသာရေးစကားတွေတွင်တွင်သုံးပြီး ဆရာပင့်မြှောက် သွားတဲ့အကွက် ကြီးက
လွှတ်ရိုင်းပြီး၊ အရမ်းသိသာလွန်းတဲ့ ဘက်စောင်းစကားကြီးဖြစ်နေလွန်းလို့
လေးစားအားနာတဲ့ကြားက ဘဲ ဒီစာလေးကိုရေးလိုက်ရပါတယ်။

တကယ်တော့ ဆရာပြောလိုက်တဲ့အဲဒီစကားဟါ ၂၀၀ရစက်တင်ဘာအရေးခင်းပြီးခါစ
သူ့နိုင်ငံအကျိုးအတွက် စီးပွားရေးကိစ္စနဲ့လာပြီး စစ်အစိုးရကို
မျက်နှာလိုအားရလုပ်ပြော သွားတဲ့ ထိုင်းဝန်ကြီးချုပ်တစ်ဦးရဲ့စကားနဲ့
မယားညီအကိုတော်နေသလိုဘဲဆရာရယ်။ သူကတော့နိုင်ငံခြားသားဆိုတော့ သိပ်ပြသနာမရှိဘူး
နားလည်လို့ ရတယ် ဆရာကတော့ ဒီရေဒီမြေမှာ ဒီလိုလူတွေနဲ့
ဒုက္ခသုက္ခတွေတလှေကြီးနဲ့နေနေရပြီးတော့ အဲဒီလိုစကား မျိုးပြောထွက်လိုက်တာကို
ဆရာ့ကိုယ်စား လွှတ်ရှက်မိတာပါဘဲဆရာရယ်။ ဘုန်းကြီးကျောင်းမှန် မှန်မ ရောက်ဘဲ
ကြားဖူးနားဝ လုပ်သုံးစကားတွေနဲ့ လုပ်စားသွား တယ်လို့သာ ထင်မိပါတယ်..။
ဘာလို့အဲလို ဆွတ် ဆွဲရသလဲဆိုရင် ဆရာက မိမိနိုင်ငံရဲ့လက်ရှိအစိုးရ သို့
ပါတီပြိုင်ဘက်နိုင်ငံရေးအရအလဲထိုးအနိုင်ယူချင်ပြီး ပြည်သူ့မဲရအောင် ပြည်ပက
လက်ရှိအစိုးရရဲ့ဆန့်ကျင်အဖွဲ့တွေကို (ဥပမာ-မြန်မာစစ်အစိုးရလိုမျိုး အမေရိကန်
ဆန့်ကျင်အဖွဲ့စည်း) ကိုထောက်ပံ့ပြီး မိမိနိုင်ငံမှာ
မိမိတို့ရဲ့အာဏာပြန်လည်သက်ဝင်
ခေါင်းထောင်နိုင်ရေး ကြိုးစားနေကြတဲ့ နိုင်ငံရေးပါတီတဖြစ်လဲ(Anti Sanction)
အဖွဲ့စည်းတွေ၊ နိုင်ငံရေးအခြေနေအရ ပြည်ဝင် ခွင့်မရဘဲ
မြန်မာနိုင်ငံအထာသိပ်မနပ်တဲ့ နိုင်ငံတကါ အလှူရှင်တွေနဲ့တွေ့ဖို့
နိုင်ငံခြားအကြိမ်ကြိမ်ထွက်၊ ရခိုင် တိုင်းမှူးသား(နာမည်ကတော့
ပုဂ္ဂိုလ်ရေးအရမ်းဆန်သွားမှာစိုးလို့ မဖော်ပြတော့ပါဘူး)ကိုယ်တိုင် အီးစီအ ဖြစ်
ပါ ဝင်ထားတဲ့(သူ့ကိုထည့်လိုက်လို့ ပြည်တွင်းအန်ဂျီအိုလိုင်စင်ရသွားတာကိုလည်း
အရမ်းလျောက်ပြောရာကျမှာစိုး လို့ မပြောတော့ပါဘူး..။) မြန်မာအီးဂရက်စ်လို
ပြည်တွင်းအလှူရှင်အသင်းအဖွဲ့ (National Non-government Organization)
အရေးအရာတွေနဲ့ အလုပ်သိပ်ရှုပ်နေတတ် လွန်းလို့ပါ။(ခဏခဏ ဆရာနဲ့မျက်နှာချင်းဆိုင်
ဆွေး နွေးဖို့လာတိုင်း မရှိတာများနေလို့ရယ်၊ အခုဆိုကျောင်းသားနဲ့
ဝန်ထမ်းမဟုတ်ရင် ဝင်ခွင့်မရတော့တဲ့ ဆရာ့ရဲ့ Egrassရုံးကြီး ရယ်ကြောင့်
ဆရာနဲ့တွေ့ဖို့ကြိုးစားလေတိုင်း လှည့်ပြန်ခဲ့ရတာကများနေတာကြောင့် စာနဲ့သာ
ဆက်သွယ်လိုက်ရပါတယ်။

အခုဆိုဆရာ့ကျောင်းတောင် စစ်အစိုးရလိုလူကြောက်တဲ့ရောဂါရလာပြီလို့ ထင် တယ်
ဆရာရဲ့..တကယ် တော့ကိုယ်တကယ်ကောင်းခဲ့ရင် ခေါင်းဘယ်မှအရွေ့ပါဘူးဆရာရယ်..။)
ကျွန်တော် တို့ သုံးသတ်မိသလောက် Myanmaar Egrassဆိုတာလည်း ဆရာသိပ်လုပ်ချင်နေတဲ့
နောက်ကွယ်က ကြိုးကိုင် နိုင်ငံရေးနဲ့၊ ပြည်သူကိုမီဒီယာအသုံးချ
ကိုယ်လိုရာနိုင်ငံရေးအပင်း သွင်းနေတဲ့ဆရာရဲ့ The Voice, Foraign
Affairမဂ္ဂဇင်းကြီးတွေအတွက် ဘက်ဂျက်ငွေရှာပေးနေတဲ့ ပြည်တွင်းအန်ဂျီအိုယောင်ဆောင်
နိုင်ငံတကာအဖွဲ့ စည်းကြီးတွေထံမှ နိုင်ငံခြားငွေတောင်းကောင်းအောင်
ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်ဖြစ် လာတယ်ဆိုတာကို လည်း
ဆရာကိုယ်တိုင်စီးကရက်မီးခိုးအူအူ တွေကြားမှာသုံးသပ်မိမှာ
အမှန်ဘဲလို့ကျွန်တော်ယုံကြည်နေပါ တယ်။

အဲလို အဖွဲ့စည်းကြီးကိုဘဲ တိုးတက်သည်ထက်တိုးတက်အောင်လုပ်နေရလို့
ဘုန်းကြီးကျောင်း သွားဖို့ တောင် အချိန်မရှိတဲ့ဆရာ့အတွက်၊
ဆရာရုံးခန်းနဲ့ကျောင်းဖွင့်ထားတဲ့ ဟိုတယ်နဲ့သိပ်မဝေးတဲ့ နေရာတွေမှာ တင်
ဆရာ့သားအရွယ်၊ သမီးအရွယ်ကျောင်းသားနဲ့၊ ဆရာကိုယ်တိုင်ရိုရိုသေသေကန်တော့ရှိ
ခိုးနေရတဲ့ ရဟန်း သံဃာ တော်တွေကို ရက်ရက်စက်စက်ပစ် သတ်ခဲ့တဲ့
စစ်အစိုးရလို(ဆရာရေးတဲ့အတိုင်းဆို တပ်မတော် ပေါ့) လူ မျိုးတွေ ကိုတောင်
ဆရာကလက်ခုပ်တဘက်တည်းတီးပြီးအားပေးနေတာဟါ ရိုးရိုးသားသားမှ ဟုတ်ရဲ့လား ဒါမှမဟုတ်
တော်ယုံအကျိုးစီးပွားမှဟုတ်ရဲ့ဆရာရယ်။ အဲလို ရကန်ပျို့နည်းနဲ့ ပါးစပ်အဝတ်စို့၊
ကြိုးတုတ်ပြီးအ ရိုက်ခံ ထားရတဲ့လူတစ်ယောက် အရှေ့ ရပ်ပြီး ကောင်းတယ်ကောင်းတယ်။
ရိုက်တဲ့သူကြီးကမှန်တယ်ဆိုပြီး လက်ခုပ်လက်ဝါးတီးပြီးတဖတ် သတ်ရေးသား
ပြောဆိုနေတဲ့…..ဆရာ့ရဲ့ ဘုန်းတော်ဘွဲ့တွေဟါ တဆိတ်လွန် လွန်းပြီလို့ထင်ပါတယ်ဆရာ။

စစ်အစိုးရရဲ့ ညံ့ဖြင်းအားနည်းမှုတွေကို သိသိကြီးနဲ့ တကယ့်ပညာတတ် လူကြီး
လူကောင်း၊ ပြည်သူတစ်ယောက်၊ ဖခင်တစ်ဦး၊ ကျောင်းသားတဖြစ်လဲ ဆရာတစ်ဦးဟါ
စစ်အစိုးရနဲ့ပတ်သတ်ပြီး သင်ကောင်းလျှင်ကျွန်ုပ်မဆိုး ပါဆိုတဲ့အာဘော်ကို
လက်ကရေး၊ နုတ်ကထွက်လာတာကို ကျွန်တော်တို့က ဘယ်လိုစိတ်နဲ့ သုံးသပ်လိုက်နာ
ကျင့်ကြံရပါမလဲလို့ တော့သံသယဖြစ်မိတာအမှန်ဘဲ ဆရာရယ်..။ တခါခါ ဆရာ
ဆောင်းပါးလေးတွေဟါ လေးစားလိုက် နာချင်စရာကောင်းသလို၊ တခါတခါတော့လည်း ဆရာဆောင်း
ပါးတွေဖတ်ရရင် ပညာတတ်တွေမိုက်ရင် ပိုကြောက်ဖို့ကောင်းတယ် ဆိုတဲ့ရှေးလူကြီး
တွေရဲ့စကားကိုဘဲ ဦး ဏှောက် ထဲဝင်ဝင်လာမိတယ် လို့သာဝန် ခံပါရစေတော့ဆရာရယ်..။

အထူးသဖြင့် ၂၀၁ဝနီးလာလေလေ ဆရာ ဦးဆောင်တဲ့ The Voice အသံက
ပိုကျယ်လာလေလေဖြစ်လာတာဟါ ဆရာတို့ထုတ်ပြန်ခဲ့သလို နိုင်ငံရေးမှာ ဝင်
ရောက်ပတ်သတ်မှာမဟုတ်ဘူးဆိုတဲ့ တိုင်းသိပြည်သိထုတ် ပြန်ချက်ကြီး နဲ့လည်း
လားလားမှဆန့် ကျင်နေသ လား လို့ပါဆရာ..။ ဆရာကိုတစ်ခါတစ်ခါ သံသယဖြစ် မိတယ် ဆရာ
ဆရာဘာ ဖြစ်ချင်နေလဲဆိုတာ၊ ဆရာဖြစ်ချင်နေတာတွေကိုတ ကယ်ရောသွားနေရဲ့လား၊
ဦးတည်နေရဲ့လား ဆိုတာရယ်၊ လမ်းရောမှန်ရဲ့လားဆိုတာကို တွေးပြီးပူမိတယ်ဆရာရယ်..။

ဒါမှမဟုတ် ငယ်ငယ်က နိုင်ငံရေးနယ်ပယ်မှာ
အပယ်ခံခဲ့ရဖူးတဲ့လူတချို့ကိုမုန်းတီးပြီး
လုပ်ခွင့်ရ တဲ့အ ချိန်မှာ ငယ်ညှိုးငယ်နာများနဲ့
ပြန်ကလဲ့စားချေနေတာများလားဆရာ..။
လူစိတ်ဆိုတာဖြစ်တတ် တယ်မ ဟုတ် လား။ ဆရာ့ကိုယ်
ဆရာပြန်သုံးသတ်စေချင်ပါတယ်။အဲလိုအညှိုးအတေးတွေရှိခဲ့လျှင်လည်း
ခွင့်လွှတ်ပြီး နိုင်ငံ အနာဂတ်ကို ဦးဆောင်ခွင့်နဲ့သွားနေတဲ့အချိန်မှာ
လူကြီးလူကောင်းဆန်ဆန် တကယ့်အလုပ်ကောင်း ကောင်း တွေ လုပ်သွားစေချင်ပါတယ် ဆရာ။

မစ္စတာရေကူးသမားကိစ္စမှာ ကျွန်တော်ရလိုက်တဲ့သင်္ခန်းစာကတော့ ဆရာ့လိုမဟုတ်ဘူး။
ငမိုက်သားငတေ၊ သေချင်သေလို့ပစ်ထားလိုက်ရင်တောင်ဘာမှမဖြစ်နိုင်တဲ့
ယတ်တောလိုလူမျိုးကို သူ့နိုင်ငံအရောက်ပြန် ခေါ်ပြီး မှ သူ့နိုင်ငံသားဥပဒေအတိုင်း
အပြစ်ပေးခံရတဲ့ အမေရိကန်နိုင်ငံကြီးရဲ့သူ့ပြည်သူအပေါ် ထားစိတ်စေတနာကို သာ
အားကြအတုယူချင်တဲ့စိတ်ဘဲရှိတယ်…။ အာရှတဝှမ်းမှာ
နိုင်ငံကူးလက်မှတ်အနီကိုင်ထားပြီး
မြန်မာစကား ကိုတွင်တွင်ပြောဆိုနေပါရက်ကယ်နဲ့
ဆရာပြောတဲ့တပ်မတော်ဆိုတဲ့လူကြီးတွေက
သူ့နိုင်ငံသားမဟုတ်ပါဘူး လို့အငြင်းခံရလို့ ဒုက္ခပင်လယ်ဝေနေတဲ့လူတွေ၊ အခုချိန်ထိ
ဆရာပြောတဲ့တပ်မတော်အစိုးရကြီးက အမြင်မကြည် အယုံ ကြည်မှုအားနည်းလို့
အမျိုးမျိုးသောအလှူတွေ၊ အထောက်အပံ့ တွေကိုညင်းပယ်ခဲ့၊ ခွင့်မ ပြုခဲ့လို့
ယနေ့အချိန်ထိ အမိုးအကာ၊ အစားအစာလုံလုံလောက် လောက် လက်ခံမရရှာသေးတဲ့ နာဂစ်ဒဏ်
ခံဒုက္ခသည်ပြည်သူတွေ၊ သူတို့(ဆရာပြောတဲ့တပ်မတော်ကြီးရဲ့)အမှားတွေ၊
အားနည်းချက်တွေကို ထောက်ပြ ဝေဖန်နေလို့ မြန်မာပြည်အရပ်ရပ်ကထောင်အသီးသီးမှာ
နည်းအမျိုးမျိုးနဲ့ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့လူတွေက မိမိကိုယ်ကို
တပ်မတော်ကြီးရဲ့အလိုကြ လုပ်ချင်သလိုလုပ်ကြပါလို့ Admit မလုပ်မချင်း
ဆင်းရဲတွင်းကို မသေမ ချင်းဝင်စေတော့လို့သာဖြစ်စေရတော့မှာလားဆရာ..။

ဆရာ့ကို လေးစားသမှုနဲ့ အကြံတစ်ခုပေးချင်တာကတော့
အဲဒီသမ္မဟိုတယ်ဒုတိယထပ်ဆရာ့ရုံးခန်းနဲ့
နိုင်ငံခြား တိုင်းပြည်တွေချည်းဘဲသွားနေမယ့်အစား ကျွန်တော်တို့ နိုင် ငံ
အတွင်းကို တစ်ခါလောက်ဘဲဖြစ်ဖြစ်ဆရာ လှည့်ပတ်သွားလာကြည့်ပြီး
ပြည်သူတွေနဲ့စကားပြောကြည့်၊ လုပ် ငန်းရှင်ကြီးငယ်တွေနဲ့ဆွေးနွေးကြည် ့(ဆရာနဲ့
နည်းနည်းရင်းနှီးတဲ့ ကိုတေတို့၊ ကိုဇော်ဇော်တို့တော့မပါဘူးပေါ့)၊
အန်ဂျီအိုတွေနဲ့ တွေ့ဆုံကြည့်(ဆရာနဲ့ အရမ်းဆက်သွယ်ကောင်းတဲ့ UMFCCI,
ရတနာမေတ္တာတို့လို စီးပွားရေး သမားတစ်ဖြစ်လဲ စစ်ဗိုလ်ဟောင်းတွေရဲ့ ငွေမည်းကို
ငွေဖြူလုပ်နေတဲ့ အဖွဲ့စည်းတွေမပါဘူးပေါ့) နောက်မြန် မာနိုင်ငံဒေသအသီးသီးမှာ
တာဝန်ယူတပ်ဆွဲပြီး လက်နက်ကိုင် လုပ်ချင်ရာလုပ်နေတဲ့ ဆရာပြောတဲ့ တပ်မ
တော်သားကြီးငယ်လတ်တွေရဲ့ အခြေနေတွေကိုလှည့် ပတ်ကြည့် လိုက်နိုင်ရင်
ဆရာအမြင်တမျိုးများဖြစ် သွား မလားလို့ထင်မိတယ်။

ဘာလို့လဲဆိုတော့ ဆရာကနိုင်ငံခြားသားတွေနဲ့တွေ့ပြီး သူတို့ဖြစ်စေချင်တဲ့အာ ဘော်
နည်းစနစ်တစ်ခုကို အတုခိုးအသက် သွင်းနိုင်ရင် နိုင်ငံရေးဒုက္ခ၊ လူမှုရေးဒုက္ခ၊
စီးပွားရေးဒုက္ခတွေကို လက်တွေ့ ရင်ဆိုင်ခံစားနေရတဲ့ မြန်မာပြည်သူ
၅၆သန်းကျော်နဲ့သာ ဆရာတကယ်ထိတွေ့ခွင့်၊ စကားပြောခွင့်၊ တကယ်မြင် ခွင့်ရခဲ့ရင်
နိုင်ငံအတွက် (အဝေးကလူတွေရေးတဲ့ အပေါ်ယံမြင်သုံးသပ်သုတွေသနစာတမ်းတွေထက်) ဆရာ့
လုပ် ရက်တွေပိုအကျိုးရှိ အဖိုးထိုက်တန်လာမယ်လို့မျှော်လင့်
ယုံကြည်နေပါတယ်ဆရာ..။ အနည်းဆုံးဆရာ့ တပည်တစ်ဖြစ်လည်း၊ Egrass အန်ဂျီအိုလေးမှာ
တာဝန်ထမ်းဆောင်ပြီးနေကြတဲ့ နယ်ရောက်ဝန် ထမ်းလေး တွေကို တွေ့ပြီးသူတို့ခံစား
ချက် လေးတွေ အတွေ့ကြုံလေးတွေကိုနားထောင်ကြည့်ရင် ဆရာလုပ်နေ တဲ့အ လုပ်တွေ
ပိုတော်တည့်မှန်ကန်လာမယ်လို့ မျှော်လင့်မိပါတယ်ဆရာ။

ကျွန်တော်ဒီလောက်အချိန်ကုန်ခံနေတာ ဆရာကိုပုဂ္ဂိုလ်ရေးအရလေးစားတန်ဖိုးထားလို့ရယ်၊
နိုင်ငံအတွက် လုပ်ခွင့်ရနေတဲ့လူကြီးလူကောင်းတစ်ဦး
လမ်းမှားပြီးလက်လွှတ်ဆုံးရှုံးမှာ
စိုးရိမ်တဲ့စိတ်ရယ်၊ နိုင်ငံရေးလောကဓံ အရည်ပါးသေးတဲ့
လူငယ်လေးတွေရေလိုက်လွဲသွားမှာစိုးတဲ့စိတ်ရယ်၊
အမှန်တရားချစ်မြတ်နိုးစိတ်ရယ်ကြောင့်
ပါ။
တကယ်တော့Burma ခေါ်ခေါ်၊ Myanmar ခေါ်ခေါ် မာဖီးယားလို သားမြေးတီးတွတ်ကောင်းစား
ရေးလုပ်နေတဲ့ လူဆိုးတွေဦးဆောင်နေတဲ့ပြည်ဟာ ကျွန်တော်တို့ပြည်ပါဘဲ။ အဲဒီတော့
သူတို့ကို ပြုပြင်တော်လှန် လို့မရသေး ရင်တောင် တစ်ခုဆိုးမသွားဖို့က
ဓါးမနောက်ပိတ်ခွေး လိုလူမျိုးတွေပေါ်မလာအောင် ကျွန်တော်တို့ဝိုင်း ဝန်းကျိုး စား
ချင်ပါတယ်ဆရာ..။ ဘယ်သူသေသေ ဒေါက်နေမာရင်ပြီးရောစိတ်မျိ
ုးမွေးနေတာမျိုးမဟုတ်ပါစေနဲ့လို့လည်း ဆရာစာတွေဖတ်တိုင်း ဆုတောင်းနေမိပါ
တယ်ဆရာ..။

နောက်ကျွန်တော်သုံးသပ်မိတာတစ်ခုက ဆီနိတ်တာဂျင်မ်ဝပ်(Senator Jim Webb)
တပ်မတော်ကြီးနဲ့ အာရှကို လာတာဟာ အရှေတောင်အာရှမှာ
လျော့ကျနေတဲ့သူတို့ရဲ့နိုင်ငံရေးဂုဏ်သိက္ခာနဲ့
ပါဝါ(အာဏာ)ကို ပြန်လည် ထိန်းညှိဖို့ ပထမအဆင့်လာတာလို့ဘဲထင်တယ်။ နို့မို
ဆွေမျိုးပေါက်ဖော်ကြီးတရုတ် သို့ ရုရှရဲ့ ဩဇာသက်သွား ဖို့ ကြည်ရှင်းနေပြီလေ..။
အဲဒါ ညင်းလို့မရ၊ ဆရာကိုယ်တိုင်လည်းသိသားနဲ့
ဘာသာရေးစကားတစ်လုံးနှစ်လုံးသုံးပြီး ဆရာဆောင်းပါးမှာ
ကိုယ်ကျိုးခင်းရေးသွင်းသွားပုံကြီးက
ရှက်စရာကြီးဆရာရယ်..။ ဝန်ခံနိုင်တာတစ်ခု ကတော့ သူ(ဂျင်မ်ဝပ်)ကတော့
ဆရာ့အကြိုက်နည်းလမ်းတွေနဲ့ သူ့နိုင်ငံမှာ နာမည်အတန်အသင့်ရှိပြီး မစ္စတာ
အိုဘားမားလက်ထက်မှာ သမ္မတကြီးရဲ့နိုင်ငံရေးနည်းဗျူးဟာသစ်ကြောင့်
လူရာဝင်လာသူတစ်ဦးဆိုတာ အမှန် ဘဲ ကတော့
ထန်းသီးကြွေခိုက်ကျီးနင်းခိုက်ဖြစ်သွားတာနေမှာပါ..။
အတိုက်ခံတွေကို အားမပေးရင်နေပါ၊ ပြည် သူတွေမျက်နှာကိုငဲ့ညှာသောအားဖြင့်
စစ်အစိုးရကိုမြှောက်ပေးပြီး တိုင်းပြည်ကို စာနဲ့အဆိပ်မခတ်စေချင်ပါဘူး။

ဆရာအနေနဲ့ ပြည်သူတွေပေါ်တကယ်စေတနာရှိတယ် လေးစားတယ်ဆိုရင်
ဒီလိုဆောင်းပါးတွေရေးမနေပါနဲ့ သင်တို့တကယ်ကောင်းလျှင်ပြည်သူတွေ
တကယ်မဆိုးကြောင်းတွေ့ရမှာပါဆိုပြီး ဆရာပြောတဲ့တပ်မတော်က တာဝန်ရှိသူကြီးတွေကို
ဖုန်းလေးနဲ့ဖြစ်ဖြစ်ခေါ်ပြောကြည့်ပါလား..။ ဘာလို့ဘာမှမလုပ်နိုင်တဲ့ ပြည်သူတွေနဲ့
အ တိုက်ခံအုပ်စုသေးသေးလေးတွေကိုဘဲ သခင်အားရကျွန်ပါးဝလုပ်နေရတာဆရာရယ်..။
ကိုယ့်သိက္ခာလည်း ကိုယ်ပြန် ငဲ့ပါဦး..။

နောက်ပြီး မြန်မာနိုင်ငံအနေဖြင့် Fatigue တွေကို
အခြားဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူခံစားနေရ၊
ခံစားခဲ့ရမှာဆိုတာ နားလည် လက်ခံပါတယ်ဆရာ…သို့ရာတွင်ကျွန်တော်စဉ်းစားမိတာကတော့
ဆရာစူးစမ်းပြောခဲ့သလိုမြန်မာနိုင် ငံဟာ Ideology Fatigue ထက်၊ အကြိမ်ကြိမ်
အာဏာရှင်ဖထွေးရဲ့မုဒိန်းကျင့်ခံရလွန်းလို့ Military Fatigue ဖြစ်နေတာက
ပိုလိမ့်မယ်။ ပိုပြီးလက်တွေ့ကျမယ်လို့ထင်တယ်။ ဒါမှမဟုတ်ရင် Fear Fatigue
ဖြစ်တာလျှင် လည်းဖြစ်မယ်။ ရုတ်ရုတ်မလုပ်နဲ့ လုပ်တာနဲ့ လုပ်သူနှင့်တကွ
ဆွေခုနှစ်ဆက်၊ မျိုးခုနှစ် ဆက် နည်းအမျိုးမျိုးနဲ့ ညှင်းပန်းနှိပ် စက်ခံရတယ်။
အဲဒီတော့ အကြောက်လွန်သွားပြီး Fear Fatigue or Fear the Power ဖြစ်သွား
တာဘဲဖြစ်မယ်ဆရာ။

တလောကအနုပညာ ပန်းချီအနုပညာသမားတစ်ဦးနဲ့ ကံကောင်းထောက်မစွာစကားပြောခဲ့ရတုန်းက
သူပြောခဲ့ တာလေးတွေကို အရင်ကဆရာတို့လည်း ခံစားရဖူးမယ်လို့ထင်လို့ ပြန်သတိယအောင်
ပြန်ပြောပြပါရစေဦး..အဲ ဒါကတော့ ဘာပြပွဲဘဲလုပ်လုပ်(ပန်းချီဆိုင်ရာ)
သက်ဆိုင်ရာကခွင့်ပြုချက်မရဘဲမလုပ်ရဘူး အဲဒီအထိလည်း လက်ခံနိုင်သေးတယ် ဒါပေမယ့်
သူ(ပန်းချီဆရာ)ရဲ့အနုပညာဆိုင်ရာခံစားမှုတွေ၊ ဖော်ထုတ်မှုတွေကိုကျတော့
တရားခံတစ်ယောက်ကို တရားသူကြီးကစစ်သလို ဘာအဓိပ္ပာယ်လဲ၊ ဘာကြောင့်ဒီလိုဆွဲရတာလဲ၊
ဒါနိုင်ငံရေး လုပ်တာမဟုတ်လား၊ တခြားသူတွေကိုကြတော့
ငါတို့ကိုပြောသလိုပြောမှာမဟုတ်ဘူးမလား..စသည်ဖြင့်
ကိုယ် ဖန်တီးတဲ့ အနုပညာကို ဘာမှမသိတဲ့ ဓါးမနောက်ပိတ်ခွေးတွေကိုရှင်းပြရတာ
အဲလိုအနုပညာသမားရဲ့ရင်ထဲမှာ ဘယ်လိုနေမယ်စဉ်းစားသာကြည့်ကြပါတော့..။
ဒီလိုပန်းချီကားလေးတစ်ခုပေါ်မှာတောင် မိမိခံစားချက်တစ်ခုကို
လွတ်လပ်စွာထုတ်ဖော်ခွင့်မရခဲ့တဲ့ တိုင်းပြည်မှာ နေနေရတဲ့ပြည်သူတွေ၊
ပညာရှင်တွေဟာ အိုင်ဒီရော်လော်ဂျီဖ တိဖြစ်တယ်ဆိုတာ ရယ်စရာတော့ကောင်းမယ်
ထင်တယ်ဆရာရဲ့..။ ဘယ်နယ်ပယ်မှာ ကြည့်မလဲ။ အခြားနယ် ပယ်က လူတွေအားလုံးလည်း
တနည်းမဟုတ် တနည်း ခံစားနေရတာပါ..။

ဆိုလိုချင်တာက နောင်..ထားပါတော့နောက်နှစ်ကနေစပြီးတော့
ကျွန်တော်တို့မြန်မာတပြည်လုံး (ကြိုက်လည်းမ ကြိုက်၊ ဘာမှန်းလည်းမသိဘဲ)
လက်ခံလိုက်နာ၊ အပြုအကျင့်ခံရတော့မယ့် ဖွဲ့စည်းအုပ်ချုပ်ပုံဆိုတာကြီးဟါ ဆ ရာ
ပြောခဲ့သလို့ အိုင်ဒီရောလော်ဂျီမီးပြင်းပြင်းတိုက်ခံရလို့
အိုင်ဒီရော်လော်ဂျီဖတိဖြစ်ပြီး တခြားနည်းလမ်းသစ် (alternative way/system)
အစားထိုးလက်ခံလိုက်ရတဲ့ အမျိုးစားသစ်တစ်ခုတော့ မဟုတ်တန်ရာဘူး ထင်
တယ်ဆရာ..ဖြစ်ခြင်းဖြစ်ရင် Military/Junta Rape အလုပ်ခံရလွန်းလို့
ဗိုက်ကြီးပြီးစိတ်နာနာနဲ့ မွေးလာရတဲ့ အ မျိုးယုတ်
သားတစ်ယောက်သာဖြစ်လိမ့်မယ်ထင်တယ်..။
မတတ်သာတဲ့အဆုံး လက်ခံလိုက်ရတာသာ ဖြစ်ပြီး အိုင်ဒီရော်လော်ဂျီဖတိဖြစ်လို့
လက်ခံရတော့မယ့် အသစ်တစ်ခုတော့မဟုတ်ဘူးလို့ ယုံကြည်ပါတယ် ဆရာ။

အခုထပ်ဆိုးဝါးတာတစ်ခုကို စကားမစပ်ထည့်ပြောရမယ်ဆိုရင် မဟုတ်တာလုပ်ပြီး
အဖွဲ့အသင်းနဲ့ လူမိုက်လုပ် နှိပ်စက်နေသူတစ်စုကို
နိုင်နိုင်ခြေရှိတဲ့နည်းသစ်နည်းကောင်းမရွေးဘဲ
တရားဝင်အာဏာဆိုတဲ့ ကိုယ့်နှမအရင်း နဲ့ပေးစားဖို့ကြိုးစားတဲ့
လူတန်းစားတစ်ရပ်ထွက်ပေါ်လာတာဟါလည်း ဘယ်သူ့ကို အပြစ်ပြောရ မလဲဆရာ။ အဲဒီ
လူမိုက်တွေနှိပ်စက်ညှင်းပန်းခဲ့လို့ ရှေ့ကသေပေးခဲ့ရတဲ့၊ တစ်ဘဝလုံး
လူလုံးတောင်မမှန်ခဲ့တဲ့ ကျွန်တော်တို့ ပြည်သူညီကိုမောင်နှမတွေအတွက်
တန်ရာတန်ကြေး အလျော်အစားလုပ်ခံလိုက်ရတာက ခုနကကျွန်တော် ပြောခဲ့တဲ့
လူမိုက်တစ်စုကို တရားဝင်လူသတ်လိုင်စင်ပေးလိုက်ရတာမျိုးလားဗျာ။

ဆရာတို့သား၊ သမီး၊ ဆွေမျိုး ညီကိုမောင်နှမ၊ တပည့်၊
ပြည်သူစာဖတ်ပရိတ်သတ်တွေအားလုံး
အဲဒီစနစ်ထဲမှာကျန် ခဲ့မှာဆို တာကိုတော့ မမေ့ စေချင်ဘူး။
ပညာရှိသတိဖြစ်ခဲဖြစ်မှာစိုးလို့သာပြောရတာပါ နိုင်ငံ့အရေးအကြောင်း
လမ်းကြောင်းမှန်ဘယ်လိုမောင်းသင့် သ လဲဆိုတာ ဆရာတို့ပိုသိကြမှာပါ..။
တစ်ခုဘဲကျွန်တော် တင်ပြချင်တာက တော့ မတရားမှုတစ် ခုမှာသင်ဟါ ကြား နေ
သူတစ်ဦးလုပ်နေတယ်ဆိုရင် သင်ဟာလည်း အဲဒီမတရားမှုကို ကျူးလွန် သူဘဲဆိုတဲ့
ဘုန်းတော်ကြီး ဒတ်စ မွန်တူးတူးရဲ့စကားလေးကို တရားစကားကြားညှပ်ပြီးနိုင်ငံရေး
လမ်းကြောင်းမှား ကြီးဆီ မောင်းသွင်းနေမယ့်အ စား ဆရာတို့လို
နိုင်ငံပြုလူကြီးလူကောင်းတွေ လိုက်နာသိမှတ်သင့်တယ်လို့ စာဖတ် ပရိတ် သတ်တစ်ဦး အ
နေ နဲ့၎င်း၊ လေးစားရိုသေခြင်းအားဖြင့်၎င်း တောင်းပန်ချင်ပါတယ်။ နောက်
ဆရာတို့ကိုယ် တိုင်လည်း “ကြား”နေချင် မယ်မဟုတ်ဘူးလို့လဲ ထင်ပါတယ်ဆရာတို့ရယ်..။

ရိုသေလေးစားစွာဖြင့်

သီဟငယ်။
၂၆၊ ဝ၈၊ ၂၀၀၉။
(Vol 5/No.42 (Aug 24 – 30, 2009) The Voice မဂ္ဂဇင်းပါ ဆရာစူးစမ်းနှင့်
ဆရာကိုအောင်ထွဋ်(ဆရာDr.နေဝင်းမောင်၏ ဆောင်းပါးနှစ်ပုဒ်အား
ရည်ညွှန်းရေးသားပါသည်။)

One comment

  • bigcat

    July 5, 2010 at 5:39 pm

    Both persons are good at media works. It is not new matter in the politics that there were scholastic scapegoats during brutal fascist Japanese regime in 1940s. Be aware of other scapegoats as junta pushes to enforce the sham election .

Leave a Reply