Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အသားစားမလား၊ ငါးစားမလား၊

ခင္ခAugust 10, 20121min49019

အသားစားမလား၊ ငါးစားမလား၊

လူငယ်တွေကို မေးကြည့်လို့ အသားစားမလား၊ ငါးစားမလားဆို အတော်များများ အသားစားလိမ့်မယ်ထင်ပါတယ်၊ တကယ်တော့ ငါးစားခြင်းသည် ကျန်းမာရေးနဲ့ညီညွတ်တဲ့အကြောင်း ကျွန်တော့်ရဲ့ တိုလီမိုလီစာပေစု ထဲကနေ ပြန်လည်ဖောက်သည်ချ ရေးလိုက်ပါအုံးမယ်။

ငါးအမျိုးစားတော်တော်များများတွင် ကာဘိုဟိုက်ဒရိတ်ဓာတ်မှတဆင့် ဗီတာမင်ဘီဓာတ် Niacin ကိုထုတ်ပေးပါသည်၊ အလားတူစွာ ဗီတာမင် ဘီ(၆)  အနေအားဖြင့် ကျန်းမာ၍ကြံခိုင်မှုရှိအောင် တည်ဆောက်ပေးပါသည်၊ ငါးများတွင် သံဓာတ် ပါဝင်မှုကြောင့် သွေးထဲတွင်အထူးလိုအပ်သော သွေးနီဥများမှတဆင့် ခန္ဓာကိုယ်အသားမျှင်များ ထဲသို့ အောက်စီဂျင်ဓာတ်များကို ဖြန့်ဝေပေးပါသည်၊ ခန္ဓာကိုယ်တွင်သံဓာတ်ချို့တဲ့ပါက ချည့်နဲ့ပြီး ကတုန့် ကယင်ဖြစ်သည့်  ဒူလာရောဂါ၊ အမျိုးသမီးများတွင် သံဓာတ်အားနည်း၍ မူးဝေခြင်း ဖြစ်တတ်ပါသည်၊ အရိုးပါစား၍ ရသောငါးကလေးများစားပါက ကလ်စီယမ်ဓာတ်ပါရရှိနိုင်သဖြင့် အရိုးများကို သန်မာထွားကျိုင်းစေပါသည်။ Salmon ၊ ငါးကြင်း ၊ ငါးသလောက်များ စားသုံးရန်အသင့်တော်ဆုံးဖြစ်သည်။

ငါးများမှရရှိသော ပရိုတင်းဓာတ်သည် ကြွက်သားများကိုဖွံဖြိုးစေပြီး ဟိုမုန်းဓာတ်ကိုများစွာပေးသည်၊ ဟိုမုန်းဓာတ်နိုးကြားမှု့ မရှိသော ကလပ်စည်းများကို နိုးကြားစေသည်၊ Protein ဓာတ်ပါရှိမှု့ကြောင့် ဦးနှောက်ကို အားပေးပြီး ဉာဏ်ပညာကို ထက်မြက်စေတယ်၊ အသားများမှအဆီကိုစားခြင်းသည် ကိုလက်စထရောမြင့်စေသော်လည်း ငါးများရှိ အဆီဓာတ်ကိုစားခြင်းသည် ကိုလက်စထရောမမြင့်မားစေပါ၊ အဘယ်ကြောင့်ဆိုသော် ငါးများတွင် ပြည့်ဝဆီ (Saturated Fat )မရှိပါ၊ သုတေသနပြုချက်အရ ငါးများတွင် ဓာတန်နှစ်မျိုးဖြစ်သည့် Docosahexaenoic acid (DHA) နှင့် Eicos-apentaenoic(EPA) တို့ပါရှိမှုကြောင့် ပန်းနာရင်ကျပ်၊ စိတ်ဓာတ်ကျဆင်းမှု၊ နှလုံးရောဂါ၊ သွေးတိုး   နှင့် ကိုယ်လက်ကိုက်ခဲခြင်း အစရှိသည့် ဝေဒနာများကိုတားဆီးပေးပါသည်၊

Salmon, mackerel ငါးကွန်းရှပ်နှင့် ငါးသေတ္တာငါးများသည် အရိုးများကို ကျစ်လျစ်ခိုင်မာစေသည့် ဗီတာမင်ဓာတ် များစွာပါရှိကြောင်းတွေ့ရပြီး ငါးများများစားမှုကြောင့် ဉာဏ်ပညာကို ဖွံဖြိုးစေပါသည်၊ ဂျပန်လူမျိုးများ အသက်ရှည် ကြခြင်းသည် သူတို့အတွက် ငါးများများစားခြင်းကြောင့်ဖြစ်သည်ဟု လေ့လာမှု့အရသိရှိရပါသည်၊ ယနေ့နိုင်ငံ တကာတွင် ဝေလငါးများမှ အဆီကိုထုတ်ပြီး ဆေးတောင့်ပြုလုပ်၍ စားသုံးနေကြကြောင်းတွေ့ရှိရသည်၊

အသားများတွင် ပြည့်ဝဆီ(Saturated Fats) များပါရှိပြီး အသည်းကပြောင်းလဲ၍ ကိုလက်စထရောအဖြစ် ပြုပြင်ပေး ပါသည်၊ အမဲသားကဲ့သို့အသားမျိုးကို စားနိုင်သူများသည် တစ်ပတ်လျှင်နှစ်ကြိမ်ထက်ပိုမစားသင့်ကြောင်း နှင့် အမဲသားစားခြင်းဖြင့် ကိုယ်ထဲတွင် ပြည့်ဝဆီများ များနေလေ့ရှိပါသည်၊ ထိုအတူ အခြားအသားများစားခြင်းသည်လည်း အတူတူပင်ဖြစ်ပါသည်၊ အသားများတွင်ပါဝင်သောအဆီသည် ပြည့်ဝဆီများသာဖြစ်ပါသည်၊ ငါးများတွင် အိုမီဂါ-၃ ဖက်တီးအက်စစ်များပါသည်၊ ထိုအဆီသည် ကျန်းမာရေးကို အလွန်အထောက်အကူပြုပါသည်။ ကျန်းမာရေးကို အထောက်အကူပြုရခြင်းမှာ LDL ကိုလက်စထရောနှင့် သွေးထဲ၌ပါရှိပြီး နှလုံးကိုအန္တရာယ်ပြုနိုင်သော ထရိုင်ဂလစ်စာရိုက်( Triglycerides) ဓာတ်တို့ကို လျော့စေ၍ အကျိုးပြု HDL ကိုလက်စထရောကို တိုးပွားစေခြင်း ကြောင့်ဖြစ်ပါသည်။ ထိုကြောင့်အဆီပါသည့် ဆူသောငါးကိုလည်း စားသုံးရန် သင့်ကြောင်း တွေ့ရပါသည်။

ဒါကြောင့် အသားစားမလား ငါးစားမလား ဆိုရင်ဖြင့် ငါးကိုစားသုံးခြင်းဖြင့် ကျန်းမာသန်စွမ်းပြီးဆန္ဒအားကိုမြင့် ကြပါစေလို့ တိုက်တွန်းလိုက်ပါရစေ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ။

19 comments

  • eipu

    August 10, 2012 at 10:44 am

    အသားထက်ငါးကိုကြိုက်ပါတယ်။ အခုလိုသိရတော့ ငါးကိုဘဲပိုစားတော့မယ်။

  • ko khin kha

    August 10, 2012 at 10:49 am

    ပထမဆုံး comment အတွက် eipu ကျေးဇူးနော်၊
    ကျွန်တော်ကတော့ ငယ်ငယ်တုံးက အသားပိုကြိုက်ခဲ့တာ အခုတော့ ငါးပိုစားဖြစ်တယ်လေ။

  • P chogyi

    August 10, 2012 at 10:50 am

    ရေချိုငါးထက်၊ ရေငန်ငါးကို စားသုံးရန်
    ပိုပြီးသင့်တော်သည်ဟု ထင်ပါသည်။
    နိုင်ငံတကာတွင် မြန်မာ့ပင်လယ်ပြင်မှ ရေငန်ငါးများဈေးကွက်တွင်
    တွင်ကျယ်စွာရောင်းချနေကြောင်း သိရှိရပါသည်။

  • မောင်ပေ

    August 10, 2012 at 10:58 am

    ဒီနေ့ညအတွက်
    နေ့လည်ကတဲက ဘာမှမစားတော့ဘူး
    အသားလဲစားမယ်
    ငါးလဲစားမယ်
    ပြီးရင်ဆက်ဆွဲမယ်

  • ko khin kha

    August 10, 2012 at 11:02 am

    ညမရောက်ခင် ဗိုက်အောင့်နေမှနော် ဟုတ်ပေ့ဖြစ်နေမယ်၊
    တစ်ခုခုတော့ စားပါအုံး ကိုပေရယ်၊

  • aye.kk

    August 10, 2012 at 11:13 am

    ကိုခင်ခရေ..
    ငါးအကျိုးကျေးဇူးသိရလိုု ့ဝမ်းသာကျေးဇူးတင်မိပါ၏။
    အန်တီက..
    အသက်ကြီးလာမှသာငါးကြိုက်ပါသည်။
    ငါးဆန်ပြုတ်အမြဲလိုလိုပြုတ်စားဖြစ်ပါသည်။

  • etone

    August 10, 2012 at 12:03 pm

    ကိုခင်ခရေ …….အစား စာတွေကို စားသာစားတာ .. ဘာပါလဲ ညာပါလဲတော့.. သေချာ မသိခဲ့ဖူးပဲ ..
    အရင်ကလည်း ကိုခင်ခရေးတဲ့ အသစ်တွေ အရွက်တွေ အကြောင်းကို ဖတ်မှ … ကိုယ်စားတဲ့ဟာတွေထဲ ဘာဓါတ်တွေမှန်း သိတော့တယ် … ။ ဒါပေမယ့်လည်း …..ကျွန်မ ဦးနှောက်က သိပ်မကောင်းပဲ လူက နည်းနည်းဂေါက်တောက်တောက်ဖြစ်နေတော့ ဖတ်တုန်း ခဏပဲ .. ဖတ်ပြီး အလွတ်မရတော့ဘူး ….. ဟီး ။ 😀

    အသား ထက် … ငါးကို ပိုစားဖြစ်ပါတယ် …. ကြိုက်လို့ကို စားတာပါ ။ ဖိုးဖိုး မသေခင်ကဆို …. အိမ်မှာ အမြဲတမ်း ငါးဟင်းတခွက် သူ့အတွက် မပါမဖြစ် ချက်ပေးရတယ် …. ။ နှစ်နဲ့ ချီပြီး ငါးဟင်းချက်ခဲ့ပေမယ့် … ငါးကို တအိမ်သားလုံး မမုန်း ခဲ့ကြဘူး …. ။
    အသားထဲမှာတော့ … အမဲသားနဲ့ ဆိတ်သား ကိုရှောင်ထားပါတယ် .. အနံ ့လုံးဝ မခံနိုင်လို့ပါ …… ။ အခုနောက်ပိုင်းတော့ ..ဝက်သားလည်း အတော်လေးလျော့စားဖြစ်သလို ..တခြား အသား တွေလည်း … သိပ်မစားဖြစ်တော့ဘူး ….. ။ သတ်ခါနီး သတ္တဝါတွေကို မြင်ရတာ သနားလို့လည်း ပါတယ် … ။ လူက အသက်ကြီးလာလျှင် ၊ ကျစ်ကျစ်လစ်လစ်မရှိပဲဖြစ်မှာကြောက်တာကြောင့်လည်း ပါတယ် ……. ။ 😛

  • နွေဦး

    August 10, 2012 at 12:15 pm

    ဗိုက်ဆာနေလို့ကတော့ ဘာစားစားပါ အကုန် ကောင်း၏ ပေါ့ဗျာ..။
    အလွန်အကျွံ မဖြစ်ဘို့လဲလိုသပေါ့ ။
    အရေးကြီးတာက စားနိုင်လောက်တဲ့ အခြေအနေ ရှိဘို့ပါဘဲ ။
    ငွေရေးကြေးရေး ကျန်းမာရေး ပေါ့ ။

  • Ma Ei

    August 10, 2012 at 12:38 pm

    ကိုခင်ခရေ…
    အိမ်မှာ အမဲ၊ဝက် မစားကြဘဲ
    ကြက် နဲ့ ငါး စားဖြစ်ကြတယ်…
    ခုတော့ ငါးကိုပိုစားရတော့မှာပေါ့လေ…

  • marblecommet

    August 10, 2012 at 12:59 pm

    ဘာဆွဲမှာတုန်း ဟေ့လူ ကိုပေ….
    …..
    ကိုခင်ခရေ့
    အစကတည်းက အသားသိပ်မစား
    ငါးကိုတော့ ကြိုက်လို့လည်းစားတယ်
    စားသင့်တယ် ထင်လို့လည်း စားတယ်
    အခု လို ပို့(စ်)လေး ဖတ်ရတော့
    ပိုစားဖြစ်တော့မှာပေါ့ဗျာ
    အသားကတော့ မစားချင်လို့ မစားတာပါ
    သနားလို့ ဘာညာ မရှိပါဘူး …
    ရင်းနှီးတဲ့လူတွေကိုလည်း ငါးများများစားဖို့ လက်တို့မိတာပါပဲ
    ခင်တဲ့
    ငကမ်း.

  • မွန်မွန်

    August 10, 2012 at 12:59 pm

    ငါးကို ပိုကြိုက်ပါ၏၊ အိမ်မှာတူတူနေတဲ့ အစ်မတစ်ယောက်နဲ့ ထမင်းတူတူချက်စားတာဆိုတော့ တစ်ယောက်တစ်ရက်ခြားစီ ကိုယ်ကြိုက်တာကိုယ်ချက်စားတယ်။ သူက အသားချက်တယ်။ မွန်မွန်က ငါးချက်တယ်။

    ခုလိုသိရတော့ ကျေးဇူးပါ ကိုခင်ခရှင်…နောက်လည်း ပိုစားတော့မယ်….

  • ချစ်တိုးလေး

    August 10, 2012 at 1:37 pm

    ကိုခင်ခရေ ဒိံပိုစ့်ကိုဖတ်ပြိံးမှ ငါးပဲပိုချက်စားပါတော့မယ်။အိမ်ကလူကြိံးတွေကိုလဲ ကိုခင်ခပိုစ့် ဖတ်ပြပြိံး ငါးစားဖို ့တိုက်တွန်းလိုက်ပါဦးမယ်. ့
    မသိတာလေးတွေ ပြောပြလို ့ကျေးဇူးပါ

  • we R one

    August 10, 2012 at 2:56 pm

    မီးက တော့ 5 ပဲစားမယ်.. 5 ပဲကြိုက်တယ်..။ အသားက ဈေးလည်း ပိုကြီး ချက်ရတဲ့ အချိန်ကလည်း ပိုပေးရ.. ပြီးတော့ သွားကြားလည်း ညပ်သေးတယ်..။ ပင်းလယ် ထဲ က လာတဲ့ သူမို့လို့လားတော့ သိဘူး. ငါးမှ ငါး….။ ငါးမှာတောင် ပင်လယ်ငါးမှာ မှ နော်..။

  • ပင်လယ် ပျော်

    August 10, 2012 at 4:08 pm

    အမလေး … ငါးတွေဈေးတတ်တော့မယ်…

  • may flowers

    August 10, 2012 at 4:43 pm

    ငါးကို အရိုးစူးမှာကြောက်လို့ သိပ်မစားဖြစ်ဖူး။ ခုတော့ ကြိုးစားပြီး ငါးကိုပိုစားရတော့မှာပေါ့။

  • အတိသဌ္ဇနာဂရ

    August 10, 2012 at 9:06 pm

    အသားလဲစား၊ငါးလဲစား မျှအောင်စားပါမည်။
    ဟီးးးးးးကျေးဇူးပါဗျာ။

  • Pye Kun Zaw

    August 10, 2012 at 9:12 pm

    ကျွန်တော်လည်းငါးကြိုက်တယ်ဗျ.. မြန်မာနိုင်ငံမှာသာ ငါးထက်အသားကပိုဈေးကြီးတာ။ နိုင်ငံခြားမှာတော့ ငါးကပိုဈေးကြီးသဗျ.. မြန်မာမှာတုန်းက ငါးခေါင်းများဈေးပေါလွန်းလို့ အသားဝယ်ရင်အလကားတောင် အဆစ်ပေးသေးတယ်။ စင်္ကာပူမှာတော့ ငါးခေါင်းဟင်းချိုတစ်ပွဲ ၁၅ကျပ်(မြန်မာငွေတစ်သောင်းကျော်)အနည်းဆုံး.. ဒါတောင် ဈေးအပေါဆုံးဆိုင်။ 🙁

  • Shwe Phyu

    August 13, 2012 at 6:07 am

    Yes, fish is a lot better than eating meat, especially for the men who want to have healthy sex life. Fish/seafood with high content of Zinc & Magnesium are good for the men who look forward to, you know, something exciting fun in bed………
    http://www.livestrong.com
    This is a good website for both man and woman to live strong.

Leave a Reply