rats ran away from Kyap-pyay

zaylayJuly 5, 20101min1210

ဒီနေ့ အတောှဖျားနေတယ်။ အဓိကကတော့ ခရီးပန်းလို့ ဖြစ်မယ်ထင်တယ်။ မန်းလေးမှာ
ဆြာဂျေ၊ ဆြာလှတို့နဲ့ တစ်လီတာ ဆွဲမိတဲ့ အပြစ်ရယ် (အမှန်က မဆွဲခင်ကတည်းက
သိပ်နေမကောင်းဘူးရယ်) ဟောှတယ်မှာ ဘတ်တပ်ထဲ အတောှကြာ စိမ်မိတဲ့ အဖြစ်ရယ်။ အပြင်က
ချွေးတလုံးလုံးနဲ့ ပြန်လာပြီး အခန်းမှာ အဲကွန်းမိပြီး ချွေးတိတ်သွားတာရယ်။
ကားပောှက အဲကွန်းဒဏ်ကြောင့်ရယ် ဒာတွေလည်း ပာမယ် ထင်ပာရဲ့။ တနေ့ကုန်
ဆေးသောက်ပြီး အိပ်နေရတယ်။ ညနေ အတောှလေး ကောင်းလာတော့ မနေ့က ကိစဿစက ခောင်းထဲ
ဝင်လာတယ်။

နေပြည်တောှ-ရန်ကုန် အဝေးပြေးလမ်းသစ်ကြီးမှာ ၂၈ ရက်နေ့ည ရှစ်နာရီလောက်က ကြွက်တွေ
အုပ်လိုက်ကြီး အုပ်လိုက်ကြီး နေရာရွှေ့နေကြတာ။ လမ်းပောှမှာ နေရာလွတ်တောင်
မရှိဘူး။ လမ်းဘေးမှာလည်း အပြည့်ပဲ။ လုံးထွေးနေကြတယ်။ ကားတွေဆိုတာ ရပ်တောင်
မရပ်ရဲကြဘူး။ ကြွက်တွေကလည်း ကားမီးတွေထိုး၊ ကားတွေ တရကြမ်း ဖြတ်နေတာတောင်
မကြောက်ကြဘူး။ ကားတက်ကြိတ်လို့ တဗျိဗျိ မြည်နေသံတွေက ကြောက်ဖို့တောင်
ကောင်းတယ်။ လမ်းတွေဆိုတာ ကြွက်သွေးတွေနဲ့ ရဲရဲတောက်လို့။ ကြွက်သေတွေကို
ကြွက်ရှင်တွေက စားသောက်နေလိုက်ကြတာ မြင်မကောင်းဘူး။ တကယ့်ကို တစ်မိုင်လောက်
လမ်းမကြီးတလျောက် ကြွက်တွေနဲ့ အပြည့်။ ရုပ်ရှင်ကားထဲမှာပဲ အဲဒီလို
မြင်ဖူးခဲ့တာ။ ကိုယ့်မှာ မှတ်တမ်းတင်စရာ ပစဿစည်းတွေက အဆင်သင့် မရှိလို့ အဲဒီ
အခွင့်အရေးကို လက်လွှတ်လိုက်ရတယ်။ ဒီအဖြစ်အပျက်ကို မိတ်ဆွေ တစ်ဦးကလည်း
ကိုယ်တွေ့ကြုံခဲ့ရကြောင်း ထပ်ထောက်ခံတယ်။ ဒာနဲ့ ဖျားတာကလည်း သက်သာလာလို့ ဒီနေ့
ထပ်ကြုံရမလား ဆိုပြီး မှတ်တမ်းတင်ဖို့ စိတ်ကူးရမိတယ်။ ကြည့်လိုက်တော့ ခုနစ်နာရီ
ခွဲနေပြီ။ ကားကလည်း အဆင်သင့် မရှိဘူး။ အဲဒီမိတ်ဆွေကပဲ သူ့ကား ယူသွားလို့ရတယ်
ဆိုပြီး ကူညီတယ်။ အရေးဆိုရင် ကင်မရာက အဆင်မပြေ။ မီးတွေက မပြည့်စုံ။
ကမ်ကောှဒာလေး တစ်ခုလောက် ရှိခဲ့ရင် အတောှကောင်းမှာလို့ မကျေမနပ် ဖြစ်မိတယ်။
အမြဲမလိုအပ်ပေမယ့် လိုအပ်တဲ့ အချိန်မှာ အဆင်သင့်ရှိဖို့ အရေးအကြီးဆုံးပဲ။

မနေ့က ကြုံရတာက မိုင်တိုင် ၄၆-၄၅ မှာ။ မြို့ထဲကနေဆိုရင် တစ်နာရီခွဲလောက်
သွားရမယ်။ ဒာနဲ့ သူငယ်ချင်း တစ်ချို့ကို အဖောှစပ်တော့ မှင်စာရယ် စုံကြီးရယ်
ဥကဿကာရယ် သူတို့လည်း စိတ်ဝင်စားပြီး လိုက်လာကြတယ်။ ပြောရရင် ဒီကောင်တွေ
အရက်သောက် နေတာကို အတင်းသွား ခောှလာတာ။ တစ်ယောက်တည်း သွားဖို့ရာကလည်း
ဒီလမ်းခရီးကြီးမှာ မဖြစ်ဘူး။ သွားသာသွားရတယ် အချိန်က နောက်ကကျနေပြီ။
မနေ့ကလိုမျိုး ဒီနေ့ ထပ်တွေ့ရမယ်လို့လည်း ဘယ်သူကမှ အာမမခံဘူး။ ဒာပေမယ့်
သွားချင်နေတဲ့ စိတ်က လှုံ့ဆောှတာမို့ အနွေးထည်ဝတ် ဆေးသောက်ပြီး
ချီတက်သွားလိုက်တယ်။ အားလုံး လေးယောက်။

အဲဒီကိုရောက်တော့ ညဆယ်နာရီခွဲပြီ။ မနေ့ကလို ကြွက်အုပ်ကြီး မတွေ့ရတော့ဘူး။
ဒာပေမယ့် လက်ကျန်ကြွက်တွေ ဖြတ်ကူးနေကြတုန်းပဲ။ မနေ့က တပြုံကြီး တွေ့ခဲ့ရတဲ့
နေရာမှာ သိပ်မရှိတော့ဘဲ ရန်ကုန်နဲ့ ပိုနီးတဲ့ မိုင်တိုင်အမှတ် ၄၂-၄၃ နေရာမှာ
အများအပြား တွေ့ရတယ်။ လမ်းပောှမှာ ကားပိလို့ ပြားနေတဲ့ အသေကောင်တွေကတော့
ဒင်းကြမ်းပဲ။ ဒာတောင် မိုးရွာသွားလို့။ အခုသေနေတဲ့ ကောင်တွေက လတ်ဆတ်သေးတာမို့
မနေ့က ကားကြိတ်မိတဲ့ဟာတွေ မဟုတ်ဘူး။ မနေ့ကဆို လမ်းမအပြည့်။ ဒီနေ့လည်း
ကျွန်တောှတို့ ရောက်သွားတာ နောက်ကျတာမို့ အုပ်စုလိုက် ဖြတ်ကူးတာကို မမီလိုက်တာ
ဖြစ်နိုင်တယ်။ လမ်းဘေးက ရေမြောင်းတလျောက် ကြွက်တွေ တန်းစီ သွားနေပုံကတော့
ကြက်သီးထစရာပဲ။ မှတ်တမ်းတင်မယ် ဆိုတော့မှ ဒီနေ့ကြွက်တွေက ကားမီးထိုးတာနဲ့
လစ်ပြေးကြတယ်။ ဘေးက မြေသားတွေကလည်း ရေနစ်ပြီး အိနေတာမို့ လမ်းဘေးဆင်းရိုက်
ရတာကလည်း မလွယ်ကူဘူး။ ဒာနဲ့ ရိုက်လို့ ရသမျှကိုသာ ရိုက်ယူလိုက်ရတယ်။
http://blog.nyilynnseck.com/2010/06/blog-post.html

ဒီလို မြေတွင်းအောင်းတဲ့ သတဿတဝာတွေ အခုလို အကြီးအကျယ် နေရာရွှေ့ကြတာ ကောင်းတဲ့
လကဿခဏာ မဟုတ်ဘူးလို့ ဆိုကြတယ်။ တချို့က သဘာဝဘေးအနဿတရာယ် တစ်ခုခု ကျလာနိုင်လို့
သူတို့ရွှေ့ကြတာလို့ ဆိုတယ်။ တရုတ်ပြည်မှာ ငလျင်အကြီးအကျယ် မလှုပ်ခင်က ဖားတွေ
အုပ်စုလိုက် နေရာ ရွှေ့ပြောင်းကြတယ်လို့ ဆိုတယ်။ အခုနေရာကတော့
ပဲခူးရိုးမတွင်းမှာဆိုတော့ ငလျင်ကြောတော့ ငလျင်ကြောပဲ။ ပြီးတော့ ဒီဒေသက
မိုးကြီးရင် ရေမြုပ်တတ်တဲ့ ဒေသမို့ ရေဘေး အနဿတရာယ်လည်း ဖြစ်ကောင်း
ဖြစ်နိုင်တယ်။ ဒာကတော့ ခန့်မှန်းချက်တွေမျှသာပာ။ ဒာပေမယ့် တောှရုံနဲ့တော့
ဘယ်တိရစဿဆာန်မှ အခုလို အုပ်စုလိုက် အကြီးအကျယ် မရွှေ့ပြောင်းတတ်ကြဘူးလို့
ထင်မိတယ်။ တစ်ခုခုတော့ တစ်ခုခုပဲ။ ကြွက်တွေက မြေကြွက်ဝမ်းဖြူတွေ အများဆုံး
တွေ့ရတယ်။ ကြွက်သေတွေကို ကြွက်ရှင်တွေက အချင်းချင်း စားသောက်ရင်း ရောဂာဘယတွေ
ဖြစ်လာနိုင်လားလို့လည်း တွေးမိတယ်။ (နေပြည်တောှမှာ ပလိတ်ရောဂာပိုး တွေ့တယ်လို့
သတင်းကြားရတယ်) ဒီတစ်ပာတ်တော့ ဘာတွေထူးခြားမလဲ စောင့်ကြည့်ရမယ် ထင်ပာရဲ့။
အပြန်ကျတော့ လေစိမ်းတွေမိပြီး ပြန်ဖျားနေတယ်။ ကိုယ်တွေလက်တွေ ကိုက်ခဲနေတယ်။
အိမ်ပြန်ရောက်တော့ ညတစ်နာရီ။ မျက်စိတွေပူစပ်ပြီး နှာရည်တွေကျ၊ ပူသလိုလို
အေးသလိုလိုတွေ ဖြစ်နေတယ်။

ဒီနေ့ကြွက်တွေက အတောှလေး နည်းပားသွားပေမယ့် သက်သေခံ ကြွက်သေတချို့ကို
မှတ်တမ်းတင် လိုက်နိုင်လို့ အတောှဝမ်းသာပာတယ်။ မနေ့ကအထိ တွေ့နေရတဲ့ ကြောက်စရာ
ကြွက်အုပ်ကြီးကို မရိုက်လိုက် နိုင်တာကိုတော့ မကျေမချမ်း ဖြစ်နေမိတယ်။
၂၆ရက်နေ့က ခရီးသွားခဲ့သူ သူငယ်ချင်း တစ်ယောက်ကလည်း သူခရီးသွားတုန်း အဲဒီလို
ကြွက်အုပ်ကြီး ဖြတ်ကူးနေတာကို တွေ့ခဲ့ရကြောင်း လာပြောလို့ ၂၆ရက်နေ့ကတည်းက
ဒီကိစဿစကြီး ဖြစ်နေပြီလို့ သုံးသပ်မိပာတယ်။ ဒီလိုဆိုရင်ဖြင့် မိုက်ဂရေးရှင်း
လုပ်တဲ့ ကြွက်ကောင်ရေ မနည်းဘူး။ သိန်းချီသန်းချီမယ်လို့ ထင်မိတယ်။ မှင်စာကတော့
ဒီကြွက်တွေ ဖမ်းပြီး နိုင်ငံခြား ပို့လိုက်ရရင် ထောပြီဆိုပြီး တောက်တခောက်ခောက်
ဖြစ်နေလေရဲ့။

စာကြွင်း။ လမ်းအသုံးပြုခ အသွားအပြန် ၆၈၀ဝ ကျပ်။ ကားလောင်စာဆီ သုံးဂာလံစာ ၉၀၀၀
ကျပ်။ သူငယ်ချင်းများအတွက် ရိကဿခာထောက် ၅၀၀ဝ ကျပ် ကုန်ကျခဲ့ပြီး သကာလ
အိတ်ထဲတွင် မြန်မာငွေ ၁၀ဝ ကျပ် တိတိ ကျန်လေသည်။ မနက် ကားစီးရန် မှင်စာမှ ၁၀၀၀
ကျပ်တိတိ ကျေးဇူးပြုသည်။ သာဓု သာဓု သာဓု။ ကိုယ်လုပ်ချင်တာ လုပ်လိုက်ရတာမို့
ပင်ပန်းသောှလည်း ကျေနပ်ပီတိ ဖြစ်နေသည်။ စတုတဿထမဏဿဍိုင် မဟုတ်ပာ။

မှတ်ချက်။ ဒီကိစဿစနဲ့ ပတ်သက်ပြီး ကြုံရသမျှ ရေးပာတယ်။ မည်သည့် အင်တာဗျူးမှ
ဖြေဆိုရန် ဆနဿဒမရှိ။ ထပ်ပြန်ပြောပြဖို့လည်း ဆနဿဒမရှိပာ။ ကျေးဇူးတင်ပာတယ်။
http://blog.nyilynnseck.com/2010/06/blog-post.html