Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၂၀၁၂….၂၀၁၃ ကူးပြောင်းခြင်းလက်ဆောင်

snow whiteAugust 11, 20121min52816

ဘာလိုလိုနဲ့နှစ်တစ်နှစ်ကုန်ဖို့သိပ်မလိုတော့ဘူးနော်  နှစ်တစ်နှစ်ကုန်တိုင်းကုန်တို်င်း  ကိုယ်ဘာများတိုးတက်လာလည်း  လူမှုရေးစီးပွားရေးပညာရေး အစုံစုံဘာများတိုးတက်လာသလည်းကိုယ့်ကိုယ်ကိုယ့်ပြန်လည်စမ်းစစ်ကြည့်ချင်မိတယ်
စမ်းစစ်လိုက်တိုင်းလည်းတစ်နှစ်ကုန်တိုင်းသိသာလာတာတော့ အသက်ကတစ်နှစ်ကြီးလာတာပါပဲ။
ကိုယ်ကဘာမှမတက်သေးသမျှတော့ ဘယ်အရာရာလုပ်လုပ် အောင်မြင်မှာလည်းမဟုတ်ဘူးဆိုတော့ နှစ်တစ်နှစ်ကုန်တိုင်း ကိုယ့်ကိုယ်ကိုယ်

သုံးသပ်မိတာကတော့
ငါလေ့လာသင်ယူစရာများသေးတယ် ။
ဗဟုသုတနည်းသေးတယ် အပြင်ဗဟုသုတ ရသ အစုံလေ့လာသင်ယူရမယ် ။  အတက်ပညာ  အစုံစုံ တက်သိနားလည်ထားလျှင်  ကောင်းတာပေါ့နော် ။
ကိုယ့်ကတော့ တက်ထားပြီးသူများကျတော့ မပြောပြချင် မတက်စေချင်လို့လည်း
မရဘူးလေ စနိုးကတော့ စနိုးတက်ထားတဲ့တက်သိထားတဲ့ပညာတွေကို  မတက်သေးမသိသေးတဲ့  သူတွေကို ပြန်လည်ဝေမျှ ပေးချင်တဲ့စိတ်စနိုးမှာအပြည့်ရှိတယ်။
စနိုး လူမှုရေးအနေနဲ့လည်းစနိုးလုပ်ချင်တာလေး တွေရှိတယ်  အောင်မြင်တာမအောင်မြင်တာ ကတော့
နောက်ပိုင်းကိစ္စပေါ့နော် စနိုးစိတ်ထဲအမြဲ ထည့်ထားတယ် ငါတစ်နေ့ ငါ့လက်ထဲမှာ
စီးပွားဥစ္စာပေါလာတဲ့တစ်နေ့ ပညာဒါန  မရှိဆင်းရဲသားတွေကို အလှူဒါနပြုချင်တယ် လိုအပ် တဲ့နေရာမှာလိုအပ်သလို လှူချင်တန်းချင်တယ်။။ စနိုးခုထဲကပြောပြထားမယ်နော်

စနိုးပြုလုပ်သမျှ
ကောင်းမှုကုသိုလ်မှန်သမျှ  ခုနှစ်ရက်သားသမီးအကုန်  တန်းတူညီတူရကျပါစေလို့အမြဲဆုတောင်းပေးနေပါတယ်။ ဒါက စနိုးဖြစ်ချင်တဲ့ အလှူအတန်း ပိုင်းလေးပေါ့နော်။ သင်စရာအပိုင်းလေးရောက်သွားပြီနော် ။
လူတွေရဲ့စိတ်တွေကလည်းတော်တော် ခန့်မှန်းရတော့ခက်သား ကိုယ့်ရှေ့မှာတော့ သင်ပေးချင်လိုက်တာ နောက်ကွယ်လည်းကျရောဘာမှတက်တာလည်းမဟုတ်ဘူး

သင်ပေးလည်းအလကားပဲ ဆိုတာ
ကနောက်ကွယ်ပြောကျပြန်ရော စနိုးကတော့ ဘယ်ပညာဖြစ်ဖြစ် သိချင်လို့ကတော့ အတင်းကိုမေးတာဘဲ ဖြေချင်ချင်မဖြေချင်ချင်  ကိုယ်သိသွားဖို့ကအရေးကြီးတယ် ။
တစ်ခါတစ်လေကျတော့ လည်းကိုယ့်ကဒီပညာကိုမသိချင်ဘူးမတက်ချင်ဘူး  နားလည်းမလည်ပါဘူး ဆိုပြန်ကျတော့လည်းသင်ပေးချင်ကျပြန်ရော

ကဲဒါနဲ့ပဲသင်ပေးသူစိတ်ကျေနပ်အောင် လိုက်မှတ်ရပြန်ရော စဉ်းစားသာကြည့်တော့
လူတွေရဲ့စိတ်ခန့်မှန်းရတယ် ခက်တဲ့မျိုးနွယ်ပါလားနော်  ။။
ခုပြောချင်တာလေးကစုမွန်ကောင်းလေးလည်းတောင်းပေးရင်း နှစ်တစ်နှစ်ကုန်ခံနီးနေပြီဖြစ်သောကြောင့် မိမ်ိဘာကောင်းမှုတွေ ဘာတွေပြုလုပ်ခဲ့သလည်းပေါ့နော်   ကိုယ့်ကိုယ်ကိုယ်ပြန်လည်မေးကြည့်ကျပေါ့နော် စနိုးကတော့
လာမယ့် 2013မှာလည်း ကြိုးစားနေဆဲ
လူတစ်ယောက်ပါဘဲ   ခုလည်းကြိုးစားနေဆဲ နောက်လည်းကြိုးဆဲနေဆဲပါပဲ  နည်းပညာတိုးတက်လာလေ သင်ယူစရာများလေပါပဲလေ    တိုးတက်သည့်ခေတ်ကြီးမှာ

နောက်ကျနေတာ ကတော့ အမှန်ပါပဲ
မသိသေးမတက်သေးသောအရာများလည်းအများကြီးရှိသေးတယ်
စနိုးမှာ  လေ့လာသင်ယူနေဆဲပါ  ရွာထဲကအစ်ကိုအစ်မတွေကိုလည်း ကျေးဇူးတင်ပါတယ် သူတို့သိသမျှ တက်သမျှ နည်းလမ်းလေးတွေကိုပို့စ် တင်ကျတော့

နည်းနည်းပါးပါးနားလည်လာတယ်
မန်းဂေဇက်ထဲကိုလည်း နေ့တိုင်းဝင်ဖတ်ချင်တဲ့ စိတ်တွေဖြစ်မိလာပါတယ်
စနိုးကိုမန်းဂေဇက်ဆိုတဲ့ရွာလေးထဲကို ပို့ပေးတဲ့အစ်မကိုလည်းကျေးဇူးတင်ပါတယ်  ရွာထဲရောက်ပြီးသွားမှ ခင်မင်ခဲ့ရတဲ့အစ်ကိုအစ်မတွေကိုလည်းကျေးဇူးတင်ပါတယ်
ရွာထဲရောက်လာပြီးမှ ဗဟုသုတရစရာတွေ စာပေ တွေ  သတင်းတွေဖတ်ခွင့်ရတဲ့ အတွက် ဂေဇက်ကို တည်ထောင်ပေးတဲ့
သူကြီးကိုလည်းကျေးဇူးတင်မိပါတယ်။။
ဂေဇက်ရွာမှ ရွာသူရွာသူအပေါင်းလည်း လာမယ့် ၂၀၁၃ကို  ကြိုဆိုရင်း  ခုကျန်ခဲ့မယ်  ၂၀၁၂ မှာ စိ်တ်ညစ်စရာ မကောင်းမှုမှန်သမျှကို  ၂၀၁၂မှာ ချန်ထားခဲ့နိုင်ပါစေ
၂၀၁၃ မှာ တို့ရွာသူရွာသားအပေါင်းစိတ်၏ချမ်းသာခြင်း  ကိုယ်၏ကျန်းမာခြင်းနဲပြည့်စုံကျပါစေ ။။♥♥♥♥♥♥♥

16 comments

  • snow white

    August 11, 2012 at 10:02 am

    လက်ဆောင်ပုံလေးတွေတင်ပေးချင်ပေမယ့် ပုံလေးတွေမထည့်တက်သေးလို့ပါနော် နောက်တော့လက်ဆောင် ထပ်တင်ပေးမယ် အိုကေ နားလည်ပေးကျပါ ပုံမထည့်တက်သေးလို့ပါ ။။

  • မောင်ပေ

    August 11, 2012 at 10:24 am

    အော် လိမ်မာသိတတ်လွန်းလှတဲ့ စနှိုးလေးပါကလား…

  • ahnyartamar

    August 11, 2012 at 10:34 am

    နှစ်တစ်နှစ်ကုန်တိုင်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတာကတော့ ငါလေ့လာသင်ယူစရာများသေးတယ်။ ဗဟုသုတနည်းသေးတယ် အပြင်ဗဟုသုတ ရသ အစုံလေ့လာသင်ယူရမယ်၊

    အဲဒါလေးဖတ်ပြီး ဗိုလ်ချုပ်စကားကို သွားသတိရလို့ share လိုက်ပါရစေ။

    Knowledge is not limited to book knowledge but is wide & deep without bounds. All the books in the world cannot express all the knowledge which can be found only in the largest school which is life itself. From the cradle to the grave, we are all students at this school.
    General Aung San

  • manawphyulay

    August 11, 2012 at 10:41 am

    ခုမှ ၈ လပိုင်းပဲရှိသေးတယ်။ ဘာတွေ လာဆုတောင်းနေတာလဲ။ အသက် လေ့လာစရာတွေ များနေတဲ့ လောကကြီးမှာ အသက် ၁ နှစ်တော့ ထပ်မကြီးပါရစေနဲ့ဦး။ အသက်ကတော့ ကြီးမှာဆိုတာ သိပေမယ့် အချိန်လေးတော့ မမြန်စေချင်ဘူး စနိုးရယ်…

    • snow white

      August 11, 2012 at 10:53 am

      သိပ်မလိုတော့ပါဘူးမမရယ် ဆုတောင်းပေးတာပဲ ရပါတယ် နော် ချစ်မမကလည်းစိတ်ကြီးဘဲ။

  • snow white

    August 11, 2012 at 10:50 am

    လေးလေးပေတူမလေးပဲ လိမ်မာတာပေါ့လို့။

  • shwe kyi

    August 11, 2012 at 11:23 am

    နှင်းဖြူလေးရေ အစ်မလည်းထိုနည်း၎င်းပါပဲကွယ်။ ရွာထဲမှာဆွေးနွေးတာတွေဖတ်ပြီးအမြင်တွေထပ်တိုး။
    ကိုယ်မမြင်တတ်ခဲ့တဲ့ရှုထောင့်လေးတွေတွေ့လာတယ်လေ။ သူများတင်တဲ့ပို့စ်လေးတွေဖတ်မှတ်သင့်တာမှတ်။
    ဒါပေမယ့် ကိုဂီရဲ့တချို့ပို့စ်တွေကိုတော့လိုက်မမှီ 🙂
    အများကြီးကြိုးစားရပေဦးမှာပေါ့။ လက်ဆောင်အတွက်ကျေးဇူးပါကွယ့်။

    • Liquid_Sn@ke

      August 11, 2012 at 12:38 pm

      တိန်
      ဘယ့်နှယ့် ကျုပ်နာမည်ကြီး ထွက်ကျလာပါလိမ့် …
      ကြိုးစား စရာမလိုပါဘူးဗျာ …
      ကျုပ်လည်း ကြိုးစားတတ်တဲ့လူ မဟုတ်ပါဘူး …

      သည်လိုပဲ အလိုက်သင့် မျောပါရင်း…

      ခင်တဲ့

      • ဟုတ်တယ်ဗျ ကျနော်လဲ ကိုဂီ့ပို ့စ်တွေ နားမလည်ဘူး။
        မနှင်းဖြူလေး၏ နှစ်ကူးလက်ဆောင်အတွက် ကျေးကျေး
        နော်

  • ဦးဦးပါလေရာ

    August 11, 2012 at 11:38 am

    တနှစ်ကုန်တော့လဲ နောက်တနှစ် အလုပ်ဆက်လုပ်ရဦးမှာပေါ့ကွယ်…။
    ၂၀၁၃ မှာ ဘဘလုပ်ချင်တာကတော့ အလှူ
    ၂၀၁၃ မှာ ဘဘမလုပ်ချင်တာကတော့ ခရီးသွားတာ
    ၂၀၁၃ မှာ ဘဘ လိုချင်တာကတော့ သူဌေးတယောက်ယောက်က မလိုချင်လို့စွန့်ပစ်လိုက်တဲ့ Window8 ပါတဲ့ တက်ဘလက်လေးတခု ကောက်ရချင်တာပါ။ (ပိုက်ဆံနဲ့ပေးဝယ်ဖို့တော့ လုံးဝမစဉ်းစားဘူး..။)
    😀 😀

    • shwe kyi

      August 11, 2012 at 12:06 pm

      ဦးဦးပါ ရွှေကြည်ထီပေါက်လို့ဘုရားဖူးအလည်ခေါ်ရင်မလိုက်တော့ဘူးလား။

  • မဟာရာဇာ အံစာတုံး

    August 11, 2012 at 12:34 pm

    ဦးပါ ပြောတဲ့ Windows 8 ဆိုမှ ..
    အနော်လည်း ပြောရဦးမယ်ဗျ ..
    အနော်လည်း အဲ့ Windows 8 ကို သုံးကြည့်ချင်နေတာ ရွစိကို တက်လို့ .. 😀
    ဒါပေမယ့် ကိုယ့်ကောင်က Windows 7 တောင် မဖြစ်ညစ်ကျယ်ရယ်မို့ ..
    အင်း … ကောက်ရမလားလို့ မရဲတရဲ ဆုတောင်းနေရသဗျ .. 😀

    သမီး အပျိုလေးရေ …
    နည်းပညာ တိုးတက်လာလေ သင်ယူစရာတွေ များလာလေ ဆိုတော့ကာ
    စနိုးလေးက နည်းပညာဘက်ကို စိတ်ဝင်စားတဲ့ လူတစ်ယောက်လို့ မြင်မိပါတယ် ..
    ဘာပဲ ဖြစ်ဖြစ် ကြိုးစားပေါ့ကွာ ..
    ဘာပဲဖြစ်ဖြစ် ရဲရဲကြီးသာ ကလိကြည့်ပေါ့ကွာ ….
    ကိုယ်လေ့လာချင်တဲ့ အကြောင်းကို တခြားလူတွေ မေးလို့မရရင် ..
    ဆရာကြီး Google (http://www.google.com) ဆီမှာသာ မေးပြီး ကလိကြည့် …
    မသကာ ပျက်ရုံထက် ရှိပါဘူး … :mrgreen:

  • mayjuly

    August 11, 2012 at 12:59 pm

    ကြိုးစားထားညီမလေးရေ ….

    ကြိုးစားမှုဆိုတာ အချိန် ရာသီ မရွေး ရှိနေသင့်တဲ့ လုပ်ရပ်တစ်ခုပါ …

    အမြဲတမ်းကြိုးစားနေသူတစ်ယောက်အတွက် အောင်မြင်မှုဆိုတာ လက်တစ်ကမ်းမှာ ရှိနေမြဲပါ …

  • ko khin kha

    August 11, 2012 at 2:38 pm

    စနိုးရေ လုပ်ပုံက Happy New Year ဘဲ မနက်ဖြန် တဘက်ခါ အော်ရတော့မလို၊ မင်္ဂလာနှစ်သစ်ပါလို့ နုတ်ခွန်းဆက် စာတိုတွေပို့ရတော့မလိုနဲ့ လန့်သွားတာဘဲ။
    ကြည့်ရတာ ၂၀၁၂ ကိုအမြန်ကုန်စေချင်နေတာလား၊ စိတ်ညစ်စရာတွေများနေပြီလား၊ စိတ်မညစ်ပါနဲ့ကွယ် ပုစ္ဆာတိုင်းအတွက်အဖြေဆိုတာရှိတတ်စမြဲပါ၊ အဖြေမရသေးတာဘဲဖြစ်တတ်တာမို့
    ကြုံလာသမျှကို ဖုန်ခါချသလိုသာ၊ ပေါ့ပေါ့ပါးပါးလေး နေကြည့်လိုက်ပါ။
    ပျော်ပျော်ပါးပါးပေါ့။

  • ရွှေတိုး

    August 11, 2012 at 9:06 pm

    မစနိုးရေ အမပြောမှပဲ ၂၀၁၂ ထဲမှဘာမှဟုတ်တိပတ်တိ မလုပ်ဖြစ်သေးတာကို သတိရမိတယ်။
    ဆုတောင်းဖို ့တော့ စောပါသေးတယ်နော် အချိန်ရှိခိုက် လုံ ့လစိုက်လို ့ကြိုးစားလိုက်ပါဦးမယ်

  • pu ma

    August 11, 2012 at 10:48 pm

    စနိုးရေ
    မလုပ်နဲ့နော် ၄လကြီးတောင်လိုသေးတယ်လေ

Leave a Reply