ကောင်မလေးတစ်ယောက်ရဲ့ခံစားချက်
အချစ်ဆိုတာ ပေးဆပ်ခြင်းလား ရယူခြင်းလား ” ဆိုတဲ့ မေးခွန်းကို ကျွန်မ
အကြိမ်ကြိမ် အဖြေရှာခဲ့ဘူးတယ်။ ဒါပင်မဲ့ ဘယ်ဟာက ပိုမှန်တယ်ဆိုတာကိုတော့
မသတ်မှတ်နိုင်ပါဘူး။ ဘာလို့လဲ ဆိုတော့သူဟာနဲ့သူ အားလုံးမှန်နေလို့
ပါဘဲ။ ချစ်တတ်တဲ့ နှလုံးသားပိုင်ရှင်ပေါ်မူတည်ပြီး “အချစ်”
ဆိုတဲ့ဝေါဟာရကလဲ ပြောင်းလဲသွားလို့ပါဘဲ။ တူညီနေတာတစ်ခုတော့ရှိတယ်
……အဲဒါဘာလဲ ဆိုတော့ ကယ်ချစ်လာပြီဆို နှလုံးသားထဲက နက်ရှိုင်းစွာ
ချစ်သူကို ချစ်တတ်သွားခြင်းပါဘဲ။ ပျော်ရွင်ခြင်း ၊ ဝမ်းနည်းခြင်း ၊
ကြေကွဲခြင်း ၊ပေးဆပ်ခြင်း ၊ နာလည်ခြင်း ၊ လွမ်းဆွေးခြင်း ဆိုတဲ့
ခြင်းပေါင်းများစွာ ပါဝင်စီးမျောနေပါတယ်။
ကျွန်မဘဝမှာ ယောကျင်္ား 4ယောက်နဲ့ ပတ်သတ်ခဲ့ဘူးတယ်။သူတို့တွေထဲက
သုံးယောက်ကတော့ သူတို့ အတ္တတွေနဲ့ သူတို့ လုံးလည်ချာလည်လိုက်နေကြတာလေ။
ပထမဆုံး
တစ်ယောက်ကတော ့ကျွန်မ က မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားရတဲ့” ကိုကို”
ဆိုတဲ့ ကျွန်မရဲ့ ခင်ပွန်း ကိုသူပါဘဲ။ ကိုကို နဲ့ ကျွန်မက
ငယ်သူငယ်ချင်းတွေ လေ။ ပြီးတော့ကိုကိုနဲ့ ကျွန်မ ချစ်သူသက်တမ်း 5နှစ် ၊
အိမ်ထောင်သက် 8နှစ်ကြာ ရင်းနှီးစွာ ပတ်သတ်ခဲ့တယ်လေ။ အိမ်ထောင်သက်
8နှစ်အတွင်းမှာ ကျွန်မ ကိုကို ဆီက ရလိုက်တာတွေက ကိုကို ရဲ့ အတ္တကြီးမှုတွေ
၊ ခေါင်းရှောင်မှုတွေ နဲ့အတူ ကိုကိုရဲ့ ဥပက္ခာတွေကိုပါ ထပ်ဆောင်းပါနေတော့
ကျွန်မ ခံနိုင်ရည်မရှိတော့ဘူးပေါ့။ကျွန်မ အသက် 18နှစ်မှာ
အိမ်ထောင်ကျတာဆိုတော့ရင်ဆိုင်ရတဲ့ ဒုက္ခတွေနဲ့ အသက်ရွယ်က
မျှတောင်မမျှခဲ့ပါဘူး။ ကိုကိုနဲ့ ကွဲခံနီထိ ရူးသွပ်စွာ ကျွန်မ
မျှော်လင့်ခဲတာက ကိုကို ဆီကတဏှာကင်းတဲ့ ချစ်ခြင်းနဲ့ ကြင်နာမှုတွေကိုပါ
………..ဒါပင်မဲ့ ကျွန်မ မရခဲ့ပါဘူး။ ကျွန်မရင်ထဲကိုလဲ သူဘယ်တုန်းကမှ
မြင်အောင် မကြည့် ပေးခဲ့ပါဘူး။
ကျွန်မက လူတမျိုးလေ ကျွန်မ လိုချင်တာကို လိုချင်တဲ့ အချိန်မှာရမှ
ဘဲလိုချင်တယ်။ ကျွန်မ မလိုချင်တဲ့ အချိန်မှာရခဲ့ရင်
ဘယ်လောက်တန်ဖိုးရှိရှိ လုံးဝမလိုချင်တော့ဘူးလေ။ လူတယောက်ကို
ချစ်မိပြီဆိုရင် အရမ်းသည်းခံခွင့်လွတ်ပေးတယ်. ……ဟင်ဆိုရင်လဲ
လုံးဝလှည့်မကြည့်တတ်တော့တာလဲ အမေမွေးထဲက ပါလာတဲ့ ကျွန်မရဲ့ မွေးရာပါ ဗီဇ
တစ်ခုလေ။ဒါကို ကိုကို မသိခဲ့ဘူး။ ကျွန်မ သူကို ခဏ စိတ်ကောက်တယ်ဘဲထင်ပြီး
ကျွန်မ ကွာရှင်းခိုင်းတာကို တရားဝင်ကွာရှင်းပေးခဲ့တယ်။ရက်ကနေ လချီလာတော့
သူအံ့ဩလာတယ်။ တနေ့ နေ့ခင်းဘက်ကြီး ဖုန်းလာသံကြားလို့ ကျွန်မ
ဖုန်းကိုင်လိုက်တော့
” ဟဲလို …..ဟဲလို”
” ခိုင်လေး …လား”
“ဟုတ်ပါတယ်…….ပြောပါ”
“ကိုကို ပါ။ ခိုင်လေးကို သတိရလို့ပါ။ ကိုကို ကို
ဒီတိုင်းထားခဲ့တော့မှာလား ခိုင်လေး။”
” ကျွန်မ ရင်ထဲမှာ ကိုကို ဆိုတာ လုံးဝမရှိတော့ပါဘူး ကိုသူ။
တောင်းပန်ပါတယ် ။ ရှင်နဲ့ ပတ်သတ်တဲ့ ခံစားချက်တခုမှ ကျွန်မ ရင်ထဲမှာ
မရှိတော့လို့ပါနော်။ ချစ်ခြင်း မုန်းခြင်း အားလုံး ကင်းသွားတာပါ ။
ကျွန်မနဲ့ကင်းအောင်နေပေးပါနော်။ နောက်လုံးဝ လာမပတ်သတ်ပါနဲ့ရှင်။”
” ခိုင်လေး ရယ် ကိုကို ခိုင်လေး ကို အရမ်းချစ်တယ်။မခွဲနိုင်ဘူး
တကယ်ခွဲနေရတော့မှ ကိုကို ခိုင်လေးကို ဘယ်လောက်ချစ်တယ်ဆို ခိုင်လေး ကိုကို
အပေါ်မှာ ဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာတွေ သိလာရပါတယ်။ ကိုကို တို့ သေချာ
ဆွေးနွေးရအောင်ပါနော်။”
“တော်ပါပြီ ရှင်။ နောက်ထပ်နာကျင်စရာတွေကို ခံနိုင်ဖို့ အင်အားတွေ ကျွန်မ
မှာ မရှိတော့လို့ပါနော်။ နောက်ထပ် ကျွန်မကို မပတ်သတ်ပါနဲ့ရှင်။”
ပြောပြီးတာနဲ့ ဖုန်းကို တန်းချလိုက်မိသည်။ နောက်ထပ် ဘာစကားသံကိုမှ
ထပ်မကြားချင်တော့ပါဘူး။ ပလတ်ကို ဘာတခါတည်းဖြုတ်ထားလိုက်တယ်။အဲဒီနေ့ကစပြီး
ကိုကိုနဲ့ကျွန်မ ဇာတ်လမ်းပြီးဆုံးသွားခဲ့ပါတယ်။
အပိုင်း(1) ပြီးသည်။
……………………………………………………………………………….
ဒုတိယပိုင်း
ကျွန်မဘဝထဲကို ဒုတိယအကြိမ် ဝင်ရောက်လာသူကတော့ ကိုခန့် လို့ခေါ်တဲ့ ကို
ပါဘဲ။သူနဲ့ ကျွန်မဆုံဆည်းခဲ့တာကတော့ Online ပေါ်က ချေကလက်မြို့တော် ဆိုတဲ့
ဆိုဒ်ကလေးထဲကပါ။ကျွန်မ မှတ်မိနေတယ် သူနဲ့စတင်ဆုံဆည်းခဲ့တဲ့ ဒီဇင်ဘာ ၃၁
ရက်နေ့ကိုလေ..။New Year ညမှာ အိမ်ကလူတွေက စားပွဲသောက်ပွဲတွေနဲ့
ပျော်နေကြပေမယ့် ကျွန်မခေါင်းတွေနောက်နေလို့ မပါတော့ပဲ အခန်းထဲမှာ
ကွန်ပြူတာ တစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့တယ်။ကျွန်မ အကောင့်ကို
ဖွင့်လိုက်တဲ့ အချိန်မှာပဲ အကောင့်တစ်ခု လာအပ်ထားတာတွေ့ရတယ်။ကျွန်မ
နှလုံးသားကို ဒဏ်ရာတွေထပ်ရစေမယ့် အကောင့်တစ်ခု ဆိုတာကို အဲဒီအချိန်က
ကြိုသိခဲ့ရင် ကျွန်မလက္ခံမိမှာ မဟုတ်ဘူး။ကျွန်မရဲ့ အနာကျက်စ နှလုံးသားကို
ဒဏ်ရာတွေ တစ်လှေကြီးပေးဖို့ အတွက် ကို ဆိုတဲ့ လူတစ်ယောက်
အလိမ်အညာပေါင်းများစွာနဲ့ ဝင်ရောက်လာခဲ့တယ်။
ကျွန်မသူ့အကောင့်ကို လက္ခံလိုက်တယ် ဆိုရင်ပဲ
သူစတင်နှုတ်ဆက်ပါတယ်..။
“Hi…”
“ဟုတ်ကဲ့.. ပြောပါရှင်”
“ခင်ချင်လို့ပါ”
“ဟုတ်ကဲ့..ခိုင်လေး အကောင့်ကို ဘယ်ကရတာလဲရှင်”
“ချောကလက်မြို့တော်ထဲကပါ”
“ဪ…ဟုတ်လား ။ ယူဘယ်ကချက်နေတာလဲ”
“ကျွန်တော်က ရန်ကုန်က ချက်နေတာပါ”
အဲဒီမှာ သူစတင်ညာတော့ပဲ။တကယ်တော့ ခိုင်လေး အကောင့်ကို
သူ့ သူငယ်ချင်းဆီက ရတာပါ။တကယ် သူချက်နေတာကလဲ စင်္ကာပူကနေ
ချက်နေခဲ့တာလေ။နောက် သူ့ အသက်မေးတော့ ခိုင်လေးထက်
ငယ်တယ်တဲ့လေ။ခိုင်လေးကို “ကို”က “မ”တဲ့..။ရယ်ရတယ်..တကယ်တော့ “ကို”က
ခိုင်လေး ထက် (၂)နှစ်တောင် ပိုကြီးနေခဲ့တာ။
ဒီလိုနဲ့ ကိုနဲ့ခိုင်လေး စကားတွေပြောရင်းနဲ့
ချစ်သူတွေဖြစ်ခဲ့ကြတဲ့အထိ ညာနေခဲ့တယ်လေ။သူပေးထားတဲ့ ရန်ကုန်ဖုန်းကို
ဆက်ကြည့်တော့မှ သူက မလေး ရောက်နေတာ ၅နှစ်တောင် ရှိပြီတဲ့လေ။ဒါပေမယ့်
ကို့ ကိုခိုင်လေး ချစ်မိနေပြီဖြစ်လို့ ခွင့်လွှတ်ပေးခဲ့ပါတယ်။အဲဒီတော့မှ
သူခိုင်လေးကို အားလုံး အမှန်ပြောပြခဲ့တယ်။သူကခိုင်လေးထက် ၂နှစ်ကြီးတာက
အစပေါ့..။
အမှန်တွေ အားလုံး ကိုဆီ ကနေ သိရှိခဲ့ပြီး 1လလောက်
အတိုင်းဆမသိ ပျော်ရွင်ခဲ့ရပါတယ်။ ချက်တင်ထဲက နေ့တိုင်း စကားတွေ
ပြောဖြစ်ကြတယ်။ vzoထဲမှာ တပတ်တခါ မျက်နှာမြင်ခွင့်ရခဲ့ပါတယ်။သူကို
ခိုင်လေးက ” ကို ” လို့ခေါ်ပြီး ၊ ခိုင်လေးကို သူက ” ဟန်နီ ”
လို့ ခေါ်တယ်လေ။ ခိုင်လေး password ကို ကိုသိသလို ကို password ကိုလဲ
ခိုင်လေး သိတယ်။ကို အကောက်ကို ဖွင့်ကြည့်မိတဲ့တနေ့ အကောက်တခုကို
မသင်္ကာတာနဲ့ ကိုပေးတတ်တဲ့ password တွေ ရိုက်ထည့်ကြည့်လိုက်တာ အကောက် က
ပွင့်သွားတယ်လေ။ရင်နာစရာတွေ တွေ့ရမယ်ဆိုရင် ခိုင်လေး ဒီအကောက်ကို
ဖွင့်မိမှာမဟုတ်ပါဘူး။ ခိုင်လေးထင်ခဲ့သလိုပါဘဲ ကို ရဲ့
အကောက်တခုဖြစ်နေတယ်လေ။ အဲဒီအကောက်ထဲမှာ ကို က မမတယောက်နဲ့ ထပ်ပြီး
ချစ်သူတွေဖြစ်နေတယ်။ ခိုင်လေးက ရွှေတောင်မှာနေတာလေ။ ဖြစ်ချင်တော့ အဲဒီမမက
ခိုင်လေးတို့ မြို့နဲ့ 9မိုင်ဘဲဝေးတဲ့ ပြည်မြို့ကဖြစ်နေတယ်။ကျွန်မ
နှလုံးသားတွေ တစ်စစီ ဖဲ့ေခြွေခံခဲ့ရသလိုပါဘဲ။ဒါပင်မဲ့ ခိုင်လေး စိတ်တွေ
ကို တည်ငြိမ်အောင် ကြိုးစားပြီး ကိုနဲ့ရင်
ဆိုင်ဖြေရှင်းခဲ့ပါတယ်။ခိုင်လေး ကို ကိုသေချာပြောပြခဲ့တယ်။ ခိုင်လေး
ကိုကို မရွေးချယ်ခိုင်းချင်ဘူးလေ။ နှစ်ယောက်ကြားမှာလဲ ဗျာများမဲ့
အဖြစ်မျိုးတွေ ခိုင်လေး မဖြစ်စေချင်ဘူး။ ဒါကြောင့် ခိုင်လေး ကို ကို
ကြည်ကြည်ဖြူဖြူ နောက်ဆုတ်ပေးလိုက်ပါတယ်။ ကို ကလဲ အဲဒီနေ့က vzo ထဲကနေ
ခိုင်လေးပြောတာတွေ ကိုငြိမ်ပြီးနားထောင်နေပါတယ်။ ဘာတစ်ခုမှ ပြန်မပြောဘူး။
ခိုင်လေး ငိုနေတာကို တာ စိုက်ကြည့်ပြီး အဲဒီနေ့က အဆုံးသတ်သွားခဲ့တယ်။
နောက်တနေ့ မနက် 9နာရီလောက် ကို ခိုင်လေး ဆီကို စင်ကာပူကနေ ဖုန်းဆက်တယ်။
” ဟဲလို……….ဟန်နီ လား”
” ဟုတ်ပါတယ် ပြောပါ …….ကို”
“မနေ့က ကို ဟန်နီ ငိုနေတာကို ကြည့်ပြီး ဘာမှ
မပြောရက်တော့ လို့ ဒီတိုင်း ပိတ်လိုက်တာပါ …ညက ကို တညလုံး စဉ်းစားတယ်
……ကို ဟန်နီ ကို မမေ့နိုင်ဘူး ဟန်နီ ”
” ကို မမကို ကော ဘယ်လိုလုပ်မှာလဲ ကို ”
” ကို သူကိုပြော လိုက်ပြီ
…ပြန်မလာတော့ဘူးလို့……….သူနဲ့ပြောတဲ့အကောက်ကို ကော ကိုညီကို
ပေးသုံးလိုက်ပြီလေ”
” ကို သေချာဆုံးဖြတ်ပြီးလို့လား ……….စဉ်းစားပါအုံးနော်”
” ကို…………..စဉ်းစားပြီးတားပါ ”
ဒီလိုနဲ့ ခိုင်လေးနဲ့ ကို ချစ်သူတွေ အဖြစ်ဆက်လက် တည်ရှိနေခဲ့သည်။ ကို
ခိုင်လေးကို လိမ်နေတယ်ဆိုတာ စိတ်ထဲက ခံစားမိနေပင်မဲ့ အမှတ်မရှိတဲ့
နှလုံးသားက ကို ကိုရူးရူးမူးမူး ချစ်နေပြန်တယ်။ ဒီလိုနဲ့ ဘယ်ချိန်မှာ
ဘာတွေ အလိမ်ပေါ်လာမယ်ဆိုတာကို ရင်တထိတ်ထိတ် နဲ့ နေနေ ရတာပါဘဲရှင်။
တနေ့မှာတော့ ခိုင်လေး ရင်မဆိုင်ချင်ဆုံးနေ့ ကို ရောက်ရှိလာခဲ့ပါတယ်။
အဲဒီနေ့က ခိုင်လေး ပြည်က သူငယ်ချင်း အင်တာနက်ဆိုင် ကို ကိစ္စတစ်ခုနဲ့
သွားတာ….ဟိုရောက်တော့ သူငယ်ချင်းကောင်တာ မှာထိုင်ပြီး စကားပြောနေတဲ့အထိ
သတိမထားမိသေးဘူး။ စကားပြောရင်း မျက်လုံ့းတွေက မျက်နှာချင်းဆိုင်
ကွန်ပြူတာ ကိုရောက်သွားတော့မှဘဲ ခိုင်လေး ရင်တွေကို
တစီကွဲစေတော့တာပါဘဲရှင်။ ကိုနဲ့ သူမမ vzo ချက်နေတာလေ။ မမ နှုတ်ဖျားက
မောင်ဆိုတဲ့ ခေါ်သံဟာ ခိုင်လေး နားထဲမှာ အနူမြူဗုံး10လုံးလောက်
ပေါက်ကွဲသလိုကို ခံစားရပါတယ်။ ဘယ်သူကိုမှ အပြစ်မတင်ချင်ပါဘူး။
အမှတ်မရှိတဲ့ ခိုင်လေး နှလုံးသားကိုဘဲ ခိုင်လေး အပြစ်တင်မိပါတော့တယ်။
အဲဒီည ကိုနဲ့တွေ့တဲ့အခါ ခိုင်လေး ဟန်ဆောင်နေခဲ့ပါတယ်။
ဘာဆက်လုပ်ရမယ်ဆိုတာကို မဆု့းဖြတ်နိုင်သေးလို့လေ။ တညလုံး မအိပ်ဘဲ
ငိုတဲပဒဏ်ကြောင့် ခိုင်လေး နောက်နေ့ ဆေးရုံ တက်တဲ့ရတဲပအထိကို
ခံစားခဲ့ရတယ်လေ။ ဆေးရုံကဆင်းတဲပနေ့မှာဘဲ ကိုရဲ့ရွေးချယ်မှုကို သိရတယ်။ သူ
မမကို ဘဲရွေးချယ်ခဲ့တယ်လေ။ကို ပေးတဲ့ အကြောင်းပြချက်ကတော့ ခိုင်လေးလို
အိမ်ထောင်ကျခဲ့ဘူးတဲ့ သူတယောက်ကို သူနာလည်ပေးလို့မရဘူးတဲ့ လေ။ သိပ်ကို
ရီစရာကောင်းပြီး မခိုင်လုံတဲ့ အကြောင်းပြချက်တခုပါဘဲ။ကိုနဲ့ ခိုင်လေး
စပတ်သတ်ခဲ့ကတည်းက ခိုင်လေး အကြောက်းအားလုံးကို
အချွင်းမချန်ပြောပြခဲ့ပြီးသားပါ။ ခုမှ ဒါကို အပြစ်တခုလိုပြောတာကိုတော့
ကျွန်မ နာကျည်းမိတယ်။ နောက်တစ်ခု ကို ကျွန်မကို
လမ်းခွဲစကားပြောခဲ့တဲ့နေ့က ကျွန်မ ဆေးရုံက ဆင်းတဲ့နေ့ဖြစ်နေတာရယ် …..
ကိုနဲ့ မမအကြောင်းကို ပထမဆုံးအကြိမ်သိထဲက ခိုင်လေး နောက်ဆုတ်ပေးခဲ့ ….
အရှုံးပေးခဲ့ပြီးသားဖြစ်ရက်နဲ့ ထပ်ပြီး လိမ်ညာ လှည့်စားရက်တာကိုတော့
ရင်ထဲမှာ နာကျည်းမိတယ်။ ဒါပင်မဲ့ ကိုရဲ့ အဆုံးဖြတ်ကို ခိုင်လေး
ကြည်ဖြူစွာ လက်ခံ ပေးခဲ့ပါတယ်။ နောက်ဆုံးတော့ ကိုလဲ သူရဲ့အတ္တတွေကို
ရှေ့တန်းတင်ပြီး သူအတွက်ဘဲ ဦးစားပေး သွားခဲ့တာဘဲ။ အရင်က ပြောခဲ့တဲ့
ခိုင်လေးကို နာလည်ပါတယ် ……….. ချစ်တယ်ဆိုတာတွေက ဘယ်ချောင်ကို
ရောက်ကုန်ပြီလဲ လို့ အော်မေးလိုက်ချင်ပါတယ်။ ဒါပင်မဲ့ ခိုင်လေး
ရင်ထဲမှာဘဲ ပဲ့တင် ထပ်နေခဲ့ပါတယ်။ထုတ်မမေးဖြစ်တော့ပါဘူး။ကို ကို
လွမ်းလို့ကျတဲ့ ကျွန်မမျက်ရည်တွေကို ကိုနဲ့မတန်ဘူးလို့ တွေးမိတဲ့
အချိန်မှာ ကိုနဲ့ ပတ်သတ်တဲ့ ခံစားမှုတွေ ကို မေ့ပြစ်နိုင်အောင်
ကြိုးစားနိုင်ခဲ့တယ်။နောက်ဆုံး ကိုနဲ့ လိုင်းပေါ်မှာ ဆုံခဲ့ရင်တောင်
ရိုးသားစွာ နှုတ်ဆက် ပြောဆိုနိုင်တဲ့အထိ ခိုင်လေး ရင်ထဲမှာ
ကိုအပေါ်ထားခဲ့တဲ့ အချစ်တွေ ကို ရင်ထဲက
ရှင်းလင်းထုတ်နိုင်ခဲ့ပါတယ်။ဒီမှာဘဲ ကိုနဲ့ ပတ် သတ်တဲ့ ဖာတ်လမ်းလေး
ပြီးဆုံးသွားခဲ့ပါသည်။
အပိုင်း(2) ပြီးသွားခဲ့သည်။
…………………………………………………………………………………………………..
တတိယပိုင်း
တတိယမြောက် ခိုင်လေးနဲ့ ပတ်သတ်ခဲံ့တဲ့ သူကတော့ “ကိုကြီး”
လို့ ခေါ်ပါတယ်။ ကိုကြီးနဲ့ ပတ်သတ်ပြီး ခိုင်လေး ရင်ထဲမှာ အချစ်ဆိုတာထက်
အားကိုး ယုံကြည်မှုနဲ့ အကို တယောက်လိုသံယောဇဉ်တွေဘဲ ပိုရှိနေခဲ့တယ်။
ကိုကြီးကို ခိုင်လေး ချစ်သူ တယောက်လို မချစ်ခဲ့မိဘူး။
ကိုကြီးနဲ့ ခိုင်လေး ကို သူငယ်ချင်းတစ်ယောက်က
မိတ်ဆက်ပေးခဲ့တာပါ။ ကိုကြီးနဲ့သိကျွမ်းပြီး နောက်ပိုင်းမှာ ………
ကိုကြီးက ခိုင်လေး ဆီကို နေ့တိုင်း ဖုန်းဆက်တယ်လေ။ နေတိုင်း
စကားပြောဖြစ်နေတော့ ကိုကြီးနဲ့ ခိုင်လေး ရဲ့ ရင်နှီးမှုတွေကလည်း အတော်ကို
ခရီးရောက်ခဲ့တာပေါ့ ။ ဒီတခါတော့ ခိုင်လေးကြောက်နေပြီလေ။ ကိုချစ်ကို
မရှာရဲတော့ဘူး။ ကိုကြီးက ခိုင်လေး ကို တော်တော် ချစ်တယ်လို့ ရင်ထဲမှာ
ခံစားမိတယ်။ နောက်တစ်ခုက ကိုကြီးက အရာရာကို ဦးဆောင်နိုင်တယ်လို့
လဲထင်မိတယ်။ခိုင်လေးကစိတ်ပျော့တော့………ခိုင်လေးကို အရာရာ ဦးဆောင်မဲ့သူမျိုး
လိုအပ်တယ်လေ။ ဒါတွေ အားလုံးကို ထည့်တွက်စဉ်းစားပြီး ကိုကြီးရဲ့
လက်ထပ်ဖို့ထိ ရည်ရွယ်ကမ်းလှမ်းမှုကို လက်ခံခဲ့မိတယ်။
ဒီတခါတော့ ခိုင်လေး ဘဝအေးချမ်းပြီပေါ့ ဆိုတဲ့ အတွေးတွေ နဲ့ ပျော်နေ
တယ်။ ကိုကြီးက လူကြီးဆန်တယ် ခိုင်လေးထက်လဲ အသက်ကြီးတယ်လေ။
အရာရာကို စဉ်းစားဆင်ခြင်နိုင်မယ်လို့မျှော်လင့်ခဲမိတာပေါ့။ဒါပင်မဲ့ တကယ်
ချစ်သူတွေ ဘဝကို ရောက်တဲ့အခါမှတော့ ခိုင်လေး ထင်တာတွေ နဲ့ လွဲနေခဲ့ပါတယ်။
ကံမကောင်းတတ်တာလဲ ခိုင်လေး ရဲ့ ကံဇာတာဘဲ ထင်ပါရဲ့။ နောက်ပိုင်းမှာ
သိလာခဲ့ရတာတွေက ကိုကြီးရဲ့ အရမ်းစိတ်တိုတတ်အကျင့်။ သဝန်တိုတတ်တာတွေ ။ သူများဘက်က
အခက်ခဲကို ကြည့်မပေးတတ်တာ။ လူတွေ့တာနဲ့ သူမျက်စိထဲမှာ အပြစ်တွေ
ဘဲမြင်နေတတ်တာတွေ က ခိုင်လေး ကိုအတော်စိတ်ညစ်စေတဲ့ အကြောင်းရာတွေ
ဖြစ်လာခဲ့တယ်။ ကိုကြီးနဲ့တွေ့တိုင်း ချစ်သူတယောက်နဲ့တွေ့လို့
ပျော်ရွင်ကြည်နူးရတာထက် ………..ကိုကြီး မျက်စိထဲ ခိုင်လေးကို ဘာတွေ များ
အပြစ်မြင်ပြီး ဆူမလဲ ဆိုတာကိုဘဲ တွေးကြောက်နေရတော့ သူကို တွေ့ရမှာကိုလဲ ရင်ခုန်ပျော်ရွင်ရမဲ့အစား
ခိုင်လေး လန့်နေမိတယ်။ မတွေ့ချင်တော့ဘူးလေ။ ခိုင်လေး ကိုကြီးကို
စိတ်အပျက်ဆုံးကတော့ အရက်ကို သာမာန်.. တခါတလေ သောက်တာထက်
ပိုသောက်တတ်တာကိုပါဘဲ။ ခိုင်လေး ပထမ အိမ်ထောင်နဲ့ ကွဲခဲ့ရတာလဲ အရက်ကို
မိုးလင်းက မိုးချုပ်သောက်တဲ့ ဒဏ်ကို သည်းမခံလို့ ဆိုတာ သူကို
ပြောပြခဲ့ပြီးသားပါ။ခိုင်လေး ကြောက်တဲ့ အရာတွေ အားလုံး သူဆီမှာ
စုနေတယ်လေ။ ခိုင်လေး ဘာဆက်လုပ်ရမလဲ ဆိုတာ စဉ်းစားမရအောင် စိတ်ညစ်နေမိသည်။
ဒီနေ့ ကိုကြီးနဲ့ ဆုံတယ်လေ။ အပြတ်ပြောမယ်လို့လဲ
ဆုံးဖြတ်ထားခဲ့တယ်။ လူမလာဘဲ ဖုန်းဆက်တယ်လေ ။ အသံက မူးနေတဲ့အသံနဲ့ ။
” ညီမလေး ဘာတွေ လုပ်နေလဲ ”
“ကိုကြီးကို စောင့်နေတာ”
“ဟုတ်လား …ဘာပြောစရာရှိလို့လဲ ။ ကိုကြီးလဲ ပြောစရာရှိတယ်”
“ပြောလေ ကိုကြီးအရင်ပြောပါ”
“ကိုကြီးကြည့် ဖို့ ညီမလေး ပို့ထားတဓာတ်ပုံတွေကလဲ sexy ကြလွန်းတယ်နော်”
” ဘာပြောတယ် ….. ဘာပြောတယ် ကိုကြီး။ ပြန်ပြောစမ်းပါ …. ဘာအဓိပ်ပယ်နဲ့ပြောတာလဲ”
ဒေါသဖြစ်လွန်းလွန်းလို့ ခိုင်လေး အသားတွေ တောင် တဆက်ဆက်
တုန်မိပါတယ်။ပြောစရာလား ကိုချစ်သူကို ဒီလိုစကားမျိး။ သူပြောချင်ရင်
အဲဒီလို ရှေ့နောက်မစဉ်းတတ်ဘဲ တုတ်ထိုးအိုးပေါက်လဲ ပြောတတ်သေးတယ်ရှင့်။
“ကိုကြီး ဘာပြောမိလို့လဲ ညီမလေး”
“ဘာပြောမိလို့လဲ ဟုတ်လား…….လူကို sexy လို့ ပြောလိုက်တာကိုတောင်
ဘာပြောလို့ လဲ ပြန်မေးနေသေးတယ်နော်။ ကို ချစ်သူ ကို တော်တော်
်တန်ဖိုးထားတာဘဲနော်”
” ဟာ………ကိုကြီးက အဲဒီ အဓိပါယ် မဟုတ်ဘူးလေ။ ဝတ်တာဟော့တာကိုဘဲ
ပြောတာပါ။ညီမလေး တွေးသလိုမဟုတ်ရပါဘူး။”
” တော်ပြီ ကိုကြီး ဒီနေ့ တရက် စိတ်ကြိုက်ဆူနိုင် ပြောနိုင်တယ်။
နောက်ဆုံးအနေနဲ့ ဒီနေ့ သည်းခံ နားထောင်းပေးမယ်”
“ညီမလေး …………. နောက်ဆုံးဆိုတာ ဘာပြောတာလဲ ”
” နောက်ဆုံးဆိုတာ နောက်ဆုံးပတ်သတ်ခြင်းမို့ပေါ့”
” ဟာ အဲဒီလောက်တောင် ဆုံးဖြတ်လိုက်တယ်လား။ ကိုကြီး ညီမလေးကို
အရမ်းချစ်တယ် တဘဝစာချစ်ခဲ့တာပါ။ စချစ်ကတည်းက လမ်းခွဲဖို့ဆိုတာ မပါဘူး”
“ဟုတ်ပါတယ်။ ကိုကြီး ခိုင်လေးကို ချစ်ပါတယ် ကြောက်စရာကောင်းအောင်ကို
ချစ်ပါတယ်ရှင်။ ကိုကြီး ချစ်တာကြီးကို ခိုင်လေး အရမ်းကြောက်သွားပါပြီ”
” ကိုကြီး နောက်ကို ညီမလေးမကြိုက်တာတွေ မပြောတော့ပါဘူးနော်။”
“ဟင်အင် မရတော့ဘူး…………ကိုကြီး ကျွန်မ တကယ်ကို ကိုကြီးကို
လန့်နေပါပြီရှင် …… ဒီနေရာမှာဘဲ ခိုင်လေး တို့ဇာတ်လမ်းကို ရပ်တန်းက
ရပ်လိုက်ပါစို့နော်။” ပြောပြီးတာနဲ့ ဖုန်းကိုပါ တခါတည်းချလိုက်မိပါသည်။
ဖုန်းချသံဆုံးတာနဲ့ ကိုကြီးဘက်ကတော့ မသိဘူး ခိုင်လေးဘက်ကတော့
ကိုကြီးနဲ့ပတ်သတ်တာတွေ အားလုံးကို မေ့ပြစ်ဖို့ ကြိုးစားလိုက်ပါတော့တယ်။
ဘဝမှာ ယောကျင်္ား3ယောက်နဲ့ ပတ်သတ်ခဲ့တဲ့ ကျွန်မ …. ပတ်သတ်ခဲ့ဘူးတဲ့ သူတို့ 3ယောက်ရဲ့ အချစ်အပေါ်ခံယူချက်ကို တွေးကြည့်မိတယ်။
1. ကိုကို …………သူခိုင်လေး အပေါ်ချစ်တော့ ချစ်ခဲ့ပါတယ်။ဒါပင်မဲ့
သူချစ်တာကို ထုတ်ဖော်ပြစရာမလိုဘူး။ ခိုင်လေးက ကိုဘာကို အလိုလို
သိနေရမဲ့ဆိုတဲ့ အတ္တတွေ နဲ့ ပြည့်နှက်နေတာလေ။ ခိုင်လေးဆီကဘဲ
အပြည့်လိုချင်နေပြီး သူဘက်က ပြန်ပေးရမှာကို အတ္တတွေနဲ့
တွန့်တိုနေတာလေ။သူရဲ့နှလုံးသားခံယူချက်က အချစ်ဆိုတာ
ထုတ်ဖော်ပြစရာမဟုတ်ဘူးလို့ ကိုကို က ခံယူထားတယ်။
2.ကို……..သူကြတော့ ပိုပြီးတောင် အတ္တတွေ ဖုံးလွှမ်းနေတာလေ။
သူစိတ်ချမ်းသာမှုကိုဘဲ အမြဲဦးစားပေးတတ် တဲ့သူပေါ့။ နောက်သူက အမြဲ ပထမ
လူဘဲ ဖြစ်ချင်တာလေ။ အချစ်စစ်ရင် ပထမ ဒုတိယ ဆိုတဲ့ ပြဌာန်းချက်တွေ
မလိုဘူးလို့ ခိုင်လေးတော့ ထင်တယ်။ တကယ်တော့ ကို ရင်ထဲမှာ အချစ်ဆိုတာ
မရှိဘူး။ သူဘယ်သူကိုမှ မချစ်တတ်ပါဘူး။ သူကိုသူဘဲ ချစ်တတ်တဲ့သူမျိုးလေ။
3.ကိုကြီး…….သူကြတော့ ချစ်သူတယောက်ကို ပိုင်ဆိုင်လိုက်ရတာကို
ခိုင်လေးနဲ့ ပတ်သတ်သမျှ သူ ချုပ်ချယ်ပြောဆို ချယ်လှယ်ခွင့်ရပြီလို့
သတ်မှတ်လိုက်ပုံရတယ်။ သူချစ်တတ်ပါတယ်။ လူတယောက်ကို လှုတ်လို့မရအောင်
ချီနှောင်တဲ့ ချစ်ခြင်းမျိုးနဲ့လေ.။
သူတို့တွေနဲ့ ဆုံတွေ့ခဲ့ပြီး ခိုင်လေး တယောက်ထဲနှစ်တွေ တော်တော် များများ တယောက်ထဲ နေခဲ့ပါတယ်။
ယောကျာင်္းတွေရဲ့ အချစ်ဆိုတာကိုလဲ အထင်မကြီးတော့လို့ပါ။ ဒီလိုနဲ့
4နှစ်လောက်ကြာတဲ့အခါမှာ……………
အပိုင်း(3)ပြီးပါသည်။
………………………………………………………………………………………………………………
ဇာတ်သိမ်းပိုင်း
လောကကြီးက မမြင်နိုင်တဲ့လှည့်ကွက် တွေကို လဲဖန်တီးပေးတတ်တယ်သေးတယ်ရှင့်။
အမြဲ အချစ်ကံဆိုးနေတတ်တဲ့ ခိုင်လေးကို သိပ်ကို ချစ်စရာ ကောင်းတဲ့
ကောင်လေးတစ်ယောက်ကို လက်ဆောင်ပေးခဲ့တယ်လေ။ ကောင်လေး နဲ့
ခိုင်လေးစတင်ဆုံစည်းခဲ့တာကတော့ မဖွင့်ဘဲ ပြစ်ထားခဲ့တာကြာပြီဖြစ်တဲ့
ခိုင်လေး အကောက်ထဲကနေပါ။
ဒီနေ့ မိုးလင်းထဲက ကွန်ပြူတာ ဖွင့်ချင်တဲ့ စိတ်တွေ ပေါက်နေမိတာနဲ့
ဖြုတ်ထားတာ ကြာပြီ ဖြစ်တဲ့ networkကြိုးတွေ ကို လက်တော့ နဲ့ပြန်ချိတ်ပြီး
အကောက်ကို ဖွင့်ကြည့်မိတယ်ဆိုရင်ဘဲ သိပ်ကို ပျော်စရာကောင်းမဲ့
ပျော်ရွင်ခြင်းနဲ့ ချစ်ခြင်းတွေ ကို သယ်ဆောင်လာပေးတဲ့ အကောက်တစ်ခု
အပ်ထားတာကို တွေ့ရပါတယ်။ ကိုနဲ့ ပတ်သတ်ပြီးထဲက ချက်တင်မထိုင်တော့
တဲ့အတွက် အကောက်ထဲက အားလုံးကို contact နဲ့ကို အပြီးဖြတ်ခဲ့ပါတယ်။
ခုအကောက်ဖွင့်လိုက်တော့ ပထမဆုံးတက်လာတဲ့ အပ်ထားတဲ့ အကောက်လေးက wနဲ့စတဲ့
သိပ်ချစ်စရာ ကောင်းတဲ့ ကောင်လေးတစ်ယောက်ဖြစ်လာမဲ့ သူရဲ့ အကောက်လေး လေ။
အကောက်ကို ကြည့်အကြာကြီး တွေဝေနေမိသေးတယ်။ လက်ခံရင် ကောင်းမလား
မကောင်းဘူးလားပေါ့။ နောက်ဆုံးတော့ လက်ခံလိုက်ပါတယ်။ ပြောစရာလူကလဲ
တစ်ယောက်မှ မရှိဘူးလေ။ အကောက်ကို လက်ခံလိုက်တယ်ဆိုရင် ဘဲ သူကလဲ
လိုင်းပေါ်မှာ အဆင့်သင့် ရှိနေတယ်။
” hi…..”
“ဟုတ်ကဲ့ …..ပြောပါရှင်”
“အံ့ဩနေတာဗျ……လွန်ခဲ့တဲ့ 4နှစ်လောက်ထဲက အပ်ထားတာကို ခုမှ ပြန်လက်ခံလို့လေ”
“ဟုတ်လား…..အပ်ထားတာ ဒီလောက်တောင် ရှိပြီလား”
“ဟုတ်တယ်…..ခင်ဗျ..ကျွန်တော်
အပ်ထားတာ ကြာပြီလေ……ကျွန်တော်က ညဘက်တွေဘဲ
ထိုင်ဖြစ်တာလေ…….ခုတောင် ပိတ်ရက်မို့ပါ”
“ဟုတ်လား…….ခိုင်လေးကို အကိုက သိလို့လားရှင့်”
“သိတာပေါ့ …….သိတာမှ လွန်ခဲ့တဲ့ 4နှစ်ခွဲလောက်ထဲက ကျွန်တော် အကိုလို
ခင်နေတဲ့ အကောက်ထဲက နေမြင်ဘူးနေတာလေ”
“ဟုတ်လား……..ကြာပြီဘဲနော်”
“ဟုတ်တယ် ……..ကြာပါပြီ……ခင်ချင်ေ
နတာလဲ ကြာပြီလေ”
“အသက်ဘယ်လောက်ရှိပြီလဲ အကိုက”
“25”
“ဆောရီးနော် မောင်လေးပေါ့”
” အစ်မကကော”
“29′
“တင်ထားတဲ့ ပုံက အမပုံလား”
“ဟုတ်တယ်”
“၂၉ဟုတ်လို့လား”
“ဟုတ်ပါတယ်….ဘာလို့လဲ”
“မထင်ရဘူးလေ……..အဲဒါကြောင့်ပါ”
“ကျေးဇူးပါဘဲရှင်”
” မနာမည်ကကော”
“ခိုင်လေး”
“ဘယ်လိုခေါ်ရမှာလဲ”
“အဆင်ပြေသလိုခေါ်လေ
ရပါတယ်”
“မတလုံးထဲဆိုရလား”
” ရပါတယ်”
” ကျွန်တော့နာမည်ပြောပြမယ်…..စံလင်းမြတ်”
“ဟုတ်လား…..နာမည်လေးက လှတယ်”
” မက ဘယ်လိုခေါ်မှာလဲ”
“မ က ဘယ်လိုခေါ်ရမလဲ ခဏ……..စဉ်းစားကြည့်အုံးမယ်နော်……ခဏလေး”
“ဟုတ်ကဲ့ပါ”
“ရပြီ…….ကောင်လေး လို့ခေါ်မယ် ဖြစ်လား”
“ဖြစ်ပါတယ်…………မစိတ်ချမ်းသာသလိုခေါ်ပါ”
“ခုဘယ်ကချက်နေတာလဲ ”
” စင်ကာပူကပါ…….မ””ရောက်တာကြာပြီလား………..ကောင်လေး”
“ဟုတ်ကဲ့ ……….. 19နှစ်ထဲက ရောက်နေတာလေ။မကကော ခုဘယ်မှာနေတာလဲ…….မ”
“ပြည်နားကလေ ရွှေတောင်မြို့ သိလား”
“သိတယ်……….မ ။ ပြည်မှာတောင် အမျိုးတွေ ရှိတယ်လေ။”
” ဟုတ်လား………ပြန်လာရင် လာလည်လေ။ မမ နားတော့ မယ်နော်”
“ဟုတ်ကဲ့ ……မ ။ညကြ တက်လာမှာလား……ဟင်”
” အင်း……တက်လာခဲ့မယ်။စောင့်နေလေ”
“ဟုတ်…….စောင့်နေမယ်နော်……မ”
“ကောင်းပါပြီရှင်……ပိတ်ပြီနော်”
……………………………………………………………………….
ကောင်လေး နဲ့ စ်ကားပြောပြီး တနေ့ လုံး စိတ်ထဲမှာ အလိုလို ပျော်နေမိတယ်။
တဘက်ကလဲ ကံမကောင်းတတ်တဲ့ ကိုကိုယ်ကို ကြောက်နေမိတယ်လေ။ ဒီလိုနဲ့
ညဘက်ရောက်တဲ့ အထိ စိတ်တွေက ဝေခွဲမရဖြစ်နေမိတယ်။ အကောက်ကို ဖွင့်ရမလား
ဒီတိုင်းနေရမလား ထိုင်စဉ်းစားရင်း နောက်ဆုံးလက်တွေ က အကောက်ကို
ဖွင့်ပြီးသားဖြစ်နေတယ်။ခိုင်လေး အကောက် မီးစိမ်းတာနဲ့
“မ…..စောင့်နေတာကြာပြီ မတက်လာတော့ဘူး ထင်နေတာ”
“ဟုတ်တယ် ……..မနောက်ကျသွားတယ်……..ဆောရီးနော်”
“ရပါတယ်….မ”
“မ အကြောင်းပြောပြမယ်။ နားထောင်မလား…………….ကောင်လေး “
“အင်းပြောပြလို့၇ရင်ပြောပြလေ”
“ပြောပြမယ်”
“ မမ 18နှစ်မှာအိမ်ထောင်ကျခဲ့ဘူးတယ်။2005မှာအိမ်ထောင်နဲ့တရားဝင်ကွဲတယ်လေ…….
အခု မိဘတွေနဲ့နေတယ်”
“အဆင်မပြေဘူးလား”
“ဘယ်လိုမှ မဖြစ်လို့ပါ
ဘယ်သူလွန်တယ်တော့ မပြောချင်ပါဘူး။
သူက မိုးလင်းမိုးချုပ်အရက်သောက်တယ်လေ။”
“မထက်အသက်ကြီးလို့လား……… အိမ်ကပေးစားတာလား”
“မဟုတ်ဘူး…. ငယ်သူငယ်ချင်းတွေ…… ကိုဘာကိုကြိုက်တာ…. မထက် 2နှစ်ကြီးတယ်သူက ”
“ခိုးပြေးတာလား”
“ဟုတ်တယ်”
“ အိမ်ကသဘောမတူဘူးပေါ့”
“ဟုတ်တယ်”
“အမွေဖြတ်ရောလား”
“မိဘတွေက တအားကောင်းတာ….. မမကို မကွဲခင်ထိ
2ယောက်လုံးတင်ကျွေးထားတယ်…… တိုက်ဆောက်ပေးတယ် အားလုံးတာဝန်ယူထားတာ”
“မမကတဦးတည်းသော သမီးလား”
“မဟုတ်ဘူး…. ညီမ3ယောက်လေ….. မမက အလတ်”
“တော်တယ်နော် မမ မိဘတွေ”
“ ဟုတ်တယ် အရမ်းတော်တယ်”
“နောက်တော့ရော…. ဆက်ပြောလေ”
“ မမက သူနဲ့ကွဲမှ အိမ်ပြန်နေတာလေ……… မမ အမှန်ပြောပြမယ်
မမရင်ထဲမှာသူကို….. မုန်းတာလဲမရှိဘူး…… ချစ်တာလဲ မရှိဘူး…….
သတိရတာလဲ မရှိဘူး……. သူငယ်ချင်းတယောက်လိုဘဲ စိတ်ထဲမှာရှိတယ်။ နဂိုထဲက
သူငယ်ချင်းတွေဆိုတော့…… ချစ်ရတာ သေအောင်ပင်ပမ်းခဲ့ပြီးပြီ”
“မထင်လို့ပါ….. နှစ်ဦးလုံးချစ်နေရင်အေးချမ်းပါတယ်”
“အချစ်ကြောင်မသိဘူးထင်နေတာ”
“စာအုပ်တွေဖတ်ထားတာလေ”
“အဲဒါမျိုးမတွေ့သေးဘူး”
“: ရှိပါတယ်”
“မ မကြုံဘူးသေးတာကိုပြောတာပါ”
“လိုက်မရှာရဘူး…… သူ့အလိုလိုရောက်လာတာလေ”
“ဟုတ်လား….. ပြောပါအုံး”
“သိတော့ဘူးကုန်ပြီလေ….. စာအုပ်ကဖတ်ထားတာ
ဟီးးးးးးးးးးး”
“တကယ် ကလေးဘဲနော်….. ကောင်းပါတယ်…… 25ဆိုတာ ငယ်သေးတာဘဲ”
“ဟင်…မ ကကော….. ၂၉လေ….”
“ဟုတ်တယ်လေ ကောင်လေး ထက် 4နှစ်ကြီးတယ်လေ”
“နောက်၄လဆို၂၆လေ.. ပြည့်ပြီ”
“ဟုတ်ပါပြီ….. လူကြီးလေးရယ်”
” နောက်ဆက်ပြောလေ….မ”
“အင်း….သူနဲ့ကွဲပြီး……မ ဆိုပြီး ကိုနဲ့ ကိုကြီး အကြောင်းစုံအောင်
သူကို ပြောပြ ဖြစ်တယ်လေ။ခိုင်လေး ကို ကိုယ်ကို တောင် အံ့ဩနေတာ ဒီနေ့မှ
တွေ့တဲ့ကောင်လေး တစ်ယောက် ကိုဘာလို့ ဒီလောက်တောင် ယုံ
ကြည်သွားမိတာလဲလို့လေ။
ဒိလိုနဲ့ ကောင်လေးနဲ့ ကျွန်မ နေ့တိုင်း စကားတွေ ပြောဖြစ်နေကြတယ်။ ရင်
ထဲမှာတော့ နေ့တိုင်း စိုးရီမ်စိတ်တွေ နဲ့ပေါ့ ။ ဘယ်ချိန်မှာများ
နာကျင်စရာတွေ ခံစားရအုံးမလဲ ဆိုတဲ့ စိုးရိမ်စိတ်တွေ နဲ့ပေါ့ရှင်။
ကောင်လေးနဲ့ ကျွန်မ လကနှစ်ချီပြီး ရင်းနှီးလာခဲ့တာ………သူနဲ့
ရင်းနှီးပြီး 1နှစ်ကျော်ကြာပြီးတဲ့တနေ့ ကောင်လေး ဆီ က ဖုန်းလာတယ်လေ။
“ဟဲလို ……. မ”
“ဟာ……. ကောင်လေး …..ဖုန်းနံပတ်က မြန်မာပြည်နံပတ်ကြီးနော်”
“ပြန်ရောက်နေတာလေ………မြန်မာပြည်ကို”
“မကို ဘာမှလဲ ကြိုမပြောဘူးနော်”
“မ အံ့ဩသွားအောင်လို့ပါ”
” မ….တကယ် အံ့ဩတာထက် ပျော်သွားတာပါ”
“တကယ်ပြောတာလား……….မ”
“တကယ်ပေါ့”
“ဒီထက် အံ့ဩစရာရှိသေးတယ်…..သိလား”
“ဘာလဲ ပြောပြလေ”
” ခု ကောင်လေး မတို့ မြို့ ကိုရောက်နေတာဗျ”
“ဟုတ်လား………..ခုဘယ်မှာလဲ”
“ရွှေမျက်မှန် ဘုရားမှာ……..မလာခဲ့ပါလား ….ကောင်လေး စောင့်နေမယ်”
” ဟုတ်ပါပြီ…..စောင့်နေနော် မလာခဲ့မယ်။”
ဘုရားရောက်တော့ ကောင်လေးက မခေါ်ဘဲကြည့်နေတယ်လေ။ သူကို မှတ်မိလား
သိချင်တယ်နဲ့တူပါတယ်။ နှလုံးသားထဲမှာ ကောင်လေးကို ဓာတ်ပုံတွေ အထပ်ထပ်
ရိုက်ထားတာကို သူမှ မသိတာဘဲ။ တွေ့တာနဲ့ ခိုင်လေး တန်းမှတ်မိတာပေါ့ ။ သူဆီ
တန်းတန်းမတ်မတ် လျှောက်လာတာကို တွေ့တော့ ကောင်လေး အံ့ဩနေတယ်လေ။
“ကောင်လေး…….ဘာတွေ အံ့ဩနေတာလဲ”
“မ ….ကောင်လေးကိုု မှတ်မိနေလို့ဗျ”
“ အော်…….မှတ်မိတာပေါ့”
“မ ……ကောင်လေး ပြောစရာတွေ အများကြီးရှိတယ်”
“ပြောလေ ……ကောင်လေး “
“မနဲ့ကောင်လေး ကြားမှာ စကားတွေ ပလင်ခံနေစရာ မလိုဘူးလို့ထင်တယ်လေ။
ကောင်လေး မကို ချစ်တယ်။ မကို ချစ်တဲ့အချစ်တစ်ခုနဲ့ အားလုံးကို
နာလည်ပေးနိုင်တယ်။ မ ရဲ့ ကျန်ရှိနေတဲ့ အချိန်တွေ ကို
ကောင်လေးနဲ့လက်တွဲပြီး ရင် ဆိုင်ရအောင်လေ မ။ ကောင်လေး ခွင့်1လဘဲရတယ်။
မလက်ခံရင် မနဲ့လက်ထပ်မယ်။ပြီးရင် ကောင်လေး ပြန်မယ် ။ ဟိုရောက်တာနဲ့ မကို
ခေါ်ဖို့ စီစဉ်ပြီး လှမ်းခေါ်လိုက်မယ် မလိုက်ခဲ့နော်။ ဒီစကားတွေကို online
ပေါ်မှာပြောလို့ရတယ်။ဒါပင်မဲ့ မပြောချင်လို့ မကို တန်ဖိုးထားလို့
ငွေကုန်ခံပြီး ပြန်လာတာလေ။ မကို သေချာကြည့်ပြီးဘဲ ပြောချင်တယ်။ ကောင်လေး
လေ မ ကို အရမ်းချစ်တယ်။ တန်ဖိုးထား လက်ထပ်ချင်တယ် ……မ ခွင့်ပြုပါနော်
“
“ကောင်လေး …………ရယ်။ မ ဘာပြန်ပြောရမှန်းမသိအောင် ကို
အံ့ဩနေမိတယ်။ အကြိမ်2ခံစားခဲ့ဖူးတော့ ဒီလောက် ထိ ကောင်လေးဘက်က
လေးနက်မယ်လို့လဲ မမျှော်လင့်ခဲ့ဘူးပါဘူး။တကယ်ပါ။ ဘယ်ချိန် ငိုရအုံးမလဲ
ကိုဘဲ ရင်တထိတ်2နဲ့စောင့်နေခဲ့တာပါ။ မ ကောင်လေး ကို ချစ်တယ်ဆိုတဲ့
စကားလုံးထက်လေးနက်စွာ တန်ဖိုးထား မြတ်နိုးမိတာတယ်။”
“ဟာ…..မရယ် ကောင်လေး ပျော်လိုက်ဗျာ။တကယ်ကို ကြည်ကြည်နူးနူး
ပျော်မိတာပါ။ ဒါဆို မောင်အစီစဉ် တိုင်း ဆက် စီစဉ်မယ်နော်။”
“ကောင်လေး သဘောပါဘဲရှင်”
စိတ်ထဲမှာ လူသုံးယောက်ကို ကျိတ်ပြီး ကျေးဇူးတင်လိုက်မိပါတယ်။ ကိုကို ရယ်၊ ကိုရယ်၊ ကိုကြီးဆိုတဲ့ လူသုံးယောက်ရဲ့ အတ္တတွေ ကြောင့် ကောင်လေးနဲ့ ကျွန်မ ဆုံစည်းခွင့်ရခဲ့တာလေ။ ဒါကြောင့် သူတို့ 3ယောက်ကို စိတ်ထဲက တကယ်ကို ကျေးဇူးတင်လိုက်မိပါတယ်။
ကောင်လေးနဲ့ မတကယ်ကို ပျော်ရွင်စွာနဲ့ ဘဝတစ်ခုကို လက်တွဲ
သွားကြတယ်။ဇာတ်လမ်းလေးကတော့ ပြီးသွားပါပြီ။
ခိုင်လေး ပြောချင်တာလေးတွေ ရှိတယ်ရှင့်။
နံပတ်1… ဒီဇာတ်လမ်းလေးကို ခိုင်လေး ဇာတ်လမ်းလို့ထင်နေကြသူအတွက်
မဟုတ်ပါဘူးလို့ ပြောပြချင်တာပါ။ တကယ်ဖြစ်ရပ်မှန်လေးတော့ ဟုတ်ပါတယ်။တကယ်လဲ
သူတို့စုံတွဲလေး အပြင်သာယာတဲ့ အိမ်ထောင်တစ်ခုကို တည်ဆောက်နိုင်ကြတယ်လေ။
နံပတ်2…ညီမတွေ၊ အမ တွေကို နည်း 2ဆရာလုပ်ကြည့်ချင်တာလေးပါ။
ဇာတ်လမ်းလေးထဲက ခိုင်လေး လို စိတ်တွေ ကို အရမ်း
မပျော့ညံ့စေချင်ဘူး။နောက်တခု အယုံမလွယ်စေချင်ဘူး။ တခါတရံမှာ ကိုက
ရိုးသားစွာ ခံစားတာကို အခွင့်ကောင်းယူတတ်ကြတယ်လေ။
နံပတ်3…အကိုတွေ ၊မောင်တွေအနေနဲ့လဲ အချစ်ဆိုတာကို ကစားစရာတခုလို
မခံစားချင်စေချင်ဘူး။ မိန်းကလေးတွေ ရဲ့နှလုံးသားက နုနယ်ပါတယ်။
ယောကျာ်းရင့်မာကြီးတွေ လိုတော့ ဘယ်လို ခံနိုင်ရည်ရှိပါ့မလဲ….ဒါကိုစနာ
နာလည်ပေးဖို့ ခိုင်လေးက တောင်းပန်ချင်တာပါ။ ဇာတ်ကောင်မိန်းကလေး နေရာမှာ
ဝင်ခံစားပေးကြည့်ရင် ကိုချင်းစာတတ်သွားမှာပါ။ သူလဲ အချစ်တွေ အများကြီး
ဘယ်ရှာချင်ပါ့မလဲနော်။နောက်ကွန်မန့်တခုက ပြောထားတယ်။ လွန်ခဲ့တဲ့ 4နှစ်က
အိမ်မှာ အင်တာနက်သုံးလို့ရပြီလားတဲ့။မေးသင့်တဲ့ မေးခွန်းတခုပါ။
အရေးကြီးတာ ပိုက်ဆံပါ။ ပိုက်ဆံတာရှိမယ်ဆို အိုင်ဗီစတားဗန်းတပ်ထားရင်
သုံးလို့ရနေပါပြီ အကို။
နံပတ်4…နောက်ဆုံး ပြောချင်တာလေးကတော့နာလည်မှုရှိတယ်ဆိုတာ အသက်ငယ်တာ
ကြီးတာနဲ့ မဆိုင်ပါဘူး။ တွေးခေါ် စာနာမှုနဲ့ ဘဲ ဆိုင်တယ် ဆိုတာလေးကို
ပြောချင်တာပါဘဲ။ ခိုင်လေး ဇာတ်လမ်းလေးကို သည်းခံ အချိန်ကုန်ခံ ဖတ်ပေးတဲ့
သူငယ်ချင်း အားလုံးကို ခိုင်လေး အရမ်းကို လှိုက်2လှဲ2ကျေးဇူး
တင်ပါတယ်ရှင်။ နောက်တင်မဲ့ ဘလော့လေးတွေကိုလဲ ဆက်လက်အားပေးကြပါအုံးနော်။
4 comments
aung
July 6, 2010 at 7:43 am
အချစ်တွေများလှချည်လား ခိုင်လေးရယ်
အံ့ဩစရာ ကောင်းတာက ကောင်လေးလို နွားမျိုးလေးကိုပါ။
ကျုပ်ထင်တာတော့ ခိုင်လေးဟာ ပစ္စည်းတစ်ခုကို ကြာကြာသုံးရင်ရိုးတတ်တဲ့လူမျိုးဖြစ်မယ်။
etone
July 6, 2010 at 8:11 am
အားမနာတမ်းဝေဖန်ရရင်တော့ ခိုင်လေးဆိုတဲ့ အမျိုးသမီးက ငယ်ငယ်ရွယ်ရွယ်အိမ်ထောင်ကျပြီး စိတ်ဒုက္ခရောက်ရတာတောင် အမှတ်မရှိပဲ တော်တော်ရွတဲ့မိန်းမမျိုးပါပဲ ။ တစ်ယောက်ကနေ နှစ်ယောက်ပြောင်းချစ်တာ လက်ခံတယ် 4ယောက်ထိကတော့တော်တော့်ကိုများသွားပြီ ။ အွန်လိုင်းအချစ်ဆိုတာကိုလည်း ယုံကြည်ပုံရတယ် ။ စိတ္တဇရူးလို့ပဲပြောရမလား ။ သူ့စိတ်က ပျော့တာမဟုတ်ပါဘူး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတတ်တာပါ ။ နှာခေါင်းမပါရင် xxxx စားမဲ့မိန်းမမျိုးပဲထင်တယ် ။
intro
July 6, 2010 at 11:49 am
Impossible is nothing!
မိန်းမဆိုတာမျိုးက အချိန်တန် အရွယ်ရောက်ရင် အားကိုးအားထား (ယောက်ျားတစ်ယောက်) တော့ လိုချင်ကြတာပဲ… (အားလုံးကိုမဆိုလိုပါ၊ အများစုအတွက်ပါ)… တစ်ယောက်မကောင်းလို့ တစ်ယောက်ပြောင်းတာပဲ ဖြစ်သင့်ပါတယ်… ၄ယောက်အထိဖြစ်သွားတာကတော့ ကိုယ့်ကံပေါ့… မြန်မာ့ယဉ်ကျေးမှုနဲ့ ယှဉ်ရင်တော့ မသင့်တော်ဘူးပေါ့လေ…
ကျွန်တော်တို့ ယောက်ျားတွေလည်း အကောင်းဆုံး မျှော်မှန်းကြတာပဲလေ… အဓိကကတော့ အိမ်ထောင်မပြုခင် ကိုယ့်အိမ်ထောင်ဖက်နဲ့ ကိုယ်နဲ့ အဆင်ပြေနိုင်မနေနိုင် သေချာစဉ်းစားကြဖို့၊ သစ္စာရှိကြဖို့၊ ရှိတာလေးကို ရောင့်ရဲတင့်တိမ်တတ်ကြဖို့ အရေးကြီးပါတယ်…
aung
July 6, 2010 at 3:19 pm
etone ပြောတာမှန်တယ်။
ဒါအချစ်မှမဟုတ်ဘဲ…သူကလဲ ရှင်းရှင်းပြောရရင်တော့ ”ကက”ကြီးလေ။
အချစ်ဆိုတဲ့ စကားလုံးကို သုံးချင်တိုင်းသုံးနေတယ်။