Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဆု ခရီးစဉ်ဓါတ်ပုံမှတ်တမ်း…

Ma EiAugust 15, 20122min47912

ဆု ခရီးစဉ်ဓါတ်ပုံမှတ်တမ်း…

ပြည်သူချစ်သော ဒေါ်အောင်ဆန်းစုကြည် ၏  ပြည်ပခရီးစဉ် ဓါတ်ပုံမှတ်တမ်း စာအုပ်ကို

ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်သူသည် ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိပြီးနောက် ၂၁ နှစ်အကြာတွင် ကိုယ်တိုင်လက်ခံရယူခဲ့သည်

အမည်ဖြင့် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် မြန်မာတိုင်း(မ်) စာတည်းအဖွဲ့မှ စတင်ဖြန့်ချီနေပြီဖြစ်ပါသည်။

မှတ်တမ်းစာအုပ်ကို ဇင်ရတနာ စာပေမှ ကြွေသားစက္ကူ ၊ 20.32 cm X 21.60 cm ဆိုဒ်နဲ့ 96 စာမျက်နှာ ရိုက်နှိပ်ထုတ်ဝေထားပါသည်။

အမေစု၏ ကျက်သရေရှိသော ဓါတ်ပုံများနှင့် အခမ်းအနားများတွင် ပြောကြားသော မိန့်ခွန်းကောက်နှတ်ချက်များ ပါရှိပါသည်။

 

1…ရှေ့မျက်နှာဖုံးပုံ
2…နောက်ကျောဖုံးပုံ
3…ခရီးစဉ်များ
4…ပြည်သူချစ်သော အမေစု
5…ပြည်သူချစ်သော အမေစု
6…ပြည်သူချစ်သော အမေစု
7…ပြည်သူချစ်သော အမေစု

City Mart မှာတွေ့လို့ ဝယ်လာခဲ့ပြီး အမေစု ကိုချစ်တဲ့ ရွာသူားများလည်း အမှတ်တရ အနေနဲ့

သိမ်းလိုသူများရှိပါက သိရှိနိုင်ရန် သတင်းပေးတင်ပြလိုက်ပါတယ်…

ခင်တဲ့

မအိ

12 comments

  • ko khin kha

    August 15, 2012 at 2:42 pm

    ဒေါ်အောင်ဆန်းစုကြည် လမ်းလျှောက်ပုံကို အရမ်း ကြိုက်တယ်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု့အပြည့်စတိုင်မို့။

  • kai

    August 15, 2012 at 2:50 pm

    မြန်မာအမျိုးသမီးတွေ… အတုယူကြဖို့ကောင်းပါတယ်..

    ဆိုတော့…
    ဒေါ်အောင်ဆန်းစုကြည်.. အမေရိကားလည်းလာပါမယ်..
    အယ်လ်အေလည်းလာပါမယ်..။ အောက်တိုဘာလဆန်းမှာရောက်ပါမယ်တဲ့..

    ကပ်လို့တောင်..ရပါ့မလားမသိ.. 😕

    • အရီးခင်လတ်

      August 15, 2012 at 4:17 pm

      အရမ်း ကို ချစ်ခင် လွန်းလို့ အတင်းကို ကပ်တယ် လို့ ပြောရမလား။
      အားမနာပါးမနာ အလိုက်မသိ အတင်း ကို ကပ်တယ် လို့ ပြောရမလား။ 🙄
      😉
      😀

    • Ma Ei

      August 20, 2012 at 3:40 pm

      အတုယူဘို့ လိုက်မမှီအောင်ကို
      ချစ်ခင်လေးစားရသူဖြစ်ပါတယ် သူကြီးရေ…
      အကြည့်တစ်ချက် လက်တစ်ပြနဲ့တင်
      မျက်ရည်ကျလောက်အောင် ချစ်တဲ့ပြည်သူတွေ
      ခံစားချစ်ခင်ကြတဲ့သူပါနော်…
      Comment လေးအတွက် ကျေးဇူးပါနော်…

  • etone

    August 15, 2012 at 3:54 pm

    အန်တီအိရေ … သတင်းပေးတာ .. ကျေးဇူးပါ ။
    သူ့ရဲ့ ပြင်းထန်တဲ့ စိတ်ဓါတ်နဲ့ ၊ ခံယူချက်တွေကို … အရမ်းပဲ သဘောကျမိလို့ ….အမှတ်တရအနေနဲ့ ….. ဒီတပတ်ပိတ်ရက်ကျမှပဲ … ပြေးဝယ်ထားလိုက်တော့မယ် …… ။
    ဒါနဲ့ … ဒီလို စာအုပ်ထုတ်တာ …. ပရိုဂျူစာက NLD ကိုယ်တိုင်ဆိုလျှင် သိပ်ကောင်းမှာပါပဲ … မဟုတ်လျှင် စီးပွားရေးသမားတွေ စိန်နားကပ်ရောင်နဲ့ ပါးပြောင်သလို ဖြစ်သွားမှာလည်း စိတ်ပူမိပါတယ် ။ 🙄

  • ahnyartamar

    August 15, 2012 at 3:55 pm

    သွားဝယ်မယ်ဗျို့၊ information အတွက်ကျေးဇူးတင်ပါတယ်

  • အရီးခင်လတ်

    August 15, 2012 at 4:13 pm

    မအိ ရေ
    စောစောစီးစီး ကျက်သရေရှိ လှတဲ့ ပုံ လေးတွေ ကို မြင်ရတာ မို့ အရမ်းကျေးဇူးတင်ပါတယ်။

    ဟိုဘက် က မှိုကြော် လေးကို လဲ တစ်ဝ စားခဲ့ ကြောင်း ဒီမှာဘဲ ပြောလိုက်တော့ မယ် မအိရေ။
    အဲလို မျိုး ဟင်းချက်နည်း လေးတွေ လဲ များများ မျှ ပေးဖို့ ကို လဲ တစ်ဆက်တည်း နားပူနားဆာ လုပ်လိုက်ပါတယ်။ 🙂

  • pooch

    August 15, 2012 at 4:30 pm

    သူများယူလာပေးလို့ ကြည့်လိုက်ရတယ်။ NLD နဲ့ တော့ မဆိုင်ဘူး ထင်တယ်။ မြန်မာတိုင်းက ထုတ်တာဆိုတော့ ။
    ပုံတွေ အားလုုံး ကျက်သရေ ရှိတာကတော့ အမှန်ပါပဲ မအိရေ။

  • phyo aung

    August 16, 2012 at 4:37 pm

    ရွာသူရွာသားများအားလုံးရေ…..ငါတို့တတွေလေးစား၊ချစ်ခင်ကြတဲ့အမေစုနဲ့ပါတီဝင်တွေအားလုံးကိုအင်မတန်ရိုင်းစိုင်းစွာပြောထားတဲ့website တခုရှိတယ်။ဖတ်ကြည့်ကြပါအုံး။ပြီးရင်တခုခုပြန်ပြောကြပါကွာ။ငါကတော့ဖတ်ပြီးအသားတောင်တဆတ်ဆတ်တုန်တယ်။အင်မတန်ကိုရိုင်းစိုင်းလွန်းလို့ မောင်နဲ့နှမ အမိနဲ့သားတောင်ဖတ်ဖို့မသင့်တော်ဘူး။www.myanmarexpress.net တဲ့။ဝင်ကြည့်ကြနော်။

  • Ma Ei

    August 20, 2012 at 4:04 pm

    ဆု ခရီးစဉ် ဓါတ်ပုံမှတ်တမ်း လေးကို ကိုယ်တိုင်လည်းနှစ်သက်ခဲ့တာမို့
    အမေစုကိုချစ်တဲ့သူများလည်း အမှတ်တရ သိမ်းနိုင်ကြရန် သတင်းပေးခဲ့ခြင်းဖြစ်ပါတယ်…

    လက်ရှိဘဝကို စွန့်လွှတ်ခဲ့ပြီး သူ့ကိုလိုအပ်နေတဲ့ ပြည်သူတွေကိုရွေးချယ်ခဲ့သူ၊
    ခိုင်မာတဲ့ စိတ်ဓါတ်အင်အားနဲ့ အရာရာကိုရင်ဆိုင်ခဲ့သူ၊ လမ်းသစ်ကို ညွှန်ပြပေးသူ၊
    အကြည့်တစ်ချက် လက်တစ်ပြနဲ့တင်မျက်ရည်ကျလောက်အောင် ချစ်တဲ့ပြည်သူတွေရှိတဲ့
    အမေစုရှိနေတာ ကျွန်မတို့အတွက် ဆု ဖြစ်ပါတယ်…

    Comment ရေးပေးကြတဲ့
    …ko khin kha says:
    …etone says:
    …ahnyartamar says:
    …အရီးခင်လတ် says:
    …pooch says:
    …အတိသဉ္ဖာ နာဂရချစ်သူ says:
    …အလင်းဆက် says:
    တို့အား ကျေးဇူးတင်ပါကြောင်းနဲ့
    ပြန်ရေးနောက်ကျလို့ ခွင့်လွှတ်စေချင်ပါကြောင်းနော်…

Leave a Reply