ရယ်ရယုံ (၄)

etoneJuly 7, 20101min710

တစ်ခါတုန်းက မြို့တစ်မြို့ရဲ့ အိမ်တစ်အိမ်မှာ ဟိုလူလာပါ ဒီလူလာပါနဲ့ ခေါ်ပြော ပြေးလွှားပြီး လူတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတယ်။
ဒါကိုမနက်စောစော လမ်းလျှောက်ထွက်လာတဲ့ အဖိုးကြီးတစ်ယောက်က တွေ့တော့
““ဘာတွေများ ဒီလောက် ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာလဲ““လို့ မေးတယ်။ ဒီတော့ လူတစ်ယောက်က
““ဒီအိမ်က ရှေ့နေကြီး ဆုံးသွားလို့အဘရယ်။ ကူးတို့ခထည့်ဖို့ဟာ ပါးစပ်ဖြဲလို့မရလို့အခက်တွေ့နေတာပါ““လို့ ဖြေတယ်။
““ငါ့တူတို့က တယ်ခက်တာပဲ။ မှတ်ထားကွ။ ရှေ့နေဆိုတာ ငွေတစ်မတ်လောက်နဲ့များ ဘယ်တော့မှ ပါးစပ်မဟဘူး။ တစ်ထောင်လောက် လှုပ်ပြမှ ဟတာကွ““လို့ ပြောလိုက်တယ်။
ဒီတော့မှ အကြံရသွားကြပြီး တစ်ထောင်လောက်ရှိတဲ့ ငွေအထပ်လိုက်ကို ရှေ့နေအလောင်းရဲ့ မျက်နှာရှေ့မှာ ခါပြလိုက်တယ်။ အဲဒီလိုလုပ်လို့ ရှေ့နေအလောင်းက အလိုလို ပါးစပ်ဟလာတော့မှ တစ်မတ်စေ့ကို ကဗျာကသီ ပစ်သွင်းလိုက်ရတယ်။

ဒီလိုနဲ့ပဲ အလောင်းကို သချင်္ိုင်းပို့ကြတယ်ပေါ့ဗျာ။
သချင်္ိုင်းရောက်၊ အသုဘပို့တဲ့သူတွေကလဲ ပြန်ကုန်ကြတော့မှ စဏ္ဍာလတွေကလဲ မြေမြှုပ်ဖို့ ကျင်းတူးကြတာပေါ့။ စဏ္ဍာလခေါင်းဆောင်ကတော့ တပည့်တွေကို ခိုင်းထားပြီး တစ်နေရာမှာ အရက်ထိုင်သောက်နေတာပေါ့။ ကျင်းတူးပြီးလို့ အခေါင်းကို ကျင်းထဲချ၊ မြေဖို့ရုံပဲ ရှိသေးတယ်။ မသေဘဲ မျောနေတဲ့ ရှေ့နေက သတိရလာပြီး အထဲကနေ အခေါင်းကို ထု။ ငါမသေဘူး ငါ့ကို အပြင်ထုတ်ပေးကြပါလို့ အော်ပြောတယ်။ တပည့်စဏ္ဍာလတွေလဲ ကြောက်လန့်ပြီး ခေါင်းဆောင်ကြီးဆီ ပြေးလာကြတာပေါ့။ ခေါင်းဆောင်ကြီးက
““ဟိတ်ကောင်တွေ ဘာဖြစ်နေကြတာလဲ ထိတ်ထိတ်ပြာပြာနဲ့““ လို့ မေးလိုက်တော့
““ဆရာ … အခေါင်းထဲက ရှေ့နေမသာက သူမသေဘူးလို့ပြောနေတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြေးလာတာ““ လို့ ဖြေတယ်။
ဒီတော့ ခေါင်းဆောင်ကြီးက
““မင်းတို့ကွာ …… ရှေ့နေစကားများ ယုံယုံကြည်ကြည်လုပ်လို့။ မြှုပ်သာပစ်လိုက်”” လို့ ပြောလိုက်သတဲ့။