နှင်းဆီပန်းလက်ဆောင်ပေးကြရာဝယ်။
မနေ့ကညနေ ဆိုင်ကြော်ငြာလေးဖတ်ပြီး မန္တလေးမြို့၊ နန်းရှေ့ ရေစစ်ကန် ရေနီမြောင်းဘေးက ရိုးရာစားသောက်ဆိုင်လေးမှာ ငါးထမင်းသွားစားခဲ့ရင်း အဲဒီဆိုင်လေးမှာ နှင်းဆီပန်း(အစို)လက်ဆောင်ပေးတဲ့အခါ အပွင့်အရေအတွက်မူတည်ပြီး အဓိပ္ပါယ်လေးတွေ ရေးထားတာတွေ့လို သိပြီးသားသူတွေ ပြန်လည်အမှတ်ရဖို့နဲ့ မသိသေးတဲ့သူတွေ သိရအောင်လို့ ပြန်လည်မျှဝေရေးပေးလိုက်ပါတယ်။
“ဝေးနေသူတွေ နီးကပ်စေဖို့
နီးနေသူတွေ ပိုမိုနွေးထွေးစေဖို့
မန္တလေးရဲ့ အထင်ကရ
နန်းရှေ့က ရေနီမြောင်းဘေးမှ
ဆုံရအောင်————-။´´
လို့ စိတ်ဝင်စားအောင် ကြော်ငြာလေးရေးထားတာလေ။
နှင်းဆီပန်း အပွင့်အရေအတွက်များ၏ အဓိပ္ပါယ်တွေက—
၁ ပွင့် – မင်းကကို့ရဲ့ တစ်ဦးတည်းသောအချစ်၊
၂ ပွင့် – မင်းနဲ့ကိုယ်နဲ့ အပြန်အလှန်မှီခို ဆက်နွယ်နေတယ်၊
၃ ပွင့် – I Love You
၄ ပွင့် – သစ္စာတရား နဲ့ ဂတိပြုလျှက်
၅ ပွင့် – နောင်တမရှိဘူး
၆ ပွင့် – အဆင်ပြေချောမွေ့မှု့
ရ ပွင့် – Lucky 7 ( မင်္ဂလာရှိသော ကိစ္စနှင့်ကြုံသောအခါ )
၈ ပွင့် – ပေးဆပ်သည်
၉ ပွင့် – နှစ်ပေါင်းကြာရှည်စွာ အချင်းချင်း ပြုစုစောင့်ရှေက်မှု့ခိုင်မြဲခြင်း
၁ဝ ပွင့် – ခြောက်ပြစ်ကင်းသဲလဲစင်
၁၁ ပွင့် – အချစ်ဆုံး
၁၂ ပွင့် – ချောမွေ့ပြေပြစ်သည်၊ အောင်မြင်သည်
၂၄ ပွင့် – အချိန်မရွေး အမြဲတမ်း ၊ မပြတ်မလပ် မင်းကိုလွမ်းသည်။
၃၃ ပွင့် – သုံးဘဝ၊ သုံးကမ္ဘာ
၅ဝ ပွင့် – ထာဝရရှင်သန်လျှက်ရှိသောအချစ်
၆၆ ပွင့် – ရေစီးကြောင်းလေးကဲ့သို့ အမြဲမပြတ်စီးဆင်းလျှက်
၉၉ ပွင့် – မိုးကောင်းကင်နှင့် ဝဿုန်မြေကဲ့သို့ ကာလတာရှည်စွာ ရှိနေမည်။
၁၀ဝ ပွင့် – အသက်ထက်ဆုံးပေါင်း၊ ရိုးမြေကျပေါင်း ၊ ရာသက်ပန်ပေါင်း
၁၀၁ ပွင့် – ထာဝစဉ်၊ ထာဝရ
၁၀၈ ပွင့် – မပြီးဆုံးနိုင်သောအချစ်၊ မကုန်ဆုံးနိုင်တဲ့အချစ်
၃၆၅ ပွင့် – နေ့တိုင်းသတိရမယ်
၁၀၀ဝ ပွင့် – နှစ်ပေါင်း ၁၀၀ဝ တိုင်အောင်ချစ်နေမယ်
ဆိုင်အမည်လေးက “ ဝင်းစံပါယ်-ထမင်းချဉ် နှင့် ရိုးရာစားသောက်ဆိုင် ´´ ပါ။
ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။
22 comments
si tone
August 20, 2012 at 10:57 am
ဟာ……………………. အဲဒါတွေကတကယ်လား……..
Si Tone က တခြားလူကို အဲလို..ရည်ရွယ်ချက်နဲ့ပေးတယ်ပဲထားပါ၁ုီး……
သူတို့က အဲဒီလိုကော သတ်မှတ်ပါ့ မလား…..? း)
P chogyi
August 21, 2012 at 9:52 am
မသိနိုင်ပါဘူး။
ပန်းပေးရင်အလှမ်းဝေးတယ်။
ပန်းနီနီမပေးနဲ့ကွယ် မပန်ချင်ဘူး။
ဒါမျိုးတွေပဲ ကြားဖူးတာ။
YE YINT HLAING
August 20, 2012 at 10:58 am
နေ့တိုင်းသတိရကြောင်း လေး ပြသဖို့ ဆိုရင် ငွေငါးသောင်း လောက် ကုန်မယ်နော် !
Good™
August 20, 2012 at 12:41 pm
စိတ်ဆန္ဒ အရေး ကို နှင်းဆီပွင့်နဲ့ တိုင်ပြတာ လေ။
ငွေကြေး နဲ့ တိုင်းတာ တာမှ မဟုတ်တာ။
အင်း………..
နှင်းဆီပွင့် များများ ဝယ် ဖို့ က တော့ ငွေများများ ရှိမှ ရမယ် ပေါ့။
YE YINT HLAING
August 20, 2012 at 1:03 pm
တကယ်ပေးဖို့ အစီအစဉ်မှာ နှင်းဆီပန်းဝယ်ဖို့ အရင်စဉ်းစားလိုက်တာပါ ။ သွားဝယ်ရင် ဘယ်လောက်ယူသွားရမလဲပေါ့။
ဥဥ
August 20, 2012 at 11:01 am
ဟယ်…. ဒါကြောင့်ကိုးးးးးးးး
ဟိုတစ်နေ့က ကောင်မလေးချောချောလေးတစ်ယောက် ဥဥကို နှင်းဆီပန်း ၁၀၈ ပွင့်လာပေးသွားတာ။ ဥဥကမသိတော့ ကိုးနဝင်းကျေအောင် ယတြာချေတယ်မှတ်နေဒါ
မဟာရာဇာ အံစာတုံး
August 20, 2012 at 9:19 pm
သေဘီ ..
ဘဲဥ တို့ဒေါ့ သေဘီ …
နာသိတယ် ..
နင့်ကို ပေးသွားဒဲ့ တောင်မလေးဂ ..
ဖက်တီးမဂျီးဒဲ့ … အဟိ ..
ဥဥ
August 21, 2012 at 10:05 am
မနာလို မဖစ်ချမ်းဘာနဲ့အေ
manawphyulay
August 20, 2012 at 3:20 pm
အဲဒါတွေက အရင်ထဲကရှိပါတယ် ဦးဦးခရယ်… ဦးခရော အပွင့် တစ်ရာဝယ်ပေးလိုက်လားဟင်…
ko khin kha
August 20, 2012 at 3:30 pm
si tone ရေ – လက်ခံသူက မသိလည်း ပေးတဲ့သူက ကိုယ်နည်းကိုယ့်ဟန်နဲ့ သိအောင်ပြောပေါ့။
YE YINT HLAING ရေ -( အချစ် နဲ့ ငွေ ) စဉ်းစားတာလဲ ဟုတ်တာဘဲလေ။
Good™ ရေ – သက်သေတစ်ခု တည်တဲ့သဘောပေါ့လေ။
ဥဥ ရေ – နောက်များဆုံရင် မိတ်ဆက်ပေးပြီး ဘယ်လောက်ချောကြောင်းကြွားအုံးနော်။
မနှောဖြူလေးရေ – ကျွန်တော်က နှင်းဆီပန်းကိုသိပ်မကြိုက်ပါဗျာ။ တွေခဲ့တာလေးကို မျှဝေပေးတာပါ။
shwe kyi
August 20, 2012 at 3:36 pm
လာထား ဒင်းဝင်ချက်စတာကို နှင်းဆီ ၄ ပွင့်။
etone
August 20, 2012 at 4:57 pm
အန်ကယ်ရေ ……. နှင်းဆီပန်းကို လက်ဆောင်ပေးတဲ့ ပစ္စည်းအနေထက် ၊ ပန်းအိုးထိုးတာမျိုး ၊ ဘုရားပန်းတင်တာမျိုးကို ပိုသဘောကျတယ် ။ စားလို့လည်း မရ … သိမ်းထားလို့လည်း မခံတာမျိုးမို ့..လောင်းတိုင်မ်း အဂိုးကဆို နှင်းဆီပန်းရလာတာမျိုးဆို .. အရမ်းမုန်းပေါ့ … ။
ko khin kha
August 20, 2012 at 5:05 pm
မရွှေကြည်ရေ“လာထား´´ ဆိုပြီး အားနဲ့တော့ မကိုင်လိုက်နဲ့နော် ဆူးရှိနိုင်ပါ၏
မအိတုံရေ နှင်းဆီပန်း ရောင်စုံပန်းအိုးကတော့ ကြည့်လို့လှပါတယ်၊ ဒါပေမယ့် နှင်းဆီပန်းကိုတော့ ကျွန်တော်သိပ်မကြိုက်လို့ သူများကိုလည်း လက်ဆောင်မပေးဖြစ်ပါဘူးဗျာ။
may flowers
August 20, 2012 at 5:52 pm
မှတ်သားသွားပါတယ်………ဒါပေမဲ့နှင်းဆီပန်းလက်ဆောင်ပေးတာထက် အခြားလူသုံးကုန်ပစ္စည်း
တွေပေးတာကို ပိုကြိုက်တယ်…ဥပမာ.ရေမွှေးလိုမျိုး၊ စိန်လက်စွပ်လိုမျိုး …ဟိ။
ko khin kha
August 20, 2012 at 6:59 pm
မမေဖလားဝါး ပေးစေချင်တဲ့လက်ဆောင်လေးတွေကလည်း မဆိုးဘူးနော် အသုံးတည့်မည့်ပုံပါဘဲ။ အဲလိုလက်ဆောင်တွေပေးတဲ့သူနဲ့ တွေ့ပါစေလို့ဆုတောင်း လိုက်တယ်နော်။ ဒီပိုစ့်က လူငယ်တွေအတွက်ရည်ရွယ်ပြီး ဖတ်ခဲ့တာလေးကို
ပြန်ရေးပေးတာပါ။ ဥပမာ – ဖေဖော်ဝါရီ 14 ရက်လိုနေ့ မှာ လူငယ်တွေ အမှတ်တရပေးကြတဲ့အခါ အသုံးတဲ့မလားလို့ပါ။
shwe zin
August 20, 2012 at 9:01 pm
.ရွေဇင်တို့ ကျောင်းသူဘဝ ၂၀၀၆ ခုနှစ်လောက်က တစ်ယောက်သူက နှင်းဆီပန်း ၁၁ပွင့်ယူလာပေးဖူးတယ်..ဘာအဓိပ္ပာယ်လဲဆိုတော့ ရေစစ်ကန် အေရှေ့ဘက်က ဆိုင်လေးမှာ သွားကြည့်ရင် သိမယ်ဆိုတာနဲ့ အဲဒီဆိုင်ကိုအဖွဲ့လိုက်သွားကြတာ မှတ်မိသေးတယ်…ငါးထမင်းချဉ်စားခဲ့ရတာ အမြတ်ပေါ့လေ..ဦးခရဲ့ ပို့စ်လေးကို ဖတ်ပြီးကျောင်းတက်ခဲ့တုန်းက အချိန်တွေကို လွမ်းမိတယ်..ကျေးဇူးပါနော်
မဟာရာဇာ အံစာတုံး
August 20, 2012 at 9:26 pm
ဥခင်ခရေ ..
မိုက်သဗျာ ..
သူ့အဓိပ္ပါယ်နဲ့ သူပဲဗျနော့ ..
အနော် တွေးမိတာလေး တစ်ခုကတော့
တောင်မလေးဂို ပထမဆုံး တစ်ပွင့်ပေးမယ် ..
ပြီးရင် သုံးပွင့်ပေးမယ် ..
ပြီးရင် ခုနှစ်ပွင့် .. အဲ့မှာ ချစ်သူတွေ ဖစ်တွားဒယ်ပေါ့ဂျာ ..
အဲ့လို လုပ်ကြည့်ရင် ကောင်းမလားလို့ …
ဒါနဲ့ နှင်းဆီတစ်ပွင့်ကို ဘယ်ဈေးဒုံးဟင်င်င် …
မောင်ပေ
August 20, 2012 at 10:12 pm
ကျွန်တော့်ချစ်သူ နဲ့ စတွေ့တုန်းက
ဗယ်လင်တိုင်းနေ့မှာ သူမသိအောင် သူ့အလုပ်စားပွဲပေါ်မှာ နှင်းဆီသုံးပွင့် တင်ပေးခဲ့ဖူးတယ်
အခု နှစ်ယောက်သား ဗယ်လင်တိုင်းနေ့ရောက်တိုင်း ၂ယောက်လုံး ပြန်တွေးပြီး ပြန်ကြည်နူးရတယ်
မဟာရာဇာ အံစာတုံး
August 20, 2012 at 10:20 pm
အမယ် .. အမယ် ..
ဒီလူဂျီးဂ ..
သူ့ကြည်နူးမှုတွေ လှန်ပြနေသေးတယ် ..
ပီးဒေါ့ .. ဟိုဟာလေးရေ .. ဒီဟာလေးရေ .. လုပ်နေဒါလည်း ဒီလူဂျီးဘဲ ..
နောက်ခါ အဲ့လိုလုပ်ရင် မဒမ်ပေနဲ့ တိုင်မှာနော့ .. အဟဲ ..
htoosan
August 20, 2012 at 10:42 pm
ဟန်ကျပြီ .. ပိုက်ပိုက်လဲ အကုန် သက်သာ .. အဟုတ်လဲ အောင်းမေ့အောင် တစ်ပွင့်ဘဲ ပေးတော့မယ် .. :grin: :grin:
Novy
August 21, 2012 at 12:05 pm
ကိုခင်ခရေ..
နိုဗွီလည်း သူငယ်ပြန်ချင်လို့ မှတ်သွားပါတယ်ရှင်
Shwe Ei
August 21, 2012 at 2:54 pm
နှင်းဆီပန်းကို ချစ်တယ် ကြိုက်တာထက်ပိုတယ်။ ရုံးက အလုပ်စားပွဲမှာ မရှိဖြစ်နေရာယူတတ်တဲ့ တခုက နှင်းဆီပန်းထိုးတဲ့ ပန်းအိုး အစိမ်းလေးဗျ။ ဘာရောင်ဘဲဖြစ်ဖြစ် ၁ဝပွင့်တစည်းဝယ်ပြီး တပတ်တခါလဲနေကျ။ ကိုယ့်အတွက်ကိုရည်ရွယ်ပြီး မွှေးချင်လို့ ပန်းအိုးထိုးရင် ဘယ်လိုအဓိ္ဓပါယ်မှမသက်ရောက်လောက်ပါဘူးနော်။