Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လုပ်ငန်းခွင်အတွင်း ဘာကြောင့် ဝန်ထမ်း မမြဲကြတာလဲ

manawphyulayAugust 20, 20121min42013
ဒီလို မနေနဲ့

စီးပွားရေးလုပ်ငန်း လုပ်ဆောင်ရခြင်း၏ ပဓာနကျသော ရည်ရွယ်ချက်မှာ လုပ်ငန်းရှင်များရဲ့ အခြေခံ လိုအပ်ချက်များ ပြည့်မှီရေးပင် ဖြစ်ပါတယ်။ ခုနောက်ပိုင်း ဝန်ထမ်းများသည် ကုမ္ပဏီတစ်ခုတွင် အချိန် အတော်ကြာ ဝင်ရောက် လုပ်ဆောင်ခြင်းမျိုးကို လုပ်ဆောင်ကြခြင်း မရှိပဲ တစ်နေရာမှ နောက်တစ်နေရာ သို့ ကူးပြောင်းမှုများ ဖြစ်ပေါ်နေလျှက်ရှိတာကို တွေ့ရှိရခြင်းကြောင့် ဘာတွေကြောင့် ေြ
ပာင်းလဲမှုတွေ လုပ်နေသလဲဆိုတာ ဆန်းစစ်ကြည့်မိပါတယ်။ အမှန်တော့ ဝန်ထမ်းဆိုတာကလည်း တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်းချင်ကြမှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေရဲ့ ဖွဲ့စည်းပုံကြောင့်လား ဒါမှမဟုတ် လုပ်ခ လစာငွေကြောင့်လား၊ နောက်တစ်နည်း စဉ်းစားကြည့်မိပြန်တော့ အလုပ်ရှင်တွေနဲ့ သဟဇာတ မဖြစ်ကြလို့လား။ ပြောရရင်တော့ ကုမ္ပဏီအတော်များများရဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံတွေကတော့ မြန်မာနိုင်ငံမှာ Management အတော် လိုသေးတယ်လို့ မြင်မိပါတယ်။ ပြောတော့သာ Human Resource၊ Human Resource နေရာတိုင်းမှာ ကြားနေရတယ်။ ဒီတော့ ပြန်လည် သုံးသပ်ကြည့်မိတယ်။ ဒီ Human Resource ဆိုတာကြီးက ဘာလဲပေါ့။ တကယ်လို့သာ HR အဲ အလွယ်ပဲ ခေါ်လိုက်မယ်။ အမှန်တကယ်သာ HR နဲ့သာ စနစ်တကျ စီမံ အုပ်ချုပ်မယ်ဆိုရင် ဒီဝန်ထမ်းတွေ အလုပ်က ထွက်စရာအကြောင်း မရှိဘူးလို့ မြင်မိတယ်။ ကျွန်မ သိသလောက် သုံးသပ်ကြည့်မယ်။ HRဆိုတာ Humanတွေကို Focus လုပ်တာ။ နောက် HRနဲ့လည်း မပြီးပြန်ဘူး၊ Admin ဆိုတာ ပါရဦးမယ်။ ဒီနှစ်ခုကို ခွဲခြားကြည့်တော့ Adminပိုင်းက ဥပဒေအတိုင်းတို့၊ စည်းမျဉ်း စည်းကမ်းအတိုင်း အုပ်ချုပ်ပြီး လုပ်ငန်းခွင်အတွင်း လူမှ မဟုတ် အရာအားလုံးကို စီမံတာလို့ မြင်မိပါတယ်။ နောက်တစ်ပိုင်း HRရဲ့ သဘော သဘာဝကတော့ လူတွေကို ဂရုစိုက်ပြီး အဓိကက လူတွေကို ကိုင်တွယ်တယ်။ နောက်တစ်ချက်ကတော့ လူကို လူသားကဲ့သို့ ပုံစံမြင်ပြီး ဆက်ဆံတဲ့ ပုံစံပိုင်းကို ဆိုလိုခြင်း ဖြစ်ပါတယ်။

ဒီလိုနေ….

ခုဆက်လက်ပြီး HR အကြောင်း ဆက်လက်ဆွေးနွေးကြည့်ရအောင်။ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေမှာ လူတွေ လိုတယ်၊ နောက် ရှာဖွေတယ်၊ ဒီ HRကပဲ လုပ်ဆောင်ရမယ်။ ဒီလို ရှာဖွေရုံနဲ့ မပြီးသေးဘူး။ အရေးကြီးတဲ့အချက်က ဝန်ထမ်းတွေ ရွေးချယ်ပြီးပြီဆိုရင်တော့ မျှတတဲ့စနစ်၊ ခန့်ခွဲတဲ့စနစ် စတဲ့ အလုပ်သမားလည်း မနာရဘူး။ သူဌေးလည်း မနာရဘူး။ အဲလို စနစ်တွေနဲ့ HRက အမှန်တကယ် ကျင့်သုံးရမယ်။ ဒီလိုသာ စည်းစနစ် လုပ်ထားမယ်ဆိုရင်တော့ ဝန်ထမ်းတွေက ထွက်စရာ အကြောင်းကို မရှိဘူး။ အလုပ်ခွင်မှာ ဒီဝန်ထမ်းတွေဟာ ပျော်ရွှင်နေရမယ်။ ပျော်ရွှင်နေမှသာ လုပ်ငန်းကြိုးစားမှုရှိပြီး ဒီထက် အောင်မြင်မှာပါ။ ဝန်ထမ်းတစ်ယောက်ကို ဖြုတ်ပြီဆိုရင်လည်း ငါ သူဌေးပဲ ငါမလိုချင်လို့ ဖြုတ်တာ မင်းမှာ အပြစ် မရှိလည်း ထွက်ဆိုတဲ့ပုံစံတွေက အောင်မြင်နေတဲ့ လုပ်ငန်းရှင်တွေရဲ့ အကျင့်စရိုက် လက္ခဏာ မဟုတ်ဘူး။ ခုခေတ်ကြီးမှာ ငါ တကော ကောနေတဲ့ လုပ်ငန်းရှင်တွေ ဒုနဲ့ ဒေး ရှိနေသေးတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ HR ပိုင်းကို နားမလည်လို့လား၊ နားမလည်ချင်ယောင် ဆောင်တာလား။ လုပ်ငန်း တိုးတက်မှု၊ ဆုတ်ယုတ်မှုဆိုတာဟာ ဒီဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်တယ်ဆိုတာ မစဉ်းစားတတ်ကြလို့လား။ ဒီလိုသာ လုပ်နေကြမယ်ဆိုရင်တော့ တကယ့် အရည်အချင်းရှိတဲ့ ဝန်ထမ်းကောင်းတွေ လက်လွတ် ဆုံးရှုံးမှု ဖြစ်ပေါ်ပြီး လုပ်ငန်းခွင်ကိုလည်း ထိခိုက် နစ်နာစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ထမ်း တစ်ယောက်ကို အလုပ်ရှင်တွေက လိုအပ်တာတွေ သင်ကြားပြီး အလုပ်မှ ထွက်ကြမယ်ဆိုရင် နောက် အသစ် အသစ် ဝန်ထမ်းတွေကို ထပ်ခန့်ပြီး ပြန်လည် သင်ကြားပေးနေရမှာ ဖြစ်လို့ပါပဲ။ ဒီလိုသာ အမြဲဖြစ်နေရင် သင့်ရဲ့ လုပ်ငန်း လည်ပတ်မှုဟာ ရှေ့ကို မရောက်ပဲ ကားမောင်းတတ်စ လူတစ်ယောက်လို့ နင်းလိုက် ဘရိတ်အုပ်လိုက် ဖြစ်နေတော့မှာပေါ့။ အရှိန်လေးရနေတုန်းမှာ ဘရိတ်အုပ်လိုက်ရင် ကားက ဘာဖြစ်သွားမလဲ။ အဲလိုပါပဲ ကိုယ်က ဝန်ထမ်းတွေရဲ့ စိတ်နေစိတ်ထားက အစ ပြုပြင်သင်ကြားပေးပြီးချိန်မှာ ဒီဝန်ထမ်းက လုပ်ငန်းခွင်ကနေ ထွက်သွားရင် နောက်အသစ်တွေလည်း ပြန်ပြီး အစကနေ သင်ကြားပေးနေရဦးမှာ ဖြစ်ပါတယ်။ HR တစ်ယောက်က လူတော် တစ်ယောက်ကို နောက်ဆုံး မရတော့မှ ခေါ်ယူသတိပေးသင့်ပါတယ်။ ခု အတော်များများက လွဲမှားစွာ အုပ်ချုပ်နေသလား မသိ။ ကိုယ့်ရဲ့ ဝန်ထမ်း အရည်အချင်း တက်လာရင် တော်လာတာကို မြင်နေရင်လည်း မမြင်ချင်ယောင် ဆောင်နေမယ်။ အပြစ်ကလေး တစ်စုံတစ်ရာ ပြုလုပ်ခဲ့ပြီဆိုရင်တော့ လူလယ်ကောင်မှာ ဆူပူကြိမ်းမောင်းတဲ့ အပြုအမူသာ လုပ်နေရင်တော့ ဒီဝန်ထမ်း ဒီကုမ္ပဏီမှာ နေမှာ မဟုတ်ပဲ ထွက်ပြေးသွားမှာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေကို ပြုပြင်ဖန်တီးတဲ့အခါမှာ ဒီဝန်ထမ်းတော့ ပညာသင်ရင် တတ်လွယ်တယ်။ တီထွင် ဖန်တီးနိုင်စွမ်းရှိတဲ့သူလည်း ဖြစ်တယ်။ စတဲ့အချက်တွေကို သိပြီးဆိုရင်ဖြင့် ဘယ်လုပ်ငန်းမဆို အိုင်ဒီယာအသစ်တွေ မရှိဘဲ အဟောင်းတွေနဲ့ပဲ နေရင် မအောင်မြင်နိုင်ပါဘူး။ ဒါကြောင့် အိုင်ဒီယာအသစ်တွေရှိသော လူငယ်လူရွယ်တွေကို ကုမ္ပဏီတိုင်းက အလိုရှိကြမှာ ဖြစ်ပါတယ်။

တချို့အလုပ်ရှင်တွေက အလုပ်ခိုင်းရင် မိသားစုလို သဘောထားတယ်ပြောပြီး ဝန်ထမ်းတွေကို ခိုင်းစေတယ်။ နောက် ပေးစရာလည်း ရှိရော ရန်သူကဲ့သို့ သဘောထားတဲ့ အမြင်တွေလည်း တွေ့ရှိနေရပါတယ်။ ဒါဟာ ကောင်းလားဆိုတာ စာဖတ်သူကိုယ်တိုင်သာ ဝေဖန် ဆန်းစစ် သုံးသပ်ကြည့်သင့်ပါတယ်။ ဝန်ထမ်းတွေ ဘာကြောင့် မမြဲသလဲဆိုတာ ဝန်ထမ်းဘက်ပဲ ကြည့်မနေသင့်ဘဲ အလုပ်ရှင်တွေဘက်ကိုလည်း ပြန်လည် ကြည့်ရှုသင့်ပါသေးတယ်။ ဝန်ထမ်းအများစုသည် တောင်းရမ်းရန် လာသည် မဟုတ်၊ ပူးပေါင်းရန် လာခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ကြသူ အချင်းချင်း ဝေမျှ ပေးကမ်းကြဖို့ လိုအပ်ပါတယ်။ ဒီတော့ ဝန်ထမ်းတွေကို အလုပ်ခိုင်းရင် အလုပ်လည်း ပြီးရမယ်။ အလုပ် လုပ်တဲ့သူကလည်း ပျော်နေရမယ်။ နောက် ထူးချွန်တဲ့သူနဲ့ လုပ်ရင် ထူးချွန်ရမယ်။ အဓိကကတော့ အရည်အသွေး၊ အလုပ်နဲ့ ကိုက်ညီတဲ့ အရာတွေ လုပ်ဖို့ လုပ်အပ်တာပေါ့။ မြန်မာမှာက ကိုယ့်ဝန်ထမ်းဖြစ်ပြီဆိုရင် တစ်ခါထဲ ခိုင်းကြတော့တာပဲ။ နိုင်ငံခြားမှာတော့ ဒီလို မဟုတ်ဘူး ဝန်ထမ်းတွေကို ခန့်ပြီးရင် မခိုင်းသေးဘဲ လိုအပ်တဲ့သင်တန်းတွေ ပေးတက်တယ်။ နောက် ကုမ္ပဏီ လုပ်ငန်းတွေကို နားလည်အောင် အရင်ဆုံး ပြောပြကြတယ်။ နောက်မှ လုပ်ရမယ့် အလုပ်တွေကို ခိုင်းစေကြတယ်။ အဲလို ခိုင်းစေသလိုပဲ လုပ်အားနဲ့ ညီမျှတဲ့ လစာတွေကိုလည်း ရရှိကြတယ်။ နောက် နှစ်ကုန်ရင် ဘော့နပ်ပေးတာတို့၊ လစာတိုးတာတို့၊ စိတ်ပေါ့ပါးအောင် ခရီးသွားတာတို့ လုပ်ဆောင်ကြတယ်။ ဒီမှာလည်း ခရီးသွားတာတို့ ဘာတို့က တချို့ ကုမ္ပဏီတွေမှာ လုပ်ဆောင်ကြပါတယ်။

ခုတော့ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေက အလုပ်ရှင်ကို ပုံမှန် ဆက်ဆံနေရင်းနဲ့ အလုပ် ထွက်သွားကြတယ်။ အဲ Skill တွေထဲမှာ အမြင့်ဆုံး Skill ရှိတဲ့သူပဲ လုပ်ငန်းခွင်မှာ ကျန်ခဲ့ကြတယ်။ အဲဒါ ဘာ Skill ဆိုတော့ သင်တန်း တက်စရာ မလိုတဲ့ ဖားSkillက အမြင့်ဆုံး နေရာ ယူနေလို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့် အဲလို ဖြစ်နေသလဲဆိုရင် Performance မလုပ်ထားလို့ပဲ။ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတွေ မထွက်သွားဖို့ ထိန်းထားရမယ်။ အလုပ်သမားတွေကိုလည်း Job Analysisလို့ခေါ်တဲ့ ဘာလုပ်ရမယ်၊ လုပ်ရမယ့်အလုပ်နဲ့ ရာထူးနဲ့ ကိုက်ညီမှု တာဝန်တွေ ပေးတတ်ရမယ်။ ခုခေတ် အတော်များများ အလုပ်ခေါ်စာတွေကလည်း လုပ်ငန်း တိုးချဲ့ဖို့ ခေါ်တာက နည်းနည်း၊ ဝန်ထမ်းတွေ မမြဲလို့ အလုပ်က ထွက်လို့ ခေါ်ကြတာ များနေတယ်။ ဝန်ထမ်းတွေအနေနဲ့လည်း သင်ပေးတာတွေကို လေ့လာရမယ်။ သင်ယူချင်စိတ် ရှိရမယ်။ အလုပ်ခွင်မှာ ကြိုးစားရမယ်။ ဒီလိုစိတ်တွေနဲ့ ပျော်ရွှင်နေရမယ်။ လုပ်ငန်းရှင်များအနေနဲ့လည်း လုပ်ငန်းခွင်မှာ ပျော်ရွှင်အောင် စီစဉ်ပေးသင့်သလို အလုပ်ချိန် အဆင်ပြေအောင် အချိန်တွေ အခက်အခဲ ရှိရင်လည်း နားလည်ပေးတတ်ရမယ်။ သင်တန်းတွေလည်း ပေးတက်သင့် ပေးတက်ရမယ်။ မလိုအပ်ရင် ဖိအား မပေးပဲ၊ လိုအပ်မှ အင်တိုက်အားတိုက် ဖိအားပေးသင့်တယ်။ ဒါမှသာ ကုမ္ပဏီရဲ့ ပန်းတိုင်ဟာ အောင်မြင်မှာ ဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်း ကောင်းစွာ မလည်ပတ်ရင် လုပ်ငန်းရှင်တွေအနေနဲ့ လွန်စွာမှပင် သောက များရပါမယ်။ လူတစ်ယောက်မှာ စိတ်ဓာတ် ကျန်းမာရေးက အဓိက ကျပါတယ်။ အတွင်းစိတ်ဓာတ် ကျန်းမာဖို့ လိုပါတယ်။ စိတ်ဓာတ်ကျန်းမာရေး ချို့တဲ့သူများကို မသိကျိုးကျွံ မပြုလုပ်ပဲ ပြုပြင်ပေးဖို့ကိုလည်း လိုအပ်ပါတယ်။ စိုးရိမ်ခြင်းကို ပပျောက်အောင် လုပ်ရမယ်။ စိုးရိမ်စိတ် များရင် သောက ဖြစ်လာတယ်။ သင့်ဦးနှောက်ထဲမှ စိုးရိမ်စိတ် ထုတ်လွှတ်ပေးသော အကန့်ကို ဖြုတ်လိုက်ပါ။ ဒီစိတ်က သင့်ကို ကောင်းကျိုး မဖြစ်ထွန်းစေပါ။ ပူပန် သောကသည် အခြားသော နောက်ဆက်တွဲများဖြစ်သည့် ကောင်းစွာ အိပ်စက် မရခြင်း၊ ခန္ဓာပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတို့၌ မတည်မငြိမ် ဖြစ်ခြင်းကဲ့သို့သော အပိုပြဿနာများကိုသာ ထပ်ဆောင်းပေးပါတယ်။ သီးသန့် အဖြေထုတ် မပေးနိုင်ပါဘူး။ တစ်ပါးသူများကို သံသယ စိတ်ထားနှင့် ဆက်ဆံမှု ပြုနေမည်ဆိုပါက ထိုသတိနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းအမှု ပြုနိုင်တော့မည် မဟုတ်ပါ။ တစ်ပါးသူများအပေါ် ယုံကြည် စိတ်ချခြင်းအမှုကို စွန့်စားပြီး လုပ်ဆောင်သင့်ပါတယ်။ တစ်ချိန်တည်းတွင် သင်သည် လူအများကို လေးစား ချစ်ခင်မှုကို ပြသသူဖြစ်သကဲ့သို့ ပြဿနာကို ကြားမှ ဖြန်ဖြေပေးသူလည်း ဖြစ်နိုင်ပါတယ်။

လုပ်ငန်းရှင်များသည် ဝန်ထမ်းများ၊ ကိုယ့် လက်အောက်ငယ်သားများဆိုတဲ့ စိတ်ကို ဖျောက်ပြီး အပြန်အလှန် လေးစားချစ်ခင်မှု ရှိပြီး သူတို့ကို စိတ်ဝင်တစား ရှိမှသာ ဝန်ထမ်းများရော လုပ်ငန်းရှင်ပါ အလုပ်ခွင်အတွင်း ပြုံးပျော်နိုင်တဲ့အပြင် နှစ်ဦးနှစ်ဖက် အကျိုးရှိလာမှာ ဖြစ်ပါတယ်။ လုပ်ငန်းခွင်အတွက် သေသေချာချာ လေ့လာ စူးစမ်းမှု မပြုဘဲ ဆုံးဖြတ်ချက်ကို စောလျင်စွာ ချမိပါက လုပ်ငန်း တိုးတက်မှုအတွက် ရေရှည် မျှော်မှန်းချက်များ ပျက်သုဉ်းပြီး ပြဿနာများအကြားမှာ တဝဲလည်လည် ဖြစ်နေမည်သာ ဖြစ်ပါတယ်။ ဦးတည်ချက် အသေအချာ မရှိသော တာဝေးအပြေးသမား တစ်ဦးသည် ခရီးမတွင်ကျယ်သကဲ့သို့ လုပ်ငန်းရှင်များသည်လည်း အလုပ်သာ ရှုပ်ပြီး ဖြစ်ဖြစ်မြောက်မြောက် အလုပ်ပြီးမြောက်မည် မဟုတ်တော့ပေ။

ဝန်ထမ်းအတော်များများသည် မိမိကို စိတ်ရင်းအမှန်နှင့် ဆက်ဆံသည့် လုပ်ငန်းရှင်များကိုသာ မျှော်ကိုးတတ်ကြပြီး ထိုသို့သော လုပ်ငန်းရှင်များကို အမှန်ပင် ပြန်၍ ကျေးဇူးသစ္စာ စောင့်တည် အကျိုးပြုတတ်ကြပါတယ်။ လုပ်ငန်းတစ်ခုမှာ တစ်ဦးတစ်ယောက်ထဲ လုပ်ဆောင်ခြင်းထက် အများနဲ့ ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းပိုမို အောင်မြင်ထွန်းပေါက်မည် ဖြစ်ပါတယ်။ ဒါကြောင့် သင်သာ လုပ်ငန်းရှင်တစ်ဦးဖြစ်ခဲ့ရင် ကျွန်မ တစ်ခု တောင်းဆိုချင်တာကတော့ လုပ်ငန်းဆက်နွှယ်သူများနှင့် ဝန်ထမ်းများရဲ့ ချစ်ခင်နှစ်သက်ခြင်း ခံရဖို့ ထိုသူအားလုံးတို့ကို သင်က စိတ်ရင်းအမှန်ဖြင့် ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ချစ်လိုက်ပါလို့ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ ထိုသူတို့က သင် အရောက်လှမ်းနေသော သင့်ရဲ့ ပန်းတိုင်များကို ရောက်ရှိစေရေးအတွက် ခရီးလမ်းမှာ အကူအညီ အထောက်အပံ့ ဖြစ်နေလို့ပါပဲ။
အလုပ်ရှင်နဲ့ အလုပ်သမားဆိုတဲ့ စိတ်ထက် လုပ်ငန်းတစ်ခုလုံး အောင်မြင်ဖို့အတွက် အတူတကွ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ပူးပေါင်း လုပ်ဆောင်သွားကြမယ်ဆိုရင်ဖြင့် လုပ်ငန်း ပိုမိုအောင်မြင်ပြီး ဝန်ထမ်း တည်မြဲမည် ဖြစ်ပါတော့တယ်။

လိုအပ်တာတွေလည်းဖြည့်စွက်ပြောကြားပေးကြပါဦး။

13 comments

  • Liquid_Sn@ke

    August 20, 2012 at 8:32 pm

    ကျနော်ပြန်လာပါဦးမယ်ဗျာ

    အချက်အလက်တချို့ မမှန်မကန်ဖြစ်နေတာ စိတ်မကောင်းပါဘူး.
    အဲ့သည့်အတွက် ကောက်ချက်အချို့လည်း လွဲနေတာ့မင်မိရဲ့ဗျာ

    HR က ကျနော်မပြောချင်ဆုံးတွေထဲကတခုပါ
    တိုက်ဆိုင်မှု ခုလိုရှိနေတော့ နည်းနည်းပြောကြည့်မယ်ဗျာ မနက်ဖန်

    တာ့တာနော

    ခင်တဲ့

  • ရွှေ ကြည်

    August 21, 2012 at 9:50 am

    မမနောရေ ကိုဂီပြန်လာတာစောင့်ပြီးထပ်လာဖတ်ဦးမယ်။
    မမနောရဲ့ အမြင် ကိုဂီရဲ့အမြင်တွေနဲ့ဆွေးနွေးကြပါဦး။
    ဖတ်ချင်မှတ်ချင်လို့ပါ။

  • ကြောင်ဝတုတ်

    August 21, 2012 at 10:04 am

    မမနောရေ…

    ကျွန်တော်တစ်ခုပြောချင်တာလေးရှိတယ်ဗျာ…
    အဓိကပြသနာက ကျွန်တော့်အမြင်မှာနှစ်ချက်ဖြစ်နေတယ်…
    တစ်ချက်က ဖွဲ့စည်းပုံအားပြည့်ဝအောင်ဝန်ထမ်းမဖြည့်တင်းခြင်း၊ နောက်တစ်ခုက ဆင့်ကဲအုပ်ချုပ်ခြင်းထက် တိုက်ရိုက်အုပ်ချုပ်ခြင်းကို ဦးစားပေးခြင်းဆိုတဲ့ပုံစံကွဲနှစ်ခုရှိနေတာပါ…

    ပထမဆုံတစ်ချက်က ကျွန်တော်တို့မြန်မာကုမ္ပဏီတွေရဲ့အားနည်းချက်တစ်ခုပါ…
    ဝန်ထမ်းစရိတ်ကိုလျော့ချချင်သောအခါကျတော့ ဝန်ထမ်းတစ်ယောက်ကို အလုပ်နှစ်မျိုးခိုင်းတတ်ပါတယ်…
    ဥပမာ… Accountant ကို Cashier အလုပ်နဲ့တွဲခိုင်းတာမျိုး…
    Reception ကို တခြား Office Staff အလုပ်နဲ့တွဲခိုင်းတာမျိုးတွေပေ့ါ…
    အဲဒီမှာ ဝန်ထမ်းအင်အားလျော့ချပေမယ့် အလုပ်ရဲ့ Performance ကျသွားတာမျိုးကိုလဲတွေ့ရတယ်…
    တကယ်တော့ ဝန်ထမ်းစရိတ်လျော့ချပြီး အမြတ်တက်ချင်တာပါ…
    ကံဆိုးချင်တော့ ဝန်ထမ်းစရိတ်လျော့ပြီး ထုတ်လုပ်မှုကျဆင်းလာတာမျိုးပါ…
    အဲဒီမှာ နိုင်ငံတွင်းလုပ်ကိုင်နေတဲ့ Business Form (စီးပွားရေးပုံစံ) မှာလဲကွာခြားမှုရှိပါတယ်…
    ကျွန်တော်တို့နိုင်ငံမှာ ကုန်ချောထုတ်လုပ်မှုထက် Import လုပ်ပြီး အမြတ်တင်ရောင်းတဲ့လုပ်ငန်းတွေပိုများနေတာကတစ်ကြောင်း
    Import လုပ်ရာမှာလဲ ပိုင်ရာဆိုင်ရာဆိုသော အခွင့်ထူးခံများရှိလေတော့ အမြတ်က ၁၀၀% ကျော်နေတာမို့ အမြတ်နဲနဲပေါ်မှာ ကပ်ပြီးကစားနေရသောအလုပ်များမဟုတ်သောကြောင့် ဝန်ထမ်းများ၏ Performance သည်အရေးပါသောအခန်းကဏ္ဍမှာရှိမနေ ပါဘူးခင်ဗျား… အဲဒါကြောင့် အလုပ်ရှင်က ဝန်ထမ်းကိုတန်ဖိုးမထားတာပါ…
    နောက်တစ်ခုက ရောကြော်ခိုင်းရင်းနဲ့ ဝန်ထမ်းကိုယ်တိုင်ကလဲ ရောကြော်ဘဝကိုရောက်ပြီး မိမိကိုယ်ကိုဘာမှန်းမသိရာကနေ… ဘယ်နေရာမှ Skillful မဖြစ်တော့ပဲ နောက်ဆုံးမိမိကိုယ်ကိုပါ တန်ဖိုးမထားတဲ့အနေအထားရောက်သွားတာပါ…

    နောက်တစ်ခုက HR ဆိုတာ ဝန်ထမ်းနဲ့အလုပ်ရှင်ကြားက ပေါင်းကူးတံတားပါ…
    Admin က ဝန်ထမ်းတစ်ယောက်လိုချင်တယ်ဆိုပါတော့… Admin က လိုချင်တဲ့ဝန်ထမ်းအရည်အချင်းကို HR ကိုပေးလိုက်ပါတယ်… HR က Announcement ထုတ်ပေးရပါတယ်… ဝန်ထမ်းရွေးချယ်တဲ့အခါမှာလဲ Admin ရဲ့စိတ်ကြိုက်ကို ရွေးချယ်ပြီး အလုပ်စာချုပ်ချုပ်ခြင်းနဲ့ လစာစာရင်းတွက်ချင်းစတာတွေကိုပဲလုပ်တာပါ… HR က ဝန်ထမ်းခန့်တာမဟုတ်ပါဘူး…
    အဲဒါလိုပဲ HR က သောက်မြင်ကပ်လို့ ဝန်ထမ်းကို Line Manager ခွင့်ပြုချက်မရဘဲ အလုပ်ထုတ်ခွင့်မရှိပါဘူး…
    အဲဒီတော့ ဝန်ထမ်းတစ်ယောက်၏ ကောင်းခြင်းဆိုးခြင်းသည် ထိုဝန်ထမ်း၏ Line Manager အပေါ်မှာ ၉၀% မီတည်နေပြီး HR တစ်ယောက်နဲ့ လားလားမှမဆိုင်တဲ့အနေအထားပါ…

    အဲဒီမှာ တိုက်ရိုက်အုပ်ချုပ်ခြင်းရဲ့ပြသနာစပါတော့တယ်…
    မြန်မာနိုင်ငံက သူဌေးတော်တော်များများက အောက်ခြေဝန်ထမ်းအထိတိုက်ရိုက်အုပ်ချုပ်တာကို ကြိုက်ပါတယ်…
    သူဌေးကားဆိုက်လာရင် တံခါးပြေးဖွင့်ပေးတာမျိုး၊ ပစ္စည်းကူသယ်ပေးတာမျိုးကိုသဘောကြရာကနေ သူတို့ကိုယ်တိုင် အောက်ခြေဝန်ထမ်းအုပ်ချုပ်မှုထဲအထိရောက်တာလာပါတယ်… အဲဒီမှာ မလိုလားအပ်တဲ့ပြသနာတွေဖြစ်တာပါ…
    တကယ်တော့ ဆင့်ကဲအုပ်ချုပ်မှုပုံစံကို စနစ်တကျပြောင်းမှပဲဖြစ်မှာပါ…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • ရွှေ ကြည်

      August 21, 2012 at 10:09 am

      Wow!!!!!!!!!!! ဗရာကြော်ပါ ကိုကြောင်ဝရေ ထောက်ခံအားပေးပါတယ်။

    • manawphyulay

      August 21, 2012 at 10:15 am

      မှန်တယ်မောင်လေးရေ…. အားလုံးလည်း ကိုယ့်အမြင်လေးတွေ လာရေးစေချင်တယ်။ ခုကုမ္ပဏီတွေမှာ အဲလိုတွေ အဖြစ်များနေကြတယ်။ အုပ်ချုပ်မှုပုံစံတွေ ပြောင်းလဲလာမယ်ဆိုရင်တော့ ပိုပြီး တိုးတက်လာကြမယ်ထင်တာပဲ။ မနောလည်း သိသလောက်ရေးကြည့်တာ အားလုံးနဲ့ ဆွေးနွေးချင်လို့ပါ။ ထပ်မံပြီးလည်း အမြင်လေးတွေ ဖလှယ်ဖို့ မျှော်နေပါဦးမယ်။

  • maungmoenyo

    August 21, 2012 at 10:17 am

    အစိုးရဝန်ထမ်းဘဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကဘဲဖြစ်ဖြစ် တာဝန်မှာ တည်မြဲရေး ဟာ –
    (၁) အလုပ်တည်မြဲရေး (job security)
    (၂) လုပ်ဖေါ်ကိုင်ဖက်ချင်း အပေးအယူမျှသော သာယာချမ်းမြေ့သော လုပ်ခွင်ဝန်းကျင်ရှိခြင်း (friendly work environment)
    (၃) အကြီးအကဲလုပ်သူက လက်အောက်ခံဝန်ထမ်းများအကြောင်းကောင်းစွာ နားလည်မှုရှိခြင်း၊
    (၄) အလုပ်နှင့်နွယ်သော ခံစားခွင့်များ ကောင်းခြင်း (benefit)
    ဒါတွေက စာထဲမှာပါတဲ့ theory တွေပါ။ တကယ်လက်တွေ့ ကတော့ လုပ်ခွင်ပျော်ရွှင်ရေးပါဘဲ။ အပြောလွယ်သလောက်၊ အဲ့ဒီပျော်ရွှင်မှုရရှိရေး ကိစ္စကခက်ပါတယ်။

  • lynn lynn

    August 21, 2012 at 10:39 am

    မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းက နည်းတယ်။ အလုပ်လက်မဲ့တွေများနေတယ်။ အဲဒီတော့ ဝန်ထမ်းတွေဘက်က အခွင့်အရေးနည်းပြီး အလုပ်ရှင်ဘက်အခွင့်အရေးများနေတယ်။ အလုပ်ရှင်တွေက ဝန်ထမ်းတစ်ယောက်ထွက်သွားလည်း သူတို့အတွက် ဘာမှ မဖြစ်ဘူးလို့ သဘောထားတယ်။ လုပ်သက်ရင့် ဝန်ထမ်းတစ်ယောက်ထွက်သွားရင် အဲဒီဝန်ထမ်းရဲ့လစာနဲ့ လုပ်သက်နုဝန်ထမ်းနှစ်ယောက်လောက် အသာလေးအစားထိုးလို့ရတယ်။ ကျန်ခဲ့တဲ့လုပ်ငန်းပိုင်းတွေကိုတော့ ကျန်တဲ့ဝန်ထမ်းတွေက ဝင်ထိန်းပေါ့။ အဲဒါကြောင့် ပိုဆိုးသွားတယ်လို့ထင်ပါတယ်။ အဲဒါကြောင့်လင်းလင်းတို့ ပတ်ဝန်းကျင်က ဝန်ထမ်းတွေကတော့ တစ်ချိန်လုံး မမြဲချင်းသဘောတရားကိုဆောင်နေတော့တာပဲ။

  • baydar maung

    August 21, 2012 at 10:54 am

    dear friends,
    some boss of companies use personal driver as their best man (or) spy man to do spy job on suspected office staffs.
    that driver try to involve HR management and office work relations also.
    driver wants to show that he is best man of boss and highest position in office.
    some stupid office staffs think that drive can pursue boss anything they request.
    stupid driver is happy and starts to make fire in office.
    staffs’ fighting and misunderstanding each other become bigger and bigger.
    driver also let his boss hear wrong information about skilled staffs and bad-mouth in car while driving together.
    boss loose skilled experienced staff because of wrong information from driver and he has to follow driver’s instruction to do this and that like a crazy boss.
    finally, that company falls down completely because of that stupid driver.
    that is my own experience, friends.
    that driver is now driving for a member of UMFCCI chairman group, whose company is Fxxxxxe Int’l Co., Ltd.
    we will surely hear same news from Fxxxxxe because of that driver.

  • ကြည်ဆောင်း

    August 21, 2012 at 1:06 pm

    အလုပ်ခွင်မှာ လက်ရှိလုပ်နေရလို့နဲနဲတော့ဆွေးနွေးကြည့်ချင်လို့ပါ…
    မြန်မာပြည်ရဲ့လုပ်ငန်းရှင်တွေဟာ အလုပ် တစ်မျိုး ဒါမှမဟုတ် နှစ်မျိုးဘဲလုပ်ရင်တော့ လုပ်ငန်းတိုးတက်ဖို့ကို မျှော်ကိုးတဲ့ ၊ ရည်ရွယ်တဲ့ အလုပ်ရှင်များက ဝန်ထမ်းကိုလူလို ဆက်ဆံနိုင် တန်ဘိုးထားနိုင်ကြပါလိမ့်မယ်..
    လုပ်ငန်းအများကြီးလုပ်တဲ့လုပ်ငန်းရှင်(တနည်းအားဖြင့် ခရိုနီ လို့သုံးမလားဘဲ) တွေကတော့ အပေါ်မှာမန့်ထားကြသလိုမျိုး ပါတ်သက်ရာပါတ်သက်ကြောင်းတွေနောက်လိုက်နေရတော့ ဝန်ထမ်းတွေဖက်ကိုအတော်များများလှည့်မကြည့်နိုင်ကြပါဘူး …
    ဝန်ထမ်းကလဲများခဲ့မယ်ဆိုရင်တော့ အောက်ခြေအထိ မအုပ်ချုပ်နိုင်တော့ပါဘူး ။ လူယုံတွေထားပြီးဘဲ လုပ်ငန်းကိုလည်ပါတ်ကြရပါတယ်..
    HR Department တွေဖွဲ့စည်းပြီး ဝန်ထမ်းရေးရာကိုကိုင်တွယ်ကြရပါတယ်..
    အဲဒီ အခါမှာ သူဌေးကိုယ်စား တဆင့်ခံ အုပ်ချုပ်သူများကောင်းရင်ကောင်းသလို ညံ့ရင်ညံ့သလိုဝန်ထမ်းတွေက ခံကြ စံကြရပါတော့တယ် (ဒါကအကြမ်းဖျင်းပြောတာပါ ၊ ကျမလဲ HR မဟုတ်ဘဲ HR အုပ်ချုပ်တာကိုခံရသူပါ)
    ဒါကြောင့်မို့ တချို့သော HR များသည် Strong ဖြစ်ချင်ကြသော်လည်းဖြစ်ခွင့်မရနိုင်ကြရပါဘူး ၊
    တခြား ဌာနများမှဝန်ထမ်းများသည်လည်း ထိုနည်းလည်းကောင်းပါဘဲ…
    သူဌေး တင်မက သူဌေးရဲ့တဆင့်ခံများရော ဝန်ထမ်းများရော အားလုံးပူးပေါင်းပါဝင်ကြရမဲ့ ကိစ္စတွေလို့မြင်မိပါတယ်..(ကျမတစ်ယောက်ထဲရဲ့အမြင်မို့လို့မှားရင်လဲ မှားနိုင်ပါတယ်)
    ဒါတွေကြောင့် ဝန်ထမ်းတွေ ပြောင်းကြ ေ့ရွှကြတဲ့ အချက်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်သွား တာပါဘဲ..

  • etone

    August 21, 2012 at 1:28 pm

    အစ်မနောရေ …….

    အလုပ်ခုန်ချင်တဲ့ လူကလေ …. ခုန်ကို ခုန်တာ သိလား ….. ။ သူဌေးက ခြေသလုံးဖက်ပြီး (တကယ်တော့မဟုတ်ပါဘူး တင်စားတာပါ ..အဟိ ) … တားတာတောင် ခုန်ချင်စိတ်ရှိလျှင် ခုန်ကို ခုန်မှာ … ။ အလုပ်သမား အများစုကလေ … ကိုယ့်ကိုယ်ကို … အလုပ်သမားလို့ပဲ .. သတ်မှတ်တယ် … ဒါမှန်ပေမယ့် … နည်းနည်းလေးလွဲနေတယ် … ။ စိတ်ရော လူပါ အလုပ်သမားလို့ ကိုယ့်ကိုယ်ကို သတ်မှတ်တဲ့နောက်တော့ အလုပ်ရှင်တွေနဲ့ ဘယ်လိုများ … အမြင်ချင်းတူနိုင်ပါတော့မလဲ … ။ ဆိုလိုတာက … အလုပ်သမားတစ်ယောက်ဖြစ်ပေမယ့် … စိတ်ကိုက ..ကိုယ့်ကိုယ်ပိုင်အလုပ်လို (အလုပ်ရှင်တစ်ယောက်လို) တာဝန်သိစိတ် ရှိရမယ်လို့ ဆိုလိုတာပါ ။

    ဘာလို့ အလုပ်ခုန်ကြတာလဲ သိလား …….. ။ မြင့်ရာကို မှန်း ချင်လို့ …. တိုးတက်ရာ တိုးတက်ကြောင်း ရှာချင်လို့ပေါ့လေ ….. ။ (ပါးစပ်ကတော့ အဲ့လိုပြောတာပဲ ) အလုပ်တစ်ခုကနေ တစ်ခုကို မပြောင်းခင်သာ စိတ်ကူးယဉ်လို့ကောင်းပေမယ့် …. တကယ်တမ်း ပြောင်းတဲ့ အလုပ်ကရော အဆင်ပြေနိုင်မယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူး … ။ အထူးသဖြင့် ပိုက်ဆံ မျက်နှာကိုကြည့်ပြီး အလုပ်ပြောင်းနေကြတာမျိုးပါ ။ ပိုက်ဆံ ရတဲ့ လခကို နှိုင်းပြီး အလုပ်ပြောင်းတာမျိုး မမြဲတာမျိုး လုပ်နေကြတယ် .. တကယ်တမ်း အလုပ်တစ်ခုမှာ လေ့လာလျှင် လေ့လာသလောက် ပိုက်ဆံပေးဝယ်မရတဲ့ အတွေ့ ကြုံ ၊ အဆက်သွယ်တွေ အများကြီးရှိတယ်ဆိုတာ … အလုပ်ခုန်သူတွေ မသိလိုက်ကြဘူးပဲ … ။

    အလုပ်ခုန်တဲ့ လူအများစုက … အသက်သာကြီးသွားတယ် နေရာတစ်နေရာ အတည်တကျမရှိတတ်ကြသလို ၊ အတွေ့ ကြုံနဲ့ ကျွမ်းကျင်မှုကျတော့လည်း .. ဟိုဟာလိုလို ..ဒီဟာ လိုလိုယောင်လည်လည်ပေါ့ ။ အဓိကကတော့ …. ကိုယ်လုပ်နေတဲ့ အလုပ်လေးကိုပဲ အာရုံစိုက်ပြီး အကောင်းဆုံး လုပ်စေချင်တာပါပဲ … ။ ဘယ်လောက်ဆိုးတဲ့ အလုပ်ရှင်ဖြစ်ဖြစ်ပါ ၊ ကိုယ့်ဘက်ကသာ တာဝန်သိစိတ်နဲ့ စေတနာထား အလုပ်လုပ်ကြည့် ၊ အဆင်ပြေပါလိမ့်မယ် ။ ကိုယ့်ဘက်ကတော့ .. ကြိုးစားရပါမယ် ….. ရှိသမျှ အရည်ချင်းကုန်သုံးပြီး … အားကိုးရတဲ့ လူတစ်ယောက်အဖြစ်ရပ်တည်ရပါမယ် ။ ကိုယ်သာလုပ်ငန်းအတွက် မရှိမဖြစ်အနေထားမျိုးဆိုလျှင် … လိုအပ်တာမှန်သမျှ ညှိယူလို ့ရပါတယ် ။
    ကိုယ့်ကို အသိမှတ်ပြုခံရဖို့အတွက် အချိန် အတိုင်းတာတစ်ခုထိ စိတ်ရှည်ရှည်နဲ့ ကြိုးစားဖို့ လိုပါလိမ့်မယ် .. အဲ့ဒီအချိန် တောင့်မခံနိုင်ပဲ …… ထွက်ပြေးကြတဲ့ လူတွေကတော့ … စီဗွီတစ်ခုကိုင်ပြီး ပြေးရင်းလွှားရင်းနဲ့ပေါ့ … ။ 🙄

  • ပန်းစံပါယ်

    August 21, 2012 at 2:38 pm

    တစ်ချို့သူဌေးတွေက ဖားတာကို လက်မခံပါဘူး။ သူနိုင်တဲ့ဝန်ကို သူ့ဘာသာပဲ ထမ်းပါတယ်။ တစ်ချို့ သူဌေးတွေ (သို့) လုပ်ပိုင်ခွင့်ရှိသူတွေက ဖားတာကို သဘောတွေ့နေတာဟာ သူတို့ကိုယ်တိုင် စိတ်ဓာတ်ကျန်းမာရေးချို့တဲ့သူတွေဖြစ်နေတယ်ဆိုတာကို ပြသနေပါတယ်။ အဲဒီလိုလူတွေက သူ့ဝန်ထမ်းတွေကို စိတ်ဓာတ်ကျန်းမာရေးကောင်းတဲ့ ဝန်ထမ်းကောင်းတွေဖြစ်အောင် ဦးဆောင်နိုင်ပါ့မလား ပြုပြင်ပေးနိုင်ပါ့မလား။ ဖားခြင်းကို သဘောတွေ့နေသမျှ မလွယ်ဘူးထင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေပေါများလာမယ် အပြိုင်အဆိုင်တွေလည်း များလာမယ် ဆိုရင်တော့ ဝန်ထမ်းရေးရာတွေကိုအလေးထားရမှန်းသတိပြုမိလာတဲ့တစ်နေ့တော့ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်မယ်ထင်ပါတယ်။

Leave a Reply