Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ဒါန=လှူဒါန်းခြင်း” အကြောင်း

Dote KhaAugust 23, 20122min4877

ပါရမီ ဆယ်ပါး၊ အပြား သုံးဆယ်ဆိုတာကို ဗုဒ္ဓဘာသာဝင် အများစု ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် ယနေ့ခေတ် ရန်ကုန်က ကလေး၊ လူငယ်တွေကို “ပါရမီ” ဆိုတာ ဘာလဲလို့ မေးကြည့်ရင်တော့ “ပါရမီ” ဆိုတာ အီကြာကွေးဆွဲတတ်တဲ့ လိုင်းကားလို့ ဖြေကြမှာပါပဲ။

ဘုရား အလောင်းတော်တို့ ဘုရားဖြစ်ဖို့အတွက် ဖြည့်ဆည်းရတဲ့ ပါရမီ (၁၀) ပါးရှိပါတယ်။ ဒီလို ပါရမီတွေကို ဖြည့်ဆည်းခြင်းဟာ ကြီးကျယ် မြင့်မြတ်သူတွေရဲ့ အလုပ်၊ ကြီးကျယ် မြင့်မြတ်သူတို့ရဲ့ လမ်းစဉ်လို့ ဆရာတော်ကြီးတွေ ဟောကြားထားတာကို နာယူ မှတ်သားဖူးပါတယ်။ ပါရမီ (၁၀) ပါးကတော့ အောက်ကအတိုင်းပါပဲ။

Ten Perfections (ပါရမီ (၁၀)ပါး)

Dāna pāramī :                   
generosity, giving of oneself
ဒါနပါရမီ = အလှူပေးခြင်း။

Sīla pāramī :                     
virtue, morality, proper conduct
သီလပါရမီ = ကိုယ်ကျင့်သီလစောင့်ထိန်းခြင်း။

Nekkhamma pāramī :        
renunciation
နိက္ခမပါရမီ = တောထွက်ခြင်း(မကောင်းမှုမှရှောင်ခြင်း)။

Paññā pāramī :                 
transcendental wisdom, insight
ပညာပါရမီ = ထိုးထွင်းသိမြင်ခြင်း။။

Viriya  pāramī :                
energy, diligence, vigour, effort
ဝီရိယပါရမီ = ကြိုးစားအားထုတ်ခြင်း။

Khanti pāramī :                 
patience, tolerance, forbearance, endurance
ခန္ဓီပါရမီ = သည်းခံခြင်း။

Sacca pāramī :                  
truthfulness, honesty
သစ္စာပါရမီ = မုသားကင်းအောင်ကျင့်ခြင်း။

Adhiṭṭhāna  pāramī :        
determination, resolution
အဓိဌာန်ပါရမီ = စိတ်ဓါတ်ခိုင်ခံ့မြဲမြံအောင်ကျင့်ခြင်း။

Mettā pāramī :                  
loving-kindness
မေတ္တာပါရမီ = မေတ္တာထားခြင်း။

Upekkhā  pāramī :           
equanimity, serenity
ဥပေက္ခာပါရမီ = ဘက်မလိုက်ဘဲမျှတစွာကျင့်သုံးခြင်း။

Credit to : http://www.lapyae000.com/2011/04/ten-perfections.html

………………………………………………………………………….
ဒီပါရမီ (၁၀) ပါးထဲကမှ ဒါနနဲ့ ပတ်သက်လို့ ဖတ်ရှုမိတာလေးတွေကို ပြန်လည် မျှဝေချင်ပါတယ်။

ဒါန၏ အကျိုး (၅) ပါး

ဝေသာလီပြည် မဟာဝုန်တော၌ စုလစ်မွန်းချွန် အထွက်တင်သည့် ကျောင်းဝယ် မြတ်စွာဘုရား သီတင်းသုံးတော်မူစဉ် သီဟစစ်သူကြီး
မေးလျှောက်သဖြင့် ဒါန၏ မျက်မှောက်အကျိုးငါးပါးကို ဘုရားရှင်ဟောတော်မူ၏။

(၁) အလှူရှင်၏ မျက်နှာကိုမြင်လျှင် လူအများ ချစ်ခင်နှစ်သက်ကြ၏။
(၂) သူတော်ကောင်းတို့ မှီခိုဆည်းကပ်လာကြ၏။
(၃) ကောင်းသောဂုဏ်သတင်း ပျံ့နှံ့ကျော်ကြာ၏။
(၄) ပရိသတ်လေးပါသို့ ကြောက်ရွံ့ခြင်းမရှိဘဲ ရဲဝံ့စွာ ချဉ်ကပ်နိုင်၏။
(၅) သေလွန်သောအခါ နတ်ပြည်သို့လားရောက်ရမည်ကို သိ၍ စိတ်ချမ်းသာရ၏။

………………………………………………………………………….

ဒါန(၃)မျိုး

(၁) ဒါနဒါသ(ကျွန်ဒါန)
(၂) ဒါနသဟာယ(မိတ်ဆွေဒါန)
(၃) ဒါနပတိ(အရှင်သခင်ဒါန)ဆိုပြီးသုံးမျိုးရှိပါတယ်။

(၁) ဒါနဒါသ(ကျွန်ဒါန)ဆိုတာ တစ်ယောက်သောသူသည် မိမိကိုယ်တိုင်တော့ ကောင်းမွန်သော အစာအဟာရ ဝတ္ထုတွေကိုသုံးဆောင်ပါတယ်။ ဒါပေမယ့် အလှူခံပုဂ္ဂိုလ် ကိုမူကား မိမိသုံးဆောင်သော အစာအာဟာရ ဝတ္ထုလောက်မကောင်းသော အစာအာဟာရဝတ္ထုကိုပေးလှူတယ်။ (ကိုယ်က ကြက်သား ဝက်သား ချက်စားသော်လဲ ဆွမ်းခံကြွတော်မူသော သံဃာတော်အရှင်သူမြတ်တို့အား ချဉ်ရည်ဟင်းလောင်းလှူခြင်းမျိုး)ထိုယုတ်ညံ့သော ဒါနကံကြောင့် ဖြစ်လေရာဘဝတိုင်းမှာ ယုတ်ညံ့သော အကျိုးကိုသာ ခံစားရပါတယ်။

(၂)။ ဒါနသဟာယ(မိတ်ဆွေဒါန)ဆိုတာ တစ်ယောက်သောသူသည် မိမိ သုံးဆောင်သောအစာအာဟာရ ဝတ္ထုနှင့်ညီမျှသော အစာအာဟာရဝတ္ထုကိုပေးလှူခြင်းမျိုးဖြစ်ပါတယ်။ ဆိုလိုတာက မိမိလည်း ကြက်သား ဝက်သား စသော ကောင်းသော အစာအာဟာရများကိုစားသုံးတယ်။ အလှူခံပုဂ္ဂိုလ် တို့အားလည်း မိမိသုံးဆောင်သည့်ဝတ္ထုအတိုင်းပေးလှူပါတယ်။ အလယ်အလတ်တန်းစား အကျိုးကို ခံစားရပပါတယ်။

(၃)။ ဒါနပတိ (အရှင်သခင်ဒါန) ဆိုတာက တစ်ယောက်သောသူသည် မိမိသုံးဆောင်သည်ထက် သာလွန် မွန်မြတ်သော အစာအာဟာရ ဝတ္ထုပေးလှူပါတယ်။ ဆိုလိုတာက မိမိကမူ တော်ရုံလောက်သော အစာအာဟာရဝတ္ထုများကိုသုံးဆောင်ပြီး အလှူခံပုဂ္ဂိုလ်တို့အား မိမိသုံးဆောင်သော အစာအာဟာရဝတ္ထုထက်လွန်မြတ်သော ဝတ္ထုများကိုပေးလှူခြင်းဖြစ်သည်။ ထိုအရှင်သခင်ဒါန(ဒါနပတိ)စေတနာကံကြောင့်ဖြစ်လေရာဘဝတိုင်းမှာ ကြီးကျယ်မြင့်မြတ်သော စည်းစိမ်ဥစ္စာများကို ရရှိနိင်ပါတယ်။

………………………………………………………………………….

အပါယ်ရောက်ကြောင်း ဒါန(၁၀)ပါး

၁။ သမဇ္ဇဒါန-ကချေအလှူ ( အငြိမ့်ဇာတ်ပွဲ )။
၂။ မဇ္ဇဒါန-သေရည်သေရက်အလှူ။
၃။ ဣတ္ထိဒါန-မိန်းမအလှူ။
၄။ ဥသဘဒါန-နွားလား၊ မြင်းလား အလှူ။
၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။
၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ။
၇။ ဝိသဒါန-အဆိပ်အလှူ။
၈။ သင်္ခလိကဒါန-လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ။
၉။ ကုက္ကုရ သူကရ ဒါန-ကြက် ဝက် သားကောင်အလှူ။
၁၀။ တုလာကူဋ မာနကူဋ-ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူ။ တို့ဖြစ်ပါတယ်။

(၁)။သမဇ္ဇဒါနလို့ခေါ်တဲ့ ကချေအလှူ(အငြိမ့်ဇာတ်ပွဲ)ကတော့ ယခုခေတ် ရှင်ပြု ရဟန်းခံ ပွဲတွေမှာ များစွာမှတွေ့ရပါတယ်။ဆိုင်းဝိုင်းတွေ ဇာတ်ပွဲတွေထည့်သွင်းပြီး ကျင်းပကြပါတယ်။ရင်နှီးသူအချင်းချင်းလည်း “သူငယ်ချင်း’ မင်းရဲ့ ရှင်ပြု ရဟန်းခံ ပွဲမှာ ငါလည်း ကုသိုလ်ဖြစ်စေဖို့ ဇာတ်ပွဲလေး ဆိုင်းလေးတော့ထည့်ဝင် လှူဒါန်းပါရစေဆိုပြီး” အပြစ်ကင်းတဲ့အလှူဟု ထင်မှတ်ပြီး အပြစ်မကင်းသော အပ္ပါယ်လေးပါးရောက်စေတတ်သော မကောင်းသော အလှူကို ပေးလှူတတ်ကြပါတယ်။

(၂)သေရည် သေရက်(ဘီယာ ထန်းရည် ဆေးခြောက်စသည်)လို့ခေါ်တဲ့ မဇ္ဇဒါနပါ။ အဲဒီအလှူကိုလည်း ယခုခေတ်မှာ အများ ကြီး တွေ့ရတတ်ပါတယ်။ မိမိရဲ့ မွေးနေ့မှာသော်လည်းကောင်း အလုပ်အကိုင်အဆင်ပြေလို့သော်လည်းကောင်း သူငယ်ချင်း မိတ်ဆွေ များကို ဖိတ်ပြီး သေရည် သေရက် ဘီယာစသည့်ဖြင့် ပေါ့လေ ပြုလုပ်ကောင်း လှူဒါန်းကောင်း အပြစ်ကင်းသည်ဟုထင်မှတ်ပြီး ဒါနပြု ကျွေးမွေးတဲ့အလှူဒါနကိုပြောလိုတာပါ။ တကယ်တော့ အဲဒီဒါနဟာလည်း အပြစ်မကင်းတဲ့ဒါန ကုသိုလ်မရတဲ့ဒါန အကုသိုလ်ဖြစ်တဲ့ဒါန အပ္ပါယ်လေးပါးရောက်စေတတ်တဲ့ ဒါနပါ။

(၃)။ဣတ္ထိဒါန ဆိုတာ မရိုသေစကား ယခုခေတ် အတိုင်းတာနဲ့ပြောရမယ်ဆိုရင် မိမိ၏ မိတ်ဆွေ သူငယ်ချင်း ညီအစ်ကိုများ ကာမဂုဏ်ပျော်ပါးစေဖို့အတွက် မိမိက အခကြေးငွေ အကုန်ကျခံပြီး ငှားရမ်းပေးတဲ့(prostitute) အလှူဒါနကို ပြောလိုခြင်းဖြစ်ပါတယ်။ အဲဒီလို အခကြေးငွေ အကုန်ကျခံပြီး လုပ်လိုက်တဲ့ အလှူဟာလည်း အပြစ်မကင်း ကုသိုလ်မရ အပ္ပါယ်လေးပါး ရောက်စေတတ်တဲ့ ဒါနဖြစ်လို့ ထိုထိုသော အလှူဒါနမျိုးကို မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

နံပါတ်(၄)။ကတော့ နွားတို့မှာ ဦးဆောင်နွားလား ..မြင်းတို့မှာလည်း ဦးဆောင်မြင်းလားတို့ကို ပေးလှူတဲ့အလှူဒါနပါ။ ယခုခေတ်မှာ အနည်းငယ် ရှားပါးပါတယ်။

၅။ စိတ္တကမ္မဒါန-ကာမဂုဏ်ကို နိုးကြွစေသော ပန်ချီဆေးရေး အလှူ။ဆိုတာက မိမိမိတ်ဆွေ အပေါင်းသင်းနဲ့ ဘုန်းတော်ကြီးကျောင်းများသို့ ကာမဂုဏ်စိတ် ကာမရာဂ စိတ်တွေ ဖြစ်ပေါ်စေတတ်သော အမျိုးသမီးဓာတ်ပုံများ။ ပြက္ခဒိန်များ။ ပန်းချီရုပ်များကို ပေးလှူတဲ့အလှူ ဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။ ထိုထို အလှူသည်လည်း အပြစ်မကင်းသော ကုသိုလ်မရသော အပ္ပါယ်လေးပါးရောက်စေတတ်သော အလှူဒါနဖြစ်သည့်အတွက် ထိုအလှူဒါနကိုလည်း မပေးလှူမိဖို့ တိုက်တွန်းပါတယ်။

၆။ သတ္ထဒါန-လက်နက် ခဲယမ်းမီးကျောက် အလှူ ဆိုတာက လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အုပ်စုတစ်စု ဒါမှမဟုတ် အဖွဲ့တစ်ဖွဲ့ စသည်ဖြင့်ပေါ့လေ သတ်ဖြတ်ဖို့အတွက် သေစေနိုင်သော လက်နက်များကို အခမဲ့ လုပ်ပေးခြင်း ပေးလှူခြင်း အလှူဒါနကို ပြောခြင်းဖြစ်ပါတယ်။

၇။ ဝိသဒါန-အဆိပ်အလှူ ဆိုတာက တစ်ဦးတစ်ယောက် ကိုသေစေလိုသောစေတနာဖြင့် သေစေနိုင်သော အဆိပ် ဆေးများကို ပေးလှူတဲ့ဒါနကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

၈။ သင်္ခလိကဒါန-လက်ထိတ် သံခြေချင်း နှောင်ကြိုးအလှူ ဆိုတာက တစ်ဦးတစ်ယောက်ကို ချုပ်နှောင်ဖို့ ဒုက္ခဖြစ်စေဖို့ ဆင်းရဲစေဖို့အတွက် လှူဒါန်းတဲ့အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။

၉။ ကုက္ကုရ သူကရ ဒါန-ကြက် ဝက် သားကောင်အလှူဆိုတာက သူတစ်ပါးအား အသက်ရှင်လျက်ရှိသော ကြက် ဝက် များကို ကိုယ်တိုင်သတ်ပြီးတော့၎င်း သူတစ်ပါးအားသတ်စေပြီး ချက်ပြုတ်စားသောက်ရန်အလို့ငှာ လှူဒါန်းတဲ့အလှူဒါနကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

၁၀။ တုလာကူဋ မာနကူဋ-ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ အလှူဆိုတာက ရောင်းတဲ့(အလေး)တစ်မျိုး။ ဝယ်တဲ့(အလေး)ကတစ်မျိုး။ (ချိန်ခွင်နဲ့ဈေးရောင်းသူ) ထို့ပြင် ရောင်းတဲ့(ပြည်တောင်း)ကတစ်မျိုး။ ဝယ်တဲ့(ပြည်တောင်း)ကတစ်မျိုး (ဆန်ရောင်းသူများ) ဖြစ်စေဖို့အတွက် အလေးချိန်ခွင် ပြည်တောင်းများကို ထုတ်လုပ်ရောင်းချခြင်း။ ဒါမှမဟုတ် ပေးလှူခြင်း စတဲ့အလှူဒါနမျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။

………………………………………………………………………….

ဒါန၏ အားသာချက်

မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်က ဖြစ်၏။ တစ်နေ့ သုမနမင်းသမီးသည် အခြံအရံများနှင့်အတူ ဘုရားရှင်ထံသို့ အဖူးမျှော် ရောက်ရှိလာပြီး မြတ်စွာဘုရားရှင်အား မိမိသိလိုသည့် မေးခွန်းများကို မေးလျှောက်လေ၏။
သုမန
“အရှင်ဘုရား… သာသနာတော်မှာ တူညီတဲ့ သဒ္ဓါ၊ တူညီတဲ့ သီလ၊ တူညီတဲ့ ပညာ ရှိတဲ့ ဘုရားတပည့် နှစ်ဦးရှိတယ်လို့ ဆိုပါစို့ဘုရား..။ သူတို့နှစ်ဦးဟာ သဒ္ဓါ၊ သီလ၊ ပညာ တူပေမယ့် တစ်ဦးက ပေးလှူတတ်ပြီး တစ်ဦးက မပေးလှူတတ်ပါဘူးဘုရား။ သူတို့နှစ်ဦး သေဆုံးတဲ့အခါ နှစ်ဦးလုံး သုဂတိနတ်ပြည်ကို ရောက်ကြပါတယ်။ နတ်ဖြစ်ကြတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွာခြားမှု တစ်စုံတစ်ရာ ရှိနိုင်ပါသလား၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အကျိုးပေး အတူတူပဲ ဖြစ်ပါသလားဘုရား..”

မြတ်ဗုဒ္ဓ
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် နတ်အသက်၊ နတ်အဆင်း၊ နတ် ချမ်းသာ၊ နတ် အခြံအရံ အကျော်အစော၊ နတ်ရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”

သုမန
“အရှင်ဘုရား… ဒီလို သဒ္ဓါ၊ သီလ၊ ပညာတူပြီး အလှူဒါနပိုင်းမှာ ကွဲပြားသွားတဲ့ သူတို့နှစ်ဦးဟာ နတ်ပြည်ကနေစုတေပြီး လူ့ပြည်မှာ ဖြစ်တယ်လို့ ဆိုပါစို့ဘုရား..။ လူဖြစ်လာတဲ့ သူတို့နှစ်ရဲ့ ထူးခြားကွဲပြားမှုရော ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ကွဲပြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား…”

မြတ်ဗုဒ္ဓ
“သုမန… ထူးခြားကွာခြားချက် ရှိပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာတူပေမယ့် အလှူဒါန ပေးလှူတတ်တဲ့သူဟာ မပေးလှူတတ်တဲ့ သူထက် လူ့အသက်၊ လူ့အဆင်း၊ လူ့ချမ်းသာ၊ လူ့ အခြံအရံ အကျော်အစော၊ လူရဲ့ အစိုးရခြင်းဆိုတဲ့ အကြောင်းတရားငါးပါးမှာ သာလွန်ပြီး မပေးလှူတတ်တဲ့သူကို ဒီငါးပါးနဲ့ လွှမ်းမိုးနိုင်ပါတယ်..”

သုမန
“အရှင်ဘုရား… တကယ်လို့ သူတို့နှစ်ဦးဟာ လူ့ဘောင်ကထွက်ပြီး ရဟန်းဝတ်သွားကြတယ် ဆို့ပါစို့ဘုရား..။ ရဟန်းဖြစ်လာတဲ့ သူတို့နှစ်ဦးရဲ့ ထူးခြားကွဲပြားမှု ကွာခြားချက် တစ်စုံတစ်ရာ ရှိနိုင်ပါသလား…၊ ဒါမှမဟုတ် ထူးခြားမှုမရှိ အတူတူပဲ ဖြစ်နိုင်ပါသလားဘုရား..”

မြတ်ဗုဒ္ဓ
“သုမန… ထူးခြားမှု ဖြစ်နိုင်ပါတယ်၊ သဒ္ဓါ၊ သီလ၊ ပညာ တူကြပေမယ့် အလှူဒါနကို ပေးလှူတတ်တဲ့သူဟာ ရဟန်းဘဝမှာလည်း ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးမှာ မိမိက အထူးလိုက်ပြီး ရှာဖွေအလှူခံစရာ မလိုဘဲ အများအားဖြင့် လူဒကာ၊ ဒကာမများရဲ့ တောင်းပန်မှုဖြင့်သာ သင်္ကန်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆွမ်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ကျောင်းကို သုံးဆောင်ရပါတယ်၊ လူဒကာဒကာမများရဲ့ တောင်းပန်လျှောက်ထားမှုဖြင့်သာ ဆေးပစ္စည်းကို သုံးဆောင်ရပါတယ်၊ အတူနေ သီတင်းသုံးဖော်တို့ရဲ့ နှစ်သက်လိုလားဖွယ် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာတို့နဲ့ ပူဇော်ဆက်ဆံမှုကိုသာ ခံယူရတတ်ပါတယ်၊ ဒီငါးမျိုးဟာ အလှူဒါန ပေးလှူတတ်တဲ့သူရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်…”

သုမန
“အရှင်ဘုရား… အကယ်၍ သူတို့နှစ်ဦးဟာ ရဟန္တာအဖြစ်ကို ရရှိခဲ့တယ်လို့ ဆိုကြပါစို့ဘုရား..။ အဲဒီရဟန္တာ ဘဝမှာလည်း ထူးခြားကွဲပြားမှု ဖြစ်နိုင်ပါသေးလားဘုရား…”

မြတ်ဗုဒ္ဓ
“သုမန ကိလေသာကုန်ခမ်းပြီး ရဟန္တာဖြစ်သွားတဲ့ အခါမှာတော့ သူတိုနှစ်ဦးမှာ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်နဲ့ တစ်ပါးရဲ့ ကိလေသာမှ လွတ်မြောက်မှု အရဟတ္တဖိုလ်တို့ရဲ့ ထူးခြားကွဲပြားမှု မရှိတော့ပါဘူး၊ အရဟတ္တဖိုလ် အရာမှာတော့ အတူတူပဲ ဖြစ်ပါ့တယ်…”

ဤကာား သုမနမင်းသမီး အမေးနှင့် ဘုရားရှင်တို့၏ အဖြေများပင် ဖြစ်ပါ၏။

ထိုအဖြေကို ကြားနာရသည့်အခါ သုမနမင်းသမီးက မြတ်စွာဘုရားရှင်အား “အရှင်ဘုရား… အံ့ဩဖွယ်ပါပဲ ဘုရား၊ အလှူဒါနဟာ တကယ့်ကိုပဲ ပြုလုပ်ဖို့ သင့်တဲ့ကုသိုလ်ဖြစ်ပါတယ် ဘုရား၊ အလှူဒါန ကုသိုလ်ကောင်းမှုဟာ နတ်ဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ လူဖြစ်သူကိုလည်း ကျေးဇူးပြုတတ်၊ ရဟန်းဖြစ်သူကိုလည်း ကျေးဇူးပြုတတ်တယ်ဆိုတာ အမှန်ပါပဲဘုရား…” ဟု အားရဝမ်းသာ လျှောက်ထား၏။

ထိုအခါ မြတ်ဗုဒ္ဓက သုမနမင်းသမီး၏ လျှောက်ထားချက် မှန်ကန်ကြောင်းမိန့်တော်မူကာ အောက်ပါတရားစကားကို ဟောကြားတော်မူလေ၏။

“လောက၌ ကောင်းကင်ခရီးဖြင့်သွားသော အညစ်အကြေးကင်းသော လမင်းသည် အလုံးစုံသော ကြယ်တာရာ အပေါင်းတို့ကို အရောင်အလင်းဖြင့် သာလွန်၍ တင့်တယ်သကဲ့သို့ ထို့အတူပင် လောက၌ သီလနှင့်ပြည့်စုံ၍ သဒ္ဓါတရားရှိသော ပုဂ္ဂိုလ်သည် နှစ်မြောဝန်တိုခြင်း ရှိသူအားလုံးကို စွန့်ကြဲပေးကမ်းခြင်းဖြင့် သာလွန်တင့်တယ်ပေ၏။

လျှပ်စစ်ပန်းနွယ်ရှိသည့် အရာမကသော တိမ်ထွတ်တိမ်တောင်တို့နှင့် ပြည့်စုံသော မိုးသည် ကြည်းကုန်းမြေကိုလည်းကောင်း၊ ချိုင့်ဝှမ်းမြေကိုလည်းကောင်း၊ ထစ်ချုံးရွာသွန်းလျက် ပြည့်စေသကဲ့သို့ ဤအတူသာလျှင် သောတာပတ္တိ ဉာဏ်အမြင်နှင့် ပြည့်စုံသော မြတ်စွာဘုရားရှင်၏ တပည့်သာဝဖြစ်သည့် ပညာရှိသည် နှစ်မြောဝန်တိုသူကို အကြောင်းငါးမျိုးတို့ဖြင့် လွှမ်းမိုးနိုင်၏။

ထိုသူသည် စင်စစ် ပေးလှူအပ်သော စည်းစိမ်ဥစ္စာတို့က ထောက်ပံ့တင်ပို့အပ်သည်ဖြစ်၍ အသက်ဖြင့်လည်းကောင်း၊ အခြံအရံ အကျော်အစောဖြင့်လည်းကောင်း၊ ရုပ်အဆင်းဖြင့်လည်းကောင်း၊ ချမ်းသာဖြင့်လည်းကောင်း၊ တမလွန်လောကဝယ် နတ်ပြည်လောက၌ ဝမ်းမြောက်ရလေသတည်း..”

(အင်္ဂုတ္တိုရ်ပါဠိတော်၊ ပဌမပဏ္ဏာသ၊ သုမနဝဂ်၊ သုမနသုတ်)

Source : ဗုဒ္ဓစာပေ အင်တာနက်

7 comments

  • Pye Kun Zaw

    August 23, 2012 at 3:49 pm

    ဒါန သီလ နိက္ခမ, ပည ဝီရိယာ
    ခန္တီ သစ္စ ဓိဌာန, မေတ္တ ဥပက္ခာ

    ပါရမီဆယ်ပါး အလွယ်မှတ်နည်းလေးပါ။

  • လေပြေ ရိုင်း

    August 23, 2012 at 4:01 pm

    အကြင်သူသည် အနည်းငယ်မျှသော စွန့်လွှတ်မှုကြောင့်
    ကြီးကျယ်သော အကျိူးကျေးဇူးကို ရမည်ဆိုလျှင်….

    ဟိုအပါယ် ၁ဝ ချက်ကတော့…အဲ… သိသမျှလူ
    တရုံးလုံးကလူ အင်း… လွှတ်သူလဲမရှိ
    သယ်ချင်းတို့ရေ….
    ငါဒယ်အိုးအောက်ဆုံးကဆိုရင်… ငါ့ခေါင်းကိုနင်းမထားနဲ့နော်
    ငါ ခေါင်းကိုက်တတ်လို့….ဟီး….

    ကျွန်တော့ရဲ့ အနုမြူ နာနို ဖြုတ် မြူမှုံ မြတ်စွါဘုရားရဲ့ခြေတော်က သဲမှုံ အဲဒါတွေရဲ့
    သန်းပေါင်းများစွာပုံမှ တပုံပမာ ဦးနှောက်နဲ့ စောတကတက်ပါရစေဗျား။….
    (မှားရင်လည်းခွင့်လွှတ်ပါ)

    အပါယ်ရောက်ကြောင်း ဒါန(၁၀)ပါး အစား အပြစ်မကင်းသော ဒါန ၁ဝ ပါး လို့သာ ခေါင်းစဉ်တတ်သင့်ကြောင်းပါ။
    ဘာလို့လဲဆိုတော့… ရှေးကလဲ ကျွန်တော်တို့ လုပ်တာ အပြစ်တွေ… လက်တွေ့ပစ္စုပန်မှာလဲ အမှားကမကင်း ဆိုတော့….
    သွားမယ်ဆိုလဲ သွားပါစေ အနာဂတ်ဒယ်အိုး… (ကျွန်တော့အတွက်)
    သို့ပေမဲ့ စေတနာကောင်းနဲ့ အလှူမျိုးစုံလုပ် အပစ်လဲကင်းအောင်နေခဲ့တဲ့ လူတစ်ယောက်
    စိတ်နှလုံးက ချမ်းမြေ့လို့ပေါ့…(သုအလှူလေးတွေးရင်း)
    ဒါပေမဲ့ သူက အမှတ်မဲ့ ဥပမာ သုအလှူတစ်ခုမှာ အငြိမ့်လေး ငှားခဲ့ဖူးခဲတယ် ဆိုပါတော့
    သူက အဲဒီ အပါယ်ရောက်ကြောင်းလို့ ရေးထားတဲ့ ခေါင်းစဉ်လေးဖတ်မိပြီး အော် ငါလုပ်ခဲတာ
    အပါယ်ရောက်ကြောင်းပါလား တဖန်ပူပန်တွေးမိသွားပြီး သေသွားရင်တော့…
    နဂိုက နတ်ဗိတ်မာန်ပြောက်ပြီး ဒယ်အိုးဗိတ်မာန်ရောက်ပြီသာမှတ်…
    ကျွန်တော်အဲဒါလေး ဘဝင်မကျဘူးဗျာ… ဘာသာခြားတယောက်လာဖတ်ရင်လဲ…
    ဒီဘာသာကတော့ကွာ ဘာလုပ်လုပ် အပါယ်လားဆိုပဲလို့ ပြောမလားပဲ (တကယ်လဲသတ္တဝါအများဆုံးသွားနေတာ ဖြစ်ရင်ဖြစ်မှာပါ)
    ဒါပေမဲ့ အလှူဒါနကြောင့် လိုက်နေတာက ကောင်းကံအရိပ်…
    အပြစ်မကင်းမှုအကုသိုလ်ကြောင့် လိုက်ရှာနေတာက နွားနောက်ကလှည်းဘီး…
    အကုသိုလ်အပြစ်တွေကို ကုသိုလ်ရေအေးနဲ့ ပြောင်စင်အောင် ဆေးကြောပါ။
    ကံကြီးငါးပါးကျူးလွှန်ထားသူမဟုတ်ရင်ပေါ့၊ ကျေသင့်လောက်ကျေပါလိမ့်မယ်။
    ဝတ်ကတော့ လိုက်မှာပေါ့ (အပြစ်မကင်းမှုတွေပြုထားတာကိုး၊ ဘုရားဖြစ်တာတောင်လိုက်သေး..)
    အပါယ်ကျလောက်တဲ့ အကုသိုလ်ကံလုပ်မိရင် အပါယ်တခါးပိတ်နိုင်မဲ့ သောတပန်ဖြစ်အောင်မြန်မြန်လုပ်ပေါ့… ရေများရေနိုင်သွားပါလိမ့်မယ်…
    မီးများရင်တော့ …. မီးသတ်ခေါ်လဲမနိုင်ပါဘူး ဘုရား ပြန်လာလို့ရပြီးကယ်လဲ လွှတ်နိုင်ပါဘူး…
    ကျွန်တော်ငယ်ငယ်က တွေးခဲ့ဘူးတဲ့ စိတ်ထဲမှာ ရှန်းကန်ခဲ့ဘူးတဲ့ စိတ်ပြသနာတခုဖြစ်ခဲ့လို့ပါပဲ…
    ကျွန်တော်ပြောတာမှားတယ်ဆိုရင် ခွင့်လွှတ်သည်းခံပေးပါဗျာ…
    ဘုရားရဲ့ ယောက်ဖတော် ရှင်ဒေဝဒတ်.. ဘုရားကိုသတ်ဖို့ကြံခဲ့တာလဲမနည်း သံဃာတွေလဲ သင်းခွဲခဲ့တာ
    ဘုရားကို ဒူတင်အကျင့်တွေ သံဃာအားလုံးကျင့်ဖို့ အကြံပြုတာကို ပယ်ချလိုက်လို့ ဆွမ်းသင်္ဃန်းကျောင်းဆေး အလှူခံနေတဲ့ ဘုရားကို ကာမဂုံ မပြတ်သေးသူလို့ ကဲ့ရဲ့ အသံလွင့်လိုက်မိတယ် ဆိုတာနဲ့ ချက်ချင်း ဈာန်တွေလျောသွားတယ်… နောက်ဆုံး မြေမျိုလို့ ခေါင်းလေးနဲ့ လက်လေးကျန်တော့မှာ ဘုရားကို တောင်းပန်သွားတယ် သူ၏အပစ်တွေကို… မြေကြီးထဲေ့ရာက် ကွယ်ပျောက်တယ်ဆိုတာနဲ့ ဘုရားက ဒီလို အပစ်ကိုဝန်ခံတဲ့ ကုသိုလ်နဲ့ ဒီရှင်ဒေဝဒတ်ဟာ တချိန်မှာ ပစ္စေဂဗုဒ္ဓါ ဖြစ်အုံးမှာရယ်လို့ ဗျာဒိတ်ပေးတော်မူခဲ့ပါသတဲ့။
    မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားနိုင်ကြပါစေ။
    ဒါနပြုကြပါ၊ အပြစ်ကင်းသော ဒါနကိုပြုကြပါ၊ လို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်….

  • koyo

    August 23, 2012 at 7:34 pm

    အပြစ်ကင်းသောဒါနကို ပြုလိုပါလျှင် ကောသလမင်းကြီးအား ဟောကြားသော
    ဒါန ကြောင်းလေးကိုလည်း ရှာဖွေဖတ်ကြည့်စေချင်ပါကြောင်း။ မည်ကဲ့သို့သော
    လေးသည်တော်စစ်သည်ကို ခန့်သင့်ကြောင်း ဥပမာပေးထာပါသည်။

  • ကို ခင်ခ

    August 23, 2012 at 9:02 pm

    ( မိအိုဖအို ကျန်းမာရေးအတွက် ပြုစုပေးရပေလိမ့်မည်။
    သားနဲ့သမီးရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက်ပေးရပေလိမ့်မည်——။)
    သီချင်းစာသားလေးတစ်ခုပါ ဒါပေမယ့်အဲဒီစာသားလေးကို ကြိုက်လို့ရေးမိတာလေ။
    အဲဒီသီချင်းစာသားလေးကိုကြိုက်တဲ့ကျွန်တော် ဘိုးဘွာရိပ်သာနဲ့မိဘမဲ့နေရာတွေမှာ အလှုဒါနလှုတတ်တယ်ဗျာ။ ( တကယ်ပြောတာပါ—-။) ဒါလည်းသီချင်းစာသားလို့ ထင်ပါကြောင်း။

  • မဟာရာဇာ အံစာတုံး

    August 23, 2012 at 9:14 pm

    ဟုတ်ကဲ့ပါ ခင်ဗျာ ..
    ဒါန အကြောင်းကို ဗဟုသုတ အဖြစ် ဖတ်မှတ်သွားပါတယ် ..
    ဒါနဲ့ ဣတ္ထိဒါန-မိန်းမအလှူ ဆိုတဲ့ နေရာမှာ
    အပျက်မတွေနဲ့ ပေးပြီး ပျော်ပါးတာကိုပဲ ဆိုလိုတာမျိုးလား …
    ဘာလို့လဲဆိုတော့ ..
    ဘုရားလောင်း ဝေန္တရာမင်းကြီး မယားကို လှူတဲ့ အလှူကို အတွေးက ရောက်သွားလို့ပါပဲ …

  • YE YINT HLAING

    August 24, 2012 at 2:13 am

    ဖတ်သွား မှတ်သွား စဉ်းစား သွားပါတယ် ။ မသိရ သေးတာလေးတွေ သိလိုက်ရလို့ ကျေးဇူးတင်ပါတယ် ကိုဒုက်ခရေ !

  • mamanoyar

    August 24, 2012 at 10:04 am

    ko dote kha ရေ ကျေးဇူးပါနော်
    အခုလို ခွဲခြားပြပေးတဲ့အတွက် ဘယ်လိုအလှူမျိုးကတော့
    လှူသင့်တဲ့အလှူလား မလှူသင့်တဲ့အလှူလားဆိုတာ
    သိရတဲ့အတွက် အများကြီးအကျိုးရှိပါတယ်

Leave a Reply