“ယိမ်းနွဲ့လို့ကသယောင် စိမ်းလဲ့လို့မြအရောင် နဲ့အောင်ပင်လယ်က ……………”










“ယိမ်းနွဲ့လို့ကသယောင် စိမ်းလဲ့လို့မြအရောင် နဲ့အောင်ပင်လယ်က ……………”
လူကလဲနေပူထဲမှာ အကြာကြီးနေခဲ့တော့ မောပါတယ် ။
မောဆိုချွေးက အရမ်းထွက်တာကိုးဗျ။
အရှေ့ဘက်ဆက်မသွားဘဲ နဲ့ အသွားတုံးက မရိုက်ဖြစ်ဘဲကျော်လာခဲ့တဲ့ နန်းဦးလွင်ရွာထိပ်က
ကြွက်ကြော်နဲ့ထန်းရေဆိုင်လေးဘေးနားက စိမ်းလဲ့လဲ့ ကောက်ပင်တွေကိုဆော်ဘို့နှက်ဘို
ဆိုင်ကယ်ရပ်။
ပြီးတော့ မှ တံတားထိက်ကနေ လယ်ကွင်းထဲကို ဆင်းရိုက်.။
အစိမ်းနုရောင်ကော်ဇောတစ်ချပ်ခင်းထားသလို ကောက်ပင်လေးတွေမြင်ရတာ အေးမြ။
ဒီမြင်ကွင်းကိုမြင်လိုက်တော့ အမြင်အာရုံတွေ ကြည်လင်အေးမြ။
ဒီနားမှာလဲအတော်ကြာအောင်ဓါတ်ပုံရိုက်မိပါတယ်။
အပြန်လမ်းကတော့အေးအေးဆေးဆေး။
အောင်ပင်လယ်ကန်ဘောင်ရိုးဘက်က နေပြန်လာခဲ့ပါတယ်။
အတော်လေးသွားမိတော့ ၂၀၁၁ခုနှစ်က ကျနော်ရိုက်ထားဘူးတဲ့
ကျနော်တို့ရဲ့ ရွာသူ မမှီ(အခုပျောက်နေသူ)သဘောကျပါတယ်လို့ဆိုထားတဲ့ လယ်စောင့်တဲ့ကလေးကရှိနေဆဲ၊
အဲဒါနဲ့ ကန်ဘောင်ရိုးမှာရပ်ပြီး ဓါတ်ပုံရိုက်။
ဟိုးအရှေ့ဘက်အနားသတ်က ရန်ကင်းတောင်။
ကြားထဲမှာက စိမ်းမြမြ စပါးခင်း။
အောက်မှာတော့ရေမြောင်းလေးနဲ့ တဲအိမ်ကလေး၊
လှပသောမြင်ကွင်းလေးကိုမြင်ရတော့
ကြည်နူးစိတ်တွေက ယိုဖိတ်………………………..
ကြည်နူးစိတ်တွေက ယိုဖိတ်………………………..
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(27-8-2012)
8 comments
မောင်ပေ
September 2, 2012 at 10:32 am
ယိုဖိတ်
အပျိုစိတ်
လိုမှိတ်
ချိုသိပ်
ပိုရိတ်
ဆိုကိတ်
ခိုအိပ်
ဂျိုထိပ်
surmi
September 2, 2012 at 10:43 am
ဖိတ်စာပို ့ပါတယ်ဗျ
၄ ရက်နေ ့ ည ၉ နာရီ နောက်ပိုင်း
ညမှလာမန် ့တော ့မယ်
မောင်ပေ
September 2, 2012 at 1:16 pm
ဘာကြီးလဲ
ရန်ကုန် မှာ လား
ကျုပ်တို ့က ဘိုလုပ် လာရမှာလဲ လို ့
ရန်ကုန်အဲဝေး အသွားအပြန် လက်မှတ်လေး၂စောင် ပို ့ပေးပါဗျို ့
မဟာရာဇာ အံစာတုံး
September 2, 2012 at 2:27 pm
ဒီလူဂျီး ဒုံးဂလည်း ဝေးပ .. အဟိ .. 😀
ဥဆာမိ ကြောဒါဂလေ ..
ကျုပ်အထင် လာမယ့် ၄ ရက်နေ့ ညကျရင်
အခု ဂဇက် ရွာထဲကို ဝင်ခဲ့ပါဦးလို့ ဖိတ်ထားတာလို့ ထင်တာပဲ …
ထူးခြားတာ တစ်ခုတော့ ရှိလိမ့်မယ် ထင်တယ်ဗျ ..
မဟာရာဇာ အံစာတုံး
September 2, 2012 at 11:00 am
ဖေဂျီးရေ ..
စိမ်းစိုနေတာပါပဲလားဂျ ..
အမြင်အေးစရာ ရှုခင်းတွေပါပဲ ..
နို့ .. အနော်ဂဒေါ့ဖြင့် တံတားလေးကို ပိုနှစ်သက်မိတယ် ..
may flowers
September 2, 2012 at 2:16 pm
၁၄၊ ၁၅ ၊ ၁၆ ၊ ၁ရ ၊ ၁၈ နဲ့ ပုံ၂၂ လေး အရမ်းလှတယ် လေးပေါက်ရေ။
zarlay
September 2, 2012 at 2:43 pm
မြင်ရတာမျက်စိကိုအေးချမ်းသွားစေတဲ့အတွက်ကျေးဇူးပါ။
ကြည်ဆောင်း
September 4, 2012 at 4:55 pm
စိမ်းနေတာလေးကိုကစိတ်အေးချမ်းသွားတာဘဲနော်
အဝေးကရန်ကင်းတောင်နဲ့ အဆုံးသတ်ထားတဲ့ လယ်ကွင်းပုံလေး အရမ်းလှတယ် ….