မန္တလေးနန်တော်ဟောင်းကြီးကို…
မန္တလေးနန်တော်ဟောင်းကြီးကိုမြင်ရတော့ ပြည်သူတစ်ယောက်အနေနဲ ့ မဆိုင်သလို မပိုင်သလို အမြဲခံစားရတယ်။တကယ်ဆိုရင် မြန်မာ့သမိုင်း မြန်မာ့ယဉ်ကျေးမှု မြန်မာလူမျိုးအားလုံးပိုင်နေရာကြီးပါ။ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်ဌာနချုပ် စစ်တပ်နေရာ စစ်တပ်နဲ ့သက်ဆိုင်သူတွေသာ ဝင်ထွက်ခွင့် နေထိုင်ခွင့်ရှိတဲ ့နေရာဖြစ်နေခဲ ့တာပါ။သာမန်ပြည်သူတွေကတော့ လွတ်လပ်စွာဝင်ထွက်ခွင့် လေ့လာခွင့်မရတာ အားလုံးအသိပါပဲ။ပြောရရင် သီပေါမင်းပါသွားကတည်းက ပြည်သူတွေမန္တလေး နန်တော်ဟောင်းကြီးကို ဆုံးရှုံးခဲ ့ရတာ အခုချိန်ထိ လို ့ပြောလို ့ရပါတယ်။တကယ်တော့မန္တလေးနန်တော်ဟောင်းကြီးကို ပြည်သူတွေပဲ ပိုင်ဆိုင် ထိန်သိမ်းသင့်တာပေါ့။အခုဆိုရင် အဓမ္မအသိမ်းခံမြေယာတွေကိစ္စတောင်းဆိုဆောင်ရွက်ကြရာမှာမန္တလေးနန်တော်ဟောင်းကြီးကအမေ့ခံဖြစ်နေပါတယ်။မန္တလေးနန်တော်ဟောင်းကြီးကို
မြန်မာပြည်သူလူထုတွေ လက်ထဲပြန်ရောက်ဖို ့မြန်မာလူထုက ညီညာမှုနဲ ့ ပြန်လည်တောင်းဆိုသင့်တယ်လို ့ ကျွန်တော်ကတော ့ယူဆပါတယ်။
17 comments
ရွှေရိုး (ရွှေမန်း-ဒိုင်အို)
August 27, 2012 at 3:18 pm
မှန်တာပေါ့..လုံးဝထောက်ခံတယ် သယ်ချင်း…တခြားသူတွေရောဟေ့..ဘယ်လိုလဲ?
YE YINT HLAING
August 27, 2012 at 3:33 pm
လုံးဝ ရာနှုန်း ( ၁၀၀၀၀ဝ ) ထောက်ခံတယ် ။ တခြားသူတွေကော ???
သုရှင်
August 27, 2012 at 3:42 pm
နန်းမြို ့ ရိုးကို မှ အလွမ်းပြေကြည့်ခွင့် ရချင်သေးတယ်…
ဒို့မြန်မာတွေ ကိုယ့်ထီးကိုယ့်နန်းအုပ်ချုပ်ခင်က ……….
စိတ်ဘဝင် မှာ တကာ တကာ လွမ်းရပေါ့ကွယ်
လွဲခဲ့လေခြင်း…။
ရွှေ ကြည်
August 27, 2012 at 4:39 pm
အဲ အဲ အားဖြည့်ရမှာပေါ့ ထောက်ခံပါတယ်ရှင့်။
aanyar thar
August 27, 2012 at 6:13 pm
မှန်တယ်ဗျာ..မြန်မာလူမျိုးတွေရဲ့…ရာဇဝင် အထင်ကရ..နေရာပါ..တကယ်ဆို…လေ့လာလိုသူ..တစ်ခြားနိုင်ငံသားတွေစီကနေ. .နိုင်ငံခြားဝင်ငွေ..ယူလို့ရမယ့်နေရာပါ..ခု့တော့.. .မြန်မာလူမျိုးခြင်းတောင်..စိတ်နာတယ်ဗျာ..(..ဒါနဲ့..သတိ့ထားမိ့တာလေးပါ…သလွှင်တော်.. ဆိုတဲ့..အရာက..ရှေးခေတ်သုံးရော..ဟုတ်ရဲ့လားဗျာ.. .ရှေးခေတ်ကလူတွေ.. အရပ်အမောင်းနဲ့…ခု့လက်ရှိ့သလွှင်က… အတော်ကိုသေးနေတယ်.. ကလေးအိပ်..သာသာပဲရှိ့တယ်ဗျ..)
မျိူးချစ် နဂါး
August 28, 2012 at 10:51 am
စဉ်းစားစရာပါပဲ Ko aanyar thar ရေ….
မဟာရာဇာ အံစာတုံး
August 27, 2012 at 8:38 pm
ကျနော်တော့ဖြင့် မန်းလေးကို တစ်ခေါက်မှ မရောက်ဖူးတဲ့လူ ဖြစ်လေတော့ဗျာ ..
နန်းတော်ကြီး အကြောင်းကို သေချာ သိဘူးရယ် ..
ဒါ့ပုံတွေတော့ အများကြီး မြင်ဖူးတာပေါ့နော် ..
ခုလို ဆိုတော့ကာ ..
ကျနော်ကလည်း ထောက်ခံပါကြောင်း …
နေဝန်းနီ
August 27, 2012 at 9:32 pm
ခုမှပဲ ပိုင်ရှင်အစစ်ပေါ့လာတော့တယ်………..
kai
August 27, 2012 at 11:11 pm
ပိုင်ရှင်အစစ်က.. သီပေါမင်း..မင်းတုန်းမင်းတို့ရဲ့..ကုန်းဘောင်မင်းဆက်ဖြစ်ပါကြောင်း..
စနစ်တကျစိစစ်ပြီး.. ပြန်ပေးသင့်ကြောင်း…
nature
August 27, 2012 at 11:31 pm
တောင်းပြီးဘာလုပ်မှာလဲ။ထိမ်းသိမ်းစောင့်ရှောက်ဖို့ အစောင့်ထားဖို့စရိပ်တောင်ပိုကုန်ဦးမယ်။ ကိုယ့်စီးပွားကိုယ်ရှာစားနေရတာ အားအားယားယား အလကားအလုပ်ရှုပ်ခံလို့။
မျိူးချစ် နဂါး
August 28, 2012 at 10:47 am
အလကားအလုပ်ရှုပ်မခံပဲကိုယ့်စီးပွားကိုယ်ပဲရှာစားနေကြလို ့ မြန်မာပြည်ဒီလိုဖြစ်နေတာပါ။ရပ်ကွက်ထဲက တဲစုတ်တောင်တာဝန်သိရင် ထိန်းသိမ်းလို ့ရပါတယ်…သူ ့ဟာသူတာဝန်သိသူတွေပေါ်လာမှာပါ။သင်လိုလူမျိုးတွေကလွဲရင်ပေါ့။နှမ်းတစ်လုံးနဲ ့ဆီမဖြစ်ပေမယ့် ဆီဖြစ်ဖို ့ အဲဒီနှမ်းတွေစုပေါင်းရတာပါ…
မောင်ပေ
August 28, 2012 at 1:25 am
နေဂျဘာအုန်း (ကိုအောင်ပုလေသံဖြင့်ပစ်သည်)
စစ်တပ်က သိမ်းတာ တရုတ် ကုလားသိမ်းတာလောက် ဆိုးနေလို့လား
တစ်ခြားမပြောနဲ့ နန်းတွင်း(mdy အခေါ်) ထဲက ထောင်နေရာမှာ တရုတ်တွေ ကုလားတွေ ပိုက်စက်ရုံ ပလက်စတစ်စက်ရုံတွေ လုပ်ခဲ့တာကြာ ကြာပေါ့
တစ်ခုတော့ရှိတယ်
တက်ကသို ပေါင်းစုံက အတွဲပေါင်းစုံအတွက် ကွန်ဒုံးသုံးစရာ ဘိပျောက်သွားမယ်နော
မျိူးချစ် နဂါး
August 28, 2012 at 10:42 am
ပြည်သူပိုင်ဖြစ်ရင် အဲဒါတွေကို အများဆန္ဒနဲ ့ရှင်းနိုင်တယ်လေ…အတွဲတွေနေရာပျောက်မှလဲ မလိုလားအပ်တဲ့ ပြဿနာတွေမပေါ်မှာလေ…
ဘဲဥ
August 28, 2012 at 11:05 am
ပေါ်ဘီ ပေါ်ဘီ ဒို့ကိုပေ ရိုးလှ ရိုးလှနဲ့ ဟွင်းဟွင်း 😀
အတိသဉ္ဖာ နာဂရချစ်သူ
August 28, 2012 at 5:21 pm
ပြုပြင်မှာလား၊ထုချေမှာလားးး။
mobile (mandalay)
December 19, 2012 at 11:47 pm
ထိန်ထိန်သိမ်သိမ်းနဲ့ အကောင်းမွန်ဆုံး ပြုလုပ်ထားပြီး
ပြည်သူတွေတင်မက နိုင်ငံခြားသားတွေပါ လေ့လာလို့ရအောင် လုပ်ထားသင့်တယ်လို့ထင်တယ်။
ကိုပေါက်(မန္တလေး)
December 20, 2012 at 12:45 pm
မန်းလေးမြို့ကိုလာလည်တဲ့ နိုင်ငံခြားခရီးသွားတွေဆီက မန္တလေးမြို့အတွင်းက အထင်ကရ နေရာတွေဘု ရားကျောင်းကန်တွေအတွက်
ဝင်ခွင့် us10$ ကောက်ခံထားပြီးသားပါ.