“အနောက်မိဖုယား နန်းမတော်မမြလေးရဲ့…………………..”


















“အနောက်နန်းမတော်မမြလေးရဲ့…………………..”
မနက်တိုင်းလမ်းလျောက်ရင် ခဏနားကိုယ်လက်လှုပ်ရှားလုပ်တဲ့နေရာက ပြည်ကြီးမွန်ဖောင်မှာပါ။
ဒီဖောင်ရဲ့အနောက်ဖက်မှာ “မမြလေးဘုရား”ရှိပါတယ်။
ဟိုးအရင်ကတော့ ဒီနေရာတွေက သွားဘို့မလွယ်။
(ကျနော်ကိုယ်တိုင်ရှိမှန်းတောင်မသိခဲ့ပါဘူး)
အခုတော့ တက်သိမ်းအင်းကန်ပါတ်လမ်းဖောက်လိုက်တဲ့အခါ လမ်းဘေးမှာဆိုတော့ဖူးရလွယ်။
ဒါပေမယ့် နေ့စဉ်သာဒီအနားကဖြတ်သွားတယ်တစ်ခါမှ ဘုရားပေါ်မရောက်။
ဒီနေ့တော့ စိတ်ကူးပေါက်တာရယ် အချိန်လည်းနည်းနည်းစောတာနဲ့ဘုရားပေါ်တက်ခဲ့ပါတယ်။
ဒီဘုရားကို ရေလည်ကုသိနာရုံ ဆုတောင်းပြည့်မြတ်စွာဘုရားလို့ဘွဲ့အမည်နာမပေးထားပါတယ်။
သက္ကရာဇ် ၁၂၀၅ ဆိုတော့ 1843ခုနှစ်က အင်းဝခေတ်အနောက်မိဖုယား နန်းမတော်မမြလေးတည်
ထားတယ်လို့မှတ်တမ်းအရသိရပါတယ်။
အနောက်နန်းမတော်မမြလေးက လှိုင်ထိပ်ခေါင်တင်ရဲ့မယ်တော်ဖြစ်ပါတယ်။
အိမ်ရှေ့စံမင်းသားဖြစ်တဲ့ သာယာဝတီမင်း(ရွှေဘိုမင်း(ခ)ကုန်းဘောင်မင်း)က သူ့
နောင်တော် စစ်ကိုင်းမင်း(ဘကြီးတော်ဘုရား)ထံကနေ ထီးနန်းသိမ်းပိုက်ယူလိုက်တဲ့
သက္ကရာဇ်၁၁၉၉ခုနှစ်မှာ တေးကဗျာလင်္ကာ နဲ့တူရိယာတွေကို ကျွမ်းကျင်တဲ့ မမြတ်လေး
(ရှေးသတ်ပုံအရ မမြလေး)ကို “သိရိမဟာရတနာ စန္ဒာဒေဝီဘွဲ့အပ်နှင်းပြီးအနောက်နန်းမတော်
အဖြစ်တင်မြောက်ခဲ့ပါတယ်၊
မမြကလေးကိုယ်တိုင်ကလဲ ပတ်ပျိုး ကဗျာ လင်္ကာ အရေးကောင်းသူအဖြစ်နာမယ်ကြီးပါတယ်။
သက္ကရာဇ်၁၂ဝရ ခုနှစ်မှာ ပြည်မင်းသားအရေးတော်ပုံမှာ ပါဝင်တယ်လို့ ထင်မြင်ယူဆတာကြောင့်
မမြလေးကို ကွပ်မျက်လိုက်ကြပါတယ်။
အဲတော့ ဒီဘုရားကို သူမကွယ်လွန်ခင် (၂)နှစ်အလိုက တည်ခဲ့တယ်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
(ရှေးစာအရ အနောက်နန်းမတော်မမြလေးလို့ဆိုခဲ့ပေမယ့် ဒီဘုရားမှာတော့ မမြတ်လေး လို့ ရေးထိုးထားပါတယ်)
စစ်ကိုင်း မန်းလေး လမ်းကနေလာမယ်ဆိုရင် ကန်တော်ကြီးအရှေ့ဘက်အဝင်လမ်းကနေ
အနောက်တည့်တည့် ဝင်လာလို်က်မယ်ဆိုရင် ဇီဝိတ ဒါန သံဃာဆေးရုံကိုကျော်လိုက်ရင်
ဒီမမြလေးဘုရားကိုရောက်ပါတယ်။
ဘုရားအရှေ့ဘက်မှာတော့ ပြည်ကြီးမွန်ဖောင်တော်ရှိပါတယ်။
စောင်းတန်းတက်တက်ခြင်း အတွင်းလှိုဏ်ထဲကိုရောက်သွားမှာဖြစ်ပါတယ်။
ဆင်းတုတော်ထားရှိရာနေရာကတော့ သိပ်မကျယ်ပြန့်ပါဘူး။
ဘုရားပုရဝုဏ်ရဲ့မြောက်ဘက်မှာတော့ ကြီးမားတဲ့ညောင်ပင်ကြီးအရိပ်ကြောင့်အေးမြပါတယ်။
မြောက်ဘက်ခြမ်းမှာ အနောက်နန်းမတော်မမြလေးကိုသိုလ်လို့ စာတန်းထိုးထားတဲ့ဇရပ်ကြီးတစ်ဆောင်
ရှိပါတယ်။
သူ့အနောက်ဘက်မှာတော့ နတ်နန်းတစ်ခုနဲ့ရုပ်ထုတစ်ခု။
ကျိုက်ထီးရိုးပုံစံစေတီငယ်တစ်ဆူ။
ဘုရားတောင်ဘက်ခြမ်းမှာတော့ မမြလေးရဲ့ပုံစံငယ်ရုပ်ထုနဲ့ နတ်နန်းတစ်ခု။
ဘုရားပုရဝုဏ်ကတော့ကျယ်ပြန့်သန့်ရှင်းပြီး သာယာပါတယ်။
အရင်ကတော့ ဒီနေ့ရာက တက်သိမ်းအင်းရေပါတ်လည်ဝိုင်းနေတဲ့နေရာဖြစ်နိုင်တဲ့အတွက်
ရေလည်ကုသိနာရုံဘုရားလို့ နာမတော်ရှိခဲ့တာဖြစ်နို်င်ပါတယ်။
ဘုရားမှာရေးထိုးထားတဲ့ နာမယ်မှာတော့ မမြတ်လေးလို့ရေးထိုးထားပါတယ်။
ဒါပေမယ်ရှေးက ရှိတဲ့စာပေမှတ်တမ်းများမှာတော့ မမြလေးလို့ သုံးစွဲတာကိုတွေ့ရပါတယ်။
တကယ်လို့များမန္တလေးမြို့ကိုအလည်ရောက်ခဲ့လို့ ကန်တော်ကြီးဘက်များ လာခဲ့မယ်ဆိုရင်
ဝင်ရောက်ဖူးမျှော်စရာ နေရာတစ်ခုကို ညွှန်းပေးလိုက်ပါတယ်။
ကိုပေါက်လမ်းသလားနေသည်
(27-8-2012)
3 comments
အရီးခင်လတ်
September 10, 2012 at 4:47 pm
မပြောတော့ဘူး။
မပြောတော့ဘူး။
ပြောကိုမပြောချင်တော့ဘူး။
jk 🙂
Thanks for your photos. 🙂
ကိုပေါက်(မန္တလေး)
September 10, 2012 at 6:44 pm
မပြောချင်လဲမပြောပါနဲ့တော့ ကိုလတ်ရယ်………………………………
မူလမန်းထားတဲ့ကော်မင်းလေးတွေပါ
ကိုပေါက်ရေ..ကျနော်လည်း မန်းလေးမှာသာနေခဲ့တာ
ဒီဘုရားကိုမသိဘူးဗျ..ကိုပေါက်တင်ပေးမှ ဖူးရတော့တယ်..
ပုံတွေလည်းတော်တော်ကြည်တယ်ဗျို့…
လာလည်ဖြစ်မှလျှောက်လယ်အုံးမယ်ဗျာ…
(ကိုကြီးမိုက်)
အဲဒီ ဘုရားကို ကျွန်တော်သိတယ်… ဟေးဟေးဟေး
(ရွှေတိုက်စိုး)
နေအရမ်းမစူးတဲ့အချိန်မို့လို့ထင်တယ် ။
ဓါတ်ပုံလေးတွေ ကောင်းတယ် ။
(အဘဖော)
ကိုပေါက်ရေ ကျွန်တော်လည်း ဝါသနာအရ ဓါတ်ပုံရိုက်ပြီး ရောက်လေရာအရပ်မှတ်တမ်းလေးတွေထားပြီး ရိုက်နေတဲ့သူပါ ဒီအပေါ်တင်တာသိပ်အဆင်မပြေဘူးဖြစ်နေတယ် ဆိုဒ်ကိုချုံ့လိုက်တော့လည်းသိပ်သေးသွားတယ် ကိုပေါက်ဒီပေါ် တင်ထားတာ အဆင်ပြေလွန်းလို့ နည်းစနစ်လေးရှိရင်မျှပါဦး ကျွန်တော် ခရီးသွားမှတ်တမ်းလေးတွေမျှဝေခံစားစေချင်လို့ပါ
ကျေးဇူးတင်လျှက်
(DEPARKO DEPARKO )
ဘုရားရုပ်ပွားတော်က ရှေးလက်ရာမို့ထင်တယ်
ဓါတ်ပုံထဲဖူးရတာကို တော်တော်သပ္ပါယ်တယ်ဗျာ
ရာဇဝင်သမိုင်းပါရှင်းပေးထားလို့ ကျေးကျေးပါ
(မောင်ပေ)
ကိုပေါက်(မန္တလေး)
September 10, 2012 at 6:47 pm
ပုံတွေကြည့်ပြီး စိတ်ထဲငြိမ်းငြိမ်းချမ်းချမ်းနဲ့..အောက်ဆုံးပုံလေးက လက်လက်ကိုထလို့၊သန့်ရှင်းလိုက်တာ….
( Hnin Hnin )
နန်းမတော် မမြလေးရဲ ့ ဘုရားများကို ဖူးရတ၊ဲ ့အတွက်…
ကိုပေါက်ုကို ရှဲရှဲ ပါ
(မိုးမင်းသား)
ကိုပေါက်ရေ မမြလေးက ကွပ်မျက်ခံရလို ့နတ်နန်းထားတာလားဗျ
ပုံ ၁၅ ကိုပြောတာပါဗျ။
(အတိသဉ္ဖာ နာဂရချစ်သူ/ သန်းထွဋ်ဦး)
အရင်မန်းထားတာလေးတွေပြန်ရှာတင်ပေးလိုက်ပါတယ်