Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“အင်ကြင်းပန်းနဲ့ရှေးစာဆိုများ……….”

“အင်ကြင်းပန်းနဲ့ရှေးစာဆိုများ……….”

 

ဟိုရက်က အင်ကြင်းပန်းပို့စ်မှာ ကိုခိုင်က ကင်းဝန်မင်းကြီးရဲ့

ကဗျာလေးထဲမှာ အင်ကြင်းပန်းမပါတာကို ရေးပြထားတာဖတ်လို်က်ရပါတယ်။

အဲတော့လဲ ဒီအင်ကြင်းပန်းကိုရှေးစာဆိုတွေဘယ်လိုများရေးဖွဲ့ခဲ့ကြသလဲဆိုတာကို

သိချင်ပြန်လာပါတယ်။

ဒါနဲ့ဘဲအိမ်မှာရှိတဲ့ စာအုပ်လေးတွေကိုမွှေကြည့်မိတော့။

အင်ကြင်းပန်းကို ဖွဲ့ဆိုထားပုံကိုတွေ့ရပါတယ်။

သိလိုက်ရတာတစ်ချက်က အင်ကြင်းပန်းဆိုတာ

တပေါင်းလမှာပွင့်တဲ့ပန်းဆိုတာကိုပါ။

သူနဲ့တွဲဖက်ပန်းကတော့ ရွှေဝါရောင်အဆင်းရှိတဲ့ “သရဖီပန်း”ပါဘဲ။

သန ္တာရောင် နီသောအဆင်းရှိတယ်ဆိုတာလဲသိလို်က်ရပြန်ပါတယ်။

နောက်ဒီအင်ကြင်းပန်းကို ဆယ်နှစ်ရာသီလွမ်းချင်းတွေထဲမှာရေးဖွဲ့ကြတာကိုသိရပြန်ပါတယ်။

ဦးအံ့ကြီးသီဆိုထားတဲ့ “ မိန်ရာသီ “သီချင်းထဲမှာတော့ ဒီအင်းကြင်းပန်းကို ဒီလိုရေးဖွဲ့ထားပါတယ်။

“ခိုင်ရွှေညာဝင်း နှင်းကြွင်းဖွဲ့တဲ့ မိန်လရာသီ

လေသွေးရာချီ  ရွှေဖီငုံကင်း အင်ကြင်းတွေက နီ

သန ္တာရည် တောလုံးဖြာချေပြီ” ဆိုတဲ့အသံလေးကို နားထဲမှာပြန်ကြားလာမိပါတယ်။

ကဲ ရှေးစာဆိုတွေဘယ်လို့ဖွဲ့ဆိုခဲ့ကြသလဲဆိုတာကို ဖတ်ကြည့်လို်က်ရအောင်

အိမ်မှာ ရှိတာလေးဆွဲပြီး ရှာထားတော့ သိပ်တော့မပြည့်စုံပါဘူး။

ရသလောက်လေးနဲ့ကျေနပ်ကြတာပေါ့။

 

 

 

(1)

နွေဦးငယ်မှတိမ်စ

တောတောင်ကတစ်လီ

မိူင်းဝေရီနှင့်။

ကတ္တီပါပေါင်းရွက်သစ်ကယ်လောင်း

ရွက်ဟောင်းပျံလို့ ခက်ရံမှဝေဝေ

အင်ကြင်း သရဖီပန်းစုံစီနှင့်

သိင်္ဂီရောရောင်သွေး ကြိုင်ကြိုင်ငယ်မွှေးလို့

(မိန်ရာသီ-ဆယ်နှစ်ရာသီအေးချင်းမှကောက်နုတ်ချက်)

ရေးသူ မယ်ခွေ သကရစ် ၁၁၄၄ခုနှစ်

(မူရင်းသတ်ပုံအတိုင်း)

(2)

မြိုင်ခြေငယ်သင်းပါလို့

အင်ကြင်း ငယ်ရွှေဖီ

ဝတ်မူန်ငယ်စီသည်။

မြစ်နဒီသောင်တစ်ခိုကမောင်မယ်ညို

မြူးပြန်တော့တယ်လေး။

 

(တပေါင်းလဖွဲ့ -ဆယ်နှစ်ရာသီလွမ်းချင်း)

မဟာအတုလမင်းကြီး သကရစ် ၁၁၈၁ခုနှစ်

(3)

ဂိမ္မာန်အတာလေယဉ်လွင့်ချိန်မို့

မိန်ပြန်ခါနွေတွင်ပွင့်ရှာကြ ရွှေအင်ကြင်းငယ်တို့ရိုးတံနီ။

 

ခါတပေါင်း-လေးချုးိ

ဦးပုည မင်းတုန်ုးမင်းခေတ်

(4)

အညှာမှာသန္တာလှဲ့လို့ ဆာတကျယ့်ပွေလီ။

ကညာနွဲ့ကေသီမှာ ရွှေသိင်္ဂီ အင်ကြင်း

ဖီငွေဝတ်တပေါင်းမိန်တွင် သောင်းဝတိန်နတ်တိုင်းကသင်း။

 

(မြန်းကြရာသီ ပြည်ကပ္ပီ -တေးထပ်)

တောင်တွင်းဦးကြော့

(5)

လေညှင်းလာက ရွှေမာလာငုံ

ပန်းဝတ်မူန်တို့ ကြွေထုံသက်ဆင်း

ကိုက်ငုံကင်းနှင်း အင်ကြင်း ဖြူနီရိုးတံချီလျက်

သံညီဥဩ နုတ်ချိုနှော၍ တောင်တောင်သာခွင့်

ရာသ်ီပွင့်သည် နုရင့်နွေစက်လည်တကား။

 

နတ်ရှင်နောင်ဝတ္တု

လယ်ပဏ္ဍိတဦးမောင်ကြီး

(6)

ရှစ်ခွင်တိုင်းမှုန်မှိုင်းတဲ့ပတ်လည်

သဇင်ကြွင်းငယ်နှင့် အင်ကြင်း သန္တာညွန့်ငယ်တို့

ဖူးညွန့်ကို်က်စီ။

 

မိန်ရာသီလေးချုးိသဖြန်

ဦးကြင်ဥ

 

(7)

နွေဦးမှ တိမ်ခ တောတောင်တလီ

မည်သရီနှင့်ကတ္တီပါပေါင်း၊ရွက်သစ်ကယ်လောင်း။

ရွက်ဟောင်းပျံလို့ခက်ရံမှဝေဝေ အင်ကြင်းငယ် သရဖီ

ပန်းစုံစီနှင့်သိင်္ဂ ီရောင်သွေးကြိုင်ကြိုင်ငယ်မွှေးလို့။

 

တပေါင်းလဖွဲ့ အဲချင်း

မယ်ခွေ

 

(8)

ရေဖက်ကြူးအိုင်  သာနည်းလှိုင်သည်၊

ဂနိုင်ဗွေဦးစုံရဂုံထူးမှာတဲ့ ငုံဖူးငယ်စီစီ၊

ပရစ်ညှာချီဆဲမှ သည်ပင်ဆင့်ရွှေလှော်မှာ၊

ဂေါ်ဇင်ကျန် ပန်တော်ကြွင်းငယ်နှင့်

အင်ကြင်း  ကြိုင်လှိုင်မြန်းပါဘိ

ပန်းရနံ့ထုံ။

တပေါင်းလဖွဲ့ လေးချုိုး

လူဦးမင်း

 

(9)

ရေလျဉ်သောင်ဝယ် ယခေါင်မြင့်ရှည်

သဲစေတီ တည်ကြတယ်၊

ရှစ်မည်က မြူချီလျှင် သရဖီရွှေလိုဝင်းတယ်နှင့်

အင်ကြင်း  သန္တာညွန့်ငယ်နှင့် ဖူးကွန့်ကိုက်ခြယ်။

တပေါင်းလဖွဲ့ လေးချုိုး

လူဦးမင်း

(10)

အညှာမှာသန္တာလှည့်လို့

ဆာတကျယ့်ပွေလီ

ကညာနွဲ့ကေသီမှာ ရွှေသိင်္ဂ ီအင်ကြင်း

ဖီငွေဝတ်တပေါင်းမိန်တွင် သေားဝတိန်နတ်တိုင်းကသင်း။

 

တပေါင်းလဖွဲ့တေးထပ်

ဦးကြော့

 

(11)

တပေါင်းရယ်တဲ့မိန်ရာသီ

ရွက်ဟောင်းကိုလေနှင်လို့

ပန်းတော်ဝင် ရွှေအင်ကြင်းငယ်

သင်းပျံ့ခဲ့ပြီ။

တပေါင်းလဖွဲ့

ဦးပြုံးချို

(12)

အင်ကြင်းပန်းရွှေဖီ သဲစေတီ တည်စမြဲပေပ

သဘင်ပွဲလရာသီ။

တပေါင်းလတေးထပ်

ဦးပုည

(13)

ကြိုင်ကြိုင်သင်းပျံ့ အင်ကြင်း ချီသည်

ပင်မင်းရွှေဖီခါရတု ပြင်ကွင်းပီပီလောင်စာနုနှင့်

ကောင်ယာအပြူခေတ်တပုံ

ပုလဲရောင်ငွေသောင်ဗွေမော့မှာ မောင်ဆွေမယ်ကြော့ငှက်ပေါင်းညီလာစုံ။

 

ရှစ်ဆယ်ပေါ်တေးထပ်

စာရေးတော်ကြီးဦးမောင်ကလေး

(14)

 

အော်..ကျန်နှင်းဝတ်ငွေ

ဆွတ်ပျံ့ကြွေအောင် နတ်လေမောင်းနှင်

ညှာညောင်းကျင်လို့ ဂေါ် အင်ကြင်းခိုင်

တသင်းငယ်ကြိုင်သည်ဂနိုင်စုံတို့ ငုံအစို့နှင့်။

 

ရာသီဖွဲ့ညည်းချင်း

ဦးကြင်ဥ

(15)

ပန်းအင်ကြင်းပုလဲအငုံကဲ့သို့

ဝဲယမုန်ရေနဒီအပါးဆီက

သဲပုံစေတီဘုရားရယ်နှင့်

နေပြည်တလွှားအပေါင်းပါဖူးကြတော့

 

ရာသီဖွဲ့လွမ်းချင်း

အမည်မသိရှေးစာဆို

 

 

ကိုပေါက်လက်ဆောင်ရှေးကဗျာများပြန်လည်ဖော်ထုတ်ခြင်း

(28-8-2012)

12 comments

  • Khaing Khaing

    August 29, 2012 at 10:17 am

    လေးပေါက်တို့များ ဘယ်အရာကိုမဆို ရှာရှာဖွေဖွေတင်ပြတတ်ပါတယ် ……… အခုလည်း အင်ကြင်းပန်းနဲ့ ပတ်သက်တာတွေကို စုစည်းတင်ပြပေးပြန်ပီ ………

  • kai

    August 29, 2012 at 10:32 am

    တော်တော်ကို ..ဝီရိယစိုက်ထုတ်ထားတဲ့.. ပို့စ်အဖြစ်အသိအမှတ်ပြုပါတယ်ဗျာ..
    ကျေးဇူးလည်း တင်မိရဲ့..
    အလွတ်ကျက်ဦးမယ်.. 🙂

  • kotun winlatt

    August 29, 2012 at 10:39 am

    ဝိုးးးးးးးးးးးးးးးးးးး
    လေးးးးးးးးးပေါက်….
    အင်ကြင်းအကြောင်း ကဗျာလေးးးတွေ ရှာရှာဖွေဖွေတင်ပြထားတာပါလားးးး
    ကျေးဇူးပါဗျာ….။

  • aye.kk

    August 29, 2012 at 11:39 am

    ကိုပေါက်ရေ..။
    မှတ်သားသွားပါတယ်။
    အင်ကြင်ပန်းအကြောင်းရေးဖွဲ ့ထားတဲ့ကဗျာတွေကို
    စုံစုံလင်လင်သိလိုက်လို ့ကျေးဇူးအရမ်းတင်မိပါတယ်။
    ရာသီအလိုက်ပွင့်ဖူးကြတဲ့ဆယ့်နှစ်ရာသီပန်းတွေနဲ ့အတူရာသီအလိုက်
    ကျင်းပတဲ့ပွဲတော်တွေဟာ၊လအလိုက်မွေးဖွားတဲ့လူတွေရဲ ့
    စိတ်သဘောထားတွေနဲ ့အနီးစပ်ဆုံးတူညီနေတဲ့သဘောတရားကို
    ဆရာတယောက်ကသင်ပေးဘူးပါတယ်။
    အခုထိလည်းဝါသနာပါပြီးလေ့လာလိုက်စားနေဆဲတုံးပါဘဲ။
    အများဆုံးမှန်ကန်မှုရှိနေတာကိုလည်းကိုယ်
    တိုင်လေ့လာတွေ ့ရှိခဲ့သူမို ့ပန်းတွေရဲ ့သဘောနဲ ့လူမနောရဲ ့
    စိတ်တွေထပ်တူနီးပါးမျှတူနေတာသိမြင်ခဲ့ပါတယ်။
    အခြားလရာသီပန်းတွေကိုဖွဲ ့ဆိုထားတာတွေလည်းသိချင်မိပါတယ်။

  • ကို ခင်ခ

    August 29, 2012 at 12:27 pm

    ရှာလည်းရှာနိုင်ပါ့ပေ ကိုပေါက်ရေ။

  • mamanoyar

    August 29, 2012 at 12:35 pm

    အင်ကြင်းပန်းပွင့်ချိန်ဆို တစ်တောလုံးမွှေးကြိုင်နေတာပဲ
    အနံ့ရော အဆင်းရော အရမ်းကြိုက်ပါတယ်

  • mocho

    August 29, 2012 at 12:55 pm

    လေးပေါက် ရေ
    ရှေး ကဗျာလေးတွေ ရှာရှာ ဖွေဖွေ တင်ပေး ထား လို့ တကယ် ကို ချီး ကျုး မိပါတယ်။ ငယ်ငယ် တုန်းက နှုတ်တိုက် ကျက်ခဲ့ ရတဲ့ ကဗျာ လေးတွေ ပါနေတော့ ကျောင်း သား ဘဝ က နွေ ရာသီ ဆိုရင်နောင် နှစ် အတန်း က ကဗျာ တွေ ကို ကြို ပြီး ကျက် ဖြစ်တာ သတိရမိတယ်။
    ငယ်ငယ် တုန်းကတော့ကဗျာတွေ ကျက်တိုင်း ရှေး လူတွေ အားအားယား ယား လျှောက်ရေး ထားတာ ငါတို့ မှာ ကျက်နေရတာ လျှာ ခလုတ် တိုက် ပြီး ပင်ပန်းလိုက်တာ လို့ တွေး ဘူးတယ်။
    ဒါပေမဲ့အသက် ကြီး လာလို့ ရှေး ကဗျာ တွေ ပြန်ဖတ် ကြည့် တဲ့ အခါ ကျတော့ အတွေး ပြောင်း သွား တယ်။ တကယ်တော့ ရှေး ကဗျာတွေ ကနေ ရှေး မြန်မာတွေ ရဲ့ ဉာဏ် ရည် ဉာဏ်သွေး ၊ စိတ်နေစိတ်ထား ၊ သဘာဝ အလှ တွေ အပေါ် ခံစားချက်၊ လူနေမှု ဓလေ့ စရိုက် တွေ ၊ စတဲ့ ကိုယ် မသိမမှီ လိုက်တဲ့ ခေတ်ရဲ့ ပုံ ရိပ်တွေ ကို ပြန်လည်ပြီး ပုံဖမ်း ကြည့် နိုင် ခဲ့ တဲ့ အတွက် တော်တော် ကို တန်ဖိုး ကြီး ပါတယ်။

  • Ma Ei

    August 29, 2012 at 1:24 pm

    အင်ကြင်းပန်းလေးတွေလှပသလို
    အင်ကြင်းပန်းကို ဖွဲ့သီထားတဲ့
    စာဆိုလေးတွေကလဲ လှပလိုက်တာ…
    ရှာဖွေ တင်ပြပေးလို့ ကျေးဇူးတင်ပါတယ် ကိုပေါက်ရေ…

  • အဝေးကြီးတော့သွားမရှာရပါဘူး။
    ကျနော်ငယ်ကဖတ်ခဲ့တာလေးတွေပြန်စဉ်းစားပြီး
    ကျနော်အိမ်က စာအုပ်ပုံထဲမွှေလိုက်တော့ထွက်လာတာပါ။
    မမအေးပြောတဲ့ ရာသီဖွဲ့ပန်းးလေးတွေအကြောင်းပြန်ရှာတင်ပေးပါမယ်နော်.

  • မွန်မွန်

    August 29, 2012 at 2:22 pm

    ဝိုးးးးး….ကျေးဇူးအကြီးကြီးပါ လေးပေါက်…
    သမီးလည်း အလက်ကျွတ်လိုက်ပါမယ်….ခက်ဆစ်တွေကို စဉ်းစားရင်းနဲ့ပေါ့…

    ငယ်ငယ်ကတည်းက ကဗျာတွေကို အရမ်းကြိုက်ခဲ့တာပါ။ အထူးသဖြင့် အသံသာပြီး ကာရန်အချိတ်အဆက်ကောင်းတဲ့ ရှေးကဗျာတွေကို ပိုပြီး သဘောကျပါတယ်။ ဆရာရှင်းပြတာကို နားထောင်၊ ကဗျာကို အလွတ်ကျက်လိုက်ရုံနဲ့ စကားပြေဆိုတာကို လက်တန်းပဲ ချရေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
    ပြီးတော့ သရုပ်ဖော်ရေးသားနည်းမှာ အားနည်းတော့ ရာသီဖွဲ့ကဗျာတွေကိုပဲ မြင်ယောင်ပြီး ရေးခဲ့ရတာပါ။

    မမိုချိုပြောသလိုပဲ ငယ်ငယ်က ကျောင်းသားဘဝကိုတောင် ပြန်သတိရမိတယ်။

    ဖတ်ခဲ့တာတွေကို ပြန်စဉ်းစားပြီး စာအုပ်ပုံပြန်မွှေပေးခဲ့တဲ့အတွက်လည်း ကျေးဇူးထပ်တင်ပါတယ်…. 🙂

  • မောင်ပေ

    August 30, 2012 at 1:32 pm

    ကိုပေါက်ရေ ကျွန်တော် ကူးသွားပြီဗျို ့
    ရှေးက ရေးသားပုံတွေကို သေချာမှတ်သားပြီးမှ တစ်ပုဒ်လောက်လိုက်တုကြည့်ဦးမယ်ဗျာ

  • အမေ Mobile (MGZ ပါတီ)

    December 14, 2012 at 11:49 pm

    အင်မတန် ခက်ခက်ခဲခဲစုစည်းထားတယ်လို့ မြင်မိပါကြောင်း
    ကျနော်တို့ကတော့ အလွယ်တကူ ပင်ကူးယူထားလိုက်ပါကြောင်း

Leave a Reply