စင်ပေါ်က စော် — စင်အောက်က ကျွန်တော်
ကျွန်တော်က မန္တလေးက ဆိုတော. မန္တလေးမှာဖြစ်တဲ. အဖြစ်အပျက်လေးတွေထဲက ဘယ်မြို.မှာမှမဖြစ်ဖူးသေးတဲ. အဖြစ်လို. ကိုယ်.ဟာကိုယ် ယူဆထားတဲ. အကြောင်းလေးတစ်ခုကို တင်ပြချင်ပါတယ်။
အဖြစ်က ဒီလိုပါဗျာ—ကျွန်တော်.သူငယ်ချင်း ရန်ကုန်သားတစ်ယောက်နဲ. ပါတ်သက်တယ်။ ရန်ကုန်သား မြန်မာပြည်အနှံ. အလုပ်နဲ. လျှောက်သွားနေရတဲ. လူငယ်တစ်ယောက် ဆိုတော.ကာ လူရည်လည်တဲ. ကျွန်တော်.ရဲ. အပေါင်းအသင်း အချစ်ဆုံးသူငယ်ချင်း တစ်ယောက် လို.ပဲဆိုပါတော.ဗျာ။
တစ်နေ. အလုပ်နဲ. မန္တလေးကို ရောက်လာရော ကျွန်တော.အိမ်ကို အရင်က တည်းတာမဟုတ်ဘူး။ ဒီတစ်ခေါက်မှာတော. ကျွန်တော.အိမ်မှာ လူမရှိတာနဲ. အိမ်မှာ ပဲအိပ်ပါကွာ ဆိုပြီး ကျွန်တော်လည်း ဟိုက ဒီက ဘတ်ထားတဲ. ဘလက်လေဘယ် လေး ရေခဲသေတ္တာ ထဲကထုတ်ပြီး ထောင်မယ်လုပ်တော. ဘသားချောက နေပါဦး ကွာ ငါ အပြင် သွားအုံးမယ်၊ ပြန်လာမှ တွယ်မယ် ဆိုပြီး ထွက်သွားပါလေရော ၊ ဒါနဲ.စောင်.နေရင်းနဲ. မိုးကချုပ် မလာ မလာ နဲ. ဖုန်းဆက်ကြည်.တော. သူငယ်ချင်းတစ်ယောက်နဲ. တွေ.နေတယ် ဆိုတော. အိုကေ ဒါဆို ငါအိပ်ပြီဆိုပြီး ကျွန်တော်လည်း အိပ်ရောဗျာ။
ဖုန်း ကအဆက်မပြတ် မြည်နေတာကြောင်. ကောက်ကိုင်ရင်းနဲ. နာရီ ကြည်.လိုက်တော. မနက် ၃ နာရီကျော်နေပြီ ။ အိပ်ချင်မူးတူးနဲ. ဖုန်းနံပါတ် ကြည်. လိုက်တော.–လား လား– ဒီကောင်— ပြော-သယ်ရင်း ဘာဖြစ်လို.လဲ။ ငါ ကားဝင်းထဲက စင်တင်မှာ ရောက်ပြီး ပြသနာ တက်နေတယ်။ ကျွှဲရိုင်း လေးတစ်ဗူး နဲ. ဘီယာ ၂ ခွက် သောက်ရသေးတယ် ဘေ ရှင်းတော. ပိုက်ဆံ တစ်သိန်းကျော်ရေးထားတဲ. ဘောက်ချာလာပေးနေလို.။ –ဘာ– ပြောတယ် ငါ.ကိုရှင်းအောင် ပြောစမ်းပါကွာ လို. ပြောတော.မှ ကိုယ်တော်က ဒီလိုဇာတ်စုံ ရှင်းပြရောဗျာ။
သူငယ်ချင်းနှစ်ယောက် အပြင်က ရိုးရိုး ဘီယာဆိုင်မှာ ထိုင်သောက်ပြီး အပြန် ကားဝင်းနားက ဖြတ်သွားတော. ဒိုးဒိုး ဒန်.ဒန်. အသံတွေ ကြားတော. ကျွန်တော်တို. သူငယ်ချင်း တွေရဲ.ထုံးစံ အတိုင်း ဝင်ပြီး ၁ ခွက်စီလောက် ကြိတ် လိုက်ကြဦးစို. ရဲ.ဆိုပြီး ဝင်လိုက် ကြတာ — စင်ပေါ်မှာကောင်မလေးတွေ သီချင်း ဆိုတာ နားထောင်ရင်း ကြည်.ရင်းပေါ.လေ။ ဒါနဲ. ဘီယာတစ်ခွက်စီ ကုန်လို. ငါးကင်ကလဲ မှာထားတာ ရောက်မလာ ၊ ခပ်ထွေထွေ ရှိတာနဲ. ကျွှဲရိုင်းလေးတစ်ဗူး မှာသောက်ပြီး စားပွဲထိုးကို ခေါ် ငါးကင်မရရင် မစားတော.ဘူး ဘေသာယူခဲ.တော. လို.မှာတော.စားပွဲထိုးက တစ်သိန်းကျော်တန် ဘေ စာရွက် ယူခဲ.တယ်တဲ.ခင်ဗျာ။
ဒါနဲ. ထုံးစံ အတိုင်း ပြသနာတွေ တက်တော. ဘေစာရွက်မှာရေးထားတာက ဘေဘီဂါဂါ စင်ပြတ် ၁၀၀၀၀ဝ ကျပ် လို.ရေးထားတာ။ ဒါ ဘာရေးတာလဲ လို.မေးတော. ဆိုင်မန်နေဂျာ က မင်းတို. ဘေဘီဂါဂါ ကို စင်ပြတ် ဆုချတယ်လေ ဒါကြောင်. ဘေ များတာပေါ.လို.ပြောတယ်။ ဒီနေရာမှာ စင်တင်သွား ဘူးတဲ. ကိုကို ညီညီ၊ ဘဘ တွေ သိကြမှာပါ စင်ပေါ်မှာ ရှိတဲ. ပန်းကုံး အကုန်လုံးကို ကိုယ်သဘောကျတဲ. အဆိုတော်၊ မော်ဒယ်ကို ဆုချရင် စင်ပြတ် လို.ခေါ်တယ်။ ဒါနဲ. သူငယ်ချင်းက ဘယ် ဘေဘီဂါဂါ လဲ ဘယ်ကောင်မ မှ ဆုမချဘူး ၊ဆိုတော. ဘေဘီဂါဂါ က မန်နေဂျာ ကိုပြောတယ် ဝိတ်တာတစ်ယောက်ပါ ပါတယ် ဒီမျက်မှန်နဲ. အစ်ကိုက (သူငယ်ချင်းကမျက်မှန်နဲ.) ဘေဘီ.ကို စင်ပြတ်ပေးတယ် လို.ပြောတယ် ဆိုတော.၊ သူငယ်ချင်းက ဘယ်မလဲ အဲဒီကောင်မ လို.ပြောတော. သူ.အမေ နေမကောင်း လို.ပြန်သွားပြီလို. ဆိုပြန်ရော။ မင်းတို.ပိုက်ဆံ မရှင်းနိုင်ဘူးကွာလို.ပြောတော. ဝိတ်တာတွေက ဝိုင်းလာပြီး ထိုးမယ် ရိုက်မယ်ဖြစ်ကုန်ရော။
ဒီအခြေအနေမှာ ကျွန်တော်.ဆီကို ဖုန်းဝင်လာတာပဲ ။ ကျွန်တော်လဲငါ လာခဲ.မယ် ဆိုပြီး ဆိုင်ကယ်လေး မောင်းသွားရင်း စဉ်းစားသွားတာပေါ. ဘာလုပ်ရရင် ကောင်းမလဲဆိုပြီး ၊ဆိုင်ကို ရောက်တော. ထိုင်ခုံမှာ မျက်နှာသေ နဲ. ထိုင်နေတဲ. ကိုယ်တော် ၂ ကောင်မြင်ပြီး အကျိုးအကြောင်း ထပ်မေးမိပြန်ရော။ ဆိုင်က လူတွေက သူတို.ကို ပိုက်ဆံမရှင်း ရင် ဘယ်မှမသွားရဘူးလို.ပြောထားတယ်တဲ.။ ဒီအချိန်မှာ ကျွန်တော်. ခေါင်းထဲ အကြံတစ်ခု ပေါ်လာခဲ.တယ်။ အိုကေ ငါ ပြန်လာခဲ.မယ် ဆိုပြီး အားကိုးတစ်ကြီးနဲ. နယ်မြေရဲစခန်း ကိုပြေး၊ တာဝန်ကျ ဒုရဲအုပ် တစ်ယောက် ကို အကျိုးအကြောင်း ပြောပြတော. ရဲက ကျွန်တော်.ကို ခင်ဗျားနဲ. ဆိုရင် အဲဒီဆိုင် အကြောင်း ခုလို ဖြစ်တာကို လာတိုင်တာ ၁၅ ယောက်လောက် ရှိနေပြီလို. ပြောပါလေရော။ ဒါဆို ဆရာတို.က ဘာမှ အရေးမယူ ဘူးလားဆိုတော. ၊ ကျွန်တော် ဒီနယ်မြေကို ရောက်ခါစက အရပ်ဝတ်နဲ. အဲဒီဆိုင်ကို နယ်မြေအခြေအနေ စနည်းနာရင်း ဘီယာလေး တစ်ခွက် သောက်မိပါတယ် ခုခင်ဗျားတို.ကို လုပ်သလို ကျွန်တော.ကို လုပ်လို. အစွမ်းပြခဲ. ရသေးတယ်၊ ခု ကျွန်တော် အဲဒီဆိုင်ကို ဖုန်းဆက်လိုက်မယ် မန်နေဂျာကဘာပြောမယ်ဆိုတာ ကျွန်တော်သိပြီးသား ခင်ဗျားကြားရအောင် စပီကာ ဖွင်.ပြီး ပြောပြမယ် ဆိုပြီး ဆိုင်မန်နေဂျာကို ဖုန်းခေါ်ပြီး ဒီမှာ လာတိုင်နေတဲ. အကြောင်းပြောပါလေရော ၊ဟိုဘက်က မန်နေဂျာက ဘာပြောတယ်မှတ်နေလဲ ကောင်မလေးကို ပန်းကုံး စင်ပြတ် ဆုချတယ်၊နောက်ပြီး အနားကိုခေါ်ပြီးတော. ဟိုကိုင်ဒီကိုင်လုပ်လို. ကောင်မလေးက ရဲတိုင်မယ်လို. ပြောနေလို. သူက မနဲ ချော.မော. ထားရတယ် ဆိုတဲ. အကြောင်း။ သူ. အမေ နေမကောင်းလို. စင်ပြတ် ဆုချတာနဲ. ငွေလေးရပြီး ဆေးလေးကုနိုင်မှာမို. ကျေနပ်လိုက်ပါလို. ပြောထားရတဲ. အကြောင်း ၊တစ်ကယ်လို. ငွေသာ မရနိုင်ရင်တော. မနက်ဆိုရင် ရဲစခန်းမှာ အမှုဖွင်.မယ်ဆိုတဲ. အကြောင်း။ မဖွယ်မရာ ဟိုကိုင်ဒီကိုင် လုပ်တာကို ဝိတ်တာတွေ အကုန်လုံး မြင်တဲ. အကြောင်း။ မဟုတ်က ဟုတ်ကတွေ အကုန်ပြောတော.တာပဲဗျို.။
ဒါနဲ.ပဲ ရဲက ကဲဘယ်လိုလဲ အစ်ကို ၊ခင်ဗျားတို. သူတို.တောင်းသလောက် မပေးရအောင် ဒီည ကျွန်တော်လုပ်ပေးလို.ရတယ်။ ဒါပေမယ်. မနက်သူတို.လာတိုင်ရင် ကျွန်တော်တို.ကလဲ ရဲဆိုတော. ဥပဒေကိုလေးစားတဲ. အနေနဲ. ခင်ဗျားတို.ကိုအရေးယူရမှာပဲ ။ မှန်တာမှားတာက နောက် အရှက်ကွဲမှာက အရင်။ ကဲ ဒီလိုလုပ်ပါဗျာ သူတို.တောင်းတာကိုလျှော.ခိုင်းပြီး ညှိလိုက်ပါဗျာ–လို. အံ့အားသင်.ဖွယ်ရာ အကြံပေးသဗျ။ ဒီအချိန်မှာ သူငယ်ချင်းဆီက ဖုန်းဝင်လာပြီး အင်္ဂလိပ်လိုလှမ်းပြောတယ် သူငယ်ချင်း မင်းမလာနဲ.တော. ။မင်းရဲစခန်းသွားတိုင်လို. ဝိတ်တာတွေက မင်းကို ဝိုင်းရိုက်မလို. စောင်.နေကြတယ်။ ငါနဲ.လဲ ရုံးရင်းဆန်ခတ် ဖြစ်ပြီး သူတို.ထဲက တစ်ယောက်က လက်နဲ. လှမ်းရိုက်လိုက်တာ ငါ.မျက်မှန် ကွဲသွားတယ် ဆိုပြီး ဗမာလိုပြောရင် သိမှာစိုးလို. ဘိုလိုပြောသဗျ။
ကျွန်တော်လဲ သိပ်ပြီး စိတ်ဝင်စားပုံမရတဲ. ရဲ ကို အကျိုးအကြောင်း ပြောပြပြီး သူငယ်ချင်းဆီဖုန်း ပြန်ဆက် ၊ ပိုက်ဆံ ပါရင်လဲ နဲနဲ ညှိပြီး ပေးခဲ.ဖို.၊ မပါရင်လဲ တစ်ယောက်ထားခဲ.ပြီး ကျွန်တော်.အိမ်လာယူဖို. ပြောလိုက်ရတော.တာပေါ.ဗျာ။
တစ်ကယ်တော. ဥပဒေကို လက်တစ်လုံးခြား လုပ်တာလား ၊ ရဲနဲ. ပေါင်းစားတာလားတော. မသိ။ သေချာတာကတော. သူတို. ဂွင်ထဲ ရောက်မှ အပိုင် ချည်ပြီး တုပ်ပြီး ရိုက်တာခင်ဗျ။ ကျွန်တော်.သူငယ်ချင်း ကမှ တစ်သိန်း လောက်ပါသွားတာ ။ ရွှေတောက ရွှေတူးပြီးပြန်လာတဲ. ၄ ယောက်အဖွဲ. တစ်ဖွဲ.ဆိုရင် ၂ရ သိန်းကျော် ၊ လမ်းစရိတ်တောင် မကျန်အောင်လုပ်လွှတ် လိုက်တယ်တဲ.ဗျာ။ စရိတ်လေးတောင်ပြန်မပေးဘူးတဲ.ဗျာ ရိုင်းချက်ကတော.။
ကျွန်တော်.သူငယ်ချင်း ခင်ဗျာ နောက်နေ.လဲရောက်ရော မျက်မှန်လေး သွားပြန်လုပ်ရတာ ကျွန်တော်ကလဲ မအားတာနဲ. တပည်.လေးတစ်ယောက်ကို လူရည်လည် တယ်မှတ်လို. လိုက်ပို.ခိုင်းလိုက်တာ အမေရိကန် ဗွီးရှင်းခေါ်သွားတာ နောက်ထပ် တစ်သိန်းကျော် ထပ် ပြုတ်ပါလေရော ဗျာ။ ဪ -ခက်လိုက်တဲ. တပည်. မင်းနှယ် ဈေးချို တိုက်တန်းကြားထဲ က ကုလား မျက်မှန်ဆိုင်တွေ ခေါ်သွားရင် တစ်သောင်းလောက် ကျမယ်.ဟာ အခုတော. ကျွှဲရိုင်းလေး တစ်ဗူး ၂ သိန်းကျော် လောက်ကြီး ကျသွားပါပကော လို.ကျွှန်တော် စတော. သူငယ်ချင်းမျက်နှာကြီး ရဲလို.။
++++++မှတ်ချက် ++++မန္တလေး ကျွှဲဆည်ကန် ကားဝင်းအတွင်း ယခုအချိန်ထိ ထိုဆိုင် ရှိနေသေးသည်။
18 comments
Hnin Hnin
August 29, 2012 at 3:09 am
– ဒါဆို သူတို့က မျက်နှာစိမ်းတွေပဲ ရွေးပြီးဂွင်ဆင်မှာပေါ့။ ဒါမှ ဟိုလူတွေနဲ့လည်း ဂွင်ညှိလို့ရမယ်။
ပုံမှန်လာနေကျလူကို အဲလိုဂွင်လုပ်လို့မှ မရတာ။ အဲဆို ဆိုင်ပိတ်ပြီပဲ။ လူတွေက ကြောက်စရာနော်။
အမေ Mobile (MGZ ပါတီ)
December 14, 2012 at 11:34 pm
အဲဒီလိုဆိုင်မျိုး ရောက်ဖူးချင်လှတယ်။ မဟုတ်တာလုပ်စားရုံတင်မက ထပ်ဆင့်အကယ်ဒမီ
ကလိမ်ကကျစ်က ထလုပ်ချင်သေးတယ်။ ဒါပေမယ့် ပြောလို့သာပြောရ သိပ်တော့မပြောရဲဘူးဗျ
သူတို့က အကပ်ကောင်းတယ် ဘိုစိုရင်လဲ လာထား ဘေားစီ့ဆိုရင်လဲလာထား ကပ်ပီးသား
မြန်မာနိုင်ငံမှာ ရာထူးရှိ၊ ပိုက်ဆံရှိတဲ့ နှာပူးတွေက ခပ်များများဆိုတော့ ပြောကိုမပြောချင်တော့ပါဘူးကွယ်
လူငယ်တွေ ကိုယ့်ဖာသာတာ လွတ်အောင်ရှောင်ကြပါတော့…..
kai
August 29, 2012 at 3:49 am
အဲဒီလို အရှေ့တောင် အာရှနိုင်ငံတွေတော်တော်များများမှာ ဖြစ်တတ်ပါတယ်…
နိုင်ငံတကာ လုပ်နည်းတွေပေါ့…
ဆိုတော့..
မြန်မာပြည်မှာ.. လူမိုက်ဂိုဏ်းတွေ.. ပေါ်လာဖို့အချိန်နီးကပ်လာပြီဖြစ်ကြောင်း… 🙂
အခြေအနေ..အချိန်အခါ.. တောင်းဆိုနေပြီဖြစ်ပါကြောင်း…
P chogyi
August 29, 2012 at 9:25 am
kai မြန်မာပြည်ပြန်လာပြီး လူမိုက်ဂိုဏ်းခေါင်းဆောင်လုပ်ပါလား။
ပစ်ပစ်ချန်
August 29, 2012 at 11:43 am
သဂျီးပြောသလိုဆို ဒုစရိုက်မြို့တော်တွေဘာတွေ ဖြစ်လာမှာလားဟင်င်င် 🙄
ကိုဂီက ဟိုမှာယာကူဇာလုပ်နေတာဆိုတော့
ဒီပြန်လာရင် သူ့ကို ဂိုဏ်းတစ်ဂိုဏ်းထောင်ဖို့ ချွန်တွန်းလုပ်ဦးမှပဲ
Inz@ghi
August 29, 2012 at 11:48 am
အခု ဘော ဂိုဏ်းထောင်ထားတယ်လေ …
ဘောပန် လေးရဲ့ …
bigchef
August 29, 2012 at 5:28 am
ဘီယာသောက်ရင်လည်းကြည့်သောက် မူးရင် bill ထဲမှာခွက် တိုးထားတဲ့ဆိုင်တွေလည်းရှိတယ်.ကျတော်ဆို ဘယ်တော့မှ စင်တင်မှာမသောက်ဘူး.မျက်စိနောက်လို့.
ကထူးဆန်း
August 29, 2012 at 6:46 am
ဆိုင် နံမည်လေး ပါ တင်လေဗျာ .. ကိုတုတ်ကြီး ကိုတော့ ဘယ်သူမှ လာရိုက်မှာ မဟုတ်ပါဘူး .. ဘယ်နားနေမှန်း မသိလို့ .. 😀
မောင်ပေ
August 29, 2012 at 7:47 am
ကားကွင်းကဆိုင် က မဟာမြိုင်ထဲကဆိုင်ရယ်နဲ့က ပိုင်ရှင်တူ မတူတော့မသိဘူး ။ စနေ တနင်းဂနွေ ဆိုရင် ၂ဆိုင်လုံးကဆော်တွေ ကားကွင်းကဆိုင်မှာ သီချင်းဆိုပြိုင်ကြရတယ် ဆိုလားပဲ
ကြားဖူးတာပြောပါတယ်
ကိုတုတ်ကြီး ဇါတ်လမ်းကတော့ အခုမှကြားဘူးတယ်ဗျ
မွန်မွန်
August 29, 2012 at 10:11 am
သွားချင်ဦးဟဲ့ စင်တင်၊ သောက်ချင်ဦးဟဲ့ ဘီယာ.. ပေါ့။ ဘာပဲပြောပြော သွားမိတဲ့ ငါ့အမှား လို့သာ မှတ်လိုက်ပါတော့။ 🙂
Khaing Khaing
August 29, 2012 at 10:37 am
ကြောက်စရာကောင်းတဲ့ စီးပွားရှာနည်းပါလာနော် …… မဟုတ်တာလည်းလုပ်သေးတယ် မဟုတ်တာကိုထပ် လုပ်တယ် …….. ကျွဲဆည်ကန်ဆိုတော့ အခုအဝေးပြေးကားဂိတ်အသစ်ပေ့ါနော် ……….. ဟိုတစ်လောက မန်းတလေးကပြန်တော့ အဲဒီကားဂိတ်ကပဲ ပြန်လာခဲ့တာ ….. ထင်တာတော့ ရဲတွေနဲ့ပါပေါင်းစားထားတာ ဖြစ်မယ် ….. ရဲတွေကလည်း ဒါမျိုးလုပ်တာသိသိကြီးနဲ့ လွတ်ထားတာဆိုတော့ …….. ဒီလိုကိစ္စမျိုးကို လူတွေ တွင်တွင်ကျယ်ကျယ်သိအောင်ကို လုပ်သင့်တယ် ……….
Shwe Ei
August 29, 2012 at 12:39 pm
သူတို့နှပ်ချတိုင်းခံမဲ့လူနဲ့ချည်းတွေ့နေတယ်ဆိုရင်တော့ ဒီဆို်င်အတော်ကံကောင်းတာဘဲ။
သောက်နေကျ ဖောက်သည်တွေဘာတွေကတော့သိမှာပေါ့။ သက်သေလုပ်လဲ အကျိုးမထူးလို့မလုပ်တာဖြစ်မယ်။
ထိပ်တင် တုတ်ကြီး
August 29, 2012 at 1:05 pm
ဆိုင်နာမည်က ဂီတမြို.တော်(Music City) ပါတဲ.ဗျာ။ နယ်က မျက်နှာစိမ်း ဆိုရင် သေချာပေါက် ခံရပြီပေါ.ဗျာ။ ကျွန်တော် စင်တင်တွေ ခဏခဏ သွားဖူးပါတယ်။ စင်တင်လောကမှာ လက်ရှိလုပ်နေတဲ. သူဌေးတွေ၊ မန်နေဂျာ တွေကို အဲဒီ ညမှာပဲ လှမ်းမေးတော. သူတို.လဲ ဒါမျိုး မကြားဖူးကြဘူး လို. ပြောတယ်။ မန္တလေး မှာ အဲဒီဆိုင်တစ်ဆိုင် ပဲ လုပ်နေတာဗျာ။ ကထူးဆန်းရေ တစ်ယောက်ချင်းဆိုရင်တော. မကြောက်ပေါင်ဗျာ ထိပ်တင်တုတ်ကြီးနဲ. တွေ.သွားမပေါ.။ ဝိတ်တာတွေ အယောက် ၂ဝ လောက် ဆိုတော.ကာ ထိပ်တင်တုတ်ကြီး လဲ ဂျက်လီ မှ မဟုတ်တာနော။
ကထူးဆန်း
August 29, 2012 at 1:58 pm
မျက်နှာ မစိမ်းရအောင် အရောင်ခြယ်သွားမှ .. 😀
ကျေးကျေးပါ ကိုထိပ်တင်ရေ .. နံမည်လေး သိတော့ ဝေငှ ရတာပါ့ ။
တစ်ကယ်တော့ သူတို့လည်း မထိုးကြိတ်ရဲပါဘူး . ရန်ဖြစ်တာ နဲ့ အပိတ်ခံရမဲ့ ကိစ္စ ။ ဆိုင်တွေက အတတ်နိုင်ဆုံး ရှောင်ကြပါတယ် ။ လူသတ်မှု့ဖြစ်လို့ကတော့ ဘယ်လောက်ပိုင်တယ်ပြောပြော အပိတ်ခံရတာဘဲ ဆိုတော့ ဆိုင်တွေက ထိုးကြိတ် ရန်ဖြစ် မခံရဲကြောင်းပါ ။ အဲ့ဒါကို အခွင့်ကောင်းပြန်ယူပြီး မှုးယစ် ရမ်းကားသော ပုဂ္ဂိုလ်များက ပိုများပါကြောင်း ။ ပိုက်ဆံ မပေးရခင်မှာ ဝိတ်တာကိုခေါ် အဲ့ဒီကောင်မ အနားခေါ်ပေးစမ်း ဆို ၊ ဝိတ်တာက ဆိုင်စည်းကမ်းအရ ပန်းကုံးဘယ်လောက်ချမှ ထိုင်လို့ ရမယ် ပြော၊ ဒီလောက်ကသောက်ဂရုမစိုက်ဘူး ။ စင်ပြတ်တောင် ချနိုင်သေး ။ ပေးလိုက်စမ်း ပြောလိုပြော ။ ဘီလ်လာတော့မှ အမှုးပြေပြီ သူငယ်ချင်း ရေ ငါ့ ကို ဝိတ်တာတွေ ဝိုင်းထားပြီဆိုပြီး အော်ကြတာ များကြပါကြောင်း ။
တကယ်တော့ ဆိုင်က မှုးနေမှန်းသိလို့ ဘီယာဂျားဖိုး မှားချင်ယောင်ဆောင် ပိုတောင်းတာက လွဲရင် သိပ်မလုပ်ရဲပါဘူး ။ ဝိုင်းလာပြီး ဖြဲပြ ခြောက်ပြကြပေမဲ့ တကယ် မလုပ်ရဲပါဘူး ။
ဒါကြောင့်မို့လဲ ကိုထိပ်တင်ပြောသလို သူဌေးတွေ မန်နေဂျာတွေက မကြားဖူူးကြတာပေါ့ ။
mocho
August 29, 2012 at 2:08 pm
ဂိုဏ်းဖွဲ့ ပြီး လိမ် စားတဲ့ ၊ မိုက်ကြေး ပါ ခွဲတဲ့ သူတွေ ပါလား ။ ရဲနဲ့ ပေါင်း စား တာသေချာပါတယ်။ ခု လို ဆိုင်နာမည် နဲ့ တိတိ ကျကျ သိရတာကောင်း ပါတယ်။ နောက် လူတွေရှောင် လို့ ရ တာပေါ့။ စင်တင် သွား ရ မှာ အပန်း ပြေ မယ်လို့ ထင် တတ် ကြတဲ့ ကိုကို တွေ အတွက် သင်ခန်း စာ ရစရာ ပါ ။
YE YINT HLAING
August 29, 2012 at 4:19 pm
စင်ပေါ် ကစော် — စင်အောက်မှာက အစော်ခံရမဲ့သူ တွေပေါ့ ! ဂွင်ဆင် ပြီး ဓားမြ တိုက်တာပါလား !
ဦး ဂျစ်
August 29, 2012 at 7:33 pm
အင်း … လူမိုက်ဂိုဏ်းဖွဲ့ပြီး မှ ဒင်းတို့ဆီကို သွားမှ ဖြစ်တော့မယ် …:mrgreen:
Htoo thin
August 29, 2012 at 7:36 pm
ဆိုင်နာမည်ပြောဗြ ရဲရော ဆိုင်ပါ အပိတ်ဘဲ အတိအကျပြေဗြ ဒီလိုမျိုးဆိုင်နဲ့ ရဲလည်း တွေလဲ ရိုက်စားတာ မြန်မာပြည်မှ သေနတ်ဆိုင်ဖွင်လာလိမ့်မယ်……..ဦးဆိုင်တို့လေ