Money Make Online

pioneer youthAugust 29, 20121min19213

အွန်လိုင်းပေါ်မှာ တနည်းအားဖြင့် အင်တာနက်ကို အကျိုးရှိရှိအသုံးချပြီး  ဝင်ငွေရှာလိုသူများအတွက် ကျနော်ဖတ်မှတ်ထားတဲ့ အရာတွေ၊  လက်တွေ့လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေ ၊ အလားလာတွေ ရှောင်ရန်  ဆောင်ရန်တွေနဲ့ ပတ်သက်လို့ စိတ်ဝင်စားသူတွေကို  ထပ်ဆင့်မျှဝေပေးပါမယ်။ကျနော်တို့မြန်မာနိုင်ငံသားတော်တော်များများက  အင်တာနက်နဲ့ ရင်းနှီးတာ ကာလသိပ်မကြာသေးပါဘူး..တော်တော်များများ  သိထားတာက…အင်တာနက်ဆိုတာ ဖျော်ဖြေရေးနဲ့ ဆက်သွယ်မှု့ အရာ..ပညာရပ်များ  သိချင်တာများကို လေ့လာနိုင်သောအရာ ဒီလောက်ပဲသိထားကြပါတယ်။  အင်တာနက်ကိုအခြေခံပြီး ဝင်ငွေဖန်တီးလို့ရတယ်ဆိုတာ  သိသူတော်တော်ကိုနည်းပါတယ်။ သိတဲ့သူများကလည်း ထပ်ဆင့် မမျှဝေနိုင်ကြဘူး။  အင်တာနက်မှတဆင့် ဝင်ငွေရှာခြင်းနဲ့ တလဝင်ငွေ ဒေါ်လာ သုံးသောင်းလောက်ထိဝင်တဲ့  မြန်မာတွေရှိပါတယ်..။ ငွေရှာနည်းနဲ့ပတ်သက်လို့ပြောရရင်တော့  အများကြီးရှိပါတယ်လို့ပဲပြောပရစေ…တဆင့်ချင်းကျနော်ဖတ်မှတ်လေ့လာထားတာတွေသုတေသနပြုထားတာတွေလက်တွေ့လုပ်ဆောင်နေ တာတွေကို  ရေးပေးသွားပါမယ်။ ဒီနေရာမှာလိုအပ်ချက်များရှိနေရင်လည်း သိရှိနေသူများမှ  ဝိုင်းဝန်းထောက်ပေးပါ..အကြံပြုပါ ၊ကျနော် တစ်ယောက်ထဲ အားနဲ့ မလုံလောက်ပါဘူး  ၊ ကျနော်တို့ အားလုံးပေါင်းစုပြီး ကိုယ့်နိုင်ငံသားတွေ တိုးတက်ရေးအတွက်  မိမိတို့တတ်နိုင်သလောက် အကူညီပေးခြင်းဟာ ကုသိုလ်လည်းရ ဝမ်းလည်းဝပါတယ်။
ကျနော်ယုံကြည်ထားတာ ပညာရပ်တခုကို လက်ဆင့်ကမ်းတယ်ဆိုတာ  သောက်ရေအိုးထဲက ရေကိုခပ်ပေးလို့ ကုန်သွားတာမျိုးမဟုတ်ပါဘူး ၊ ဖယောင်းတိုင်  တစ်တိုင်က တတိုင်ကိုမီးကူးပေးလိုက်ခြင်းမျိုးပါပဲ မီးတောက်တွေများလာလေ  အလင်းတွေထိန်လာလေပါပဲ။ ဒီနေရာမှာ တခုကြိုပြောထားခြင်းတာက ကျနော်  ဒီအကြောင်းရာများကိုရေးသားတင်ပြခြင်းသည် လူတတ်လုပ်လိုသောစိတ် ၊  ဆရာကြီးလုပ်လိုသောစိတ် အလျှဉ်းမရှိဘူးဆိုတာ ယုံပါ။  မိမိမရောက်ဘူးသေးသောအရပ်ဒေသမှာ လမ်းမသိလို့ ရောင်ချာချာဖြစ်နေသူကို  လမ်းညွှန်လိုက်ပို့တဲ့ အဆင့်ပဲဖြစ်ပါတယ်။ အချိန်ရရင်ရသလောက်  ဆက်တိုက်ရေးပေးသွားပါ့မယ်။
အွန်လိုင်းပေါ်မှာငွေရှာနည်းနဲ့ပတ်သက်လို့ အခက်အခဲရှိနိုင်တာတွေရှိပါတယ် ၊  ဒါတွေကိုတော့ အချိန်ယူ သီးခံရင်းနဲ့ပဲ..ကျော်လွှားရမှာဖြစ်ပါတယ်။ကျနော်ဆက်တိုက်ရေးပေးမဲ့ဆောင်းပါးများနှင့်ပတ်သက်လို့မယုံကြည်တာပဲဖြစ်ဖြစ်…အပျက်မြင်ပဲဖြစ်ဖြစ်ရှိခဲ့မယ် ဆိုရင်..ဒီနေရာမှာပဲ..ရပ်လိုက်ပါ ဆက်ဖတ်နေရင် မျက်စိညောင်းပါတယ်…။                   အောင်မြင်မှု့ဆိုတာ..ယုံကြည်စွာ စိတ်အားထက်သန်တဲ့သူတွေအတွက်သာဖြစ်တယ်။
ဝက်ဆိုဒ် ၊ ဘလော့ များကိုအသုံးပြ ငွေရှာခြင်း    ကျနော့်ဆီကိုအီးမေးလ်၊မက်ဆေ့တွေကတဆင့်သူတို့သိချင်တဲ့ အကြောင်းအရာတွေကို  ရေးပေးဘို့ တောင်းဆိုထားတာတွေရှိပါတယ်..ဥပမာ အွန်လိုင်းပေါ်မှာ  ဘယ်လိုဈေးရောင်းမလည်း ၊ ဝက်ဆိုဒ် ဘလော့များနှင့် ဘယ်လိုငွေရှာမလည်း  စတာတွေပေါ့..ဒီနေရာမှာ အရင်ဆုံးအနေနဲ့ ဝက်ဆိုဒ် ဘလော့များနှင့်  ငွေရှာနည်းကို အရင်တင်ပြပေးပါ့မယ်။      အင်တာနက်(သို့)အွန်လိုင်းနဲ့ငွေရှာဘို့မရှိမဖြစ်ရှိရမဲ့  အရာတွေရှိပါတယ်..ဒါတွေမရှိသေးဘူးဆိုရင်တော့ ဗဟုသုတအဖြစ်မှတ်သားထားပြီး  အဆင်ပြေလာတဲ့ အချိန်မှာ အဆင်သင့်ကောက်လုပ်လို့ရပါပြီ..။
မရှိမဖြစ်ရှိနေရမည့်အရာများ
( ၁ ) အင်တာနက်ဆက်သွယ်ရေးရှိရပါမယ် ( speed အမြန် အနှေး ကိစ္စမရှိပါ )။ ( ၂ ) ဘဏ် အကောင့် ရှိရပါမယ်။ ( ၃ ) အချိန်မရွေးဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်ရှိရပါမယ်။အီးမေးလ် အကောင့်ရှိရပါမယ်။ ( ၄ ) သေချာတဲ့ နေရပ်လိပ်စာ ရှိရပါမယ်။ ( ၅ ) ငွေကြေး တစုံတရာစိုက်ထုတ်နိုင်မှု့ရှိရပါမယ် ( အရင်းအနှီး မများပါ ) ( ၆ ) အင်္ဂလိပ်လို အထိုက်အားလျှော်စွာ ရေးတတ်၊ ဖတ်တတ်ရှိရပါမယ်။ (  ၇) အမေရိကန်မှာနေထိုင်သူဆိုရင်တော့ တရားဝင်နေထိုင်ခွင့်ရှိသူဖြစ်ရပါမယ်။  Tax ID ရှိရပါမယ်။ Good     Credit ရှိသူများအတွက်  အခွင့်အလမ်းကောင်းတွေများပါတယ်။         အထက်ဖော်ပြပါ အချက်များမှ (  အမေရိကားမှာနေထိုင်သူများ အတွက် မှတပါး )  ကျန်နိုင်ငံများမှာနေထိုင်သူများအတွက် ဖော်ပြပါ အချက်  ခြောက်ချက်ပြည့်စုံရန်လိုပါတယ်။     ဝက်ဆိုဒ်၊ဘလော့ဖြင့်ငွေရှာခြင်းဆိုတာ..မိမိဝါသနာပါရာ၊ယုံကြည်ရာ  အကြောင်းအရာများကို ရေးသားတင်ပြရင်း..ခင်ဗျားတို့ဆိုဒ်တွေဟာ  အထိုက်အားလျှော်စွာလူဝင်ကြည့်တာများလာပြီဆိုကြော်ငြာများတင်လို့ရပါပြီ….။ကျနော်တို့မြန်မာနိုင်ငံသားဝက်ဆိုဒ်ဘလော့ပိုင်ရှင်အများစု ကကြော်ငြာဆိုတာနဲ့မြန်မာပြည်ကကြော်ငြာတွေကိုပဲပြေးပြေးမြင်တတ်ပါတယ်…။အဲဒီကြော်ငြာတွေတင်မကပါဘူး နိုင်ငံတကာမှာရှိတဲ့ ကြော် ငြာများကိုလည်းထဲ့သွင်းနိုင်ခြင်းဖြင့်ဝင်ငွေရှာလို့ရပါတယ်။နောက်တခါဝက်ဆိုဒ်ဘလော့များကိုဖန်တီးရာမှာလည်း…သတင်းကဏ္ဍလောက်ကိုပဲ   အာရုံစိုက်တတ်ကြတယ်..လုပ်လို့ရတာတွေအများကြီးရှိပါသေးတယ်…။ဥပမာ…အတတ်ပညာနဲ့ပတ်သက်တဲ့ဆိုဒ်တွေတည်ဆောက်လို့ရပါ တယ်…ဓါတ်ပုံ  ၊ ဗွီဒီယို ၊ ဂိမ်း ၊ ကားပြင်နည်း ၊ကွန်ပြူတာနည်းပညာ၊ စသဖြင့်ပေါ့  အများကြီးပါ….။ ကိုယ်အားသန်ရာ စိတ်ဝင်စားရာ ကျွှမ်းကျင်ရာ  တခုကနေစလုပ်လို့ရပါပြီ။                          ကြော်ငြာဖြင့်ဝင်ငွေရှာဘို့ ဝက်ဆိုဒ် ဘလော့များအနေဖြင့် မရှိမဖြစ် မလုပ်မဖြစ်အရာတွေရှိပါတယ်။ ဒါတွေကတော့……..။ ( ၁  ) ဝက်ဆိုဒ် ဘလော့များဟာ အင်တာနက်ပေါ်မှ အခမဲ့ယူထားတဲ့ အရာတွေမရပါ။ (  ၂ ) အထဲတွင်ပါဝင်သော အကြောင်းရာအများစုဟာ တခြားသူများဆီမှ  မိတ္တူကူးဖော်ပြထားခြင်းမျိုးကို လက်မခံပါ ( နည်းနည်းပါးပါး ရပါတယ် )။  မူအရပြောတာ..နိုင်ငံသားတွေညီရင် ရတာတွေရှိတယ်။ ( ၃   ) သက်တမ်းအားဖြင့် ခြောက်လ အနိမ့်ဆုံးရှိရပါမယ်။ (  ၄  ) တလကို အနိမ့်ဆုံး page view ငါးသောင်း ၊ Hit ( သို့မဟုတ် )  Impression နှစ်သိန်းကျော်ရှိရပါမယ်။ လူဦးရေ ဝင်အားနဲ့ ခန့်မှန်း  အတိအကျမဟုတ် ( လူတစ်ထောင်လောက်နေ့စဉ် ) ဝင်ရင် ကြော်ငြာလက်ခံပေးနိုင်ပါတယ်။
ဝန်ခံချက်။       ။ ကျနော် ကွန်ပြူတာ အင်တာနက်နည်းပညာမကျွှမ်းကျင်ပါ…ဒါ့အတွက် တချို့အခေါ်အဝေါ်များ မှားရင်ပြင်ပေးပါ။
ဝက်ဆိုဒ် ဘလော့များတည်ဆောက်ခြင်း
ဝက်ဆိုဒ် ဘလော့များတည်ဆောက်ရာမှာ အခကြေးငွေပေဝယ်ရပြီး ဒိုမိန်း ကိုမှတ်ပုံတင်ထားရပါတယ်။ပြသနာတခုက ဘာလည်းဆို တော့ကျနော်တို့ အများစုက ဝက်ဆိုဒ် ဘလော့ တည်ဆောက်ခြင်းနည်းပညာတွေမတတ်ကျွှမ်းတာများပါတယ်။ဒီအတွက် အခက်အခဲတွေ တလှေကြိးနဲ့ကြုံရပါတယ်…သို့သော် ဒါ့အတွက် ပူစရာမလိုတော့ပါဘူး ဝက်ဆိုဒ်များကို လွယ်လွင့်တကူ ( ကွန်ပြူတာ အင်တာနက်နည်း ပညာ အရမ်းကျွှမ်းကျင်စရာမလိုပဲ တည်ဆောက်နိုင်တဲ့ ကုမဏ္ဍီတွေရှိပါတယ်။ ) ကျနော် စပြီးဝက်ဆိုဒ်ကို တည်ဆောက်တော့ အဆင်မပြေ ပါဘူး ဝက်ဆိုဒ် ကုမဏ္ဍီ ( ၃ ) ခုပြောင်းလိုက်ရပါတယ် ၊ နောက်ဆုံး ကုမဏ္ဍီကြမှ ကောင်းကောင်းအစဉ်ပြေသွားပါတယ်။ ဝက်ဆိုဒ်ကို စတင် တည်ဆောက်တော့မယ်ဆိုရင်  ပျှမ်းမျှကုန်ကျစရိတ် ဒေါ်လာ ၁၀ဝ ကျော်တော့ရှိပါတယ်။ လစဉ်ကတော့ ပျှမ်းမျှ  ငါးဒေါ်လာကနေ  ၁ဝဒေါ်လာကြားထဲလောက်ရှိပါမယ်(ကိုယ်ကလုပ်ဆောင်ချက်တွေအများကြီးမထဲ့ဘူးဆိုရင်အဲဒီလောက်ငွေနဲ့ရပါတယ်။)  ခြောက်လလောက် အတွင်း ဒီငွေကို ရင်းနှီးမြှုတ်နှံနိုင်ဘို့တော့လိုပါတယ်။         အခု ကျနော် အသုံးပြုနေတဲ့ ဝက်ဆိုဒ် ကုမဏ္ဍီက တော်တော်ကောင်းပါတယ် ဈေးကတော့ တခြားကုမဏ္ဍီထက်စာရင် နည်းနည်းများ သလိုရှိပေမဲ့  လုပ်ဆောင်ချက်တွေက အရမ်းလွယ်ပါတယ် အကောင်းဆုံးကတော့ ဝက်ဆိုဒ်  တခုခုဖြစ်လို့ ဆက်သွယ်မယ်ဆို customer service ကအရမ်းကောင်းတယ်  ချက်ချင်းတုန့်ပြန်တယ် ဖြေရှင်းပေးတယ် ဒီ ကုမဏ္ဍီပါ  အောက်မှာဖော်ပြပေးထားပါတယ် ကလစ်ဝင် ရောက်ပြီးလေ့လာကြည့်လိုက်ပါ  အရင် အသုံးပြုခဲ့တဲ့ ဝက်ဆိုဒ် ကုမဏ္ဍီ နှစ်ခုမှာ အဆိုးဆုံးက customer  service ပါပဲ တခုခုဖြစ်လို့ ဆက်သွယ်မယ်ဆို တခါတလေ ၂၄နာရီနဲ့တောင်  အကြောင်းမပြန်ပါဘူး။

affiliate_link
ဝက်ဆိုဒ် နည်းပညာအရမ်းသိဘို့မလိုပါဘူး သူ့ထဲမှာ အလွယ်တကူတည်ဆောက်လို့ရတဲ့ လုပ်ဆောင်ချက်တွေ ပါဝင် ပါတယ်။ ဝက်ဆိုဒ်တည်ဆောက်ဖို့ အလွယ်ဆုံးလုပ်ဆောင်နိုင်ပါတယ်။ ဝက်ဆိုဒ်ကို ဘယ်အကြောင်းအရာတွေနဲ့ ဘယ်လိုတည်ဆောက်မယ် ဆိုတဲ့ အယူအဆကောင်းကောင်းရပြိဆို စတင်လည်ပတ်ပါ။                    အထက်ဖော်ပြပါအတိုင်းလုပ်ဆောင်ပြီးရင်..မိမိရဲ့ဆိုဒ်ကိုလူတွေစိတ်ဝင်စားအောင်Social   Media Network တွေမှာတင်ပါ ( facebook , Twitter ) တို့မှာတင်ပါ။  ဝက်ဆိုဒ်  သက်တမ်း ခြောက်လ အကျော်မှာ ကျနော် အထက်မှာဖော် ပြခဲ့သလို…အရည်အသွေးများပြည့်စုံပြီဆိုရင်တော့   ကြော်ငြာတင်ဘို့ ကမ်းလှမ်းလို့ရပါပြီ။ ကြော်ငြာ နဲ့ပတ်သက်လို့   အမျိုးမျိုးရှိပါတယ်။ခေတ် အစားဆုံး အရာတွေကိုပြောပြပါမယ်။                 – Google Adsense                 – ကြော်ငြာ ကုမဏ္ဍီများကို မှတ်ပုံတင်ဝင်ရောက်ပြီး မိမိဝက်ဆိုဒ်ကို ရောင်းရပါတယ်။ ရောင်းတယ်ဆိုတာ ကြော်ငြာတင်ဘို့                   ဈေးကွက်မှာရောင်းရတာကိုပြောတာပါ။မိမိဆိုဒ်ဟာ လူဝင်များရင်များသလို ငွေပိုရပါတယ်။မိမိဝက်ဆိုဒ်မှာ ကြော်ငြာထဲ့ချင်                      တဲ့ အပိုင်း၊ အကန့် ၊ အကွက်မှာ ( Advertise Here )   ဆိုပြထားရပါတယ်…ကြော်ငြာ ပုံသဏ္ဍန်အမျိုးမျိုး ဆိုဒ် အမျိုးမျိုး                    ရှိပါတယ်…သူ့ဟာနဲ့သူဈေးကွာခြားပါတယ်။ ဖော်ပြပါလင့်ကိုကြည့်လိုက်ပါ ကြော်ငြာထဲ့သွင်းဘို့ပေးထားတာကိုတွေ့ရပါ                    လိ်မ့်မယ်။

13 comments

  • ရွှေ မင်း သား

    August 30, 2012 at 8:26 am

    စေတနာ နဲ့ မျှဝေပေးတဲ့ အတွက် ကျေးဇူး ပါ အကိုရေ…
    ကျနော် မသိသေးတာလေးတွေ သိခွင့် ရလို့ ထပ်ပြီး ကျေးဇူးတင်ပါတယ်။
    နောက်ထပ် အွန်လိုင်း အကျိုးရှိအောင် အသုံးပြုနည်းလေးတွေ ထပ် ပြောပေးစေချင်ပါတယ်။ အားပေးနေမယ်…
    သိချင်တာလေး မေးချင်ပါတယ်။ ပစ္စည်း တစ်ခု ရှာမယ်ဆိုရင် alibaba ဆိုဒ် ထဲ ရောက်ရောက်သွားတယ်။
    အဲဒီ အကြောင်းလေး နည်းနည်းလောက် ရှင်းပြပေးပါလား။

    • Htoo thin

      August 30, 2012 at 9:21 pm

      အင်းဖတ်နေပါတယ် တခုရှိတာတော့ လက်ကား ရောင်းတာလိုမြင်ပါတယ် တခုချင်းဝယ်လို့ရမရ ဆက်ဖတ်ပးပြီးရေးပေးပါမယ် ရွှေမင်းသားရေ

  • ရွှေ ကြည်

    August 30, 2012 at 4:48 pm

    ဖတ်ရှုမှတ်သားသွားပါတယ်ရှင့်။
    ရွှေကြည်အင်တာနက်အကြောင်းသိပ်မသိသေးဘူး အရင်ကဆိုမေးလ်ပဲသုံးတာ။ အခုတော့ရွာထဲမှာပျော်နေပါတယ်။
    အခုတော့ ဒီရွာသူားတွေကျေးဇူးနဲ့တော်တော်လေးတော့တီးမိခေါက်မိရှိသလိုလို 😀
    မျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါကြောင်း။

  • Htoo thin

    August 30, 2012 at 9:20 pm

    ကျွန်တော်ရေးပြစရာတွေအများကြီးရှိနေပါသေးတယ် ဘာတွေကိုကြိုက်တာလဲဆိုတာ ကွန့်မန်လေးပေးစေချင်ပါတယ်
    alibaba အကြောင်းကိုဖတ်နေပါတယ် ပြီးရင်ရေးပေးမှာပါနော်…။

  • kai

    August 31, 2012 at 12:44 am

    ကျုပ်နားလည်သလောက်.. ဂိုဂယ်ရဲ့.. AdWords/AdSense က မြန်မာပြည်နဲ့မဆိုင်ဘူးဗျ..။
    ငွေပေးငွေယူလုပ်လို့မရသလို.. မြန်မာစာတွေကိုလည်း.. သူတို့အသိအမှတ်မပြုဘူး..

  • Htoo thin

    August 31, 2012 at 3:37 am

    ကျုပ်စာလဲသေချာဖတ်ကြည့်ပါဦး မြန်မာလိုရေးရမယ်လို့ပါလို့လားဗျာ..?

  • Htoo thin

    August 31, 2012 at 3:41 am

    ဘာကိုဆိုလိုချင်တာလဲ လာပြီး ဗလာချည်ကြီး လာနီနေသေးတယ် ဘာမှလဲ ပြနာဟုတ်တာလဲ မဟုတ်ဘဲနဲ့ ရီုင်းလိုက်တာ ..ကွာဖြစ်ချင်တာကိုစာနဲ့ရေးပြောလက်ခံမယ် လာနီတာနဲ့တော့ နားမလည်နီုင်ဘူး

  • Htoo thin

    August 31, 2012 at 3:44 am

    မြန်မာပြည်နဲ့ ဆို်င်တာက ကြော်ညာတွေတော့ ကလစ်လိုရပါတယ်ဗျ မြန်မာပြည်ကလုပ်ရမယ်လိုလဲ မရေးထားးဘူုးဗျာ ကြည့်လဲ လုပ်ပါဦး ဦးအမေကြီးကားရေ…။

  • Htoo thin

    August 31, 2012 at 3:55 pm

    အလကား ဂျပန်ခောတ်တွေမှာ ယောင်ဖါးနေတတ်တဲ့လူတွေလို ဂေဇက်မှာလဲ အတီပေးပြီး ဂေဇက် ကလူတွေကိုဖွါးနေတာ ရှက်တတ်ရင် ပြန်ဏဉ်းစားကိုလုပ်တာ

  • Mလုလင်

    August 31, 2012 at 11:31 pm

    ပိုစ့်ပိုင်ရှင် ရေ … အနီ အစိမ်း တွေကို စိတ်ထဲ သိပ်မထား ပါနဲ့ လားဗျ … ကိုယ်မန့်ချင်တာကို သာ မန့် ပါ။ ကိုငှက်ကြီး ရဲ့ ပုံကို တော့ လေးစား တယ်ဗျို ့ …။

  • kai

    September 1, 2012 at 1:26 am

    ကျုပ်ရေးတာက.. ကိုရင့်ပို့စ်ကို ..အားဖြည့်ပေးတာပါ..။
    မြန်မာပြည်တွင်းကလူတွေ.. အွန်လိုင်းကနေ ငွေရှာမယ်ဆို.. ဂိုဂယ် AdWords/AdSense ကနေ ငွေရဖို့အတွက်.. အကောင့်ဖွင့်လို့မရဘူးဆိုတာ… အသိပေးတာပါ..။
    ကျုပ်သိတာလေး.. ဝင်ဖြည့်ပေးတာပါ..။
    ကိုရင်က.. အမေရိကားနေတော့.. မသိသေးဘူးထင်လို့လည်း ပါပါတယ်..။
    သိပြီးဆိုရင်တော့.. တောင်ပန်ကြောင်း..။ တခြားသူများသိစေရန် ထားလိုက်စေချင်ကြောင်း..

    ဆိုတော့..
    အနီ/အစိမ်း စိတ်ထဲထဲထဲဝင်ဝင်မထားပါနဲ့..။ ဒီစာမျက်နှာတွေက.. တရက်ကိုလူထောင်ချီကြည့်နေတာပါ..။ စိတ်ကူးပေါက်တဲ့သူက.. ပေါက်သလိုပေးသွားတတ်ပါတယ်..။ ဘာမဆိုင်ညာမဆိုင်.. ကျုပ်အမေဆုံးလို့.. ဝမ်းနည်းကြောင်းရေးနေတာတွေမှာတောင် အနီအပေးခံရသေး..။
    .. ကောင်းတာပေါ့..
    ..ဖတ်သွားကြောင်း.. footprint ထားသွားတယ်မှတ်ပေါ့.. :mrgreen:

  • Htoo thin

    September 1, 2012 at 10:15 pm

    ကိုခိုင်ကိုတော့ ကျွန်တော် ဂေဇက်မှာမရေးခင်ထဲက လေးစားပါ တယ်။။တခါ တလေ အမေရိကန် ဉာည်တွေ ပါနေသလိုဘဲခံစားရတယ် ..။
    Kai says.::::ကိုရင်က.. အမေရိကားနေတော့.. မသိသေးဘူးထင်လို့လည်း ပါပါတယ်
    ဒီလိုြပြန်ရေးချင်းဖြင့် တည့်ရေးတာလဲ ဖြစ်စေနှိုင်သလို အမေရိကန် ဉာည်နဲ့ရေးတာလဲဖြစ်နီုင်တယ်လို့စဉ်းစား စ ရာကြီးနော်..

Leave a Reply