ကြေးမုံဂျီး လူလိမ် Swindler

ကြေးမုံဂျီး လူလိမ်ဂျီးပါဗျို့……………..

ဟေ့….ကြေးမုံဂျီး လူဆိုရင် ပြောစကား မှန်ရတယ်ကွ။ လူတွေ တရားမစောင့် လိမ်ညာခဲ့ကြလို့ ကမာ္ဘဦး တည်ခဲ့တဲ့ နွယ်မြက်သစ်ပင် ဆေးဖက်ဝင် သစ္စာစကား ပျက်ယွင်းခဲ့တယ်။ အမှန်တရားဆိုတာ အမှားတရံ အမှန်ဖြစ်ဖို့ အမှားမကင်းပေမဲ့ မှားလို့မှားမှန်းမသိ အမှားကိုဖက်တွယ်နေရင်တော့ မှားလွန်းမက မှားနေပြီ ကြေးမုံဂျီး။ လောကမှာ ချစ်ခြင်းမေတ္တာဆိုတာ အရေးကြီးဆုံး တန်ဖိုးအထားအပ်ဆုံး အရာတခု..ဒါကို  တရုတ် ကူမြူနစ်ပါတီ အမာခံကေဒါဆိုတဲ့ မာန်မာနနဲ့ တငါငါစွဲပြီး ချစ်သူကြင်သူ နှစ်ဦးအကြား သွေးခွဲဖို့ကြံစည်တယ်။ ဘာတဲ့ ရှာရာပိုဗာ ဒီနှစ်ကုန်ရင် လက်ထပ်တော့မယ်တဲ့၊ သူ့လင်က ဆားဗီးယားလူမျိုး ဘက်စကတ်ဘောလ် အားကစားသမားတဲ့၊ အမေရိကန် အန်ဘီအေလိဂ်မှာ ကစားခဲ့ပြီး  အခုလက်ရှိ တူရကီမှာ ကစားနေတယ်တဲ့။ သူ့ရို့ဖာသာသူတို့ ရိုးရိုးသားသား အဖြူထည် သူငယ်ချင်းလိုခင်တာကို မလိုတမာ အကြံကုန် ဂဠုန်ဆားချက်၊ ပလီစိခြောက်ချက် ကလိန်စေ့ငြမ်းဆင် ငြိမ်ပိလမ်းစဉ် လုပ်ရသလား။ ကြောင်ကြီးကို လိုချင်ရင် ရိုးရိုးသားသား ကြိုးစားပါ။ သူတပါးစုံတွဲ ဖျက်တဲ့အပြင် လိမ်တော့ နှစ်ပြစ်ဖြစ်တယ်၊ ရှင်ဒေဝဒတ်နဲ့ ဘေးခြင်းယှဉ်လျက် မဟာအဝီဇိငရဲ ဂျိုးကပ်နေမှာ မကြောက်ဘူးလား။ အခုလည်း မကောင်း၊ သံသရာလည်း မကောင်းဘူး။

တော်တော်ဆိုးတဲ့ကြေးမုံဂျီး နောက်ကွယ်ကနေတီး…

မြစ်ဆုံရေကာတာ စီမံကိန်း မအောင်မြင်လို့ မစားရတဲ့အမဲ သဲနဲ့ပက်၊ ကြောင်ကြီးကို မရမှန်းသိလို့ ရုရှားပျိုဖြူ နုနုထွတ်ထွတ် အလှပဂေး နတ်မိမယ် တင်းနစ်ချန်ပီယံ ရှာရာပိုဗာဂလေးကို စိတ်ထင်မိထင်ရာ ဟိုလူနဲ့စွတ်စွဲ ဒီလူနဲ့စွတ်စွဲလုပ်တာ ပြန်လည်ဝန်ချ တောင်းပန်ပါ။ ဦးကြောင်နဲ့ ရှာရာပိုဗာလေးက အခုလည်း အချစ်မပျက်၊ နောင်လည်း အချစ်မပျက် အမြဲမခွဲ တသက်လုံး ရွှေလက်တွဲသွားမှာ။ ကြေးမုံဂျီးသာ လိမ်မိတဲ့အပြစ် ယမမင်း အစစ်ခံနေရမယ်။ ရွာသူားများခင်ဗျာ အခုကျနော်ပြောတာ မရှင်းမရှင်း ဖြစ်နေကြရင် လယ်ပြင်မှာဆင်သွား အထင်အရှား ဖြစ်နေသော ကြေးမုံဂျီး မဟုတ်တရုတ် (လူမျိုးရေး မဟုတ်ပါ)  ဖြီးဖြန်းရေးထားသည့် ကြေးမုံဂျီး၏လိမ်စဉ် အလိမ်အညာပို့စ်ကို ရှေးဦးစွာ ဖတ်ရှုပြီးနောက် အောက်တွင်ဖော်ပြထားသော ရှာရာပိုဗာကြောင်ကြီး၏ ချစ်မှုရေးရာသတင်းဖြင့် လိမ်ညာခြင်း၏ ဆိုးကျိုးအပြစ်များကို သံဝေဂယူ ဆင်ခြင်ပွားများနိုင်ကြပါသည် ခင်ဗျား….။

ရှာရာပိုဗာကြောင်ကြီး မအိုသေးပါ

သူနဲ့ လိက်ခ်ကာ ဘက်စ်ကတ်ဘောသမား ဆာဗီးယားငတိ Sasha Vujacic  ပြတ်သွားပြီလို့ သောကြာနေ့က ကျင်းပတဲ့ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတခုအပြီးမှာ ကမာ္ဘ့တင်းနစ် ဧကရီဘုရင်မ ရှာရာပိုဗာကြောင်ကြီးက ပြောလိုက်ပါတယ်။

 

သောကြာနေ့က ပြုလုပ်တဲ့ ယူအက်စ်အိုးပင်းတင်းနစ် တတိယအဆင့်ပြိုင်ပွဲ အနိုင်ရအပြီးမှာ သူမနဲ့ယခင် လိက်ခ်ကာ ဘက်စ်ကတ်ဘောလ်သမား ဆာဗီးယားငတိ Sasha Vujacic  တို့ရဲ့ စေ့စပ်ကြောင်းလမ်းထားမှု အဆုံးသတ်ပြီဖြစ်ကြောင်း ကမာ္ဘ့တင်းနစ် ဧကရီဘုရင်မ ရှာရာပိုဗာကြောင်ကြီးမှ ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ နွေဦးရာသီကထဲက ပြတ်သွားခဲ့တာပါ၊ တယောက်ယောက်များ မေးမလားလို့ စောင့်နေပေမဲ့ ဘယ်သူမှ တိုက်ရိုက်မမေးကြဘူးလို့ ပြောပါတယ်။ ဆာရှာ တူရကီသို့ ပြောင်းရွှေ့သွားပြီးနောက် ဆယ်လအတွင်း တခါမှ အိမ်သို့ပြန်မလာခဲ့နိုင်ကြောင်း၊ သိပ်ကိုခက်ခဲတဲ့ အနေအထားဖြစ်ကြောင်း၊ ကိုကို ကြောင်ကြီးကတော့ တုတ်နဲ့ကော်ချလည်း မဆင်းကြောင်း၊ ငါးလိုလျင်ငါး ငှက်လိုချင်ငှက် ကြွက်လိုချင်ကြွက် ဖမ်းပေးကြောင်း ပြောပါတယ်။ တူရကီနိုင်ငံအသင်းတခုသို့ မပြောင်းရွှေ့သွားခင်အထိ ဆာရှာဟာ ၂၀၀၄ – ၂၀၁ဝ လိက်ခ်ကာအသင်း၂၀၁၁ခုနှစ် မှာတော့ နယူးဂျာဆီအသင်းမှာ ကစားခဲ့ပါတယ်။

ရှာရာပိုဗာကြောင်ကြီးက သူတို့သူငယ်ချင်းအဖြစ် ဆက်ရှိနေအုံးမယ်လို့ မျှော်လင့်ကြောင်းနဲ့ အဲသလိုနေဖို့ ယူအက်စ်အိုးပင်းမှာ အနိုင်ရဖို့ထက် ပိုကြံစည်အားထုတ်ရဖွယ်ရှိတယ်လို့ ပြောသွားပါတယ်။

 

Maria Sharapova announces she’s single once again

 

Tune up those backhands, gentlemen. Maria Sharapova is back on the market.

After taking down Mallory Burdette in straight 6-1 sets on Friday in the third round of the U.S. Open, Sharapova revealed that her engagement to — indeed, her entire relationship with — former Laker Sasha Vujacic is finis. And she did so via what must be a first with celebrity engagement breakups: not only did she not dodge the question, she wondered why it hadn’t been asked before:

“It’s been since the end of spring actually,” Sharapova said. “I was waiting for someone to actually ask me that question, but nobody did directly.”

Sharapova was able to remain focused on tennis, winning the French Open earlier this season to complete a career Grand Slam. She’s now in the round of 16 in the U.S. Open for only the second time since winning the Open in 2006.

The culprit behind the breakup? The dueling career demands of two globetrotting athletes. “It was a really nice period of time for both of us, but our career schedules just made it extremely difficult to see each other with the traveling, and especially his career move to Turkey,” she said. “He wasn’t home one time during the 10 months that he was in Turkey, so that made it extremely difficult.” Vujacic had played for the Lakers from 2004 to 2010 and for New Jersey in the 2010-11 season, but left the NBA to play professionally in Turkey last season.

Sharapova added that she still respects Vujacic and hopes to remain friends, which, while a nice thought, may be a tougher trick to pull off than winning the U.S. Open.

The couple had planned to marry in November in Turkey. Best wishes for both in their future romantic endeavors.

6 comments

  • မောင်ပေ

    September 4, 2012 at 11:24 am

    ရှာရာပိုဗာကြောင်ကြီး
    နာနာငိုကာ ဗြောင်တီး
    ကြာကြာဆိုပါ ထောင်ပြီး
    လာလာတိုတာ ဆောင်ထီး

  • pooch

    September 4, 2012 at 2:35 pm

    သူများ သမီးရီးဇားကွဲတာကို သူက ဝမ်းသာအယ်လဲနဲ့ ဖြစ်နေတယ်။ ဦးကြောင်ကြီးကို နိုင်ကို မနိုင်ဘူး။ တကယ်ပါပဲ 😀

  • Shwe Ei

    September 4, 2012 at 4:31 pm

    မစားရညှော်ခံ အုကြောင် 😀

  • Crystalline

    September 4, 2012 at 7:20 pm

    ဦးကြောင်တယောက်လည်းဖျာဝင်ဝင်ခင်းရတာနဲ့ မအားရရှာဘူး..သနားစရာနော် 🙂

  • အလင်းဆက်

    September 4, 2012 at 8:02 pm

    ဟဲ ့ ပလုပ်တုတ်

    ကကြောင်ကြီး….ကို အဲသလောက် နကြောကြပါနဲ ့အေ….
    😀

  • ကြေးမုံဂျီး လူလိမ်
    ဥကြောင်ဂျီး အူပိန်
    ခုကောင်ပီး ငါကြိမ်
    ဂွိမ် .. ဂွိမ် .. ဂွိမ်

Leave a Reply