အသွင်ပြောင်း ခဲ့ရလေသော အချစ်
ရဲခေါင်ဘတင့်ဆိုတာ နယ်မြို့ကနေ ကျောင်းလာတက်ရသူပါ။လရိပ်ပြာဆိုတဲ့ အဆောင်ကို သူငယ်ချင်ေးတွေ စုငှားပြီးနေတယ် ။မြောင်းမြကတင်အောင်စိုး၊ကျောင်းကုန်းက လူသန့်၊ပန်းတနော်က ရဲသွေး တို့နဲ့ လေးယောက် တစ်ခန်းနေကြတယ်။တက္ကသိုလ်ကျောင်းသား ဒေးသမားတွေ ဆိုတော့ လည်း ထုံးစံအတိုင်း အားတာနဲ့ လက်ဖက်ရည် ဆိုင်ထိုင် ၊ ညဆို အဆောင်ရှေ ့ဂစ်တာတီး နောက်တော့ ရိုးရာမပျက်အောင် လူစုပြီး ဖဲလေးဘာလေးရိုက် အရက်ကလေး နည်းနည်းပါးပါးမှီဝဲကြတာတော့ ရံဖန်ရံခါ ရှိတတ်တယ်။
ရဲခေါင်ဘတင့်ဆိုတာ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်း အသားလတ်ပြီး ကြည့်ကောင်းတယ်လို့ ဆိုရမယ်။သူစိတ်ဝင်စားတာက ဓါတုဗေဒမေဂျာက ခင်ဖုန်းပဲ။ ဒီနေရာမှာ ခင်ဖုန်းအကြောင်းနည်းနည်းပြောချင်တယ် ခင်ဖုန်းက ရှပ်အကျင်္ီပဲ စတ်တယ် ဆံပင် ရှည် မထားဘူး သွားတာလာတာကအစ ခပ်သွက်သွက် သွားတတ်တယ် တစ်ချို့ မိန်းကလေးတွေ လို မနွဲ့ဘူး။သနပ်ခါး မလိမ်းဘူး
ဒါကို ရဲခေါင်ဘတင့်က ကြိုက်တာပါ။ရဲခေါင်က ချစ်သူတစ်ယောက်တော့ အထက်တန်းဆင့်တုန်းက ရဖူးတယ် ဒါပေမယ့် အိမ်ကသိသွားလို့ ကောင်မလေးက စဖြတ်လိုက်တယ် ဒီတုန်းက ရဲခေါင် ကြေကွဲတယ်ဆိုတာကို သိလာတယ်။ အလွမ်းကို ခံစားတတ်လာတယ် ဒါကြောင့် သူငယ်ချင်းတွေနဲ့ မြို့စွန်က ထန်းတောမှာ အပီမူးလိုက်မိဖူးတယ်။ဒါ ပထမဆုံး အသဲကွဲတာပဲ။ အခုလည်း ခင်ဖုန်းရဲ့ သန်မာထွားကြိုင်းတဲ့ အလှကို သဘောကျပြီး ကဗျာစပ်ထားတာတင်အောင်စိုးတို့ အဖွဲ့ကိုပြတော့ “ဟ ..ရဲခေါင် မင်းဟာက ယောက်ျားဆန်တယ်ကွ ကျားကျားလျှားလျှားကြီးကွာ” လို့ ဝေဖန်သော်လည်း အသဲမှာစွဲထားပြီမို့ ့ ဘာတရားမှ နားမဝင် ခဲ့ဘူး။
တစ်နေ့မှာ ကျောင်းရှေ့ လမ်းမပေါ်မှာ ခင်ဖုန်းကိုရဲခေါင်ဘတင့် လိုက်ပြီး စာပေးပါလေရာ။ သူငယ်ချင်းတွေကလည်းရင်တထိတ်ထိတ်နဲ့ တော်ကြာ ဟိုက ဆွဲရိုက်လိုက်မလားပေါ့ တွေးပြီး စိုးရိမ်နေကြတယ်။ရဲခေါင်ပေးတဲ့ စာကို ခင်ဖုန်းက ယူလိုက်တယ်ပြီတော့ ရှေ့တင်ပဲ ဖေါက်လို့ ဖတ်နေတာတွေ့တော့ သူငယ်ချင်းတွေလည်း လက်ဖက်ရည် ဆိုင်ထဲကနေ ရင်တမတမပေါ့။စကားတွေ ပြောနေတာတွေ့တယ် ဘာတွေပြောလည်းလို့တော့ မကြားရဘူး လက်ဖက်ရည် ဆိုင်နဲ ့ကျောင်းရှေ့က တော်တော်လှမ်းတယ်လေ။
ရဲခေါင်ဘတင့်ကတော့ ရှက်နေတဲ့ပုံပါ ခင်ဖုန်းက
ဘာလဲ ဆိုတော့ အထစ်ထစ်နဲ့ ”စာ” လို့ ပြန်ဖြေတယ် ဘာစာလဲ ဆိုတော့ ဖတ်ကြည့်လေတဲ့ ကောင်းရော ဟိုက ချက်ချင်းဖေါက်ဖတ်တယ် လက်တွေ့ဆင်းပြီး ဓါတ်ခွဲခန်းထဲက ထွက်လာပုံရပါတယ် ။ ခင်ဖုန်းက စာကိုဖေါက်ပြီး “ ကဗျာကိုး” လို့ပြောပြီး ကဗျာဝါသနာပါလား နင့်ကိုငါသိပါတယ် ဟို လရိပ်ပြာ အဆာင်က မလား ညညဆို ငါ့ အဆောင်ရှေ့ သီချင်းလားဆိုနေတာ ငါက နှင်းဆီဖြူကို ကြိုက်နေလို့ ထင်ထားတာ
ဘာလဲ ဒီကဗျာကို ငါက ဝေဖန်ပေးရမှာလား…ခင်ဖုန်းကမေးတော့ ငတိက မ..မဟုတ်..ဘူး နင့်ကိုပေးတာ လေ..တဲ့ဟိုက သူကို စိုက်ကြည့်လိုက်တော့ ခေါင်းငုံ့သွားတယ်
နင့်ငါ့ကို ချစ်တာလား
ခင်ဖုန်းက ခပ်တည်တည်မေးတော့ ရဲခေါင်းက ခေါင်းညိတ်ပြလိုက်တယ်။
ဒါဆို နင့်ကိုမေးမယ် ငါ ပြောတဲ့ အတိုင်း လိုက်နာနိုင်မလား
ခင်ဖုန်းက ရဲခေါင်ကို သေသေချာချာကြည့်ပြီးမေးတော့ ရဲခေါင်က ကတုန်တရီနဲ့ အဖြေပေးမယ် ဆို ..လိုက်နာ..ပါ့မယ်..လို့ ပြန်ပြောတယ်။ဒီမှာတင် ခင်ဖုန်းက “ကောင်းပြီလေ အဖြေပေးတယ် ရဲခေါင် ဒါပေမယ့် ငါ့စည်းကမ်းတော့ လိုက်နာရမယ်ချစ်သူဘဝမှာ နင်က စပြီး ငါ့လက်တောင် မထိရဘူး၊လိုက်နာနိုင်မလား
ရဲခေါင် ဝမ်းသာလို့ အရောင်တောက်တဲ့ မျက်လုံးက နည်းနည်းမှိန်သွားတယ်။“ ဘာရယ်..ငါက စပြီး မထိရဘူးဆိုတော့ နင်ကစပြီး ထိမှ ထိရမယ်လို့ပြောတာလား” ရဲခေါင်းမေးတာကို ခင်ဖုန်းက မျက်လုံးလေးမှိတ်ပြပြီး ထောက်ခံလိုက်တယ် ပြီးမှ နင်ငါ့စည်းကမ်းကို လိုက်နာမယ်ဆိုရင် ငါ နဲ့ ချစ်သူဖြစ်ရမယ် မဟုတ်ရင် တော့ ဆောရီးပဲ
ရဲခေါင်ဘတင့်တွေသွားတယ် ပြီးမှ မျက်နှာငယ်လေးနဲ့ “ခင်ဖုန်း နောက်ဘာစည်းကမ်းတွေရှိသေးလဲ လို့မေးတော့ ရှိတယ် နင်က ငါ့ကို ခေါ်ရင် “ ကိုကို”လို့ ခေါ်ရမယ်
“ဘာ”
ရဲခေါင်ဘတင့် လှုပ်လှုပ်ရှားရှားဖြစ်သွားတယ်။ ဟုတ်တယ်လေ ဘယ်လိုချည်းလဲ သူခေါ်ရမှာကို အခု ကိုယ်ခေါ်ရမယ်ဆိုတော့ ခင်ဖုန်းများရူးနေလား စိတ်မမှန်တော့ ဘူးလား တွေမိရင်း တစ်ချက်ကြည့်လိုက်တော့ ခင်ဖုန်းက ပုံမှန်ပါပဲ
ရဲခေါင်ဘတင့် ခေါင်းကုတ်တယ် ။
ခင်ဖုန်း နင်တကယ်ပြောနေတာလား
ခင်ဖုန်းကခေါင်းညိတ်တယ် ဟဲ့ ရဲခေါင် မင်းကို …အဲ နင့်ကို ငါ ကုန်ကုန်ပြောမယ် နင်က စပြီး နမ်းတာတို့ ဘာတို့ မလုပ်ရဘူး ငါနဲ့ စကားပြောရင် ညီမလေးလို့ ပြောရမယ် သဘောတူရင် ချစ်သူဖြစ်မယ် မတူလည်းရတယ် ငါသွားမယ်
နေပါအုံး ခင်ဖုန်းရယ်… ငါက နင့်ကို ချစ်မိတာကိုး လက်ခံပါတယ် သဘောတူပါတယ် ချစ်သူဖြစ်ရအောင်နော် ..
ခင်ဖုန်းက ပြုံပြီး အိုကေ နင်စကားလုံးတွေပြင်တော့ ညနေမှ တွေ့မယ် အဆောင်ရှေ့က လင်းလက်ကြယ် လက်ဖက်ရည်ဆိုင်ကိုလာခဲ့ သွားပြီး ညီမလေး
ဟုတ်ကဲ့ ကိုကို
ဒါကတော့ တက္ကသိုလ်ကျောင်းသားကြီးရဲခေါင်ဘတင့်ရဲ့ အချစ်ဇာတ်လမ်းအစပဲ။ ဒီလိုနဲ့ သူငယ်ချင်းတွေကို သူချစ်သူရပြီးကြောင်းကြွားလို့ပေါ့ ရဲခေါင်ဘတင့် ခင်ဖုန်းနဲ့ ချစ်သူဖြစ်ကတည်းက လရိပ်ပြာ အဆောင်မှာ ရံဖန်ရံခါ ကျင်းပနေကြ ဖြစ်တဲ့ အရက်ဝိုင်းလေးမှာ မပါတော့ ဘူး။ ချစ်သူရနေပြီဆိုတော့ လျှောက်လည်ကြ ချိန်းဆို စကားပြောလိုက်ကြနဲ့ အလှတရားတွေနဲ့ ရွှေရောင်တောက်ပ နေ့ရက်တွေလို့ တင်အောင်စိုးတို့ အဖွဲ့က တွေးထင်နေကြတယ်
ရဲခေါင် ဘတင့်မှာ မှာတော့ ခင်ဖုန်းနဲ့ တတွဲတတွဲ ။
ကိုကို
ပြောညီမလေး
ညီမလေးကို ချစ်လား
ချစ်တာပေါ့ သိစိတ်ရောမသိစိတ်ပါ အတိုင်းအဆမဲ့အောင်ချစ်တယ်
ဒါမှ တို့ကိုကိုကွ ..ရွှတ်…
ဟေး ရဲခေါင် စည်းကမ်းဖေါက်ပြီ နင်က မစရဘူးလေ ညီမလေးက မစရဘူးလို့ ပြောထားတယ်လေ
ထိုသို့ အချစ်ဇာတ်လမ်း ခင်းနေသော ရဲခေါင် ဘတင့်ခမျာမှာ ချစ်သူလက်ကို မကိုင်ရဲ ခင်ဖုန်းက စကိုင်ရလေမှ ချစ်သူပါးလေးကို မမွှေးကြူရဘူး ခင်ဖုန်းက စတင် မွှေးမွှေးပေးမှ ဆိုသော စည်းကမ်းချက်ကြီး နှင့်၊
ဆိုးသည်ကား ညီမလေး ..ကိုကို စသော အသုံး အနုန်းများက ရဲခေါင် ဘတင့် အဖို့ လျှာယား ခဲ့ရလေသည်။ ချစ်သူသက်တမ်း တစ်လပြည့်လေသောအခါ အဆောင်နောက်က ခရေပင်ကြီးအောက်တွင် အဆောင်မပိတ်ခင် ချိန်းတွေ့ကြတယ်။
ဒီအကြောင်းကိုတော့ ရဲခေါင်က သူငယ်ချင်းတွေ ဖြစ်တဲ့ တင်အောင်စိုးတို့ ရဲသွေးတို့ကို မပြောပြခဲ့ ဘူး။
…………………………………………………………………………………………………………………….
လရိပ်ပြာ အဆောင်ရှေ့တွင် တင်အောင်စိုး၊ရဲသွေး လူသန့် တို့ သူတို့ သေတ္တာလေးတွေ ပေါ်မှာ ထိုင်လို့ အဆောင်ပြောင်းဖို့ တိုင်ပင်နေကြတယ်။ရဲခေါင် ဘတင့်ရယ် သူတို့ရယ်က တစ်ခန်းတည်းနေကြတာ ။ သူတို့ အခု အဆောင် လိုက်ရှာနေရပြီ။
တင်အောင်စိုးရေ ငါချစ်သူပန်း ဝတ်မှုံက ရဲခေါင် ဘတင့်ရှိတဲ့ အဆောင်မှာ တစ်ညစွန်းတာနဲ့ အပြတ်ပဲ တဲ့ ချက်ချင်း အဆောင်ပြောင်းရမယ် တဲ့ကွ
လူသန့် စကားကြောင့် တင်အောင်စိုးက “ ဟုတ်တယ် ငါလည်းပြောင်းရမယ် ပိုက်ဆံတွေ ဆုံးချင်ဆုံးပါစေတော့ ဘယ်နှယ်ကွာ ညက ဆို မအိပ်ရဘူး တော်တော်ကြာ ဝင်လာလိုက် ဘာတွေ ပြောမှန်း မသိဘူး မနည်းမောင်း ထုတ်ရတယ် အိပ်ရေးပျက်တယ်
ဟုတ်တယ် ..ငါတော့ ထကန်ချင်လောက်အောင် မုန်းနေပြီ အလှပြင် လိုက်၊ သီချင်းဆိုလိုက် ငါနားလာကပ်လိုက် ဒီကောင် ဆေးမိသွားတာကွ ။ရဲသွေး စကားကြောင့် လူသန့်က တစ်ချက် စဉ်းစားပြီး
ဟုတ်တယ်.. ဟုတ်တယ် ဟိုတလောက အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ အဖိုးကြီး တောင်းတာကို ဒီကောင်ကမပေးတဲ့ အပြင် မောင်း ထုတ်တာကွ အဲ့ဒီ အဖိုးကြီးက အောက်လမ်း ဆရာကြီး ထင်တယ် သင်း ပြုစားခံရတာပဲ
“ ဒီကောင်ချက်ချင်းကြီးပြောင်းလဲသွားတာ သူ့မိဘတွေတော့ ရင်ကျိုးမှာပဲ“
ငါတို့ သူ့အိမ်ကို အကြောင်းကြားမှ ဖြစ်မယ်ကွ
သူငယ်ချင်း သုံးယောက် အဆောင်မပြောင်းခင် ဆွေးနွေး တုန်း ရဲခေါင်ဘတင့် အခန်းထဲက ထွက်လာတယ် ။ လက်သည်းနီ ၊နုတ်ခမ်းနီ ၊မိတ်ကပ် တွေနဲ့ ဆိုးတာက မီနီ စကဒ်လေး ဝတ်လို့ သူတို့ သုံးယောက်ပြိုင်တူ ထရပ်လိုက်ကြတယ် ။ ပြီးတော့ အဆောင်ရှေ့ လမ်းမပေါ် ဝုန်းကနဲ ထွက်လိုက်ကြရတယ်။ ရဲခေါင်ဘတင့်ကတော့
သေနာတွေ .. လူကိုများ ဘာထင်နေလဲမသိဘူး သွားကြ ..သွားကြ ငါဟာငါ တစ်ယေက်တည်းနေမယ် သောက်ကောင်တွေ…..
လရိပ်ပြာ အဆောင်ရှေ့မှာတော့ တင်အောင်စိုးတို့ သူငယ်ချင်းတစ်စု၏ သေတ္တာတွေ ကအပုံလိုက်ကျန်ရစ်ခဲ့လေတော့သတည်း။
5 comments
htet way
September 4, 2012 at 10:57 am
ဆရာsurmi လည်းကျေနပ်နိုင်မယ်လို့ ထင်ပါတယ်။
ကျွန်တော်လည်း ဟာသဖြစ်အောင် ကြိုးစားခဲ့ပါလေရဲ့
သို့သော် မရယ်ရခြင်းရှိပါက ကျွန်ပ်၏အားနည်း ချက်ပေတကား
ကြောင်ဝတုတ်
September 4, 2012 at 12:00 pm
တကယ်လို့များ လက်ထပ်ဖြစ်ရင်….
ဆက်စဉ်းစားလိုက်ဦးမယ်ဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
ရဲစည်
September 4, 2012 at 3:33 pm
အရိုးရဲ့ သီချင်း စာသားထဲက အတိုင်းပါဘဲ
ကိုထက်ဝေးရေ …. ဖတ်ရင်း အဟီး ……
ရင်တွေတောင် တုန်သဗျို့
ဪ ဖြစ်ရလေခြင်း .. 😀
htet way
September 4, 2012 at 5:22 pm
ခုလို ဖတ်ပြီး ရှားရှားပါးပါး မန့်ပေးတဲ့ ညီ ကြောင်ဝတုတ် ဆရာရဲစည်
တို့ကိုကျေးဇူး တင်ပါတယ်။ လူချင်းတွေ့ရင် ဒီဝတ္ထု အဆက်ကို ပြောချင်ပါသေးတယ်
Shwe Ei
September 10, 2012 at 4:50 pm
မိန်းမစိတ်ပေါက်သွားတဲ့ ယောက်ကျားကမိန်းမလိုဝတ်ပီး မိန်းမဘဲကိုဆက်ကြိုက်နေဒါ ဆန်းဒယ်နော်။ 😉