ကျနော်လက်ဆော့ခဲ့တဲ့ညနေခင်းလေး………………….


















“ကျနော်လက်ဆော့ခဲ့တဲ့ ညနေခင်းလေးတစ်ခု”
အောင်ပင်လယ်ရယ်တက်သိမ်းအင်းရယ်ကိုသွားခဲ့တဲ့ညနေခင်းလေးမှာ
အလှပုံတွေကိုလည်းရိုက်ဖြစ်ပါတယ်။
အမှတ်တရလက်ဆော့ခဲ့တဲ့ပုံလေးတွေလဲ ပါ ပါတယ်။
အသွားတုံးကမြင်ခဲ့တဲ့ ဘဲအုပ်လေးတွေရိုက်မယ်လုပ်တော့ ငါးမျှားသူတွေက ကမ်းစပ်မှာအပြည့်။
အဲတော့ ရေထဲမှာရှိနေတဲ့အပင်လေးကိုမြင်တော့လက်ဆော့။
ရေထဲက အပင်ကြီးမြင်တော့လဲလက်ဆော့။
မြန်မာ့ပင်ကျရေ ဖြန့်ချီရေးဆိုင်ကလေးကိုသွားတဲ့လမ်းကိုလက်ဆော့။
ကျွဲတွေနဲ့အလုပ်လုပ်နေသူကိုမြင်တော့လဲလက်ဆော့၊
ငှက်ပျောရွက်ပေါ်နေရောင်ဖြာကျတော့လဲလက်ဆော့။
နောက်ဆုံးသူ့ဘာသာသူနားနေတဲ့ ပုစဉ်းကိုလဲလက်ဆော့။
ကောင်မလေးတွေရေထမ်းလာတာကိုလက်ဆော့။
ကျွဲတွေအစာစားနေတာကိုက်ဆော့။
လောကကြီးကိုနုတ်ဆက်တော့မယ်နေမင်းကြီးရဲ့အရောင်တွေကိုလက်ဆော့။
အတော်ကိုလက်ဆော့တဲ့ကိုပေါက်ပါကလားနော်………………….
ကိုပေါ်က်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(10-9-2012)
19 comments
kyeemite
September 17, 2012 at 11:52 am
လက်ဆော့ထားတာလေးတွေကို
မျက်စိဆော့သွားပါတယ်ဗျာ…တစ်ခုလောက်..
လယ်ကွင်းစိမ်းစိမ်းတွေရိုက်တဲ့အခါ အရောင်ပိုစိုနေတာ၊ပိုစိမ်းနေတာသတိထားမိတယ်ဗျာ..
ကိုပေါက်(မန္တလေး)
September 17, 2012 at 12:04 pm
ဟုတ်ပါ့ ကိုမိုက်ရေ
အရောင်တွေပိုစိုတာက ကင်မရာဖန်ရှင်ထဲမှာပါတဲ့ super vivid ဆိုတဲ့အရောင်ပိုတောက်စေတဲ့
ဖန်ရှင်လေးကို အသုံးပြုရိုက်လို့ပါ။
အဲလိုရိုက်တော့သာမန်အရောင်ထက်ပိုစို ပိုလက်သွားတတ်ပါတယ်။
မောင်ပေ
September 17, 2012 at 1:20 pm
ထန်းရည်ဆိုင်က သော့တွဲပိုင်ရှင်ကို သိချင်လို့ပါဗျို့
kyeemite
September 17, 2012 at 1:25 pm
ကိုပေါက်ပြောမှ ကျနော့ ကင်မရာလေးဖွင့်ပြီးလျှောက်ကြည့်မိတယ်…
သာမန်အားဖြင့်ကျနော်က စနက်လျှော့ အော်တိုမှာပဲထားရိုက်တာကိုး
အခြေအနေပေါ်မူတည်ပြီး ဖန်ရှင်ပြောင်းမရိုက်ကြည့်ဖူးဘူး
စမ်းကြည့်လိုက်အုံးမယ်ဗျာ..သင့်ခရုပါ..
etone
September 17, 2012 at 1:37 pm
အောင်မလေး .. စိမ်းစိမ်း စိုစိုနဲ့ပါလား လေးပေါက်ရယ် … ။
မြင်ရတာ မျက်စိအေးရုံမက ၊ ဖုတ်ကူးမီးတိုက် ပြာလောင်ခတ်နေတဲ့ စိတ်တွေတောင် ခဏလောက်အေးသွားတယ် …. 😛
ဓါတ်ပုံတွေကြည့်ပြီး အတွေးထဲမှာတင် မြေသင်းနံ ့လေးရလိုက်သလိုပဲ …
တခါတလေ အရမ်းမွမ်းကြပ်လွန်းလျှင် အခုလို သဘာဝအငွေ့သက်အပြည့်ရှိတဲ့ နေရာမျိုးလေးမှာ သွားနေချင်မိတယ် ။ ဒါပေသိ … ကျွတ်တွေ … မျော့တွေတော့ .. ကြောက်ပါဧ။် ။
Ma Ei
September 17, 2012 at 1:50 pm
2..3…ပုံထဲက ပန်းကလေးတွေ လှတယ်နော်…
ဟိုတစ်ခါပုံထဲမှာ တီတီနုက ဟင်းညံပင်လို့ ပြောဖူးတယ်နော်…
ချက်စားလို့ရတယ်လို့မှတ်ထားတယ်…
mayjuly
September 17, 2012 at 2:11 pm
ဟင့် နိုချင်လယ် … ရွာကို ပြန်ချင်ပါတယ်ဆိုမှ ….
Hnin Hnin
September 17, 2012 at 4:13 pm
super vivid function လေးမသုံးဘဲ သဘာဝအတိုင်းရိုက်ထားတဲ့ စပါးခင်းလေးတွေရှိရင်
တင်ပေးပါအုံးရှင့်…
ကိုပေါက်(မန္တလေး)
September 17, 2012 at 5:14 pm
အမှတ်(6)နဲ့အမှတ်(7)က ရိုးရိုးလေးရိုက်ထားပါတယ်။
ဒါပေမယ့် နောက်တစ်ခါသွားရိုက်ရင် သဘာဝအတိုင်းရိုက်တဲ့ပုံလေးတွေ သီးသန့်ရွေးတင်ပေးပါမယ်နော်။
Hnin Hnin
September 17, 2012 at 8:29 pm
ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ရှင့်။
အဲ့၂ပုံလည်း သေချာကြည့်ပေမယ့် သိပ်မကွဲလှဘဲ လှနေတော့ function သုံးထားတယ်ပဲ
ထင်နေတာ….အခုတော့ နည်းနည်းလေးကြည့်တတ်သွားပြီ… 🙂
TTNU
September 17, 2012 at 9:22 pm
ကိုပေါက်ရေ..
ပုစင်းလေးနဲ့ပုံ အကြိုက်ဆုံးပဲ။
ကိုပေါက်(မန္တလေး)
September 17, 2012 at 10:33 pm
မာမီ စိတ်ခြင်းဆက်သွယ်တယ်နေမှာ မာမီလဲပုစဉ်းရိုက် ကျနော်လဲပုစဉ်းကိုလက်ဆော့
ကောင်းမှကောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အလင်းဆက်
September 17, 2012 at 9:30 pm
လှလိုက်တဲ ့…ညနေခင်းလေး…
လေ နုအေးကိုတောင်..ရှုရှိုက်လိုက်ရသလို…
ကိုပေါက်(မန္တလေး)
September 17, 2012 at 10:43 pm
အလင်းဆက်အတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်နော်
ပျော်ရွှင်စွာနဲ့ဘဝကို ချမ်းမြေ့စွာနဲ့ နေ့စဉ် ဖြတ်သန်းနိုင်ပါစေ
အလင်းဆက်
September 18, 2012 at 9:20 am
ဟုတ် ။
ကျေးဇူးပါ..လေးလေးပေါက်.။
ပေးတဲ ့ဆုလေး တကယ်ပြည့်ချင်ပါတယ် ။
ပြည့်မှာပါ..။
😀
aemoshu
September 18, 2012 at 11:42 am
(18) ….
ကောင်းကင်ပြာရင်ခွင်ကြီးထဲမှာ ပြေးလွှားဆော့ကစားနေတဲ့ တိမ်းလေးတွေဆီက သွမ်းဖြိုးလာမယ့် မေတ္တာမိုးကို ငံ့လင့်နေတဲ့ မြစိမ်းတောလေးလို့ ခံစားမိတယ် လေးပေါက် …. ခံစားချက်ချင်းမတူရင်တော့ ခွင့်လွတ်ပါ…
ကိုပေါက်(မန္တလေး)
September 18, 2012 at 2:00 pm
တူတူဘဲကွဲ့
Novy
September 18, 2012 at 4:15 pm
အပင်ပေါ်နားတဲ့ ပုစင်းလေးကိုလည်း ချစ်တယ်….
နေညိုချိန် ကိုလည်း ချစ်တယ်….
လက်ဘက်သုပ် ..ကလေးကိုလည်း….စားချင်တယ်……
လေဒီယို သီချင်းလေးဆိုသွားပါတယ်
ကိုပေါက်(မန္တလေး)
September 18, 2012 at 6:28 pm
ကျနော်ကတော့ မနိုလုပ်တဲ့ ကင်မ်ချီနဲ့ ဖရုံသီးအော်ကွေ့ကြည်စားချင်တယ်