Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အနုပညာတစ်ခုအနေနဲ့လက်ခံသင့်တဲ့ Graffiti

BurmaJuly 9, 20104min3484

နံရံဆေးခြယ်အနုပညာ သို့မဟုတ် Graffiti Art

Friday, November 23rd, 2007


လူငယ်ထုရဲ့ ဂီတနဲ့ Graffiti

“Graffiti ဟာ စိတ်ထဲမှာရှိနေတဲ့ idea ကို skill မပါဘဲ လက်တန်းလုပ်ရတော့
မှုတ်ဆေးဘူးကိုင်တာ ကျွမ်းကျင်ရမယ်။ ‘ပြိုင်ဘက်’ ဗီစီဒီမှာ ကျွန်တော်တို့
ပထမဆုံး စသုံးခဲ့တယ်။ ဖန်တီးသူကတော့ Cyclone အဖွဲ့သားတစ်ယောက်ဖြစ်တဲ့
သုတအေး ပါ” လို့ Hip-Hop သမား တစ်ဦးဖြစ်တဲ့ `ဘာဘူ´ ကပြောဖူးပါတယ်။


မြန်မာပြည်ရဲ့ ဂီတအဖွဲ့အတော်များများဟာ လူငယ်များဖြစ်တဲ့အတိုင်း လူငယ်ထုရဲ့
ဆန်းသစ်တဲ့စိတ်ကူးတွေကို Active Painting အမျိုးအနွယ်ဖြစ်တဲ့ abstract,
expressionism ပန်းချီရေးဟန်တွေရဲ့အောက်မှာ ပုံစံပြောင်း၊ ချုံ့ယူပြီး
သရုပ်ဖော်ခွင့်ရတဲ့အတွက် Graffiti Art ဟာ မြန်မာလူငယ်ထုရဲ့
အနုပညာနှလုံးသားအတွင်း
ကိန်းဝပ်နေခဲ့ပါပြီ။ အခုအခါ Live Show စင်မြင့်ဖျော်ဖြေပွဲတချို့ရဲ့ background တွေမှာ Graffiti Art နဲ့ stage
design ပြင်ဆင်မွမ်းမံလာတာကို တွေ့နေရပါတယ်။

တကယ်တော့ Graffiti ဆိုတာ နံရံတွေပေါ်မှာ လက်ဆော့ပြီး ရေးခြစ်လို်က်တဲ့ ပုံတွေကိုခေါ်တာပါ။
တစ်နည်းအားဖြင့် ဒါဟာ ခေတ်ပေါ်အရပ်သုံးစကားဖြစ်ပြီး တစ်ကမ္ဘာလုံးမှာရှိနေတဲ့
အကြောင်းအရာတွေကို လျင်လျင်မြန်မြန် ခြုံငုံသိရှိနိုင်ခြင်းလို့လည်း
အဓိပ္ပါယ်တွင်ပါတယ်။ လူငယ်တွေဟာ သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့
ယှဉ်ပြိုင်စိန်ခေါ်ရာမှာ မိမိရဲ့ အမည်ကို လူသိများအောင် နံရံများ၊ ကားများ၊
ရထားများ၊ မိမိတို့ရဲ့ အသုံးအဆောင်၊ ဦးထုပ်အင်္ကျီများမှာ
ဆေးဘူးနဲ့ဖြန်းပက်ပြီး ဒီဇိုင်းဆင် ဖန်တီးရာကနေ Graffiti Art
ဖြစ်ပေါ်လာခဲ့တယ်လို့ မှတ်သားသိရှိရပါတယ်။ ဒါကြောင့်ပဲ `ဘာဘူ´ ဆိုတဲ့
ဂီတသမားလူငယ်လေးက သူ့ရဲ့ `ပြိုင်ဘက်´ ဗီစီဒီမှာ Graffiti Art ကို
အသုံးပြုလိုက်တာဟာ တနည်းအားဖြင့် သူ့ရဲ့ ယှဉ်ပြိုင်စိန်ခေါ်မှု
ဂီတစွမ်းပကားကို ဖွင့်ထုတ်လိုက်တဲ့ သဘောလည်းဖြစ်ပါလိမ့်မယ်။

Graffiti Art

အစဦးပိုင်း Graffiti

Graffiti Art လို့ အမည်ရတဲ့ မှုတ်ဆေးဘူးတွေနဲ့ လက်တန်းပုံဖော်ရတဲ့ အနုပညာတစ်ရပ်ဟာ ၁၉၇ဝ ပြည့်နှစ်
ဝန်းကျင်လောက်က New York မှာ စတင်ခေတ်စားလာတဲ့ အနုပညာပဲဖြစ်ပါတယ်။ မိမိဝန်းကျင်မှာရှိတဲ့
ကျယ်ပြောတဲ့ မြင်ကွင်းတွေရယ် မိမိစိတ်အတွင်းက ခံစားမှုအစုစုရယ်ကို
ပေါင်းစပ်ပြီး သီးခြားအနုပညာလက်ရာတစ်ခုအဖြစ် ချုံ့ယူ၊
ပုံပြောင်းယူလိုက်တဲ့အခါ Graffiti Art ရယ်လို့ ပေါ်ပေါက်လာခဲ့ပါတယ်။
ခေတ်ပြိုင်ပန်းချီရဲ့ လွှမ်းမိုးမှုရှိပေမယ့် ဖန်တီးသူတွေရဲ့
အိုင်ဒီယာဆန်းသစ်မှု၊ မှုတ်ဆေးဘူးကိုင်တွယ်ရာမှာ ကျွမ်းကျင်ပါးနပ်မှု
စတာတွေကြောင့် သီးခြားအနုပညာအမည်နာမတစ်ခုနဲ့ ယနေ့ထိရေရှည်
ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

၁၉၇၁ ခုနှစ်မှာ The New York Times သတင်းစာကနေ
စိတ်ဝင်တစားမေးမြန်းဖော်ပြရတဲ့အထိ ဆေးခြယ်မှု အနုပညာမှာ စိတ်ကူးကောင်း၊
ကျွမ်းကျင်လှတဲ့ Graffiti Art ရဲ့ ခေတ်ဦးအနုပညာရှင်ကတော့ Taki 183 ပါ။
အမည်ရင်း Demetrius ဆိုတဲ့ လူငယ်လေး Taki 183 ဟာ မြေအောက်ရထားလမ်းတွေရဲ့
နံရံတွေမှာ ဆေးရောင်စုံခြယ်နေခဲ့ခြင်းဖြင့် သူ့ရဲ့အနုပညာ အစပျိုးခဲ့ပါတယ်။
Taki နဲ့ ခေတ်ပြိုင် နာမည်ကျော်သူတွေကတော့ Joe 136, Barbara 62, Eel 159,
Ank 135 နဲ့ Eva 62 တို့ပါပဲ။ “ကျွန်တော်တို့ရဲ့ နာမည်၊ လက်မှတ်နဲ့
စိတ်ကူးစိတ်သန်းတွေကို ပုံသဏ္ဍာန် ဆန်းဆန်းပြားပြား၊ ဆေးရောင်လှလှတွေနဲ့
ဆေးခြယ်မှုန်းတဲ့ကိစ္စဟာ နည်းစနစ်တွေနဲ့ အတိအကျ ရေးဆွဲရခြင်းမဟုတ်လို့
လွယ်ကူလိမ့်မယ်လို့ ထင်မြင်စရာရှိပေမယ့် တကယ်တော့ ထင်သလောက် မလွယ်ပါဘူး။
Graffiti Art ဟာ ဘယ်အနုပညာလောကမှာပဲဖြစ်ဖြစ်၊ လျင်မြန်ထိရောက်စွာ
ဖွဲ့နွဲ့ပြီး၊ လူသိများ ကျော်ကြားစေတဲ့အတွက် အနုပညာလောကသားတွေ အထူးသဖြင့်
လူငယ်အများစုက ဒီ Art ကို အင်မတန် သဘောကျလာခဲ့တာဗျ” ဒါကတော့ The New York
Times သတင်းစာပါ အင်တာဗျုး ဆောင်းပါးထဲက ဖန်တီးရှင် Taki 183 ရဲ့
စကားတွေပါ။

Graffiti Art

၁၉၇၈ ခုနှစ်မှာ Lee Quinones ဟာ သူ့ရဲ့ အနီးဝန်းကျင် တစ်ဝိုက်မှာ
ခြယ်မှုန်းရေးဆွဲနေခဲ့ရာက ဘရွတ်ကလင်းတံတား (Brooklym Bridge)
အနီးတဝိုက်မှာလည်း စိတ်တိုင်းကျ ခြယ်မှုန်းနေခဲ့ပါတယ်။ သူဟာ Baseball
ကစားကွင်းရဲ့နံရံတွေမှာလည်း ညစဉ် မအိပ်မနေရေးဆွဲနေခဲ့ပါတယ်။ Graffiti Art
ကို ဝါသနာထုံသူ Fab 5 Freddy ကလည်း Village Voice သတင်းစာမှာ
‘အသွင်ပြောင်းရေးဆွဲမှု အနုပညာ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ Graffiti Art အကြောင်း
ဆောင်းပါးတစ်ပုဒ်ရေးခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့ အားထုတ်မှုကို သိရှိသွားတဲ့
ရောမမြို့ Medusa ပြတိုက်ပိုင်ရှင် Claudio Brunt ဟာ Lee နဲက Fred တို့ရဲ့
လက်ရာတွေကို သူ့ရဲ့ ပြခန်းမှာ ပထမဆုံး ပြသစေခဲ့တယ်။

အဲဒီလို အနုပညာတစ်ရပ်အသွင် ချီးမြှင့်ပြသလိုက်တဲ့အတွက် ဒီ Graffiti Art ဟာ
ပြည်သူလူထုကြားမှာ ပိုမိုထင်ရှားလာခဲ့ပါတယ်။ Graffiti ဟာ
နံရံဆေးရေးပန်းချီ ဖြစ်တဲ့အတွက် နေရာလွတ် ရှားပါးလာခြင်း
အခက်အခဲတွေကြောင့် ရှေးရိုး ရေးစဉ်ရေးနည်းကနေ အနည်းငယ်သွေဖည်ပြီး
ငွေကြေးပိုမို ဖြုန်းတီးရတဲ့ အနုပညာအသွင် ဖန်တီးရဖို့ အကြောင်းဖန်လာပါတယ်။
အမှတ်တံဆိပ်စာလုံးတွေကို ပိုမိုပေါ်လွင်အောင် outline ခပ်ထူထူနဲ့
ဆေးများများသုံးပြီး ဆန်းသစ်ခြယ်မှုန်းခဲ့ကြတယ်။ အဲဒီ Graffiti ပုံစံသစ်ကို
‘Piece’ လို့ ကင်ပွန်းတပ်ကြပြန်ပါတယ်။

Graffiti Art

၁၉၇၃ ခုနှစ်မှာ အကောင်းဆုံး Garaffiti Art ခြယ်မှုန်းနိူင်သူကို The New York
Times သတင်းစာကနေ လျှောက်လွှာခေါ်ယူ ပြိုင်ပွဲကျင်းပခဲ့ပါတယ်။
ဒီပြိုင်ပွဲရဲ့ ရလာဒ်ကတော့ စိတ်ကူးဆန်းပြားတဲ့ Graffiti အနုပညာရှင်တွေ
များပြားစွာ ပေါ်ထွန်းလာခြင်းပါပဲ။ Graffiti Art ဟာ တဖြည်းဖြည်း
ပျံ့နှံ့လာပြီး ၁၉၇၆ ခုနှစ်မှာတော့ ရထားတစ်စင်းလုံးကို
ဆေးခြယ်ခဲ့သူတွေဖြစ်တဲ့ Caine 1 နဲ့ Fabulous Five အဖွဲ့တို့ဟာ နာမည်ကျော်
နံရံဆေးမှုန်းပညာရှင်တွေ ဖြစ်လာခဲ့ကြတယ်။

Graffiti Art ကို ရူးသွပ်လာခဲ့ကြတဲ့ လူငယ်တွေက သူတို့ရဲ့ ကိုယ်ပိုင်ဒီဇိုင်း
အသစ်အဆန်းတွေနဲ့ ဖန်တီးခြယ်မှုန်းနိုင်အောင် ကြိုးစားရင်းနဲ့
အမည်စာလုံးများ တစ်ခုနဲ့တစ်ခု ပူးကပ်ခြယ်မှုန်းရာမှာ Fullstop (.) နဲ့
Comma(,) တွေ ပါဝင်လာမှုကြောင့် အခက်အခဲ အဆင်မပြေမှုတွေ ကြုံကြရပြန်ပါတယ်။

ဖန်တီးရှင်တစ်ဦးဖြစ်တဲ့ Phase 2 ဟာ သူ့ရဲ့ လက်ရာတွေမှာ (.) နဲ့ (,) တွေအစား arrow ကဲ့သို့
ဂရပ်ဖစ်ပုံသဏ္ဍာန်များနဲ့ ထည့်သွင်းခြယ်မှုန်းခြင်းအားဖြင့် စာလုံးတွေ
ရှည်လျားအောင်ရေးဖို့ မလိုတော့ဘဲ အလွယ်တကူ နားလည်သဘောပေါက်နိုင်တယ်လို့
ယူဆခဲ့ကြပြီး အဲဒီနည်းလမ်းအသစ်ကိုတော့ Wild Style လို့
အမည်တွင်စေခဲ့ပါတယ်။ Graffiti Art ကို Style အမျိုးမျိုးနဲ့
ဖန်တီးခြယ်မှုန်းရာမှာ ကျော်ကြားခဲ့တဲ့ ခေတ်ဦးလူငယ်တွေကတော Hondo, Dead
Leg နဲ့ Phase 2 တို့ပဲဖြစ်ပါတယ်။

Graffiti Art

ခေတ်လွန် Graffiti

၁၉၈၃ ခုနှစ်မှာ ဒတ်ချ်လူမျိုး ပန်းချီကား စုဆောင်း၊ ရောင်းဝယ်သူတစ်ဦးဟာ New
York ကိုရောက်ရှိလာပြီး အရည်အချင်းရှိတဲ့ Graffiti Art ဆေးခြယ်မှုန်းသူ
လူငယ်များကို ရှာဖွေစုစည်းခဲ့တယ်။ သူ့ရဲ ရည်ရွယ်ချက်ကတော့ Graffiti Art
ဆိုတဲ့ လူငယ်ထုအတွင်းမှာ ရေပန်းစားနေတဲ့ အနုပညာတစ်ရပ်ကို ပြည်သူလူထုအတွင်း
အရှိန်အဟုန်ကြီးစွာ ပျံ့နှံ့စေဖို့ပါပဲ။ ဥရောပ ဈေးကွက်အတွင်း
ခင်းကျင်းချပြမယ်လို့လည်း ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

Fashion Moda, The Mudd Club, The New Wave Show နဲ့ The Sun Gallery တို့မှာ ကျင်းပ
ပြုလုပ်ခဲ့တဲ့ ပြပွဲတွေမှာ ပါဝင်ခြယ်မှုန်းပြသခဲ့တဲ့ Graffiti
ဖန်တီးရှင်များကတော့ Dondi, Crash, Ramellzee, Zephyr, Futura 2000, Quik,
Lady Pink, Seen, Blade နဲ့ Bil Blast တို့ဖြစ်ပါတယ်။ ဒီလူငယ်လေးတွေကို
စုစည်းပြီး Museum Boymans Van Beuningen မှာ Graffiti Art
လက်ရာသက်သက်ပြပွဲ ကျင်းပခဲ့ရာမှာ မယုံကြည်နိုင်လောက်တဲ့ အောင်မြင်မှုတွေ
ရရှိခဲ့တယ်။

“Graffiti Art” ဟာ ပန်းချီမဟုတ်ပါဘူး၊ အရူးအနှမ်းလူငယ်လေးတွေရဲ့ ကပေါက်တိကပေါက်ချာ လက်ရာတွေပဲဗျာ” လို့
ချိုးချိုးဖဲ့ဖဲ့ ဝေဖန်ပြောဆိုဖူးတဲ့ ပန်းချီဝေဖန်ရေးသမားတွေဟာ
အဲဒီပြပွဲကို ကြည့်ရှုအပြီးမှာတော့ သူတို့ရဲ့ ပါးစပ်တွေ
ဟောင်းလောင်းပွင့်ကျသွားတဲ့အထိ ရင်သပ်ရှုမောဖြစ်သွားခဲ့ကြတယ်။ ပန်းချီကား
ဝယ်ယူစုဆောင်းသူတွေဆီကလည်း ကောင်းမွန်တဲ့ထင်မြင်ချက်တွေ
အံ့ဘနန်းညံစီလာပါတယ်။ Graffiti Art ဟာ ခုဆိုရင် ပန်းချီကားလောကမှာ နံရံ
ဆေးခြယ်အနုပညာအဖြစ် နေရာတစ်နေရာခိုင်ခိုင်မာမာ ရရှိခဲ့ပါပြီ။


နေရာရလာတာနဲ့အမျှ Graffiti Art ပညာရှင်များဟာလည်း အုပ်စုနှစ်စု ကွဲထွက်လာခဲ့ပါတယ်။
ပထမအုပ်စုကတော့ အနုပညာစစ်စစ်ကို နည်းပညာပိုင်းတွေနဲ့ ဆက်စပ်ပြီး
တီထွင်ရေးခြယ် ဖန်တီးလိုသူများဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ Artwork
တွေကို ဈေးကွက်ရှာ ရောင်းချနိုင်ဖို့
အခါအခွင့်မျှော်ကိုးနေကြသူများဖြစ်ပြီး အဲဒီလို ဈေးကွက်ဝင်
ထင်ပေါ်ကျော်ကြားသူပညာရှင်များအဖြစ် မိမိကိုယ်မိမိ လက်မထောင်
ဝင့်ကြွားလိုသူများလည်းဖြစ်ပါတယ်။

ဒုတိယအုပ်စုကတော့ နည်းပညာအသစ်နဲ့ ဈေးကွက်ဝင် ထင်ပေါ်ကျော်ကြားမှုကို စိတ်မဝင်စားဘဲ
နံရံတွေပေါ်မှာ ရှေးနည်းဟောင်းအတိုင်း ဆေးခြယ်မှုန်းဖို့ အမြဲတစေ ချဉ်းကပ်
အားထုတ်နေကြသူများပဲ ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ Artwork တွေကို
ဈေးကွက်တင်ရောင်းချဖို့၊ ပြတိုက်တွေမှာ ခမ်းနားစွာခင်းကျင်းပြသဖို့
ဘာဆိုဘာမှ စိတ်မဝင်စားကြပါဘူး။

ဒါကိုပဲ ပြည်သူလူထုရဲ့ ဝိညာဉ်နှလုံးသားနဲ့ ထာဝရနီးစပ်မှုရှိနေမယ့် ယဉ်ကျေးမှုအနုပညာစစ်စစ်
နံရံဆေးခြယ် အနုပညာပဲဖြစ်တယ်လို့ သတ်မှတ်ကြလေမလား။


Graffiti Art


အနာဂတ် Graffiti Art

မြန်မာပြည်က လူငယ်ဂီတအဖွဲ့တွေဟာ အခုအခါသူတို့ရဲ့ ဗီစီဒီတွေမှာ Graffiti Art များ
ထည့်သွင်းရိုက်ကူးဖို့ အားသန်နေကြတာကြောင့် မှုတ်ဆေးဘူးသုံး၍
ပန်းချီရေးဆွဲမှု ကျွမ်းကျင်သူဖန်တီးရှင်များ
ဈေးကွက်ပိုမိုရရှိလာနိုင်ကြောင်း၊ ဂီတစင်မြင့်ပွဲတွေရဲ့ Stage Decoration
တွေမှာ လူငယ်များရဲ့ Graffiti Artwork များက ဈေးကွက်ဝေစု
သိမ်းယူလာဖွယ်ရှိကြောင်း ဈေးကွက်ကျွမ်းကျင်သူ
တေးထုတ်လုပ်ရေးတာဝန်ခံတစ်ဦးက သုံးသပ်ပြောဆိုတယ်လို့ သိရှိရပါတယ်။


Ref: Internet, 2005 April Living Color Magazine


ဖြိုးဖြိုး
ပန်အနုပညာမဂ္ဂဇင်း၊
အမှတ် ၁၁ ၊ ၂၀၀၅ ဇူလိုင်လ

source: www.myanmargraffitiwriters.ning.com

Graffiti အား အနုပညာအဖြစ်သတ်မှတ်ပေးရန် တောင်းဆိုလျက်

အငယ်တန်း Graffiti Artist

M.I.N

art.min10@gmail.com

4 comments

  • kopauk mandalay

    July 10, 2010 at 2:20 am

    လှပသောအနုပညာဆိုတာ ဘာနဲ့ဖန်တီးတယ်ဆိုတာ ဘယ်လိုဖန်တီးတယ်ဆိုတာ အဓိက မဟုတ်ပါ။
    ဖန်တီးထားတဲ့ ပစ္စည်းလေးက ကြားသူ မြင်သူ ရင်ထဲအထိရောက်သွားဘို့က အဓိကပါ။
    အရေးကြီးတာကတော့ ခံစားသူကို ကောင်းတဲ့ဖက်ရောက်အောင် တွန်းပို့နိုင်ဘို့လဲလိုပါတယ်။
    ခင်သောကိုပေါက် မန်းတလေး
    http://kopaukmdy.myanmarsarpay.info/

  • Htoo

    July 10, 2010 at 2:59 am

    အရမ်းမိုက်တယ်နော် အဲဒီပညာကဘယ်မှာသင်လို့ရလဲဟင်

  • Burma

    July 10, 2010 at 1:29 pm

    သင်လို့မရပါဘူး ခင်ဗျာ ဒါတွေက တော့ ကို့ဘာသာကို လေ့လာကြတယ်။ နောက် အင်တာနက်ကနေ လေ့လာရပါတယ် ခင်ဗျာ

  • Pa Pa

    July 10, 2010 at 2:06 pm

    နံရံဆေးရေး ပန်ချီကားတွေ (ဆေးနဲ့ဖျန်း)ကို အနောက်နိုင်ငံတွေမှာ နံရံတွေပေါ်မှာတွေရနေတော့ စပ်စုမိတယ်မေးမိမဲ့
    လူကလည်း ဒီနောက်ကြောင်းကိုလိုက်နေတဲ့ လူဆိုတော့ ဆေးမှုတ်နံရံတွေရဲ့ လှို့ဝှက်ချက်ဟာ မူးယစ်ဆေးါးအဖွဲ့တွေ တဖွဲ့နဲ့တဖွဲ့ ချိန်းဆိုတဲ့သကေ တတွေဆိုတာသိ လိုက်ရတော့ အံ့ဩမိတယ်….ဒါပေ ဒီအနုပညာကို ကိုယ်လဲကြိုက်ပါတယ်..။

Leave a Reply