တော်လှန်ရေးသမိုင်းထဲက သစ္စာတရား တစ်ခု

htet waySeptember 12, 20121min1383

ဆရာကြီး ဝမ်းအိုဝမ်းကျော်ဝင်းမောင် အကြောင်း လျှပ်တစ်ပြက်ဂျာနယ်မှာ ဆရာအောင်ဝေးက ဆရာကြီး နာမကျန်း ဖြစ်နေတာကို စိုးရိမ်ကြောင်း ကဗျာတစ်ပုဒ်နဲ့ ဖေါ်ကြူးတယ်။တကယ်တော့ ဆရာအောင်ဝေးပြောသလို ပြည်တွင်းက မွတ်စလင်စစ်ကြီး အဘ ဝမ်းအိုဝမ်းကျော်ဝင်းမောင် ကို ကျွန်တော်က အလွန် သဘောကျခဲ့တယ်။ လူချင်းလည်း ရင်းနှီး တယ်။ သူ့ရဲ့ စွန့်စား ခန်းတွေကို သဘောကျတယ် ။တကယ်တော့ နိုင်ငံဂုဏ်ရည်ဘွဲ့ရဖို့ ဆိုတာ လွယ်လွယ်တော့ မဟုတ်ပေဘူး။တော်လှန်ရေးကာလက အမေရိကန် ဝမ်းအိုဝမ်း တပ်တွေ ကိုရိန်းဂျားတပ် ( Ranger)လို့ ခေါ်ကြတယ်။အဲ့ဒီတပ်ထဲ ဗမာ၊ရှမ်း၊ ဗမာမွတ်စလင်တွေပါတယ်။“
အမေရီကန် ဝမ်းအိုဝမ်းအဖွဲ့နဲ့ ဗြိတိသျှ ဖို့ဒ် ၁၃၆ တပ်ဖွဲ့တွေဟာ စစ်အောင်နိုင်ရေး အတွက် အရေးကြီးတဲ့ နိုင်ငံရေးပြဿနာများ၊ ထောက်လှန်းရေးပြဿနာများကို အဓိက ထားတဲ့ ဆောင်ရွက်ကြတဲ့ အဖွဲ့ ဖြစ်တယ်။
ဒီနေရာမှာ နိုင်ငံဂုဏ်ရည် ချီးမြှင့် အပ်နှင်းခြင်း ကိုပြောရရင် အရာ် အချင်း (၄)ရပ်သတ်မှတ်ထားတယ်။
၁။ ထူးခြားပြောင်မြှောက်စွာ တာဝန်ထမ်းဆောင်နိုင်ခြင်ိး
၂။ ကိုယ်ကျိုး မဖက် အနစ်နာခံ၍ကြိုးပမ်း လုပ်ဆောင်ခဲ့ခြင်း
၃။စိတ်သဘောထား မှန်ကန်စွာ ခံယူဆောင်ရွက်ခဲ့ ခြင်း
၄။ စစ်မှန်သော စေတနာရှိခြင်း
စတဲ့ အချက်တွေ နဲ့ကိုက်ညီမှ ဖြစ်မယ်။ ဂျပန်ခောတ် လေထီးသမားများဟာ ဖေါ်ပြပါ အရည် အချင်း (၄)ရပ်နဲ့ ကိုက်ညီယုံသာမက သမိုင်းဝင် အချက် (၁၀)ချက်ဖြစ်တဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေး မှာ အထူးတာဝန် ထမ်းဆောင် ခဲ့သူများ အပိုဒ်နဲ့ လည်း အကျုံးဝင်တဲ့ အတွက် နိုင်ငံဂုဏ်ရည် ဘွဲ့ ပေးအပ်ခံရတယ်။
ဆရာကြီး ဝမ်းအိုဝမ်း ကျော်ဝင်းမောင်ဟာ ဂျပန်တွေ နိပ်စက်တဲ့ ငရဲခန်း မှာ ပြင်းပြင်း ထန်ထန် နိပ်စက်ခံရတယ်။ တိုင်းပြည် အပေါ် ၊ ရဲဘော်ရဲ ဘက် အပေါ် ချစ် သူ သစ္စာကြီးသူ ဖြစ်တယ်။ဆရာကြီးကို ဂျပန် ဖမ်းသွားတာ စဉ်းစားမိတော့ အသားထဲလောက်ထွက် ဦးလှဒင်ဆိုတဲ့ ဗမာ တစ်ယောက်က ဂျပန် လူ ဖြစ်နေတယ် လှေသမားက မူးမူးနဲ့ ပြောတဲ့“ မင်းကွန်းက တိမ်းရှေင်ကြ ဗုန်းလာချလိမ့်မယ် ဆိုတဲ့ စကားကို ဂျပန်အလိုတော်ရိက ကြားတယ်။ဒါကို ဂျပန် ကိုသတင်းပေး လှေသမားကို ဖမ်း နောက်တော့ ဆရာကြီးကို ဖမ်းလိုက်တယ်။ဆရာကြီးကို ဂျပန်နိပ်စက်တာ ကို ဆရာကြီးရဲ့“ဖက်ဆစ်ဂျပန်
တော်လှန်ရေး လေထီးသမားများ”စာအုပ်က နည်းနည်းလောက် ကူးယူဖေါ်ပြ ပါ့မယ်။
” ကျွန်တော့်တို့ကို ဂျပန်က ယာယီ အချုပ်ခန်းကိုခေါ်သွားပြီးချက်ချင်း စစ်ဆေးမေးမြန်းပါတယ်။ရိုက်နှက် ကန်ကျောက် လက်သီးနဲ့ ထိုး ခေါင်းကို တမံတလင်းနဲ့ဆောင့်ကန်ပြီး စစ်ဆေးပါတယ်။လှေသမားကကျွန်တော့်ကို စပိုင်သူလျှိုတစ်ယောက်လို့ ထင်မှတ်နေပြီး ဂျပန်တာ်လှန်ရေးသမားဆိုတာ မသိပါ။”
ကိုလှရွှေကို နောက်ထပ်စစ်ပြန်တော့ သူဘာမှ မသိကြောင်း၊ ကိုဝင်းမောင်ဟာ ကသာကို အမေရိကန် တပ်တွေ ဝင်လာလို့ ပြေးဝင်လာတဲ့ အကြောင်သာ ပြောပြလို့ သိကြောင်း လောက်ကိုသာ ပြောပြလို့ သိကြောင်းလောက်ကိုသာ အစစ်ခံတယ်။ဂျပန်က ရိုက်နှက်ကန်ကျောက်ပေမယ့်လည်း ဒီ အတိုင်းပဲ ဖြေတယ်။”
တော်လှန်ရေးသမားတွေရဲ့ သတ္တိကိုလေးစားမိပါတယ်။ တစ်ချို့ ဆိုရင် ဂျပန်တွေရဲ့ နိပ်စက်မူကို ကြ့ကြံ့ မခံနိုင်ကြလို့ ဖေါ်ကောင်လုပ်ကြ ၊ တော်လှန်ရေးသမားတွေ အသက်ဆုံးရှုံးကြရ တာတွေ ဖတ်ရ ၊ပြောပြတာတွေ ကြားရတာ အင်မတန် စိတ်နာဖို့ ကောင်းတယ်။ဂျပန်ကိုတော်လှန်မယ်ဆိုတဲ့ ကွန်မြူနစ်ပါတီတစ်ခုကိုဂျပန်က ဖမ်းသွားတော့ နိပ်စက်လိုက်တာနဲ့ ဂျပန် လူ လုပ်ပါ့မယ် သတင်းပေးပါ့မယ် အသက်ကို ချမ်းသာပေးပါ ဆိုပြီး ဂျပန်လူဖြစ်သွားကြတာလည်း ဖတ်ဖူး ကြားဖူးတယ်။ဆရာကြီးကို စစ်ဆေးရိုက်နက်ကြတဲ့ အကြောင်း ဆရာကြီးရေးထားတဲ့ စာအုပ်မှာ ဖတ်ရတယ်။အဲ့ဒီတုန်းက ဂျပန် စကားပြန်က ဗမာမွတ်စလင် ကိုမြမောင်လို့ ပါတယ်။ ဗမာ မွတ်စလင်တွေ က လွတ်လပ်ရေး အတွက် ဂျပန်ကို တော်လှန်နေချိန်မှာ ဗမာမွတ်စလင် ဆိုတာလည်း ဂျပန် စကားပြန် ရှိနေသေးတာပဲလို့ တွေးမိတယ်။
ဆရာကြီး ဝမ်းအိုဝမ်းနဲ့ ကိုစံထွန်းဆိုတဲ့ တော်လှန်ရေးသမားကိုလည်း ဂျပန်က အချုပ်ထဲက ထုတ်လို့ အပျင်းပြေ အချင်းချင်း ထိုးကြိတ်ခိုင်းသေးတယ်။အချင်ချင်း တကယ် မထိုးရင်ဂျပန်က ရက်ရက် စက်စက် ရိုက်နှက်တယ်လို့ ဖတ်ရပါတယ်။ဒါကြောင့် ဆရာကြီးက ညှာချင်သော် လည်း မညှာရဲဘဲ ထိုးကြိတ်ခဲ့ရတယ်။ဒါကို ဆရာကြီးရဲ့ “ ဖက်ဆစ်ဂျပန် တော်လှန်ရေး လေထီးသမားများ”စာအုပ်” မှာ ဖတ်ရတယ်။
“ကျွန်တော်တို့ တိုက်ကြက်နှစ်ကောင်ခွပ်တာကို လက်သီး လက်မောင်းတန်းပြီး တဝါးဝါးနဲ့ ရယ်လို့ အားရမှ နှစ်ယောက်စလုံး မကောင်းဘူးဆိုပြီး ဂျပန်တွေက ကျွန်တော်တို့ကို ရိုက်နှက်ပြန်တယ်။အားရမှ သူ့အခန်း ကိုယ့် အခန်းပြန်ပို့ပါတယ်။ အဲ့ဒီညက ကိုစံထွန်း ကျွန်တော့် လက်သီးချက်ကြောင့် ခံသွားရတာ တွေ တွေးရင်း စိတ်ထဲမချမ်းသာမိဘူး။ တော်တော် ယုတ်မာတဲ့ ဖက်ဆစ်ကောင်တွေပဲ လို့ ဆဲဆိုမိပါသေးတယ်။”
ဆရာကြီးကို မဖမ်းခင်မှာ လျှို့ ဝှက်စာ ထည့်ထားတဲ့ ဝါးလုံးခြောက်ပါတယ် ဂျပန် မမြင်အောင် သူက ပစ်ချထားခဲ့တာပါ။ ဒါကို ဂျပန်တွေ့ရင် ဒုက္ခပဲ ဆိုတဲ့ စိုးရိမ်စိတ်က ဆရာကြီး ဆီမှာ ရှိနေပါတယ်။ သေလုမတတ်နိပ်စက်တာကို ဆရာကြီးက မဖေါ်ခဲ့ ဘူး။ တော်လှန်သမားမှန်း သိပြီး ဒီစာကိုသာတွေ့ခဲ့ရင် အထက်မြန်မာပြည် ဘီဒီအေ တပ်တွေ အဖမ်းခံရမယ်။ ဗိုလ်မှူး ဗထူးအဖမ်းခံရမယ် နောက် ဗိုလ်ချုပ်အောင်ဆန်း နဲ့ တပ်မှူးတွေ ထိ အဖမ်းခံရနိုင်တယ် ဒါဆို ဂျပန်တော်လှန်ရး ဆိုတာ အိပ်မက်လို ဖြစ်သွားမယ် ။ဒါကြောင့် ဆရာကြီးက တကယ်လို့ ဒီစာကိုတွေ့ခဲ့ရင် သူ့ကို အမျိုးမျိုး စစ်မယ် ။စိတ်ဆိုတာက ဒုက္ခ သိပ်ခံရရင် ပြောင်းလဲတတ်တယ်
တော်လှန်ရေး တော့ အထိ ခိုက် မခံဘူး သူ့ အသက်သာ အသေခံမယ်ဆိုတဲ့ စိတ်ရှိနေပါတယ်။
ဒီစာကို ဂျပန်တွေ ရလာခဲ့ရင်တော့ သူတို့ အချုပ်ခန်းက ကိုယ့်ကို လာဆွဲ မထုတ်ခင် ခေါင်းအုံးပေးထားတဲ့ အုတ်ခဲနှစ်ခဲ ဘယ်ညာကိုင်ရင်း ကိုယ့်ခေါင်း ကိုယ်ရိုက်ခွဲလိုက်မယ်လို့ ယတိပြတ် ဆုံးဖြတ်ခဲ့တယ် ။ ဒီလိုဆုံးဖြတ်လိုက်မှ ကျွန်တာ်လည်း တည်တည်ငြမ်ငြိမ် ဖြစ်သွားပါတယ်။“
ဂျပန်ခောတ်က နိပ်စက်မူတွေ က တော်ရုံ သတ္တိနဲ့ မခံနိုင်ပါဘူး။ ဆရာကြီးဟာ သတ္တိနဲ့ ဇွဲခတ်နိုင်သူလို့ ဆိုရမယ်။တော်လှန်ရေး အပေါ် သစ္စာမဖေါက်သူ၊ မိမိကိုယ်ကိုပဲ သတ်သေလိုက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးကို လေးစားလို့ မဆုံးနိုင် ဖြစ်ရပါတယ်။ဆရာကြီးကို ရဟန်းပျို အဖွဲ့ ဥက္ကဌ ဦးပဏ္ဏိတ က သော့တူနဲ့ မြေပုံကို စီစဉ်ပေးလို့ ဂျပန် ထဲမှာ တန်ပြန်ထာက်လှန်းဖို့ လွှတ်ထားတဲ့ အသွင်ယူထားတဲ၊့ AFOခေါ် ဖက်ဆစ်ဆန့်ကျင်ရေးအဖွဲ့ က လျှို့ဝှက် သွင်း ထားတဲ့ ဂျပန် အရင် သင်တန်း အဖွဲ့ ဝင်ကိုအောင်မှီက ဂျပန်အလစ်မှာပေးလို့ သေကံ မရောက် အသက် မပျေက် ဖြစ်ခဲ့ရတယ်။ကိုအောင်မှီက “ ဒီညပြေးနိုင်ရင်ပြေး မပြေးနိုင်ရင် မနက်ဖြန် မနက်မှာ ခင်ဗျားကို ထုတ်သတ်လိမ့်မယ် စီရင်ချက်ချပြီးပြီးလို့ ” တီးတိုးပြောသွားသေးတယ်လို့ ဆရာကြီးက သူ့စာအုပ်မှာ ရေးထားတာ ဖတ်ရတယ် ။ကျွန်တော်တို့ နဲ့ စကားဝိုင်းတွေမှာလည်း ပြော တာ မှတ်သားဖူးပါတယ်။
ဂျပန် အချုပ်ခန်း ရှေ့မှာ ဂျပန်မွေး ထားတဲ့ ဘဲအုပ်ရှိပါတယ်။ဘဲဆိုတဲ့ သတ္တဝါက လူကိုတွေ့ရင် အသံပေးတတ်တယ်။ ဒါကို လည်း ဆရာကြီးက သတိထားရတယ်။ကြိုတင်ပြီး ဘဲအုပ်ကို မောင်းရတယ်။လေကြောင်း အချက်ပေးသံ ကိုနားထောင်ရတယ် အသံကြားရင် ဂျပန်တွ ဗုံးခိုကျင်းထဲဝင်မယ့် အချိန်ကို မှန်းပြီး သော့ကို ဖွင့်ရမယ် ။ တော်တော် သတိထား ခက်ခဲတဲ့ ကိစ္စပါ။
ဒီတုန်းက ကျွန်တော်က ဆရာကြီးကို လွှတ်မြှောက်ခဲ့ပုံလေးမေးမိတော့ ဆရာကြီးက“ခင်ဗျား မတ်တပ်ရပ်ပါ လက်ကို ဆန့် လိုက်”လို့ ခိုင်းတယ် ကျွန်တော် လက်ကို ကြည့်ပြီး “ ခင်ဗျား လက်က တိုတယ် အချုပ်ခန်း သော့ကို မမှီနိုင်ဘူး ကျွန်တော် လက်တံတောင် မှီယုံပဲ ရှိတယ် အခန်းထဲကနေ တံခါးဆီ လက်လှမ်းပြီး ခဲခဲယဉ်းယဉ်းဖွင့်ရတာလို့ ပြန်ပြောခဲ့ တာ မှတ်သား ဖူးပါတယ်။
ဆရာအောင်ဝေးရဲ့ လျှပ်တစ်ပြက် ဂျာနယ် ထဲက ကဗျာကို ဖတ်ပြီး ဆရာကြီးကို သတိရစိတ်က ပြင်း ထန်လာမိတယ်။ တလောက တော်တော် အသည်း အသန်ဖြစ်တယ်လို့ စာရေးဆရာ မောင်သဲနီက ဖုန်း နဲ့ပြောတာကို ကြား ကတည်းက စိတ်က ဆရာကြီးဆီရောက်ခဲ့တယ်။ကျွန်တော် ပြောချင်တာက ဂျပန်တော်လှန်ရေး မှာ အဖမ်းခံရတာတယ် နိပ်စက်ခံရတယ် သို့သော် ဆရာကြီးက နိုင်ငံကို ချစ်တယ် တော်လှန်ရေး အပေါ် အသက်နဲ့လဲပြီး သစ္စာရှိ ခဲ့တယ် ။နောက်သေကံ မရောက်ခဲ့ ဘူး
ဆိုတာကို ပါ။
မြန်မာ မွတ်စလင် ကြီး ၊ သူရဲကောင်းကြီး ကို သတိတရ လွမ်းဆွတ် စိတ် ဝင် မိတယ်။မြန်မာပြည်ထဲက မြန်မာ မွတ်စလင်တွေကို လည်း ဆရာကြီးရဲ့ နိုင်ငံ ချစ်စိတ် ကို သိစေ အားကျစေလို ပါတယ်။ဆရာကြီး အသက်ရှည်ပါစေလို့ လည်း လေးလေး နက်နက် ဆုတောင်းရင်းနောက်ဆုံးဆရာအောင်ဝေးရဲ့ ကဗျာနဲ့ပဲ ဆောင်းပါးကို အဆုံး သတ်လိုက်ပါတယ်။
အခု
(ပြည်တွင်းမှာ)
မွတ်စလင်စစ်စစ်ကြီး
အဘဝမ်းအိုဝမ်းကျော်ဝင်းမောင်
မကျန်းမမာဖြစ်နေတယ်
ငါ
ဒါကိုပဲ စိတ်ဝင်စားတယ်
လွတ်လပ်ရေး တိုက်ပွဲဝင်
သူရဲကောင်းကြီး
အဲ့ဒီ မွတ်စလင်ကြီး
အသက်ရှည်ပါစေ ငါဆုတောင်းတယ်
(အောင်ဝေး လျှပ်တစ်ပြက်ဂျာနယ် .၂၀.၈.၂၀၁၂ထုတ်)

3 comments

  • TTNU

    September 13, 2012 at 7:15 pm

    ကိုထက်ဝေးရေ…
    ကျွန်မလည်းဖတ်လိုက်မိပါတယ်။ ကျွန်မတို့ မြန်မာ့သမိုင်းမှာဖက်ဆစ်ဆန့်ကျင်ရေး
    ဆင်နွှဲခဲ့ကြရာမှာ ဘာသာရေးဆိုတဲ့ အတားအဆီးမရှိခဲ့၊ နယ်စည်းမခြား ချစ်ခင်စွာ
    တိုက်ပွဲဝင်ခဲ့ကြတာဟာ အလွန်ချစ်စရာကောင်းတဲ့ သိပ်လှတဲ့ ပန်းချီကားတစ်ချပ်ဖြစ်ခဲ့တာပါပဲ။

    စကြာဝဠာ အနန ္တ၌ ရှိကြကုန်သော နတ်လူသတ္တဝါ အပေါင်းတို့သည်
    ဘေးရန်ကြောင့်ကျ ဆင်းရဲကင်း၍၊ နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ၊
    ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာကြပါစေ။ လို့ ဆုတောင်းမေတ္တာ ပို့သကြတဲ့အခါ
    လူသတ္တဝါ အားလုံးကိုသာ ရည်ရွယ်ခဲ့ကြတာပဲမဟုတ်ပါလားရှင်။

  • htet way

    September 14, 2012 at 2:14 pm

    ကျေးဇူးပါဆရာမကြီး ခင်ဗျာ
    ကျွန်တော်ဒီဆောင်းပါးကို ဂျာနယ်ကိုပေးထားပါတယ်
    ဆရာမကြီး ရွှင်လန်း ချမ်းမြေ့ပါစေ လို့ မေတ္တာပို့သမိပါတယ်။

  • ကြောင်ကြီး

    September 15, 2012 at 9:13 am

    မွတ်စလင်ဂျီး
    ဝမ်းအိုဝမ်း
    သူမထင်တီး
    ဗျန်းဆိုကြမ်း
    လူအရှင်ဖီး
    မန်းအိုစွမ်း
    ထူတပင်တည်း
    ကမ်းပျိုနန်း…။

Leave a Reply