ကြက်ညီနောင်ထဲက ရွှေကြက်ကျပေါ်မှလက်ဆော့မိခြင်း…………….တစ်
















“ကြက်ညီနောင်ထဲက ရွှေကြက်ကျပေါ်က လက်ဆော့မိခြင်း တစ်”
ရွှေကြက်ယက်ဘုရားပေါ်ကဆင်းပြီးတဲ့အခါ တောင်ဘက်စောင်းတန်းအတိုင်းရွှေကြက်ကျပေါ်တက်ခဲ့ပါတယ်။
စောင်းတန်းအတွင်းဘက်က တက်ရင်နေအေးပေမယ့် မြစ်ကိုမမြင်ရပါဘူး။.
ဒါကြောင့် စောင်းတန်းအပြင်ဘက်အနောက်ဘက်အုဌ်လှေခါးထစ်ကနေတကလို်က်ပါတယ်။
မိုးရိပ်ကြောင့် နေအပူ သက်သာပေမယ့် ပူတာကတော့ ပူတာပါဘဲ။
အနောက်ဘက်လှေခါးထစ်အတိုင်းတက်ရင်း ဓါတ်ပုံတွေကို မြင်ကွင်းအမျိုးမျိုးနဲ့ရိုက်လာခဲ့ပါတယ်။
စစ်ကိုင်းတံတားအသစ်အောက်ခြေက ဖောင်လေးတွေ။
ဖောင်ပေါ်မှာရေချုးိနေသူတွေ။
အနောက်ဘက်ကမ်းကနေ အရှေ့ဘက်ကမ်းကို လှေကလေးနဲ့ လာသူတွေ။
အမြင့်ကနေစီးပြီးမြင်ရတဲ့ မြစ်ပြင်ကို လက်ဆော့။
အဝေးမှာရှိနေတဲ့စစ်ကိုင်းတောင်ကိုလက်ဆော့။
နောက်စေတီတော်အောက်မှာရှိတဲ့ ရွှေကြက်ကျဆင်းတုတော်ကို မှတ်တမ်းယူ။
နောက်တော့အနောက်ဘက်ခြမ်းကနေပြီး စစ်ကိုင်းတောင်မြင်ကွင်းလေးကိုရိုက်ယူ။
အဲလိုရိုက်နေတုန်း သံဃာတော်တစ်ပါးဘုရားဘူးကြွလာတာကိုမြင်ရပါတယ်။
နောက်တစ်ပုံရိုက်မယ်လုပ်တုံး ကင်မရာက မင်မိုရီကဒ်ပြည့်နေတယ်လို့အချက်ပေး။
ဒါနဲ့ဘဲ လက်ဆော့တာရပ်လို့ကဒ်အသစ်လဲရပြန်ပါတယ်။
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
(12-9-2012)
15 comments
မောင်ပေ
September 19, 2012 at 9:38 pm
စစ်ကိုင်းတံတားအသစ်ကြီး ကို ရှုထောင့်မျိုးစုံကနေ ရိုက်ထားတာ မြင်ရတော့ ၊ ချက်ချင်းကို သွားချင်စိတ်ပေါက်လာမိတယ်ဗျို ့
Khaing Khaing
September 21, 2012 at 12:48 pm
သွားကြမယ်လေ ကိုကိုပေ ……. ဟိုစစ်ကိုင်းတံတားရဲ့ အလယ်တိုင်မှာစောင့်နေမယ် လူကြီးတွေမသိအောင် ခိုးထွက်ခဲ့နော် ……..
လေးပေါက်ရေ … သမီးတို့ မန်းတလေးလာတုန်းက စစ်ကိုင်းသွားတာ နေရာတွေမစုံလိုက်ဘူး … မန်းတလေးလည်း လည်တာမစုံလိုက်ဘူး နောက် ၄ နှစ်လောက် နေမှ ထပ်လာပြီး သေချာစုံအောင်သွားဖြစ်လိမ့်မယ်လို့ထင်ပါတယ် …. အချိန်ကလည်းမရတာ လူကလည်းပင်ပန်းတာကြောင့် စုံစုံစိစိမသွားနိုင်ခဲ့ဘူး ……..
etone
September 22, 2012 at 11:38 am
အဟီး … အဲ့အခါကျတော့ …. ယောက္ခမဂျီးဒေါ်ခိုင်တို့ .. စုံတွဲရယ် … ယောက်မလေးရယ် အပြင် … တမီးနဲ့ .. တမီးချစ်ချစ်လဲ ပါမယ်နော် ကပေ …. ။ ….. တမီးက သူ့ကလေးကို ဗိုက်ထဲမှာတင် .. ဘွတ်ကင်လုပ်ထားပြီး … ကျောက်ပျဉ်ရွက်စောင့်နေတာပါ … ခွိခွိ :kwi: :harr:
အိမ်လွမ်းသူ
September 21, 2012 at 11:56 am
ရိုက်ချက်က ကောင်းသလို လွမ်းအောင်လဲရေးတတ် ပါပေ ကိုပေါက်ရေ။
ရွှေ ကြည်
September 21, 2012 at 12:02 pm
လေးပေါက်ရေ အပူဒါဏ်ခံပြီးကြိုးစားပမ်းစားရိုက်လာတဲ့ပုံလှလှလေးတွေကိုခံစားသွားပါတယ်..။
ဘုရားဖူးခွင့်ပေးတဲ့လေးပေါက်ကိုကျေးဇူးပါလို့။
Mon Kit
September 21, 2012 at 1:06 pm
လေးပေါက်ရေ…
အားလုံးကြိုက်တယ်…..
ရေလည်က လှေငယ်နဲ့ စစ်ကိုင်းတံတားနေခြည်ခ နေတဲ့ပုံလေးတွေ ပိုနှစ်သက်မိတယ်…
ညလေး
September 21, 2012 at 1:31 pm
.လေးလေးရယ်…ပုံ12 ကိုအရမ်းကြိုက်တယ်….ရာသီဥတုကလည်း…..ဟူးးးသာယာလိုက်တာ
Ma Ei
September 21, 2012 at 2:00 pm
စစ်ကိုင်းမင်းဝံ…
ရွှေတောင်ဦးမော်…
အတော်လှတဲ့ နေရာတွေပါလား ကိုပေါက်ရေ…
သီချင်းလေးထဲကလို..
…ဟင်္သာ ဇင်ယော် ကြင်ဖော်တွဲလို့ ဝဲပျံ…
နေတာလေးတွေများ တွေ့နိုင်တော့ဘူးလား…
ကိုပေါက်(မန္တလေး)
September 21, 2012 at 5:53 pm
မယ်အိရေ
မြင်ကွင်းတွေကတော့လှမြဲ လှဆဲပါဘဲ။.
ဒါပေမယ်လူနေထူထပ်တော့ ငှက်တွေပျောက်ကုန်ပြီ။
TTNU
September 21, 2012 at 10:53 pm
ကိုပေါက်ရေ
အကြိုက်ဆုံးက (၅)။
ကူးသွားတာကခပ်များများ။
:gee:
အရီးခင်လတ်
September 22, 2012 at 4:23 am
ခိုင်ထူး ရဲ့ စစ်ကိုင်းလမ်း ကို သတိရသွားတယ် ကပေါက်ရေ့။
ပထမဆုံး ပုံလေး အကြိုက်ဆုံးပါ။
ကျေးဇူးပါဗျို့။ :hee:
Mလုလင်
September 22, 2012 at 10:58 am
နေဝင် ဆည်းဆာ ပုံတွေ ဘယ်မှာ ဖွက် ထားလဲ .. ???
kyeemite
September 22, 2012 at 11:35 am
ကိုခင်လတ်ပြောတဲ့..ခိုင်ထူး ရဲ့ စစ်ကိုင်းလမ်း သီချင်းပဲဆိုပြတော့မယ်..ကိုပေါက်ရေ
“…ဆက်ဆက်တော့ရောက်အောင်လာမယ်လေ….” :hee:
etone
September 22, 2012 at 11:42 am
လေးပေါက်ရေ ပုံတွေ အကုန်လုံးကလေ .. ကိုယ်တိုင်ရောက်သွားမိသလိုပဲ … ။
ပုံတွေကြည့်ရင်း … ချုပ်တီးမှု ၊ ထိုင်းမှိုင်းမှုတွေမရှိပဲ …. လွတ်လပ်သွားသလို ဖီလင်လေး ခံစားရတယ် … ပုံ 4 နဲ့ 5 ကိုကြည့်ရင်း .. ယောင်ယောင်မှားမှားနဲ့ မျက်မှန် ကောက်တပ်မိတယ် … အဟီး :harr:
ကိုပေါက်(မန္တလေး)
September 22, 2012 at 11:53 am
ညနေခင်းပုံလေးတွေလာပါမယ်။
ဒါပေမယ့်အဲဒီနေ့ညနေခင်းက မလှဘူး။
နောက်ကင်မရာလွတ်ကျပြီးပျက်သွားတော့ ဆက်ရိုက်လို့မရ။
ကင်မရာလွတ်ကျတာကို ပေါ့ဆတဲ့ကိုယ့်ကိုကိုယ်အပြစ်တင်ရင်း ဒေါသဖြစ်ဖြစ်နဲ့ပြန်လာရတဲ့ညနေပေါ့။
ရွှေကြက်က နောက်ထပ်ပိုစ်တစ်ခုထပ်တက်လာပါအုံးမယ်။
နောက်လုလင်အကြိုက်လက်ဆော့ထားတာလေးတွေလဲ လာပါမယ်။
အားလုံးကိုမန်းလေးကို အလည်လာဘို့ခေါ်ပါ၏။