Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ရိုုးရာအစဉ်လာ မယ်တော်ကြိုပွဲ

myanmar oscarSeptember 21, 20121min76225

ယခုမြင်တွေ့နေရတဲ့ဓာတ်ပုံတွေကတော့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်(၄၉၈)ရွှေပန်း

ဘဲတန်းရပ်(စစ်ကိုင်း-မန္တလေး)ကားလမ်းမဘေး ဝါခေါင်လဆုတ်(၅)ရက် (6.9.2012)နေ့မှာ ပြုလုပ်တဲ့ မယ်တော်ကြိုပွဲ

ဖြစ်ပါတယ်။မယ်တော် ဆိုတာဘယ်သူလဲ၊ဒီရာဇဝင်ေလေးကို ကျွန်တော်သိသလောက်အနည်းငယ်ပြောပြပါမည်၊ ဃဂဏန

တော့သိပ်မသိပါဘူးလို့ကြိုတင်ပြီးပြောပါ့ရစေ။

တောင်ပြုံးပွဲတော်ဆိုရင်လူတိုင်းသိကြမှာပါ၊ဒီပွဲရဲ့မင်းနှစ်ပါးကတော့ ရွှေဖျဉ်းကြီးနှင့်ရွှေဖျဉ်းလေးတို့ပဲဖြစ်ပါတယ်။

သူတို့ရဲ့ခမည်းတော်နှင့်မယ်တော်တို့ကတော့ ကိုဗျတ္တနဲ့ မယ်ဝင်္ဏ(စာလုံးပေါင်းမှားရင်သည်ခံပါ၊ထပ်ဆင့်စာလုံးရိုက်မရပါ)

တို့ပဲဖြစ်ပါတယ်။ ကိုဗျတ္တကတော့ ကွမ်းတရာရေတမုတ်နဲ့ ဘဝပြောင်းသွားတယ်၊ မယ်ဝင်္ဏကတော့ သားတော်နှစ်ပါးလုပ်ကြံ

ခံရတဲ့သတင်းကိုကြားပြီး ရင်ကွဲနာကျပြီးသေဆုံးသွားပါတယ်လို့ ရာဇဝင်စာအုပ်တွေထဲမှာဖော်ပြထားပါသည်။ ကျွန်တော်တို့

ဖတ်ခဲ့ဖူးသမျှစာအုပ်တွေနဲ့ ဒီရာဇဝင်ကို video ရိုက်ထားတဲ့ဇာတ်ကားတွေဟာ တစ်ခုနှင့်တစ်ခု နောက်ခံသမိုင်းရာဇဝင်တွေ

မတူညီကြပါဘူး။ အလျှင်းသင့်လျှင်လေ့လာပြီး သမိုင်းအစုံကိုဖော်ပြပေးပါမည်၊

ယခုပွဲလေးဟာ မယ်တော်က သားတော်နှစ်ပါးရဲ့ပွဲတော်ကိုသွားပြီးပြန်လာတာကိုကြိုဆိုတဲ့ပွဲဖြစ်ပါတယ်။

တစ်ခုရှိတာက ကြိုဆိုတဲ့ပွဲလုပ်ပြီး၊ မယ်တော်ဘယ်အချိန်သွားပြီးမယ်တော် ပို့တဲ့ ပွဲလုပ်တယ်လို့တော့မကြားမိပါဘူး။ ယခုဆိုလျှင်မယ်

တော်ရဲ့ ပွဲတော်ဖြစ်သော အများခေါ်တဲ့ ရတနာဂူ ပွဲတော်ကြီးဟာ(9.9.2012) နေ့တွင်စတင်နေပါပြီ။ တဆက်ထဲပဲ ရတနာဂူပွဲတော်နဲ့

ပတ်သတ်ပြီး ထူးခြားတဲ့အစဉ်အလာလေးရှိပါသေးတယ်။ အဲ့ဒီအကြောင်းကလေးတွေ အဖြစ်အပျက်လေးတွေကို ကြုံခဲ့ဆုံခဲ့ဖူးသမျှသူ

တိုင်းအမြဲမှတ်မိနေကြပါမှာ။ သင်္ကြန်ဆိုရင်ယောကျင်္ားလေးတွေဟာ အမျိုးမျိုးသောကားတွေကိုလူစုငှားပြီးလျှောက်လည်ကြပါတယ်။

အခု ရတနာဂူပွဲတော်မှာတော့ မိန်းကလေးတွေဟာ နွားလှည်းငှားပြီး ဝါးကပ်အမိုးခုံးလေးတွေဆင်ကြပါတယ်။ ပွဲတော်နောက်ဆုံးနေ့

ဝေလီဝေလင်းမှစပြီး နွားလှည်းတွေတန်းစီပြီး တရှည်တလျှားကြီးနဲ့ မြင်တွေ့ရတာဝမ်းသာကြည်နူးစိတ်နဲ့ ရင်ထဲမှာကတုန်ကရီဖြစ်ပြီး

ကျက်သီးတွေတဖျန်းဖျန်းထမိပါတယ်။ နွားလှည်းရှေ့ထမ်းပိုးပေါ်မှာ အော်လံလို့ခေါ်တဲ့အသံချဲ့စက်စပီကာတွေဖွင့်(ယခင်က ဓာတ်

စက်ဖွင့်တယ်လို့ခေါ်တာကြားဖူးပါတယ်။) လှည်းနောက်မှီးမှာ အလှဆုံးပြင်ထားဆင်ထားကြတဲ့မိန်းကလေးတွေဟာ ခြေတွဲလျောင်းချ

ပြီးထိုင်၊ နောက်ကကိုကိုကာလသားတစ်သိုက်က ခြေလျှင်ရှောက်လှည်းရဲ့လက်ရမ်းတွေကိုကိုင်ပြီး မိန်းကလေးတွေကို ရယ်စရာ၊ပျော်

စရာစကားလေးတွေနဲ့စကြ၊နောက်ကြရင်းနဲ့လိုက်ကြ၊ ကတဲ့လူက ကနဲ့အချိန်တန်တော့ ပွဲတော်ကျင်းပရာနေရာကိုရောက်ရှိသွားပါ

တော့တယ်။ ညောင်းညာကိုက်ခဲခြင်းလဲမရှိကြပါဘူး၊ သွားကြလာကြတဲ့နေရာမှာလဲ ရန်ဖြစ်ကြတယ်ဆိုတာမရှိကြပါဘူး။(ပွဲတော်မှာ

တော့ဖြစ်ရင်ဖြစ်ကြမှာပါ) ညနေပိုင်းမှာလဲ ထိုအတိုင်းပဲ ပွဲတော်ကနေမိမိနေရပ်ကို နွားလှည်းတွေတန်းစီပြီး သူ့အစု၊ကိုယ့်အစုလိုက်ပြန်

လာကြပါတယ်။

ယခုတော့ ထိုမြင်ကွင်းတွေကို မမြင်ရမတွေ့ရသည်မှာ အချိန်တွေနှစ်တွေကြာညောင်းခဲ့ပါပြီ။ နိုင်ငံတော်ကြီးမှာ မူဝါဒ

တွေပြောင်းလဲပြီးတိုးတက်လာချိန်မှာ ယဉ်ကျေးမှုသဖွယ်ဖြစ်နေတဲ့ ရိုးရာထုံးတမ်းအစဉ်အလာလေးကို နောင်လာနောက်သား အမိသား

ကောင်းရတနာလေးတွေမြင်ခွင့်ရအောင် တာဝန်ရှိသူများမှ မြို့နယ်အလိုက်ကြပ်မှတ်ပြီး ပြန်လည်ခွင့်ပြုပေးစေလိုပါတယ်ခင်ဗျား။

စာဖတ်သူအပေါင်းကိုယ်စိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ 

  ငှက်ပျောအုန်းပွဲ၊သစ်သီးပွဲစုံဖြင့် မယ်တော်ကြိုနေပုံ

  နားလည်တက်ကျွမ်းသောသူ(နတ်ကတော်)မှရွတ်ဖတ်ကြိုဆိုနေပုံ

ကျွန်တော်သည်အကြောင်းအရာလေးကိုပြီးခဲ့တဲ့ရက်ပိုင်းက ပွဲတော်မပြီးခင်မှာတင်မလို့ပါပဲ၊ ဒါပေမဲ့အကြောင်းကြောင်းအ မျိုးမျိုးသောအခက်အခဲတွေကြောင့်

မတင်ဖြစ်ခဲ့တာကိုကြိုတင်ပြီးတောင်ပန်ပါရစေ။

25 comments

  • kai

    September 21, 2012 at 5:07 am

    လူတွေသိပ်မတွေ့ရဘူးနော…
    အများစုကလည်း.. အမျိုးသမီးတွေဖြစ်နေတယ်…

    ရှေ့တူရူက.. ညောင်ပင်ကြီးကို ရည်ရွယ်လုပ်ကြတာလား..
    ဒီအတိုင်း.. အဆင်ပြေတဲ့နေရာလုပ်ကြသလား.. သိပါရစေ..

    • ကိုပေါက်(မန္တလေး)

      September 22, 2012 at 12:43 pm

      ညောင်ပင်ကြီးနဲ့မဆိုင်ဘူး ကိုခိုင်ရေ။
      အဲဒီပွဲက တောင်ပြုံးနဲ့ဆက်စပ်နေတဲ့ပွဲလေးပါ။
      မယ်တော်ပြန်လာမယ့်လမ်းကနေ ကိုယ့်အရပ်နဲ့ကိုယ်ကြိုဆိုကြတဲ့သဘောပါဘဲ။
      ဒီလိုကြိုတဲ့ပွဲလေးလုပ်တာကတော့ ကြာပေါ့ ကျနော်ငယ်ငယ်ကတည်းကပါဘဲ.

  • အိမ်လွမ်းသူ

    September 21, 2012 at 7:42 am

    အင်း သဂျီးတို့ကတော့ လုပ်ပြီ ! သဂျီးဘာ ကိုပြောချင်တာ လဲဆိုတာ သိနေသလိုပဲ နော်။ ဟွင်း…. ဟွင်း….. ဟွင်း….

  • Thu Wai

    September 21, 2012 at 9:00 am

    မယ်တော်ကြိုပွဲအစား မော်ဒယ်ကြိုပွဲဆိုရင်တော့ စိတ်ဝင်စားပါတယ် ။
    အိမ်ကနတ်တွေတောင် အဖေဆုံးပြီးကတည်းက ကန်ချလိုက်တာ ဘယ်ကိုလစ်သွားလဲဆိုတာ အမြီ်းတောင်မတွေ့လိုက်ရဘူး။

    • kai

      September 22, 2012 at 5:31 am

      ကန်တယ်ဆိုလို့..
      .. ဆရာသော်တာဆွေတို့များ..သူများအိမ်ပေါ်တက်ပြီး.. အိမ်တွင်းမင်းမဟာဂီရိနတ်အုန်းသီးကို.. မူးမူးနဲ့.. ဘောလုံးအမှတ်ထား.. ကန်ထည့်လိုက်တာ.. လျှော်လိုက်ရတယ်..ဖတ်ဖူးတယ်.. :kwi:

      ထေရဝါဒဗုဒ္ဓဘာသာကို .. (တကယ်) တကယ်ဖျက်ဆီးနေတာ.. အဲဒီနတ်တွေပါ..။
      အဲဒါကျ.. ဘာသံမှမထွက်ပဲ.. အတွေးအခေါ်ပိုင်းဆိုင်ရာတွေကို.. ဝေဖန်ဆန်းစစ်.. ရေးတဲ့..ဟောတဲ့သူတွေကို.. ရန်လိုကြတဲ့သူတွေများ..
      အံ့စရာ.. :buu:

      အနော်ရထားမင်းတရားရဲ့.. နှစ်၁၀၀ဝ ကျိန်စာ..
      =
      ဆိုတော့…
      အပေါ်ကဟာမျိုးတွေ.. ပွဲတွေ..
      ညာတာပါတေးနဲ့.. တိုးရစ်တွေ.. ပြစားရင်မဆိုးဘူး…
      သူတို့..စိတ်ဝင်စားပါတယ်..။
      ဒေါ်လှရတာပေါ့…
      ( အနည်းဆုံးတော့.. အုန်းသိးနဲ့..ငျက်ပျောသီးဖိုး.. အရင်းပြန်ရမှာပေါ့..)

      • San Hla Gyi

        September 22, 2012 at 7:25 am

        သူကြီးရေ
        မနေနိုင်လို့ ဝင်ပြောလိုက်ပါအုံးမယ်။ သူကြီးတို့ အမေရိကန်ရဲ့ ဥပဒေအရတောင် ကိုးကွယ်ယုံကြည်မှုကို အတင်းအကျပ် ပိတ်ပင်လို့ မရပါဘူး။ သူကြီးတောင် ဒီသဘောကို ခဏခဏ ပြောဖူးသလိုပဲ။ အဲဒီတော့ နတ်ကိုးကွယ်သူတွေကို အတင်းအကျပ် မလုပ်ရဘူးဆိုရင် ဥပဒေနဲ့ မညီပါဘူး။ မြန်မာဘုရင်တွေက ပိတ်ပင်ဖို့ ကြိုးစားဖူးပါတယ်။ နောက်တော့ မဖြစ်နိုင်မှန်းသိလို့ လမ်းလွှဲဖို့ လုပ်ခဲ့တာပါ။ နောက်တော့ အကျယ်ချဲ့ ရေးတာပေါ့ဗျာ။ အခုလဲ ဗုဒ္ဓဘာသာထဲက နတ်ကိုးကွယ်မှုကို တိုက်ဖျက်တဲ့ စာတွေ အများကြီး ထုတ်ဝေပါတယ်။ ဒါပေမယ့် ယုံကြည်သူတွေကို တနိုင်ငံလုံး အတင်းအကျပ် ဖမ်းမယ်ဆိုရင် ဒီမိုကရေစီနဲ့ မညီပါဘူး။ နတ်ကိုးကွယ်မှုကို ထောက်ခံတယ်လို့ ပြောတာ မဟုတ်ပါဘူး။
        သူကြီးပြောတဲ့ အတွေးအခေါ်ရေးရာ ဝေဖန်ဆန်းစစ်ရေးတဲ့ လူတွေကို ဘယ်သူမှ ရန်မလိုပါဘူး။ သူကြီးဆရာတွေကိုက အစမ်းသပ် မခံနိုင်တာပါ။ အမှန်တော့ သူတို့ကိုယ်တိုင်က ကလေး ဆန်ပါသေးတယ်။ နောက်ပိုင်း အတွေးအခေါ်ရေးရာ ဝေဖန်စမ်းသစ်မယ့် ဆရာတွေကို ကိုယ့်စာကိုယ်တာဝန် ယူဖို့ပါ ပြောပေးပါ။
        အမှန်တော့ ဗုဒ္ဓဘာသာအရ နတ်တွေကို မေတ္တာပို့ အမျှပေးဝေတာ လုပ်နိုင်သလို ရုက္ခစိုးတို့လို အောက်နတ်တွေကိုလဲ အသား ငါးမပါပဲ မုန့်တို့ သစ်သီးတို့နဲ့ ဗလိနတ်စာ ပြုကောင်းပါတယ်။ ဘုရားရှင်ကိုယ်တိုင် ခွင့်ပြုပါတယ်။ ကုန်းပြီး ကန်တော့ဖို့ ပြောတာမဟုတ်ပါဘူး။ အိမ်နီးနားချင်း သဘောမျိုး ဟင်းကောင်းချက်ရင် ကမ်းသလိုမျိုး လုပ်ခိုင်းတာပါ။ အသိအကျွမ်း ဖွဲ့တာပေါ့ဗျာ။ သူကြီးပဲ စဉ်းစားကြည့်ပေါ့။ ဗုဒ္ဓဘုရားရှင်က မေတ္တာကို အခြေခံသူလေ။ ဒီတော့ ကိုယ့်ကို ဘာမှမထိခိုက်ပဲ သူ့ဘာသာနေသူတွေကို သွားပြီး ဖမ်းတာတို့ ဆီးတာတို့ ရိုက်တာတို့ နှက်တာတို့ လုပ်ခိုင်းပါ့မလား။ သူက ကိုယ့်ကို ရန်စရင်တော့ တမျိုးပေါ့။ တကယ်လို့ သူတို့ ရှိတယ်လို့ သဘောထားမယ်ဆိုရင် ကိုယ်က စပြီး သူတို့ကို တိုက်ခိုက်ရင် ကိုယ့်ဘက်ကကော တရားပါ့မလား သူကြီးရဲ့။ သူကြီးက နတ်တွေကို ဖမ်းချုပ်မယ်လို့ ခဏ ခဏပြောနေလို့ပါ။
        အဲဒီအကြောင်းရေးရင် အရှည်ကြီးပဲ။ နောက်မှ သီးသန့်ရေးတာပေါ့။ ကြုံလို့ ဆောင်းပါးရှင်ရေ အချက်အလက် လွဲနေလို့ပါ။ နတ်ရာဇဝင်အရ ကွမ်းတရာ ရေတမုတ်နဲ့ ဘဝပြောင်းသွားတာ ကိုဗျတ္တမဟုတ်ပါဘူး။ သူ့အကို ကိုဗျတ်ဝိပါ။ နောက်ပြီး မယ်ဝဏ္ဏက သားနှစ်ယောက်ကို လုပ်ကြံခံရလို့ မဟုတ်ပါဘူး။ သူ့သားနှစ်ယောက်ကို ဘုရင့်အမိန့်နဲ့ လာခေါ်သွားတာမှာ ရင်ကွဲနာ ကျတာလို့ ပြောကြပါတယ်။
        ကြုံလို့ ပြောရရင် ကျုပ်လဲ သူတို့ကို မကိုးကွယ်ပါဘူး။ ဒါပေမယ့် ဖမ်းချုပ်မယ်တို့ ရိုက်နှက်မယ်တို့တော့ စိတ်မကူးမိပါဘူး။

        • San Hla Gyi

          September 22, 2012 at 8:47 am

          ပြောဖို့ ကျန်သွားလို့ဗျ။ နတ်တွေကို မေတ္တာပို့ အမျှပေးဝေတာကို လုပ်နိုင်တဲ့အပြင် လုပ်လိုသူက ဗလိနတ်စာပြုနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ပြုနိုင်တယ်ဆိုတာ လုပ်ကို လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ လုပ်လိုက လုပ်နိုင်တယ်။ မလုပ်ချင်ရင် သူတို့ကို မထိပါးပဲနဲ့ မလုပ်လဲ နေနိုင်တယ်ပေါ့။ ဗလိနတ်စာပြုဆိုတာ နတ်ကနားပွဲကြီး ပေးပြီး တခြိမ်းခြိမ်းကခိုင်းတာ မဟုတ်ပါဘူး။ အဲဒီပွဲတွေကတော့ နတ်ကတော်တွေ လိမ်တာ များပါတယ်။ တကယ်လို့ ကိုယ်အပန်းမကြီးရင် အခါအားလျော်စွာ ကိုယ်သဒ္ဓါသလောက် မုန့်တို့ သစ်သီးတို့နဲ့ အလှူလုပ်တဲ့သဘောမျိုးပါ။ မလုပ်လဲ ရတယ်ပေါ့။
          လူပဲဖြစ်ဖြစ် နတ်ပဲဖြစ်ဖြစ် ကိုယ့်ကို လေးလေးစားစားရှိရင် သဘောကျတယ် မဟုတ်လား။ ဥပမာဗျာ ဂေဇက်ရွာသူကြီး ကိုခိုင်ဆိုပါတော့။ ဥပမာပေါ့ဗျာ။ သူ့ကို ကျနော်က တနေ့လောက် ဟေ့ သူကြီးစုတ် လာစမ်း ဒီမှာ ငါချက်ထားတဲ့ ထမင်းနဲ့ ဟင်းကို လာပြီး စားစမ်း သောက်စမ်း မျိုဆို့ အပင့်ဆို့စမ်း။ စားပြီး ကာလနာတိုက်စမ်းပါလို့ ပြောပြီးပေးရင် ကောင်းပါ့မလားဗျာ့။ စော်ကားသလို ဖြစ်နေမှာပေါ့။ ဥပမာနော်။
          အဲဒီလိုဆို ဘာမှမပြောပဲ မသိချင်ယောင်ဆောင် နေတာကမှ ကောင်းအုံးမယ်။
          ဒီလိုမဟုတ်ပဲ ကိုခိုင်ရေ ကျုပ်ချက်ထားတဲ့ ကြက်သားနဲ့ဗူးသီး ကာလသားချက်ကလေးကို အရံဟင်းအဖြစ် ပဲသနှပ်လေးတခွက်နဲ့ ငပိကြော်ကလေးပါထည့်ပြီး ခင်ဗျားစားစေချင်လို့ လာပို့ပါတယ်ဆိုရင် သူလည်း ဝမ်းသာမှာပေါ့။ သူ့ကိုတော့ သွားပြီးကုန်းအလေးပြုစရာ မလိုပါဘူး။ ဒါမှမဟုတ်လည်း ကြုံတုန်း ထမင်းစားသွားပါဗျာ ဆိုရင် ကိုယ်အကူအညီလိုလည်း ရနိုင်တာပေါ့။ အဲဒီသဘောပေါ့ဗျာ။
          နောက်မှ အကျယ်ချဲ့ပြီး ရေးအုံးမယ်။ အမှန်တော့ နတ်ဝါဒက ကျနော်အနေနဲ့ မကြိုက်ပေမယ့် သူက ဗုဒ္ဓရဲ့ နေရာကိုတော့ မလုနိုင်ဘူးလို့ ထင်တယ်။ ဘာလို့လဲဆိုတော့ မြန်မာတွေက နတ်ကို ဘုရားထက်နိမ့်တဲ့ နေရာမှာ အမြဲထားတာပဲ။ နတ်တွေကလည်း တခါမှ အဲဒီကိစ္စကို ကန့်ကွက်သံ မကြားပါဘူး။ ဒါပေမယ့် အတွေးအခေါ် ဆန်းသစ်တယ်ဆိုတဲ့ မိုးလုံးဟိန်းချုံးဂိုဏ်းတို့ ဘာတို့ကျတော့ ဘုရားရဲ့ နေရာကို ဖယ်ထုတ်ပြီး သူတို့ကိုယ်တိုင် ဘုရားလုပ်ချင်တာပဲ။ ကျနော့်အထင် သူတို့က ပိုကြောက်ဖို့ ကောင်းပါတယ်။

        • kai

          September 22, 2012 at 12:11 pm

          ..လာဘ်ပေး..ယူ..ဗလိနတ်စာသဘောနဲ့..
          ” ငါချက်ထားတဲ့ ထမင်းနဲ့ ဟင်းကို လာပြီး စားစမ်း သောက်စမ်း မျိုဆို့ အပင်းဆို့စမ်း။” ပြောပြော…
          “ကျုပ်ချက်ထားတဲ့ ကြက်သားနဲ့ဗူးသီး ကာလသားချက်ကလေးကို အရံဟင်းအဖြစ် ပဲသနှပ်လေးတခွက်နဲ့ ငပိကြော်ကလေးပါထည့်ပြီး ခင်ဗျားစားစေချင်လို့ လာပို့ပါတယ်”ဆိုဆို…
          ဒီလို.. အပေးအယူ.. အယူမှားသဘောနဲ့လုပ်ခဲ့ရင်.. လုပ်ခဲ့တာမျိုးက… နောက်နှောင်းလူတွေမှာ.. အတုခိုးမှားစေပါတယ်..။
          ဒီလိုမျိုးက..လုပ်ရင်းလုပ်ရင်း.. “ဓလေ့ထုံးစံ”..အဲဒီကနေ.. ကာလရွေ့တော့.. “ရိုးရာ”ဖြစ်တာကလား..

          မှားမှန်းသိတဲ့.. အကျင့်ကိုမလုပ်တာကောင်းတယ်ထင်မိတယ်..။
          အသိသညာပြည့်သူ.. ဂဃနဏသိတဲ့သူတွေက.. ပိုလို့တောင်မလုပ်(ပြ)သင့်ပါဘူး..

          ဆိုတော့…
          ကိုရင်က..သမိုင်း… နှံ့စပ်သူဆိုတော့.. မေးစရာလေးရှိလို့..
          ရှေးဘုရင်ခေတ်က.. စာတတ်ဆရာတော်တပါး.. နတ်ကိုးကွယ်သူတွေကို.. အားရပါးရဆုံးမတဲ့.. ဆုံးမစာ..ကဗျာလိုစာလေးဖတ်ခဲ့ဖူးတယ်..
          နတ်တွေနဲ့..သူတို့ကိုးကွယ်သူတွေကို.. အာရပါးရကြိမ်းမောင်းရေးထားတာလို့.. မှတ်မိတယ်..
          အဲဒါလေး.. ရနိုင်မလားလို့.. :harr:

        • San Hla Gyi

          September 22, 2012 at 8:06 pm

          ဒါက ဒီလိုရှိတယ် သူကြီးရ။ ခင်ဗျား ကျနော်ပြောတာကို အဓိပ္ပါယ်ကောက် လွဲပြန်ပြီ။ ကျုပ်က လူတွေကို နတ်ကိုးကွယ်ရမယ်လို့ ပြောတာ မဟုတ်ဘူး။ မကိုးကွယ်ရင်နေ သူတို့ကို သွားပြီး မစော်ကားနဲ့ ဖမ်းမယ် ချုပ်မယ် ရိုက်မယ် နှက်မယ် မလုပ်နဲ့လို့ ပြောတာ။ ကိုယ်က သွားပြီး ရန်စရင်တော့ ကိုယ့်ဘက်က စည်းဖောက်တာ ဖြစ်သွားပြီလေဗျာ။ ဘုရားရှင် ကိုယ်တိုင်လည်း ချီးမွမ်းမယ် မထင်ဘူး။
          နောက်ပြီး သူကြီးတို့ အမေရိကန် ဥပဒေအရလည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မပိတ်ပင်သင့်ဘူး မဟုတ်လား။ နတ်ကိုးကွယ်သူတွေကလည်း ပြောနိုင်တယ်။ သူတို့က ဘယ်သူ့ကိုမှ အန္တရာယ် မပေးသေးပါဘူးလို့။ သူတို့ မှားတယ်ဆိုရင် ကိုယ့်အနေနဲ့ အမှားတွေကိုတော့ ထောက်ပြနိုင်တယ်။ သူတို့ကို အတင်းအကျပ် လုပ်လို့ မရဘူးလို့ပြောတာ။ ဒီမိုကရေစီ ကျင့်စဉ်နဲ့ မညီဘူး။
          အဲဒီလို ကျုပ်ပြောတဲ့ဟာမျိုးဟာ အပေးအယူ သဘောမျိုးဆိုရင် သူကြီးကို ကျနော် ပြန်မေးမယ်။ ကျနော်က အမှန်တော့ သူတို့ကို လောကဝတ်သဘောနဲ့ မေတ္တာထားဖို့ ပြောတာ။ ဒီလိုဆို နာနာ(သံတွဲ) ဆိုသူရေးတဲ့ မြန်မာမွတ်စလင်မ်ပြည်သူများအား မုန်းတီးသူများသို့ ဆောင်းပါးမှာ သူကြီး ဒီလို ပြောခဲ့တယ်။ “ကျုပ်မတော့ မွတ်စလင်မိတ်ဆွေတွေ အများကြီး။ အလှူလုပ်တာတောင် မွတ်စလင်တွေပါ စားလို့ရအောင် ဟာလာဆိုင်က ကြက်သားရှာဝယ်ပြီး အဲဒါနဲ့ ဟင်းချက်ပြီး အလှူလုပ်တယ်။ စေတနာလည်းရှိတယ်။” အဲဒါဆို ကျုပ်က ဒီလိုပြောမယ်။ ဟာ ဒီကိုခိုင်ဆိုတဲ့ လူက လာဘ်ပေးလာဘ်ယူ အပေးအယူသဘော အနေနဲ့ မွတ်စလင်တွေကို သီးသန့်လုပ်ပေးတယ်။ သက်သက်မဲ့ ဖားနေတာကွ။ ဒီလူမှာ မွတ်စလင်တွေနဲ့ အပေးအယူလုပ်ထားတာ ရှိလိမ့်မယ်။ ဒီလိုပြောရင် ခင်ဗျားကလည်း ဟာ ကျုပ်က လူမှုရေးလေဗျာ။ သူတို့ဆီက ဘာမှ မမျှော်ကိုးပါဘူးလို့ ပြန်ပြောမှာပေါ့။ အဲဒါ ခင်ဗျားပြောတဲ့ ကျုပ်က ခင်ဗျားကို ဟင်းတခွက်ပေးရင် အပေးအယူသဘော ဖြစ်လိမ့်မယ်ဆိုတာရဲ့ အဖြေပဲ။ ပြောတာ မရှင်းရင် ထပ်မေးနိုင်ပါတယ်။
          အမှန်တော့ ကျနော်ဆိုလိုတာက ဒီနတ်တွေကို မကိုးကွယ်ရင်နေ ကိုယ်ကတော့ သွားပြီး ဘာလုပ်မယ်တို့ ညာလုပ်မယ်တို့ ဆိုတာ မကောင်းဘူးဗျ။ အမှန်တော့ ကျုပ်ပြောတဲ့ ဗလိနတ်စာဆိုတာ သူကြီး မွတ်စလင်မိတ်ဆွေတွေကို စေတနာရှိလို့ သီးသန့် ဟာလာသား ချက်လှူသလို သူတို့ကိုလည်း မေတ္တာထားဖို့ ပြောတာ။ သွားပြီး အောက်ကျို့ခိုင်းတာ မဟုတ်ဘူး။ မေတ္တာပို့တာတို့ အမျှပေးဝေတာတို့ ကတော့ ဘုရားရှင်ရှိရင်တောင် သာဓုခေါ်မယ့် ကိစ္စတွေပဲ။ ဒါဆို ဒီလို ပြောကြည့်မယ်။ သူတို့ကို တကယ်ရှိတဲ့ လူတွေလို သဘောထား ကြည့်ရအောင်။ ဟာ ကျုပ် ဒီနတ်တွေကို မယုံဘူးဗျာ။ ဒါကြောင့် သူတို့ကိုလည်း ဘာမှ မပေးဘူး။ ဒါပေမယ့် ကင်းကင်းနေတယ်။ ကျုပ်ကလည်း ဘာမှမလုပ်ဘူး။
          ဒါဆို အိုကေပေါ့။ ဒါမှမဟုတ်ပဲ ဟာ ဘယ်သူ လုပ်လုပ် မလုပ်လုပ် ကျုပ်ကတော့ သူတို့ကို ဖမ်းချုပ်ပြီး ရိုက်ရလိမ့်မယ်ဗျ။ သူတို့နေတဲ့နေရာတွေလည်း မီးရှို့မယ်။ အဲဒါဆိုရင်တော့ ဘုရားရှင်ရှိရင်တော့ ချစ်သား ဒီလိုတော့ မလုပ်နဲ့ကွဲ့။ မကောင်းဘူး။ မေတ္တာထားပါလို့ ပြောလိမ့်မယ်။
          နတ်ကိုးကွယ်သူ တွေကို ကြိမ်းမောင်းရေးထားတဲ့ ဆရာတော်ရဲ့ စာကတော့ ဘယ်ဆရာတော်လည်း ဆိုတာ မပြောရင် ကျုပ်လည်း သိမသိ ဘယ်ပြောနိုင်မလဲဗျ။ စိန္တကျော်သူဦးဩက ကဝိလက္ခဏသတ်ပုံကျမ်းမှာ မိစ္ဆာအားလုံး လွှမ်းပိတ်ဖုံး တောင်ပြန်းညီနောင်နန်း ဆိုပြီး နစ်နာအောင် ရေးပြခဲ့တယ်ဗျ။ အားအားနေ အနော်ရထာရဲ့ နှစ်တထောင်ကျိန်စာ ဆိုပြီး စွပ်အော်မနေနဲ့အုံး။ အဲဒီ တောင်ပြုန်းပွဲကြီး အခုလို စည်ကားလာတာ အင်္ဂလိပ် အစိုးရကြောင့်ဗျ။ တောင်ပြုန်းပွဲကို ကုန်းဘောင်ခေတ် ဘုရင်တွေက ပိတ်ထားခဲ့တာ။ အင်္ဂလိပ်လက်အောက် ရောက်မှ တမင်ပြန်ပြီး ဖွင့်ပေးခဲ့တာ။ ဘာလို့လဲဆိုတော့ မြန်မာတွေ ဘုရင်ကို လွမ်းပြီး ပြန်တိုက်မယ့် အရှိန်ကို လျော့အောင်လုပ်ခဲ့တာ။ ဘုရင်နဲ့ မိဖုရားကိုလည်း မြန်မာတွေက အရှင်နှစ်ပါးလို့ ခေါ်တယ်မဟုတ်လား။ မင်းကြီး မင်းလေးကျတော့လဲ မင်းသားတွေဘဝက လာတယ်ဆိုပြီး အရှင်နှစ်ပါးလို့ပဲ ခေါ်ကြတယ် မဟုတ်လား။
          တမင် စိတ်ပြောင်းသွားအောင် လုပ်လိုက်တာဗျ။ အဲဒါ သူကြီး ဗြိတ်သျှဝန်ကြီးချုပ်ကို လှမ်းပြီး ခင်ဗျားလုပ်တဲ့ နှစ်၁၀၀ဝကျိန်စာလို့ လှမ်းပြောပေတော့။ ပို့စ်ပိုင်ရှင်ကို တောင်းပန်တယ်ဗျာ။ သူကြီးနဲ့ ကျနော် အပြန်အလှန်ပြောရင် နည်းနည်းကြာတတ်တယ်ဗျ။

        • San Hla Gyi

          September 22, 2012 at 10:14 pm

          ထပ်ပြီး ပြောရအုံးမယ် သူကြီးရေ။ ကျုပ်ကိုယ်တိုင် နတ်မကိုးကွယ်သလို ဗလိနတ်စာလဲ တခါမှ မကျွေးပါဘူး။ ကျုပ်ပြောတာက မြန်မာ ၃ရ မင်းနတ်တွေက အမှန်တော့ သနားစရာပါ။ စတုမဟာရာဇ်နတ် အနွယ်ဝင်တွေလို့ ထင်ပါတယ်။ ဒီတော့ မကိုးကွယ်ချင်နေ ဘာလုပ်မယ် ညာလုပ်မယ်တွေကတော့ သိပ်မကောင်းဟု ထင်တယ်။ မကြိုက်ရင် နတ်ကိုးကွယ်တာက မှားကြောင်း ရေးပေါ့ဗျာ။ နောက်မှ ကျနော်သီးသန့် ရေးပါ့မယ်။
          အမှန်တော့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ၃၁ဘုံသားအားလုံးကို မေတ္တာပို့ အမျှဝေတာ လုပ်ကောင်းပါတယ်။ လုပ်လိုသူကလည်း စေတနာအလျောက် ဒါနပြုတဲ့သဘော လုပ်ချင်ပါကလည်း သိပ်အလွန်အကျွံ မဟုတ်ရင် ဘုရားရှင်ကိုယ်တိုင် ခွင့်ပြုတယ် ထင်ပါတယ်။ ကျနော်သိသလောက် တချို့စတုမဟာရာဇ် နတ်တွေက အားလုံးနီးပါး လူလိုပဲလို့ပြောတယ်။ သားသမီး ကိုယ်ဝန်ဆောင်ပြီး မွေးတာက အစပေါ့။ လူဆန်တဲ့ နတ်တွေပေါ့ဗျာ။ သူတို့ထဲမှာ တချို့ကလည်း ဘုရားကိုတောင် ဖူးခွင့်ရပြီး သောတာပန်လောက် ဖြစ်နေတဲ့သူတွေတောင် ရှိတယ်တဲ့။ ဘာလို့ ခင်ဗျားက သိရတာလဲဆိုတော့ နတ်သဘင် အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေ မှတ်တမ်းတွေက ကျုပ်ဆီကိုလဲ မိတ္တူတစောင် ပို့ပါတယ်။
          အလကား နောက်တာပါ။ စာထဲမှာ ဖတ်ဖူးတဲ့အတိုင်း ဖတ်သူတွေ သိရအောင် ရေးပေးတာပါ။ ယုံတာ မယုံတာကတော့ သဘောအတိုင်းပါ။ ယုံရမယ်လို့တော့ မဆိုလိုကြောင်း။ မယုံပဲလဲ နေနိုင်ကြောင်း။

      • ကိုခိုင်
        တစ်ခါက နိုင်ငံခြားသားတစ်ဦးက နတ်ချော့သီချင်းခွေ တွေဝယ်သွားဘူးတယ်။
        သူပြောတာကတော့ မြန်မာနတ်သီချင်းတွေက ရိုးရာသီချင်းတွေလို့ဆိုပါသတဲ့။
        အဲတော့ နတ်ကိုးကွယ်တာက ရိုးရာကိုးကွယ်မူ့လို့သတ်မှတ်ရင် ရလောက်ပါတယ်။
        ကျနော်အိမ်ကတော ့နတ်နဲ့ပါတ်သက်တာ ဘာမှမရှိဘူး။
        ကိုးလဲမကိုးကွယ်ဘူး။
        ကိုးကွယ်ချင်တဲ့လူကိုးကွယ် သူ့အပိုင်းဗျာ။
        မှားတာမှန်တာအပထား
        နတ်ကိုးကွယ်မူ့ဟာ သွယ်ဝိုက်သောနည်းနဲ့ အပူလျော့အောင်လုပ်ပေးနိုင်တဲ့သူလို့သတ်မှတ်ရင်
        ရမယ်ထင်ပါတယ်။
        ကိုယ်နှစ်သက်တာကိုယ်လက်ခံတာအကောင်းဆုံးပါဘဲ။

    • nature

      September 22, 2012 at 4:15 pm

      ထေရဝါဒကိုဖျက်ဆီးတာ အဲဒီနတ်တွေဆိုတာမဟုတ်ဘူးသူကြီးရေ။ အဲဒီနတ်တွေက နတ်စင်မှာပဲနားအေးပါအေးနေတာ ။ လူတွေကသာ သူ့ကိုချမ်းသာအောင် မ , နိုင်တယ်ယူဆပြီးပူဇော်ပသကြတာ။ မ တာ မ မတာကတော့တပိုင်းပေါ့။

      အဲဒီနတ်တွေက ဘုရားသည်ကိုးကွယ်ရာမဟုတ် ငါ့သည်သာကိုးကွယ်ရာလို့မပြောဘူး။ အစိုးရပစ္စည်းခိုးရင်ခိုးမှုမမြောက်ဘူးလို့မြှောက်မပေးဘူး။ သူများမယား ကြာခိုရင်ကုသိုလ်ရတယ်လို့ပေါက်ကရမပြောဘူး။

  • Shwe Tike Soe

    September 21, 2012 at 9:00 am

    ဟုတ်တယ် ကျွန်တော်တို. ငယ်ငယ်တုန်းက ဆို နွားလှည်းတွေနဲ. ကလိုက်ခုန်လိုက်နဲ. မနက် ပိုင်းသွားကြတယ် ပျော်စရာကောင်းလိုက်တာမှ တစ်ယောက်နဲ.တစ်ယောက် စကြနောက်ကျ မုန်.တွေစားကြ ဘေးက ကြည့်တဲ့သူတွေလဲ အပျော်တွေ ကူးစက်လို.ပေါ့… ညနေ ကျပြန်တော့လဲ ပြန်လာလိုက်ကြတာ အပျော်မပျက်အပြုံးမပျက်ကြဘူး………… အင်းးးးးအခုတော့ အဲလိုမျိုးမရှိတော့ပါဘူး….

  • aanyar thar

    September 21, 2012 at 9:26 pm

    တဖြေးဖြေးပ့ပြောက်လေ..ကောင်းလေပေါ့ဗျာ…. ကျနော်တို့…ထေရဝါဒဗုဒ္ဒဘာသာ..မြန်မာပြည်မှာ…နတ်ပွဲတွေ မရှိ့သင့်ပါဘူး… .ဖြူးဆရာတော်..ဟောသလိုပေါ့….အိမ်လည်း… မီးလောင်ရော…အမယ်လေး..အိမ်တွင်းနတ်. .ကိုတင့်တယ်တို့…ကိုယ့်အုန်းသီးလေး.. ကိုယ်တောင်..မီးလွတ်အောင်..သယ်မပြေး..နှိုင်ရှာတော့ဘူး….(..တောင်ပြုန်း..နတ်ပွဲတွေမှာဆို…. .အမှူး…နဲ့…..ဂန်ဒူး.. .တွေပဲများပါတယ်…..(ဂန်ဒူး=.အခြောက်…မိန်းမရှာ)…သရဏဂုံ…ဆောက်တည်တဲ့..ဗုဒ္ဒဘာသာဝင်တိုင်း….ကိုယ်တည်ဆောက်ထားတဲ့…. သရဏဂုံ..ရဲ့..တန်ဖိုးကို…..နားလည်ကြပါစေ….အဲ့ဒီနတ်တွေ..မရှိ့ဘူး. .ရှိ့တယ်..ကျနော် ညာဏ်မမှီပါဘူး… ဒါပေ့မယ့် ကိုးကွယ်ရာမဟုတ်ဘူး.. ဆိုတာတော့..ရတနာ(၃)ပါးဝင်..ဘုရားသားတော် ..ရဟန်းတော်များ.. .ဟောကြားမှု့ကြောင့်…လိုက်နာတယ်.. မှတ်မိ့သေးတယ်… .မန်းလေးမှာ.ပထမနှစ်… .ကျောင်းတက်တုန်းက.. .တောင်ပြုန်းပွဲမှာ..နတ်ကတော်.. အခြောက်တစ်ယောက်ကို..နတ်ဝင်ပှုးနေတယ်ဆိုတော့…. .ဟာ..အပိုင်ပဲဆိုပြီး…. ထိုင်းကို..သွားပြီး.. ဒီအပါတ်ထွက်မယ့်..ချဲဂဏန်းလေး.. သွားကြည့်ပေးပါဆိုတော့…. နတ်ဝင်နေတဲ့..နတ်ကတော်က..ဘာပြန်ပြောတယ်မှတ်လည်း…ထိုင်းမပြောနဲ့.. .ဧရာဝတီမြစ်.. ဟိုဖက်ကမ်းတောင်..ငါ.. မရောက်ဘူးဘူး..ဟဲ့..တဲ့..

  • TTNU

    September 21, 2012 at 10:46 pm

    အညာသားရေ…
    စာတွေဖတ်မရတော့ဘူး။ စာကြောင်းတွေ မဖြတ်ခဲ့လို့နေမှာ။
    (ကျနော်တို့…ထေရဝါဒဗုဒ္ဒဘာသာ..မြန်မာပြည်မှာ…နတ်ပွဲတွေ မရှိသင့်ပါဘူး…)
    ဆိုတာထောက်ခံတယ်နော်။
    တီချာလည်းလုံးဝ လုံးဝ မယုံဘူး။
    (အဲဒီနတ်တွေ..မရှိဘူး..ရှိတယ်..ကျနော် ဉာဏ်မမှီပါဘူး…ဒါပေ့မယ့် ကိုးကွယ်ရာမဟုတ်ဘူး။)
    မကျွတ်မလွတ်သေးတာတွေ ရှိကောင်းရှိနှိုင်ပါတယ်။ ကိုးကွယ်ဖို့မဟုတ်ပါ။
    မေတ္တာပို့၊ အမျှအတမ်းပေးဝေငှရန်သာ ဖြစ်ပါတယ်။
    😐

  • etone

    September 22, 2012 at 11:30 am

    နတ်တွေ ဘာတွေကို အယုံကြည်မရှိလို့ … အိမ်မှာ အိမ်တွင်းအုန်းတောင် ချိတ်မထားပါဘူး …. ။
    နတ်ကိုင်လိမ့်မယ်တို့ ….. နတ်ကြီးတယ်လို့ ….. ပြောခံရလျှင် … ဘာမှ ဖြေရှင်းချက်မပေးချင်ပဲ ..ပြုံးဖြီးဖြီးရယ်မိပါတယ် ။ ပရလောကသားတွေ …. ၊ မမြင်ရတဲ့လောကကဟာတွေ ရှိတာ .. လက်ခံလို့ ရပေမယ့် … သူတို့ကိုမှီနံမယ်တပ်ပြီး .. လိမ်လည်စားသောက်နေတာတွေတော့ ကြည့်မရပါဘူး … ။

    အထူးသဖြင့်ယောကျာ်းတန်မဲ့ ..မိတ်ကပ်လိမ်းပြီး ….ချွေးနံ ့တထောင်းထောင်းနဲ့ …. မူးသလို ရူးသလိုကွေးနေအောင်က ညာစားတတ်တဲ့ … ဟာတွေကြောင့် …. နတ်ကိုးကွယ်မှုတွေ … ပျံ ့ပွားနေတုန်းပဲ … ။

  • စဉ်းစားကြည့်ရင် ရီစရာကြီးဗျာ
    ကျနော်တို့ကသာ အမောခံပြီး ကိုးကွယ်သင့်တယ် မကိုးကွယ်သင့်ဘူး အခြေအတင်ဆွေးနွေးနေကြတယ်
    တကယ်ကိုးကွယ်နေတဲ့ သူတွေက ကျနော်တို့ပြောတာ သိတောင်သိမှာမဟုတ်ကြဘူးထင်တာပါဘဲ။

  • မောင်ပေ

    September 22, 2012 at 9:07 pm

    အဲဒီပွဲကို တစ်ခါမှ မကြားခဲ့ဖူးသလို ၊ တစ်ခါမှလဲ မရောက်ဖူးဘူး
    ရတနာဂူပွဲတော့ ရောက်ဖူးပါတယ်
    အော်စကာရေ ပြန်ရှဲပေးလို ့ကျေးဇူးပါပဲဗျို ့

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 23, 2012 at 12:46 am

    အနော်ရထာဘုရင်ရယ် ထေရ်ရဝါဒ ရယ်ကို ပြောရရင်တော့
    မွန်ဗမာ ဇာတ်ထုပ်ကို နည်းနည်းညွှန်းရမလားဘဲ
    ဂမ္ဘီရတွေလား ဘာတွေလားတော့သိဘူး သူ့ဟာနဲ့သူတော့ ဟုတ်နေကြတာဘဲ
    ကျုပ်သိသလောက်တော့ အဲ့သည် ဗျတ်ဝိ ဆိုတဲ့ ကလားကို လျှော့မတွက်နဲ့
    အားလုံးသိပြီးဖြစ်မှာပါ ဗျတ်ဝိ ဗျတ္တ ရေမြောကမ်းတင် နှစ်ယောက်ဟာ ရသေ့ကြီးတစ်ဦးထံ ဘာညကွိကွ
    နေလာရာမှ တစ်နေ့မှာ ဆရာရသေ့လား ဘုန်းကြီးလားသိဘူး တစ်ယောက်တစ်ပေါက်နဲ့
    အဲ့သည် ထားပါတော့ ဘုန်းကြီးက ( ဇော်ဂျီဖိုလ်ဝင်သား ) ကို ဘုရင်အတွက်ပေးမယ်လို့ လုပ်နေတုန်း
    ဗျတ်ဝိဆိုတဲ့ လူက ခိုးစားတယ်ပေါ့ သူ့ဇာတ်ကွက်က
    ဇော်ဂျီ ဆိုတာ ကျုပ်ရဲ့ ငယ်နာမည်ဗျ ( ဖိုလ်ဝင်သား ) ဆိုတာက တော့ စာအုပ်ထဲပါတာပြောရရင်တော့
    ဖိုထိုးနေတုန်း ဖိုမီးလောင်ပြီးသေတာမဟုတ်ဘဲ မဂ်ဉဏ်ဖိုလ်ဉဏ် အရိယာပုဂ္ဂိုလ်ကြီးရဲ့ အလောင်ကိုလို့ဆို
    ကြလေရဲ့
    သိတဲ့လူဝေဖန်ကြဗျာ ကျုပ်ကတော့ အရိယာရဲ့ခန္ဓာအကျန် အလောင်းကောင်ကြီးကို စားတာတော့ သိပ်
    ဘဝင်မကျလှဘူး
    ဆိုခြင်တာက
    သူ့ခေတ်သူ့အခါမှာ ပိဋကတ်ရှိတဲ့တိုင်းမှာ ဂမ္ဘီရတွေ ထွန်းနေတာကို ရှင်အရဟံက နှစ်မျို့ ပုံမရဘူးထင်တယ်
    ပြောရင်လည်းလေရှည်နေဦးမယ်
    ချုပ်ပြောရရင်တော့ ဗျတ်ဝိက ဇော်ဂျီဘာသားဆိုလား အဲ့ဒါကိုစားတယ်
    မြို့ဝန်သမီးနဲ့ငြိတယ် မြို့ဝန်က ထောင်ချောက်ဆင်ပြီးဖန်းတယ် မိတယ ်ကွမ်းတစ်ရာရေတစ်မှုတ်ဘာညာပေါ့
    ဇာတ်လမ်းကတော့ ဒဂယ့်သောက်ရှုပ်ဘဲ
    ဗျတ်ဝိကိုသတ်တယ် အလောင်းကို တစ်စစီဖဲ့ ကြိတ်ပြီးသွေးရည်အဖြစ်ဖျော်တယ် သွေးတွေကို တစ်စက်ခြင်း
    မြို့ ရိုးကိုစည်းတားတယ် ဆိုလိုတာက ဗျတ်ဝိကို ဂမ္ဘီရနည်းနဲ့ အစောင့်အပြ်လုပ်ခိုင်းတယ်
    ဖြစ်ပုံကတော့ ဘီဒီယိုထဲကလိုဘဲ
    သွေးတွေကုန်ပြီး ကြက်မတစ်ဝတ်စာလောက်လိုနေသတဲ့
    ကြည့်ရတာ အဲ့သည်လူတွေ အကြံဖန်လုပ်တတ်ပုံမပေါ်ဘူး ကျုပ်များဆို ရေနည်းနည်းရောလိုက်ပြီးဒါဘဲ
    အဘိဓမ္မာသဘောအရတော့ ကျုပ်က လက်မခံဘူး
    သတ္တဝါတစ်ကောင်ရဲ့ ဇီဝအသက်ကို သတ်လိုက်ရင် အသတ်ခံရတဲ့သတ္တဝါဟာ အလွယ်ပြောရရင်တော့
    အခြား ဘဝ ( ကံ ) ကိုပြောင်းသွားတာကလား
    တစ်ခုရှိတာက ဇိဝိန်ချုပ်မယ် မသေခင် မာန် ( မာန ) ကြောင့် အစွဲ ( အတ္တ ) ကြောင့် ကြွင်းခန္ဓာ ( ရုပ်အလောင်း )
    မှာပြိတ္တာလိုဖြစ်ပြီး နေမယ် အဲ့လိုလားတော့မပြောတတ် :mrgreen:
    ထားပါတော့ အဲ့တာနဲ့
    အနော်ရထာက စစ်တိုက်ပါလေရော မနိုင်ဘူးဗျ ဗျတ်ဝိကလားသရဲက မြို့ကိုစောင့်ရှောက်တယ်ဆိုဘဲ
    အဲ့တာနဲ့ အနော်ရထာလည်း ဘာညဘာကွိကွ တွက်ချက်ပြီး မြို့ကိုရဘို့အရေး
    ခုဏက ပြောတဲ့ သွေးလွတ်နေတဲ့ ကြက်မတစ်ဝတ်စာနေရာကနေ ဝင်ပြီးတိုက်မှ မြို့ကိုရတယ်လို့
    ဖုံတက်နေတဲ့စာအုပ်တစ်အုပ်ထဲ ဖတ်ဘူးဒါဘဲ :mrgreen:

  • myanmar oscar

    September 23, 2012 at 1:50 am

    အာလုံးကိုကျေးဇူးအထူးတင်ပါတယ်လို့ ဂါရဝပြုပါတယ်။
    အကောင်းအဆိုး၊ယုံကြည်တာမယုံကြည်တာ၊ကိုးကွယ်တာမကိုးကွယ်တာအားလုံးကိုဝေဖန်အကြံပြုကြတဲ့
    ရွာသူရွာသားအားလုံးကိုကျေးဇူးတင်ပါတယ်။ မေတ္တာတရားရှေ့မှာထား၊အမှားဘယ်ခါမရှိတဲ့….၊
    လူသားအားလုံးဟာဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် မိမိရဲ့အတ္တ ကိုပဲရှေ့တန်းတင်ကြတာများပါတယ်၊မေတ္တာ
    ထားတဲ့သူတွေက အလွန်ပဲနည်းကြပါတယ်။ ဒီနေရာမှာ အတ္တနဲ့ မစ္စိယစိတ်ဒွန်တွဲလာပါပြီ၊ဘာဖြစ်လို့လဲ
    ဆိုတော့ မေတ္တာတရားကတစ်ခုထဲပဲရှိတယ်၊ အတ္တကတော့ ကောင်းသောအတ္တနဲ့ မကောင်းနဲ့အတ္တနှစ်ခု
    ဖြစ်သွားတယ်။ ကောင်းတဲ့အတ္တကတော့ ငါ့မိသားစု၊ငါ့သားငါ့မယားအတွက်၊ ငါ့လုပ်ငန်းအတွက်၊ ငါ့နိုင်ငံ
    တော်အတွက် ဆိုပြီးကောင်းရာကိုရည်မှန်းပြီးလုပ်တဲ့အလုပ်ကိုပြောတာပါ။ မကောင်းတဲ့အတ္တကတော့
    မစ္စိယစိတ်နဲ့ဒွန်တွဲပြီး`ဘယ်သူသေသေငတေမာရင်ပြီးရော´ဆိုတဲ့အတိုင်းငါကောင်းစားရင်၊ငါ့မိသား
    စုကောင်းစားရင်၊ငါစီးပွားရေးကောင်းစားရင်ပြီးရောဆိုပြီးလုပ်တဲ့အလုပ်ကိုပြောတာပါ။ ဥပမာအနေနဲ့ သီးသားတုံးကိုသနပ်ခါးတုံးလုပ်ရောင်းမယ်၊ ရွှေရောင်းတဲ့သူက ကြေးများများထည့်မယ်၊ ပွဲရုံပိုင်ရှင်တွေက
    ပဲထဲကို ခဲ၊နှမ်းထဲကိုသဲ ရောထည့်မယ်၊ ဆီသမားတွေက ပဲဆီထဲကို စားအုန်းဆီရောရောင်းမယ် အစရှိ
    သည်ပေါ့ ဆင်းရဲ၊ချမ်သာမရွေးပါဘူး အတ္တဆိုတာလူတိုင်းမှာရှိကြပါတယ်။ အခုကျွန်တော်တင်တဲ့ပို့လေး
    ဟာ ဒီအချိန်၊ဒီနေရာမှာဒီလိုပွဲလေးလုပ်ကြတယ်လို့အများသိအောင်တင်ပြတာပါ။ကိုးကွယ်ပါလို့လဲမပြော
    ပါဘူး၊မကိုးကွယ်နဲ့လို့လဲမပြောမိပါဘူး၊မိမိယုံကြည်ရာကိုးကွယ်ရာသာဖြစ်ပါသည်။ ကျွန်ဟာရွားအသစ်လေးပါ၊တနည်းအားဖြင့်အညွှန့်စထွက်နေတဲ့အပင်ပေါက်ကလေးပါ။
    ကျွန်တော့်ကိုကူညီပါ၊ဖေးမကြပါ၊ အပင်ကလေး ကြီးထွားသန်မာလာအောင်ရေလောင်းပါ၊မြေဩဇာကျွေး
    ပါ၊ အလင်းရောင်လေးတွေပေးကြပါလို့ …………။

    • kai

      September 23, 2012 at 2:49 am

      ရွာသားအသစ်ဆိုလို့… သိထားရအောင်ပါ…

      “Don’t shoot the messenger”
      – Shakespeare –

      “သတင်းစကားသယ်ဆောင်လာသူကို.. မသတ်စကောင်း..”
      အဲဒါကို အမြဲပြောပါတယ်..။ ဒါက.. ရွာရဲ့ပေါ်လစီလည်းဖြစ်ပါတယ်..
      ကိုရင့်အနေနဲ့.. ရေးစရာ..လုပ်စရာဆက်လုပ်စေလိုကြောင်းပါ…
      တင်တဲ့ပုံတွေ.. သဘောတရားတွေ.. အထူးသဖြင့်. စာတင်ပေးသူကို.. အပြစ်တင်နေတာမဟုတ်.. အဲဒီအပေါ်မူတည်ပြီး.. ဝေဖန်ဆွေးနွေးနေကြတာရယ်ပါနော…

      ဆွေးနွေးစရာရတဲ့အတွက်.. ကျေးကျေးကမ္ဘာပါလို့ပြောရင်..လက်သံထက်တဲ့ရွာသားသစ်အဖြစ်.. ကြိုဆိုကြောင်း. :harr:

  • San Hla Gyi

    September 23, 2012 at 8:16 am

    ဆောင်းပါးရှင်ရေ
    ခင်ဗျားကလဲ ဘာတွေကို စိုးရိမ်နေသလဲ မသိပါဘူး။ အခုပြောနေကြတဲ့ အကြောင်းတွေထဲမှာ ခင်ဗျားကိုရော ခင်ဗျားစာကိုရော အပြစ်တင်တာ တခုမှ မပါသေးပါဘူး။ နောက်ပြီး ခင်ဗျားရေးတာက အချက်အလက် အနေနဲ့ ရေးတာပါ။ မှားတော့လည်း ကျနော် အမှတ်မှားလို့ပါလို့ ပြောလိုက်ပေါ့ဗျာ။ လူဆိုတာ အမှားမကင်းဘူးဗျ။ ဒါကြောင့် ခဲဖျက်တို့ ဘာတို့ ပေါ်လာတာပေါ့။ ဒါပေမယ့် အတွေးအခေါ် ဆိုရင်တော့ နည်းနည်း ပြဿနာရှိတယ်ဗျ။ ကိုယ်ရေးတာ ကိုယ်တာဝန် မယူနိုင်ရင်ပေါ့ဗျာ။ ဥပမာ ဗုဒ္ဓသည် ကိုးကွယ်ရာမဟုတ် ထောင်ထဲမှာရှိတဲ့ ငါ့ဆရာသာ ကိုးကွယ်ရာ အဲဒီလို ဆောင်းပါးဆိုရင်တော့ သူများမေးတာ ဖြေနိုင်အောင် လုပ်ထားပေါ့ဗျာ။ မရရင်လဲ ကျနော့် အတွေးအခေါ် မှားလို့ပါဆိုပြီး ငိုပြလိုက် ရပါတယ်။ ဘယ်သူမှ သတ်လို့ မရပါဘူး။
    အခုလဲ ခင်ဗျားစာက ဘာမှ ပြဿနာ မရှိပါဘူး။ ခင်ဗျားစာထက် ကွန်မန့်တွေကတောင် ရှည်နေသလိုပဲ။ အဲဒီတော့လည်း ပိုပြည့်စုံသွားတာပေါ့။ သူကြီးနဲ့ ကျုပ်က စည်စည်ကားကားလေး ဖြစ်အောင် လုပ်ပေးတာပါ။ ကျုပ်တို့ အချင်းချင်း ဆွေးနွေးတာပါ။ ခင်ဗျားစာက စင်မြင့် ဖြစ်သွားလို့ ကျေးဇူးပါ။ အပေါ်က လူတယောက် မှားပြောတာကို ခင်ဗျား အမှတ်မှားမှာစိုးလို့ ကျနော်ပြင်ခဲ့မယ်။ ဇော်ဂျီဖိုလ်ဝင်သား ဆိုတာ အရိယာပုဂ္ဂိုလ်ရဲ့ အသားမဟုတ်ဘူး။ ဇော်ဂျီဖြစ်အောင် ဆေးဝါး မန္တရားတွေစုပြီး ထုံကူးတဲ့အခါ ပြင်ပအနှောင့်အယှက် ကြောင့်ဖြစ်စေ အစီအရင်တခု လွဲလို့ဖြစ်စေ အဲဒီဇော်ဂျီသေသွားတာဗျ။ အဲဒီဇော်ဂျီရဲ့ အလောင်းပါ။

  • ကိုခင်ခ

    September 23, 2012 at 8:22 am

    မန်းမှာနေတာ ဆယ်စုနှစ်လောက်တော့ရှိပေမယ့် myanmar oscar ပြောတဲ့ပွဲမျိုးရှိတာ မသိဘူးဗျ၊ အခုလိုသိလိုက်ရတဲ့အတွက် ကျေးဇူးပါဗျာ၊ ဘာဘဲဖြစ်ဖြစ်နောက်နှစ်တော့ အဲဒီပွဲကိုမြင်ဖူးအောင် သွားကြည့်မယ်ဗျာ ဗဟုသုအဖြစ်ပေါ့။
    ကိုးကွယ်မှုကတော့ အမြဲအငြင်းပွားတတ်စမြဲလေ၊ ကလေးဘဝက ဆော့တဲ့ ကစားနည်းလေးလိုဘဲ ဗိုလ် ကျား သနပ်ဆွဲ ကိုယ်ကြိုက်ရာ ကိုယ်လုပ်။

  • ဦးဦးပါလေရာ

    September 23, 2012 at 10:01 am

    ပြောချင်တာ များလွန်းလို့ ဘယ်ကစပြောရမှန်းမသိတာနဲ့ ဝင်မပြောတော့ပါဘူး..
    တခုပဲ…
    ကွန်မင့်ကို ရွှေချလို့ရတဲ့ function များရှိခဲ့ရင် အပေါ်က ကို နေးချားရဲ့

    အဲဒီနတ်တွေက ဘုရားသည်ကိုးကွယ်ရာမဟုတ် ငါ့သည်သာကိုးကွယ်ရာလို့မပြောဘူး။ အစိုးရပစ္စည်းခိုးရင်ခိုးမှုမမြောက်ဘူးလို့မြှောက်မပေးဘူး။ သူများမယား ကြာခိုရင်ကုသိုလ်ရတယ်လို့ပေါက်ကရမပြောဘူး။

    ကွန်မင့်လေးကို ရွှေချပေးလိုက်ချင်ပါကြောင်း….. 😀

Leave a Reply