myanmar oscarApril 16, 20142min2559
အောက်ကပုံလေးတွေကတော့ စတုဒီသာကျွေးရင်း မိမိ အဖွဲ့သူသားအချင်းချင်း ပျော်စရာအိုးမဲသုတ်ကြတာပါ။ တခုတော့ရှိတယ်နော် အားလုံးဟာ အရက်သောက်မထားပါဘူး၊ပြောချင်တာက မျက်နှာကို အိုးမဲသုတ်တမ်း ကစားတာ ကမ္ဘာမှာ မြန်မာတနိုင်ငံတည်းရှိသလားလို့ပါ၊ဒါကို စိတ်ကူးထဲကနေတင်စားလိုက်တာပါ နာမည်က မြန်မာသနပ်ခါး လို့ပေါ့ နော်


myanmar oscarApril 16, 20142min1655
သင်္ကြန် အကျနေ့က လူငယ်ဘုံဆွမ်းလောင်းအဖွဲ့ရဲ့ စတုဒီသာကျွေးမွေးခဲ့တဲ့ အဖြစ်လေးကို မေ့မရခဲ့ပါဘူး။ လပြည့်၊လကွယ်တိုင်း ဆွမ်းလောင်းလှူနေတဲ့လူငယ်လေးတွေရဲ့ ကြိုးစားမှု ပထမခြေလှမ်းတရပ်လို့ဆိုရင်လဲ မမှားနိုင်ပါဘူးလေ။ ဘာလို့လဲဆိုတော့ တပို့တွဲကစလို့ တန်ခူးဆိုတဲ့ ဒီလအထိဆိုတဲ့ အချိန်တိုလေးအတွင်းမှာစတင်မွေးဖွားလာတဲ့ ဒီအဖွဲ့အစည်းလေးဟာ ငွေအင်အားမတောင့်တင်းသော်လဲ ရှိတဲ့ရန်ပုံငွေလေးနဲ့ စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ အလှူတခုကိုကောင်းမှုပြုပြီး ကြည်နူးမှုအပြည့်နဲ့ ၊အပြုံးပန်းတွေဝေစွာနဲ့ ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်ဗျာ။ဒီရွာသူ၊ရွာသားများအားလုံးလဲ ဒီအလှူလေးကို သာဓုခေါ်ပေးကြပါလို့ နိုးဆော်လိုက်ရပါတယ်ခင်ဗျာ………..။ အော်…ပြောရဦးမယ် ကျန်သွားလို့ နှစ်ဆန်း(၁) ရက်နေ့မှာ သက်ကြီး ဘိုးဘွား၊မိဘတွေကို ပူဇော်ပွဲလေး လုပ်ပေးဦးမှာတဲ့ဗျာ………..


myanmar oscarAugust 24, 20131min1374
ယခုလအတွင်း ဖြစ်ပေါ်နေသောသတင်းလေးတခုကြောင့် ကျွန်တော် Sky Net လေးရောင်းတော့မည်။ ယခင်နှစ်တုန်းကလဘဲ ဂြိုလ်တုပြောင်းလို့ဆိုပီး ထိပ်ဖူးလေး လဲလိုက်ရတယ် အလကားတော့ဟုတ်ဖူးနော် (ဂဝ၀၀)ကျပ် ပေးလိုက်ရတယ် 5 Moive အဆက်အသွယ်ဖြတ်ပြီး၊ သက်တမ်းဆက်တိုးထားလိုက်တယ်။အခု လာပီ Skynet က အမျိုးအစားကို နှစ်မျိုးခွဲလိုက်ပီ တစ်ခုပဲယူယူ၊ နှစ်ခုစလုံးယူယူ ကြေးတွေလဲမြင့်လိုက်တယ်၊တော်ပီ ဘောပွဲမကြည့်ရရင်နေပါ စေတော့၊ ဦးရာလူစနစ်ဖြင့် Sky Net ကို ရောင်းလိုက်တော့မယ်၊ လာထားနော်…လာထား၊ ဟော့ဒီက Skynet ရမယ်………….


myanmar oscarDecember 1, 20125min1988
  သစ်ပင်ကြားမှခပ်ရေးရေး (၁) ကားပေါ်ကအမိအရနဲ့ လမ်းမထက်က ပုပ္ပါး (၂) တောင်တက်လမ်းပေါ်မှ လက်ရာ-၁ (၃) တောင်တက်လမ်းပေါ်မှ လက်ရာ-၂ (၄) နေရောင်ခြည်အောက်က ပုပ္ပါးအလှ (၅) တောင်ခြေမှ အနီးကပ် (၆) တောင်ခြေပတ္တမြားဆောင်းတန်း (၇) တောင်ထိပ်ပေါ်မှ စေတီ -၁ (၈) တောင်ထိပ်ပေါ်မှ စေတီ -၂ (၉) တောင်ပေါ်မှ တောင်အောက်-၁ (၁၀) တောင်ပေါ်မှ တောင်အောက်အနီးကပ်ရိုက်ချက်-၂ (၁၁) ပုပ္ပါး တဖက်ပင်မတောင်-၁ (၁၂) ပုပ္ပါး တဖက်ပင်မတောင်အနီးကပ်-၂ (၁၃) သူတို့ရေထားတာ (၁၄) အောက်ဘက်မှာရှိတဲ့ လိုဏ်ဂူ (၁၅) အစာမရလို့ စိတ်ဆိုးနေတာလား (၁၆) တစ်ကောင်တည်း ဗိုလ်လုပ်ချင်တယ် (၁၇) အားရပါးရ သူ့ဘဝ (၁၈) […]


myanmar oscarNovember 27, 20121min38525
၁။ လူအမည်                                           = သိဒ္ဒတ္တ ၂။ ဘုရားဘွဲ့                                            = ဂေါတမ ၃။ မိဘအမည်                                         = သုဒ္ဓေါဒန နှင့် မဟာမာယာဒေဝီ ၄။ ကြင်ယာတော်                     […]


myanmar oscarOctober 28, 20123min22715
          လူတိုင်းလူတိုင်း မိမိရဲ့လက်ရှိဘဝတရှောက်မှာ ကောင်းတာတွေရော၊ ဆိုးတာတွေရော ကြုံခဲ့ဆုံခဲ့ဖူးကြမှပါ။ လူရဲ့သဘာဝအတိုင်း အပေါင်းအသင်းများနဲ့စကားဝိုင်းတွေကြားရောက်ရင် မိမိရဲ့ကောင်းဆုံးအဖြစ်အပျက်တွေကိုပဲပြောကြတယ်၊ အဆိုးဆုံးတွေကို မပြောဘူးလားဆိုတော့ ပြောကြပါတယ် မိမိယုံကြည်ကိုးကွယ်ရာ ဘုရားသင်ခင်ရဲ့ရှေ့တော်မှောက်ရောက်မှ သည်အဖြစ် အပျက်မှလွတ်မြောက်ပါစေ၊ သည်ဝဋ်ကြွေးမှလွတ်မြောက်ပါစေ စသည့် ဆုတောင်းပုံအမျိုးမျိုးနဲ့ ရေရွှတ်ကြတယ်။ လူဆိုတာသေပြီးရင်ကိုယ့်နောက် ဘာမှပါမလာဘူးဆိုတာမှန်ပါတယ်။                    လူရဲ့အသက်ဟာ တိုတိုလေးပါ၊ ဘယ်အချိန်သေမယ်လို့ ဘယ်သူမှမသိကြပါဘူး။ ဖြိုးကနဲဖြတ်ကနဲ၊ဘာဖြစ်တာတုန်းဘာရောဂါနဲ့လဲ၊ အော်…ဆုံးသွားပြီလား…….စသည်ဖြင့် ရုတ်တရက်သေဆုံးသွားသူတွေ အတွက် ဂရုဏာမေးခွန်းလေးတွေနဲ့ပေါ့…….            သားအဖနှစ်ယောက် မနက်မိုးလင်းလို့ မျက်နှာသစ်၊ သွားတိုက်ပြီး အိမ်ရှေ့မှာထိုင်ရင်း ချစ်မဟေသီခူးခပ်ကျွေးမဲ့ ထမင်းဆီဆမ်း ပန်းကန်လေးတွေကို မပျင်း မရိထိုင်ဆောင့်နေကြတယ်။ ဒီလို့နဲ့ စားသောက်ပြီးသွားလို့ အလုပ်သွားဖို့ပြင်နေရင်းကနေ သားလေး သားကြီး၊ သမီးလတ် သမီး ငယ် […]


myanmar oscarOctober 27, 20124min18811
              ပွဲပြီး ပြီးချင်းတင်မလို့ပါ လိုင်းတွေမကောင်းတော့မတင်ဖြစ်လိုက်ပါဘူး။ ဒါနဲ့ပဲ ဦးကြောင် ကဝင်သုတ်သွားတယ်။ထိုင်းက မောင်ရင်/မယ်လေးတွေပါ။ T.V တဆင့်ပြန်ရိုက်ထားတော့ ပုံမကောင်းတာခွင့်လွှတ်ပါ။ ဘာလုပ်နေလဲတော့မသိ သူတို့ရဲ့ကကွက် မယ်မြန်မာတွေရှုံးလောက်တယ် လန်ထွက်၊လျှံတက်ဆိုတာဒါလားဟင် တလုံးတခဲနဲ့ မောင်ရင်အလှ စိတ်ကြိုက်ပါ ကိုကိုတဲ့ ငါလဲပါမယ် တွဲရိုက်မယ် နှိုင်းယှဉ်နေတာလေ စိန်ခေါ်နေတာ ဘယ်သူလာမလဲတဲ့ အားလုံးကိုလေးစားပါတယ်  


myanmar oscarOctober 21, 20121min18912
  အဖေ့သမီးအတွက် သမီးအတွက်..ဖခင်ရဲ ့ဥပမာကောင်းလေးတစ်ခု…………. ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။ အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျ ီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။ ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။ သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။ သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁ဝ ခေါက်အထိ ဆိုလာပြန်တယ်။ ထိုအခါ သမီးဖြစ်သူက ၁ဝခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။ အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁ဝ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက […]


myanmar oscarOctober 18, 20121min792
ကမ္ဘာ့ဘောလုံးပရိသတ်နှင့် မြန်မာ့ဘောလုံးပရိသတ်အကြိုက် အင်္ဂလန်အသင်းရဲ့ တိုက်စစ်စွမ်းရည်နဲ့ခံကန်အားကိုဝေဖန်ကြည့်ရအောင်။ ဒီပွဲဟာ မြန်မာစံတော်ချိန် ၁ရ.၁၀.၁၂ နေ့ နံနက် (၁:၁၅)နာရီမှာ ပိုလန်နိုင်ငံမှာ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက်ကွင်းရေလျှံလို့ပျက်ခဲ့ရတဲ့ ပွဲကို ည(၉း၃၀) အချိန်မှာ ပြန်ကန်တဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ နည်းပြဟော့ဆန်ကတော့ အင်္ဂလန်အသင်း ကို လူငယ်တွေနဲ့ သမ္ဘာရှိတဲ့သူတွေပေါင်းစပ်ပြီးပြုပြင်လာတာကတော့နောင်အတွက်တော့ကောင်း သောစနစ်ပါ။ ဂိုး-ဂျိုးဟတ်၊နောက်တန်းဂလင်းဂျွန်ဆင်၊ဂျာဂယ်လ်ကာ၊လက်စ်ကော့၊အက်စ်ရှလေးကိုး၊ အလယ်တန်း-ဂျိမ်းမီနာ၊ဂျရတ်၊ကလီဗာလေ၊ကာရစ်၊ရှေ့တန်း-ဒီဖိုး၊ရွန်းနီ တို့နဲ့ပွဲထွက်လာခဲ့ပါတယ်။ ပွဲစတယ်ဆိုတာနဲ့ အင်္ဂလန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုကိုအသာစီးရယူပြီး၊တိုက်စစ်ကို တော့ ပုံမှန်ကစားနေကြအတိုင်း အဝေးဘောတွေနဲ့သာတိုက်စစ်ဆင်ခဲ့ပါတယ်။ မီဒီယာစာမျက်နှာတွေ ပေါ်မှာ ဦးစားပေးဖေါ်ပြခံရလို့နာမည်ကြီးတဲ့ အင်္ဂလန်အသင်းဟာ ဘယ်ပြိုင်ပွဲမှာမဆို ကစားကွက်က တော့စိတ်ဝင်စားစရာမကောင်းလှပါဘူး၊တစ်ချက်ထိ၊နှစ်ချက်ထိအတိုပေး၊လွတ်နေတဲ့ကွက်လပ်တွေကို နေရာယူမှုအပိုင်းတွေခပ်ရှားရှားပါ မရှိသလောက်ပဲ။အခုပွဲလဲဒီအတိုင်းပါပဲမိမိဇုံအတွင်းမှာသာတာဝန် ကျေအောင်ကစားကြတာပါ။ ဘောလုံးလမ်းကြောင်းတွေကို လိုက်မဖွင့်ကြပါဘူး။ဒါပေမဲ့အင်္ဂလန်ကဦး ဆောင်ဂိုးရသိားပါတယ်။(၃၀)မိနစ်မှာရတဲ့ဒေါင့်ကန်ဘောကို ဂျရတ် ကန်တင်ပေး ဂိုးပေါက်မှာရှိတဲ့ ရွန်းနေကနောက်ခံလူနှစ်ယောက်ကြားထဲကနေခေါင်းတိုက်ပြီးသွင်းယူသွားတာပါ။ပိုလန်ရဲ့အဆုံးသတ် မှုတွေဟာမသေချာလို့သာအင်္ဂလန်အသင်းပထမပိုင်းမှာ(၁းဝ)နဲ့ဦးဆောင်နိုင်ခဲ့ပါတယ်၊ဘောလုံးပိုင်ဆိုင် မှုကတော့ အင်္ဂလန်က ၅ရ နဲ့ ပိုလန်က ၄၅ […]


myanmar oscarSeptember 21, 20121min35025
ယခုမြင်တွေ့နေရတဲ့ဓာတ်ပုံတွေကတော့ မန္တလေးမြို့ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်(၄၉၈)ရွှေပန်း ဘဲတန်းရပ်(စစ်ကိုင်း-မန္တလေး)ကားလမ်းမဘေး ဝါခေါင်လဆုတ်(၅)ရက် (6.9.2012)နေ့မှာ ပြုလုပ်တဲ့ မယ်တော်ကြိုပွဲ ဖြစ်ပါတယ်။မယ်တော် ဆိုတာဘယ်သူလဲ၊ဒီရာဇဝင်ေလေးကို ကျွန်တော်သိသလောက်အနည်းငယ်ပြောပြပါမည်၊ ဃဂဏန တော့သိပ်မသိပါဘူးလို့ကြိုတင်ပြီးပြောပါ့ရစေ။ တောင်ပြုံးပွဲတော်ဆိုရင်လူတိုင်းသိကြမှာပါ၊ဒီပွဲရဲ့မင်းနှစ်ပါးကတော့ ရွှေဖျဉ်းကြီးနှင့်ရွှေဖျဉ်းလေးတို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ခမည်းတော်နှင့်မယ်တော်တို့ကတော့ ကိုဗျတ္တနဲ့ မယ်ဝင်္ဏ(စာလုံးပေါင်းမှားရင်သည်ခံပါ၊ထပ်ဆင့်စာလုံးရိုက်မရပါ) တို့ပဲဖြစ်ပါတယ်။ ကိုဗျတ္တကတော့ ကွမ်းတရာရေတမုတ်နဲ့ ဘဝပြောင်းသွားတယ်၊ မယ်ဝင်္ဏကတော့ သားတော်နှစ်ပါးလုပ်ကြံ ခံရတဲ့သတင်းကိုကြားပြီး ရင်ကွဲနာကျပြီးသေဆုံးသွားပါတယ်လို့ ရာဇဝင်စာအုပ်တွေထဲမှာဖော်ပြထားပါသည်။ ကျွန်တော်တို့ ဖတ်ခဲ့ဖူးသမျှစာအုပ်တွေနဲ့ ဒီရာဇဝင်ကို video ရိုက်ထားတဲ့ဇာတ်ကားတွေဟာ တစ်ခုနှင့်တစ်ခု နောက်ခံသမိုင်းရာဇဝင်တွေ မတူညီကြပါဘူး။ အလျှင်းသင့်လျှင်လေ့လာပြီး သမိုင်းအစုံကိုဖော်ပြပေးပါမည်၊ ယခုပွဲလေးဟာ မယ်တော်က သားတော်နှစ်ပါးရဲ့ပွဲတော်ကိုသွားပြီးပြန်လာတာကိုကြိုဆိုတဲ့ပွဲဖြစ်ပါတယ်။ တစ်ခုရှိတာက ကြိုဆိုတဲ့ပွဲလုပ်ပြီး၊ မယ်တော်ဘယ်အချိန်သွားပြီးမယ်တော် ပို့တဲ့ ပွဲလုပ်တယ်လို့တော့မကြားမိပါဘူး။ ယခုဆိုလျှင်မယ် တော်ရဲ့ ပွဲတော်ဖြစ်သော အများခေါ်တဲ့ ရတနာဂူ ပွဲတော်ကြီးဟာ(9.9.2012) နေ့တွင်စတင်နေပါပြီ။ တဆက်ထဲပဲ ရတနာဂူပွဲတော်နဲ့ ပတ်သတ်ပြီး ထူးခြားတဲ့အစဉ်အလာလေးရှိပါသေးတယ်။ […]