ဘယ်ဟာက တန်ဖိုးပိုရှိသလဲလို့ မေးလိုက်ချင်ပါသည်
လူတိုင်းလူတိုင်း မိမိရဲ့လက်ရှိဘဝတရှောက်မှာ ကောင်းတာတွေရော၊ ဆိုးတာတွေရော
ကြုံခဲ့ဆုံခဲ့ဖူးကြမှပါ။ လူရဲ့သဘာဝအတိုင်း အပေါင်းအသင်းများနဲ့စကားဝိုင်းတွေကြားရောက်ရင်
မိမိရဲ့ကောင်းဆုံးအဖြစ်အပျက်တွေကိုပဲပြောကြတယ်၊ အဆိုးဆုံးတွေကို မပြောဘူးလားဆိုတော့
ပြောကြပါတယ် မိမိယုံကြည်ကိုးကွယ်ရာ ဘုရားသင်ခင်ရဲ့ရှေ့တော်မှောက်ရောက်မှ သည်အဖြစ်
အပျက်မှလွတ်မြောက်ပါစေ၊ သည်ဝဋ်ကြွေးမှလွတ်မြောက်ပါစေ စသည့် ဆုတောင်းပုံအမျိုးမျိုးနဲ့
ရေရွှတ်ကြတယ်။ လူဆိုတာသေပြီးရင်ကိုယ့်နောက် ဘာမှပါမလာဘူးဆိုတာမှန်ပါတယ်။
လူရဲ့အသက်ဟာ တိုတိုလေးပါ၊ ဘယ်အချိန်သေမယ်လို့ ဘယ်သူမှမသိကြပါဘူး။
ဖြိုးကနဲဖြတ်ကနဲ၊ဘာဖြစ်တာတုန်းဘာရောဂါနဲ့လဲ၊ အော်…ဆုံးသွားပြီလား…….စသည်ဖြင့်
ရုတ်တရက်သေဆုံးသွားသူတွေ အတွက် ဂရုဏာမေးခွန်းလေးတွေနဲ့ပေါ့…….
သားအဖနှစ်ယောက် မနက်မိုးလင်းလို့ မျက်နှာသစ်၊ သွားတိုက်ပြီး အိမ်ရှေ့မှာထိုင်ရင်း
ချစ်မဟေသီခူးခပ်ကျွေးမဲ့ ထမင်းဆီဆမ်း ပန်းကန်လေးတွေကို မပျင်း မရိထိုင်ဆောင့်နေကြတယ်။
ဒီလို့နဲ့ စားသောက်ပြီးသွားလို့ အလုပ်သွားဖို့ပြင်နေရင်းကနေ သားလေး သားကြီး၊ သမီးလတ် သမီး
ငယ် တို့ရေ၊ မိန်းမရေ အဖေကြီးတို့အလုပ်သွားတော့မယ် လို့နှုတ်ဆက်နေချိန်လေးဟာ ကြည်းနှုး
စရာ နံနက်ခင်းလေးတစ်ခုပါ။
သားအဖနှစ်ယောက် တာဝန်ကျရာ လုပ်ငန်းခွင်မှာ တာဝန်ကျေအောင် အလုပ်လုပ်
နေရင်း အိမ်က သားသမီးတွေ၊ မိန်းမ အတွက်ရုန်းကန်နေကြတယ်။ နဖူးကချွေး ခြေမကျအောင်
လုပ်ပြီး ညနေ(၅:00)နာရီထိုးလို့ အလုပ်သိမ်းပြီး ဆိုင်ကယ်လေးကိုနှစ်ယောက်အတူစီးကာ
အေးအေေးလူလူမောင်းပြီး မျှော်နေရှာကြတော့မယ့် မိသားစုတွေရှိရာ အိမ်ကိုပြန်ခဲ့ကြတယ်။
တစ်နေရာအရောက် အရှေ့မှအနောက်ကုန်းဆင်းအတိုင်း ကျောက်တွေတင်ပြီးမောင်း
လာတဲ့ကားဟာ ဘရိတ်ပေါက်သွားတယ်။ မြောက်မှတောင်သို့ ဆိုင်ကယ်မောင်းလာတဲ့ သားအဖ
နှစ်ယောက်ဟာ မိမိတိုရဲ့ ကံကြမ္မာကိုဘာမှမသိပဲ တဖြည်းဖြည်းနဲ့ လမ်းဆုံကိုရောက်လာတယ်။
အဲ့ဒီအချိန်မှာပဲ ဘရိတ်ပေါက်သွားတဲ့ကားဟာ တန်ဖိုးအလွန်ကြီးမားလှတဲ့ ရွှေငါးလို့ခေါ်တဲ့
အသက်မဲ့ကားကိုရှောင်ပြီး သားအဖနှစ်ယောက်စီတည့်တည့်ကြီး ဝင်တိုက်ချလိုက်တယ်။
နောက်ဆုံးမတော့ ဖအေဟာ ကားနောက်ဘီးအောက်မှာ လည်စင်းပြီး ခေါင်းပြားသွားတယ်၊
ကံကောင်းတဲ့ သားကလေးမှာတော့ လွင့်စင်ထွက်သွားပြီး ဒဏ်ရာတချို့ပဲရတယ်။
သနားစရာ တကယ့်အဖြစ်လေးပါ………။
ခံစားရပါသည်…..ဘယ်ဟာက တန်ဖိုး ပိုရှိလို့လဲ လို့မေလိုက်ချင်ပါသည်။
အောက်ကပုံလေးတွေကို ခံစားကြည့်လိုက်ပါဦး ရွာသူ၊ရွာသား အပေါင်းတို့……
(27.10.2012) ညနေ (၆:၀၀) မှာဖြစ်သွားတာပါ၊ နေရာကတော့ ကန်တော်ကြီး အရှေ့ခြမ်းနှင့် လမ်းသစ်လမ်းဆုံ မန္တလေးမြို့။
ကားရဲ့နောက်ခြမ်း No. မပါ
ကားရဲ့ရှေ့မျက်နှာ
တန်ဖိုးမဲ့ သွားရတဲ့ အဖေ
ယူကြုံးမရ အပူလုံးကြွပြီး သေနေတဲ့ဖခင်ကို ဖက်နေတဲ့ သား
တွေးမိတွေးရာ၊ ရေးမိရေးရာ စိတ်ခြောက်ခြားသွားတဲ့ သား
15 comments
အရီးခင်လတ်
October 28, 2012 at 3:36 am
ပုံကို ဆက်မကြည့်ရဲ/ရက်လို့ မကြည့်တော့ပါဘူးရှင်။
ကောင်းရာသုဂတိလားပါစေ။
ကျွန်မပြုသမျှ ကုသိုလ်များကို အမျှပေးဝေပါတယ်။
နောင်ဘဝ များရှိခဲ့ရင် ဒါမျိုးအဖြစ်ဆိုးမကြုံပါစေနဲ့။
ကောင်းရာမွန်ရာ ဘဝ မှာ အသက်ရှည်ရှည် အနာနာကင်းကင်း ရှိပါစေ။
ကျန်ရစ်သူ မိသားစုလေးလဲ ကူညီပေးမဲ့ သူများရှိပြီး စားဝတ်နေရေး မပူမပင် နဲ့ အဆင်ပြေကြပါစေ။
ကလေးများဘဝလဲ တိုးတက်အောင်မြင် ပါစေ။
ဆက်ပြောရရင် ကားတွေ ဘရိတ်မပေါက် အောင် နှစ်စဉ် စစ်ဆေးမှု တွေ မြဲလုပ်သင့်တယ်။
စက်ပစ္စည်းဆိုတာ စနစ်တကျ စစ်ဆေးမှုတွေ ရှိကိုရှိရမယ်။
မဟုတ်ရင်တော့ ဒီလို အဖြစ်ဆိုးတွေ မဖြစ်သင့်ဘဲ ဖြစ်နေမှာပါဘဲ။
ဒါဟာလဲ တာဝန်ရှိသူတွေ အသုံးမကျခြင်း ကြောင့်ဆက်နွယ်နေတဲ့ ပြသနာ တစ်မျိုးပါဘဲ။
kai
October 28, 2012 at 4:05 am
ဆိုင်ကယ်သမားတွေ. ခိုင်ခံကောင်းမွန်တဲ့ ဆိုင်ကယ်ဦးထုတ်ဆောင်းထားရင်. ဒီလောက်အဖြစ်ဆိုးမယ်… မထင်မိပါ..။
ကားဘီးနဲ့ခေါင်းထိချိန်မှာ.. ဆိုင်ကယ်ဦးထုတ်ကအမာမို့.. လည်နေတဲ့ဘီးက.. တိုက်တွန်းထုတ်သလိုဖြစ်ပြီး.. ဘေးကိုလွင့်ရောက်သွားတတ်လို့ပါ..။
သေသွားတဲ့..ဖခင်အဖြစ်မျိုး..နောင်မဖြစ်အောင်.. ကျန်ရစ်သူသားငယ်က.. အခုထလုပ်အခုဖြစ်တာရှိပါတယ်..
ဖခင်အဖြစ်ပြပြီး.. ဆိုင်ကယ်သမားတွေ.. ဦးထုတ်ဆောင်းဖြစ်ကြအောင်.. တရက် ၁နာရီလောက်.. လမ်းမထွက်.. ဦးထုတ်မဆောင်းတဲ့..ဆိုင်ကယ်သမားတွေကိုတား.. စာရွက်ကမ်း..ရှင်းပြတာမျိုးပါ..
တပါတ်၁ခါနဲ့..တနှစ်လုပ်.. လူ့အသက်များစွာကယ်တင်ပြီးဖြစ်မယ်.. သေချာမိပါတယ်..။
ဆိုရင်..
မတော်တဆမှုကြောင့်.. အခုလိုသေခြင်းကနေ.. အင်မတန်တန်ဖိုးရှိတဲ့..” သေခြင်း..” ဖြစ်သွားမယ်ထင်ပါကြောင်း..။
မောင်ပေ
October 28, 2012 at 2:52 pm
ဆိုင်ကယ်ဦးထုပ်ဆိုလို ့
ကျုပ်ကို၁ဝတန်းဖြေပြီးတော့ ၊ အိမ်က ဆိုင်ကယ်တစ်စီးဝယ်ပေးတယ်ဗျ
အဲဒီမှာ ဆိုင်ကယ်ဦးထုပ်ဆောင်းဖို ့ဆိုပြီး ၊ အစ်ကိုဝမ်းကွဲဆီကနေ သူရို ့ခေတ်က ဦးထုပ်ကို လက်ဆောင်ရတယ် ။ သူက ဆိုင်ကယ်မစီးတော့ဘူးလေ.. ။ သူရို ့ခေတ် ဆိုတာ ၁၉၈၈-၈၉ လောက်ကပေါ့ ။ ဆိုင်ကယ်ဦးထုပ်က ဘယ်လို ပုံစံလဲဆိုတော့ တစ်လုံး လုံး သံအထူစားနဲ ့၊ အတွင်းပိုင်းမှာ ဖော့တွေနဲ ့ပေါ့ ၊ ဆောင်းလိုက်ရင် ခေါင်းကိုလေးနေတာပဲ ။ ပုံစံက ဒီနေ ့ခေတ် အမေရိကန်စစ်သားတွေ ဆောင်းတဲ့ဟာနဲ ့ပုံစံ ဆင်တယ် ။ သံဦးထုပ်က ဟန်ကျတယ် ၊ ရန်ဖြစ်ရင် တုတ် ဓါး မလိုဘူး ၊ ဦးထုပ် နဲ ့ရိုက်ရုံပဲ :kwi:
အဲဒီမှာ အဲဒီ သံဦးထုပ်ကြီးဆောင်းရတာလေးလို ့ဆိုပြီး ၊ ယိုးဒယားကလာတဲ့ “အက်ဒလို” ဆိုလား ၊ ဖိုက်ဘာသား အထူနဲ ့ဦးထုပ် လှလှလေးတွေ ဝယ်ဆောင်းတယ် ၊ အဲဒီ ယိုးဒယားကလာတဲ့ ဦးထုပ်အစစ် ကကို ဦးခေါင်းခွံကို ကာကွယ်ပေးနိုင်တာကို လက်တွေ ့ သိခဲ့ရတယ် ။ ၁ဝတန်းအောင်ပြီးပြီးချင်း ၊ နည်းပညာတက္ကသိုလ်မှာ ညကျောင်းတက်တော့ ၊ ရန်ကင်းတောင်ဘက်မှာပေါ့ဗျာ ၊ တစ်ညမှာ မူးပြီး ကျောင်းမတက်ပဲ ၊ ကျောင်းဘက်ကနေ ဆိုင်ကယ်နဲ ့ကီလို၈ဝလောက်နဲ ့မောင်းတာ ၊ လမ်းဘေးက သစ်ပင်ကို ဝင်တိုက်ပါလေရော ၊ သစ်ပင်ကိုတိုက်တော့ လူကပါ ဆိုင်ကယ်ပေါ်ကလွင့်သွားပြီး ၊ ဆိုင်ကယ်နဲ ့တိုက်မိတဲ့ သစ်ပင် ကို ခေါင်းနဲ ့ဆောင့်မိတယ် ၊ အဲဒီမှာ ဆိုင်ကယ်ဦးထုပ်ဆောင်းထားတော့ ခေါင်းဘာမှ မဖြစ်ဘူး ၊ ဒါပေမယ့် သတိမေ့သွားလို ့၊ အိုပီတီ ကိုတော့ ရောက်သွားတယ် ၊ နောက်ရက် သူငယ်ချင်းတွေက ဆိုင်ကယ်ဦးထုပ်ပြန်ယူလာပေးတော့ ၊ ဦးထုပ်ကောင်းချက်က အက်ရာတောင် မရှိဘူး ။
အဲဒါ ပြီးခဲ့တဲ့ ၁၂နှစ်လောက်က ယိုးဒယားလုပ် ဆိုင်ကယ်ဦးထုပ်ပေါ့
ဒီနေ ့ခေတ်မှာတော့ ၊ ယိုးဒယားကလဲ ဝင်တယ်ဆိုပေမယ့် ၊ ကွာလတီတွေက မမှီတော့ပါဘူး
နောက်ပြီး ဈေးတန်းထဲမှာ တရုတ်လုပ် နဲ ့မိတ်အင်ဒီတင် ဆိုင်ကယ်ဦးထုပ်တွေကလဲ ဈေးပေါပေါနဲ ့ဝယ်ဆောင်းနေရတာပါပဲ ။
ကာကွယ်နိုင်စွမ်း ရှိမရှိ ဆိုတာကတော့…
San Hla Gyi
October 28, 2012 at 8:57 am
အဲဒီလို ကိစ္စတွေကတော့ မြန်မာပြည်မှာ မဆန်းတဲ့ ကိစ္စတွေတောင် ဖြစ်နေပြီထင်တယ်။ အမှန်တော့ မြို့တော်လို မြို့ကြီးပြကြီးတွေမှာ လူစီးဖို့ သူများနိုင်ငံတွေမှာ ကုန်တင်တဲ့ ဒိုင်နာကားတွေကို သုံးနေရကတည်းက ရှက်ဖို့အတော်ကောင်းတယ်။ ကျုပ်လဲ လွန်ခဲ့တဲ့ နှစ်အတော်ကြာက အဲဒီလိုမျိုးဖြစ်ပြီး ရှောဘရားသားတော့မလို့။ ကံသီပေလို့ အခု စာရေးနေနိုင်တာ။ ဖြစ်တာက ကြည့်မြင်တိုင်ဈေးနားမှာလေ။ ကျနော်စီးလာတာက ကားကြီး။ သာကေတ ၆၅ ထင်တယ်။ အဲဒီကားကြီးက ကြည့်မြင်တိုင်ကျတော့ လမ်းကို U-turn ကွေ့ရတဲ့ နေရာမှာ ကွေ့လိုက်တာ။ ကျုပ်ကလည်း ရှည်ပြီး ကားကွေ့ပြီးမှ မဆင်းပဲ လမ်းလည်ကျွန်းလောက်မှာ ဆင်းမယ်ဆိုပြီး လုပ်လိုက်တာ။ ကြည့်မြင်တိုင်က သူငယ်ချင်းကို တွေ့ချင်တာကိုး။ ကားက လမ်းလည်ကျွန်းမှာ တစောင်းလေး ဖြစ်နေတုန်း ဆင်းမယ်ပေါ့။ အဲဒီမှာ ကံကောင်းလို့ ကားစပယ်ယာက မဆင်းနဲ့အုံးဆိုပြီး လက်ကို ပြန်ဆွဲပြီး ကားတံခါးကို ပိတ်လိုက်တုန်းပဲ ဟ ဟ လာပြီဆိုပြီး သူဆီက အသံကြားလို့ ကြည့်လိုက်တော့ ဒိုင်နာတစီးက ဘရိတ်ပေါက်ပြီး အတော်ကြောက်ဖို့ကောင်းတဲ့ အရှိန်နဲ့ ကျနော်တို့ နှစ်ယောက်ရပ်နေတဲ့ တံခါးဝတည့်တည့်ကို ဝင်တိုက်တော့တာပဲ။ ကားမှန်တွေကွဲပြီး နှစ်ယောက်စလုံးရဲ့ လက်ပေါ်ကို ကျလာတယ်။ အတိုက်ခံရတာက ကားကြီးလည်းဖြစ် တစောင်းလည်း ဖြစ်နေတာ့ တိုက်တဲ့ဒိုင်နာက အရှိန်မသေပဲ လမ်းဘေးက ဖရဲသီးဆိုင်ထဲကို ထိုးဝင်သွားပြီး တိုက်တာ သုံးယောက်သေသွားတယ်။ စက္ကန့်ပိုင်းလောက် နောက်ကျပြီး ကျုပ်သာ ဆင်းမိရင်တော့ ကားနှစ်စီးကြားမှာ ညှပ်ရိုက်ပြီးသားပဲ။
လမ်းစည်းကမ်းတွေလဲ မလိုက်နာ ကြပါဘူးဗျာ။ ကားကိုလည်း သတ်မှတ်မြန်နှုန်းထက် ပိုမောင်းကြတာပဲ။ အချင်းချင်း ပြိုင်ပြီးတော့လေ။ အင်း ပုတ်သင်ညို သည်တသိုက်နဲ့ ဘယ်သောင် ဘယ်ကမ်း ဆိုက်မှာပါလိမ့်။
ရွှေ ကြည်
October 28, 2012 at 9:56 am
မနက်ခင်းစောစောစီးစီးဒေါသတွေထွက်မိသွားတယ် တယ်လဲစုတ်ပြတ်နေတဲ့ကားပါလား။
ကားစုတ်တွေနဲ့ ဝိတ်တွေများများတင်ပြီးလမ်းထဲမှာတဗျူးတဗြဲဗြဲမောင်းနေကြတယ်။
ကားဆရာကဆိုင်ကယ်စီးသားအဖကိုအမြင်နောက်ကျသွားလို့ထင်ပါရဲ့ အဲလိုပဲဖြစ်ပါစေ။
ဘယ်လောက်ပဲတန်ဖိုးကြီးတဲ့ဖြစ်ပါစေ ကားနဲ့လူ့အသက် ဘယ်လိုမှနှိုင်းယှဉ်လို့မရပါဘူး။
သူကြီးပြောသလိုပဲ ဦးထုပ်လေးတော့ဆောင်းမှဖြစ်ကြတော့မယ်ထင်တယ်။ ဦးထုပ်ဆောင်းရတာစိတ်ရှုပ်စရာကောင်းပေမယ့် ဘေးတော့ကင်းတာပေါ့လေ။ ခုသာခံသာရှိတာပေါ့။
အမှုအခင်းဖြစ်ပြီဆိုရင်တော့နှစ်ဦးနှစ်ဖက်စလုံးအတွက်မကောင်းပါဘူး။
ကားဆရာမှာလည်းမိသားစုရှိနိုင်ပါတယ် သူ့မိသားစုရော သေဆုံးသူမိသားစုရော အပူမီးလောင်မြိုက်နေရှာရော့မယ်။ ကောင်းရာမွန်ရာရောက်နိုင်ပါစေလို့ပဲ။
ကိုပေါက်(မန္တလေး)
October 28, 2012 at 10:12 am
ပေါ့တီးပေါ့ဆ ဖြစ်သလိုနေတတ်( ဆိုင်ကယ်ဦးထုပ်ကို အလုပ်ရှုပ်ခံပြီးမဆောင်းတာမျိုး)
ပေါ့ပေါ့ဆဆ ဖြစ်သလိုလုပ်တတ်(ကားကိုခိုင်းသာနေတယ် ပြင်ရကောင်းမှမသိတဲ့ ပိုင်ရှင်နဲ့ဒရိုင်ဘာ)
ရဲ့ရလာဒ်ကတော့ ဝမ်းနည်းစရာ။
ဘယ်ဟာကပိုတန်ဖိုးရှိလဲဆိုတဲ့မေးခွန်းဖြေရရင်
ဆိုင်ကယ်စီးလာတဲ့လူကလဲ အသက်နဲ့
ရွှေငါးပေါ်က လူကလဲ အသက်နဲ့ အတူတူပါဘဲ။
ဘရိတ်ပေါက်တဲ့ကားကတော့ အဲဒီအချိန်မှာ တန်ဘိုးများသလား(ရွှေငါး) တန်ဘိုးနည်းသလား (ဆိုင်ကယ်)
ရွေးချိန်တောင်ရလိုက်မယ်မထင်ပါဘူး၊
အပိုအကြံပေးချင်တာက တော့စာလုံးပေါင်းသတ်ပုံလေးတွေကို ဂရုစိုက်စေလိုပါတယ်။
သတ်ပုံလွဲရင ်အနက်ကောက်တာလဲ လွဲနိုင်လို့ပါ.
kai
October 28, 2012 at 1:20 pm
တကယ်လို့ ကန်င်ပိန်းလုပ်လိုသူ.. လုပ်နေသူများရှိရင်.. ပရင့်ထုတ်.. အထောက်အကူယူနိုင်ဖို့ပါ..
သာမန်အားဖြင့်.. ဆိုင်ကယ်ဦးထုတ်အမာဆောင်းထားတာက.. အောက်ကရာခိုင်နှုန်းတွေအတိုင်း ခေါင်းထိခိုက်ဒဏ်ရာရမှု လျှော့နိုင်ပါတယ်တဲ့..
Do bicycle safety helmets reduce severity of head injury in real crashes? *
Dorsch et al. Accident Analysis and Prevention Vol 19:3 pp183-90, 1987.
Predicts 90% saving in fatalities through use of hard-shell helmets.
=
A study conducted at five hospitals in Seattle between December 1986 and December 1987 of cyclists admitted to an emergency room. Of 776 cyclists admitted, 269 had head injuries. 235 of these, and 433 of the 507 cyclists who were admitted without head injuries, completed a questionnaire. The study concluded that cycle helmets reduce the risk of head injury by 85% and of brain injury by 88%. [j264]
=
Predicts helmets would reduce concussions by 29%, skull fractures by 82%.
=
http://www.cyclecraft.co.uk/digest/helmet_research.html
Mr. MarGa
October 28, 2012 at 2:51 pm
အဖြစ်ကတော့ ဝမ်းနည်းစရာပါဗျာ
စက္ကန့်ပိုင်းအတွင်းမှာ ဖြစ်ပျက်သွားတာဆိုတော့
ဆုံးရှုံးရသူအတွက်လဲ မယုံချင်စရာ ဖြစ်နေမှာပါပဲ
:buu:
Fall Guy
October 28, 2012 at 6:13 pm
မနေ့ကကြားမိပေမယ့် ရမ်းကားတဲ့ဆိုင်ကယ်သမားတစ်ယောက်ရဲ့မဆန်းတဲ့အဖြစ်လို့ဘဲတွေးမိတာ…။ အခုတွေ့ရတာဝမ်းနည်းစရာပါ…။ အဲဒီနားကတကယ်ဘဲမဆန်းတော့သလိုသိသလောက်တွက်ကြည့်ရင် ၂ လတစ်ယောက် လောက်ဖြစ်နေပါပြီ…။ ညဘက်လမ်းမီးမရှိဘဲမှောင်မဲနေပြီးမောင်းနေကြတဲ့အရှိန်နှုန်းကလဲမနဲလှပါ..။ဆိုင်ကယ်တွေက ဦးထုပ်ဆောင်းဖို့အပြင် နောက်ကြည့်မှန်ကြည့်တဲ့အလေ့အကျင့်လဲလိုအပ်လှပါတယ်…။အဆိုးဆုံးကညဘက်ကိုရှေ့မီးကြီးမပါဘဲမောင်းနေကြတဲ့သူတွေပဲ..။ သတ္တိရှိတာလား..အသိဉာဏ်မဲ့တာလား…အသက်တစ်ချောင်းမကပါတာလားမသိ….။
the best
October 28, 2012 at 7:07 pm
အဆင့်မမီတဲ့ ဆိုင်ကယ်ဦးထုပ်တွေကို အသုံးမပြုဖို ့စီမံချက်လုပ်သင့်ပါတယ်။
ဆိုင်ကယ်တွေလိုင်စင်ဝင်တဲ့အခါ ဦးထုပ်ကိုပါ စစ်ဆေးပြီးမှ ကနဦးမှတ်ပုံတင်ခြင်းနဲ ့
လိုင်စင်သက်တမ်းတိုးပေးခြင်း ၊ စနစ်မျိုး စမ်းသပ်လုပ်သင့်တယ်လို ့ထင်ပါတယ်။
ဦးထုပ်တွေမှာလည်း ဆိုင်ကယ်နံပါတ် ရေးပြီး ဦးထုပ်တွေမှာရှိသင့်တဲ့
အရည်အသွေး အချက်အလက်တွေ အားလုံးပြည့်စုံမှ
ကနဦးမှတ်ပုံတင်ခြင်းနဲ ့သက်တမ်းတိုးခွင့်ပြုခြင်း ဆောင်ရွက်စေတဲ့စနစ်လုပ်လိုက်ရင်
ယာဉ်မတော်တဆဖြစ်ခဲ့တဲ့အခါ အသက်သေဆုံးမှု၊ မလိုလားတဲ့ထိခိုက်မှုတွေ
လျှော့နည်းလေမလားလို ့တွေးမိပါတယ်။
uncle gyi
October 28, 2012 at 10:47 pm
ခက်တာကဆိုင်ကယ်စီးသူကသိန်းချီပေးပြီးဆိုင်ကယ်စီးမယ်
အသက်နဲ့ဆိုင်တဲ့ဦးထုပ်ကျပိုက်ဆံကုန်မှာနှမြောတယ်
ဈေးအပေါဆုံးကိုမဖြစ်လို့ဆောင်တယ်
သက်ဆိုင်ရာကလည်းဦးထုပ်ဆောင်းဖို့သာနှိုးဆော်တာ
ဘယ်လိုသတ်မှတ်ချက်ပြည့်မှဆိုတာမသတ်မှတ်
အန္ဒရယ်ကင်းပါစေဆိုတဲ့ဆန္ဒထက်
ငါတို့အချိန်မရွေးငွေရှာလို့ရအောင်ဆိုတဲ့သဘောဖြစ်နေတာ
ကတော့မကောင်း
မမလေး
October 28, 2012 at 11:56 pm
ရင်ထဲမှာ စို့ကနဲ အောင့်ခနဲပဲ … အရမ်းသနားမိတယ် … ရွှေငါးတိုက်ရင်လျှော်ရမယ့်စရိတ်ကြီးတာနဲ့ … ဪ … ခုတော့ အချုပ်လမ်း တည့်တည့်ပဲပေါ့ … ဘယ်သူ့ဘက်မှမကောင်းဘူး … ကားကိုသာတိုက်လိုက်ရင် … ဘယ်လိုဖြစ်သွားမလဲ ? ? ? အချိန်တွေကို နောက်ပြန်ရစ်လို့သာရခဲ့ရင် ….
jullies cezer
October 29, 2012 at 5:09 pm
ဒီတလောလည်း ကုလားသတင်းနဲ့ကားတိုက်တဲ့သတင်းတွေချည်းပဲ
ကြားရတာလဲတစ်ခုမှသက်သာစရာမရှိဘူး သေတဲ့သူခမျာ အိမ်က
သူ့ကိုမှီခိုနေရတဲ့သူဆိုရင် မိအေးကအခါခါနာအုံးပေါ့ တစ်ခါတစ်ခါကျ
လူတွေဘာဖြစ်လို့ ဒီခေတ်မှာအသေဆိုးတွေများလာကြတာဘာကြောင့်လဲ
စည်းကမ်းမရှိလို့ စနစ်ကြောင့်လား သီလတွေမမြဲကြတော့လို့လား
စဉ်းစားမိတယ်အခါခါပဲ တရားသဘောနဲ့ကြည့်ရင် သီလတွေမရှိကြတော့လို့ပဲ
မြင်တယ်ဗျာ ထစ်ခနဲရှိသတ်ချင်ဖြတ်ချင်တာတွေလည်း တနေ့ထက်နေ့များပြား
လာတာကြည့်ခြင်းအားဖြင့် သိသာနေတယ် ……
ရွှေ ကြည်
October 29, 2012 at 7:10 pm
သီလလည်းမရှိ ကိုယ်ချင်းစာတရားလည်းမရှိကြတော့ အရိုင်းအစိုင်းလောကကြီးဖြစ်မှန်းမသိဖြစ်နေကြပါပြီ။
nature
October 30, 2012 at 11:43 am
ကျနော့်အမြင်တော့ ကားဘရိတ်ပေါက်ရင် ယာဉ်မောင်းသူဟာ ရုတ်တရက် ပူထူပြီးစဉ်းစာဆင်ခြင်ဉာဏ် တဒင်္ဂ ကင်းမဲ့သွားတတ်ပါတယ်။ အဲဒီအခြေအနေမှာ moving point နဲ့ fix point ၂ခုကိုတွေ့ရင် fix point ကိုမဖြစ်မနေရှောင်တတ်တဲ့သဘောရှိတယ်လို့ထင်ပါတယ်။ fix point ကို ဝင်တိုက်မယ်ဆိုရင်တိုက်ဖို့က ၁၀၀% သေချာပါတယ်။ moving point ကို ဝင်တိုက်မယ်ဆိုရင် ရှောင်နိုင်ဖို့ % အနည်းငယ်ရှိတတ်ပါတယ်။ ဘယ်ဟာက ပိုတန်ဖိုးရှိလဲဆိုတာ စဉ်းစားပြီးတော့ ဝင်တိုက်မိတယ်လို့တော့မယူဆပါဘူး။
ယာဉ်မောင်းတဲ့သူတွေဟာ အရှိန်ကို control လုပ်နိုင်တဲ့အနေအထားမှာ မောင်းနှင်ကြမယ်ဆိုရင် ကိုယ်ကမှန်ပြီးတဖက်က မှားရင်လည်းရှောင်နိုင်ဖို့အခွင့်အရေးရှိတတ်ပါတယ်။ ဆိုင်ကယ်စီးတဲ့သူတွေဟာလည်း ဦးထုတ်ကို အန္တရာယ်ကင်းဝေးရေးအတွက် ဆောင်းသင့်ပါတယ်။ မဖြစ်လောက်ဘူးဆိုပြီး ဦးထုတ်ဆောင်းတာဟာ အပိုအလုပ်ဆို ပြီးမဆောင်းချင်တဲ့သူတွေများပါတယ်။