ဗုဒ္ဓလမ်းညွှန် တရားစံ ဓမ္မပေတံ (တရားဂုဏ်ရည် အပိုင်း-၁)
(ဓမ္မဝိဟာရီဆရာတော် ရှင်ဉာဏ 27 – 9 – 1999 တွင် ဟောကြားသည့် ” တရားဂုဏ်ရည် ၆-ပါး” တရားစာအုပ် downloadမှ ကောက်နှုက်ချက်
www.ariyathitsa.org)
အဲဒီတရားက သိပ်ကောင်းတာပဲ မှန်တယ်လို့် ပြောမှာပဲ။ ကဲ..ကောင်းပြီ မှန်တယ်လို့ပြောရင် သိပ်ကောင်းတယ်လို့ပြောရင်
ဘယ်ပေတံနဲ့ တိုင်းပြီးတော့ မှန်တယ်လို့၊ ကောင်းတယ်လို့ပြောတာတုန်းလို့ မေးကြည့်ရင် ကိုယ်နဂိုသိထားတဲ့ဟာလေးနဲ့ ကိုက်လို့မို့လို့ မှန်တယ်လို့ပြောတာ။
သဒ္ဒါတို့၊ ရုစိတို့၊ အာကာရ ပရိဝိတက္ကတို့၊ ဒိဋ္ဌိနိဇ္ဈာနက္ကနိ ္တဆိုတဲ့ သဒ္ဒါတို့ ရုစိတို့ဆိုတာ …။
သဒ္ဒါဆိုတာ ယုံကြည်တာ၊ ရုစိဆိုတာ နှစ်သက်တာ။ ကိုယ်နှစ်သက်တဲ့ဟာနဲ့ တူလို့မို့လို့ ကောင်းတယ်လို့ပြောတာ။
ကဲ ကြည့်စမ်း..ဘာပေတံမှ မပါဘူး။ ကိုယ်ကြိုက်လို့ ကောင်းတယ်လို့ ပြောတာလို့ ဒီလိုမျိုးကလေး ဗမာလိုကလေး ပြောကြပါစို့။
ကိုယ် ကြိုက်တဲ့တရားဆိုရင် ကောင်းတဲ့တရားပဲ။ မှန်တဲ့တရားပဲလို့ ဒီလို မျိုးပြောတယ်။ အဲဒီတော့ ကြိုက်တာနဲ့ မှန်တယ်ဆိုတာလည်း လုပ်ကြရင် ဘယ်တော်မလဲ။
ကိုယ်ယုံကြည်တာနဲ့လည်း မှန်တယ်လို့ ပြောရင်လည်းပဲ ဘယ်ကောင်းမလဲ။
အဲလိုမျိုးလိုပဲ ကိုယ်တဆင့် ကြားရတာနဲ့ပဲ၊ ကြားဖူးတာနဲ့ တူတာနဲ့ပဲ မှန်တယ်လို့ ပြောတဲ့ဟာလည်း တကယ်မကောင်းတဲ့ဟာပဲ။
ဘာဖြစ်လို့လဲဆိုတော့ ဒါတွေက အင်မတန်ကျဉ်းမြောင်းတဲ့၊ အင်မတန်လည်းပဲ စည်းစနစ် မရှိပဲနဲ့ မှန်တယ်လို့ပြောတဲ့
ပြောနည်းကားမျိုးတွေလို့ ပြောကြစို့။
အမှန်တရားမှာ ပေတံရှိတယ်။ အမှန်တရားဆိုတာ ဘယ်လို ဟာဖြစ်တယ်လို့ဆိုတဲ့အကြောင်း ဒါ..စံရှိတယ်။
တကယ် မြတ်စွာဘုရားကလည်းပဲ အဲဒီစံကို မဟောခဲ့တာမဟုတ်ဘူး၊ အဲဒီပေတံကို မပြခဲ့တာမဟုတ်ဘူးလို့ ဒီလိုပြောကြစို့။
ဒီတော့ ကျုပ်တို့ဟာ ဘာ လုပ်ကြမလဲဆိုရင် တရားရှာမယ်။ ဘာဖြစ်လို့လဲ။ ဘာသာတရားက ကိုယ့်အတွက် အလင်းရောင်ကိုး။
အလင်းရောင်ဖြစ်တဲ့အတွက် ပိုပြီး သိပ်အရေးကြီးတယ်။ အရေးကြီးတဲ့အတွက် ဒါဖြင့် ဘာသာတရားကို ချဉ်းကပ်မယ်။
ချဉ်းကပ်တဲ့အခါမှာ တရားရှာမယ်။
တရားရှာတဲ့အခါမှာ ဘယ်ဟာကိုတရားထားမလဲ။
ကိုယ် ကြည်ညိုလေးစားနေတဲ့ ဆရာသမားတွေက ပြောပြတဲ့ဟာကို တရားထားမလား။
ဒါမှမဟုတ် ကိုယ်ကြိုက်တဲ့ ဟာနဲ့ ကိုက်ညီတဲ့ တရားကို တရားလို့ထားမလား။
ဒါမှမဟုတ်လို့ရှိရင် ကိုယ်ယုံကြည်တဲ့ဟာကို တရားလို့ထားမလား။
ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်တွေ့ ရတဲ့အရာကို တရားလို့ ထားမလား..လို့ ဒီလိုမျိုးကလေးတွေ ပြောရမယ်။
တကယ်တော့ ကိုယ်ကြိုက်တာကိုလည်းပဲ တရားပြီလို့ ဒီလိုမလုပ်လိုက်ပါနဲ့။
ကိုယ်ကြားဖူးတာနဲ့ တူတာနဲ့လည်းပဲ တရားလို့ မလုပ်ပါနဲ့လို့ ဒီလိုပြောရမယ်။
ကိုယ်ကြံစည်လို့ မိတဲ့ဟာကလေး လောက်နဲ့လည်းပဲ တရားလို့ မလုပ်လိုက်ပါနဲ့လို့ ပြောရမယ်။
ကိုယ်ကိုယ်တိုင်တွေ့တယ်၊ မြင်တယ်ဆိုရင်တောင်မှလည်းပဲ တရားလို့ မလုပ်လိုက်ပါနဲ့လို့ ပြောရမယ်။
ဒါဖြင့် ကောင်းပြီ.. တရားကို ဘာနဲ့လုပ်မလဲ။ ဒါကနော် …ကျုပ်တို့က ဘယ်ဟာက တရားဖြစ်တယ်၊ညာက တရားဖြစ်တယ် ပြောသေးတာမဟုတ်ဘူး။
ဆိုလိုတာကတော့ တရားနဲ့ စပ်လာလို့ရှိရင် တရားရဲ့အရည်အချင်းဆိုတာ သိရမယ်။ တကယ်တော့ တရားကို ပြန်ပြီးတော့ရှာတဲ့အခါမှာလည်းပဲ တရားရဲ့အရည်အချင်းနဲ့ပဲ ရှာရမှာပဲ။ တရားရဲ့အရည်အချင်းဆိုတာ တရားက ထွက်လာတဲ့ပစ္စည်း။ တရားကထွက်လာတဲ့ ပစ္စည်းဖြစ်ပေမယ့် တရားကိုယ်တိုင် ပျောက်ပြီလို့ဆိုလို့ရှိရင်
တရားပြန်ရှာတဲ့အခါကျတော့ အဲဒီတရားရဲ့ အရည်အချင်းနဲ့ပဲ ပြန်ရှာရမယ်။
ဥပမာပေါ့ဗျာ။ လူတစ်ယောက်ယောက်ရဲ့ အရည်အချင်းရှိ တယ်။ သူ့မှာ အရပ်မြင့်တဲ့ အရည်အချင်းရှိရင်ရှိမယ်၊ အသားဖြူတယ်ဆိုတဲ့ အရည်အချင်းရှိရင်ရှိမယ်၊ အသံကောင်းတယ်ဆိုတဲ့ အရည်အချင်းရှိရင်ရှိမယ်၊ ဒါဟာ အဲဒီလူရဲ့အရည်အချင်းပဲ။ ဒါပေ မယ့် အဲ့ဒီလူတစ်ယောက် ပျောက်သွားလို့ရှာမယ်ဆိုရင်
ဟာ.. ကျွန်တော့်လူကို တွေ့လို့ရှိရင် အကြောင်းကြားပေးကြပါ။ သူ့ရဲ့ အရည်အချင်းတွေကတော့ အရပ်က ဘယ်လို ရှိပါတယ်၊
အသားက ဘယ်လိုရှိပါတယ်နဲ့ အရည်အချင်းတွေကိုပဲ ကျုပ်တို့က ပြောကြရမှာ။ အဲဒီအရည်အချင်းတွေကို ပြလိုက်လို့ရှိရင် ရှာတဲ့သူက
ဒီလို အရည်အချင်းတွေကို ကြည့်ပြီး သကာလရှာတော့မှာပဲ။ ရှာပြီလို့ ဆိုရင်တော့ အဲဒီအရည်အချင်းရှင်ကို တွေ့မှာပေါ့လို့ ဒီလိုမျိုးပြောချင်တယ်။
ဒီတော့ တရားရှာတဲ့အခါမှာ ခုနကပြောသလိုပဲ ကိုယ်ကိုယ်တိုင်ယုံတာနဲ့၊ ကိုယ်ကိုယ်တိုင်ကြားဖူးတာနဲ့၊ ကိုယ်ကိုယ် တိုင်ကြိုက်တာနဲ့
အစရှိသည်ဖြင့် အဲဒီလိုမျိုးကို အမှန်တရားလို့ မလုပ်ပေး ကြပါနဲ့လို့။ တရားရှာဖို့ရန်အတွက် မြတ်စွာဘုရားကလည်း ဟောခဲ့တဲ့၊ အဆင့်ဆင့်လည်းပဲ
ဟောကြားလာခဲ့တဲ့၊ ကိုယ့်မိဘ၊ ဆရာသမားကလည်း ပေးလာခဲ့တဲ့၊ တရားရဲ့ အရည်အချင်းဆိုတာကို ခင်ဗျားတို့ကနေပြီးတော့ တိုင်းထွာပြီးသကာလ
အဲဒီတရားရဲ့ အရည်အချင်းနဲ့ မှီတဲ့တရားဟာ တရား။ အဲဒီတရားရဲ့ အရည်အချင်းနဲ့ မမှီတဲ့တရားဆိုလို့ရှိရင်ဖြင့် တရားမဟုတ်ဘူးလို့ အဲသလိုမျိုးလို
ခင်ဗျားတို့ကထားကြပါလို့ ဒီလို ပြောချင်တယ်။
ဒီတရားရဲ့ အရည်အချင်းကို ခင်ဗျားတို့ပါးစပ်ထဲကို ထည့် ပေးလိုက်ပြီးသားပါ။ ဒီတရားရဲ့ အရည်အချင်းပြ စကားကလေးက ဘုရားရှိခိုးအဖြစ်နဲ့
ဒီကနေ့တော့ တွင်ကျယ်နေပါတယ်။ အဲဒီဘုရား ရှိခိုးဟာ တကယ်ကတော့ တရားရဲ့ အရည်အချင်းပြစကားကလေး တွေပါ။ အဲဒါကဘာလဲဆိုရင်
“သွက္ခာတော ဘဂဝတာ ဓမ္မော၊ သန္ဒိဋ္ဌိကော၊ အကာလိကော၊ ဧဟိပဿိကော၊ ဩပါနေယျိကော၊ ပစ္စတံ ဝေဒိတဗ္ဗော၊ ဝိညူဟိ“ဆိုပြီးတော့၊ ဒါကလေးဟာ တရား ရဲ့ဂုဏ်တော်ဆိုပြီးသကာလ ယောက်ျားရော၊ မိန်းမရောဆိုတာမျိုး သိနေကြတာပါပဲ၊ အားလုံးဆီမှာ ရကြတာပါပဲ။
“ သွက္ခာတော ဘဂဝတာ ဓမ္မော… သန္ဒိဋ္ဌိကော… အကာလိကော… ဧဟိပဿိကော… ဩပါနေယျိကော… ပစ္စတံ ဝေဒိတဗ္ဗော…. ဝိညူဟိ ” ဆိုပြီးတော့
ဒါလေးက အင်မတန်ပဲ တိုတိုက လေးပါ။ အရည်အချင်းဘယ်နှစ်ချက်ရှိသလဲလို့ ဒီဂါထာကလေးက ပြသလဲဆိုတော့ (၆) ချက်ပြတယ်။
” သွက္ခာတော ဘဂဝတာ ဓမ္မော’ ဆိုပြီး တစ်ချက်ပြတယ်။ ဘဂဝတာဓမ္မော မြတ်စွာဘုရား ဟောကြားတဲ့ တရားတွေဟာ “သွက္ခာတော” …သွက္ခာတ အရည်အချင်းနဲ့လည်း ပြည့်စုံတယ်တဲ့..။
“သန္ဒိဋ္ဌိကော” သန္ဒိဋ္ဌိက ’အရည်အချင်းနဲ့လည်း ပြည့်စုံတယ်ပေါ့။ ဒါ မြန်မာလို မပြန်ကြသေးခင်.. ဒါ..အရည်အချင်း သရုပ်လေး ခွဲကြည့်ရရင် ခြောက်ခုရှိတယ်။ သွက္ခာတ၊ သန္ဒိဋ္ဌိ က အရည်အချင်းနှစ်ခု။
နောက်တစ်ခါ “အကာလိကော“၊ အကာလိက အရည်အချင်းနဲ့လည်း ပြည့်စုံတယ်။
“ဧဟိပဿိကော” ဧဟိ ပဿိက အရည်အချင်းနဲ့လည်း ပြည့်စုံတယ်။
‘ဩပါနေယျိကော’ ဩပါနေယျိက အရည်အချင်း နဲ့လည်း ပြည့်စုံတယ်၊
“ပစ္စတံ ဝေဒိ တဗ္ဗော” ပစ္စတံ ဝေဒိတဗ္ဗ ’ အရည်အချင်းနဲ့လည်း ပြည့်စုံတယ်။ ဟောသလိုမျိုးလို ဒါ..ပြောရမယ်။
ဆိုုလိုတာကတော့ဖြင့် မြတ်စွာဘုရား ဟောထားတဲ့ တရား တွေမှာ အရည်အချင်း (၆)ချက်ရှိတယ်။ ဒီအရည်အချင်း (၆)ချက်ကို ဂါထာလေး သီကုံးထားတယ်။ အဲဒီဂါထာကလေး သီကုံးထားတာကို ဆရာသမားတွေကနေပြီးတော့ ဗုဒ္ဓဘာသာဝင်မှန်လို့ရှိရင် ဒါကလေးတော့ ပါးစပ်ထဲထည့်ပေးလိုက်တယ်။
ဒါကလေး ပါးစပ်ထဲ ထည့်ပေးလိုက်တယ်ဆိုတော့ ဒါကလေးကို ရကြတယ်။ ဗုဒ္ဓဘာသာ ဝင်တိုင်းလိုလိုရကြတယ်။
(ဆက်လက် ကောက်နှုက်ဖော်ပြသွားပါမည်။)
7 comments
Ko out of...
September 23, 2012 at 7:22 am
လူတွေအတော်များများဟာ ဘာသာရေးနဲ့ ပတ်သက်လာရင် sleep ဖြစ်ကြတာများတယ်…
ဘဝလမ်းညွှန်အဖြစ် ကိုယ်ကိုးကွယ်မည့်ဘာသာရေးဟာ ပိုပြီးစစ်ဆေးမှု ပြုလုပ်ရမယ်…
တရားဟုတ်မဟုတ်ဆိုတာ တိုင်းတာဖို့ပေတံရှိတယ်…ဒါကိုကျွန်တော်လည်း တချိန်တုံးက မသိခဲ့ဘူး…
ရွှတ်ဆိုဖို့လောက်ဘဲ လုပ်ခဲ့တာ..အခုတော့ဓမ္မဝိဟာရီ ဆရာတော်က မီးမှောင်းထိုးပြလိုက်မှဘဲ
…တရားဂုဏ်တော် ၆ပါးဟာ တရားဟုတ်မဟုတ်စစ်ဆေးဖို့ ပေဘဲတဲ့…အခုခေတ်ကလည်း
တရားပြဆရာ ပေါလှပါဘိ…ဒါကြောင့် ပုဂိ္ဂုလ်တစ်ဦးတစ်ယောက်ကပြောတာထက်….ဘုရားထားခဲ့တဲ့
တရားဂုဏ်ရည် (၆)ချက်ဟာ..ဘယ်သူ့ကိုမှ မထိခိုက်ဘဲ..ကိုယ်ပိုင်ဉာဏ်ဖြင့် ဟုတ်မဟုတ်…တိုင်းလို့
ရအောင်ဘုရားဟောခဲ့ပါတယ်….အခုလည်းတရားဟုတ်မဟုတ် စကားများနေကြမည့်အစား ဆရာတော်ဟော
ကြားတဲ့ တရားဂုဏ်ရည်ကို သေချာနာထောင်ပြီး..ကိုယ်ပိုင်ဉာဏ်ဖြင့် ဆုံးဖြတ်ကြလော?…
ထွန်း ပြောင်
September 23, 2012 at 10:40 am
လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ……………………
မိုးချမ်းမြေ့
September 23, 2012 at 1:23 pm
” တရားနဲ့ စပ်လာလို့ရှိရင် တရားရဲ့အရည်အချင်းဆိုတာ သိရမယ်။ တကယ်တော့ တရားကို ပြန်ပြီးတော့ရှာတဲ့အခါမှာလည်းပဲ တရားရဲ့အရည်အချင်းနဲ့ပဲ ရှာရမှာပဲ ……”ဆိုတာ
သဘောထပ်တူကျမိတာကြောင့် ဆက်လေ့လာသွားနိုင်ရန်
အဲဒီတရားရဲ့ အရည်အချင်းဖြစ်တဲ့ ဓမ္မဂုဏ်ရည်(၆)ပါးကို ဆက်လက် ဖေါ်ပြပေးပါအုံး ခင်ဗျာ။
ဦးဦးပါလေရာ
September 23, 2012 at 5:13 pm
ထေရဝါဗုဒ္ဓဘာသာရဲ့ အယူအရတော့ တရားဂုဏ်တော် အနန္တရှိပါတယ်။
ဓဇဂ္ဂသုတ်ထဲပါတဲ့ တရားဂုဏ်တော်ခြောက်ပါးဆိုတာ တရားဂုဏ်တော်အန္တထဲမှာပါဝင်တဲ့ ဂုဏ်တော်တချို့ပဲဖြစ်ပါတယ်။
တရားဂုဏ်တော်တွေကို ဘယ်လိုသုံးသလဲဆိုတော့
ဘုရားတရားမှန်းသေချာချင်သူတချို့က အဖြေတိုက်တဲ့နေရာမှာ တိုင်းတာစရာပေတံအဖြစ်သုံးပါတယ်။
အဲဒါ ကောင်းပါတယ်။
တချို့ကတော့ သူပြောတာအမှား၊ ငါပြောတာအမှန် သူယူတာအမှား၊ ငါယူတာအမှန် အဖြစ် ပြန်လှန်ငြင်းခုံရာမှာလဲသုံးပါတယ်။
ကျုပ်အပါအဝင် မြန်မာနို်င်ငံထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့
တရားဂုဏ်တော်တွေကို-
ကြည်ညိုစွာရွတ်ဖတ်ပူဇော်တဲ့နေရာမှာ
ကြည်ညိုစွာနှလုံးသွင်း ဆင်ခြင်တဲ့နေရာမှာ အသုံးပြုကြပါတယ်။
ariyathitsa
September 25, 2012 at 5:50 pm
အရိယသစ္စ ဒဿန အသိအမြင်အရ ဓမ္မဝိဟာရီဆရာတော် ဖွင့်ဆို ရှင်းပြတဲ့အတိုင်း တရားဂုဏ်ရည် ၆-ချက်ကို ရွတ်ဖတ်ဖို့ထက် ဗုဒ္ဓတရားဟောအမှန်ကို သိရှိနိုင်ဖို့ရန်သုံးပါသည်။
ရွှေညာသား
September 25, 2012 at 11:04 pm
မအေလိုး အရိယသစ္စာငါလိုးမသား ၊ မအားလို့ ဝင်မရေးတာ
သင်္ဘောပေါ်ထဲ က ရိုက်ချင်နေတာ
မင့်ထက်မိုက်တယ်။
မအေလိုး ခွေးသား အရိယသစ္စာ
လီးပဲ
ခွေးမသားမိုးပြာတွေ
mggwa
September 26, 2012 at 2:45 pm
ဘယ်တရားတွေ အသင်ခံခဲ့ရလို့ ဂလောက်တောင် ယဉ်ကျေးနေရတာလဲ ကိုယ့်လူရ၊