မိုးကောင်းမြို့ သို့….(၂၀/၂၁.၉.၂၀၁၂)
21.9.2012 ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသော
အားဖြင့် ကသာ၊ အင်းတော်၊ မော်လူး၊ မိုးညှင်း မြို့များမှ စေတနာရှင်များ
စုပေါင်း၍ မိုးကောင်းမြို့ရှိ စစ်ဘေးရှောင်လာသူများအား ဆန်၊ ဆီ၊ ဆား ၊
အဝတ်အထည် အစရှိသည့် ပစ္စည်းများကို သွားရောက် ကူညီထောက်ပံခဲ့ကြပါသည်။
သွားရောက်ခဲ့သည့်နေရာများမှာ phoenix centre ( HIV,AIDS)ရောဂါသည်များကို
ကူညီစောင့်ရှောက်မှုအသင်း၊ နတ်ကြီးကုန်းဘုရားရှိခိုးကျောင်း
မဟောင်ဘုရားရှိခိုးကျောင်း၊ ကျွန်းတောဘုရားရှိခိုးကျောင်းများရှိ
စစ်ဘေးရှောင်လာသူများအား ကူညီထောက်ပံ့ပေးခဲ့ကြပါသည်။
20.9.2012ရက်နေ့ညပိုင်းတွင် phoenix centre တွင် HIV လူနာများနှင့်အတူ
ရဟန်းသံဃာတော်များကို ပင့်ဖိတ်ပြီး ငြိမ်းချမ်းရေးတရားကို
နာယူဆုတောင်းခဲ့ကြပါသည်။ အဆိုပါ မိုးကောင်းမြို့ရှိ phoenix centre (HIV/AIDS)ကူညီစောင့်ရှောက်ရေး အဖွဲ့သည်
အကူအညီများစွာ လိုအပ်နေသေးကြောင်း သိရှိရပါသည်။
16 comments
captainamerica
September 22, 2012 at 4:52 pm
မြင်ရတာစိတ်ချမ်းသာလိုက်တာ အနှစ်သာရရှိလိုက်တာ ရန်ကုန်မှာခုတစ်လောဖြစ်နေတဲ့ပေါ်ပင်ပွဲတွေနဲ.
တော့ဆီနဲ.ရေလိုပဲ ဘာမှကိုမဆိုင်ဝူး များများထက်လှူနိုင်ကြပါစေ အလှူရှင်တို.ရေ။
လေတိုက်ပွဲထက်လက်တွေ.ကိုမြင်နိုင်ကြပါစေ။
kotun winlatt
September 22, 2012 at 8:18 pm
ဟုတ်ကဲ့ပါခင်ဗျာ..ကျနော်တို့ မော်လူး ကသာ အင်းတော် မိုးညှင်းက စေတနာရှင်တွေ နောက်တစ်ကြိမ်သွားရောက်လှူဒါန်းကြဦးမှာပါခင်ဗျာ..
ပေးတဲ့ဆုနဲ့ ပြည့်ချင်ပါတယ်…..
မောင်ပေ
September 22, 2012 at 8:27 pm
ကျောင်းဆရာလူပျိုကြီးတစ်ယောက် အလှူလုပ်ဖို ့သွားရင်း အပျိုချောလေးတွေ နဲ ့ညားပါစေဗျား
kotun winlatt
September 22, 2012 at 8:38 pm
တိန်…..
ကိုပေ…လက်ဖွဲ့ဖို့ ငွေတွေ ပေါနေတာလားးးးးးးးး
အပျိုချောတွေနဲ့ ညားဖို့ပဲ ဆုတောင်းးပေးနေတယ်….။
kyeemite
September 24, 2012 at 9:19 am
ကိုယ်ထိလက်ရောက်လှူဒါန်းတာမြင်ရ၍ ကြည်နူးပီတိဖြစ်ရပါတယ်
ကိုထွန်ဝင်းလတ်ခင်ဗျား..ဆက်လက်၍ အောင်မြင်စွာချီတက်နိုင်ပါစေ…
kotun winlatt
September 24, 2012 at 11:04 am
ဟုတ်ကဲ့..ကိုကြီးမိုက်ရေ…
ဒီအလှူကတော့ ကျနော်တို့ တစ်ဖွဲ့ထဲရဲ့ အလှူမဟုတ်ပါ….
ကျနော်တို့ မော်လူး၊ အင်းတော်၊ ကသာ၊ မိုးညှင်းက အဖွဲ့လေးတွေပေါင်းပြီး သွားလှူဖြစ်ကြတာပါခင်ဗျာ…
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေဗျာ….။
ဦး ဂျစ်
September 24, 2012 at 9:55 am
နံနက်ပိုင်းမှာ အလှုူသတင်းလေး ဝင်ဖတ်ရလို့ မင်္ဂလာရှိပါပေ့ …
ရှေ့ဆက် အောင်မြင်ချောမွေ့ပါစေဗျား …။
kotun winlatt
September 24, 2012 at 11:06 am
ဦးဂျစ်ရေ မင်္ဂလာပါခင်ဗျာ…
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေလို့ပဲ ပြောပါရစေနော်…။
Khaing Khaing
September 24, 2012 at 1:17 pm
အလှူရေစက်လက်နဲ့မကွာ နောင်များလည်း သားသားမီးမီး ချစ်ဇနီးနဲ့အတူ ဆက်လက်လှူဒါန်းနိုင်ပါစေလို့ … ဆုတောင်းပေးလျှက် … အပျိုကြီး အန်တီခိုင်ခိုင် …
kotun winlatt
September 24, 2012 at 1:32 pm
အဟိ….
ဟုတ်ကဲ့ပါ..အပျိုဂျီးးးးအံတီခိုင်ရေ….
သားးးသားးးးးမီးးးးမီးးးးးးးချစ်ဇနီးးးးးတွေနဲ့ ပျော်ပျော်ပါးးးပါးးးးကြီးးးလှူချင်တာပေါ့….
ပြည့်ပါရစေ…ပြည့်ပါရစေ….အံတီခိုင်ရေ…..။
surmi
September 24, 2012 at 1:28 pm
အစ်ကိုရေ
သာဓုဗျာ သာဓု သာဓု
အစ်ကိုတို ့လုပ်နေတာလေးတွေမြင်ရတာ တကယ်ကိုကြည် နူးမိပါတယ်
ဒီထက်ပိုပြီး စောင် ့ရှောက်နိုင်ပါစေလို ့လဲ ဆုတောင်းပါတယ်ဗျာ။
kotun winlatt
September 24, 2012 at 1:35 pm
ကိုဆိမာ…ကိုဆာမိရေ…
ပြည့်ပါရစေ…ပေးတဲ့ဆုနဲ့လေ….
အခုတော့…မက်ပြီးးးးမီးးပျက်လို့ အောက်တော့မယ်ခင်ဗျ…
ပျော်ရွှင်ချမ်းမြေ့ပါစေဂျောင်းးးးးးဆုတောင်းးးပါတယ်……
စိန်ဗိုက်ဗိုက်
September 24, 2012 at 1:44 pm
ဟန်ရေးပြမနေပဲ အမှန်ကန်ကို လှုပ်ရှားနေပါလား အူးလေးရ..
လေးစား..အားကျသဗျာ..သာဓုပါ
kotun winlatt
September 24, 2012 at 4:49 pm
အူးးးးဗိုက်ရေ….
လာရောက်အားပေးပြီးးး comment ချီးမြင့်ပေးတာ ကျေးးဇူးးးးပါခင်ဗျာ…။
mamanoyar
September 24, 2012 at 4:50 pm
အလှူအတွက် သာဓုခေါ်ပါတယ်ရှင်
kotun winlatt
September 24, 2012 at 4:54 pm
ကျေးးဇူးးပါ..ခင်ဗျာ….။