ချစ်တယ်ပြောဖို့ မမေ့ပါနဲ့

etoneSeptember 25, 20122min46578

I love you ဆိုတဲ့ စာကြောင်းလေး တကြောင်းနဲ့  အေးခဲနေတဲ့ ဆက်ဆံရေးကို ၊ ပြန်လည် နွေးထွေး လာနိုင်စေတယ်လို့ ပြောလျှင် ၊ လွယ်လွယ်နဲ့တော့ ယုံရခက်မယ်ထင်ပါတယ် ။ စိန်ခေါ်မှုနဲ့ အပြိုင်ဆိုင်များလှတဲ့ နှစ်ဆယ့်တစ်ရာစုမှာ အရွယ်ရောက်ရတဲ့ ကျွန်မတို့တွေ ဘဝအာမခံချက်နဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ၊ နေဝင်နေထွက် ရုန်းကန်ရင်း အလုပ်လုပ်ကြရပါတယ် ။

ဘိုးတော်ဘုရားလေးဘက်သွားတဲ့ ခေတ်ကလို အိမ်ထောင်ဦးစီးတစ်ယောက်ရှာရုံနဲ ့ တစ်ဆွေလုံးတစ်မျိုးလုံး ထိုင်စားလို့ရတဲ့ခေတ်မဟုတ်တော့ ၊ မိသားစုတွင်းမှာတောင် ၊ လူတိုင်းနီးပါး တက်ညီလက်ညီ အလုပ်လုပ်ကြရတယ် ။ အလုပ်မလုပ်နိုင်လို့ အိမ်မှာနေတာတောင် ၊ အိမ်အလုပ်လုပ်ပြီး တာဝန်ကျေရတာမျိုးပါ ။

ကျွန်မတို ့မိသားစုလည်း အများနည်းတူ ၊ ကိုယ့်လှေကိုယ်ထိုး ပဲခူးရောက်ရောက်ဆိုတဲ့ စိတ်မျိုးတွေနဲ့ အသက်မွေးဝမ်းကျောင်းအတွက် ၊ ရွေးချယ်မှူကိုယ်စီလုပ်လို့ အလုပ်ခွင်ဝင် အလုပ်လုပ်ကြရတယ် ။ အလုပ်ချိန်မတူညီတာမျိုး ၊ အလုပ်အတွက် အပြင်ရောက်နေတတ်တာမျိုးတွေကြောင့် ဘယ်သူမှ သတိမထားမိခင်မှာပဲ မိသားစု ဆက်ဆံရေး တစတစ ယိမ်းယိုင်လာခဲ့ပါတယ် ။ တိုင်ပင်စရာကိစ္စမျိုး ၊ သဘောထားတောင်းခံစရာကိစ္စမျိုး ၊ အသိပေးစရာကိစ္စမျိုးရှိလျှင် အနည်းဆုံး နှစ်ရက်၊သုံးရက်လောက် ကြိုညှိမှသာ လူစုံမျက်နှာစုံမြင်ရတဲ့ အနေထားထိ ဖြစ်ခဲ့ပါတယ် ။ ချက်ချင်းပြောစရာရှိလျှင် တအိမ်တည်းနေပြီး ဖုန်းဆက်ပြောကြရတယ် ။ နံရံမှာ စာကပ်ပြီးပြောကြရတယ် ။ မိသားစုဝင်တိုင်း အလုပ်ကိုယ်စီနဲ့ကိုယ့်တာဝန်ကိုယ် ကျေလျှင် ၊ အဆင်ပြေတာပဲလို့ လက်ခံထားကြပေမယ့် ၊ တမိုးအောက်မှာ နေသူတွေ တဖြည်းဖြည်းဝေးကွာသွားကြတာ ၊ မရိပ်မိခဲ့ကြဘူးပဲ

ကိုယ့်အရှိန်နဲ့ကိုယ်၊ စိတ်ဇောအပြည့်နဲ့ ရုန်းကန်နေရချိန် ၊ အတူရှိနေတဲ့ မိသားစုဘဝကို ခဏတာ မေ့သွားတတ်ကြပေမယ့် ၊ ပြသနာတစ်စုံတစ်ခုရှိတာမျိုး ၊ စိတ်အားငယ်ဝမ်းနည်းနေတဲ့ အချိန်မျိုးဆို ၊ ကိုယ်နဲ့ ထပ်တူ ခံစားပေးနိုင်မယ့် မိသားစုကို သိစိတ်ကရော ၊မသိစိတ်ကပါ တောင့်တမိတတ်ကြပါတယ် ။ ဒီရက်ပိုင်း လူတွေရဲ့ ရှေ့တမျိုး ၊ နောက်တမျိုး ၊ ဆယ့်နှစ်မျိုးမချိုမချဉ်မျက်နှာတွေနဲ့  ဟန်ဆောင်ဆက်ဆံမှူတွေကြား အတော်လေး စိတ်ပျက်ခဲ့ရတယ် ။ လူကို လူလိုဆက်ဆံတာကိုပဲ လက်ခံနိုင်ပြီး ၊ မလိုအပ်ပဲ ချဲ ့ကားမြှောက်ပင့်နေတတ်တာတွေ ၊ မြေနိမ့်ရာလှံစိုက်ချင်တဲ့ သိမ်ဖျင်းတဲ့စိတ်တွေကို ရွံ ့မုန်းခဲ့တော့ ၊ စိတ်အခန့်မသင့်တဲ့ အဖြစ်တွေကြုံတိုင်း မသတီသလို ခံစားမှုမျိုးနဲ့ပေါ့ ။ ပြောဆို ဆက်ဆံနေရမှာကိုတောင် စက်ဆုပ်သလို ခံစားမိပြီး ၊ သီးခြားနေလိုစိတ်ဖြစ်ကာ စိတ်လေခဲ့မိပါတယ် ။ ဒီအချိန်တောင့်တမိတာ ၊ ကိုယ့်စိတ်ရင်းတိုင်း တထပ်တည်း မခံစားနိုင်လျှင်တောင် ၊ ကိုယ့်စိတ်ကို နားလည်နိုင်မယ့် စကားပြောဖော်ပါပဲ ။ တခြားလူမဟုတ်ပါဘူး အနီးဆုံးလူ အမေပါ  ။ စိတ်ထဲသိပ်ဘဝင်မကျတာတွေ ၊ အမေ့ကိုပြောပြပြီး ၊ ရင်ဖွင့်ခဲ့ချင်ပေမယ့် နားထောင်ပေးမယ့် အမေ မအားဘူးထင်လို့ မြိုသိပ်ခဲ့ရဖူးတယ် ။ အဲ့ဒီအချိန်ကျမှ အလုပ်ကိုယ်စီလုပ်ရင်း ကိုယ်နဲ့ အတူ တသားတည်းရှိနေမယ့် မိသားစုတွင်းဆက်ဆံရေး မနွေးထွေးတော့ပါလားဆိုတာ အရင်ဆုံး သတိထားလာမိတော့တယ် ။

မနွေးထွေးတော့တဲ့ ဆက်ဆံရေး ၊ နောက်ပိုင်းဆို ဒီထက်ပိုအေးခဲသွားတော့မှာပါ ။ မိသားစုအတွင်းက ပျော်စရာအချိန်တွေလည်း ၊ အလုပ်ကိုယ်စီလုပ်ရင်း ပျောက်ချင်းမလှပျောက်သွားတော့မှာပါ ။ ဒါတွေကို ပထမဆုံး သတိထားခဲ့မိတဲ့ မိသားစုဝင်တွေထဲ အငယ်ဆုံးဖြစ်တဲ့ ကျွန်မက ၊ ဆက်ဆံရေး နွေးထွေးစေဖို့ ပြန်ကြိုးစားမလား ၊ မသိချင်ယောင်ဆောင်ပြီး မဆိုင်သလို နေလိုက်ရမလားဆိုတဲ့ အတွေးတွေကြား ဗျာများခဲ့ပြန်တယ် ။

မိသားစုဆိုတာ ကိုင်းကျွန်းမှီကျွန်းကိုင်းမှီပါ ၊ တကမာ္ဘလုံးနဲ့ တစ်ယောက်ဆိုလျှင်တောင် ကိုယ်ဆိုးဆိုးကောင်းကောင်း ၊ ကိုယ့်နောက်မှာ ထပ်ကြပ်မကွာရှိနေမှာ ကိုယ့်ရဲ့ မိသားစုပါပဲ ။ ဒါကြောင့် မိသားစုတွင်း ဆက်ဆံရေးကို ပြန်လည်နွေးထွေးအောင် လုပ်ဖို့ စတင်ကြိုးစားရပါတော့တယ် ။ မိသားစုအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့စိတ်ရင်းကို ပွင့်ပွင့်လင်းလင်းဖွင့်ပြရင်း ၊ သူတို့ မြင်သာလာလျှင် ရောင်ပြန်ဟပ်မှာပဲ ဆိုတဲ့ ယုံကြည်ချက်တွေနဲ့ ကြိုးစားမိခဲ့တယ် ။

ပထမဆုံးတော့ အမေ့ဆီကို SMS ပို့ပါတယ် ။ ခါတိုင်းလို ရုံးကနေပြန်လျှင် နောက်ကျမယ် ၊ ဘာလေးဝယ်ထားပေးပါ ၊ ဘယ်ပစ္စည်းဘယ်နား ထားတာတယ် စတဲ့ ခိုင်းစေမှု၊ တိုက်တွန်းမှုပါတဲ့ ပုံစံမျိုးမဟုတ်ပဲ ၊ ရိုးရိုးရှင်းရှင်းလေးစာလုံးလေးတွေသုံးပြီး ၊” မေမေ ဒီနေ့မိုးအရမ်းရွာနေတယ် ၊ ကျောင်းမှာသွားရင်းလာရင်း ချော်လဲတတ်တယ် မေမေချော်လဲမယ် သတိထားနော် ။ I love you ” ဆိုတဲ့ စာတိုလေး ပထမဆုံး ပို့ခဲ့ပါတယ် ။ စာလေးက သာမန်ပေမယ့် စိုးရိမ်မှု ၊ ဂရုစိုက်မှုတွေအပြင် ၊ မပြောဖြစ်ခဲ့တာကြာပြီဖြစ်တဲ့ ချစ်ပါတယ်ဆိုတဲ့ စာလေးပါထည့်ရေးပေးတော့ အမေ့ရင်ထဲ တုန်ခါရိုက်ခတ်သွားတယ်ထင်တယ် ၊ သိပ်မကြာဘူး စာတစောင်ပြန်ရောက်လာတယ် ။ ” မေမေစာသင်ခန်းထဲမှာပဲရှိပါတယ် အပြင်မသွားဘူး ၊ သမီးလေးလည်း စက်ရုံထဲသွားလျှင် ချော်လဲမယ် ၊ I love you too” . တဲ့လေ ။ ပထမဆုံး စိတ်ဖွင့်ပြီးနွေးထွေးမှုနည်းနည်းထည့်ရေးလိုက်တဲ့စာ ၊ တန်ပြန်ခံစားရတဲ့ နွေးထွေးမှုကလည်း ကျေနပ်စရာအတိနဲ့ပေါ့ ။ အဲ့ဒီနေ့က မှတ်မှတ်ရရ ၊ ဆုံဖို့ ခက်နေတဲ့သားအမိနှစ်ယောက် ၊ ညဘက်အချိန်မတော် တရေးနိုးအချိန်မှာထပြီး ၊ ပိတ်ရက်ကျလျှင် ဘယ်အကျီ င်္ဆိုင်သွားကြမယ်ဆိုတာမျိုးပြောပြီး စကားကောင်းခဲ့ကြတယ် ။ ပြန်အိပ်လို့မရ ၊ အိပ်ရေးတွေပျက်ခဲ့ကြပေမယ့်  မိသားစုဆက်ဆံရေး အတွက် နွေးထွေးမှုတစ်ခုကို ရတာနဲ့ပဲ ကျေနပ်တဲ့စိတ်ဖြစ်မိတယ် ။ နောက်ရက်တွေမှာလည်း အလျဉ်းသင့်လျှင် သင့်သလို ဂရုတစိုက်စာတွေပို့ခဲ့ပါတယ် ။ အိမ်က အထွက်ရော ၊ အိမ်ပြန်မဝင်ခင်ရော ၊ ရုံးမှာ အလုပ်လုပ်နေချိန်အတွင်းရော SMS တွေပို့ခဲ့တယ် ။  စာပို့တိုင်း မပါမဖြစ်သုံးခဲ့တဲ့စာကြောင်းလေးကတော့ I love you ပါပဲ ။ သတိထားမိရသောက်က အမေ့ဆီက လာတဲ့ စာတိုင်းမှာလည်း  ဒီစာကြောင်းလေးကိုအမြဲ လိုလို သုံးစွဲလာတာတွေ့ရတယ် ။ အခုဆိုလျှင် ကျွန်မတို ့သားအမိကြားက ဆက်ဆံရေးက ၊ မိဘနဲ့သားသမီးဆက်ဆံရေးတင်မကပဲ ၊  တိုင်ပင်ဖော်တိုင်ပင်ဖက် သူငယ်ချင်းလို ဆက်ဆံရေးမျိုးအထိပါ ဖြစ်နေခဲ့ပါပြီ ။ ပြောပြသမျှကို နားထောင်ပြီး ကောင်းဧ။် ဆိုးဧ။် ဝေဖန်ချက်မပေးပဲ ၊သူမ အယူဆကိုပြောပြကာ ၊  လွတ်လပ်စွာ ကိုယ့်သဘောတိုင်းကိုယ်ဆုံးဖြတ်စေခဲ့တဲ့ ဆက်ဆံရေးမျိုးက ၊မိဘနဲ့သားသမီးဆက်ဆံရေးထက် ၊ သူငယ်ချင်း၊မိတ်ဆွေ ဆက်ဆံရေးဆန်ဆန်ဖြစ်နေပေမယ့် ၊ အရင်အခြေနေထက်တော့ နွေးထွေးမှု အပြည့်ရှိခဲ့တယ်လေ ။

မိသားစုတွင်းမှာ အမေနဲ့ ပိစ်ဖြစ်ရုံလောက်နဲ့တော့ ကျွန်မ မကျေနပ်နိုင်သေးပါဘူး ။ တခြားသော အတူနေ မိသားစုဝင်တိုင်းကိုပါ နွေးထွေးစေဖို့ ကြိုးစားရပြန်ပါတယ် ။ အဖေဖြစ်သူကတော့ ၊ အဝေးကိုရောက်နေတာက တကြောင်း ၊ အမှန်တရားတစ်ခုအတွက်  ငြင်းခုန်ရင်း ၊ အကျိုးသင့်အကြောင်းသင့်ပြန်ဖြေရှင်းချက် ထုတ်ပြရာက အဗျင်းခံရတဲ့အပြင် ၊ အာခံတယ် မလေးမစား ၊ ပြန်ပြောတယ်၊ ခြေရာတိုင်းတယ် လို့ စွပ်စွဲဒေါကီးပြီး ၊ သားအဖချင်း စိတ်ကောက်ရာက ပြန်ချော့မရပဲ တင်းနေတာက တကြောင်းမို့ ၊ သူနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ၊ ထင်သလောက်မလွယ်သေးသလို ၊ အခြေနေလည်း မပေးသေးပါဘူး ။  အတူနေ မိသားစုဆိုလို့ အမေရယ် ၊ ကျွန်မရယ် ၊ အစ်ကိုတို့လင်မယားရယ် ၊ တူလေးရယ်ပဲ ရှိတာကြောင့် ချဉ်းကပ်ရလွယ်မယ့် အစ်ကို့ မိန်းမ (ယောက်မ)နဲ့ ဆက်ဆံရေး အဆင်ပြေဖို့ ၊ ကြိတ်အကြံ ထုတ်ရပြန်တယ် ။

တအိမ်လုံးမှာ အစောဆုံး အလုပ်သွားပြီး နောက်အကျဆုံးမှ အလုပ်ပြန်ရတဲ့အတွက် ယောက်မမျက်နှာတောင် မမြင်ရတာ ၊ ဘယ်နှစ်ရက်မှန်း မသိတော့ဘူးလေ ။ ယောက်မနဲ့ အဆင်ပြေဖို့ ဗျူဟာစတင်တဲ့ မနက်ခင်းမှာပဲ ၊ သူမ ရုံးသွားလျှင် ယူနေကြခြင်းတောင်းလေးထဲ ၊ ကိုယ်ကြိုက်လို့ဝယ်ပြီး မသုံးဖြစ်တဲ့ ကလစ်လေးတစ်ခုကို စာတိုလေးတစ်စောင်နဲ့ အတူ ထည့်ထားပေးခဲ့တယ် ။ “မိန်းမတို့ဘုန်း ဆံတုံးတဲ့ အစ်မရေ” (ပြောမယ့်သာပြောတာ… ကိုယ်တိုင်တောင် ဆံပင်ကို ခါးကျော်အထိ မထားခဲ့ဖူးဘူး .. စိတ်ရှုပ်လို့ .. 😛  )  ။ “ဆံပင်ရှည်ကြီးမှာ ဒီကလစ်လေးနဲ့ ဆို အရမ်းလှမယ်ထင်လို့ ဝယ်လာတယ် ။ I love you” . လို့ရေးထားခဲ့တယ် ။ အဲ့ဒီနေ ့က အိမ်ပြန်နောက်ကျခဲ့ပေမယ့် ၊ ယောက်မပြင်ပေးထားတဲ့ ထမင်း ၊ ဟင်းတွေကို အဆင်သင့်စားခဲ့ရတယ် ။ ထမင်း အုပ်ဆောင်းပေါ်မှာလည်း သူ့လက်ရေး ပိစိကွေးလေးနဲ့ ၊” ငါ့ညီမလေးပင်ပန်းလာတယ်ထင်လို့ ၊ ထမင်းဟင်း ပူပူနွေးနွေးချက်ပေးထားတယ် စားပြီးနားတော့ I love you “တဲ့လေ ။ နောက်ပိုင်းနေ့တွေမှာလည်း ၊ အပြင်ကနေပြန်လာတိုင်း သူမအတွက် ၊ ပိတ်စလေးတွေ ၊ cosmetic လေးတွေဝယ်လာပြီး ၊ သူမအခန်းထဲ ထည့်ပေးတာမျိုး ၊ သူမမြင်သာတဲ့နေရာမျိုးမှာ ၊ စာတိုလေးနဲ့ I love you ဆိုတဲ့ စာလေးရေးပြီး ချချထားပေးတဲ့နောက်ပိုင်း ၊ သူမဘက်က နွေးထွေးမှုတွေလည်း ပြန်ရခဲ့ပါတယ် ။ အခုဆိုလျှင် ၊ ကျွန်မ လုပ်ရမယ့် အိမ်အလုပ်တွေကိုပါ ကူလုပ်ပေးပြီး သူမဘက်ကလည်း နွေးထွေးမှုကို ပြနေပါပြီ ။ အရင်ကထက်စာလျှင်တော့ အိမ်မှာ ခြောက်တီးခြောက်ကပ်မဟုတ်တော့ပါဘူး ။ ကျွန်မ စည်းရုံးရေးဆင်းဖို့ တစ်ယောက်နဲ့ တစ်ပိုင်းပဲ ကျန်ပါတော့တယ် ။ တစ်ယောက်ဆိုတာကတော့ အစ်ကိုပါ ၊ တစ်ပိုင်းဆိုတာကတော့  ငါးနှစ်အရွယ်ကလေးဖြစ်တဲ့ တူလေးပါပဲ ။

 

အိမ်မှာ ယောကျာ်းသားဆိုလို့ သူတို့နှစ်ယောက်ပဲ ရှိပေမယ့် သူများနဲ့ မတူအောင် သားအဖ နှစ်ယောက်စလုံး ရစ်ကြောရှည်တတ်ကြပါတယ် ။ စကားကို အထနကောက်တတ်ပြီး ၊ အရမ်းကို ဂျီကျတတ်သူများပါ ။  သူတို့ကို ချဉ်းကပ်ဖို့ ခေါင်းစားရပါတယ် ။ ပစ္စည်းဝယ်ပေးလျှင် ရတဲ့ အနေတဲ့ အနေထားမျိုးမဟုတ်တော့ အဆော့မက်တဲ့ တူလေးကို ၊ ဗိုလ်အောင်ကျော်လမ်းက အာလာဒင် လိုက်ပို့ပေးရတော့တာပေါ့ ။ သူမမွေးခင်က အိမ်မှာ ဗိုလ်ကျနေခဲ့တဲ့ ကျွန်မနဲ့ ၊ မွေးလာပြီး အငယ်ဆုံးဖြစ်လို့ တအိမ်လုံး အချစ်ခံ အလိုလိုက်ခံရလို့ ဗိုလ်ကျနေတဲ့ တူလေးတို့ ကြာကြာပူးနေလို့ မရပါဘူး ။ အသက်ရွယ်နှစ်ဆယ်စုနှစ် တစ်ခုကျော်စာ မက ကွာပေမယ့် ….  ခဏခဏ ရန်ဖြစ်ရပါတယ် ။ မိသားစုနွေးထွေးအောင်သာ ၊ လာခဲ့တာ မျက်ခုံးတော့ လှုပ်မိပါရဲ့ ၊ အာလာဒင်ရောက်တော့ မျောက်ရှုံးအောင်ဆော့တဲ့အပြင် ၊ ကလေးအမေတွေကြားထဲ ၊ တော်ကြာမုန့်စားမယ် ၊ တော်ကြာ အိမ်သာသွားမယ်နဲ့ ၊ ကျွန်မနားထဲက လေထွက်ပြီး မူးနောက်လောက်အောင် ခိုင်းလို့ အားရမှ  ၊ အာလာဒင် ပိတ်ခါနီးမှ ကုန်းပိုးပြီးအိမ်ပြန်မယ်ဖြစ်ပါရော ။ အိမ်က အာလာဒင်နဲ့ လေးငါးလမ်းလောက်ပဲ ခြားတာမို့ ၊မှောင်မှောင် မည်းမည်း ထဲ ကုန်းပိုးခဲ့ပါသေးတယ် ။ ငါးမိနစ်ပြည့်အောင်တောင် ကလေးမချီဖူးတဲ့ အဒေါ်က ၊ မနိုင်မနင်း ကုန်းပိုးထားပါလျှက်  ငြိမ်ငြိမ်လိုက်မလာပဲ၊ လှုပ်ရွပြီး လိုက်လာရင်း ပလက်ဖောင်းတစ်ခုကို လှမ်းအကျော်မှာ ၊ အရှိန်မထိန်းနိုင်ပဲနဲ့ ချော်လဲခဲ့ပါတယ် ။ ကျွန်မက ဒူးပြဲရုံလောက်ပြဲပြီး တူလေးကတော့ လက်ဆစ်ခေါက်သွားရရှာတယ် ။ မိသားစု နွေးထွေးမှုအတွက် ၊ အင်တိုက်အားတိုက် ကြိုးစားနေတုန်း ၊အိမ်ရဲ့ အသည်းကျော်ကလေး ကျွန်မကြောင့် လက်ဆစ်ခေါက်သွားရတယ်ဆိုတော့ ၊ ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်ပြီလို့တွေးရင်း စိတ်မကောင်းပဲ အိမ်ပြန်လာခဲ့ရတယ် ။ အိမ်ရောက်တော့ အထင်နဲ့ အမြင်က တခြားစီဖြစ်ခဲ့ပြန်တယ် ၊ ယောက်မနဲ့ အမေက ကျွန်မကို အပြစ်မတင်တဲ့ အပြင်ဆူတောင် မဆူခဲ့ပါဘူး ။ လက်ဆစ်ခေါက်သွားတဲ့ ကလေးကို ကျောင်းမလွှတ်ပဲ တပတ်လောက်ဆေးစည်းပေးရပါတယ်။ ဒင်းကလေး လက်ဆစ်ခေါက်ဒဏ်ရာကြောင့် အိမ်မှာရှိနေစဉ်အတွင်း၊ သူ့ဝေယျာဝစ္စလုပ်ပေး၊ သူကြိုက်တာလေးတွေ ဝယ်ပေးရင်း ၊ တစ်ခါတစ်လေ ပါးဖောင်းဖောင်းလေးကို ဖျစ်ညှစ်ပြီး “သားကို တီတီလေးက ချစ်လို့ လုပ်ပေးတာ ၊ I love youလို့ တိုးတိုးလေးပြောတော့ ၊ ရှေ့သွားကျိုးလေးပေါ်အောင် ပြန်ပြုံးပြရင်း ၊ “တီတီလေးကိုလည်း သားက I love you “လို့ ပါးစပ်ကလည်းပြော လက်ကလေးလေးထောင်ပြလေရဲ့ ။ ဒူးပြဲ ခံရကျိုးနပ်သွားတာထင်ပါရဲ့ အရင်ကလို တီဗွီ ရမု မလုတော့ပါဘူး ။ ဂိမ်းကစားရင် ဗိုလ်လာမကျတော့သလို ၊ ကုန်းလည်း မပိုးခိုင်းတော့ဘူးလေ ။ အရင်က တကျက်ကျက်ရန်ဖြစ်နေတဲ့ တူလေးက အခုဆို ပိတ်ရက်တွေမှာ ကျွန်မနဲ့ အိပ်ယာထဲလာအိပ်တဲ့ အထိတောင် တည့်နေကြပြီပေါ့ ။

တအိမ်လုံး အဆင်ပြေလို့ ပျော်ကောင်းတုန်း ၊ မျက်မုန်းကျိုးနေသူ တစ်ယောက်ပဲ ကျန်ပါတော့တယ် ။ ဂွတီး ဂွကျ အစ်ကိုဖြစ်သူပါ ။ စကားကို တိုတိုနဲ့ ပြတ်ပြတ်ပြောတတ်ပြီး  ၊ ငယ်ငယ်ကဆို ကြာကြာစကားပြောရင် ငြင်းခုံကြပြီး ခဏခဏ နပမ်းလုံးခဲ့ရဖူးသူပေါ့ ။ လေးနှစ်ကွာပေမယ့်  အစနောက်သန်တဲ့ သူ့ကိုလေးစားစရာကောင်းတယ်လို့ ဘယ်တုန်းကမှ မမြင်ခဲ့သလို ၊ အသက်ကြီးလို့ ရိုသေရကောင်းမှန်း လည်း မသိတတ်ခဲ့ပါဘူး ။ မိန်းမမရခင်ထိ အစနောက်အတော်သန်ခဲ့ပြီး ၊ မကြာခဏဆိုသလို မိဘတွေလစ်လျှင် စရင်းနောက်ရင်းက ထသတ်ကြတဲ့အကြိမ်တွေ ၊ မနည်းပါဘူး ။ နပမ်းလုံးကြရင်း ရေခဲသေတ္တာပိလို့  နှစ်ယောက်စလုံး ဗျင်းခံခဲ့ရတဲ့ အဖြစ်ပျက်လေးကလည်း ၊ တသက်လုံးမှာ အမှတ်တရပေါ့ ။ ကျွန်မအစ်ကိုရဲ့ အားနည်းချက်က ၊ အရမ်းကပ်စီးနည်းတဲ့ အပြင် မိန်းမကြောက်တာပါ ။ သူ့မိန်းမ မျက်နှာငြိငြင်တာနဲ့ ကမာ္ဘပျက်သလို ပြာယာခတ်နေတတ်သူပေါ့ ။ မိန်းမက သဝန်အမြဲတိုနေတတ်ပြီး ၊ စစ်လားဆေးလား တစ်ချိန်လုံးလုပ်တာ ခံနေရသူမျိုးပါ ။ ပိုက်ဆံအိတ်ထဲမှာ ထည့်ပေးတဲ့ ပိုက်ဆံက သူ့မိန်းမကန့်သတ်ပေးသလောက်ပဲ ရှိတတ်ပါတယ် ။ အဲ့ဒါနဲ့ လောက်အောင်သုံးပြီး ကွန်ပလိန်းတက်လေ့မရှိတဲ့ သူ့ကို ဘေးက အမေနဲ့ ညီမဖြစ်သူက ကရုဏာဒေါသတွေထွက်ကြရပေမယ့် သူကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ပါ ။  ဒီလောက်တောင် မိန်းမကြောက်ပြီး ကပ်စီးနည်းတဲ့ အစ်ကိုကို စည်းရုံးဖို့ဆိုလျှင်  ၊ ယောက်မကို လက်တလုံးကြားလှည့်ပေးပြီး ၊ အစ်ကိုဖြစ်သူကို ပိုက်ဆံချေးရတော့မယ်ပေါ့ ။ နောက်ဆုံး ဗျူဟာ စခင်းတဲ့ နေ့မှာပဲ အစ်ကို့ဖုန်းကို မက်စေ့ချ်ပို့ပြီး ၊ စားစရာတစ်ခုမှာလိုက်ပါတယ် ။” ညနေကျလျှင် ဝယ်ထားပေးပါ နှစ်ဆပြန်ပေးမယ်” လို့ မက်လုံးလေးပါ ထည့်ပေးလိုက်တယ် နောက်ဆုံးမှာတော့ သုံးနေကြစာကြောင်းလေး I love youလို့ ရိုက်ထည့်ပေးလိုက်တယ်  ။ ရိုက်သာရိုက်ပေးလိုက်တာ ၊ သူနဲ့က ကြောင်နဲ့ ကြွက်လို ခဏခဏ သတ်နေကြမို့ ၊ စိတ်ထဲတော့ အောင့်သက်သက်နဲ့ပါ ။  သူ ့ဆီကလည်း  “ဝယ်ထားလိုက်မယ် ….  နှစ်ဆနော် … ဒါနဲ့ ငပေါမ ဘာကြောင်တာလဲ” ဆိုပြီး စာပြန်ရခဲ့တယ် ။ အိမ်ပြန်ရောက်တော့ ထင်တဲ့ အတိုင်း သူဝယ်ထားပေးပါတယ် ၊ ပြုံးဖြီးဖြီး မျက်နှာကြီးနဲ့ပေါ့ ။ တန်ဖိုးရဲ့ နှစ်ဆအပြင် ပိုတာလေးပါ နည်းနည်းစောင်းပေးလိုက်တော့ ၊ သူအတော်လေး မနောခွေ့သွားတယ် ထင်ပါရဲ့  ” လိမ္မာလိုက်တဲ့ ငါ့ညီမ I love you ” တဲ့ တခွန်းပြောပြီး ရှက်သလိုလိုမျက်နှာပေးနဲ့ ချာခနဲလှည့်ထွက်သွားတယ် ။ အနားမှာ ကြာကြာရပ်ပြီးနေလျှင် ကျွန်မ စိတ်ပြောင်းပြီး ပြန်တောင်းမှာ စိုးလို့ ထင်ပါရဲ့  😛 ။ နောက်ပိုင်းနေ့တွေမှာလည်း သူ့ကို တစ်ခုမဟုတ် ၊ တစ်ခု အကြောင်းမရှိ အကြောင်းရှာပြီး ဝယ်ခိုင်းခဲ့ပါတယ် ။ ပိုက်ဆံတော့ ကုန်ပေမယ့် လိုချင်တာက အေးခဲနေတဲ့ မိသားစုဝင်တွေကြား နွေးထွေးမှု တစ်ခုရဖို့မို့ ၊ ဒီလောက်လေးကုန်တာလောက်နဲ့တော့ မပြောပလောက်ပါဘူး ။ တဖြည်းဖြည်းနဲ့ အစ်ကိုက ယောက်မပေးသလောက်သာ အိပ်ထဲ ထည့်ရာကနေ ၊ အပေါင်းသင်းတွေနဲ့ သွားစရာလာစရာရှိလျှင် ပိုက်ဆံ ချေးတတ်သလို ၊ ပြန်ဆပ်ရိုးလည်း ထုံးစံမရှိပါဘူး ။ အမေနဲ့ ကျွန်မက သိသိကြီးနဲ့ ဝိုင်းလိမ်ပေးကြပြီး ၊ မိသားစုဝင်တွေကြား ဆက်ဆံရေးတွေ မအေးခဲအောင်ကြိုးစားခဲ့ကြတယ်ပေါ့ ။

အခုဆိုလျှင် ကျွန်မတို ့မိသားစုလေးက အရင်ကလို အေးတိအေးစက်မနိုင်တော့ပဲ လက်ပံပင်ပေါ်က ဆက်ရက်သိုက်လို ကြွက်ကြွက်ညံလို့ပေါ့ ။ ရင်ထဲမှာရှိနေပါလျှက် ထုတ်ပြောဖို  ့ မာနနဲ့အတ္တတွေကြောင့် ဝန်လေးနေမိလျှင် ၊  ဆက်ဆံရေးတွေ ၊ ဝေးကွာသွားရတော့မယ် ့ အဖြစ်ပါ ။ မိသားစုဝင်တွေကြား မပြောဖြစ်ခဲ့တာ ကြာပြီဖြစ်တဲ့ ချစ်ပါတယ်ဆိုတဲ့ စာကြောင်းလေးကြောင့် ၊ အေးခဲလုနီးပါးဖြစ်နေတဲ့ မိသားစု ဆက်ဆံရေး ပြန်လည်နွေးထွေးခဲ့ပြီလို့ညွှန်းရလျှင် ၊ မလွန်လောက်ဘူး ထင်ပါရဲ့နော် ။ မိသားစုဘဝကို တန်ဖိုးထားကြသူတိုင်း ၊ ပျော်စရာမိသားစုလေးတွေ ဖန်တီး ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော် ။

 

78 comments

  • Khaing Khaing

    September 25, 2012 at 3:10 pm

    ချစ်တယ် …….. I Love U ………….

    • Khaing Khaing

      September 25, 2012 at 3:57 pm

      မှန်ပါတယ် … တုံတုံရေ …. အမဆို ဒီတစ်ခေါက်အမျိုးသားပြန်လာတော့ အမသူ့ကို ဂရုမစိုက်အားခဲ့ဘူး … ကိုယ့်အလုပ်နဲ့ကိုယ်လုံးပန်းနေရတော့ သူလည်းအမအပေါ်ကို အေးစက်လာတယ် … မနက်အမရုံးသွားရင်လည်း ထနှုတ်မဆက်ဘူး … ညနေဆိုလည်း အမပြန်လာတာကို မကြိုဆိုဘူး … သူနဲ့သမီးလေးလုပ်ချင်တာလုပ်နေကြတယ် … ဒါနဲ့အမလည်း ကိုယ်ဘက်ကအေးစက်ခဲ့သလို သူ့ဘက်ကအေးစက်နေတာကို သတိပြုမိလာတယ် …ဒါနဲ့ ကိုယ်လည်း ဘယ်လောက်ပဲပင်ပန်းပါစေ .. အိမ်ပြန် မရောက်ခင်မှာ ဖုန်းအရင်ကြိုဆက်ပြီး ပြန်လာရင် ဘယ်သွားညာသွားမယ်နဲ့ပြောပြီး အမျိုးသားနဲ့ သမီးလေးကို ဂရုစိုက်ခဲ့တယ် … အရင်တုန်းက ပျော်ရွှင်ခဲ့တာတွေကို ပြောပြပြီး စိတ်တွေကို ပူနွေးလာအောင် လုပ်နိုင်ခဲ့တယ် … အမျိုးသားသင်္ဘောတက်တော့လည်း gtalk မှာ စကားပြောတိုင်း အဆုံးသတ်ရင် သူက I Love u လို့အမြဲရေးတယ် … ကိုယ့်ဘက်ကသူကို့ အဲဒီစာသားပြန်ရေးရမှာ လက်တွန့်မိတယ် … ကိုယ်ကတော့ me too လို့ပဲပြန်ရေးမိတယ် …. ဖုန်းပြောရင် သူက ချစ်တယ်လို့ပြောပေမယ့် … ကိုယ်ကတော့ အင်း .. အင်း ကျန်းမာရေးဂရုစိုက်နော် …. ဒါပဲပြန်ပြောမိတယ် … ချစ်တယ်ဆိုတဲ့စကားကို လက်နဲ့ရော ပါးစပ်နဲ့ရောပြောဖို့ရေးဖို့ အတော်လေး လက်တွန့်နေမိတယ် …. အခုတုံတုံရဲ့ ပို့စ်လေးဖတ်ပြီး လက်တွေ့အသုံးချကြည့်မှဖြစ်တော့မယ် ……….

      • Shwe Tike Soe

        September 26, 2012 at 12:53 pm

        အိုင်လက်ဖြူ မေ့မေ့ …………… မေ့မေ့ လက်ဖြူ ခရုသင်းဆွဲနေသည်……….ခိခိခိ

        • etone

          September 26, 2012 at 1:01 pm

          ရေဆင်းချိုး …တားတားယေး …. ခရုသင်းဆေးလာရောင်းနေတေးတယ် …. ခွိခွိ :kwi:
          နောက်တခါ …. ပွေးဆေးလာရောင်း .. နာ့ယောက္ခမ အတွက် … :mrgreen:

  • မောင်ပေ

    September 25, 2012 at 3:10 pm

    ဖတ်လို့အရမ်းကောင်းတယ် ညီမတုန်ရေ
    တုန်ကလေး ပြောသလိုလဲ လုပ်ကြည့်မယ်
    စာဖတ်ပြီးမှ တွေးမိတာ..တစ်စိမ်းမိန်းခလေးတွေကို ချစ်တယ် မနားတမ်းပြောခဲ့ဖူးပေမယ့် မိသားစုဝင်အချင်းချင်းကြ မပြောဖြစ်ခဲ့ဘူး
    ရှဲရှဲ တုန်တုန်
    ..ဆာဒန်းနယ်ရော.. လို့ အမေ့ကိုပြောမယ်

  • pooch

    September 25, 2012 at 3:14 pm

    ကောင်းလိုက်တဲ့နည်းလမ်း။
    ဒါပေမဲ့ တုန်တုန်ရေ လောလောဆယ်မှာ အမကိုတော့ အမေက အနား အကပ်မခံပါဘူး ။ စကားလည်း ပြောရင်နားမထောင်ပါဘူး။ ပြစ်ချက်ကငွေစော်နံလို့တဲ့ ။ သူနဲ့ဝေးဝေးမှာ နေပါတဲ့ လေ ။

    အမက ဘာမှ မလုပ်ရပါဘူး ညီမရယ် ကင်မရာတွေ ဈေးကျတဲ့ အကြောင်းရယ် ဟန်းဆက်အသစ်လေးက လှတယ်လို့ပဲ ပြောမိတာပါ။ 🙁

  • ဦး ကျောက်ခဲ

    September 25, 2012 at 3:22 pm

    တူမရေ

    ဦးလေးက အဲဒီ “I love you” ကို ကြောက်တာ
    နှမများက ရယ်သံလွင်လွင် နဲ့ စကားပြောလာရင် တစ်ခုခုတော့ တစ်ခုခုဘဲ ဆိုပြီး…..
    အဲ အမေ့ ကိုလဲ မပြောရဲပေါင်………
    သူသိပ်ချစ်ရင် “ဖုန်း” ဖိုး နဲ့ မွဲရချည့်
    :buu:

    • etone

      September 25, 2012 at 3:44 pm

      အဟီး .. ယောက္ခမဒေါ်ဗိုက်ဖူးခိုင် ကလည်း ချစ်တယ်တဲ့တော် …….. ယောက္ခမသားလေးကိုလည်း …တမီးက ချစ်ပါတယ်တော် .. ခွိခွိ :chit:

      ကိုပေရေ .. ညီမအပါဝင် လူအတော်များများက … ဗို့အားပြင်းတဲ့ 1500 အချစ်ကိုပဲ သတိထားမိပြီး ၊ မိသားစုဝင်တွေကြားမှာရှိတဲ့ 528 ကိုမေ့နေကြတယ် ….. မိသားစုဝင်ကျတော့ စိတ်ထဲမှာရှိလျှင်တောင် ဖွင့်ပြောဖို့ ၊ ရှက်သလိုလို ၊ ပြောမထွက်သလိုလိုနဲ့လေ ရှိန်နေတယ် ……… ဒါကြောင့် စာရိုက်ပြီးပြောခဲ့တာပါ … အဟီး ။ :kwi:

      အစ်မပုချ်ရေ .. အမေကတော့ အိမ်ထောင်ပြုထားတဲ့ သားကိုရော ၊ လူလွတ်ဖြစ်တဲ့ သမီးကိုပါ ၊ ကိုယ်ရှာတာ ကိုယ်သုံးဆိုတဲ့ အမိန့် ချထားပါတယ် ။ မိဘကို ပြန်ပေးစရာမလိုဘူး … မိဘကကျွေးထားတယ် … လိုချင်လား .. ဝယ်လေ … ပိုက်ဆံမရှိဘူးလား .. ချေးမယ် .. ပြန်ပေး … အဲ့ဒီလို စနစ်မျိုး ဟီးဟီး :harr:
      တော်ရုံလည်း အမေ့ဆီက လက်ဖြန့်မတောင်းဖြစ်ဘူး .. ဒါပေမယ့် လိုချင်တာရှိလျှင် ပူဆာတယ် ၊ ပြီးရင် သားအမိချင်းကို အကြွေးမဆပ်ဘူး …. :mrgreen:

      အူးလေးကလည်းအေ …. မကြောက်ပါနဲ့ …. ဟိဟိ ….. ကိုယ့် မောင်နှမတွေပဲ ..ဝယ်ပေးလိုက်ပါ … ။ ခိုင်းတာရှိလည်း လုပ်ပေးလိုက်ပါ … တစိမ်းတွေမှ မဟုတ်ပဲ ..အဟဲ …. အင်ထှာနေရှင်နယ် လေဒီလေးတွေ ဝယ်ခိုင်းတုန်းကတော့ သွားကြီးဖြီးနေမှာ … မြင်ယောင်သေးတယ် :harr: အမေက လွမ်းလို့ ဖုန်းဖိုးကုန်တာပဲ ..ကုန်ပေ့စေအေ … ။ အူးလေးမှာ သူများလို သားထောက်သမီးခံလည်း မချိ… မိန်းမလည်း ချိတာ မဟုတ်ဘူး …… အမေ့အတွက်ကုန်တာ.. အကုန်ခံလိုက်ပါ … ခွိခွိ ။ :hee:

  • Mon Kit

    September 25, 2012 at 3:26 pm

    အိတုန်ရေ… ဖတ်ရင်းနဲ့ အရမ်းကို သဘောကျမိပါတယ်…
    ညီမရဲ့ ရိုးသားပြီး ဆန်းပြားတဲ့ အတွေးအခေါ်လေးတွေ တကယ်ကို သဘောကျမိတာပါ…
    လူတိုင်း လိုက်နာ ကျင့်သုံးသင့်ပါတယ်…
    မ လဲ စတင်ကျင့်သုံးတော့မယ်နော်…. :kwi:

    “I love you”…. “You love me” :hee:

  • Ma Ei

    September 25, 2012 at 3:32 pm

    အန်တီအိလဲ အဲ့လိုနည်းလမ်းလေးတွေ
    သုံးဖို့လိုအပ်နေပါပေါ့လား အိတုန်လေးရေ…
    ဒီအသက်အရွယ်နဲ့ အဲ့လိုပြောဘို့ က ..အင်းးးး
    နဲနဲရှက်ပေမဲ့ စမ်းကြည့်ရပါတော့မယ်…
    ကျေးဇူးကလေးရေ …ကျေးဇူးပါ…I love you……….

  • စိန်ဗိုက်ဗိုက်

    September 25, 2012 at 3:40 pm

    သဂျီးရေ
    အိုင်လက်ဖျူဗျို ့

    ဇဂါးမစပ်..
    ဘီအီဖိုးလေး မ.စ ပါဦး
    :harr:

  • Novy

    September 25, 2012 at 3:54 pm

    မမေ့ပါဘူး တုံတုံရေ..
    “I love you”

  • ahnyartamar

    September 25, 2012 at 3:54 pm

    ဟုတ်တယ် မ e tone ရေ…. ကျတော်တို့ တတွေက ပြောလေ့၊ ပြောထ မရှိတော့ တချို့စကားလုံးတွေကို သုံးဖို့ ဝန်လေးနေကျတယ်၊ ဥပမာ တယောက်နဲ့ တယောက်တွေ့တဲ့အခါ မင်္ဂလာပါလို့ နူတ်ဆက်တာမျိုးပေါ့၊ ကောင်းတာလေးတွေကို အသုံးချတတ်ရင်ဖြင့် ပတ်ဝန်းကျင်တခုလုံး လှပနေမှာအမှန်ပါ။

    • etone

      September 25, 2012 at 4:39 pm

      အစ်မ မွန်းကစ်ရေ … စတင်ကျင့်သုံးတော့မယ်ဆိုတော့ ….. ဝမ်းသာစရာပဲ အဟီး .. ဒါပေသိ … မိသားစု၊ဆွေးမျိုးသားချင်းထဲကလူတွေကို ပြောပါလို့ ညီမရည်ညွှန်းပါတယ်နော် … ။ မက်မန်းသီး အတူကောက်တဲ့ လူဂျီးကိုပြောတာ ဟုတ်ဘူး… ဟီး :chit:

      အန်တီအိရယ် … အသက်အရွယ်က အဓိက မဟုတ်ပါဘူး ။ ပြောမယ့်သာ ပြောတာ အန်တီအိက … လူလတ်ပိုင်းဝင်ရုံလေးရှိသေးတဲ့ အပြင် ၊ အရွယ်လည်းတင်ပြီး ခန့်ခန့်ချောချောကြီးပါ ။ ပြောလို့ရပါသေးတယ် … ဟီး :hee:

      ပေါက်ဖော်ရေ …ပြောရတာနဲ့ တန်အောင် …ဘီအီးဖိုးက မနည်းလွန်းဘူးလား … ဘလက်တို့ .. ဘလူးတို့ ဖိုးလောက်တောင်းရောပေါ့ဟယ် .. :harr:

      မနိုက မမေ့ဘူးတဲ့ တော် … ဟိဟိ … သမီးလေးကို ပြောဖို့ မမေ့တာဖြစ်မယ်နော် … ဟုတ်တယ်ဟုတ် :kwi:

      ကိုအညာတမာ ပြောသလိုပါပဲ … တစ်ချို့စကားတွေက ပြောလို့ကောင်းပြီး သုံးလည်းသုံးသင့်ပေမယ့် မဝံ့မရဲ ဖြစ်နေတာလေးတွေရှိနေကြတယ် ။ ကိုယ်တိုင်က သုံးဖို့ မဝံ့ရဲဖြစ်နေတဲ့အခါ သူများ သုံးလျှင်လည်း …ပြန်မပြောတတ်ပဲ ကြောင်အမ်းအမ်းဖြစ်နေပြန်ရော.. အဟီး ။ မင်္ဂလာပါ ဆိုတဲ့ စကားကိုပဲကြည့် …. အိမ်မှာ မနက်မိုးလင်းလျှင် မောနင်းလို့ပဲ နှုတ်ဆက်တယ် .. မင်္ဂလာပါပြောလျှင် ၊ အသံမထွက်ပဲ မျက်လုံးကြီးပြူးပြီး ပြန်ကြည့်ကြတယ် …. ။ ဟီးဟီး .. တကယ်ဆို ကျောင်းတက်ကတည်းက မင်္ဂလာပါ ဆရာမလို့ လုပ်လာခဲ့ကြတာပဲ .. အထူးဆန်းမှတ်လို့ …. :ha:

  • mayjuly

    September 25, 2012 at 3:56 pm

    I love you.. ဟီးးပြောရမှာ ချက်ချာကြီး…
    ဂျူးမတို့ မိသားစုက I Love အယူလွန်နေတယ်ဆိုတော့ …..
    မိသားစုတွေ လူစုံပြီဆိုရင် စာကလေးသိုက်လိုပဲ ကြွစိကြွစိနဲ့ ဆူနေတာပဲ..
    အဲလိုဆိုရင်ကော ဘယ်နှယ့် ပြောရပါ့မလဲနော် … :hee:

  • Wow

    September 25, 2012 at 4:08 pm

    ပြောကိုမထွက်တာ မေဂျူပြောသလို ချက်ချာဂျီး…
    ဒါကြောင့်လဲ အပျိုဂျီးဖစ်တာထင်တယ်… :harr:
    ကြော်ငြာဝင်ဂျင်း လုံးဝ လုံးဝ၀၀၀၀၀၀၀ဝ မဟုတ်ပါ… :mrgreen:

  • Hnin Hnin

    September 25, 2012 at 4:26 pm

    Family ပုံစံကတော့ ဆင်တယ်…အိမ်ကအစ်ကိုကလည်း မိန်းမငယ်ငယ်ယူထားပြီး
    ‘မိန်းမရိုသေ အသက်ရှည်’ အဲ့အတိုင်း တစ်ပုံစံထဲပဲ (ယောက်မက ၂၆ နှစ်…..
    မအိတုန်လောက်ပဲ ရှိမယ်ထင်တယ်)..ဒါကြောင့် ကွယ်ရာမှာ ‘ဝစီပိတ်’ လို့ခေါ်တယ်..
    (ဝစီပိတ် = မယားချစ် + မယားကြောက်) (အိမ်မှာ အင်တာနက် ဘယ်သူမှမသုံးလို့
    ကြည့်မရတာတွေ ခုမှရင်ဖွင့်ရတာ :mrgreen: ) စကားနည်းတာ၊အေးတာ၊လက်ဖွာ
    တာပဲကွာတာ..တူလေးက ၁ဝလ..ကလေးပူပြီး ပေါင်ပွန်း၊ အသားလောင်မှာစိုးလို့
    diaper မသုံးတော့ သူ့ချေးဒဏ်၊သေးဒဏ်တော့အတော်ခံရတယ်..အိမ်အကူလည်း
    မထားတော့ ကလေးထိန်းရင်း ချေးပါ၊သေးပေါက်ရင် ကြုံတဲ့သူ လုပ်အားပေးပဲ…
    မာမားအစစ်နဲ့မခြားပဲ…တစ်နေ့ ၂နာရီပဲ ထိန်းပေးတယ်..ချီရလွန်းရင်၊လူပေါ်မနား
    တမ်းခုန်နေရင် သူ့ထိန်းရတာ လက်မောင်းလည်းကိုက်တယ်..လေးဘက်ထောက်
    သွားပြီး မနားတမ်းမွှေနေရင် စိန်မျောက်မျောက်နော်..စိန်မျောက်မျောက်..
    ငါမောလာပြီလို့..ပြောရတယ်..

    မိသားစုတစ်စုမှာ ကောင်းတာလေး နဲ့မကောင်းတာလေး မျှခြေညှိပြီး သူ့စည်း၊
    ကိုယ့်စည်းထားပြီး respect ပေးပြီးနေရင်တော့ အားလုံးနဲ့peace ဖြစ်မှာပါ… း-)…
    I love you …လေးတော့ အားကျပေမယ့် ဟမ်းဖုန်းက သုံးခဲတယ်ရှင့်…..

    • Hnin Hnin

      September 25, 2012 at 4:38 pm

      ကျန်သွားလို့…ပြီးတော့ I love you လို့ ပါးစပ်က ပြောရမှာလည်း သူများတွေလိုပဲ
      ရှက်စရာလို့ တွေးမိလို့… း) ….

  • ရွှေ ကြည်

    September 25, 2012 at 4:49 pm

    ကောင်းလိုက်တာအုံတိရယ် အဲလိုလေးလုပ်နိုင်တာတော်လိုက်တာကွယ်။
    အစ်မကတော့ ချစ်တယ်တော့မပြောတတ်ဘူး ဒါပေမယ့် အပြုအမူအပြောအဆိုတွေနဲ့တော့သိအောင်လုပ်တတ်တယ် လမ်းထဲကသူတွေဆိုအစ်မအမေ့ကိုသည်းမှန်းအလိုလိုသိကြတယ်။ အမေကိုယ်တိုင်လည်းသိတယ်။
    ပြောရမှာတွန့်နေသလိုပဲ။ မက်ဆေ့ချ်ဆိုရင်တော့မဆိုးဘူးပဲ..။

  • ကြည်ဆောင်း

    September 25, 2012 at 4:56 pm

    ဖတ်ရတာနဲ့တောင်ရင်ထဲနွေးသွားတာပဲ …
    ဒါပေမဲ့ ချစ်တယ်လို့ပြောရတာ သိပ်စကားမထွက် ဖြစ်ဘူးနော်
    I Love U လို့ပြောရတာတော့ ပိုလွယ်သလိုဘဲ ….
    အိမ်ကတူမကိုတော့သိပ်ချစ်တာဘဲလို့ ခဏခဏပြောဖြစ်တယ် …
    ကလေးကိုပြောတော့ လွယ်လွယ်ထွက်သားဘဲ..
    :chit:

  • လုံမလေး မွန်မွန်

    September 25, 2012 at 4:57 pm

    ချက်ပါဝူး…ချစ်လို့ချစ်တယ်ပြောတာပဲ..ချက်ချာလားလို့..ဟီး… :mrgreen:
    I love you… ဟွန်း..ပြောချင်ပါဘူး… သူများဘာသာစကားကြီးနဲ့..ပြောမယ့်ပြော ပေါ်တင်ပေါ့…အရမ်းချစ်ပါတယ် လို့…

    အမေက လုံမလေးကြိုက်တဲ့ဟင်း ချက်ကျွေးရင်၊ လုံမလေးဆီလာလည်လို့ ဝေယျာဝစ္စလေးတွေ လုပ်ပေးထားရင် အမေ့ကို အမြဲပြောတယ်… သိပ်ချစ်ဖို့ကောင်းတာပဲ လို့…. (အဲ..အဲလိုမျိုးနဲ့ မတူဘူးလား မသိဘူးနော်..)
    သိတော့ဝူး.. ချစ်ရင်ချစ်တယ်ပဲ… :harr:

  • Shwe Ei

    September 25, 2012 at 5:06 pm

    ခြစ်တယ် ခြစ်တယ် ဒယ်ဒီ မာမီ ကိုကို မမ ညီမလေး အန်တီ အန်ကယ် မောင်လေး ဘိုးဘိုး ဘွားဘွား အားလုံးကို ခြစ်တယ်။
    တမီးတို့က မိသားစု ရယောက် မောင်နှမဝမ်းကွဲ ၂၄ယောက် အန်တီ၅ယောက် အူးလေး၃ယောက် တူ တူမ ၁ဝယောက်ကျော်မို့ ချစ်တယ်ပြောဖို့အရေး အိမ်ခေါင်မိုးတက်ပီး ဂေါ်လံနဲ့အော်ရင် အဆင်ပြေမယ် ထင်ပါဒလယ် အန်တီတုန်ချင့် :harr:

    • etone

      September 26, 2012 at 9:57 am

      မကြည်ပြာ …. ရှင်အော်ပြီးရင် …. ရှင့်ဂေါ်လံ ခဏငှားပါလား ။ :harr:
      မျက်နှာမြင် မုန်းချင်ချင်ဖြစ်နေတဲ့ ….. ဆွေတော်ရှစ်သောင်း ၊ မျိုးတော် အပေါင်းကြားအောင်လည်း …. လှမ်းအော်ချင်လို့ပါတော် …. :kwi:

  • Tin Tin

    September 25, 2012 at 5:53 pm

    အိတုန်ရေ … မိသားစုဝင်တွေ အချင်းချင်းနွေးနွေးထွေးထွေးနဲ့ ပျော်ရွှင်ကြည်နူးကြဖို့
    စေတနာအပြည့်နဲ့ ပြောပေးလို့ကျေးဇူးဘဲနော်…

  • may flowers

    September 25, 2012 at 5:56 pm

    ကောင်းလိုက်တဲ့ ပိုစ့်လေး etone ရေ။ ကိုယ့်ဘေးနားမှာ ရှိနေတဲ့သူတွေကိုလည်း ဒီလိုပြောနိုင်အောင်

    ကြိုးစားနေပါ့မယ် I love you လို့။ တကယ့်ကိုမကျိုးရှိစေလို့ တကယ်လိုက်နာလုပ်ဆောင်ပြီး တကယ်

    ကျေးဇူးတင်ပါတယ်လို့…။ ကျေးဇူးပါ I love you .

  • ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု

    September 25, 2012 at 6:47 pm

    ဟမလေးကြည်နူးလိုက်ဒါ
    အိုင်လက်ဖြူဘာ ဒေါက်တာ
    ဂိန်ဂိန်ဂိန်

  • အရီးခင်လတ်

    September 25, 2012 at 6:58 pm

    ချစ်ဖို့ကောင်းလိုက်တဲ့ တုန်ကလေး။
    I LOVE YOU … Tone Tone !!! :hee:

    တဆက်တည်း BoyZone ရဲ့ Words သီချင်း စာသားလေး ကြားမိသေး။
    It’s only words …
    And words are all I have …
    To take your heart away …

    စကားလုံးလေး တော့ စကားလုံး လေးပါဘဲ။
    ရင်သို့ထိမှန်တဲ့ နွေးထွေးတဲ့ စကားလုံးလေးပေါ့။

    ဒေါက်တာမောင်ကြေးအိုး တော့ ကံကောင်း လိုက်လေခြင်း။
    ဒီလို မိန်းကလေးကို မလွတ်စေနဲ့ ဟေ့။ :kwi:

    • AKKO

      September 25, 2012 at 7:06 pm

      :mrgreen: သူ့အိမ်ကလူတွေကိုပဲ သူပြောတာပါ ။ ကျွန်တော့်ကို ဆိုလျှင် တချိန်လုံး စက်သေနတ်ပစ်သလို စကားကြီးစကားကျယ်တွေပဲပြောတယ် ။စွာလည်းစွာသေးတယ် ။ နူးနူးညံ့ညံ့တစ်ခါမှ မရှိလို့ မိန်းမမဆန်ဘူးလို့တောင် တစ်ခါတစ်လေ ထင်မိတယ် ။
      ပြေးပြီ :harr:

      • အရီးခင်လတ်

        September 25, 2012 at 7:19 pm

        အိုး … အိမ်က လူတွေ ကို အစမ်းလေ့ကျင့်နေတာ။
        လာမယ်လေ။
        အဓိက လူကို။
        မင်းကလဲ စာတွေချည်း လှိမ့်ကျက်ပြီး စကားလုံး တွေ ပြောဖို့ မေ့နေဦးမယ်။ :kwi:

        • AKKO

          September 25, 2012 at 7:20 pm

          :harr: :hee: :chite: :kwi:

        • ကထူးဆန်း

          September 25, 2012 at 7:24 pm

          ဒေါက်တာကြီးကို ပြောစေချင်လို့ ဒီပိုစ်တင်တာ နေမှာ အရီးရေ .. အရီးပြောမှ အခုမှ သဘောပေါက်တယ် ..

      • ကထူးဆန်း

        September 25, 2012 at 7:21 pm

        ဒေါက်တာကြီး မပြေးခင် I love you လို့ sms ပို့ခဲ့တယ် မဟုတ်လား .. မှန် မှန်ပြော.. :harr:

        အပျိုကြီး အပျိုလေး အပျိုလတ်များ က I love you ပြောမယ်တို့ ပြောရမှာ ရှက်တယ် တို့ ဆိုနေချိန်မှာ အရီး တစ်ယောက် ကတော့ ဆိတ်ဆိတ်နေပြီး အိတုန် ဘက်သာ ပြန်မျှားဦးလှည့် တာဆိုတော့ … အင်း … အရီး တစ်ယောက် ပြောနေကျ ဆိုတော့ ရှက်ပြီး တော့များ ဝန်မခံတာလား .. :bar:

        • အရီးခင်လတ်

          September 25, 2012 at 7:30 pm

          ကထူးဆန်း

          I Love you ဆိုရာမှာ Version ခွဲထားတယ်။
          ပေါ်တင် run ပြ တဲ့ Version ရှိသလို တိတ်တိတ်လေး မမြင်အောင် run ပြတဲ့ Special Version လဲရှိရဲ့။
          နောက်တော့ အချိန်ကျရင် တုန်ကလေး ကို သင်ခန်းစာ တိတ်တိတ် ပေးမှာပါ့။
          ဒီအချိန်တော့ သူတို့ Open I Love you version ကို run ပြနေပါစေလေ။ 😆

        • ဒဿ ဖွတ်ကျား

          September 25, 2012 at 7:43 pm

          အရီး သများကတော့ အိုင်လပ်ဖြူ အပျော့်ထည်ကို
          ပလက်ဖောင်း အစုံမှာရွမ်းချင်တာ.
          အာ. ဟိ

          :kwi:

        • AKKO

          September 25, 2012 at 7:32 pm

          မှန်ရာကို သစ္စာဆိုပါမည် ဘုရားသခင်ထံ တိုင်တည်ဖူးပါသည် 😆

          နိုးပါ ကိုထူးဆန်းရေ ၊ ဒီရက်ပိုင်း ခဏခဏ ရန်ဖြစ်နေရတာနဲ့ ဖီးလ်ကွေးတယ် ။ :chee:

  • အလင်းဆက်

    September 25, 2012 at 7:50 pm

    မမအိတုံ ရဲ ့ ပိုစ်လေးကို…
    ကျွန်တော်..
    ချစ်တယ် ။
    ထပ်ပြောမယ်နော် ။
    ချစ်တယ် ။
    အိမ်ရောက်ရင်လည်း….အိမ်သားတွေကို.ပြောမယ် ။
    အလုပ်ထဲမှာလည်း..ခင်မင်ရသူတွေ ကို.ပြောပြမယ် ။

    မမတုံရေ..
    ပိုစ့်လေးက အင်မတန်အကျိုး ရှိစေလို ့..
    ကျေးဇူးအများကြိးတင်ပါတယ်ဗျ ။

    ခင်မင်လေးစားစွာ..

    🙂

  • ကိုခင်ခ

    September 25, 2012 at 7:52 pm

    အဖိုးကလည်း အဖွားကို ချစ်တယ်ပြောမှာဘဲ၊
    အဖေကလည်း အမေကို ချစ်တယ်ပြောမှာဘဲ၊
    ကျွန်တော်ကလည်း သူ့ကို ပြောပါတယ်ချစ်တယ်။
    ( သူ့ = မဒမ်ခင်ခ )။
    I love you လို့တော့ ဘယ်သူ့ကိုမှ မသုံးဖူးသေးဘူးဗျ။ ပြီးတော့ တစ်ခါတလေ morning လို့စနုတ်ဆက်ဖြစ်အောင် ပြောကြည့်အုံးမှဘဲ၊ အဲတဖက်လူက morning ဆိုရင်တော့ morning လို့ပြောဖြစ်ပေမယ့် ကိုယ်ကစပြီးနုတ်ဆက်ရမယ်ဆို မြန်မာ ဆန်ဆန် နုတ်ဆက် ဆုတောင်းရတာကိုဘဲ အားသန်တာလား နှစ်သက်နေ လို့လား မသိဘူး ကိုယ်ခင်တဲ့သူတွေကိုလည်း မင်္ဂလာပါလို့တော့စပြီးနုတ်ဆက်နေမိတယ်ဗျာ။
    မိသားစုဟာ အနီးဆုံးသော မိတ်ဆွေတွေမို့ ချစ်ကြတာကောင်းပါတယ်ဗျာ။

  • Nyein Nyein

    September 25, 2012 at 7:57 pm

    မမအိတုန်ပြောသလို ငြိမ်းလည်း စမ်းသပ်ကြည့်ဦးမယ်။ တူမလေးတွေကိုတော့ အမြဲပြောဖြစ်ပေမယ့် မေမေနဲ့ ညီမလေးတွေကိုတော့ အဲလိုမျိုးတစ်ခါမှ မပြောဖူးဘူးလေ။ ကျေးကျေးနော်။ မမအိတုန်လည်း အဆင်ပြေပါစေနော်…………………..:mrgreen:

  • မဟာရာဇာ အံစာတုံး

    September 25, 2012 at 8:12 pm

    ဂျီးဒေါ်ဂလည်း အတိုနဲ့ဖက်ပြီးတောင်
    နပန်းချခဲ့တာဆိုတော့ ခေသူတော့ ဟုတ်လောင်ဘူးနော် ..
    :harr:
    နောက်တာပါ …
    ဒါနဲ့ ဂျီးဒေါ်ပြောနဲ့နည်းကို မိသားစုအတွင်းထဲ မသုံးဘဲ
    အပြင်မှာရော သုံးလို့ ရလားဟင်င်င် .. 🙄
    သုံးရတယ်ဆိုလို့ဂဒေါ့ …
    တွေ့ဒမျှ တောင်မလေးဒိုင်းဂို I Love You လို့ချည်း ပြောပစ်လိုက်တော့မယ်ဂျို့ ..

  • တေလေ

    September 25, 2012 at 8:22 pm

    နာလဲ လေ့ကျင့်ဦးမှ –
    အိုင်လပ်ဖ်ယူ :kwi:

    အိုင်လပ်ဖ်ယူ :chit:

    ဟိဟိ မဆိုးပု ရဲလာပြီ :hee:

    ပြေး :harr:

  • စနေ

    September 25, 2012 at 10:40 pm

    I Love U တုံလေး ……. :harr: စနေလဲ အရင်စမ်းပြောကြည့်တာ …….
    တုံတုံကတော့ အနုနည်းရော၊ အကြမ်းနည်းရော
    အားလုံးရတယ်နော် ……….. :hee:

  • ရဲစည်

    September 26, 2012 at 12:17 am

    ဘယ်တော့မှ ချစ်တယ်ဆိုတဲ့ အကြောင်းကို မမေ့ပါဘူး တုံးအီလေးရ်
    လေအသင့်မှာ လေလွင့်နေတဲ့ ငခူ နှစ်ခမ်းမွှေး ……. ဟေးဟေး……။
    ကျုပ်ပြန်လာဘီ ..ဒါပေမဲ့ ဒန်ယာဒွေ နာကျင်ချင်းတွေနဲ့ … ဟိဟိ…..။

    အန်တီတုံးရေ စာကို ဖတ်… မဖတ်ထက် … ခင်မင်မှုနဲ့ မန့်တွားပါဘီ
    ခင်တဲ့ တားတား စီ

  • kai

    September 26, 2012 at 12:24 am

    “ချစ်တယ် ” ဆိုတဲ့စကားလေးက.. ပိုနုတယ်ထင်မိတယ်..။
    ဒါပေမဲ့.. ၁၅၀ဝ ကိလေသာအချစ်နဲ့ရောသွားတတ်သမို့..
    တိုတိုပဲ.. ၅၂၈ လို့ပြောကြပေါ့…

    ကဲ.. ရွာသူားအားလုံးကို ၅၂၈ :kwi:

    • Hnin Hnin

      September 26, 2012 at 1:26 am

      သတ္တာ နဲ့အသံထွက်ဆင်တဲ့ လူရွှင်တော်ကြီးပြောတာ ကြည့်မိလိုက်တာကတော့
      သူ့မဟေသီနဲ့( ချစ်ချစ်က အသက်အတော်ငယ်တယ်…၁၃နှစ်၊၁၅နှစ်ဆိုလား)သူနဲ့
      က အသက်ကွာတော့ ဦးနဲ့သမီး လို့ပဲ သုံးပါတယ်တဲ့…နေ့တိုင်းလည်း အမြဲ အပြန်
      အလှန်ပြောဖြစ်နေတာလေးတစ်ခု ရှိပါတယ်တဲ့….ကင်မရာရှေ့ Live ပဲ ကြည်ကြည်
      နူးနူးနဲ့ပြောပြပါတယ်…ဦးက…’သမီးကို ချစ်တယ်’ ပြောပြီးတော့ ပြုံးတယ်…
      သမီးက ရှက်ချင်ချင်နဲ့ဖြစ်နေတော့…သမီးလည်း ပြောပါအုံးလို့ထောက်တော့
      သမီးက ‘ဦးကို ချစ်တယ်’ လို့ ရှက်ပြုံးလေးနဲ့ပြောတယ်…အဟဲ.. “:smile:” :chit:
      အဲ့လောက် romantic ဖြစ်တာ မရှိတော့ဘူး ထင်တယ်….မြန်မာလို ပီပီသသပြော
      ရတာ face to face….. အိမ်ထောင်ရှင်များ အားကျနေပြီထင်ပါ့…. :kwi:
      Love♥♥♥♥♥,

      • Hnin Hnin

        September 26, 2012 at 1:48 am

        အမှားပြင်ဆင်ချက်- သေတ္တာ

  • marblecommet

    September 26, 2012 at 1:47 am

    နှလုံးသား အာဟာရ
    ပို့(စ်)လေးမို့ ဘရာဗိုပါဗျို့….
    ………

  • ကြောင်ကြီး

    September 26, 2012 at 8:23 am

    ဟေ့ တရုတ်ကူမြူနစ်ကေဒါ ကြေးမုံဂျီး… မြစ်ဆုံရေကာတာ စီမံကိန်း ဝါဒဖြန့်ချီနေတာ အခုရပ်စမ်း… မြန်မာပြည်က တရုတ်နိုင်ငံရဲ့ ပြည်နယ်တခု မဟုတ်ဘူးကွ… I love you 😳
    အီးဒုံးပေါတဲ့အတိုင်း ရေးလိုက်ပြီ…သူဘယ်လို တုံ့ပြန်မလဲ ကြည့်ရသေးတာပ..။ 😛

  • surmi

    September 26, 2012 at 8:38 am

    အိမ်မှာ ကလေးတွေကိုနွေးထွေးမှုပေးချင်လို ့ ညဘက်ဆိုအပြင်သိပ်မထွက်ဖြစ်ဘူး
    ကိုယ်က သူတို ့နဲ ့တွေ ့ချိန်နဲတော ့ အချိန်ပေးတဲ ့သဘောပါ ။
    ဘာကိစ္စဖြစ်ဖြစ် ပြောရဲဆွေးနွေးတိုင်ပင်ရဲဖို ့လုပ်ပေးထားတယ် ။မိဘဆိုပြီးရှေးခေတ်ကလို
    အထာကြီးနဲ ့ကြောက်မနေအောင် သူငယ်ချင်းလို ညီအစ်ကိုမောင်နှမလို
    ပြီးတော ့မိဘနေရာလဲမလွတ်သွားအောင် ထိန်းညှိရင်းဖန်တီးခဲ ့တာ
    အထိုက်အလျောက်အောင်မြင်တယ်ဆိုရမယ်။
    ကျုပ်အထင် မိသားစုပုံစံဖန်တီးရာမှာ မိဘကဦးဆောင်သင် ့တယ်။
    မိဘကဦးမဆောင်ဖြစ်တော ့လည်း မအိတုန်လို အမျှော်မြင်ရှိရှိနဲ ့ လုပ်ရမှာပေါ ့ဗျာ။
    ဒါနဲ ့ ဇဂါးမစပ်
    ယောက်ကျားတွေက စက်သေနပ်ကြောက်တယ်နော်
    အရမ်းမပစ်နဲ ့ဦး

  • DEPARKO DEPARKO

    September 26, 2012 at 9:18 am

    ညီမလေးရေ ပြောတော့ပြောချင်သား

  • kyeemite

    September 26, 2012 at 10:09 am

    အင်းဒေါ်အီးတုံးပြောမှ စဉ်းစားမိတယ်….
    ကျနော့ဘဝမှာ အဖေ ကိုရော အမေကိုရော
    တစ်ခါမှ “သားအဖေ့ကိုချစ်တယ်” “သားအမေ့ကိုချစ်တယ်”လို့
    တကယ့်ကိုမပြောဖူးဘူးဗျာ….ကျနော်မမှတ်မိတဲ့ အရွယ်ကတော့
    ပြောဖူးလားမသိ…..အဖေနဲ့ အမေကလည်း ကျနော့ကို ချစ်တယ်လို့
    မပြောဖူးဘူးဆိုတာသေချာတယ်…ဒါပေမဲ့ သူတို့ ကျနော့ကို တအားချစ်တာ
    ကျနော်သေချာပေါက်သိတယ်…. :hee:
    အခုလည်းအဖေရော အမေရောရှိကြပါသေးတယ်…
    ကျနော်လည်း သူတို့ကို သိပ်ချစ်ပါတယ်.. :chit:
    ကျနော်တို့ကြားဆက်ဆံရေးလည်း အင်မတန်မှနွေးထွေးကြပါတယ်…
    ဒါပေမဲ့လို့ နှုတ်ကနေ ဒါရိုက်ကြီး ပြောဖို့တော့….
    ဒါတင်မက…ညီကိုမောင်နှမချင်းရော ပြောလေ့မရှိကြဘူး..
    ဆက်ဆံရေးကတော့…အားလုံးနွေးနွေးထွေးထွေးပါ…
    အဲ..ပြောစရာတစ်ခုတော့ရှိပါရဲ့…..ကျနော်နယ်မှာတာဝန်ကျနေတုံးကတော့
    အိမ်ကို တစ်လတစ်ခါလောက်စာရေးလေ့ရှိတယ်…အဲဒီတုံးက ဆက်သွယ်ရေး
    စံနစ်တွေမကောင်းသေးတော့…စါတိုက်ပဲအားကိုးရတာလေ….
    စာရေးပီဆိုရင်တော့…စစချင်း“ချစ်သောအဖေနဲ့အမေခင်ဗျား” လို့အစချီလေ့ရှိပါတယ်
    နောက် အမကြီးကိုလိပ်မူပြီးရေးရရင်လည်း…“ချစ်သောအမကြီးခင်ဗျား” နဲ့ပဲစတာပါပဲ..
    ပြောရရင်တော့ဗျာ…မလိုအပ်သေးလို့ လို့ထင်တာပါပဲ….
    လိုအပ်ရင်တော့ ပြောဖို့ အဲဗားရယ်ဒီပါ….ဝန်ခံစရာကျန်သေးတယ်…
    အဲ..အိမ်က မဒမ်မိုက်ကိုတော့ မကြာခဏပြောမိတယ်ဗျို့…ဟီးးးး :harr:

  • ကြောင်ဝတုတ်

    September 26, 2012 at 10:09 am

    အိတုန်းရေ…
    I love you…
    (နံပါတ်ကတော့ ကြိုက်တဲ့နံပါတ်ကိုယ့်ဟာကိုရွေးဟေ့… 512 လား 1024 လား အဲ… မှားလို့ ၅၂၈ လား ၁၅၀ဝ လားလို့… ဟိဟိ)

    ခင်မင်လျက်-
    အစ်ကိုကြီးကြောင်ဝတုတ်

    • etone

      September 26, 2012 at 10:14 am

      ရှင် ….. :byae:
      နာ့ တို့ ချစ်ကိုကြီးကြောင်ဝတုတ်တို့ ……….. ဟာသ ဉာဏ်ပြေးပုံများ …… ငိုချင်သွားမိပါတယ် …. ။
      ရူးးးးးးးးးးးးး တိုးးးးးးးးးး တိုးးးးးးးး မဖွကြေးနော် ….. ။ ခွိခွိ :hee:

  • ဒဿ ဖွတ်ကျား

    September 26, 2012 at 10:15 am

    ပိုစ့်ကောင်းလေးတစ်ပုဒ် အတွက်
    ဗရာကြော် ပါ ခြစ်တော တုံ

    ပုံ
    ခြစ်တော ဂီ

    (ခွက်ဒစ် တူ ဟို ၂ယောက်)
    ဟီဟိ

    :kwi:

  • ကထူးဆန်း

    September 26, 2012 at 11:26 am

    အိုင်လပ်ယူ နှင့်တွဲလျှက် သိုင်းကျူး လေးပါ မကြာမကြာပြောသင့်ပါကြောင်း ထပ်လောင်း အားဖြည့်ပါရစေ။

    • etone

      September 26, 2012 at 12:42 pm

      Thank you ပါ ဆိုတဲ့ စကားကတော့ … အမြဲလိုလို သုံးဖြစ်ပါတယ် …. ။
      ကျေးဇူးတင်စရာ ကိစ္စတွေမှာ .. သူများ အကူညီချည်း ယူနေရတာဆိုတော့ ..လက်သုံးစကားလိုလိုဖြစ်နေတာပေါ့ … ခွိခွိ ။ :hee:

  • ကထူးဆန်း

    September 26, 2012 at 11:32 am

    မေ့လို့။ ပြောမလို့ သတိရတာ တစ်ခု ။ ရွာသူား တွေထဲ အဲ့ဒီ့ စကားလေး အမြဲတန်းပြောပြီး အားလုံးနဲ့ နွေးထွေးစွာ နေသူ တစ်ဦး ရှိကြောင်းပါ ။
    က ခ ဂ တွေ စီနေတဲ့ ကိုအလင်းဆက် လေ..
    ီကျေးဇူးတင်ပါတယ် အိတုန် နဲ့ ကိုအလင်းဆက်ရေ . I love you too.

  • ပန်းစံပါယ်

    September 26, 2012 at 1:25 pm

    လိုအပ်နေတဲ့အချိန်မှာ အချိန်မီပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်နိုင်တာ တကယ်ချီးကျူးပါတယ် မ etone ရေ…
    မိသားစုတွင်းမှာ နွေးထွေးမှုရှိတာ ဘာနဲ့မှမတူတဲ့စိတ်ချမ်းသာပျော်ရွှင်မှုရပါတယ်။
    ကျမတို့မိသားစုမှာတော့ အဲလိုနှုတ်ကနေ ချစ်တယ်လို့တော့ တစ်ယောက်မျှမပြောဖြစ်ကြပေမယ့် မိသားစုကြား ဆက်ဆံရေးကတော့ အလွန်နွေးထွေးမှု ရှိကြပါတယ်။ သူစိမ်းမရှိသေးတာကြောင့်လားတော့ မသိဘူးပေါ့။
    ဘာပဲဖြစ်ဖြစ် လိုအပ်ခဲ့သည်ရှိသော် လုပ်ဆောင်ဖို့နည်းလမ်းကောင်းလေး ရတဲ့အတွက် ကျေးဇူးပါနော်။

  • ကိုရင်စည်သူ

    September 26, 2012 at 3:11 pm

    စာရေးသူ ဒေါက်တာဆရာမကြီး အီတုံးနှင့်တကွ ရွာသူားများအားလုံးကို အိုင်လက်ဖြူပါဗျာ.. 😉
    ကိုရင် ၅တန်းကျောင်းသားဘဝက သိပ်ချစ်ခဲ့တဲ့ ကောင်မလေးကို
    i love u ပါတဲ့ ပို့စကတ်လေး သွားပေးမိဒါ
    ဆရာမနဲ့ သွားတိုင်ပြီး ပို့စကတ်မှာ အိုက်လက်ဖြူ ရေးထားတဲ့
    ကိုရင့်လက်ရေးသက်သေဖြစ်သွားလို့ အတန်းချိန်တစ်ချိန်
    မတ်တပ်ရပ်ပီး ဒဏ်ခတ်ခံရဒယ်.. 😳
    အားလုံးကို စာရမ်းငယ်ရော်ပါနော်….

Leave a Reply