ဘုရင်အလောင်းမင်းတရားမှ ဘုရင်ဂျော့-၂ ထံပေးပို့သော ရာဇသံရွှေပေ (အပိုင်း ၂)
အရှေ့အိန္ဒိယကုမ္ပဏီ နှင့် မြန်မာပြည်
အိနိ္ဒယပြည်တွင် ပြင်သစ်နှင့်အင်္ဂလိပ်ကုန်သည်များသည် အိနိ္ဒယထီးနန်းဆက်ခံရေးကိစ္စထဲ ကြားဝင်စွက်ဖက် ခြင်းဖြင့် ရေရှည်အကျိုးအမြတ်ထွက်ကြောင်း တွေ့ခဲ့ပြီးဖြစ်ရာ ၎င်းတို့သည် မြန်မာပြည်တွင်လည်း ပဲခူးဘုရင်နှင့် ရွှေဘိုမှရှင်ဘုရင်အသစ်- ဘုရင်တစ်ပါးပါးဘက်သို့ ရိုင်းပင်းရန်အသင့်ဖြစ်နေကြသည်။ အိန္ဒိယနှင့်မြန်မာပြည် နှစ်နိုင်ငံစလုံးတွင် ၎င်းတို့ထိုသို့လုပ်ခဲ့ခြင်းမှာ ပို့ကုန်သီးသန့်ဝေစုကို အာသာငမ်းငမ်းလိုချင်သောကြောင့်ဖြစ်သည်။
မဂို ဆိုသောကုန်းမြေပြင်ကို ပိုင်စိုးသူများပင် မိမိတို့၏ကမ်းခြေတစ်လျှောက် ကိုယ့်မင်းကိုယ့်ချင်း ကြီးစိုးနေသော တိုင်းတစ်ပါးသား အဖွဲ့အစည်းများကို ရာစုနှစ်ခုကြာအောင် သီးခံနေခဲ့ရသည်။ အိန္ဒိယပြည်မှ ဗြိတိသျှခံတပ် တံတိုင်းများသည် ကိုယ့်မင်းကိုယ့်ချင်းကုန်သည်များ အဖွဲ့အစည်းများကို လက်ခံထားသည်။ ကုန်သည်များသည် ၎င်းတို့၏အခွင့်အရေးအတွက် စာမျက်နှာပေါ် ရေးသားထားသော သဘောတူညီချက်ကို ရယူထားသည်။ ထို့ပြင် ၎င်းတို့၏ကုန်သွယ်ရေးသည် နှစ်ဦးနှစ်ဖက်သာတူညီမျှ အကျိုးကျေးဇူးဖြစ်ထွန်းစေသည်ဟု အထင်ရောက်နေကြသည်။
ပြင်သစ်နှင့်ဗြိတိသျှကုမ္ပဏီများသည် မြန်မာ့မြေပြင်ပေါ်တွင် ၎င်းတို့အရေးကိစ္စပြီးစီးရန် အိနိ္ဒယတွင်ကြုံခဲ့ရ သည့်အခြေအနေများအတိုင်း တူညီသောအခြေအနေများကို မျှော်လင့်ထားခဲ့ပုံရသည်။
၁၇၅၁ ခု ၊နှစ်ကုန်တွင် လန်ဒန်မှအရှေ့အိန္ဒိယကုမ္ပဏီဒါရိုက်တာများသည် အောက်မြန်မာပြည်၏အနောက် တောင်ဘက်စွန်းထိပ်ဖြစ်သော မော်တင်စွန်းအနီးမှ ကျွန်းတစ်ကျွန်းပေါ်တွင် အခြေစိုက်ရန်ဆုံးဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် မဒရတ်စ်နေ ဒေးဗစ်ဟန့်တားအား စီမံကိန်းအသစ်၏ခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ကြသည်။ ဒေးဗစ်ဟန့်တားသည် စိန့်ဟယ်လီနာ၏ ယခင်ဒုတိယဘုရင်ခံဖြစ်၏။
၁၇၅၂ ခု၊ဇွန်လတွင် ကပ္ပတိန်သောမတ်စ်တေလာသည် ဟိုင်းကြီးကျွန်းသို့ ပဏာမမစ်ရှင်သဘောမျိုး သွားရောက်ခဲ့သည်။ ဟိုင်းကြီးကျွန်းကိုရောက်ပြီးမကြာမီမှာပင် ဗြိတိသျှတို့သိမ်းပိုက်ရန် ရည်ရွယ်ထားသောဤမြေ သည် ပဲခူးဘုရင်၏ပိုင်နက်ဖြစ်ကြောင်း တိုင်းရင်းသားများပြော၍ တေလာသိရသည်။ ဤဖြစ်ရပ်သည် မြန်မာ့မြေပေါ်ကိုလိုနီပြုရန် ညံ့ဖျင်းသောကနဦးစွန့်စားမှုဖြစ်ခဲ့သည်။
အခြေချမှုသည် ထီးတည်းမရပ်တည်မရှင်သန်နိုင်။ အဓိကပြဿနာမှာ ရိက္ခာပို့ဆောင်ရေးဖြစ်၏။ စားရေရိက္ခာနှင့် ဆောက်လုပ်ရေးပစ္စည်းများကို ဝေးလံသောဒေသမှ ကုန်ကျစရိတ်ကြီးစွာ သယ်ယူခဲ့ရသည်မှာ နှစ်ပေါင်းမနည်းခဲ့။ မဒရတ်စ်မှဖြစ်စေ၊ ဘင်္ဂလားမှဖြစ်စေ၊ အခွင့်သင့်လျှင် မြန်မာပြည်ကုန်းတွင်းပိုင်းမှဖြစ်စေ သယ်ကြရသည်။ ဗြိတိသျှတို့ မိမိတို့ဖာသာအခြေစိုက်ခဲ့သော မြေနှင့်ပတ်သက်၍ အခြေချတည်ဆောက်မှုထဲ တာဝန်ယူရသူ ဟင်နရီဘရွတ်ခ် ရေးသားမှတ်တမ်းတင်ထားပုံမှာ- ”တောအတိပြီး၍ လူသူနေထိုင်မှုလုံးဝနီးပါးမရှိ။ နွေအခါ ရေကောင်းရေသန့်ရှားပါးလှသည်” ဟူ၏။
အင်္ဂလိပ်ကုန်သည်များအား ၎င်းတို့၏ဆုံးဖြတ်ချက်သည် စီးပွားရေးအဓိပ္ပါယ်မရှိကြောင်း၊ ဟိုင်းကြီးကျွန်းသည် ကုန်သွယ်ရေးစတင်ရန်နေရာ မဟုတ်ကြောင်းပြောခဲ့သည်။ အကယ်၍သာ ဗြိတိသျှတို့သည် ၎င်းတို့၏ ကူး သန်းရောင်းဝယ်ရေးကို တိုင်းပြည်၏ အဓိကဆိပ်ကမ်းမြို့ဖြစ်သော သံလျင် တွင် ဖွံ့ဖြိုးအောင်မလုပ်လိုပါက ကုန်းတွင်း ပိုကျသော ပုသိမ် တွင်အခြေချရန် တောင်းဆိုသင့်သည်ဟု ရေးသားထားသည်။ ဘရွတ်ခ်၏ သုံးသပ်ချက်ကို အခြေချ စီမံကိန်းခေါင်းဆောင်များကိုယ်တိုင် အချိန်တိုအတွင်းလက်ခံခဲ့ကြသည်။
၎င်းတို့၏အစီရင်ခံစာများထဲတွင် ပုသိမ်ကိုသာ အဖန်တလဲလဲညွှန်းထားကြသည်။ ‘ဟိုင်းကြီးကျွန်းတွင် ကြုံရသော အဆင်မပြေမှုများ’ လုံးဝမရှိသည့်အရပ်ဖြစ်ကြောင်းကို ”လေကောင်းလေသန့်နှင့်ဆန်စပါး အထွက်ကောင်းသည်။ မြစ်သည်ဘေးကင်း၍ အကြီးမားဆုံးသင်္ဘောများပင် ရေကြောင်းသွားလာနိုင်သည်။ ဝင်ရောက်နေထိုင်သူ အမြောက်အများကို လက်ခံထားနိုင်သည်” ဟူ၍ ပုသိမ်ကိုညွှန်းထားသည်။ ၁၇၅၃ ခု၊ဧပြီလတွင် ဟိုင်းကြီးကျွန်းသို့ ဟန့်တားရောက်ပြီး မကြာမီမှာပင် ပုသိမ်ကိုအဓိကအခြေစိုက်ရမည့် နေရာအဖြစ်လိုအပ်ကြောင်းကို ဤသို့ထောက်ပြ ခဲ့သည်။ ဟိုင်းကြီးကျွန်းကိုမူ ”အလွန်အမင်းကျန်းမာရေးနှင့် မညီညွတ်သောနေရာ” ဟုဖော်ပြခဲ့သည်။
ဒေးဗစ်ဟန့်တားကိုယ်တိုင် နာလံထူရန် ကိုရိုမန်ဒယ်ကမ်းခြေသို့ စောနိုင်သမျှအစောဆုံး စက်တင်ဘာလတွင် ပြန်ချင်ခဲ့သည်။ ပြန်ခွင့်မရသောကြောင့် တာဝန်ထမ်းဆောင်သည့်ကာလ ရှစ်လတာအကြာ၊ ဒီဇင်ဘာလတွင် ဟန့်တား ကွယ်လွန်သည်။ ဟန့်တားနေရာကိုဝင်ရန် လက်ထောက်လုပ်ခဲ့သော ဟင်နရီဘရွတ်ခ်ကို ခန့်ရသည်။ ဟိုင်းကြီးကျွန်းမှပြဿနာများကို ထည့်သွင်းစဉ်းစားပြီး ပုသိမ် သို့အာရုံရွှေ့ခဲ့ကြသည်။ ”အခြေချနေထိုင်ခြင်းအတွက် လွန်စွာသင့်လျော်သော တစ်ခုတည်းသောရွေးချယ်စရာ ပုသိမ်” ကိုရနိုင်သည်ဟု မျှော်လင့်ခဲ့ကြသည်။
ပဲခူးဘုရင်သည် အရှေ့အိန္ဒိယကုမ္ပဏီ တစိုက်မတ်မတ်တောင်းဆိုနေသည့် ကျယ်ပြန့်သောကုန်သွယ်လွတ်လပ်ခွင့်ကို ပေးသနားလိုခြင်းမရှိပေ။ ဒေးဗစ်ဟန့်တား၏ ရုတ်တရက်သေဆုံးမှုကြောင့် ဗြိတိသျှတို့၏စေ့စပ်ဆွေးနွေးခြင်း ရပ်မသွားရုံတမယ်ဖြစ်ပြီးနောက် တိုင်းတစ်ပါးသားတို့နှင့် စေ့စပ်ညှိနှိုင်းမှုကိုဆောင်ရွက်ရသူ ပဲခူးဘုရင်၏ညီ ‘ဥပရာဇာ’ ကအင်္ဂလိပ်ဝန် ဘုရင်ခံဆောင်ဒါအားပြောခဲ့ပုံမှာ –
”ရှင်ဘုရင်၏နိုင်ငံတော်အတွင်း မိမိတို့သဘောရှိသလို ဝင်ထွက်သွားလာ ရောင်းဝယ်ဖောက်ကားခြင်းနှင့် အလိုရှိရာကုန်ပစ္စည်းများ သင်္ဘောပေါ်တင်ယူဆောင်သွားခွင့်ဟူသည် ရှေးမင်းများလက်ထက်မှစပြီး ယနေ့တိုင်အောင် ထုံးစံမရှိခဲ့သလို ကြားပင်မကြားဖူးခဲ့။ ရှေးမင်းများလက်ထက်ကတည်းက ထုံးစံမဟုတ်ခဲ့သော ဤကိစ္စကို ဘုရင် မင်းမြတ်အား ကျွန်ုပ်လျှောက်တင်ခြင်းမပြုနိုင်ကြောင်း အကြောင်းကြားလိုက်ရပေသည်”
ပုသိမ်တွင်အခြေစိုက်ခြင်းကိုမူ ”အင်္ဂလိပ်တို့၏အုပ်ချုပ်မှုအောက်မှနေရာ” ဖြစ်လာလိမ့်မည်ဟု ဗြိတိသျှတို့ မျှော်လင့်လျက်ရှိသည်။ သို့သော် ပဲခူးဘုရင်နှင့် ဥပရာဇာတို့သည် ပုသိမ်ကိုပေးသနားရန် ပြတ်ပြတ်သားသား ငြင်းဆိုခဲ့သည်။ ပြင်သစ်တို့သည် မွန်တို့ဘက်မှ အားတက်သရောထောက်ခံကြသူများဖြစ်သောကြောင့် အရှေ့အိန္ဒိယကုမ္ပဏီသည် ဘုရင်ဗညားဒလနှင့် ဆက်ဆံရင်းနှီးမြှုပ်နှံဖို့အရေးမှသည် မြန်မာတို့နှင့်မိတ်ဆွေဖွဲ့ရန် တဖြည်းဖြည်းဖြစ်တည်လာခဲ့သည်။
၁၇၅၅ ခု၊မတ်လတွင် အလောင်းမင်းတရားသည် ဟိုင်းကြီးကျွန်းမှဗြိတိသျှတို့နှင့် ဆက်သွယ်ရန် ပဏာမ ခြေလှမ်းကို စတင်လိုက်သောအခါ ဟိုင်းကြီးကျွန်းဦးစီးမှူးဘရွတ်ခ်သည် ပဲခူးဘုရင်ကပေးသနားရန် အင်တင်တင် ဖြစ်နေသော အရာကို မြန်မာဘုရင်ထံမှရနိုင်သည့် အခွင့်အရေးအား ချက်ချင်းမြင်ခဲ့သည်။ အောက်မြန်မာပြည်တွင် အရှေ့အိန္ဒိယကုမ္ပဏီအခြေစိုက်မှုအပေါ် ပုံမှန်သဘောတူညီမှုနှင့် နယ်မြေဆိုင်ရာ၊ ကုန်သွယ်ဆိုင်ရာ အခွင့်အရေးများ ကိုဆိုလိုသည်။
ဗြိတိသျှတို့သည် ဟိုင်းကြီးကျွန်းတွင်ရှိနေဆဲ အခြေချနေထိုင်မှုကို စာချုပ်တစ်စောင်ဖြင့် တရားဝင်ဖြစ်လိုကြသည်။ ထို့ပြင် ပုသိမ်တွင် ၎င်းတို့အတွက် နေထိုင်စရာမြေတစ်ကွက်ကို မျှော်လင့်ထားကြသည်။ ၁၇၅၅ ခု၊ အောက်တိုဘာတွင် အလောင်းမင်းတရား၏ ဩဇာအာဏာသည် အောက်မြန်မာပြည် အနောက်တောင်ဘက်တစ်လွှား၌ အခိုင်အမာ တည်မြဲသောအခါ မဒရတ်စ်ဘုတ်အဖွဲ့အား ဘရွတ်ခ်က ‘ကြားနေအဖြစ်ရှေ့ဆက်သွားရန် ခက်ခဲသွားပြီ‘ ဖြစ်ကြောင်းပြောခဲ့သည်။
အခြားတစ်ဖက်တွင်မူ စီးပွားရေးနှင့်တိုုင်းပြည်အရေးတို့အတွက် တိုင်းတစ်ပါးသားကုန်သည်များနှင့် ကောင်း မွန်သောဆက်ဆံရေးရှိဖို့ အရေးကြီးကြောင်းကို အလောင်းမင်းတရားနှင့်ဗညားဒလ ဘုရင်နှစ်ပါးစလုံး သတိရှိခဲ့ ကြသည်။ ထို့ကြောင့်ပင်လျှင် မွန်ဘုရင်နှင့်မြန်မာဘုရင်တို့သည် တိုင်းတစ်ပါးသားကုန်သည်တို့အပေါ် ၎င်းတို့ဘက်မှ မည်မျှကောင်းကောင်းဆက်ဆံသည်ကို အသားပေးဖော်ပြခဲ့ကြသည်။ တစ်ပြိုင်တည်းမှာပင် တိုင်းတစ်ပါးသားကုန်သည် များအား အခွင့်သင့်တိုင်း ပြောင်ပြောင်တင်းတင်း ဖိအားပေးခဲ့ကြသည်။ ထိုသို့ရှိနေသည့်တိုင် ကုန်သည်များ ဘက်မှလည်း ကျေးဇူးတရားမသိတတ်သူများ မဖြစ်ရလေအောင်၊ သာကူးများမဖြစ်ရလေအောင်အထိ သတိအနေအထား သံတမန်များအဖြစ် ပြုမူခဲ့ကြသည်။
အလောင်းမင်းတရားသည် ၁၇၅၅ ခု၊ဧပြီလ ၁၆ရက်မှ ဇွန်လ ၂ရရက်ထိ ရန်ကုန်မြို့တွင် စံနေတော်မူစဉ် အုပ်ချုပ်ရေးပိုင်းနှင့် ဆင်နွှဲတော့မည့်စစ်ပွဲကို အာရုံထား၍စီမံတော်မူသည်။ ထိုကာလအတောအတွင်း အင်္ဂလိပ်နှင့် ပြင်သစ်ကုန်သည်များသည် မင်းတရားကြီးရှေ့တော်မှောက် အဖူးမြော်ရောက်ခဲ့ကြသည်။ မွန်-မြန်မာ တိုက်ပွဲ ကာလတွင် ဗြိတိသျှသင်္ဘောများ မွန်တို့ဘက်မှဝင်တိုက်ရန် အတင်းအကျပ်ဖိအားပေးခံရခြင်း၊ ဘက်ပြောင်းခြင်း နှင့် အခြားသောနားလည်မှုလွဲမှားစရာ ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။
မည်သို့ဆိုစေ၊ အလောင်းမင်းတရားသည် အရှေ့အိန္ဒိယကုမ္ပဏီနှင့် တည်ငြိမ်သောဆက်ဆံရေးကို ထူထောင် ထားရန် ဆုံးဖြတ်ခဲ့သည်။ ဘရွတ်ခ်ကိုယုံကြည်တော်မူခဲ့ပြီး တိုင်းတစ်ပါးသားတို့ တင်သွင်းသော ‘စာချုပ်’ ကို လက်မှတ်ထိုးရန် ဝန်လေးခဲ့သည့်တိုင် မင်းတရားကိုယ်တိုင် ရှေ့ဆောင်လမ်းပြလုပ်ပြီး ကုမ္ပဏီအား ပုသိမ်တွင် မြေနေရာတစ်ကွက်နှင့် အခွန်လွတ်ကုန်သွယ်မှု အထူးအခွင့်အရေးကို ရက်ရောစွာပေးသနားတော်မူခဲ့သည်။
အရှေ့အိန္ဒိယကုမ္ပဏီကိုယ်စားလှယ်များသည် အင်္ဂလိပ်ဘုရင်၏ ခန့်ထားခြင်းခံရသူများဟု အလောင်းမင်းတရားကြီးက ယူဆခဲ့ပြီး ဘရွတ်ခ်တစ်ဦးကိုမျှသာ ပတ်သက်ဆက်ဆံလိုခြင်းမရှိခဲ့။ ဒုတိယမြောက်ဂျော့ဘုရင်မင်းမြတ်ထံ ကိုယ်တော်တိုင် ရာဇသံသဝဏ်လွှာတစ်စောင် ပေးပို့ရန် ဆုံးဖြတ်ခဲ့လေသည်။ လန်ဒန်မှကုမ္ပဏီဒါရိုက်တာ အဖွဲ့ထံလည်း ပေးပို့ရန်ဆုံးဖြတ်ခဲ့သည်။ ဤနည်းဖြင့် မင်းတရားကြီးသည် ကုန်သွယ်မှုဖွံ့ဖြိုးရန်သာမက အင်္ဂလိပ် ဘုရင်နှင့်ချစ်ကြည်ရင်းနှီးမှုကိုပါ ပျိုးထောင်ရန်အလိုရှိတော်မူခဲ့သည်။ အနောက်တိုင်းဧကရာဇ်တစ်ပါးကို ဆက်သွယ်သော ထိုသို့သော ပဏာမခြေလှမ်းမျိုးသည် မြန်မာ့သမိုင်းကြောင်းထဲတွင် ကြားပင်မကြားဖူးခဲ့။
ဗြိတိသျှတို့က မြန်မာပြည်တွင် နယ်မြေခြေကုပ်ရယူရန်နှင့် ဒေသတွင်းနိုင်ငံရေးထဲ ပြောရေးဆိုခွင့်ရရန်၊ ကုန်သွယ် အခွင့်အရေးရရန် ရည်ရွယ်ထားကြစဉ် အလောင်းမင်းတရားကြီးသည် အမြင့်မားဆုံးနိုင်ငံရေးအဆင့်ဖြင့် ရင်းနှီး စွာဆက်ဆံရေးအတွက် အားတက်သရော ယုံကြည်မျှော်လင့်နေသည်။ နှစ်ဦးစလုံးက ‘ချစ်ကြည်ရေး’ နှင့် ‘မဟာမိတ်’ ဆိုသည်ကို ပြောနိုင်ကြသော်လည်း ဆိုလိုရင်းမှာ တခြားစီဖြစ်၏။
မဒရတ်စ်ဘုရင်ခံရော၊ လန်ဒန်မှကုမ္ပဏီဒါရိုက်တာများပါ အလောင်းမင်းတရား၏ တိုင်းရေးပြည်ရေးစီမံကိန်း များနှင့် ရည်ရွယ်ချက်များအပေါ် တစ်စုံတရာ စိတ်ဝင်စားမှုမရှိပေ။ ဟိုင်းကြီးကျွန်းမှလာသော စိတ်ပျက်စရာသတင်း များကြောင့်လည်းကောင်း၊ နယ်မြေမတည်ငြိမ်မှုနှင့် အင်္ဂလိပ်-ပြင်သစ် ခုနစ်နှစ်စစ်ပွဲစတင်သောကြောင့်လည်းကောင်း မြန်မာပြည်ထဲ သူတို့၏လှုပ်ရှားမှုများ ရှေ့ဆက်ချဲ့ထွင်ဖို့အာသီသ ကုန်ခန်းသွားပြီဖြစ်သည်။ ၁၇၅၂ ခုတွင် အလွန်အကျွံဆန္ဒစောပြီး ဟိုင်းကြီးကျွန်းစီမံကိန်းကို စတင်ခဲ့ရာမှ အရှေ့အိန္ဒိယကုမ္ပဏီဒါရိုက်တာများသည် ထိုစွန့်စားမှုနောက်ကို ဆက်လိုက်ရကျိုးနပ်ပါ၏လော မသေချာကြတော့။
အောက်မြန်မာပြည်မှ လုပ်ငန်းများကို လက်စသိမ်းဖို့ အချက်ပေးလိုက်သော ပထမဆုံးသတင်းလွှာကို ၁၇၅၅ ခု၊ ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ ၁၇၅၅ ခု၊မတ်လတွင် ”ဟိုင်းကြီးကျွန်းစီမံကိန်းအား လုံးလုံးရုတ်သိမ်းရန်၊ သို့မဟုတ် ကုန်ကျစရိတ် အနည်းဆုံးဖြင့်ပြီးမည့် ပိုင်ဆိုင်မှုကိုသာဆက်ထားရန် ဆုံးဖြတ်လိုက်ကြဖို့” မဒရတ်စ်ဘုတ်အဖွဲ့အား ပြောကြားခဲ့သည်။ အလောင်းမင်းတရား၏မျှော်လင့်ချက်များ အသေအချာတက်လာပြီးမှ၊ အင်္ဂလိပ်အရှေ့အိန္ဒိယကုမ္ပဏီနှင့် အဆက်အသွယ်လုပ်နေခဲ့ပြီးကာမှ၊ နောက်ဆုံးတွင်လည်း အင်္ဂလိပ်တို့စကားအတိုင်း (စာချုပ်မှစာချုပ်) စေ့စပ်ဆွေးနွေးဖို့ သဘောတူပြီးကာမှ၊ ကုမ္ပဏီမူဝါဒသည် မြန်မာပြည်ကုန်သွယ်ဆိုင်ရာ ပတ်သက်မှုကို အဆင့်လျှော့ချရမည့်အဖြစ်ရောက်ခဲ့သည်။
၁၇၅၉ ခု၊ဇန္နဝါရီ ၂၃ရက်နေ့စွဲတပ် လန်ဒန်မှလာသောရုံးစာထဲတွင် ဒါရိုက်တာများသည် ၎င်းတို့၏အစောပိုင်း အမိန့်များကိုပင် အတည်ပြုခဲ့သည်။ ‘‘ဟိုင်းကြီးကျွန်းအခြေချမှုသည် ကုန်ကျစရိတ်မြင့်မားလွန်းပြီး အကျိုးအမြတ် မသေချာလှရကား မရုတ်သိမ်းရသေးပါက ချက်ချင်းပြုလုပ်ရမည်မှာ ကျွန်းပေါ်အလံထူရန် အစေခံသုံးဦး၊ လေးဦး ထက်ပိုပြီး ချန်မထားခဲ့ရ။ အလံထူခြင်းသည် ကျွန်ုပ်တို့၏အခွင့်အရေးကို ထိန်းသိမ်းရုံမျှသာဖြစ်သည်။”
၁၇၅၉ ခု၊မတ်လကုန်တွင် ရောဘတ်ကလိုက်ဖ်နှင့် ကာလကတ္တားဘုတ်အဖွဲ့တို့သည် ဟိုင်းကြီးကျွန်းမှ ဥရောပသားအား လုံးကို ခေါ်ငင်ရန် ကျွန်းသို့ရွက်လှေတစ်စီး လွှတ်လိုက်ကြောင်း၊ ဒုဗိုလ်ကလေးဟုပ်၏လက်အောက်တွင် လူသုံး လေးဦးကိုသာ သစ်လုံးများဂရုစိုက်ရန် ကျွန်းပေါ်ဆက်လက်နေထိုင်စေမည်ဖြစ်ကြောင်း မဒရတ်စ်သို့အကြောင်းကြား ခဲ့သည်။ စက်တင်ဘာတွင် ကပ္ပတိန်ဆောက်သ်ဘီသည် ကျွန်းပေါ်ကျန်ရှိနေသေးသော သစ်လုံးများကိုကောက်ရန် ကာလကတ္တားမှ ထွက်လာသည်။ ဤမျှဖြင့် ယခုဇာတ်လမ်းပြီးဆုံးရမည်ဖြစ်သည်။
သို့ရာတွင် အလောင်းမင်းတရားကြီး စိတ်နေသဘောထားပြောင်းလဲသွားပုံမှာ နားလည်စရာကိစ္စဖြစ်ခဲ့သည်။ မဏိပူရမှပြန်လာသော အလောင်းမင်းတရားသည် အာမေနီယံလူမျိုး ဂရက်ဂေါ်ရီ၏ လျှောက်ထားချက်များအရ ဟိုင်းကြီးကျွန်း၏နောက်ဆုံးဦးစီးမှူး ဒုဗိုလ်ကလေးဟုပ်သည် မွန်တို့အား လက်နက်ခဲယမ်းမီးကျောက်များ ပံ့ပိုးခဲ့ကြောင်း ကြားသိတော်မူခဲ့သည်။ အိန္ဒိယ၏လတ်တလောအကြောင်းများဖြစ်သော အရှေ့အိန္ဒိယကုမ္ပဏီ၏ အိန္ဒိယနိုင်ငံထဲ နယ်မြေကျယ်ပြန့်စွာ နိုင်ငံရေးစိုးမိုးခြယ်လှယ်မှုကို ဂရက်ဂေါ်ရီက အသေးစိတ်လျှောက်တင်ခဲ့သည်။ မြန်မာပြည်နှင့်ပတ်သက်သော တွက်ချက်မှုတွင်လည်း ဟိုင်းကြီးကျွန်းတွင် ထိုသို့သောအခြေချမှုမျိုးသည် နောင်အခါနယ်မြေချဲ့ထွင်ရန် ခြေကုပ်ယူခြင်းဖြစ်ကြောင်း မင်းတရားကြီးအား ဂရက်ဂေါ်ရီက အဆမတန်ချဲ့ကား လျှောက်ထားခဲ့သည်။
ဖြစ်မြဲသဘာဝအတိုင်း အလောင်းမင်းတရားသည် ထိုအသစ်စက်စက်သစ္စာဖောက်မှုအပေါ် အမျက်ပြင်းစွာထွက်ခဲ့ကာ ဟိုင်းကြီးကျွန်းကိုချေမှုန်းရန် ဆုံးဖြတ်ခဲ့သည်။ ”ကုန်တိုက်အားလုံး၊ လက်နက်နှင့်ခဲယမ်းမီးကျောက် စသည်တို့ကို” သိမ်းယူခဲ့ရန် အမိန့်ထုတ်သည်။ ခုခံမှုမရှိပါက သတ်ဖြတ်ရမည်ဟု အမိန့်မပေးခဲ့။
(အလောင်းမင်းတရား၏ လက်စွဲတော် ပေါ်တူဂီလူမျိုး) အန်တိုနီယို၏ အကူအညီဖြင့် ပြင်သစ်ကိုယ်စားလှယ် လာဗိုင်း အမှူးပြုသောရဲမက်တော် ၆ဝ သည် မင်းတရား၏အမိန့်တော်ကို ထမ်းရွက်ခဲ့သည်။ ထိုနှစ်ဦးစလုံးသည် မြန်မာမဟုတ်သော အမှုထမ်းများဖြစ်ကြ၏။ အသက်ဘေးမှလွတ်မြောက်ခဲ့သူများ၏ ပြောကြားချက်အရ အန်တိုနီယိုသည် ပထမဦးစွာ မင်းတရားကြီး၏စာလွှာအတုဖြင့် သူ့ကိုယ်သူမိတ်ဆက်ပေးကာ မြန်မာရဲမက်တော် များအား အင်္ဂလိပ်ကုန်သည်များကို သုတ်သင်စေသည်။ မြန်မာတို့သည် အင်္ဂလိပ်ကုန်သည်တို့၏ အစောင့်နှင့်အိန္ဒိယ လူမျိုးအစေခံများကိုပါ သုတ်သင်၍ ကျောက်ချထားသော ဗြိတိသျှသင်္ဘောနှစ်စင်းကို မီးရှို့သည်။ သို့သော် နောက်တစ်နေ့၌ သင်္ဘောများထွက်ခွာသွားသည်ကို မဟန့်တားနိုင်ခဲ့။
အသက်ရှင်ကျန်သူများထဲမှ တစ်ဦးဖြစ်သော ကပ္ပတိန်အဲလ်ဗက်စ်၏ သုတ်သင်ပွဲအကြောင်းရေးထားသည့် ပထမဆုံးအစီရင်ခံစာကြောင့် ထိုအဖြစ်ကို အိန္ဒိယမှသိခဲ့ရပြီး ထိတ်လန့်တကြားဖြစ်ခဲ့သည်။ ကုမ္ပဏီ ထွက်ခွာသွားချိန်မှစပြီး ဟိုင်းကြီးကျွန်းသုတ်သင်ပွဲအမှတ်တရသည် မြန်မာပြည်သမိုင်းမှတ်တမ်းတွင် မြန်မာ သက်ဦးဆံပိုင်ဘုရင်စံနစ်၏ ရက်စက်သော၊ အကြွင်းမဲ့အာဏာရှင်ဆန်သော အမှတ်တံဆပ်အဖြစ် ကြာရှည် လေးမြင့်စွာတည်နေခဲ့သည်။ အလောင်းမင်းတရား၏ အပိုင်းကဏ္ဍနှင့်ရည်ရွယ်ချက်များအပေါ် အရိပ်မည်းထိုးခဲ့သည်။ အမှန်မှာ မြန်မာ့ရာဇဝင်သမိုင်းတွင် စိတ်နေသဘောထားအပွင့်လင်းဆုံး ရှင်ဘုရင်တစ်ပါး ဖြစ်နိုင်သော အလောင်းမင်းတရားသည် အင်္ဂလိပ်တို့နှင့်ကောင်းမွန်သော ဆက်ဆံရေးကိုထူထောင်ဖို့ တစ်လျှောက်လုံး စိတ်ထက်သန်ခဲ့သူတည်း။ ဤအဖြစ်ကို အလောင်းမင်းတရား၏ ရာဇသံရွှေပေက သက်သေထူသည်။
17 comments
ဝင့်ပြုံးမြင့်
September 26, 2012 at 11:03 pm
ပထမပိုင်းကို ပြန်ဖွင့်တာ ဖွင့်လို့မရလို့ ကွန်မင့်ပေးခဲ့သူများကို ဒုတိယပိုင်းမှာ ပြန်လည်ဖြေကြားပါတယ်ရှင်။
ကိုပေ ရေ –မြန်မာပြည်မှာ လူတစ်ယောက်ဟာ သိပ်တော်ခွင့်မရှိဘူး။ ဟိုစကားလိုလေ အပင်မြင့်လေ လေတိုက်ခံရလေ ဆိုတာမျိုး။
ကိုရင်မောင်၊ မမ၊ ကိုကြည်ဆောင်း၊ စိန်ဗိုက်ဗိုက်၊ ဦးကြီးမိုက်၊ သုဝေ၊ မိုးသောက်ချိန်၊ မဟာရာဇာအံစာတုံး၊ စနေ၊ fall guy ၊ နှင်းဆီငုံ နဲ့ အူးလေး အလင်းဆက် တို့ စိတ်ဝင်စားတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ရှင်။
မယ်ပု၊ အားကိုးပါတယ်နော်။ သမိုင်းကဆိုတော့ ကွင်းဆက်ပြတ်တာလေးတွေ နည်းနည်းစစ်ပေးပါဦး။
wow — ကိုယ်ကပေးထားတဲ့ပစ္စည်းလေ။ ပြန်တောင်းခွင့် ဘယ်ရှိတော့မလဲ။ ဒါကြောင့် ခပ်တင်တင်လေး ရာဇသံရွှေပေ လို့တမင်ကို နာမည်တပ်ထားတာ။ အဟီး၊ သတင်းလွှာတွေမှာတော့ ရွှေသဝဏ်လွှာ လို့ပဲ ရေးထားပါတယ်။
မအိရေ — ကိုဝင်းကြည်ကတော့ ရင့်သထက်ရင့်လာပြီ။ အခုခြေထောက်ရောင်စပြုပြီ။ နောက်လဝက်ဆိုရင် ကွန်ပျူတာရှေ့ ထိုင်နိုင်တော့မှာ မဟုတ်ဘူး။
ကိုကြီးကြောင်ရေ့ —
ရွှေပေလွှာ
ငွေတွေမပါ
ကြမ္မာငင်ခါ
အမျက်တော်ရှစရာ
နေပါစေဗျာ
ပြန်တောင်းလို့မှ မရတာ။ (နှမျောစရာကြီးနော်)
မောင်ပေ
September 26, 2012 at 11:11 pm
မဝင်းပြုံးမြင့်ရေ
ကျုပ်က ဘွဲ့မရတဲ့ အရပ်သားတစ်ယောက်ပါဗျာ
ဆရာဝန်တွေခဗျာတော့ လူသတ်မှုကျူးလွန်ခဲ့ရင် သာမန်လူထက် အပြစ်ဒဏ်ပိုကျခံရတယ် ဆိုလားပဲ
kai
September 27, 2012 at 4:49 am
အဲဒီ”ရာဇသံ”ဆိုပြီး.. ပြန်ထားတာကို ဖတ်ပြီး.. သွေးလန့်နေတာ…
အင်း..
အခုမှ.. သက်ပြင်းတချက်ချမိတော့တယ်… :kwi:
surmi
September 26, 2012 at 11:16 pm
အစ်မရေ …..
ဟိုင်းကြီးကျွန်း ကိစ္စ က ဖတ်ဖူးစဉ်တုန်းက သိပ်တော ့ အလေးမထားမိဘူး ။
အလောင်းမင်းတရားရဲ ့ ပြတ်သားတဲ ့ စိတ်ဓတ်နဲ့ အဲဒီခေတ်ကစစ်ပွဲတွေရဲ ့ သဘောသဘာဝအရ
ဒီလိုပဲဖြစ်လိမ် ့မယ်လို့ ပေါ ့ပေါ ့ဘဲတွေးခဲ့တာပေါ ့နော် ……။ ဆုံးဖြတ်ချက်ချရတာကလည်း
ဘုရင်တစ်ဦးတည်းကဆိုတော့ ….ခတ်ပြတ်ပြတ်ပဲလုပ်တာဖြစ်မှာလို့ တွေးလိုက်တာ
ဆက်စောင် ့နေမယ်အစ်မရေ …..
ဝင့်ပြုံးမြင့်
September 26, 2012 at 11:32 pm
ကိုပေ—-ပြုံးလည်း ဘွဲ့သေးသေးလေး တစ်ခုပဲရထားတဲ့လူပါ။ အထင်ကြီးစရာ မရှိလှပါဘူး။ ကံကလေး ကော်ထားလို့။
ကိုဆာမိ—- မူရင်း စာတမ်းကို ဖတ်ရရင် ပိုပြည့်စုံမှာ။ ပြုံးက ဒီထဲမှာ အပြည့်အဝ ထည့်လို့မရဘူးလေ။ ထုတ်မှ မထုတ်ရသေးတာ။ ဒေါက်တာလိုင်ဒါကတော့ တကယ်လက်ဖျားခါလောက်တဲ့ပညာရှင်။
ဝင့်ပြုံးမြင့်
September 26, 2012 at 11:39 pm
အဲ … ဆရာပေရေ … အပိုင်း(၁)ကို ကွန်မင့်ကို ပြန်ဖြေထားတာနော်။ ဆရာသန့်မြင့်ဦးကို ရည်ရွယ်ပြီးပြောတာ။ တော်တဲ့လူတွေ လေတိုက်ပိုခံရတယ်လို့ ဆိုလိုတာပါ။
Fall Guy
September 27, 2012 at 12:41 am
ဆရာမ…မြန်မာရဲမက်တွေဟိုင်းကြီးကျွန်းရောက်တဲ့ရက်လေး….။ ထွက်မယ့်ရက်နဲ့ ရက်ပိုင်းပဲကွာမလားမသိ။ နို့မို့သမိုင်းအများကြီးပြောင်းသွားမယ်ထင်တယ်..။
Thu Wai
September 27, 2012 at 10:17 am
Ma Wint ရေ ကျွန်တော်က ဆရာချစ်ဦးညိုရဲ့ စာတွေကို ကျွန်တော်က အမြဲဖတ်တယ် နောက်ပြီ်း ရာဇဓိရာဇ် အရေးတော်ပုံကျမ်းကိုလည်း ကြိုက်တယ် သမိုင်းကို စိတ်ဝင်စားလို့ ဖတ်တာတွေက အများကြီးပေမယ့် အခုအကြောင်းကိုတော့ မဝင့် ရေးမှ သိရလို့ကျေးဇူးအများကြီးတင်ပါတယ်။ မဝင့်ရဲ့ စာဖတ်ပရိသတ်စာရင်းထဲသာ သွင်းလိုက်ပေတော့ဗျာ။
pooch
September 27, 2012 at 2:40 pm
အမပြုံးရေ ကျမက သမိုင်းနဲ့ ကျောင်းပြီးသူတယောက်မဟုတ်ပါဘူး။ သမိုင်းနဲ့ ပြီးသူတယောက်လို့ မကြာမကြာအထင်ခံရပါတယ်။
ဝိဇ္ဇာသိပံ္ပ တွဲသင်ရတဲ့နှစ်နဲ့ ကြုံခဲ့လို့ သမိုင်းကို နောက်ဆုံးသင်ခဲ့ဖူးတာ ၁ဝ တန်းနှစ်အထိပါပဲ။
လောကဓာတ်ပညာမှာ ရှေ့ဆောင်နေတဲ့ နည်းပညာတို့ရဲ့ ဖခင်ကြီး အိုင်းစတိုင်းတို့ စတီဗင်ဟော့ကင်းတို့် လိုုက်စားခဲ့တဲ့ ဘာသာရပ်နဲ့ ပြီးခဲ့တာပါ။ ဆန့်ကျင်ဘက်အရပ်ဆီကို စာအုပ်တွေ ဖတ်ပြီး မျောပါသွားခဲ့ရုံပါ။
စောင့်ဖတ်နေပါတယ် အမ။
amatmin
September 27, 2012 at 3:13 pm
အမရေ..
နောက်ပို့စ်တွေကိုလည်းစောင့်ဖတ်နေရင်း..
ကွန်မန့်တွေမှာ ဆွေးနွေးကြမှာ ကိုလည်း မျှော်နေပါ့မယ်..
အရှေ့အိန္ဒိယကုမ္ပဏီ နဲ့ ပက်သက်တဲ့ သမိုင်းအကြောင်း
လောက်လောက်လားလား ဘာမှမသိခဲ့.မဖတ်ခဲ့မိသေးတာမို့..
ခုလိုဖတ်ရတဲ့အတွက် ကျေးဇူး အထူးပါ ဗျာ..
Green Rose
September 27, 2012 at 4:41 pm
အမ ရေ
Green Rose ကတော့ မြန်မာ့သမိုင်းကြောင်းတွေကို စိတ်ဝင်စားတယ်။ (အချက်အလက်တွေကိုတော့ ဖတ်လိုက်မေ့လိုက်ပါပဲ) အထူးသဖြင့်မြန်မာ့သမိုင်း ရွှေရောင်လွှမ်းခဲ့တဲ့ကာလတွေကိုပေါ့လေ…
စောင့်ဖတ်နေပါတယ်… နောက်ပြီး တခြားသူတွေကို လက်ဆင့်ကမ်းဖို့လည်း ကူးယူထားပါတယ်။
လေးစားလျှက်
(Green Rose)
MaMa
September 28, 2012 at 8:44 am
အိမ်ကိုလာတဲ့ဧည့်သည်ကို သမိုင်းစိတ်ဝင်စားလားမေးပြီး လက်တို့လိုက်တာ သဘောကျပြီး ပြန်သွားလေရဲ့၊
အင်တာနက်ကဖီးဆိုင်သွားထိုင်ပြီး ဖတ်အုံးမယ်လို့ ပြောသွားတယ်။ :hee:
အလောင်းဘုရားက ရွှေဘိုကနေ လူသူလက်နက်အင်အားစုပြီး ရန်ကုန်ကို တိုက်တယ်ဆိုတာ မင်းစည်းစိမ်ကို လိုချင်တပ်မက်တာလို့ပဲ ထင်နေမိတာ။
အယုဒ္ဓယကို သွားတိုက်တာတွေလည်း ထို့အတူပေ့ါ။
ခုမှ ဘာကြောင့် တတိယမြန်မာနိုင်ငံကို ထူထောင်ရတယ်ဆိုတာကို သိသွားရသလို…
အလောင်းမင်းတရားသည် မြန်မာ့ရာဇဝင်သမိုင်းတွင် စိတ်နေသဘောထားအပွင့်လင်းဆုံး ရှင်ဘုရင်တစ်ပါး ဖြစ်တယ်ဆိုတာကို သိလိုက်ရတယ်။
အလောင်းမင်းတရားကြီးအကြောင်း ဖတ်ရင်းနဲ့ ကိုစံလှကြီးကိုတောင် သတိရမိတယ်။
:hee:
ကြည်ဆောင်း
September 28, 2012 at 9:27 am
ဟိုင်းကြီးကျွန်းအရေးတော်ပုံက ဒိလိုဖြစ်သွားမှန်းခုမှဘဲသိရတော့တယ်…
သမိုင်းကိုသေသေချာချာမသင်ခဲ့ရတာလဲပါ ပါလိမ့်မယ် ..
အသစ်အသစ်တွေသိရတော့လဲ စိတ်ဝင်စားဖို့ကောင်းသားပါလား …
သမိုင်းအဓိကသမားတွေကတော့သိပြီးလောက်ပြီထင်ပါရဲ့ …
ကိုခင်ခ
September 28, 2012 at 7:30 pm
မဝင်းပြုံးမြင် ခင်ဗျ၊ အပိုင်း ၂ မှဖွင့်ဖတ်မိလိုက်လို့၊ အပိုင်း ၁ ကိုသွားဖွင့်ပြီး ဖတ်လိုက်ရတယ်၊ စိတ်ဝင်စားနေလို့ နောက်အပိုင်းတွေမျှော်နေတယ်နော်။
ကိုခင်ခ
September 28, 2012 at 7:33 pm
မဝင့်ပြုံးမြင့် လို့ရိုက်တာပါခင်ဗျ၊ မှားသွားလို့ပါ။( တောင်းပန်ပါတယ်နော် )
ဝင့်ပြုံးမြင့်
September 28, 2012 at 8:13 pm
ဟုတ်ပါ့ ကိုFall Guy ရေ။ ရက်ပိုင်းကလေးပဲ ကွာတာ။ ဒါပေမယ့် မြန်မာ့သမိုင်းထဲမှာ ကောက်ချက်ချထား တာကတော့ အလောင်းမင်းတရားရဲ့ ဟိုင်းကြီးကျွန်းလူသတ်ပွဲကြောင့် မြန်မာပြည် သူ့ကျွန်ဘဝ နှစ် ၁၀ဝ လျော့သွားခဲ့သတဲ့။ မောင်ကျော်ရှင်းရဲ့ တတိယမြန်မာနိုင်ငံတည်ဟန် မှာပါတာပါ။ အလောင်းမင်းတရားသာ ဒီလိုပြတ်ပြတ်သားသား မလုပ်ခဲ့ဘူးဆိုရင် သူ့ကျွန်ဘဝကို အစောကြီးကတည်းက ကျခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် မြန်မာသက်ဦးဆံပိုင် ဘုရင်ရဲ့ ရက်စက်တဲ့လုပ်ရပ်အဖြစ် သမိုင်းမှာ အမည်းစက် ထင်ခဲ့ပါတယ်။ (ရီရမှာလား၊ ငိုရမှာလား မသိဘူးနော်) ဒီဖြစ်ရပ်ကြောင့် အရှေ့အိန္ဒိယကုမ္ပဏီဟာ ဗဒုံမင်းလက်ထက် (၁ရ၉၅ ခု) မိုက်ကယ်ဆိမ်းစ်ကို လွှတ်ခဲ့ချိန်ထိ မြန်မာ့မြေကို စွန့်ခွာခဲ့ပါတယ်။ နှစ်ပေါင်း ၃၅ နှစ်ကျော် မြန်မာ့မြေကို သူတို့ စွန့်ခွာခဲ့ပါတယ်။
—
ကိုသုဝေ၊ အမတ်မင်း၊ စိမ်းနှင်းဆီ၊ ကိုကြည်ဆောင်း … မန့်ပေးတဲ့အတွက် ကျေးှဇူးပါနော်။ ဒါမှ အားတက်ပြီးဆက်ရေးလို့ကောင်းတာ။
မမရေ … အလောင်းမင်းတရားထက် တော်တဲ့လူ မြန်မာပြည်မှာ ရှိဟန်မတူသေးဘူး။
မယ်ပုရေ … ဘဝတူတွေပါလား။ အမလည်း ရူပနဲ့ကျောင်းပြီးခဲ့သူပါပဲ။
အလင်းဆက်
September 29, 2012 at 8:20 pm
ဆက်ဆက်က…
ဆက်ပါဦးလိ ု့….
ဆက်ပြောပါရစေ….