မနိုင်ဝန်လား နိုင်ဝန်လားလို့။
ကျွန်တော်ဖေ့ဘုတ်ထဲကို ရောက်လာတဲ့ ဓာတ်ပုံလေးတစ်ခုကို ကျွန်တော်ထိုင်ကြည့်နေရင်းနဲ့ တွေးမိတာလေး ကိုရေးချမလို့ပါ။
သူတို့အရွယ် ကလေးတွေ မနက်ဆို အဖြူ နဲ့ အစိမ်း ဝတ်ပြီး၊ အဖေဘဲဖြစ်ဖြစ် အမေကဘဲဖြစ်ဖြစ် ဒါမှမဟုတ် ဦးလေး၊ အဒေါ်နဲ့ဘဲဖြစ်ဖြစ် သို့မဟုတ် တနည်းနည်းနဲ့ ကျောင်းသွားနေကြပြီး စာသင်နေကြတယ်၊ ဒါ့အပြင် ဘဝမပြည့်စုံတဲ့ တစ်ချို့ကလေး တွေကျတော့ မိဘမရှိ၊ ခိုကိုးရာ မရှိလို့ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ ဘာသာအသီးသီးရဲ့ ကလေးစောင့်ရှောက်ရေး နေရာတွေမှာ ခိုလှုံခွင့်ရပြီး စာသင်နေကြသေးတယ်၊ သူတို့တွေကျတော့ ခုနမိဘမဲ့ စာသင် ရာနေရာတွေထက် ဆိုးတယ်လို့ပြောရမလား၊ ဘယ်လိုပြောရမလဲ မတွေးတတ်အောင်ဘဲလေ။
ကျောင်းသွားပို့တဲ့ကလေးကို မနက်စာကို လဘက်ရည်ဆိုင်မှာ သူ့မိဘက ဝင်ပြီးကျွေးတော့ အဲဒီကလေး စားဖို့အတွက် မှာထားတဲ့ စားစရာကိုသယ်ယူလာတဲ့ စားပွဲထိုးလေးက ရွယ်တူဖြစ်နေတာကို စာဖတ်သူတို့ သတိထားမိမလား မသိ ဘူးလေ။ ဒါဟာဆင်းရဲတဲ့မိသားစုမှာ ပေါက်ဖွားလာတဲ့အတွက် ကျောင်းစာဆိုတာဘေးဖယ်လို့ မိမိ မိသားစု အဓိက စားဖို့အရေးကို လုပ်နေကြရတာနော်၊ အဲဒီလိုမျိုး ကျောင်းနေအရွယ်မှာ စာမသင်နိုင်ဘဲ ရုန်းကန်နေကြရတဲ့ ကလေးတွေဝန်းကျင်မှာ သတိ ထားကြည့်မိရင် အများကြီးတွေ့နေရသေးတယ်နော်၊ အရွယ်ရောက် သူတိုင်း ကျောင်း ထားနိုင်ရမည် အခမဲ့ပညာရေး စနစ်ဆိုပေမယ့်လည်း တစ်ပြားမှမပေးနဲ့ အလားကားလာတက်ပါ ဆိုတာတောင် စာသင်နေဖို့အချိန်ကိုမပေးနိုင်လို့ မိသားစုတဝမ်းတခါးအတွက် ရုန်းနေကြတာမို့ သူရွယ်နဲ့ သူလုပ်နေတာ မနိုင်ဝန်လား နိုင်ဝန်လားလို့။
ကြွေးကြော်ခဲ့တဲ့ ဆင်းရဲမှုပပျောက်ရေး စီမံကိန်းကြီး ဘယ်နားရောက်ပြီလဲ ဘယ်တော့ဆုံးမှာလဲလို့ တွေးရင်းနဲ့ဘဲ မိုးတွေချုပ် ညဉ့်တွေနက်လို့ အိပ်ရပါပေါ့လေ။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။
ကိုခင်ခ။
36 comments
Hnin Hnin
September 27, 2012 at 2:53 am
…ကြည့်ရတာ ကလေးလေးက ဒီအလုပ်မှာ အသားကျနေပုံပဲ..လုပ်နိုင်စွမ်းတွေ
သူ့မျက်လုံးမှာပေါ်နေတယ်….ဒိလိုအင်္ကျီကျွတ်နဲ့ပဲ အုတ်သယ်နေကျလား
မသိဘူး..နေလောင်ထားတဲ့အသားနဲ့..သူ့အရွယ်လေးနဲ့ မဖြစ်မနေ အုတ်သယ်
ရမယ်ဆိုရင်တောင် ၂လုံး၊၃လုံး များပြီပေါ့..ဝမ်းရေးအတွက် မနိုင့်တနိုင့်ဝန်
ထမ်းနေရရှာတယ်….
ကိုခင်ခ
September 27, 2012 at 6:21 am
ဦးဆုံးကွန်မန့်အတွက် ကျေးဇူးပါ နှင်းနှင်းရေ။
အုတ်သယ်တာကို အပြင်မှာလည်းတွေ့ဖူးတယ်၊ အခုလို အကျင်္ ီကျွတ်တွေနဲ့ဘဲလေ၊
နေပူထဲမှာ ပူမှန်းမသိ လုပ်နေကြရတာပေါ့။
ထွန်း ပြောင်
September 27, 2012 at 3:44 am
ဆင်းရဲတယ်ဆိုပမယ့်ဗျာ … ဒီလိုအရွယ်လေးကို ဒီလိုအလုပ်မျိုးခိုင်းရက်တဲ့လူကတော့
လွန်ရာမကျဘူးလားဗျာ …..
kai
September 27, 2012 at 4:21 am
မိဘ.. အုပ်ထိန်းသူတွေမှာ.. အဓိကတာဝန်ရှိတာပါ..
သူ့လုပ်အားကနေရတဲ့..ငွေကိုယူတယ်ဆိုရင်.. ဖမ်းပြီး..ဆိုရှယ်ဆားဗစ်ကလူက..ဆုံးမစောင့်ကြည့်သင့်တယ်..။
ဒုတိယကတော့.. အလုပ်ရှင်ပေါ့..
ခိုင်းရက်တဲ့သူကို.. ဖမ်းပြီး.. ထောင်ထဲထည့်သင့်တယ်..
တတိယကတော့.. အစိုးရပဲ..
အင်း..
ဒီလိုကလေးတွေကြီးလာရင်.. အဲဒီတိုင်းပြည်ဘာဖြစ်မယ်ထင်သလည်း.. ❗
ပြောမယ့်သာပြောတာ..
လက်တွေ့ဖြေရှင်းလို့ရတဲ့.. အဖြေကတော်တော်ဝေးနေသေးကြောင်း… :buu:
ကထူးဆန်း
September 27, 2012 at 6:29 am
ဒီပုံ မြန်မာပြည်က လားဆိုတာတော့ သံသယ ဝင်မိပါတယ် ။ မြန်မာပြည်မှာ ဒီလို အုတ်မျိုး မဖုတ်ဘူးလားလို့ ။ ဒါကတော့ ထားတော့ ။ ဒီလိုအလားတူ တွေကတော့ အများကြီးရှိပါတယ် ။
ကိုယ်က အလုပ်ရှင်ဆိုပါတော့ ..
ထိုက်သင့်တဲ့ လုပ်အားခ ပေးပြီး ကလေး မို့လို့ မငှား ဘူး ။ မခိုင်းဘူး ဆိုတာ မှားသလား မှန် သလား ဆိုတာ ဝေခွဲလို့ မရဘူး ။
ကိုယ်မငှါးရင် သူတို့ စားဝတ်နေရေးမတတ်နိုင်ဘူး ။ မိဘရဲ့ ငြိုငြင်တာ ခံရတယ် ။ အရိုက်ခံရတယ် ။ ပိုဆိုးတာ လုပ်ရတယ် ။
ကိုယ်ခိုင်းရင် သူတို့ ထမင်း နပ်မှန်အောင် စားရတယ် ။ အချို့ ကိုယ်ချင်းစာတဲ့ အလုပ်ရှင်နဲ့တွေ့ရင် အထိုက်အလျောက် ကြီးနိုင်ငယ်ညှင်းမဖြစ်အောင် ကာကွယ်မှု့ရတယ် ။
ကိုယ် ကျတော့ သူများ အမြင်မှာ ရက်စက်ရာ ကျတယ် ။ ဘယ်ဟာ ဦးစားပေးရမလဲ ။
ကထူးဆန်း
September 27, 2012 at 6:32 am
ပြောဖို့ကျန် သွားလို့ ..ဒီလို မနိုင်ဝန်ကို ခိုင်းတာ ပြောတာ မဟုတ်ဘူးနော်.
ကိုခင်ခ
September 27, 2012 at 9:19 am
ပုံကတော့ ဘယ်မှာရိုက်တာလဲ ကျွန်တော်မသိဘူးဗျ ဖေ့ဘုတ်ထဲဝင်လာလို့ အဲဒီပုံကြည့်ပြီး
ကိုယ့်ဝန်းကျင်မှာတွေ့ခဲ့ရတာတွေ စုပြီးတွေးမိတာကို တင်ချင်တာပါ အဓိကက။
ဆင်းရဲမှုဘဝဒါဏ်တွေ ခါးသီးစွာခံစားရတဲ့ ကလေးအရွယ်တွေ သူများပညာသင်ချိန်မှာ မသင်ကြားနိုင်တော့ သူတို့ရှေ့ဆက်ရပ်တည်တဲ့ ဘဝတွေမလှပနိုင်တာကို သနားမိခြင်းပါဗျာ။
အဲဒီမှာ အလုပ်ခိုင်းသူလည်း အပြစ်မဟုတ်ပါ၊ ကထူးဆန်းပြောသလို သူတို့မခိုင်းရင် ဘယ်လိုစားသောက် ရပ်တည်သွားမလဲလေ။
the best
September 27, 2012 at 7:23 am
နိုင်ဝန်၊မနိုင်ဝန်ထက် ဒီလိုဘာကြောင့် စီပွါးရှာရသလဲဆိုတာပဲပြောချင်တယ်။
ကျောင်းနေအရွယ် ကျောင်တက်ချင်ရင်ငွေရှိရမယ်။
အခမဲ့ပညာရေးစနစ်ဆိုတာ အခမဲ့ပြောလို ့ရလို အခမဲ့ပညာရေးလို ့ ့ပြောနေကြတာ၊
ဘယ်နေရာမှာမှမရနိုင်ပါဘူး။ရနိုင်တဲ့နေရာရှိရင် လမ်းညွှန်ပေးကြပါ။
အထူးသဖြင့် ဆင်းရဲသားတွေအများစုတက်နေရတဲ့ကျောင်းဆို
ဆရာမတွေကပိုလို ့တောင်အနိုင်ကျင့်နေတာ တစ်ပုံကြီး။
ကျောင်းသားတွေကို စာအုပ်တွေ အခမဲ့ဝေတယ်လို ့ပြောတယ်။
အတန်းသစ်တက်ရတဲ့ကျောင်းသားတွေတိုင်း စာအုပ်သစ်ကိုင်လိုက်ရရင်
ဘယ်လောက်ပျော်သလဲဆိုတာ ငယ်ရာကကြီးလာတဲ့ သူတိုင်းခံစားဘူးကြပါတယ်။
အခမဲ့ဝေတဲ့စာအုပ်တွေ အခနဲ ့ ရောင်းစားပြီး ဖတ်စာအုပ်အဟောင်းတွေကို
အခမဲ့တောင်းပြီး ကလေးတွေကိုဝေပေးတယ်။
ဗလာစာအုပ်ဆိုရင်လည်း အသစ်တွေရောင်းစား၊
စာအုပ်အဟောင်းက မရေးရသေးတာတွေဖြဲပြီး ပြန်ချုပ်ပြီး ကလေးတွေကို ဝေပေးတာ။
အတန်းသစ်တက်ပြီး စာအုပ်အစုတ်ကိုင်ရတဲ့ ကလေးတွေမှာ
ပျော်ရွှင်မှု၊ တက်ကြွမှုဆိုတာရှိပါအုံးမလား။
အလှူငွေကလည်းကောက်သေးတယ်လေ
ဒီလိုကျောင်းမျိုးကိုဘယ်ဆင်းရဲသားတွေတက်နိုင်မလဲ။တက်ချင်မလဲ။
ဒီတော့ လမ်ဘေးရောက်ကုန်ကြတာပေါ့။
ကိုခင်ခ
September 27, 2012 at 9:34 am
The best ကွန်မန့်လေးဖတ်ပြီး ရင်မောမိပါရဲ့။
uncle gyi
September 27, 2012 at 8:27 am
ကလေးလုပ်သားခိုင်းတာတွေတွေ့ဖူးပါတယ်ကိုခ
ဒီလိုအရွယ်ကတော့မတွေ့ဖူးပါဘူး
လုပ်ယူတဲ့အတင်းကြီးဖြစ်ဖို့များမယ်ထင်ပါကြောင်း
ကိုခင်ခ
September 27, 2012 at 9:32 am
ဒီလိုအရွယ်တွေကိုတွေ့ချင်ရင် အနီးစပ်ဆုံးကျွန်တော်ပိုစ့်စာသားထဲမှာ ရေးထားပါတယ်။ လဘက်ရည်ဆိုင်ကြီးကြီးတစ်ခုမှာသော်လည်းကောင်း တွေ့နိုင်ပါလိမ့်မယ်။
ကျွန်တော်တွေ့ခဲ့မြင်ကွင်းလေးတစ်ခု ပြောပြပါရစေ။ ကျောင်းတစ်ခုနဲ့ မျက်နှာချင်းဆိုင်မှာ လဘက်ရည်ဆိုင် တစ်ခုရှိတယ်၊ အဲဒီလက်ဘက်ရည်ဆိုင်မှာ ကျွန်တော်က မျက်နှာချင်းဆိုင် ကကျောင်းမှာလုပ်တဲ့ သူငယ်ချင်းဆရာတစ်ယောက်နဲ့ တွေ့ဖို့ချိန်းထားလို့ ထိုင်စောင့်နေ တုန်း ကျောင်းတက်ခေါင်းလောင်း ထိုးပြီးခဏအကြာ လှမ်းမြင်နေရတဲ့ စာသင်ခန်းတစ်ခုမှာ ကလေးတွေက လက်လေးပိုက် မတ်တပ်ရပ်လို့ ဆရာမကို မင်္ဂလာပါဆရာမလို့ နုတ်ဆက်နေတဲ့အသံက လဘက်ရည်ဆိုင်ထိကြားရတယ် မြင်လည်းမြင်နေ ရတယ်၊ အဲဒီမှာ လဘက်ရည်ဆိုင်က ကလေးတစ်ယောက်က ဆိုင်ဝကစားပွဲလေးကို လက်လေးထောက်ပြီး သေချာကြည့်နေတာတွေ့လိုက် ရတယ်၊ သူဘာလို့ကြည့်နေတာလဲ သူစိတ်ထဲဘယ်လိုရှိလည်း ကျွန်တော်မသိပေမယ် ကျွန်တော် စိတ်ထဲတော့ အဲဒီကလေးကို သနားသလိုဖြစ်ခဲ့တာအမှန်ဘဲဗျာ။ ကလေးအရွယ်က ရှိလှ ၈နှစ် ၉ နှစ်လောက်ပေါ့။
P chogyi
September 27, 2012 at 8:43 am
ကျွန်တော် မြိတ်ကျွန်းစုက ပုလဲကျွန်းမှာနေခဲ့စဉ်က
အလယ်တန်းကျောင်းအုပ်နဲ့တော်တော်ရင်းနှီးခဲ့ပါတယ်။
သူကကျွန်တော့်ကိုပြောပြလို့ သူ့ကျောင်းကို လိုက်ကြည့်တော့
ကလေးတွေက တစ်မနက်လုံးကျောင်းမှာ စာကောင်းကောင်းသင်ကြတယ်။
နေ့လည် ၁ နာရီကျော်ရင် အငြိမ်မနေနိုင်ကြတော့ဘူး
ကျောင်းခြံစည်းရိုးအပေါက်တွေကနေ အလျှိုလျှိုထွက်ကုန်ကြတယ်။
သူတို့မိဘတွေနဲ့ ငါးဖမ်းထွက်ကြတာလေ။
သူတို့မှာလည်း အဲဒီလိုကျောင်းကမထွက်လာရင်မိဘတွေက မကြိုက်ကြဘူး။
စောစောမထွက်နိုင်ရင်လဲ ငါးဖမ်းအိမ်အပြန်မိုးချုပ်မှာကြောက်လို့
ကျောင်းဆင်းတဲ့အချိန်မစောင့်နိုင်ဘဲ စောစောထွက်ကြရတာ။
အဲဒီပုလဲကျွန်းမှာ လလယ်ပိုင်းဆိုရင် ပိုက်ဆံရှိတောင် ဝယ်စားစရာမရှိအောင်
ကုန်ပစည်းရှားတယ်။ လှေကြုံမရှိဘူးလေ။ လှေက လကုန်/လဆန်းလစာထုတ်လှေပဲရှိတာ။
အဲဒီတော့ ညနေပိုင်းငါးဖမ်းမထွက်လို့မဖြစ်ဘူးလေ။
ပညာရေးထက် ဝမ်းရေးကခက်တော့ မတတ်နိုင်ဘူးပေါ့။
ကိုခင်ခ
September 27, 2012 at 9:39 am
P chogyi ရဲ့ ကွန်မန့်ကိုဖတ်ပြီး
ပညာရေး နဲ့ ဝမ်းရေး ရေးနှစ်ရေးမှာ ဗျာများနေရရှာတယ်လို့
စိတ်မကောင်းဘူးဗျာ။
surmi
September 27, 2012 at 9:59 am
ဘာပြောရမှန်းတောင်မသိတော့ဘူး
ကောင်းတဲ ့ဘက်ကကြည် ့ရင် ဒီအရွယ်မျိုးတွေ တောင်းစားနေတာ
အလစ်သုတ်နေတာမျိုးတွေရှိတော ့ ဒီလို ရရာအလုပ် လုပ်နေတာက
အလုပ်ဟူသမျှဂုဏ်ရှိစွ ဆိုသလိုပေါ ့လေ
မကောင်းတာကတော ့ သားသမီးချင်းကိုယ်ချင်းစာကြည် ့ရင် အလွန်စိတ်မကောင်းစရာပါ
မနိုင်ဝန်မထမ်းးပဲ နိုင်သလောက် မိဘကိုကူညီတာ နိုင်ငံတော်အတွက်
လုပ်တာကတော ့ ဒီလိုချွတ်ခြုံ ကျနေတဲ ့ အချိန်မှာ တစ်တပ်တအားပါဝင်နိုင်ခဲ ့ရင်
ကောင်းမယ်ထင်တာပဲ ။ ကျနော် ့အထင် ဒီနိုင်ငံက လူတစ်ဝက်လောက်က
အလုပ်ကို ကြောက်ကြမယ်ထင်တယ်။လူတွေရရာ လုပ်နေကြတယ်ဆိုပေမဲ ့
ဘာမှ မယ်မယ်ရမလုပ်တဲ ့သူတွေကအများသား ။
ကိုပေါက်(မန္တလေး)
September 27, 2012 at 10:05 am
တကယ်လက်တွေ့မှာ မိဘကလဲရက်စက်လို့ခိုင်းတာမဟုတ်ပါဘူး။
မတတ်သာလို့ပါ။
ဆိုင်ရှင်ကလဲ ကလေးမှရွေးခေါ်တာမဟုတ်လောက်ပါဘူး။
သနားလို့ပါ။
စာမျက်နှာပေါ်မှာသာ အော်ကောင်းတိုင်းအော်နေပါတယ်။
ဘာဖြစ်ညာဖြစ်ပေါ့။
တကယ်လို့များကျနော်သာ အဲလိုဆင်းရဲတွင်းနက်နေတဲ့မိဘများဖြစ်နေရင်
ဘာလုပ်ရမယ်ဆိုတာ မပြောနိုင်သေးဘူး။
ပါးစပ်ကသာပြောဘို့ဖြေရှင်းဘို့လွယ်တာပါ။
လက်တွေ့မှာ တကယ်ခက်ပါတယ်။
ကျနော်ကတော့လက်တွေ့ပေါ်မှာဘဲအခြေခံပြီး ဖြစ်နိုင်မဖြစ်နို်င် လုပ်သင့်မလုပ်သင့်စဉ်းစားတယ်ဗျာ.
ကိုခင်ခ
September 27, 2012 at 1:43 pm
လက်တွေ့ပေါ်စဉ်းစားတဲ့ ကိုပေါက် နဲ့ အတွေးပေါ် ရေးသားတဲ့ ကျွန်တော် ပေါ့ဗျာ။
ကိုခင်ခ
September 27, 2012 at 10:50 am
ပိုစ့်ရည်ရွယ်ချက် – ကျောင်းနေသင့်တဲ့အရွယ်ကလေးတွေ ပညာမသင်ရရှာဘဲ ဘဝအတွက် အလုပ်လုပ် နေရတာကို သနားမိပြီး ကလေးအရွယ်ဆိုပေမယ့် ဘဝစားဝတ်နေရေးအတွက် မနိုင်ဝန်ထမ်း၍ လုပ်ကိုင်နေရခြင်းကို စိတ်မကောင်းဖြစ်ခြင်းသာ။
etone
September 27, 2012 at 12:20 pm
စိတ်က ဆန်းဆစ်တစ်ဗ်ဖြစ်လွန်းလို့ ….. အခုလိုပုံမျိုးမြင်ရလျှင် စိတ်မကောင်းဘူး ။ ကိုယ်တွေလည်း ကလေးဘဝကနေ ကြီးခဲ့တာပဲမို့ … လူတန်းစေ့ကျောင်းတက်ခဲ့ရပြီး ၊ မိဘပိုက်ဆံ ထိုင်ဖြုန်းခဲ့တဲ့ ဘဝနဲ့ ယှဉ်ပြီးကိုယ်ချင်းစာမိပါတယ် ။ သူတို့လေးတွေကျတော့ အရွယ်နဲ့ မမျှအောင် ၊ ပင်ပင်ပန်းပန်းနဲ့ ဘဝကို ရုန်းကန်ရရှာတယ် ။ ကိုယ့်ဝမ်းစာ ရှာရုံတင်မက ၊ အရွယ်ငယ်ငယ်လေးနဲ့ မိသားစုအတွက်ပါ ပိုက်ဆံ ရှာရတယ် ။ အခြေနေကြောင့်သာ အနေနိမ့်ကျပေမယ့် သူတို့စိတ်လေးတွေ ၊ ကိုယ်တွေထက် အများကြီးသာပါတယ် ။
အများနည်းတူ စာတော့ သင်ချင်ကြမှာပါ ၊ ဒါပေမယ့် စားဝတ်နေရေးအတွက် ရုန်းကန်ရချိန် ၊ စာတတ်ဖို့ထက် ထမင်းနပ်မှန်ဖို့ ပိုအရေးကြီးတာကြောင့် ၊ အခုလို အသက်မပြည့်ပဲ အလုပ်ခွင်ထဲ ရောက်ကြရရှာတယ် … ။တစ်ချို့ဆို ၊ ကိုုယ်တိုင်အတွက်တောင်မဟုတ်ပဲ … မိသားစုအတွက်ပါ ရုန်းရတယ် .. အဲ့လို ကလေးကျတော့ စာသင်ဖို့စရိတ်ငြိမ်းဆိုတာတောင် စာမသင်နိုင်ရှာပါဘူး ။
အခုနောက်ပိုင်း ဘကကျောင်းတွေ ပေါ်လာပြီးနောက် … နေစရိတ် .. စားစရိတ်ငြိမ်းစာသင်လို့ ရမယ့်နေရာလေးတွေ ဟိုတစု ဒီတစုဖြစ်လာတယ် …. ။ဝမ်းသာစရာပါ .. ဒါပေမယ့်… ကိုယ့်ဝမ်းစာ ရှာစားနေရလို့ကျောင်းမတတ်နိုင်တဲ့ ကလေးတွေ အတွက်တော့ အဆင်ပြေကောင်းပြေနိုင်ပေမယ့် .. နောက်ကွယ်က မှီခိုနေတဲ့ မိသားစုရှိလျှင် … သူ့မှာ စာသင်ဖို့ မဖြစ် နိုင်ပါဘူး …။ မပြည့်မစုံပါလျှက် မွေးခဲ့တာ .. ဘယ်သူ့ကို အပြစ်ရမှန်း မသိလို့ ..မမြင်ရတဲ့ အတိတ်ကံကိုပဲ ..တရားခံလုပ်မိပါတော့တယ် ။
အန်ကယ်ရေ …. ဒီနှစ် 2 လပိုင်းက သမီးချောင်းသာ သွားတော့ … ကဏန်းရောင်းတဲ့ကလေးတွေ … စကားတောင် မပီသေးဘူးပဲ … ။ … တချို့ဆို သုံး နှစ် ၊ တချို့ ဆို ငါး နှစ် …မနက်သူများတွေ အိပ်ကောင်းတုန်း ..ဒယိမ်းဒယိုင်နဲ့ . ရေပုံးလေးတွေ ဆွဲပြီး …သောင်ပြင်မှာ ကဏန်းလွှတ်မယ့်လူ လိုက်ရှာနေတာ ။ မြင်ရတာ စိတ်မကောင်းဘူး … ။ တူလေးအရွယ်တွေမို့ … သူတို့သာ ဆန္ဒရှိလျှင် ၊ နှစ်ယောက် သုံးယောက်လောက်ကို သမီးလခထဲက အဲ့ဒီမှာပဲ ကျောင်းထားပေးမယ် တွေးခဲ့ပေမယ့် … ကျောင်းတက်လို့မဖြစ်ဘူးတဲ့ … အမေက ရောဂါသည် … အပြင်ထွက်အလုပ်မလုပ်နိုင်ဘူးဆိုပဲ … ။ ရင်ထဲတောင် နည်းနည်း နာကျင်သွားတယ် … ရောဂါသည်မို့ အလုပ်မလုပ်နိုင်ပေမယ့် …. ကလေးတော့ မွေးတတ်တယ်လားဆိုပြီး … မဆီမဆိုင်ကလေး အမေကို ဒေါကွီးမိသွားတယ် … ။ လက်ကမ်းပေးတာတောင် ဆွဲမတတ်နိုင်တဲ့ ဘဝတွေအများကြီးပဲ အန်ကယ်ရယ် ..စိတ်မကောင်းပေမယ့် … ဘာမှ လုပ်ပေးလို့လည်း မရ :byae:
နောက်ပြီး ကမာ္ဘအေး ဘုရားမှာ .. ငါးစာရောင်းတဲ့ ကလေးတွေ …. အဲ့ဒါလေးတွေက တောက ခေါ်ထားတာလေးတွေ …. အရင်က ရန်ကုန်ဆိုတာ မကြားဖူးဘူးတဲ့ … ။သူတို့ဆို တလမှ စားစရိတ်ငြိမ်း၊ နေစရိတ်ငြိမ်း ၊ လုပ်ခ ရှစ်ထောင်ပဲ ရတယ်တဲ့ … ။ ကလေးတစ်ယောက်နဲ့ အင်တာဗျူးဖူးတယ် … သားလေးကျောင်းမတတ်ဘူးလားလို့ မေးတော့ …. ၊ ကျောင်းတက်တော့ ပိုက်ဆံမှ မရတာ ၊ အလုပ်လုပ်မှပိုက်ဆံရတာလေ မမရဲ့တဲ ့ … ။ ဘာပြန်ပြောရမှန်းတောင် မသိဘူး … မျက်ရည်ဝဲမိတယ် … ။ ပြန်ရှင်းပြဖို့တောင် စိတ်မကောင်းလို့ … လစ်လျူရှုခဲ့ရတယ် … 🙁
ကျွန်မတို့နိုင်ငံမှာ ..အစိုးရနဲ့ အလုပ်သမား ဝန်ကြီးဌာနက … သေချာကိုင်တွယ်လျှင် ဒီပြသနာတွေ အထိုက်လျှောက်တော့ဖြေရှင်းလို့ ရနိုင်ကောင်းပါရဲ့ .. အသက်မပြည့်တဲ့ကလေးတွေကို အလုပ်ခွင်တွင်းခိုင်းစေမှုတွေ ၊ နေရာတိုင်းမှာ ရှိနေတုန်းပဲ … ။ ဒါ့ပြင်ကလေးကို မှီခိုပြီးစားသောက်နေတဲ့ မိဘတွေလည်း ဒုနဲ့ဒေးပဲ … ။ အဲ့လို လူတွေအတွက်ကျတော့ … ပညာပေးဖို့ လိုလာပြီ ။ အထူးသဖြင့် ဝင်ငွေမရှိပဲ …ကလေးတွေ တဖြုတ်ဖြုတ်မမွေးဖို့ .. သားဆက်ခြားဗဟုသုတပေးသင့်နေပြီ ။ :gee:
တာဝန်မယူနိုင်လျှင် မမွေးကြပါနဲ့လို့ပဲ ….. ပြောလိုက်ချင်ပါတယ် … :chee:
ကိုခင်ခ
September 27, 2012 at 1:27 pm
မအိတုံရေ သေချာပြည့်စုံစွာ ရေးပေးတဲ့ကွန်မန့်အတွက် ကျေးဇူးအထူးတင်ပါတယ်ဗျာ။
ရေးထားတာလေးကိုဖတ်ရင်းလည်း မျှဝေခံစားမိပါရဲ့။
manawphyulay
September 27, 2012 at 1:19 pm
ဘာပဲဖြစ်ဖြစ် မိသားစုလိုက် တောင်းစားနေတဲ့ကလေးတွေထက်စာရင် ခုလို လုပ်ချင်ကိုင်ချင်စိတ်ရှိတဲ့ ကလေးမျိုးတွေကိုတော့ ချီးကျူးမိတယ်။ ဘဝပေးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ ခံစားရတယ်နော်။ ဒီလိုလူမျိုးတွေအများကြီး ရှိနေပါသေးတယ်။ တချို့ကလေးတွေကျတော့ ကျောင်းတက်ချိန်မဟုတ်ပဲ ပြင်ပအချိန်မှာ အလုပ်လုပ်တာတွေလည်း မြင်ဖူးတယ်။ တစ်ခါတလေကျောင်းစိမ်းတောင်မချွတ်ကြတာ တွေ့ရှိရတယ်။
ကိုခင်ခ
September 27, 2012 at 1:36 pm
မှန်ပါတယ်မနှောရေ၊ လုပ်ကိုင်ချင်စိတ်ရှိတဲ့ ကလေးတွေကို ချီးကျူးသင့်ပါတယ်၊
ကျွန်တော် တစ်ခါတရံ ထီထိုးတတ်ပါတယ်၊ ဒါပေမယ့်ဆိုင်တွေမှာတော့ မဟုတ်ဘူး လဘက်ရည်ဆိုင် ဒါမှမဟုတ် ဘီယာဆိုင်ထိုင်တဲ့အခါ ကလေးတွေလာရောင်းတဲ့အခါ အားပေးလိုက်တယ်၊ ဆိုင်တွေက တဆင့်ပြန်ရောင်းရတာမို့ ဈေးနည်းနည်းကြီးတယ်ဆိုတာသိပေမယ့် သူတို့လေးတွေရဲ့ လုပ်အားကို အသိမှတ်ပြုချင်လို့ပါဗျာ။
ဇောက် ထိုး
September 27, 2012 at 3:26 pm
တွေ့ရ မြင်ရ သိရတာ တကယ်စိတ်မကောင်းစွာခံစားမိတယ်… ခုလိုတင်ပြတော့လဲ ကိုယ့်ပတ်ဝန်းကျင်ကို သတိပြုမိပါတယ်။ ဘုရား….ဘုရား…
mayjuly
September 27, 2012 at 5:00 pm
ပြုသူအသစ်…..ဖြစ်သူအဟောင်း တဲ့ …
ကလေးရေ ….. ကလေးရဲ့ ဘဝမှာ ဝဋ် ဆိုတာများရှိခဲ့လျှင် ….
အမြန်ဆုံးပြေပျောက်ပါစေတော့ကွယ် …
Green Rose
September 27, 2012 at 5:06 pm
၁. Green Rose သာမိဘဆိုရင်.. ဒီအရွယ်ခလေးကို အလုပ်လုပ်ခိုင်းမလား၊
ဟင့်အင်း. မခိုင်းပါဘူး။ ဒါပေမယ့် မိဘတွေဆိုတာကတော့ ကိုယ်လုပ်တဲ့အလုပ်တွေကို ကိုယ့်သားသမီးတွေက ကူညီကြတယ်ဆိုရင် ကြည်နူးပီတိဖြစ်နေကြတာမျိုးပါ။ သူများအလုပ်ကို ငွေရဖို့ခိုင်းတာမျိုးတော့ မဟုတ်ဘူးပေါ့.. အိမ်အလုပ်တွေဘာတွေလေ…Green Rose ဆိုလည်း ငယ်ငယ်လေးကတည်းက အမေ့ကို ကူပြီး တောက်တိုမယ်ရတွေ လုပ်ပေးခဲ့ဖူးပါတယ်။ တစ်ခါတစ်လေ.. ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ်.. တစ်ခါတစ်လေ အမေခိုင်းလို့ပေါ့
၂။ Green Rose သာ အလုပ်ရှင်ဆိုရင်.. ဒီအရွယ်ခလေးလေးကို အလုပ်ခန့်မလား?
ဟင့်အင်း .. မခန့်ပါဘူး။
ဘယ်အလုပ်ရှင်မှ အခကြေးငွေပေးပြီး အလုပ်မခန့်ပါဘူး။ ပေးရတာချင်းအတူတူ အလုပ်တကယ်လုပ်နိုင်တဲ့ အရွယ်တွေဆိုရင်သာ ခိုင်းချင်ခိုင်းမှာပါ။ ဒီလောက် ခလေးအလုပ်သမားပြသနာ တကမ္ဘာလုံးမှာ ပွက်လောရိုက်နေတာ ဒီအရွယ်လေးကို ဘယ်သူမှ မခိုင်းချင်ဘူး။ ခလေးအလုပ်သမားတွေကို ခန့်တယ်၊ ခိုင်းတယ်ဆိုတာက ဒီလိုအလုပ်မျိုးတွေမှာဆိုရင် နည်းနည်း အရွယ်ရနေတဲ့ ၁၃နှစ်၊ ၁၄ နှစ် ဝန်းကျင်လောက်တွေကိုပဲခိုင်းတာများပါတယ်။ နောက်ပြီး.. လဖက်ရည်ဆိုင်တွေမှာဆိုရင်တော့ ၉ နှစ် ၁ဝ နှစ်ဝန်းကျင်လောက်တွေကိုပဲ ခို်င်းကြတာပါ။ (ဒီလောက်ငယ်ငယ်လေးတွေကတော့..အင်း.. ရှိတော့ရှိတယ်.. တချို့နေရာတွေမှာ၊ သမာအာဇီဝ မကျတဲ့နေရာတွေမှာ.)
၃။ Green Rose သာ ခလေးလေးဆိုရင် ဒီအလုပ်ကိုလုပ်မလား။
ဟင့်အင်း Green Rose အဲဒီ့အရွယ်တုန်းက ဘယ်အလုပ်ရှင်ဆီကိုမှ အလုပ်သွားမလျှောက်ဖူးပါဘူး။
အလုပ်ရှာလုပ်ဖို့၊ ငွေရှာဖို့.. ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
ဖြစ်နိုင်တာက ဒီဓါတ်ပုံထဲက ခလေးလေးဟာ အဲဒီ့အလုပ်လုပ်တဲ့ အလုပ်သမား တစ်ယောက်ယောက် ရဲ့ ခလေးပဲဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ရင်လည်း သူတို့အိမ်မှာ အိမ်ဆောက်နေတာ၊ ပြင်နေတာ၊ တစ်ခုခု လုပ်နေတာမျိုးဖြစ်မယ်ထင်ပါတယ်။ သူ့ရှေ့မှာ သူ့ မိဘ၊ အကို၊ အမ တွေ တခြားသူတွေ အလုပ် လုပ်နေတာမြင်ပြီး သူလည်း ဝင်လုပ်ပေးတာမျိုးဖြစ်ပါလိမ့်မယ်။ မိဘတွေကလည်း ငါ့သားလေးက လိမ်မာလိုက်တာ မိဘကို ကူညီတယ်ဆိုပြီး ခဏတဖြုတ် ကြည့်နေတာမျိုးပဲဖြစ်မှာပါ။
Fall Guy
September 27, 2012 at 6:42 pm
အင်း….ပြောရမယ်ဆိုရင်တော့ အဓိကမိဘတွေအပြစ်လို့ဘဲပြောချင်တယ်။ သားသမီးကိုငွေရှာဖို့သက်သက်အသုးံချနေတာအများကြီးတွေ့ဘူးတယ်။တောနယ်တွေကများတယ်။
အလင်းဆက်
September 27, 2012 at 7:21 pm
ဟုတ်ပါ့.. ကိုခင်ခ…..ရေ…
မေးခွန်းတွေ… ဆက်မေးဦးဗျို ့။
ပြေးပြီ
🙂
မဟာရာဇာ အံစာတုံး
September 27, 2012 at 8:16 pm
အဲ့ဒီလို ကလေးလေးတွေရယ် ..
လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုး လုပ်နေရတဲ့
ကလေးလေးတွေရယ် ..
မြင်မိတိုင်းမှာ စိတ်မကောင်း ဖြစ်မိတယ်ဗျာ …
ကိုခင်ခ
September 28, 2012 at 6:05 am
မျှဝေခံစား ကွန်မန့်ပေးကြသူများအားလုံးကျေးဇူးပါ၊
တင်ထားတဲ့ပုံကို လေ့လာမေးကြည့်တော့ တကယ်အုတ်ဖုတ်တဲ့ လုပ်ငန်းခွင်ကပုံပါတဲ့၊ မတ္တရာဘက် အုတ်ဖုတ်လုပ်ငန်းလုပ်တဲ့ရွာမှာ အဲဒီလိုလုပ်နေရကြောင်းပါတဲ့၊ မန်းက သွားရင် တစ်နာရီကျော်လောက်ဘဲသွားရတာမို့ အကယ်၍များမယုံကြရင် မန်းကိုရောက် အောင်လာပြီး ဆက်သွယ်လိုက်ပါ လိုက်ပို့ပြပေးပါမယ်ဗျာ။
ဦးခင်ခ။
Crystalline
September 28, 2012 at 12:18 pm
ပုံလေးကြည့်ပြီးတကယ့်ကိုရင်ထဲခံစားရတယ်။ အပေါ်က Green Rose နောက်ဆုံးဖြေတွေးထားသလိုဖြစ်ရင် ကောင်းမယ်။ အဲဒီလိုအရွယ်မရောက် ကလေးလေးတွေ သူတို့နဲ့ မအပ်စပ်တဲ့အလုပ်လုပ်နေကြရတာ..သက်ကြီးရွယ်အိုတွေပင်ပင်ပန်းပန်းလုပ်တာတွေတွေ့ရင် တကယ့်ကို မခံစားနိုင်ဘူး။ ကိုယ်ကလည်းဘာမှထိထိရောက်ရောက်မလုပ်ပေးနိုင်ဘူး။ ကျမစလောင်းမှာအဲဒါမျိုးတွေတွေ့ပြီး မကြာခဏမျက်ရည်ကျမိတယ်။
kai
September 28, 2012 at 2:37 pm
ငွေကြေးတွေ.. စနစ်တကျမစီးဆင်း.. လည်ပတ်လှည့်သွားအောင်မလုပ်တတ်လို့.. ဒီလိုဖြစ်တယ်မှတ်ပါတယ်..။
ငွေတွေဟာ.. ငွေတွေကို စီမံခန့်ခွဲတတ်သူတွေလက်ထဲ.. ရှိသင့်ကြောင်း… :kwi:
ထလော့ မြန်မာ ထလော့..။
ထလော့ မြန်မာ ထလော့..။
တို့တိုင်းပြည်
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင် ယာစကာမျိုး
တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း
ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောက ပြိတ္တာဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျှော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးမြားမြောင် ဉာဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍ တဝမ်းတစိတ် ညီစေသတည်း။
ဆရာဇော်ဂျီ
ကိုခင်ခ
September 28, 2012 at 4:41 pm
အမှန်အကန်ဘဲ သူကြီးရေ ငွေကြေးလည်ပတ်မှု စနစ်ကောင်း မတည်ဆောက်နိုင်သရွှေ့တော့
ဆင်းရဲမှုပပျောက်ရေးလည်း တဖြေးဖြေးမျောရှာမပေါ့၊ ဦးကထိန်း ပဲ့ကထောင်၊ ပဲ့ကထိန်း ဦးကထောင်နဲ့ဘဲ
ကြာခဲ့တာလည်းနှစ်မနည်း၊ ဘယ်တော့များ စနစ်ကောင်း ခေတ်ကောင်းရောက်မလဲ
မျှော်ရတာလဲ မောလှသပေါ့ဗျာ။
မောင်ပေ
September 28, 2012 at 8:08 pm
ဒီပို ့စ်ကို ဖတ်ရတော့
သဂျီး ရေးခဲ့ဖူးတဲ့ ကွန်မင့်ကို ပြန်သတိရမိတယ်
မိမိကိုယ်ကိုကောင်းအောင်အရင်လုပ်
မိမိ မိသားစုဆွေမျိုးတွေအတွက်လုပ်
မိမိ နေထိုင်ရာ မြို ့ရွာအတွက် လုပ်
မိမိ နိုင်ငံအတွက် လုပ်
ဆိုတော့… စူပါမင်းဖြစ်ဖို ့၊ စူပါအောက်ခြေကနေ တစ်ဆင့်ချင်းတက်ရတာပေါ့
ကိုခင်ခ
September 29, 2012 at 5:59 am
အဆင့် တဆင့်နဲ့ တဆင့်က အကျယ်ကြီးအမြင့်ကြီးမို့ ဒီအတိုင်းခြေလှမ်းမရတဲ့အတွက်
ကုတ်ကက်ဖက်တွယ်တက်ရလို့ မောရပ ဆရာပေရေ။
YE YINT HLAING
September 29, 2012 at 6:29 am
Shingleခေါ်တဲ့ မြစ်ကျောက် တွေ ကို တောင်းတွေထဲမှာ ထည့်ပြီး လှေဝမ်းထဲ ကနေ ကုန်းပေါ်တင်နေတဲ့ ကလေး အရွယ်ကနေ အသက် ( ၅ဝ ) ကျော် ( ၆ဝ ) နီးပါး အရွယ်တွေ အထိ အသက်အရွယ် အလိုက် ထမ်းရွက် သယ်ပိုး နေကြတယ် ။ ရေ စို နေတဲ့ မြစ်ကျောက်တွေပေါ့ဗျာ ! နေရာက လှိုင်မြစ် ကမ်း ဘေးမှာ ! ဖိနပ် မပါတဲ့ သူက များသလို သူတို့ အလုပ်လုပ် နေကြတာ နေပူကျဲကျဲ အောက်မှာ ။ လှေကြီးရဲ့ ကိုယ်ထည်မှာ အဲဒီက အလုပ်သမား တစ်ယောက်က မြေဖြူနဲ့ စာရေး ထားတယ် ” ငါတို့မှာ အတောင်ပံ တစ်စုံ ရှိလာမယ် ဆိုရင်တောင် မိသားစု ဆိုတဲ့ နံရံ ကြီးကို ကျော်လွန်ပြီး မပျံသန်း နိုင်ဘူးတဲ့ ” အဲဒီစာလေး ကို ဖတ်မိပြီး သူတို့ အလုပ်လုပ်တာကို ကြည့်နေရင်း ကနေ ရင်ထဲ ဆို့လာတယ် ။ ဒါကြောင့် ဒီနံရံ တွေကို တည်ဆောက်ထားခဲ့တဲ့ အာဏာရှင်တွေကို မုန်းတယ် ။ ခရိုနီ တွေကို မုန်းတယ် ။
uncle gyi
September 29, 2012 at 9:27 am
မအိတုန်နဲ့ကိုပေါက်ရေးထားတာသဘာကျလို့နဲနဲထပ်ဝင်မန်းလို်က်အုန်းမယ်
ကလေးကိုခို်င်းတာကိုသဘောမတူနိုင်ပေမဲ့အမေနေမကောင်းလို့ဆိုတော့ဘာထပ်ပြောမလဲ
ကျွန်တော့်ကိုယ်တွေ့လေးတခုပြောပြမယ်
အိမ်ထောင်ဦးစီးကသန်သန်မာမာအလုပ်ကိုလက်ကြောတင်းအောင်မလုပ်
အိမ်ထောင်ရဲ့စားဝတ်နေရေးဘာမှမရှာပေး
သမီးအကြီးက၁၂နှစ်လောက်ရှိမယ်ထင်တယ်စားစရာမရှိတော့အလုပ်ရှာလုပ်အဲဒီဝင်ငွေလေးနဲ့မိသားစု၅
ယောက်စားကြတာ
အမေဆိုတာဝတ်စရာမရှိလိုကြည့်လိုက်ရင်ရင်ရှားနဲ့
ဒီကြားထဲအမေကကလေးတယောက်ထပ်မွေးအနှီးပတ်စရာမရှိလို့ကလေးကိုဒီအတိုင်ထားတာ
မြင်လို့မနေနိုင်သူတွေစုပြီးအဝတ်ဟောင်းကလေးတွေပေးအဲဒီအဝတ်ဟောင်းကလေးတွေကို
အဖေလုပ်သူကပေါင်ပြီးသုံး
နောက်ဆုံးကုန်တော့ရွာပြန်မယ်ဆိုပြီးပြန်သွားတာ
လမ်းစရိတ်တောင်ပေးလိုက်ရသေး
ကဲဒီလိုကလေးလုပ်သားမျိုးကိုခိုင်းတဲ့အလုပ်ရှင်ကိုအရေးယူမလား
အလုပ်မလုပ်ကလေးထိုင်မွေးနေတဲ့အဖေကိုအရေးယူမလား
ကိုပေါက်ပြောတဲ့
ပါးစပ်ကသာပြောဘို့ဖြေရှင်းဘို့လွယ်တာပါ။
လက်တွေ့မှာ တကယ်ခက်ပါတယ်။
ဆိုတဲ့စကားလေးကိုသဘောကျရင်း
ကိုခင်ခ
September 29, 2012 at 3:18 pm
YE YINT HLAING နဲ့ uncle gyi တို့ကိုလည်း ကွန်မန့်လေးအတွက် ကျေးဇူးပါ။
မအိတုံကလည်း ကိုယ်ချင်းစာစိတ်လေးနဲ့ တင်ပြရေးသွားတာအတော်ကိုကောင်းသလို အဲဒီကိုယ်ချင်းစာ
တတ်တဲ့စိတ်ကို ဖတ်ရင်းနဲ့မျှဝေခံစားမိရပါတယ်၊ ကျွန်တော် ပိုစ့်ရည်ရွယ်ချက်ကို ကွန်မန့်မှာ ပြန်ညွှန်းပေးခဲ့ တာလည်း အဲဒီကိုယ်ချင်းစာသနားစိတ်အခြေခံပါဘဲ၊ အန်ကယ်ကြီးရေးသလိုဘဲ မိဘကခိုင်းစားလို့ဘဲ ဖြစ်ဖြစ် ဘဝပေးကြောင့်ဘဲဖြစ်ဖြစ် ကျွန်တော်တို့ အဲဒီအရွယ်မှာ ပညာကိုအေးအေးလူလူကျောင်းတက် သင်နိုင်ပေမယ့် သူတို့လေးတွေဘဝက ခါးသည်းလှပါလား ကလေးတွေကို သနားမိတာလေးပါဘဲ။
အဲဒီမှာ ကိုပေါက်က လက်တွေ့ဆန်ဆန်ရေးလာတာလည်း ကျွန်တော်ပြန်ငြင်းဆိုစရာမရှိသလို အန်ကယ်ကြီး ကထပ်ဆင့်ပြီး အပြောလွယ်သလောက် လက်တွေ့ခက်တယ်ဆိုတာကိုလည်းလက်မခံနိုင် စရာမရှိပါဘူးခင်ဗျ၊ ဒါဆို လက်တွေ့ခက်လို့ ကျွန်တော်တို့တွေ ဘာမှမလုပ်ဘဲ နေကြမှာလား ဒါလည်းစဉ်းစားစရာဖြစ်ပြန်ရော သနာမိခြင်း စာနာခြင်းက ပေးကမ်းထောက်ပံခြင်းကို လှုံဆော်တဲ့ အားဖြစ်စေသလို လက်တွေ့ဆန်မှု့တွေက မင်းလုပ်နိုင်ရင်မင်းလုပ် မင်းလုပ်သလောက်ရမယ် အလကား တော့ဘယ်အရာမှ မရဘူးဆိုပြီး အားအင်တွေ မခံချင်စိတ်တွေကို ဖြစ်စေပြန်ပါတယ်၊
အဲဒီတော့ ခြုံငုံသုံးသပ်လိုက်ရင် စာနာသနားသူတွေက ကူညီထောက်ပံဖို့ နည်းလမ်းရှာဆောင်ရွက်နေ ကြနိုင်သလို လက်တွေဆန်သူတွေကလည်း ကလေးတွေကို မာနအားတွေပေးဝေမျှနေကြမယ်လို့ဘဲ အတွေးပါးပါးရေးသားလိုက်ပါသည်။ ( မှားရင်လည်း မှားပေမပေါ့ ခင်ဗျာ )