ဘယ်ကျောင်းထားမှာလဲ နှင် ့ ကျောင်းဒုက္ခ
ဒီပို့စ်ကိုရေးဖို့ တော်တော်စဉ်းစားခဲ့ရပါတယ် ။
ဦးကြီးမိုက်ရဲ ့ ပို ့စ်မှာ စိတ်ခံစားမှုတစ်ခုနဲ့ ဝင်ပြောခဲ့ပေမဲ့ကိုယ်တိုင်ရေးဖို့ လက်တွန် ့မိပြန်ပါတယ်လေ ။ အဓိက ကတော့ ဒေါသအလျောက်အဂတိ လိုက်စားမိမှာစိုးရိမ်လို့ပါ ။ ဒါကြောင့် အတန်ငယ် နောက်ကျမိပါတယ် ။
ဘယ်ကျောင်း ၊ ဘယ်သူ ရယ်လို့ နာမည်မတတ်တော့ပါ ။ သိပြီးသားဖြစ်တာကြောင် ့ရယ် ၊ ကျောင်းတော်တော်များများနဲ့ ကျောင်းသားမိဘတွေရဲ ့ အဖြစ်တွေက အတူတူ နီးပါးဆိုတော့ ကျွန်တော့် ဘက်က အမြင်နဲ့ ဖြစ်ရပ်ကိုပဲ တင်ပြသွားပါရစေ …..။ လိုရင်းက စရရင်တော့ …..လွန်ခဲ့တဲ့ ( ) နှစ်ကပေါ ့ ။
ကျွန်တော့် ကလေးက မူကြိုအရွယ်ပဲရှိပါသေးတယ် ၊ ဒါပေမဲ့ နောက်နှစ်ဆိုရင် ကျောင်းကြီးတက်ရတော့မှာပဲလို့ကြိုတင်တွေးရင်း ရင်မောမိရတာပေါ ့ ။ ကျွန်တော်တို့က မရှိ မရှား စားလောက်ရုံသာဝင်ငွေရှိသူပါ ။ ဒါပေမဲ့လဲမိဘဖြစ်လာပြီဆိုတော့လည်း ကိုယ့်အလှည် ့တုန်းကဘာပဲဖြစ်ခဲ့ပါေစေ သူတို့လေးတွ အဆင်ပြေစေချင်တယ် ။
အပေါင်းအသင်း ၊ အသိုင်းအဝိုင်း ဆိုတာတွေက ကိုယ်ကောင်းရင်ခေါင်းမရွေ ့ဘူးလို့ပဲဆိုထားပါစေ ……
တကယ်တော့ မစွန့်စားရဲကြဘူးမဟုတ်လား ။ ဒီလိုအတွေးနဲ့ နှစ်စကတည်းက လက်လှမ်းမှီရာစုံစမ်းရင်းကလေးကျောင်းအပ်ဖို့ အစီအစဉ် ဆွဲရပါတော့တယ် ။
မိတ်ဆွေတွေက ပြောကြပါတယ် ။ ဘယ်ကျောင်းက ဘယ်လို ၊ ဟိုကျောင်းက ဟိုလို ….။ နားထောင်ရင်းကျောင်းအပ်ခ စားရိတ်ကို တွက်ကြည် ့တော့ အနည်းဆုံးက (၇) သိန်း ၊။ TTC ပေါက်ဈေးက အဲ့ အချိန်ကအကပ်မရှိ ရင် ပွဲခအပါအဝင် သိန်း(၂၀) အနည်းဆုံး ။ ကျွန်တော် ဘယ်တတ်နိုင်မှာလဲ …။ ဒါဆို အခြားကျောင်းမှာထားပေါ ့ ဆိုတော့လည်း စဉ်းစားစရာလေးတွေက ရှိလာပြန်သေးတယ် ….။
(၁)ကျွန်တော်တို့က ကလေးကိုအနီးကပ် မကြီးကြပ်နိုင်
(၂)ကျောင်းကောင်းကောင်း ထားလျှင် ထိုကျောင်းများ၏ပုံစံဝင်ပြီး ကြိုးစားမည် ဟုထင်
(၃)စည်းကမ်းနှင် ့ အုပ်ထိန်းမှုကောင်းမည် ဟုထင်
(၄)စာတတ်ခြင်း မတတ်ခြင်း မကွာသော်လည်း ကလေးပျက်စီးနိုင်မှု နည်းပါးမည် ဟု ထင်
(၅)ကြိုးစားသော သူများနှင် ့ပေါင်းသင်းမိလျှင် ကိုယ် ့ကလေးလည်း ကြိုးစားမည်ဟုထင်
(၆)မြန်မာပြည် ကျောင်းပညာရေး မစွံမှန်းသိသော်လည်း ရွေးချယ်စရာမရှိ
(၇)ဥစ္စာ စီးပွားအမွေမပေးနိုင်၍ အသက်မွေး ဝမ်းကျောင်းပညာ တစ်ခုခု သင်ခွင့် ရရန်လိုလား
(၈)ဆန်မရှိ ၊အစားကြီး ဆိုသလို လောဘကြီးခဲ့သော ကျွန်တော်တို့၏ရွေးချယ်မှု
အထက်ပါအကြောင်းပြချက်တွေကို လှိုင်လှိုင်ပေးရင်း ပိုက်ဆံစု ၊ ပွဲစားရှာပြီးအဆိုပါနာမည်ကြီးကျောင်းကိုရောက်ခဲ့တော့တာပါပဲဗျာ။
(၇)သိန်းခွဲ ကျပါတယ် ။ (၅)သောင်းက ကျောင်းရံပုံငွေ နဲ ့ ပြုပြင်မွန်းမံအတွက် အဆိုပြုတဲ့ အလှူငွေဖြစ်ပြီး(၇)သိန်းကတော့ ပူဇာစ ပူဇနေယာနံ ၊ အာစရိယဂုဏံ အဟံဝန္ဒာမိ ပေါ ့ဗျာ ။
ဒီလိုနဲ့ ကျောင်းရောက် ၊ ထုံးစံအတိုင်း ကျူရှင် ….ဂိုက်…စသည်ဖြင် ့ ကလေးလဲမနားရတော့ ပါ ၊။
ကျွန်တော်မကြိဲုက်တာက သူတို့ရဲ ့စာသင်တဲ့ စံနစ် ။ အခြားကျောင်းတွေလည်းဒီလိုပဲ ဖြစ်မယ်ထင်ပေမဲ့ ကိုယ်တွေ့ ကိုပဲပြောပါရစေ …..။ ဒါပေး …ဒါမေး …၏သည်၍မလွဲ …ဖျက်ရာပါအမှတ်လျော့ …..။
စာစီစာကုံးကြိုရေးပြီးတင် …..(၄)မျက်နှာဆိုအမှတ်လောက်(၅)မျက်နှာဆို အမှတ်ဘယ်လောက် …။
ဆရာမနှစ်ယောက်သင်သော သချင်္ာဖြစ်လျှင် ဩဇာညောင်းသောဆရာမ၏နည်းဖြင် ့တွက် ….မဟုတ်လျှင်အမှတ်လျော့ ခံရ …..။ ဒါတွေက မှတ်မိသလောက် သူတို့ရဲ ့ အမှတ်ပေးနည်းလမ်းတွေ ပါ ။
မြန်မာစာနှင် ့ပြီးသော သူက ကျောင်းအုပ်ကြီးကို အပေးကောင်းလျှင် သင်္ချာသင်ရပါတယ် ။ ရုပဗေဒ သမားကသမိုင်းသင်ရလို သင်ရ …။ ဒီလို အကြောင်းတွေကြောင် ့ ဆရာမတွေလည်း ကလေးတွေရှေ့မှာ အထူးထုတ်ကြီးကိုင်ပြီး သင်ရ ၊ နားလည်အောင်မရှင်းနိုင်တော့ မသိလို့မေးရင် ပြန်မဖြေ …….နောက်ဆုံးတာ့ …..
ကျွန်တော်တို့ မိဘများမှာ မှန်းချက်နဲ့ နှမ်းထွက်ကမကိုက်တော့ ထင်ထားတာတွေ ဘေးချိတ်ပြီး ညဖက်တွေမှာကလေးကိုစာသင်ရင်း ကျောင်သားကြီးတွေပြန်ဖြစ်နေရပါတော့တယ် …..။
ကျောင်းမနေခင်က ထင်ခဲ့တာတွေအားလုံး လွဲခဲ့ပါတယ် .။ တကယ်တော့ ကိုယ်တိုင် စောင် ့ရှောက်ဖန်တီးကြရတာပါပဲ .။ ကျားကြီး ခြေရာကြီး ဆိုသလို စားရိတ်တွေက ကြီးတယ် ။ အလှူခံ တဲ ့ ….ကလေးကိုအတန်းထဲမှာ (၁၀၀၀) ကျပ်တန် ငွေစက္ကူကဲုပြလိုက်ပြီး ဒါမျိုးယူခဲ့ လို့ ဆိုပါတယ် ။ (၅၀၀) တန်နဲ့ (၂၀၀)တန် ကိုပြပြီးဒါမျိုးမယူခဲ့နဲ့နော် တဲ့ …..။ အခု (၁၀၀၀၀)တန်ထွက်လာတော့ မျက်ခုန်းခတ်လှုပ်လှုပ် ဖြစ်မိပါပြီ .။ ကျောင်းဖွင် ့ချိန်မှာ ပိုက်ဆံ မကောက်ခံရဆိုတော့ အစည်းဝေးမှာ ကလေးတွေအတွက်ခြင်ဆေးဖြန်းတာ တို့ စာသင်ခုံတွေ
ပြင်ဆင်တာ တို့ မလုပ်ပေးနိုင်တော့ဘူး တဲ့ ….ကဲဗျာ ဒီလောက်နဲ့ပဲ နားခွင် ့ပြုပါ …ကျူရှင်လုပွဲတွေ …အတန်းမှုးလုပွဲတွေ ….အတန်းပိုင်လုပွဲတွေနဲ့ …..သူဌေးသားသမီး အရာရှိသားသမီးတွေကို တပည် ့မွေးတဲ့ တပည် ့လုပွဲတွေကိုတော့ နောက်တစ်ခါမှပဲ ရေးသားခွင် ့ပြုပါတော့ လို့ …..။
47 comments
KyawThein
September 30, 2012 at 1:35 am
မပြည့်စုံသေးပါ
နောင်ရေးခွင် ့ရလျှင် ကြိုးစားပါမည်
P chogyi
September 30, 2012 at 10:44 am
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အခမဲ့ပညာသင်ပေးပါသည်။
နိုင်ငံတကာအဆင်မီကျောင်း(ဖက်စပ်)များတွင် အလွန်ဈေးကြီးပါသည်။
ကိုယ့်ဘာသာကိုယ် အဲဒီကျောင်းမှာအပ်လို(လာဘ်ထိုးလို့)ကုန်တာ မတတ်နိုင်ပါ။
မြန်မာတစ်ပြည်လုံးက ကျောင်းသားများ အဲဒီကျောင်းမှာမတက်ပါ။
မြန်မာတစ်ပြည်လုံးတွင် အဲဒီကျောင်းတစ်ကျောင်းထဲ ဂုဏ်ထူးထွက်သူ၊ စာတော်သူရှိတာမဟုတ်ပါ
အခြားသင့်တင့်သောကျောင်းများရွေးချယ်အပ်နှံနိုင်ပါသည်။
(ပိုက်ဆံစု ၊ ပွဲစားရှာပြီး အဆိုပါနာမည်ကြီးကျောင်းကို
ရောက်ခဲ့တော့တာပါပဲဗျာ။
(၇)သိန်းခွဲ ကျပါတယ် ။ (၅)သောင်းက ကျောင်းရံပုံငွေ နဲ ့ ပြုပြင်မွန်းမံအတွက် အဆိုပြုတဲ့ အလှူငွေဖြစ်ပြီး
(၇)သိန်းကတော့ ပူဇာစ ပူဇနေယာနံ ၊ အာစရိယဂုဏံ အဟံဝန္ဒာမိ ပေါ ့ဗျာ ။)
မိမိရွေးချယ်မှုသာဖြစ်ပါသည်။
KyawThein
September 30, 2012 at 11:47 pm
@P chogyi
ဝေဖန်ထောက်ပြတာ ကျေးဇူးပါ ။ ကိုယ့်သမိုင်းကိုယ်ရေး ရတာအမှန်ပါပဲ ။
ဒီပို ့စ်က ဝင်ဖွတာတော့မဟုတ်ပါ ။ဒီကိစ္စက အရင်ကတည်းကပွပြီးသားပါ ။
myanmar oscar
September 30, 2012 at 2:07 am
ခင်ဗျားအပ်မှာက ကလေးလား၊ လူကြီးလား။ ဖတ်နေရင်းနဲ့ ကလေးက အတန်ကြီးသွားတယ်။
( ကျွန်တော်တို့က မရှိ မရှား စားလောက်ရုံသာဝင်ငွေရှိသူပါ) မရှိမရှားဝင်ငွေရှိသူက တနေ့
(၄၀၀၀) ဆိုပါဆို့၊ တလမှာ (၁၂၀၀၀၀)၊ တနှစ်မှာ (၁၄၄၀၀၀၀) ဝင်ငွေရှိပါတယ်။
(ကျောင်းအပ်ခ စားရိတ်ကို တွက်ကြည် ့တော့ အနည်းဆုံးက (၇) သိန်း)
ကဲ ခင်ဗျားလက်ထဲမှာ (၇၄၀၀၀၀)ပဲကျန်တော့တယ်။ အဲ့ဒီတော့ ခင်ဗျား တစ်လကို (၆၀၀၀၀) ကျော်နဲ့
တစ်ရက်ကို(၂၀၀၀) ကျော်နဲ့ သုံးလို့လောက်မလား၊ဒါတောင် လူမှုရေး၊ကျန်းမာရေး မပါသေးဘူးနော်
စဉ်းစား…စဉ်းစား..
KyawThein
September 30, 2012 at 8:39 am
ကျွန်တော်ရေးသားပုံညံ ့လို ့ အဓိပ္ပါယ်လွဲသွားပုံရတယ်
ကျေးဇူးပါပဲmyanmar oscar ရေ
ကျွန်တော်ပြောချင်တာက ကျောင်းမတက်ခင်မိဘများရဲ ့သောကနဲ ့
ထင်မြင်ထားမှုနဲ ့ ကျောင်းတက်ပြီးကြုံတွေ ့ရတဲ ့ အခြေအနေ
တက်တက်စင်အောင်လွဲနေပေမဲ ့ ရွေးချယ်ခွင် ့နည်းပါးတဲ ့ သာမန်အရပ်သားတွေ ရဲ ့အနေအထား ။ ဒါလေးကို အနည်းငယ်ထည် ့ပြော
တာပါ ။ မပြည် ့စုံသေးပါဘူး ။ ကွန်မန် ့ပေးဖတ်ရှုပေးတာကျေးဇူးပါ။
kai
September 30, 2012 at 2:39 am
ဘာရယ်တော့မဟုတ်..
အောက်က.. နယူးစ်ဝိခ် မျက်နှာဖုံးဆောင်းပါးလေး ဘာသာပြန်တင်ပေးနိုင်ရင်ကောင်းမှာပဲလို့..
အဲ..
မြန်မာမှုပြုပြီးတော့ပေါ့…
သူတို့တွေကိုင်ထားတာ. ကျောင်းစာရိပ်အကြွေးစာရင်းတွေပါနော..
တကမ္ဘာလုံးရဲ့.. “မိဘများရဲ့ဒုက္ခသေတ္တာ”လေးတွေထင်ပါကြောင်း…
KyawThein
September 30, 2012 at 8:51 am
ဦးခိုင်ပေးတဲ ့ နာမည်လေးလိုက်ဖက်လှပါတယ်
မြန်မာမှုပြုတာကတော ့ ဒီဂဇက်ထဲကရွာသူားတွေ အားလုံးနီးနီးလုပ်နိုင်ပါလိမ် ့မယ်
ဆရာမကြီးတီတီနုကတော ့ ပိုပြီးသင့်လျော်မယ်လို ့ယူဆမိပါတယ်
ကိုပေ ရေ
လာရောက်ဖတ်ရှုပေးတာကျေးဇူးပါဗျာ ။မိဘတွေကတော ့ဒီလိုပါပဲ
ကိုယ် ့အလှည် ့ဆိုတာမရှိတော ့ပါဘူး ။သူတို ့အလှည့်ဖြစ်သွားပါပြီ
မောင်ပေ
September 30, 2012 at 2:57 am
ကိုကျော်သိန်းရေ ခင်ဗျားပိုစ့်ကိုဖတ်အပြီး
ကျုပ် ငယ်တုန်းက ကျုပ်မိဘတွေ ဘယ်လောက် စိတ်ရှုပ်ထွေးခဲ့မလဲ ဆိုတာကို စဉ်းစားမိပြီး မိဘမေတ္တာကို နားလည်မိတယ်
တစ်ကယ် ကျေးဇူးပါဗျား
the best
September 30, 2012 at 6:59 am
အားလုံးကိုခြုံပြောရရင် “ရင်းနှီးမြုပ်နှံမှု”ပေါ့။
သားသမီးတွေ နောင်ရေးအတွက် နာမည်ကြီးကျောင်းရဖို ့ မိဘတွေက ရင်းနှီးမြုပ်နှံရတယ်။
ဆရာ၊ ဆရာမတွေကလည်း ကျူရှင်ပေးလို ့ရတဲ့ ဘာသာ သင်ရဖို ့၊
လိုချင်တဲ့အတန်းသင်ရဖို ့ ကျောင်းအုပ်တွေကို ပေးခဲ့ရ ရင်းခဲ့ရတယ်။
ကျောင်းအုပ်တွေကလည်း များများစားလို ့ရတဲ့ကျောင်းရဖို ့၊ ပေးခဲ့ရ ရင်းခဲ့ရတယ်။
ညွှန်မှူးကလည်း များများစားလို ့ရတဲ့ ……..ရဖို ့ ။ ပေးခဲ့ရ ရင်းခဲ့ရတယ်။
ညွှန်ချုုပ်ကလည်း များများစားလို ့ရတဲ့ ……..ရဖို ့ ။ ပေးခဲ့ရ ရင်းခဲ့ရတယ်။
ဒုဝန်ကြီးကလည်း များများစားလို ့ရတဲ့ ……..ရဖို ့ ။ ပေးခဲ့ရ ရင်းခဲ့ရတယ်။
ဝန်ကြီးကလည်း များများစားလို ့ရတဲ့ ……..ရဖို ့ ။ ပေးခဲ့ရ ရင်းခဲ့ရတယ်။
ဝန်ကြီး အပေါ်က အဆင့်ဆင့်တွေကလည်း များများစားလို ့ရတဲ့ ……..ရဖို ့ ။ ပေးခဲ့ရ ရင်းခဲ့ရတယ်။
နောက်ဆုံးတော့ ပညာရေးစနစ်ကြီးရဲ့ ရင်းနှီးမြုပ်နှံမှုတွေရဲ့ အကျိုးက ကျောင်းသားမိဘတွေ ခံရဖို ့ပဲပေါ့။
အဆင့်မမီ၊ အဆင့်မရှိတဲ့ ပညာရေးစနစ်မှာ ဒီလို ရင်းနှီးမြုပ်နှံရတာ ရင်နာတယ်ဗျာ။
အဲဒီလိုမျိုး ရင်းနှီးမြုပ်နှံမှုတွေက မြန်မာတစ်နိုင်ငံလုံး ရှိနေကြပါတယ်။
လုပ်ရိုး လုပ်စဉ်ဖြစ်နေတာကြောင့် မဆန်းတော့ပါဘူး။
ကျွန်တော်တို ့ ငယ်ငယ်က စာပေးပွဲမှာ ခိုးချရင် ရှက်စရာဆိုပေမဲ့၊
အခုခေတ်က ရှက်စရာမဟုတ်တော့ဘူး။
ဒီလိုပဲ ဌာနအသီးသီးက တောင်းရမ်းပေးကမ်းနေကြတာတွေဟာ
အခုခေတ်မှာ ရှက်စရာမဟုတ်တော့ပါဘူး။
အဲဒီလိုရင်းနှီးမြုပ်နှံမှုတွေ အဆင့်ဆင့်ထဲက ငွေမရင်းနိုင်တဲ့ အမျိုးသမီးတွေက
လိုချင်တဲ့နေရာရဖို ့ လူရင်းရတဲ့ အဖြစ်ကလည်းရှိနေပါတယ်။
ဒါကတော့ အခုခေတ်မှာ ရှက်စရာကောင်းနေသေးတယ်။
နောင်ဆိုရင်တော့ ရှက်စရာကောင်းပါအုံးမလား။
the best
September 30, 2012 at 7:31 am
အခုဆိုရင် လူတွေ၊ ခေတ်တွေ၊ စနစ်တွေ စပြောင်းနေပါပြီ။
ခေတ်ဟောင်းက မကောင်းတာတွေ ချန်ခဲ့ဖို ့လည်းပြင်နေပါပြီ။
ပြည်သူတွေလည်းဒါကိုပဲမျှော်လင့်နေကြပါတယ်။
မြန်မာနိုင်ငံသစ်ရဲ့ မူသစ် စနစ်သစ် အပြစ်ကင်းပါစေ။
အားကိုးပါရစေ…. အားကိုးပါရစေရှင့်၊
အားကိုးပါရစေ…. အားကိုးပါရစေဗျ။
KyawThein
September 30, 2012 at 9:07 am
ကိုthe best ရေ
အမှန်တွေ ပြောသွားတာ ကောင်းလိုက်တာဗျာ ။ဒါကြောင် ့ဒီဆိုက်က
ကွန်မန် ့ကောင်းတယ်လို ့နာမည်ကြီးတာ ။ကျွန်တော့ရဲ ့ မပြောဖြစ်ခဲ ့တဲ ့
ဟာ ကွက်ကိုဖြည် ့ပေးတာကျေးဇူးတင်ပါကြောင်း
ကိုရွာစားကျော်ရေ
မူကြိုအတွက် မဟုတ်ပေမဲ ့ ကျောင်းကြီးအတွက်တော ့လိုမယ်လို ့ယူဆပါတယ်
ကျောင်းမှာ ဘာမှဂရုတစိုက်မသင်တော ့ အိမ်ကပဲသင်သွားရတာပါ
ရန်ကုန်မှာက သီးသန် ့ခေါ်ရင် ၂၀၀၀ဝ လောက်ကျပါလိမ် ့မယ်။
ရွာစားကျော်
September 30, 2012 at 7:06 am
ကျနော့်သား မူကြိုကျောင်းမှာတော့ ညနေဘက် ကျူရှင်သင်ချင် တလ ၃၀၀ဝ တဲ့
မူကြိုကျောင်းက ဘာတွေ ကျူရှင်ပေးသလဲတော့ မသိ
etone
September 30, 2012 at 9:44 am
ကိုကျော်သိမ်းရေ
မိဘတစ်ယောက်ရဲ့ မချိတင်ကဲဖီလင်လေးပေါ်လွင်အောင်ရေးသွားတဲ့ အတွက်ဒီပိုစ့်လေးကို သဘောကျမိပါတယ် ။ ဒီလိုပြသနာမျိုးတွေရှိတာကလေ မိဘတွေရဲ့ဂရုဏာ လောဘကြောင့်ပါ အစ်ကိုအပေါ်မှာရေးသွားခဲ့သလိုပေါ့ ။နာမည်ရကျောင်းကောင်းထားမှ သားသမီးစာပိုတတ်မယ် ပတ်ဝန်းကျင်ကောင်းမယ်လို့ ထင်ကောင်းထင်ကြလိမ့်မယ်။ အပြိုင်ဆိုင်ပံ့ပိုးပေးရမှာတွေ အတောင်းရမ်းကြမ်းတဲ့ပြသနာတွေကိုတော့ ကြိုမတွေးခဲ့ကြဘူးပဲ။ သားသမီးပေါ်ထားတဲ့ စေတနာကြောင့်မမြင်ခဲ့မိတာဖြစ်ပါလိမ့်မယ် ။ အဓိကကတော့ဘယ်ကျောင်းမှာထားထားပါ မိဘတွေရဲ့တွန်းအားပေးမှု လျှင်ပါးစွာထိန်းသိမ်းနိုင်မှ သားသမီးရဲ့ ပင်ကိုယ်ဉာဏ်အပြင် နာခံလိုစိတ်ပေါ်မှာမူတည်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင်ကလည်းကျောင်းကောင်းတက်ခဲ့ ရပေမယ့် ပင်ကိုယ်က ချာလွန်းတာကြောင့် အခုဒီအသက်ရွယ်မှာမယ်မယ်ရရ ဘာမှအသုံးမကျခဲ့ဘူးလေ။ ဆိုလိုချင်တာက ကျောင်းကအဓိကထက် လူက အဓိကပိုကျတယ်ဆိုတာလေးပါ။
Crystalline
September 30, 2012 at 10:43 am
ရန်ကုန်က နာမည်ကြီးကျောင်းများရဲ့အစဉ်အလာလိုဖြစ်နေပါပြီး။ အစိုးရကျောင်းမပြောနဲ့ တစ်လတစ်လ စားရိတ်မနည်းတဲ့ ပရိုင်းဗိတ်ကျောင်း၊တွေတောင်ကျူရှင်ထားရတာလေ။
pooch
September 30, 2012 at 2:47 pm
မိဘဖြစ်လာတာနဲ့ မလွဲမသွေ ရင်ဆိုင်ရမဲ့ ပြသာနာတွေ။ ခုတော့ ဝေးနေလို့ ဖာသိဖာသာပဲ။ ပြောရရင် ဒါတွေကြောင့်ပဲ တို့ပြည်ကြီး လူဦးရေ နည်းနေတာ။ 😆
KyawThein
September 30, 2012 at 11:00 pm
@etone
ကျောင်းထက်လူပိုအဓိကကျတယ်ဆိုတာ သိပ်မှန်ပါတယ် ။ ကျွန်တော်ဒီပို ့စ်ရေးတာကလည်း အထင်တစြ်ခား
လက်တွေ့ တခြားဆိုတာကို ပြောချင်တာပါ ။မetone ရဲ ့ကွန်မန် ့က ပို ့စ်ရဲ ့လိုအပ်ချက်ကိုဖြည် ့ပေးနိုင်ခဲ့
ပါတယ် ။ကျေးဇူးပါ ။
@Crystalline
မှန်ပါတယ် ။ ကျူရှင်က မလွတ်နိုင်အောင်ပါ ။စားပြီးနားမလည်မလုပ်ဖို့သာအဓိကဖြစ်ပါတယ် ။
@ pooch
မိဘရဲ ့ ရင်ဆိုင်ဖြေရှင်းမှု ကတော့ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ဘူးထင်ပါတယ် ။
တချို့ ့က အကောင်းဆုံးဖြစ်လိုဖြစ်ငြား စဉ်းစားသလို တစ်ချို ့ကတော့ အေးရာအေးကြောင်းပေါ ့
ဆိုတော ့ကာ ………………?
kyeemite
September 30, 2012 at 4:14 pm
ကိုကျော်သိမ်းရေ..
ခင်ဗျားကဘာကိုကြောက်နေတာလဲ…
ရေးစရာရှိ ပွင့်ပွင့်လင်းလင်းရေးစမ်းပါဗျာ..အားမရလိုက်တာ….
ကျနော်တင်ခဲ့တဲ့..ကြီးမိုက်ဒေါသထွက်နေသည်…Angry Kyeemite
ဆိုတဲ့ပို့စ်မှာ…ခင်ဗျားပြောခဲ့တယ်မဟုတ်လား..ဘာတဲ့…
အဲတော့ဖွင့်ဟလေဗျာ..တကယ်ခံစားခဲ့ရတာတွေ…
မန်းဂဇက်အယ်ဒီတာသဂျီးက တကဲ့ အယ်ဒီတာစစ်စစ်ကြီးပါဗျာ…
ခင်ဗျားကိုဖေါ်ကောင်မလုပ်ပါဘူးဗျ…
အခုရေးတာကတော့ တကယ့် ယျေဘုယဆန်လွန်းသဗျာ…
ဖြစ်နိုင်ရင်တော့ အခုလိုပြောင်းလဲမှု့ကိုဖေါ်ဆောင်နေချိန်မှာ
မဖြစ်သင့်တာ၊မတရားတာမှန်သမျှ ကျုပ်တို့က တိတိကျကျဖေါ်ထုတ်သင့်တယ်ထင်တာပဲ
ဒါမှလည်း ပြုပြင်လာကြမှာပေါ့…
နောင်လာမဲ့ အနာဂါတ်မှာ လူတိုင်း(ကျောင်းသားမိဘတိုင်း) မျှတတဲ့အခွင့်အရေးနဲ့ မိမိတို့သားသမီး
များကို သင့်တော်ရာကျောင်းမှာထားပြီး ပညာအမွေပေးခဲ့နိုင်မှာပေါ့…
ဒါနဲ့စကားမစပ်..ခင်ဗျားပြောတဲ့ အဓိက ကတော့ ဒေါသအလျောက်အဂတိ လိုက်စားမိမှာစိုးရိမ်လို့ပါ ။ ဆိုတာလေးနားမလည်ဘူးဗျာ…ကျနော်ကလည်းခပ်ထူထူမို့ပါ…
:buu:
ခင်တဲ့..
ကြီးမိုက်။
KyawThein
September 30, 2012 at 11:23 pm
အစ်ကိုကြီးမိုက်ရေ
စိတ်ချပါ ကျွန်တော်သိသမျှ ပြောပါ ့မယ် ။ ဦးခိုင်ကိုလည်း ကျွန်တော်ယုံပါတယ် ။ ကျွန်တော်တို့ သူကြီးက
စာပေ၊ စာနယ်ဇင်းကျင် ့ဝတ်စောင် ့ထိန်းမယ်ဆိုတာသိပြီးသားဖြစ်လို့ မစိုးရိမ်ပါဘူး ။ ကျွန်တော် ဒီဂဇက်ကို
ဖတ်နေတာ တစ်နှစ်ကျော်ပါပြီ ။ ဒါကြောင် ့ ဘယ်သူက ဘယ်လိုရှိတယ်ဆိုတာ သိနေပါတယ် ။ ကျွန်တော်
ဝင်ဖတ်နေတဲ့အချိန်မှာ ဆရာမကြီး တီတီနုတို့ ဆရာသစ်မင်းတို့တောင် မတွေ့သေးပါဘူး ။
ရွာပြင်ကပဲပတ်နေတာဖြစ်လို့ အခုထိတော့ အသစ်တစ်ယောက်လိုပါပဲ ။ ဒီတော့ အစ်ကိုတို့လို နာမည်ရှိပြီး
လူဟောင်းဖြစ်တဲ့ သူတွေအတိုင်း ဒဲ့ ပြောလို့ ချက်ခြင်းအဆင်မပြေနိုင်လောက်သေးဘူးလို့ထင်ပါတယ် ။
အသစ်တစ်ယောက်ရေးတဲ့စာဖြစ်လို့ ဖွစာလား ပစ်စာလားလို့ထင်မှားစရာပါ။အစ်ကို့ စေတနာကိုသိပါတယ်
ကျော်သိန်းဆိုတဲ့ ခုမှပေါ်လာတဲ့သူကို ရုတ်တရက်တော့ ဘယ်ယုံကြမလဲ ဆိုတော့ သတိထားပြီးရေး ရတဲ ့
အနေအထားပါ ။ ဒီဂဇက်မှာ ကျွန်တော့နာမည်နဲ ့ အစ်ကို့နာမည်က အများကြီး ဂုဏ်သိက္ခာ ကွာပါတယ် ။
ဒါကြောင့် ဖေါ ့ဖေါ့လေးရေးတာပါ ။ ဒါတောင်မှ အထင်လွဲကြသေးတယ်ထင်ပါတယ် ။ ကျွန်တော်သိသမျှ
ပြောသွားမှာပါ ။ ဒေါသအလျောက် အဂတိ ဆိုတာက ဒီလိုသွေးပူပြီးပြောချင်ဇောအားကြီးတဲ့အခါမှာ
တဆင် ့စကားတွေကိုပါ သိမ်းကြုံးပြောမိမှာစိုးလို့ ကိုယ်တွေ့ စစ်စစ်နဲ့ စမိတ်ဆက်လိုက်တာပါ ။
လေးစားလျက်
မောင်ကျော်သိန်း
kai
September 30, 2012 at 4:33 pm
ပြသနာအစစ်က..
အလှူခံ..အတင်းကောက်.. ရလာတဲ့ငွေတွေ ဘယ်နေရာမှာဘာလုပ်လိုက်သလည်း.. ပွင့်လင်းမြင်သာ မရှိတာကြောင့်လို့ ထင်မိတယ်..
ကျောင်းသားမိဘတွေက.. (ကိုယ့်ကလေးဘဝအတွက်).. ကျောင်းမှာရင်းနှီးမြုတ်နှံမယ်ဆို.. သဒ္ဒါကြမယ်လည်း.. ထင်မိပါတယ်..
ကျောင်းအုပ်နဲ့..ဆရာဆရာမများ.. ဆိုင်ရာအာဏာပိုင်များ.. အိမ်အသုံးစရိပ်ဖြစ်သွားမှာတော့. .ဘယ်သူမှ လိုလားမယ်မထင်..
ပွင့်လင်းမြင်သာ.. :kwi:
KyawThein
September 30, 2012 at 11:38 pm
သူကြီးဦးခိုင်
ငွေကိစ္စကပြောရခက်ပါတယ် ။ စာရင်းဝင်စစ်လို့မှမရတာ ။ခန် ့မှန်းပြောဖို့အတွက်ဆိုတော့လည်း အထက်မှာ
ပြောခဲ့ ဖူးသလို ကျွန်တော့အနေအထားနဲ့တော့ အခုမလွယ်လောက်သေးပါ ။
တစ်ခုတော့ရှိတယ်
စာရင်းတစ်ခုခုကို ရွေ ့လျားစေချင်တယ်ဆိုရင် ၊ ငွေသုံးတဲ့ကိစ္စတွေကို လှုပ်ရှားပေးဖို့တော့လိုမယ် ။
ငွေရေးကြေးရေးလှုပ်ရှားဖို့ဆိုရင် တည်ဆောက်ပြုပြင်တွေအကြီးစားလုပ်ရမှာပေါ ့
ဆက်ပြီးတွေးပေတော့ဗျာ ။ ကျွန်တော်လူသစ်ဆိုတော့ ဒိထက်ပိုပြောရင် အဆဲ ခံရတော့မယ် ။
myanmar oscar
September 30, 2012 at 5:04 pm
အင်း.. ကို kai ပြောတာမှန်ပါတယ်။
အခမဲ့ပညာရေးစနစ်လို့ပြောပေမဲ့ တိတ်တိတ်ပုန်းကျောင်းတွေရှိနေပါသေးတယ်။
ကျွန်တော့်သား သူငယ်တန်း ကျောင်းချိန်ပြီးသွားရင် ကျူရှင်တစ်လ(၅၀၀၀)၊
စနေနဲ့တနင်္ဂနွေပိတ်ရက်နှစ်ရက်သီးသန့်(၅၀၀၀)တစ်လကိုတစ်သောင်း၊
ဘယ်ကျောင်းလဲလို့မပြောတော့ပါဘူး…..။
ဝင့်ပြုံးမြင့်
October 1, 2012 at 1:23 am
ကိုကျော်သိမ်းရေ
နည်းနည်းလေးမှ လျှော့မပေးသင့်တာ ပညာရေးလို့ ပြုံးခံယူထားပါတယ်။ လျှော့မပေးသင့်တာက ငွေကိစ္စ မဟုတ်ပါဘူး။ ကိုယ့်စည်းကမ်း၊ ကိုယ့်မူဝါဒ ကို လျှော့မပေးသင့်တာပါ။ ဥပမာ ကလေးကို အတန်းပိုင်ဆရာမဆီမှာ ကျူရှင်မထားရင် ဘယ်တော့မှ အဆင့်ကောင်းကောင်းမရဘူး။ အဲဒီ အဖြစ်မှန်ကို လက်ခံထားရမယ်။ ကလေးရဲ့ အဆင့်အတွက် ကိုယ့်ဘက်က ကလေးကို ပြဿနာမရှာသင့်ဘူး။
ပညာရေးဟာ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါ။ ရင်းနှီးမြှုပ်နှံတာဟာ ငွေလို့ထင်ရင်တော့ မှားမယ်လို့ပဲ ယူဆထားပါတယ်။ လိုရင်းရောက်အောင် ဥပမာ ပြောချင်ပါတယ်။
ပြုံးရဲ့သမီးကို ကျူရှင်လုံးဝမထားဘူး။ ကလေးက အတန်းထဲမှာ အဆင့်မကောင်းဘူး။ ဒါကို ပြုံး ပြဿနာ မရှာဘူး။ အိမ်မှာသင်တဲ့အခါ စာသင်ချိန် နာရီ မများစေဘူး။ တစ်ခါသင်မှ ၁၅ မိနစ်တည်းပါ။ စာသင်ချိန်များမှ စာပိုတတ်မယ်လို့ မခံယူထားပါ။ ပညာသင်တာ နည်းစနစ် အဓိကပါ။ ပညာမပြောနဲ့၊ အားကစားမှာတောင် နည်းစနစ် အဓိကပါ။ ဒါ မှန်ချင်လည်းမှန်မယ် မှားချင်လည်း မှားမယ်။ ဒါပေမယ့် အဲဒါ ပြုံးရဲ့မူဝါဒ။ ဒီမူဝါဒကို ပြုံးဘက်က နည်းနည်းမှ လျှော့မပေးဘူး။ စာသင်တဲ့အခါ အွန်လိုင်းကို အသုံးပြုပါတယ်။ အဲဒီထဲမှာ မွှေနှောက်ရှာပြီး ပရင့်ထုတ်၊ စာအုပ်ချုပ်ပြီး ကလေးကို သင်ပေးပါတယ်။ ကိုယ့်ဘက်က အချိန်အများကြီးယူထားပြီး ကလေးကိုသင်တော့ တကယ့်ကို ၁၅မိနစ်တည်းပါ။ ပြုံးဘက်က ရင်းနှီးမြှုပ်နှံထားတဲ့ အချိန်ကိုဆိုလိုတာပါ။
မိဘတွေဟာ ကလေးကို တကယ်တမ်းကျောင်းထားပြီဆိုရင် ကလေးကျောင်းမှာ မျက်နှာမငယ်ရအောင် အစစပံ့ပိုးချင်တော့တာပဲ။ (သူများကျူရှင်ဆို ကျူရှင်) ကိုယ်ပိုင်မူဝါဒကို တိတိကျကျဖြစ်အောင်လုပ်ဖို့ မလွယ်တော့ပါ။ အခုအနေအထားက တစ်တိုင်းပြည်လုံး ပညာရေး ကမောက်ကမ ဖြစ်နေတော့ ကိုယ်ထူကိုယ်ထ စနစ်ကိုသာ ပိုအားသာမိပါတယ်။
နောက်တစ်ခု စဉ်းစားကြည့်သင့်တာက ငွေကြေးကို ဦးစားပေးလွန်းတဲ့ အဖွဲ့အစည်း (ဘော်ဒါဆောင် အဆိုးဆုံး) ဟာ ကလေးအပေါ်မှာ စေတနာ မှန်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ငွေသမားဟာ ငွေသမားပါပဲ။ ငွေတောင်းကြမ်းလေ မယုံရလေပါပဲ။ ဒါကြောင့် ကိုယ့်သားသမီးအတွက် ကိုယ့်မူဝါဒကို ပြတ်ပြတ်သားသား ကိုင်တွယ်တာ လက်ငင်းဖြေရှင်းမှု လို့ မြင်ပါတယ်။ အရေးကြီးတာ ကလေးရဲ့ အတန်းတွင်းက အဆင့် မဟုတ်ပါဘူး။ တကယ်တတ်မြောက်မှုပါ။ အုတ်မြစ်ကောင်းမှ ထပ်တင်လို့ရတယ်။ အခြေခံ ပညာရေးကောင်းမှ အဆင့်မြင့် သင်လို့ရမယ်။ တည်ဆောက်ပြီးယူရတာ ပညာရေးနဲ့ ကျန်းမာရေးလို့ ပြုံးခံယူထားပါတယ်။ ဒါကြောင့် ကိုယ့်မူဝါဒအတိုင်း ကျောင်းကောင်းမှ မဟုတ်ဘူး။ အတန်းပိုင်ဆရာမဆီမှာ ကျူရှင်ယူမှ မဟုတ်ဘူး။ (ကျူရှင်မယူရဟု မဆိုလိုပါ) အလှူငွေ များများထည့်မှ မဟုတ်ဘူး။ ဒီမကောင်းတဲ့အကျင့်တွေကို ကိုယ့်ဘက်ကလည်း သတ္တိရှိရှိနဲ့ အံတုထားနိုင်ရမယ်၊ တစ်ယောက်တစ်လက်နဲ့ မှန်တာလုပ်ရဲတဲ့လူ များလာမယ်လို့ ယူဆထားပါတယ်ရှင်။
ဒီပို့စ်လေးအတွက် ကျေးဇူးပါ ကိုကျော်သိမ်းရေ။
KyawThein
October 1, 2012 at 11:02 pm
ဆရာမခင်ဗျာ
အခုလိုသေသေချာချာရှင်းပြခဲ့တာ ကျေးဖူးပါ ။ဆရာမပြောတဲ့ နည်းလမ်းတွေက ဘဝတစ်လျောက်လုံး
အတွက် အလေ ့ကျင့်ကောင်းတွေရစေပါတယ် ။ မှတ်သားသွားပါတယ် ။အိမ်မှာလည်းတတ်အားသရွေ ့
ဖြည့်ပေးနေရတာပါပဲ ၊ ခက်တာက ကလေးတွေက ကျွန်တော်တို့လောက် ဒူပေဒါပေမခံကြတာ ။ အလေ့အကျင့်ထင်ပါရဲ့ ….။
အစ်ကိုကြီးမိုက်ခင်ဗျာ
ကျွန်တော့အနေအထားကို နားလည်ပေးတာကျေးဇူးပါ ။မန်ဘာတွေထဲမှာလဲ ပညာရေးနယ်က သူတွေ
တော်တော်ပါမယ်ထင်ပါတယ် ။အထူးသဖြင့် အဲ့ ကျောင်းနဲ့ပါတ်သက်ပြီး ပေါ ့ဗျာ ။ ရဲရဲတောက်နေလို့ပါ ။
kyeemite
October 1, 2012 at 8:24 am
ဒီလိုမယူဆပါနဲ့ ကိုကျော်သိမ်းရေ…
လူသစ်ဖြစ်ဖြစ် လူဟောင်းဖြစ်ဖြစ် ရေးတဲ့စာ အများအကျိုးပြုဖို့(သို့) ရသတစ်မျိုးမျိုးပေးဖို့ အချက်အလက်မှန်ကန်သေချာဖို့၊ဒါနဲ့ပဲ ကြည့်ပီး အလေးထားကြတာဒီရွာရဲ့စရိုက်ပါဗျာ…
ဟောင်းတိုင်းလည်းမကောင်းနိုင်သလို သစ်တိုင်းလည်း မညံ့ကြပါဘူး….
ဆက်ရေးပါဗျာ…အားပေးပါ့မယ်…
ခင်မင်လေးစားလျှက်..
ကြီးမိုက်။
uncle gyi
October 1, 2012 at 8:32 am
အဓိကကမူနဲ့လူ
မူကိုအသုံးချသွားတာကလူ
အခုဖြစ်နေတာတွေကိုပြင်ဖို့ကမုူကိုအရင်ပြင်ရမှာပါ
ပြင်လည်းပြင်နေပြီဆိုတော့ကာမကြာမှီလာမည်မျှော်နေပါကိုကျော်
weiwei
October 1, 2012 at 11:15 am
ကျွန်မတို့အလုပ်က ကမာရွတ်မြို့နယ်ထဲမှာဆိုတော့ အလုပ်ထဲက သားသမီးတွေက ကမာရွတ်မြို့နယ်ထဲက ကျောင်းကြီးတွေ (တီတီစီ၊ အော်ဂတ်စတင်း) စတာတွေကို ပိုက်ဆံပေးစရာမလိုပဲ အလကားတက်ရပါတယ် … ကျောင်းသား မိဘတွေရဲ့ ဒုက္ခသံတွေကတော့ နေ့စဉ်နေ့တိုင်း မရိုးနိုင်အောင် ကြားနေရပါတယ် … တီတီစီက စာတွေအရမ်းသင်တာပဲလို့ နံမည်ကြီးပေမယ့် တကယ်တမ်းကျတော့ စာသင်တာမဟုတ်ပါဘူး … စာတွေရေးခိုင်းတာပါ .. ကလေးတွေက ဘာမှကို နားမလည်ကြဘူး … မြန်မာစာရဲ့ အဓိပါယ်ကိုတောင် နားလည်အောင်မရှင်းပြကြဘူး … သချင်္ာတွေကူးရေးကြရပြီး ဘာမှနားမလည်ကြလို့ ကျူရှင်ထားကြရတာပါပဲ …
အိမ်နဲ့နီးတဲ့ ကျောင်းမှာထားတဲ့ကလေးတွေလဲ ကျူရှင်တက်ကြရတာပဲ … (ဖယ်ရီခတော့ သက်သာတာပေါ့) …
အခုခေတ်ပညာရေးမှာ အိမ်က မိဘတွေရဲ့ အခန်းကဏ္ဍက အရေးကြီးဆုံးပဲ … ရေရှည်မှာ မိဘက သေချာကွပ်ကဲနိုင်တဲ့ ကလေးတွေကသာ ပညာရေးရော စာရိတ္တပိုင်းရော ကျန်းမာရေးပိုင်းရော အဆင်ပြေကြတာကို လက်တွေ့ တွေ့နေရပါတယ် …
KyawThein
October 1, 2012 at 11:13 pm
အန်ကယ်ကြီးခင်ဗျာ
ကျေးဇူးပါ ။မူတွေလည်းပြင်ပေါင်းများလှပေါ့ ။ မူကောင်းကောင်းလေးနဲ့ကြုံရပါစေလို့ပဲ ….!
မဝေဝေ
မဝေဝေပြောသလိုပါပဲ ၊ ပေးရပေမဲ့ နည်းနည်းသင်ရင်မဆိုးပါဘူး ။ ခက်တာက ဘာဆိုဘာမှ မသင်ပဲ
ကူးရေး ၊ အလွတ်ကျက် ခိုင်းနဲ့ ကလေးအဖို့မှာကိုယ်ပိုင် စဉ်းစားညဏ် မသုံးတတ်တော့ပါဘူး ။
နောက်တစ်မျိုးကလည်း ကလေးတွေအပေါ်မှာ စိတ်ဖိစီးမှုတွေ ဖြစ်စေတာပါ ။ မိဘက အဓိကပါပဲဗျာ ။
မပံ့ပိုး မလေ့ကျင် ့ပေးနိုင်တဲ့ မိဘတွေနဲ့ဆိုရင်တော့ ကိုခင်ခပြောသလို ” ပုံမှန်ပါပဲ” ။
ွ
ဒဿ ဖွတ်ကျား
October 2, 2012 at 7:52 am
စနစ်ကြောင့် လူကြောင့် ပညာရေးလောကလည်း
စိတ်ထိခိုက်ရလောက်အောင်ပါပဲ ဗျာ…
သည်စနစ်နဲ့ ကြီးပြင်းလာမယ့် လူငယ်တွေနဲ့
ဘယ်လို ပြည်ထောင်စု ကို တည်ထောင်ပြုမယ် ဆိုတာ ….
အင်း.. ရင်လေးမိပါတယ်…
ထားပါတော့ ..နိုးဘာဒီ ပါဖက် ဆိုတော့ ..ကောင်းတာများတဲ့လူ
လူကောင်း ဖြစ်ပြီး ဆိုးတာများတဲ့လူ လူဆိုး သတ်မှတ်မယ်
မဟုတ်လား… ဆရာ ဆရာမ တယောက် နားလည်အောင် သေချာ ရှင်းပြ ပြော
သင်ကြားချင်းမရှိဘဲ အိမ်စာပေးတယ် စာတွေရေးခိုင်းတယ်ဆိုတာ .. ရှိချင် ရှိခဲ့မှာပါ..
သို့သော် ဒေါ်ဝေဝေတယောက် ကျောင်းနာမည်ဖော်ပြီး သည်ကျောင်းက သည်လို
အထာ ဆိုတာမျိုး ရေးထားလေတော့…. အင်း … လုံးဝ မမှန်ကန်ပါဘူး…
အင်း.. ပြောရရင်
ကြားဖူးနားဝ … မြင်ဖူး မျက်စိဝ ..စားဖူး ပါးစပ်ဝ နဲ့တော့…
မသေချာပဲ ဖြန်းပီး မရေးစေချင်ဘူး …
သေချာတယ်ဆိုရင် အတိအကျ ရေးတင်ပါ…
ဘယ်အတန်း ဘယ်ဆရာဘယ်ဆရာမက ဘယ်လို လုပ်ပါတယ် ဆိုပြီး…။
အထက်မှာပြောခဲ့သလို တယောက်တလေ မကောင်း တာ ရှိကောင်းရှိမယ်..
ကျောင်းနာမည်ခေါ်ပြီး စွပ်စွဲရမယ့် အနေအထား မရှိတာတော့ သိမယ်ထင်ပါတယ်..
ဆိုတော့ ..အဲ့ဒါ ပြောပေး ရေးပေးနိုင်ရင်…
ကျုပ်အဲ့သည့်ကျောင်းကို စာပို့ပါ့မယ်…ဘယ်မှာ ဘာတွေ ဘယ်လိုလွဲနေပြီး ပြင်ဖို့ ဆိုပြီးတော့
ပြင်နိုင်အောင်ပါ …။ ကျုပ်ကိုတိုင် အဲ့သည့်ကျောင်းထွက်မို့ .. ဘယ်အတန်းတွေမှာ ဘယ်လောက်
ကြိုးစားပြီး စာသင်ကောင်းတဲ့ ဆရာ ဆရာမတွေ ဘယ်လောက် ရှိနေ ကျန်နေတယ် ဆိုတာ သိနေတော့ …
သည်လို ကျောင်းနာမည်တပ်ပြီး အားလုံးက သည်လိုဖြစ်နေသယောင်
ခြုံပြီး စော်ကားတဲ့ ကောမန့်မျိုးကို …ပြင်းပြင်းထန်ထန် ရှုံ့ချ ကန့်ကွက်ပါတယ်.။
မသေချာဘူးဆိုရင် (ဟိုလူက ဟိုလိုပြောတာ ကြားတာပါပဲ
သည်လူက သည်လိုပြောတာကြားတာပါပဲ အနေအထားလောက်ဆို)
မသေချာပဲ ရေးချလိုက်မိပါတယ် ဆိုပီး အတိအလင်း …တောင်းပန်ပါ
ဒီလုပ်ရပ်ဟာ ပညာရေးလောက ပြန် ကောင်းလာဖို့အတွက် လုံးဝ အပြုသဘော မဆောင်လို့
သည်လိုပြောတာဖြစ်ပါတယ်…။
စိတ်ဆိုးလို့ ဒေါသဖြစ်လို့ ရေးလိုက်တဲ့ ကောမန့်မဟုတ်ပါ…။
လူကြီးလူကောင်းပီပီ ကိုယ့်အမှားကိုယ် တာဝန်ယူမယ့် တုန့်ပြန်မှုမျိုး မျှော်လင့်ပါတယ်.
ခင်တဲ့
Inz@ghi
surmi
October 2, 2012 at 8:42 am
ဘေးကကြည် ့နေတာ နည်းနည်းပြောဦးမယ်
သင်ကြားမှုခြင်းယှဉ်ရင် ပို ့စ်ပိုင်ရှင်ဆိုလိုတဲ ့ကျောင်းက ပိုညံ ့မယ်ထင်တယ်
ဒါပေမဲ ့ လွတ်လပ်တာကတော ့ပိုမယ် ။ ၁ဝ တန်းကလေးတွေကိုဇန်နဝါရီလကတည်းက
ကျောင်းမတက်ခိုင်းတော ့ဘူး ။ ကြိုက်သလိုလေ ့လာ ၊ကြိုက်တဲ ့အနီးကပ်တက်
ဆိုတဲ ့သဘောပါ ။အဲ ကျူရှင်တွေအနီးကပ်တွေမတက်နိုင်တဲ ့ကလေးတွေကတော ့
နဲနဲဂွကျတာပေါ ့ ။
ဝင့်ပြုံးမြင့်
October 2, 2012 at 10:31 am
ဆရာကြီးဒဿရေ — ဆရာကြီး ကီးအရမ်းမြင့်နေပြီနော်။ နည်းနည်းလျှော့ … နည်းနည်းလျှော့။
လွန်ခဲ့တဲ့ နှစ်လကမှ သိရတာက တီတီစီက ၁ဝတန်းကျောင်းသား ဟာ မီလီမီတာ ကိုမသိပါဘူးတဲ့။ ဒါ အမှန်။ သူ မီလီမီတာ ကိုမသိတာဟာ အဆင့်ဆင့် သင်ကြားလာခဲ့တဲ့ တစ်လျှောက်လုံး မှာ ဖြစ်ခဲ့တာလေ။ ဘယ်ဆရာမ ဆိုပြီး ဦးတည်လို့ မရတော့ဘူး။
—
အထက်က မဝေပြောခဲ့တာလည်း မှန်ပါတယ်။ ဘယ်ကျောင်းထားထား မိဘက ကွပ်ကဲနိုင်မှ ဖြစ်တာပါ။ အနည်းဆုံး ကလေး ၆တန်း ရတန်းလောက်ထိ မိဘက လုပ်ပေးထားမှ။ ဒါမှ အတန်းကြီးတော့ ကျူရှင်နဲ့ လက်လွှတ်လို့ရမှာပါ။
ဒဿ ဖွတ်ကျား
October 2, 2012 at 10:50 am
ဒါမျိုး သွပ်ချာချာ ငတိတွေ ရှိတာ လက်ခံပါတယ်ဗျို့ …
ကျူရှင် ကာလချာကိုလည်း ကျနော် မငြင်းပါဘူး ဆရာမရေ..
ပျမ်းမျှ ကျောင်းသား ၅၀ဝ လောက် မှာ ဒါမျိုး ငတိ
ဘယ်နှရာခိုင်နှုန်း ရှိမယ် ဆိုတာက .. ပညာရေးစနစ်ကို စောကျောဖို့အတွက်
ကိန်းဂဏန်းဖြစ်လာမှာပါ..
သို့သော် နာမည်တပ်ပြီး သည်လိုရေးတာကတော့ … အင်း..
ပြောရရင်ခုတလော အနှီကျောင်းနဲ့ ပါတ်သတ်ပြီး ပါဆင်နယ် ပိုင်း တိုက်ခိုက်မှုတွေ
တွေ့နေရသမို့ … အစကတည်းက ကြိုမောင်းတင်ထားတာဖြစ်ပါတယ်..
(ဘယ်သူတွေ ဘယ်တုန်းကတည်းက ဘာကြုံပြီး ဘယ်လို ဖီးလ် ကွေးနေတယ် မသိ)
ကျနော် ကိုယ်တိုင်က အနှီကျောင်းထွက် ဖြစ်ပြီး အဲ့သည့်ကျောင်းနဲ့
ယနေ့ထက်တိုင် (အနှစ် ၂ဝ နီးပါးသော) ဆက်ဆံရေးရှိနေသေးသမို့ ..
ဘယ်သူ ဘယ်ဝါကဘယ်လို ကောင်းတယ် ဘယ်လို ဆိုးတယ်..
စနစ်က ဘယ်လိုဖြစ်တယ်…. ဘာတွေလိုနေတယ် ..ဘာတွေလွဲနေတယ်..
နောက်ပြီး ..ဘာတွေ ကောင်းနေသေးတယ် ဆိုတာ ပြောနိုင်ပါရဲ့…
ပုဂ္ဂိလ်စွဲလို့ … နာမည်တပ် ပြောမယ်ဆိုလည်း ..ပြောနိုင်ပါရဲ့..
(ပါဆင်နယ် ပိုင်း တအား ဆန်သွားမှာမို့ .. ဒါတွေကို အသေးစိတ် ပြောလိုစိတ်မရှိပါ)
ဆိုတော့ .. သည်လောက်ကြာရှည်တဲ့ ဆက်ဆံရေး ရှိနေသူဖြစ်တာတကြောင်း …မကြာသေးမီက ကိစ္စရပ်တွေအပါအဝင်
အတော်များများကို အသေးစိတ်သိနေတာတကြောင်းမို့ .. မဝေဝေ ရဲ့ ကောမန့်ကို ကန့်ကွက် ဆန့်ကျင်ရခြင်း ဖြစ်ပါတယ်…ဗျို့ …
ဒီကျောင်းက မြန်မာပြည် နံပတ်-၁ လားတော့ ကျနော်မငြင်းချင်ဘူး
သို့သော် မြန်မာပြည် (အစိုးရကျောင်း) တွေအကြောင်း ပြောတဲ့အခါ
အကောင်းဆုံးကျောင်းတွေ ထဲက တစ်ခု လို့ သတ်မှတ်ခံရတာတော့ အများအသိပါပဲ..
လိုအပ်ချက်တွေ ရှိကောင်းရှိနေမယ်… သို့သော် .. သူတစ်ခုတည်းမဟုတ်ဘူး ..
သူသည် သည်လို သည်လို လိုအပ်ချက် တွေ ရှိနေမယ်ဆို …
ကျန်တာတွေ ဆိုဖွယ်ရာ မရှိ ဆိုတဲ့ အနေအထား မဟုတ်လားဗျာ…
ဒီအခြေအနေမှာ .. အပျက်ကြီးထဲမှာ ပြုပြင်ကြရအောင် .. ပြောင်းလဲကြရအောင် ဆိုပြီး
ရေးကြ ဝေဖန်သုံးသပ်ကြတဲ့ ကာလ မှာ …
သည်လိုရေးတာကို ဘယ်နည်းနဲ့မှ လက်ခံခြင်း မရှိပါကြောင်း..
အားလုံးကောင်းဖို့ အလတ်ကျွတ် ပညာရေး စနစ် အပြင် အဲ့သည့်အောက်ခြေမှာ ကိန်းဝပ်နေတဲ့
စိတ်ဓါတ်တွေ လုပ်ရပ်တွေ အားလုံးကို ပြောင်းလဲပြုပြင် စေချင်ပါကြောင်း ..
😀
Wow
October 2, 2012 at 2:30 pm
Take it easy ဂီဂီ…
ကိုယ်က တအားကြီးမလေ့လာမိပေမဲ့ အနီးပတ်ဝန်းကျင်မှာ အခုတစ်လောမြင်နေရတာက ကျောင်းတော်တော်များများက “စဉ်ဆက်မပြတ်သင်ကြားရေး” ဆိုပြီး ပရိုင်မာရီတူ ခုနှစ်တန်းလောက်အထိ ကျရှုံး မရှိ ဘာသာစုံအကုန်ကူးရေး ပညာရေးစနစ်ဖြစ်နေတာကို အံ့ဩတကြီးမှတ်သားခဲ့ရပါတယ်….
နှာစေးတာမဟုတ်ပေမဲ့… ဝေဖန်ရလောက်အောင်လဲ ဉာဏ်မမှီပါကြောင်း :harr:
KyawThein
October 2, 2012 at 3:03 pm
ကျေးဇူးပါ Wow
ကျွန်တော်ညကျရင် လက်တွေ ့ဖြစ်ရပ်ကိုရေးပါ ့မယ်
padonmar
October 2, 2012 at 10:37 pm
မောင်ဂီ
ဝေဝေက သူ့ရုံးကဝန်ထမ်းတွေအတက်များတာဒီကျောင်းတွေဖြစ်လို့ သူကြားရတဲ့ ကျောင်းသားမိဘခံစားချက်တွေ ပြောပြတာလေ။
သေချာမသိဘဲ လာမပြောနဲ့ဆိုရင် သေချာသိအောင် ကလေးတစ်ယောက်မွေးကျောင်းထားကြည့်ပြီးမှ ပြောရမလိုဖြစ်နေပြီ။ဒီလိုရေးလို့လည်း ဒီကျောင်းအပ်မယ့်လူလျော့မသွားပါဘူးကွယ်။ဒီကျောင်းထားချင်တဲ့သူတွေ တန်းစီနေရတာ သူကောင်းတာတွေလည်းရှိလို့သာပေါ့။
တုံးလျှော့ပါကွယ်။
မင်းအရီးလတ် မအားလို့ အန်ကယ်ဒုံကပဲ တစ်သျှူးလေးပေးပါ့မယ်။ရော့ရော့ မျက်ရည်တွေသုတ်လိုက်။
အရီးခင်လတ်
October 3, 2012 at 4:47 am
အဲဒီ တစ်ရှူးလေးကို ဒီဘက်ကိုလဲ မျှပါဦး အန်ကယ်ဒုံရယ်။
တီတီစီ ကျောင်းသားတွေ အကြောင်းလား။
မပြောတော့ဘူး။ မပြောတော့ဘူး။ ပြောကိုမပြောချင်တော့ဘူး။
ဘေးက တစ်ယောက်နဲ့တင် နားညီးလှပြီ။ :kwi:
ကိုကျော်သိန်း ရေ
ပျားတုပ်နေလို့ ဝင်မလာနိုင်တာပါ။
ဆက်ရေးပါရှင်။
အားပေးပါတယ်။
weiwei
October 3, 2012 at 8:19 am
ကျွန်မ အခုမှ ကြည့်မိပါတယ် … ဘာတွေဘယ်လိုဖြစ်ကုန်လဲလို့ နားလည်အောင် မနဲဖတ်လိုက်ရတယ် ..
ဒီနှစ်စာသင်နှစ်မှာ တီတီစီက ငါးတန်းကျောင်းသားတစ်ယောက်ကို ညဘက် စာသင်ပေးနေရပါတယ် … အဲဒါကြောင့် နဲနဲသိသွားသလောက်လေး ရေးလိုက်မိတာ …
မှားတယ်ရှိရင် … တောင်းပန်ပါတယ် …. (သီချင်းဝင်ဆိုသွားသည် … 😛 )
လယ်ထွန်Z
October 3, 2012 at 8:29 am
သည်လိုပါ အစ်မရေ ..
ကျောင်းမှာ လက်တလော ပြဿနာ တခု ဖြစ်နေလို့ပါ..
ကိုယ်တိုင် ဖြတ်သန်းလာသမို့… အနှီပြဿနာတွေမှာ
မတရားခံရသူတွေဟာ ဘယ်လိုလူစားတွေဆိုတာ
ကောင်းကောင်း သိသပေါ့ဗျာ…
ဆိုတော့ (လက်ရှိ)ကျောင်းသားတွေ ပြင်းပြင်းပြပြ ဆန့်ကျင်ကြလေရဲ့..
(သတင်းတွေမှာ ဖတ်ရမယ် ထင်ပါတယ်။) ကျောင်းသားဟောင်းတွေလည်း
တယောက်မှ မခံကြဘဲ လက်ဆင့်ကမ်း တုန့်ပြန်ကြတယ်..
နောက်ဆုံး ထိပ်အထိ တက်တဲ့အဆင့် ရောက်သွားတယ် ဆိုပါတော့..
အဲ့သည့်မှာ ပြောစရာက ဘေးလူတွေ (အပြင်လူ တချို့ပါပဲ)
မတရားမှု တခု ဆိုတာ သိတယ်။ သိပေသော်လည်း …
ဘယ်ကတည်းက မုန်းနေသလဲ မဆိုနိုင် …။ မတရား အပြစ်ပေးခံရသူတွေကိုရော
မတရားတာကို ဆန့်ကျင်တဲ့ ကျောင်းသားတွေကိုပါ …
တိုက်ခိုက်မှုတွေ ဝေဖန်မှုတွေ သောသောညံခဲ့တယ် ..။
သည်တော့ မူရင်းပြဿနာ ထက် အနှီ ပြဿနာက ရန်ပွဲအသွင်ဆောင်လာ
ခဲ့ပါတယ်…။
ဆိုတော့ .. အွန်လိုင်းမျိုးချစ်တချို့ .. မတရားခံရတာ သိသိလျက်နဲ့ ..
ဒီကျောင်းကို မုန်းတာ တခု သက်သက် နဲ့ ..ဆိုရှယ်လစ် ခေတ် စကားလုံးတွေ
လှိုင်လှိုင်သုံးပြီး တိုက်ခိုက်ကြတာများ ဗျာ…
ကျုပ်တို့ကလည်း လူမုန်းများ သကိုး …။ ပုံပြင်လေးတစ်ပုဒ် ပြန်တူးရရင် ….
ကျုပ်တို့ မြို့နယ်တွင်းမှာ .. မြို့ခံပြိုင်ဘက် ဆန်ဆန် အိမ်နီးချင်း ရှိသဗျ…။
ဆယ်တန်း စာမေးပွဲ များဆို .. မြို့နယ်အလိုက် သည်ကျောင်းက ဟိုမှာ ဖြေ
ဟိုကျောင်းက သည်မှာ ဖြေ ရှစ်ဖာ လုပ် ဖြေကြရသဗျ…။ ၂၀၀ဝပြည့်နှစ်
မတိုင်ခင်ကတောင် ကျုပ်တို့ကျောင်းက လာဖြေရင် အနှီ အိမ်နီးချင်း က
စကျူရတီ ကင်မလာ တပ် စောင့် ပါသတဲ့ဗျား…။ ဒီနေ့ခေတ်ဆိုရင် မပြောပါဝူး…။
လွန်ခဲ့တဲ့ ၁၄-၅နှစ်လောက်ကတည်းက အဲ့သလို လုပ်ကြောင်းရယ်ပါ….။
စကျူရတီ ပစ္စည်းတွေ သည်လောက် ဈေးကြီးသေးမယ့် ရှားပါးသေးမယ့် ကာလကြီးပါ။
အဲ့လို … အဲ့လို..
အချုပ်ပြောရရင်
အွန်လိုင်း ပေါ်က ကြုံလာသမျှသော တိုက်ခိုက်မှုတွေကို ဒီဖန့်လုပ်နေတဲ့ကာလမို့…
အနှီဖြစ်ရပ်နဲ့ ဆက်စပ်ပြီးသကာလ ခုတလောတော့ ကျောင်းနဲ့ ပါတ်သတ်ရင်
ကျနော်တို့ တတွေ နည်းနည်း ကီးမြင့်နေပါကြောင်း..
ကျနော်ကလည်း တောင်းပန်ပါကြောင်း ကြေအေးပါကြောင်း
ခင်တဲ့
@အန်ကယ်ဒုံ
အတိအကျ ကျနော်ပါပဲ ဗျာ
:harr:
@အရီးလတ်
သူက ဆဲန်းပိုင်း(先輩) ကြီး ကိုးးးး ကောင်းလေစွ
😀
@ဆြာမပြုံး
ကျေးကျေးပါချင့်..
:kwi:
Crystalline
October 3, 2012 at 11:06 am
ကီးကအရမ်းမြင့်တယ်..မီးမီးမဆိုနိုင်ဘူး..မျိုးကျော့မြိုင်ကီးလောက်မှအဆင်ပြေမယ်. :kwi: စွာလိုက်တာဟယ်…ထင်တောင်မထင်ရဘူး. သူများတုန်းကပြောထားတယ်.. အခွင့်အရေးရတုန်း ပြန်တွယ်လိုက်အုန်းမယ်.. စိတ်လျော့စိတ်လျော့ :harr:
Good™
October 1, 2012 at 5:27 pm
ကျနော်တို့ ဆင်ခြေဖုံး ရပ်ကွက် မှာ တောင် သူငယ်တန်း ကျူရှင် က တလ ငါးထောင် နဲ့ တသောင်း ဝန်းကျင် တော့ ပေး ရတယ်။
ကျူရှင် စရိတ် ကျောင်းစရိတ် မတတ် နိုင် သူ တွေ ကတော့ ရပ်ကွက် အခေါ် ဘက မှာ ထားကြတယ်။
ကျနော်တို့ ဆင်ခြေဖုံး ရပ်ကွက် မှာ မူလတန်း ကျောင်း တကျောင်း နဲ့ ဘက တကျောင်း ရှိ တယ်။
ဘက မှာ သူငယ်တန်းခလေး ၁၀ဝ ကျော်တယ်။
အစိုးရမူလတန်း ကျောင်း မှာ တော့ ၄ဝ လောက်ပဲ ရှိတယ်။
KyawThein
October 1, 2012 at 11:15 pm
ဒီကအစ်ကိုGood ပြောသလိုပါပဲ
လက်လှမ်းမှီရာမေးမြန်းကြည် ့တာ နယ်တွေမှာလဲ ကျူရှင်ခွဲတန်းတွေနဲ့ ပါ တဲ့
ဝင့်ပြုံးမြင့်
October 2, 2012 at 11:12 am
တကယ်တမ်းပြောရရင် ကလေးကို မိဘက သင်ပေးတဲ့စနစ်ဟာလည်း နိုင်ငံတကာ စံချိန်မညီပါဘူး။ ကလေးရဲ့ သင်ကြားမှုခံယူနိုင်စွမ်း ကျဆင်းတတ်ပါတယ်တဲ့။ မိဘက ကလေးအပေါ် သိပ်လွှမ်းမိုးသွားလို့ပါ။ Education ဆိုတဲ့ စကားလုံးဟာ သိပ်ပြီးနက်နဲပါတယ်။ မြန်မာပြည်က မိဘတစ်ဦး လုပ်နိုင်တာက ကလေးကို တတ်မှန်းမသိ တတ်သွားအောင် သင်ပေးတဲ့နည်းနဲ့ ကလေးကို ကျောင်းကဆရာမအကြောင်း မကောင်းစကား လုံးဝမပြောမိစေဖို့ပါ။ ဆရာမစကားထက် မိဘစကားကို ကလေးက ပိုနားဝင်တယ်လေ။ မိဘက ဆရာမအကြောင်း မကောင်းပြောထားမိရင် ကျောင်းကဆရာမ သင်ပေးတာကို သူလက်ခံနိုင်စွမ်းကျသွားတတ်လို့ပါ။
Khaing Khaing
October 2, 2012 at 2:26 pm
ကျွန်မက TTC ကျောင်းက ကျောင်းသူကျောင်းသားတော်တော်များများကို စာသင်ပေးခဲ့ဖူးပါတယ် …. တစ်ချို့ကျောင်းသူကျောင်းသားတွေက ကျောင်းမှာ သေချာလေ့လာမှတ်သားခဲ့ပေမယ့် တစ်ချို့ကတော့ ဘာမှ မမှတ်သားပဲ အိမ်မှာရှိတဲ့ကျူရှင်ဆရာမတွေ မိဘတွေကို အားကိုးတတ်ကြသူတွေလည်းရှိပါတယ် …. ကျွန်မသင်တဲ့ ပဉ္စမတန်းကျောင်းသူလေးဆို ကလေးရဲ့စာအုပ်ထဲမှာ စာအမြဲအပြည့်ပါလာပေမယ့် … ကျောင်းသားလေးကတော့ စာပြည့်စုံအောင် ပါမလာတတ်ပဲ ကျွန်မကအမြဲလိုက်ဖြည့်ကူးပေးနေရပါတယ် … ပြီးရင်ကလေးငယ်က ကျောင်းကဆရာမတွေကို အပြစ်ဖို့တတ်ပါသေးတယ် … ကျွန်မကတော့ လူကြီးပီပီကလေးပြောတာကို လက်မခံပဲ ကလေးငယ်အဆော့မက်ပြီး စာမရေးလာတာကို ရိပ်စားမိပါတယ် … ကလေးမိဘများကတော့ ကလေးပြောတာကို ယုံပြီး အဟုတ်ထင်နေတတ်ပါတယ် …
ကျွန်မစာသင်တဲ့ကလေး (၃)(၄) ယောက်ထဲမှာ ထိုကလေးက အတော်လည်းဆိုးတဲ့အပြင် ကြိုးစားအားထုတ်မှုလည်း ညံ့ပါတယ်… TTC ကျောင်းကကလေးငယ်တွေကို ကျောင်းကဆရာမဆီမှာ ကျူရှင်မတက်ပဲ ကျွန်မတစ်ယောက်တည်းသင်ယုံနဲ့လုံလောက်ခဲ့ပါတယ် …. ထိုကလေးငယ်ကတော့ စာမကျက်ချင်တာတစ်ကြောင်း တစ်ခြားသူငယ်ချင်းတွေက ကျူရှင်တက်ပြီး မေးခွန်းတွေရတော့ စာကျက်တာနည်းနည်းပဲကျက်ရတယ်ဆိုပြီး အမေကိုပူဆာတယ် အမေဖြစ်သူကလည်း သားသမီးကို လမ်းမှန်မပို့ပဲ ထိုဆရာမတွေဆီမှာ ကျူရှင်ထားဖို့ ပြင်ဆင်တော့တယ် .. ဒါနဲ့ကျွန်မက စာကျက်ပျင်းတဲ့ ထိုကလေးကို စာမသင်နိုင်တော့ကြောင်းပြောကာ ကလေးငယ်ကို စာသင်ရပ်နားခဲ့တယ် … အထက်မှာ ဆရာမ ဝင့်ပြုံးမြင့်ပြောခဲ့သလို မိဘတွေကြောင့် သားသမီးတွေပျက်စီးတာလည်း မှန်ပါတယ် … မိမိစာသင်ပေးတဲ့ ဆရာမကိုအကောင်းမပြော သားသမီးပြောတာကို နားဝင်ပြီး သားသမီးဘက်က လိုက်ရင် မိမိသားသမီးပဲနစ်နာမှာကို သိဖို့လည်းလိုပါတယ် ….
တစ်ခုတော့ ကျွန်မထောက်ခံပါတယ် …. အလှူငွေထည့်ဝင်ချိန်ဆို ဆရာဆရာမတွေ ဘယ်လိုဘယ်ပုံတောင်းတယ်တော့မသိပေမယ့် ကလေးငယ်တွေကတော့ မိဘတွေဆီက အပြိုင်အဆိုင် ငွေအမောက်များများတောင်းခံပြီး အလှူငွေထည့် ဝင်တာကိုလိုချင်ကြပါတယ် ……..
KyawThein
October 2, 2012 at 2:58 pm
ဝင်ရောက်ဆွေးနွေးပေးကြတဲ ့ ဆရာမ မပြုံး ၊မဝေဝေ ၊ ကိုအင်ဇာဂီ
မခိုင်ခိုင် န ဲ့ ဖတ်ရှုသူများကိုအထူးကျေးဇူးတင်ရှိပါတယ်။
မူလက ရေးကာစဖြစ်လို ့ ခတ်ဖေါ ့ဖေါ ့နဲ ့ ကျောင်းဒုက္ခကို အနည်းငယ်
လောက်ပဲ ရေးခဲ ့ပါတယ် ။ အခြေအနေကြည် ့ပြီးမှ နောက်တစ်ပုဒ်မှာ
ရေးမလို ့ပါ။ အခုတော ့ ဒီပို ့စ်ကို စကစ်လုပ်ပေးထားတဲ ့အတွက် ကွနမန့် ့
အနေနဲ ့ဆက်ရေးသွားပါ ့မယ်။
ကျွန်တော်တို ့ဆွေးနွေးကြရင်းနဲ ့ အဖြေတစ်ခုတော ့ရမှာပါ ။ ဒီပို့ ့စ်ဟာနှမ်း
တစ်စေ ့ဖြစ်ရင် နှမ်းစေ ့ပေါင်းများစွာဖြစ်လာရင် ကျွန်တော်တို ့လိုချင်တဲ ့
ဆီဖြစ်လာပါလိမ့်မယ် ။ အခုတော ့ ဖုန်းနြဲ ရေးနေရလို ့အဆင်မပြေနိုင်ပါ။
ညမှပဲ ပြည် ့စုံစွာတင်ပြပါရစေတော ့။
သူကြီးနှင် ့တစ်ကွ အားလုံးကိုကျေးဇူးတင်လျှက်
မောင်ကျော်သိန်း
padonmar
October 2, 2012 at 10:24 pm
ကျောင်းဒုက္ခကတော့ ကိုယ့်မှာလည်းကလေးမရှိ၊တူတူမတွေကလည်းကြီးကုန်ပြီဆိုတော့ မခံစားရတော့ပါဘူး။
အပေါ်မှာ ဝင့်ပြုံးမြင့်မန့်တာလေးသဘောကျလို့ ထောက်ခံပေးချင်ပါတယ်။
မိဘတွေကလည်း လောဘတွေကြီးပြီး ကိုယ့်ကလေးတကယ်တတ်တာထက် အဆင့်ရတာကိုလိုလားနေကြတာကြောင့် အတန်းပိုင်ဆရာမကျူရှင်ဆိုတဲ့ ကိစ္စတွေပေါ်နေရတာပါ။
2000 group က သူငယ်ချင်း ဆရာမမေအေးဦးရဲ့ သားငယ်လေး( ရတန်း) ဟာ အင်္ဂလိပ်စာအရမ်းတော်ပါတယ်။သူကိုယ်တိုင်
ဝါသနာပါလို့ BC မှာစာအုပ်တွေ ကိုယ်တိုင်ငှားဖတ်နေတဲ့ကလေးပါ။ လက်ထဲမှာ အင်္ဂလိပ်စာအုပ်လေးတစ်အုပ်အမြဲကိုင်ဖတ်နေတဲ့ ကလေးမျိုးပါ။သူ့အမေက ကျူးရှင်မထားပါဘူး။သားမရှင်းတာတွေ ကိုယ်တိုင်သင်ပေးပါတယ်။ Self study ပါ။
လူကြီးလာလို့ တတ်တဲ့သူပြချင်ရင်ကျောင်းက ဒီကလေးကိုပဲပြကြပါတယ်။
ကလေးကတော်ပေမယ့် အဆင့်တွေ မဝင်ပါဘူး။ဒါပေမယ့် မေအေးဦးက သူ့သားအမှန်တကယ်တတ်တာသိတဲ့အတွက် ကလေး
ဝန်ပိတဲ့ ကျူရှင်တွေလည်း မတက်ခိုင်းပဲ ရတဲ့ အဆင့်နဲ့ပဲကျေနပ်တော့ သားအမိတွေပြေလည်ပါတယ်။
ဒါကြောင့် မိဘတွေဖက်ကလည်း မတော်မတရားလောဘတွေလျှော့ကြစေချင်ပါတယ်။
ဒီပြဿနာမျိုး လုံမလေးမွန်မွန်ရဲ့ မောဟမျဉ်းပြိုင်မှာလည်း တွေ့ရမှာပါ။
padonmar
October 2, 2012 at 10:26 pm
ကိုကျော်သိန်း
ဒီရွာမှာ သစ်တယ်ဟောင်းတယ်မခွဲပါဘူး။ခုတောင် သူကြီးက ဆွေးနွေးသင့်တဲ့ အကြောင်းအရာမို့ စတစ်လုပ်ပေးထားခံရပြီပဲ။
ခုကစပြီး ငါတော့ အဟောင်းကြီးဖြစ်သွားပြီသာ သဘောထားလိုက်တော့။
the best
October 2, 2012 at 11:52 pm
ဘယ်ကျောင်းထားမှာလဲ
ဘယ်ကျောင်းမှာပဲထားထား ပညာရေးနဲ ့ပတ်သက်လာရင်
ဘယ်ကျောင်းမှ Standard မရှိပါဘူး။
ကျောင်းဒုက္ခ
ဘယ်ကျောင်းမဆို ကျောင်းသားတွေနဲ ့ ကျောင်းသားမိဘတွေကို ဒုက္ခပေးတာပါပဲ။
KyawThein
October 3, 2012 at 1:05 am
ကို the best ကျေးဇူးပါ ။လိုအပ်တာများ ဝင်ဆွေးနွေးပေးပါဦး ခင်ဗျာ ။
အစ်မကြီးပဒုမ္မာခင်ဗျာ
လာရောက်အားပေးဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ရင်းနဲ ့ အားတက်မိပါတယ် ။
မူရင်းရေးခဲ့စဉ်က ဟိုတစ ဒီတစနဲ့ မပြည် ့စုံခဲ့တော့ ဒီလိုဂရုစိုက်မှုတွေကြောင် ့ အားနာမိပါတယ် ။ တတ်နိုင်
သရွေ ့ ကျွန်တော်လည်း အချက်အလက်လေးတွေကိုတင်ပြသွားပါမယ် ။ ဒီလိုတင်ပြတဲ့အခါမှာ ဘယ်သူ ၊
ဘယ်ကျောင်း ၊ ဘယ်ကျောင်းအုပ် ၊ ဘယ်ဆရာ စသည်ဖြင် ့ နစ်နာအောင်တိုက်ခိုက်တာမျိုးမဟုတ်ပဲ
နှစ်ပေါင်းများစွာ ယိုယွင်းနေခဲ့တဲ့ ပညာရေးစံနစ်ကြီးကို ပြုပြင်နိင်လိုနိုင်ငြား အုပ်တစ်ချပ် သဲတပွင် ့အဖြစ်
နဲ့ လိုအပ်မယ်ထင်တာများကိုဆွေးနွေးသွားမှာပါ ။ ကိုယ်တွေ ့အများဆုံးပါဝင်မှာဖြစ်ပေမဲ့လည်း ပတ်ဝန်း
ကျင်ကအဖြစ်အပျက်လည်း အနည်ငယ်တော့ ကိုးကားရပါလိမ့်မယ် ။
ဒီနေရာမှာ လက်တွေ ့မဆန်တဲ့ ဘုန်းကြီးကျောင်းသွားထားလိုက်ပါလားတို့ ၊ဘို ကျောင်းမှာထားလိုက်ပေါ့
စသည် လူအများနဲ့ တိုက်ရိုက်အချိုးမကျတဲ ့အကြောင်းအရာကိုတော့ မတင်ပြတော့ပါ ။ ဥပမာပေးအနေနဲ့
လက်ရှိ တက်ရောက်သင်ကြားနေတဲ့ကျောင်းကို ဗဟိုပြုပြီးပြောပေမဲ့လည်း တကယ်အားဖြင် ့ အခြားကျောင်း
များမှာလဲ ဒီလိုဖြစ်ရပ်မျိုးတွေရှိနေမှာပါ ။ အလှူခံ ၊ ငွေကောက် ၊ မိဘပိုက်ဆံကုန် ၊ ပွဲခ ဒါတွေကို ဦးစားပေး
မပြောသေးပါဘူး ။ သင်ကြားရေးနဲ ့ ကျောင်းတွင်းဆရာများအခြေအနေကိုစပြီး ပြောကြည် ့ပါ ့မယ် ။
သင်ကြားရေးတွေနဲ့ ပါတ်သက်ရင် အထက်က ပြောသွားကြသလိုပါပဲ ” မအောင်မရှိ ၊ ငါ ့တပည် ့” ဆိုတော့
၆ တန်း ရ တန်းလောက်အထိ ကူး ၊ ကျက် ၊ရေး ၊နဲ့သွားတာပါပဲ ။ လစဉ်စာမေးပွဲတွေစစ်ပေမဲ့လည်း
ခေတ်သစ် ပုံစံနဲ့ နာရီဝက်စာမေးခွန်းကိုဖြေရပြီး ရမှတ်ကို (၄)နဲ ့ မြှောက်တာပါ ။ ဒါက မူလတန်းအတွက်
ပြောတာပါ ။ မမေးခင် ပြန်လှန်သင်ကြားမှုဆိုတဲ့ ခေါင်းစဉ်နဲ့ မေးခွန်းထဲပါမည့် သင်ခန်းစာတွေပေးတော့
ကူးရေး ၊ အလွတ်ကျက်ပြီး ဖြေရပါတယ် ။ မဖြေနိုင်တဲ့ သူရှိရင်လည်း လွယ်ပါတယ် အတန်းထဲက
တော်တဲ ့သူဆီက အဖြေလွှာကို ပြန်ကူးရေးခိုင်းလိုက်ကြတာပါ ။ ဒါဆို ဘာကြောင် ့ ကျူရှင်ယူရသလဲ ..?
အများအားဖြင် ့ ဘာသာရပ်တွေမှာ ရှင်းပြတာတွေ အားနည်းပါတယ် ။ အထက်မှာပြောပြီးသလိုပဲ
ကိုယ်ပိုင်တဲ့ ဘာသာမဟုတ်တာကတမျိုး ၊ အချို ့သောဆရာများကလည်း သင်ကြားရေးစိတ်ဝင်စားမှု
အားနည်းတာကတစ်မျိုးနဲ့ နှစ်စဉ် အတန်းရွေ ့ပြီးသင်ရခြင်း ၊ ဘာသာရပ်ပြောင်းလဲပြီး သင်ရခြင်းတွေကြောင် ့
ကလေးတွေပေါ်မှာ သင်ကြားနိင်မှု အားနည်းမယ်ထင်ပါတယ် ။ ဒါက စီမံခန် ့ခွဲမှုကြောင့်ပါ ။ ဘာသာရပ်မှုး
အတန်းမှူး ၊အတန်းပိုင် နဲ့ လူကြောက်တဲ့ ဘာသာရပ်သင်ကြားခွင် ့ရရှိရေး စတဲ့ ကိုယ်ကျိုးစီးပွားအတွက်
နေရာလုရာက မကျွမ်းကျင်တဲ့ဘာသာတွေကိုသင်ရတော ့တာပါပဲ ။ ဘယ်သူကကြိုးကိုင်သလဲဆိုရင်
ကျောင်းအုပ်ပေါ ့ ။
ခွင် ့လွှတ်ပါ မီးပျက်သွားလို့ .။ ကျွန်တော် နောက်နေ့ ဆက်ပြီး တင်ပြပါ ဦးမယ် ။