ရောင်စုံနံနက်ခင်းလေးများ……………………






မနက်မနက်လမ်းလျောက်တဲ့အခါ ရောင်စုံတိမ်အဆင်နဲ့လှပတဲ့နံနက်ခင်းလေးတွေကို
တွေ့ရတတ်ပါတယ်။
ကျနော်လမ်းလျောက်တာက အရှေ့ကနေ အနောက်ဖက်ကို လျောက်ရတာပါ။
အဲတော့ အရှေ့ဖက်မိုးကောင်းကင်ကြီးလှမလှကို နောက်ပြန်ကြည့်ရတာလဲအမောပါဘဲ။
ကောင်းကင်မှာ အနီရောင်အလင်းစက်တွေကိုများတွေ့ရပြီဆိုရင် မြင်ကွင်းကျယ်ကျယ်လဲရှိ
ရိုက်လို့လဲလှမယ့်နေရာဆီကိုရောက်ပြေးရပါတယ်.။
တိမ်တွေလဲလှနေတာများတွေ့ရလို့ကတော့ရိုက်နေကျ နေရာလေးဆီကိုအပြေးအလွှားသွားပေါ့။
အခုမနက်မှာတော့ တိမ်လေးတွေက အဆင်အသွေးလှလှနဲ့ မြင်ရပါတယ်။
တိမ်ရယ် ရေပြင်ရယ် သစ်ပင်တွေရယ်ဆိုတော့ ပြည့်စုံသော ပုံလေးတစ်ပုံကို ရတာများပါတယ်။
ကဲ ခံစားကြည့်လိုက်ပါအုံးနော်………………..
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
30-9-2012
5 comments
ကိုပေါက်(မန္တလေး)
October 3, 2012 at 4:52 pm
မနက်ကတည်းက တင်ထားတာ ကော်မင်းပိတ်နေတာ မသိလိုက်ဘူး၊
ပုံကလည်း ခြောက်ပုံထဲ။
အခုတော့ ပြန်ထပ်တင်ပြီး ပြင်ပေးလိုက်ပါတယ်။
mayjuly
October 3, 2012 at 5:03 pm
ပုံက အများကြီးနော် ..
အရမ်းလှတယ်…
Hnin Hnin
October 3, 2012 at 6:08 pm
မခို့တရို့နံနက်ခင်းလေး က ကျမနှစ်သက်တဲ့ နံနက်ခင်းလေးပေါ့…(၁၆+၂၀)
မောင်ပေ
October 3, 2012 at 8:03 pm
ပုံတွေအားလုံး လှတယ်လို ့ပဲ ပြောစရာစကားရှိပါ၏
ကိုပေါက်(မန္တလေး)
October 4, 2012 at 9:47 am
ဒီနေ့ရထားတဲ့ပုံတွေက ဒီထက်တောင်လှသေးတယ်