လူ့တန်ဖိုး ဖြတ်နည်း
`လူ့တန်ဖိုး` ဟူသော ဝေါဟာရကို ကျွန်တော် ယခင်က မကြာဖူးခဲ့ပါ။ ကျွန်တော် ဗဟုသုတ နည်း၍ ဖြစ်ပါလိမ့်မည်။ ယခုခေတ်မှသာ `လူသားတို့၏ တန်ဖိုးများ` အင်္ဂလိပ်လို (Human Values) ဟူသော စကားအသုံးအနှုန်းကို စာအရေးအသား အချို့မှာ တွေ့ဖူး ဖတ်ဖူးပါသည်။ ထိုဝေါဟာရစုမှသည် လူ့တန်ဖိုး ဟူသော ဝေါဟာရ ပေါ်ထွန်းလာသည်ဟု ထင်မိပါသည်။
မည်သို့ပင်ဖြစ်စေ၊ လူဖြစ်လာလျှင် လူ၏ ဂုဏ်အလျောက် တန်ဖိုးရှိရပေမည်။ လူတိုင်းမှာ တန်ဖိုးရှိသည်ဟု ဆိုနိုင်ပါ၏။ သို့သော် တန်ဖိုးအဆင်အနိမ့်အမြင့် ရှိမည်သာ ဖြစ်၏။ လူဖြစ်လာကတည်းက တိရစ္ဆာန်တို့ထက် တန်ဖိုးရှိရမည်ဟူသော စကား၌ ခြွင်းချက်ရှိသည်။ အချို့လူတို့သည် ရုပ်ပစ္စည်းအနေဖြင့် အချို့သော လူ၏ ပုံပန်းသဏ္ထန် ရှိ၏။ လူတို့၏ လှုပ်ရှားမှုလည်း ရှိနိုင်၏။ သို့သော် အချို့သော လူတို့သည် စိတ်နေစိတ်ထားအားဖြင့် အလွန် အဆင့်နိမ့်သည့် အလျောက် အချို့သော တိရစ္ဆာန်တို့လောက်မျှ တန်ဖိုး မရှိကြချေ။ သူတို့ကို “ လူ့တိရစ္ဆာန်“ ဟုပင် ခေါ်သူတို့က ခေါ်ကြသည်။
လူဖြစ်ငြားသော်လည်း တိရစ္ဆာန်အချို့ထက်ပင် ကောက်ကျစ်ကြသည်။ ယုတ်မာကြသည်၊ ရက်စက်ကြသည်။ ရက်စက်မှုသည် လူအချို့၌ ရှိ၏။ တိရစ္ဆာန်အချို့သည် သားကောင်များကို ကိုသတ်ကြသည်။ ယင်းသည် သူတို့၏ သဘာဝမျှသာ ဖြစ်သည်။ တိရစ္ဆာန်အချို့၏ အပြုအမူတို့သည် စင်စစ်အားဖြင့် ရက်စက်သည်ဟု မဆိုသာ။ ကြမ်းကြုတ်ခြင်းမျှသာ ဖြစ်သည်။ သားရဲ တိရစ္ဆာန်တို့သည် သားကောင်ကို အစာအဖြစ်သာ မြင်၏။ နှိပ်စက်လိုသော သဘောမရှိပေ။ သဘာဝအလျောက် အစာအဖြစ် ကိုက်စားကြခြင်းသာ ဖြစ်သည်။ ရက်စက်မှုနှင့် ကြမ်းကြုတ်ခြင်းတို့ကို ခွဲခြားသိမြင်ရန် လိုအပ်ပါသည်။
လူအချိုု့သည် တိရစ္ဆာန်တို့နှင့် မတူ၊ ယုတ်မာကြသည်။ တိရစ္ဆာန်တို့ကို ယုတ်မာသည်ဟု စွပ်စွဲလျှင် မှားလိမ့်မည်။ ယုတ်မာမှု၊ ရက်စက်မှုတို့သည် စိတ်ဆန္ဒ၏ ပစ္စည်းများ ဖြစ်သည်။ ရက်စက်လိုသော ဆန္ဒ၊ ရက်စက်သော စေတနာ၊ ထိုနည်းအတူပင် ယုတ်မာမှုသည်လည်း စိတ်နေစိ်ထားအပေါ်တွင် တည်သည်။ စိတ်ထားနှင့် ဆန္ဒတို့ကြောင့် စေတနာပေါ်လာသည်။ ကောင်းသောစိတ်ထားနှင့် ကောင်းသော ဆန္ဒတို့မှ ကောင်းသော စေတနာ ဖြစ်ပေါ်လာသည်။ မကောင်းသော စိတ်ထားနှင့် မကောင်းသော ဆန္ဒတို့မှ မကောင်းသော စေတနာသည် ပေါ်လာချေသည်။ စေတနာသည် ကံဖြစ်၏။ စေတနာကြောင့် ကိုယ်ခန္ဓာက လှုပ်ရှားသည်။ စေတနာမကောင်းလျှင် မကောင်းမှုကို ပြု၏။
ရုပ်ကြမ်းဝါဒီတို့သည် တစ်ခေတ်တစ်ခါက ဩဇာလွှမ်းခဲ့ကြသည်။ ယခု၌ မူ ရုပ်နှင့် နာမ်တို့၏ အညမည သဘောတရားကို လက်ခံလာကြရသည်။ “ စိတ်သည် ကိုယ်ကို လွှမ်းမိုး၏။ “ အင်္ဂလိပ်လို (Mind Over Body) ဟူသော ဆောင်ပုဒ်သည် အနောက်တိုင်း၌ ထွန်းကားလာပေပြီ။ သိုပါလျက်နှင့် အချို့သော သိပ္ပံပညာရှင်တို့က စိတ်သည် ထင်မိယောင်မှား အရာမျှသာ ဖြစ်သည်။ (Mind is an illusion) ဆိုနေကြတုန်းပင် ဖြစ်သည်။ ထိုအဆိုကို ထိုပညာရှင်ကြီးတို့လို အရည်အချင်းမရှိသော၊ သာမန်အမြင်သာရှိသော သာမန်လူတို့က ပြုံါ်ကြသည်။ “သိပ္ပံပညာရှင်တို့ဟာ စိတ်က အရာရာကို ကျော်လွန်နိုင်ပါတယ်လို့ ဘယ်တော့ ဝန်ခံမှာလဲ“ ဟု စာဖတ်သူတစ်ဦးက ဆိုလိုက်သည်။
လူ့တန်ုဖိုးကို အကဲဖြတ်ရာ၌ ပထမဦးစွာ “ စိတ်သည် ပဓာန“ ဟုူသော အမှန်တရားကို အခြေခံရ ပေလိမ့်မည်။ ရုပ်ကြမ်းဝါဒီတို့၏ မှားသော အမြင်ကို ပိုင်ပိုင်နိုင်နိိုင် ပယ်ရပေမည်။ လူတစ်ယောက်၌ တန်ဖိုးမည်၍မည်မျှ ရှိသည်ကို စိစစ်ကြည့်ရာ၌ မှတ်ကျောက်သုံးခု ရှိသည်ဟု ဆိုလိုပါသည်။ ယင်းတို့မှာ “သီလ၊ သမာဓိ၊ ပညာ၊ “ ဟူ၍ပင်။
“သီလ၊ သမာဓိ၊ ပညာ“ ဟူသောဝေါဟာရ သုံးလုံး၌ ဘာသာရေး ဩဇာပါသည်ဟု ဆိုချင်ဆိုကြမည်။ ဆိုနိုင်ပါသည်။ ဘာသာရေး၊သာသနာရေးဟူသည် “အဆုံးအမ“ ဖြစ်၏ အကောင်းနှင့်အဆိုး ခွဲခြား၍ အကောင်းကိုယူ၊ အဆိုးကိုပယ်ရန် ဆုံးမ ပေးရေးပင် ဖြစ်၏။
လောက၌ အကျုုံးဝင်သော အရာတို့နှင့် ပတ်သက်ခြင်းသည် “လောကီ“ ဖြစ်၏။ လောကမှ လွတ်မြောက်ခြင်းသို့ ရောက်စေခြင်းသည် “လောကုတ္တရာ“ ဗုဒ္ဓမြတ်စာွာသည် လောကီး၊ လောကုတ္တရာ နှစ်ဖြာသော ကောင်းကျိုး ဖြစ်ထွန်းစေရန် “မင်္ဂလသုတ်“ တရားတော်ကို အညတရ နတ်သားကို ဟောကြားတော်မူလေ သည်။ လောက၌ ကျက်သရေ မင်္ဂလာရှိသော ပြောဆိုပြုမူ ကျင့်ကြံနိုင်စေရန် လောကီး လူသားတို့အဖို့ လောကုတ္တရာ အကျိုးကို ညွှန်ပြ ဟောကြားတော်မူရာ တွင် ပထမဦးစွာပေးသော ညွှန်ကြားချက်သည် “လူမိုကိကိုရှောင်၊ ပညရှိကိုဆည်းကပ်“ ဟူ၍ ဖြစ်သည်။
ဤဆုံးမချက်၌ လူနှစ်မျိုးကို ခွဲခြားဖော်ပြခြင်း ဖြစ်သည်။ “ဗလနံ=လူမိုက်၊ ပဏ္ဍိတ=ပညရှိ“ ဟူ၍ပင်။ တစ်နည်းဆိုရပါမူ လူတို့တွင် မိုက်သောသူ၊ လိမ္မာသောသူ ဟူ၍ နှစ်မျိုးနှစ်စား ကွဲပြားလျက် ရှိ၏။ လူမိုက်ကို ရှောင်ပါဟူရာ၌ လူမိုက်ကို အပေါင်းအသင်း မလုပ်ပါနှင့်။ မိမိကိုယ်တိုင်လည်း လူမိုက်မဖြစ်ပါစေနှင့်။ လူမိုက်နှင့် ပေါင်းသင်းလျှင် လူမိုက်၏ စိတ်နေစိတ်ထား၊ အကျင့်စိရိုက်တို့ ကူးစက်လာမည်သာ စြဖ်၏။ လူလိမ္မာသည် ပညာရှိဖြစ်၏ ပညရှိသည် အကောင်း အဆိုး၊ အယုတ် အမြတ်ကို ခွဲခြားသိမြင်သော ဉာဏ်သတ္တိရှိ၏။ပညရှိနှင့် ပေါင်းသင်း၍ နည်းနာခံယူလျှင် သင်လည်း ပညရှိ ဖြစ်မည်ဟူ၍ပင်။
“သီလ၊ သမာဓိ၊ ပညာ“ ကို မြန်မာပြန်လိုက်ပါူ အကျင့်ကောင်း၊ စိတ်ဓာတ် ခိုင်မာမှု၊ အကောင်းအဆိုး ခွဲခြားဝေဖန်နိုင်စွမ်းတို့ပင် ဖြစ်သည်။ ယင်းဂုဏ်အင် လက္ခဏာတို့ဖြင့် ပြည့်စုံသူသည် ပညရှိဟု ဆိုလျှင် ထိုဂုဏ်အင် လက္ခဏာများ ကင်းမဲ့သူသည် လူမိုက် သို့မဟုတ် လူ့တန်ဖိုးမရှိသူ ဟူ၍ပင်။
သီလဟူသော အကျင့်(ကိုယ်ကျင့်တရား) ရှိသူသည် မဟုတ်မမှန်ရာမလုပ်၊ မဟုတ်မမှန်ရာ မပြောသဖြင့် “ရိုးသားမှု“ ရှိ၏။ သမာဓိဟူသည် “တည်ကြည့်ခြင်း“ ဖြစ်သည်။ ဆွဲဆောင်ရာသို့ မယိ်မ်းမပါဘဲ တည်တံ့ခိုင်မြဲသော စိတ်ဓာတ်ပင် ဖြစ်ပေသည်။ ထိုသို့ စိတ်ခိုင်သောကြောင့် “သိက္ခာ“ဟူသော ကျင့်ဝတ်သည် မပျက်မပြားဘဲ ခိုင်မြဲလေမည်သာ ဖြစ်၏။ “သိက္ခာ သမာဓိ“ ဟူ၍ တွဲဖက်၍ ဆိုကြည်သည်။
သီလ နှင့် သမာဓိ ပြည့်စုံလျှင် အကောင်းအဆိုး၊ အမှားအမှန်တို့ကို ခွဲခြားဝေဖန် ပိုင်းခြားနိုင်စွမ်း ပေါ်ထွန်းလာ၏။ ထိုအစွမ်းသတ္တိသည် “ပညာ“ ဖြစ်ပေသည်။
အသိပညာ၊ အတက်ပညာဟူ၍ ပည၏ အဓာယတ္တတို့သည် ဖြာထွက်လျက်ရှိ၏။ အသိပညာသည် အရာရာကို သိတက်သော စွမ်းရည် ဖြစ်သည်။ အကြောင်းအကျိုးတို့ကို အရင်းခံတိုင်း သိမြင်တက်ခြင်းကို ဆိုလိုသည်။ အတက်ပညာသည်ကား လုပ်ငန်းကြီငယ်တို့၌ တက်ကျွမ်းမှုကို ဆိုလိုသည်။ ကြောင်းကျိုးမြော်မြင် သိမြင်တက်သော စွမ်းရည်နှင့် လုပ်ငန်းတက်ကျွမ်းမှု စွမ်းရည်တို့တွငသ် ပထမ အမျိုးအစားသည် “ပညာ“ အစစ် ဖြစ်သည်။ ဒုတိယသည် “အတက်“ ဖြစ်သည်။ နှစ်မျိုးလုံးသည် လိုအပ်ပေသည်။ တစ်နည်းဆိုသော် အသိပညာရှင်သည် လမ်းဖောက်ရန် ပုံစံချပေးသူ ဖြစ်၏။ အတက်ပညာရှင်က ထိုပုံစံကို ယူ၍ လမ်းဖောက်သည်။
အတက်ပညာရှင်တို့ထဲမှ အသိပညာရှင် ထွက်နိုင်သည်။ အသိပညရှင်ကလည်း လုပ်ငန်းတက်ကျွမ်းမှု ရှိနိုင်သည်။ သို့သော် အတက်ပညာရှင်တို့တွင် သီလ ပျက်သူများ၊ သမာဓိ မရှိသူများ ရှိတက်သည်။ အသိပညာရှင်များမှာမူ ရှေ့မှဆိုခဲ့သော သီလ၊ သမာဓိ၊ ပညာ မပြည့်စုံလျှင် အသပညာရှင်ဟု မခေါ်ဆိုထိုက်ပေ။ ဆိုးမိုက် ယုတ်မာသော အသိပညာရှင် ဟူ၍ မရှိစကောင်းပေ။
လူ၏ တန်ဖိုးအစစ်သည် အကျင့်သီလ အပေါ်တွင် ရှိ၏။ သီလကြောင်၊ သီလပျက်တို့သည် လောကီ ရေးရာများတွင် မည်မျှပင် အထက်တန်းရောက်နေသော်လည်း တန်ဖိုး မရှိကြချေ။ တစ်နည်းဆိုသော် ပညာရှိသည် ပညာတက်ဟူ၍မဟုတ်ပေ။ အတက်ပညာ တက်ကျွမ်းသည် ဖြစ်စေ၊ မတက်ကျွမ်းသည် ဖြစ်စေ သီလ၊ သမာဓိ ရှိလျှင် ပညာရှိဟု ခေါ်ဆိုရမည်သာ ဖြစ်သည်။ ပညာရှိသည် သူတော်ကောင်းဖြစ်၏။
တက်တိုး
{အတွေးအမြင်၊ စာစဉ်(၁၂၈}။ စက်တင်ဘာ၊၁၉၉၇} ဇော်သိင်္ခ