ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၄)
တင်မယ် တင်မယ်နဲ့ ဘီဇီးနေတာကြောင့် မတင်ဖြစ် ဘူးဖြစ်နေတယ်.. ကြားထဲ မိုးပြာ အခန်းဆက်လဲ ထည့်မလို့ အစမှာ တင် ကိုကိုဟက်ကာ တွေကြောင့် အာရုံပြောင်းသွားတာကြောင့် အခန်းဆက်ကို ဆက်မတင်ဖြစ် တော့ပါဘူး.. ခုတော့ အော်ရီဂျင်နယ် ဂန္ဓာရီခရီး ကိုပဲ ပြန်ဆက်တာပေါ့ဗျာ..
အခုပွဲလေးကတော့ ပုဂံ၊ မြင်းကပါမှာ ၂၉.၉.၂၀၁၂ မှာ ကျင်းပခဲ့တဲ့ မနူဟာ အရုပ်ပွဲ ဖြစ်ပါတယ်.. နှစ်စဉ် တော်သီလင်းလပြည့် နေ့မှာ ကျင်းပပါတယ်.. ထူးခြားတာက လှည့်လည်ပြသတဲ့ အရုပ်တွေကြောင့် ဖြစ်ပါတယ်.. အရုပ်တွေကို မြင်းကပါ ရွားသားတွေကိုယ် တိုင် ပြုလုပ် ကြတာ ဖြစ်ပါတယ်.. ဒီ အရုပ်ချိုးတဲ့ အတတ်ပညာကို မြင်းကပါမှာ ကလေးကအစ တတ်မြောက်ပါတယ်.. ဘုန်ကြီးကျောင်း တွေ အပါအဝင် ရွာ အပိုင်း လိုက် အရုပ်တစ်ခုစီ ပြုလုပ်ကြပြီး ကပြကြတာ ဖြစ်ပါတယ်.. ကိုကြီးကျော်ရုပ်.. မြင်းရုပ်.. ကျွဲရုပ်.. စတာတွေပါဝင်ကြပြီး ပါဖော့မန့် ပြကွက်တွေ လဲပါ ပါတယ်.. ပါဖော့မန့် တွေလုပ်၊ အရုပ်မှာ စာတွေရေးကြပြီး ဆန္ဒဖော်ထုတ်တဲ့ နည်းတမျိုးလဲ ဖြစ်ပါတယ်.. ဒီနှစ်မှာတော့ ဗိုလ်ချုပ် နဲ့ အန်တီစု အရုပ်တွေ ပါဝင်လာပါတယ်..
အနယ်နယ် အရပ်ရပ်က လာရောက်ကြည့်ရှုကြသူတွေလည်း များပြားပြီး အတော်စည်ကား လှပါတယ်.. အရုပ်တွေက စက္ကူချိုးထားတဲ့ အရုပ်တွေ ဖြစ်ပြီး လက်ရာမြောက်ပါ တယ်.. အထဲမှာ လူဝင်ပြီးကပြပြီး.. မတူတာက အရုပ်တွေက အောက်ပိုင်းမပါ ပါဘူး.. ကိုယ်တစ်ဝက်ပဲဖြစ်ပါတယ်.. အရုပ်တွေနဲ့ လိုက်ပြီး တွန်းကြ တိုက်ကြလဲလုပ်တာကြောင့် အရုပ်နားသွားနေရင်တော့ အတိုက်ခံရမှာပါပဲ.. တစ်ချို့ အရုပ်တွေကတော့ တွန်းတိုက် တာနဲ့ ကျိုးကြေသွားကြပါတယ်.. ကျွဲရုပ်တွေ၊ ကျားရုပ်တွေဆိုရင် ဘေးကလူတွေကို လိုက်တိုက်ပါတယ်.. အံ့ဩစရာက အဲလို တွန်းတိုက်ကြပေမယ့် စိတ်မဆိုး၊ ရန်မဖြစ်ကြတာပဲ ဖြစ်ပါတယ်..
သွားရောက်ကြည့်ရှုချင်ကြတယ် ဆိုရင်တော့ နှစ်စဉ် တော်သီလင်းလပြည့် နေ့မတို်င်ခင် တစရက် အလိုသွားရင်ရပါတယ်.. နေရာက မြင်းကပါရွာ မနူဟာ ဘုရား ရှေ ဖြစ်ပါတယ်.. အချိန်က ၂ နာရီ လောက်ကစပြီး ၄ နာရီလောက်ပြီးပါတယ်..
မနူဟာအရုပ်ပွဲရဲ့ ဓာတ်သေတွေကို ရွာသားတွေ ကြည့်ရှုနိုင်အောင် အတွက် ဝေမျှလိုက်ပါတယ်..




















ဒါကတော့ ဆြာအုပ်ပေါ့ဗျာ…
25 comments
ဂန္ဓာရီ ဆြာအုပ်
October 1, 2012 at 2:55 pm
စာရေးတာမှားသွားလို့ပါ ပထမဆုံးပုံက“ မြစေတီအရုပ်ဘုန်းကြီးကျောင်းကအရုပ်” ဖြစ်ပါတယ်
ဂန္ဓာရီ ဆြာအုပ်
October 1, 2012 at 2:57 pm
sorry “ မြစေတီဘုန်းကြီးကျောင်းကအရုပ်”
amatmin
October 1, 2012 at 3:05 pm
ပုံဒွေ အကုန်မိုက်သကွာ..
ရိုက်ပွဲမှာ မပါတာတော့ နာတယ် 🙁
ဒါနဲ့ အဖြူကတမျိုး..အနီကတမျိုး ပုံလေးတွေထက်.
လန်းတာတွေ ပါအုန်းမယ်ထင့်.. 😛
Ma Ei
October 1, 2012 at 3:18 pm
နံမည်ကြီးလှတဲ့ မြင်းကပါ က
အရုပ်ပွဲတော် သွားချင်ပေမဲ့
လူတွေများလို့ ဓါတ်ပုံတွေဘဲ
ကြည့်လိုက်ပါတော့မယ်…
ဒါထက် ပါးကွက်ကြားနဲ့ အနီမလေး
လှသားနော်…
Shwe Tike Soe
October 1, 2012 at 4:13 pm
ဆာအုပ် မိုက်တယ်ဗျာ……… တောင်ပြုံးပွဲနဲ. ကင်းကွာနေတာ ၆နှစ်လောက်ကိုရှိရောပေါ့…… အခုလိုလေးရိုက်ပြပေးတော့ ကျေးဇူးဗျာ………
ဘာပဲဖြစ်ဖြစ်တော့ ဒီ က အုပ် ဆိုတဲ့ စကားလုံး ပါနေလို.ကို အားပေးပြီးသား ဟိဟိ :kwi:
amatmin
October 1, 2012 at 4:22 pm
ဆယ်အိမ်မူး ပေါက်ကရပြောဘီ ဗျ..
ပုဂံမြင်းကပါ ဆိုကာမှ..ဘယ့်နှာ တောင်ပြုံးပွဲ ကပါလာသဒုန်းးးး
တော်ကြာ..ဆြာအုပ်က ခင်ဗျားကို အုပ်ထဲ့ပေးနေအုန်းမယ်… 🙂
Shwe Tike Soe
October 1, 2012 at 4:25 pm
အာသိပါဒယ် ဗျ……….. ကျုပ်ရောက်ဖူးတဲ့ မင်းကြီးမင်းလေး အရုပ်ကလေးကို သွားတွေ.လို.ပါ ဗျာ….
~ဆရာ ကျွန်တော် မွှားတာချိရင် တောင်းရော ဇကောရော ပန် ပါတယ်ဗျာ……..
pooch
October 1, 2012 at 6:01 pm
ဖွားဖွားတို့လည်း စိတ်ဝင်စားဆိုတဲ့ ပုံက ဖွားဖွား မဟုတ်လောက်ဖူး။ ဖိုးဖိုးဖြစ်ဖို့ များတယ် ။ မုတ်ဆိတ်မွှေးတွေနဲ့လေ ဆရာအုပ် ။
အဖြူအနီတွေ နဲ့များ ရောသွားသလား
ဂန္ဓာရီ ဆြာအုပ်
October 1, 2012 at 6:06 pm
အင်း.. ဟုတ်သဗျ.. မုတ်ဆိတ်မွှေးပါတယ် .. ဟိ..
padonmar
October 1, 2012 at 9:25 pm
ဟဲဖုန်းနဲ့ ဈေးသည်လည်းကြိုက်တယ်။မင်းကြီးမင်းလေးလည်းကြိုက်တယ်။
ကျမတို့မြို့မှာလည်း ကျောင်းကြီးကထိန်လှည့်ရင် အဲဒီလို အရုပ်ပဒေသာပင်တွေလုပ်တယ်။
သူကြီးတို့ လော့ကျတဲ့အိန် မှာ ဇန်နဝါရီ ၁ ရက်ဆိုရင် Rose Parade လုပ်တဲ့အခါ နှင်းဆီတွေနဲ့ အရုပ်အမျိုးမျိုး ကားအလှပြအမျိုးမျိုးလုပ်ပြီး မြို့ကို လှည့်ပြတယ်တဲ့။
အမေဒစ်ကန် သဂျီးကို အားကျမခံကြွားပြလိုက်ပြီ။
ဦးဦးပါလေရာ
October 2, 2012 at 8:07 am
ထူးခြားတဲ့ ဗဟုသုတလဲရတယ်
ဓါတ်ပုံကောင်းကောင်းလေးတွေလဲ ကြည့်ရတယ်
ရွှင်မြူးစရာ နှစ်လိုဘွယ်ရာ ရသမျိုးလဲ ပေးတယ်
တော်တော်ကောင်းတဲ့ ပိုစ့် လေးပဲ…။
ဒါနဲ့…
မှောင်နဲ့မဲမဲ
လွင်တီးခေါင်ပြင်ကြီးမှာ
ဘာလုပ်နေတာလဲဟင်…. ?? 😀
ဂန္ဓာရီ ဆြာအုပ်
October 3, 2012 at 12:30 am
ပဲပေးနေတာလေ.. ဟိ
လွင်တီးခေါင် ဟုတ်ဘူးဂျ.. ပြဿဒါးဘုရားမှာ
မောင်ပေ
October 2, 2012 at 8:35 am
ကျုပ်လဲဒီပွဲအကြောင်းကို ဆြာအုပ်စိုးကောင်းမှုကြောင့် ပထမဆုံး မြင်ရ သိရတယ်ဗျ
ကျေးကျေးပါဗျို့
နေမျက်မှန်နဲ့ အဖွားကြီးပုံ မိုက်တယ်
ဂန္ဓာရီ ဆြာအုပ်
October 3, 2012 at 12:19 am
ဘူလဲဗျ.. ဆြာအုပ်စိုး ဆိုတာ
ကိုရင်မောင်
October 2, 2012 at 10:10 am
အောက်ပြည်အောက်ရွာမှာတော့ ကထိန်ရာသီ မှာထိန်ခင်းတဲ့အခါ
အရုပ်တွေလုပ်ပြီးအလှပြ ခင်းကြတာတော့ရှိတတ်ပါတယ်…
ခုလိုသီးသီးသန့်သန့်အရုပ်တွေနဲ့အလှပြတာမျိုးတခါမှမမြင်ဖူးဘူး…
တခါလောက်တော့ကြုံဘူးချင်ပါဘိ………..
kyeemite
October 2, 2012 at 1:22 pm
နေမျက်မှန်နဲ့ အဖွားကြီးပုံ မိုက်တယ်…
ကိုပေ…အဖိုးကြီးပါဗျာ..မုတ်ဆိပ်မွှေးတောင်ဖြူနေပီ..:mrgreen:
kai
October 2, 2012 at 1:33 pm
မုတ်ဆိတ်ဖြူနဲ့.. ဖွားဖွား.လို့ပြောချင်နေသလားမသိ..
ကင်မရာကောင်းတော့.. တချောင်းခြင်းမြင်နေရတာ..
စကားအတင်းစပ်..
ကိုပေ ဘယ်ကထွက်လာသလဲ.. ဟင်င်… 😕
Moe Z
October 2, 2012 at 2:15 pm
မောင်ပေ says:
ကျုပ်လဲဒီပွဲအကြောင်းကို ဆြာအုပ်စိုးကောင်းမှုကြောင့် ပထမဆုံး မြင်ရ သိရတယ်ဗျ
ကျေးကျေးပါဗျို့
နေမျက်မှန်နဲ့ အဖွားကြီးပုံ မိုက်တယ်
😀
လယ်ထွန်Z
October 2, 2012 at 2:27 pm
ဆြာအုပ်စိုး တဲ့ …
အူးလေးက မင်းအုပ်စိုး လား ဟင်င်င်င်င်င်င်င်င်င်
ဟီဟိ
:kwi:
linnlinnn
October 2, 2012 at 6:25 pm
ဒီလိုအရုပ်ပွဲရှိတယ်ဆိုတာအရင်က မကြားခဲ့ဖူးပါဘူး..ဆြာအုပ် ကျေးဇူးကြောင့် သိရ,မြင်ရပြီ.ကျေးဇူးတင်ပါတယ်ရှင်..နောက်ဆုံးက အရုပ်ကတော့ တော်ရုံတွန်းတိုက်ရုံနဲ့ ကျိုးမဲ့ပုံမပေါ်ဘူး.. :p
ဂန္ဓာရီ ဆြာအုပ်
October 3, 2012 at 12:24 am
တိန်
မောင်ပေ
October 2, 2012 at 9:42 pm
အခုမှ သတိရလို ့ပြန်လာပြောတယ်ဗျား
ရှေ ့လျှောက် ဘုရားပွဲရာသီဆိုတော့ ပုဂံ ညောင်ဦးမှာ ပွဲတွေ နဲ ့စည်ကားဦးမှာ ပျော်စရာကြီးဗျို ့
အလိုတော်ပြည့် ဘုရားပွဲ ချိန် တစ်ခါ ရောက်ခဲ့ဖူးတယ်
အလိုတော်ပြည့်ဘုရားပွဲတော်ကို လာတဲ့ မိန်းမပျိုလေးတွေ ချောချက် လှချက်ကတော့ တစ်ကယ်ကို စံပါ
နောက်ပြီး ရှိသေးတယ် ပုဂံညောင်ဦးသူတွေ ကို ကြည့်လိုက်ရင် အားလုံးနီးပါး အသားဖြူကြတယ် ချောကြတယ်ဗျို ့
ရှေ ့လျှောက် ပုဂံညောင်ဦးသူလေးတွေရဲ ့အလှဓါတ်ပုံမျာကို ဆြာအုပ် ကောင်းမှု နဲ ့ကြည့်ရသေးတာပ
ဂန္ဓာရီ ဆြာအုပ်
October 3, 2012 at 12:28 am
ကမန်းကတန်းဖြစ်သွားလို့ ရိုက်ဖို့ မေ့လာတယ် ကိုပေ ရေ
ချောဒီးပဲဂျာ
နောက်တစ်ခါ မေ့မလာစေရဘူး စိတ်ချ
မဟာရာဇာ အံစာတုံး
October 3, 2012 at 8:54 am
ဆြာအုပ် ဆိုလို့ ခပ်ချောချောဂျီး ဖစ်မယ်ထင်ဒါ ..
ခုတော့ မဲမဲတူးတူးဂျီး ဖစ်နေဒါဂိုး …
အဟိ ..
:kwi:
လုံမလေး မွန်မွန်
October 5, 2012 at 5:22 pm
ခုမှ အပိုင်း(၅) ကိုကြည့်မိပြီး စိတ်ဝင်စားလို့ အရင်ပို့စ်တွေကို ပြန်ရှာပြီး ကြည့်ဖြစ်ပါတယ်… ကျွန်မ မသိတဲ့ပွဲဖြစ်တဲ့အတွက် သေချာကြည့်ပြီး မှတ်သွားပါတယ်။
ကျေးဇူးတင်ပါတယ်ရှင့်…
လုံမလေး