ဒါဆိုရင်ကော ကူညီမှာလား။
ဒါဆိုရင်ကော ကူညီမှာလား။
မိုးတွေအရမ်းဘဲရွာနေတဲ့အချိန် ကောင်မလေးတစ်ယောက်ထီးမပါဘဲ လမ်းပေါ်မှာ အပြေးလေးသွားနေတယ်။ အဲဒိအချိန်မှာ ထိုမိန်းကလေးဖြတ်သွားတဲ့ လမ်းဘေးက ကော်ဖီဆိုင်လေးရဲ့ ရှေ့မျက်နှာစာ တံစက်မြိတ်မှာ မိုးအရမ်းသဲနေလို့ မိုးခိုနေတဲ့သူတွေရှိကြတယ် ခင်ခလည်းအပါအဝင်ပေါ့။ အဲဒီမှာ ကောင်လေးတစ်ယောက် ကထီးလေးတစ်ချောင်းကိုင်ပြီး ခုနဖြတ်လျှောက်သွားတဲ့ ကောင်မလေးဆီပြေးသွားပြီး နှစ်ယောက်ဆုံ တဲ့အချိန် မှာ သူလက်ထဲကထီးကို ဖွင့်လို့ ကောင်မလေးကို ဆောင်းပေးရင်း အဲဒီထီးကို ကောင်မလေးလက်ထဲထဲ့လိုက် တာတွေ့လိုက်ရတယ်၊ သူတို့နှစ်ဦးတွေ့ချိန် ခဏလေးမှာ စကားလေးအနည်းငယ်ပြောဖြစ်ကြပြီး ကောင်လေး ပေးတဲ့ထီးလေးကို ကောင်မလေးကဆောင်းသွားရင်း လမ်းဆက်လျှောက်သွား တယ်၊ ကောင်ကလေးကတော့ မိုးရေတွေရွဲပြီး ခုနကော်ဖီဆိုင်လေးမှာ မိုးဆက်ခိုနေတယ်လေ။
အဲဒီလိုကောင်လေးက ကောင်မလေးဆီပြေးသွားပြီး ထီလေးဆောင်းပေးပုံ စကားခဏပြောပုံ ထီးလေး ကောင်မလေး ကိုပေးလိုက်ပုံ စတဲ့ခုနမြင်ကွင်း ကို ကော်ဖီဆိုင်လေးမှာ မိုးခိုနေကြသူတွေမြင်ကြတာပေါ့၊ အဲလိုမြင်ကြတဲ့သူတွေထဲက တစ်ချို့ကတော့ “ဟိုချာတိတ် ဇာတ်လမ်းလုပ်နေပြီ´´ “ကောင်လေးက ဒါမျိုးကျတော့သွက်ပ´´ “တယ်ပိုင်ပါလား´´ “ကောင်မလေးကို ထီလေးမိုးပေးပြီး လိုက်ပို့မယ် ဘာတယ် လုပ် စကားတွေလမ်းမှာပြောဖို့ သွားရောနေပြီ´´ စသည်ဖြင့် ဝေဖန်သံတွေ သုံးသပ်လေကန်သံတွေ ကြားနေ ရတာပေါ့။
ခင်ခလည်း အဲဒီဆိုင်လေးမှာ ထီးမပါလို့မိုးခိုနေတာမို့ ခုနမြင်ကွင်းအစအဆုံးကိုလည်းတွေ့ရသလို ဝေဖန် လေကန် သံတွေလည်းကြားရတာ စဆုံးဘဲပေါ့။ အဲဒီမှာ ခင်ခကအတွေးသမားဆိုတော့ နီးရာခုံလေးမှာ ခဏ ထိုင်ပါရစေပြော စီးကရက်လေးတစ်လိပ်မှာလို့ သောက်ရင်း တွေးမိလိုက်တယ်၊ ဝေဖန်လေကန်တဲ့ တစ်ချို့ လူတွေရဲ့ လက်ထဲမှာထီးတွေကိုင်ထားတာ နှစ်ယောက် သုံးယောက်လောက်တွေ့တယ် ဒါပေမယ့် ဟိုကောင် လေးလို ကောင်မလေးဆီသွားပေး ရကောင်းမှန် စိတ်ကူးမရခဲ့ကြတာလား သွားပေးရင် ခုလို ပတ်ဝန်း ကျင်ရဲ့ ဝေဖန် လေကန်မှု့တွေ ဖြစ်မှာစိုးလို့ ဒါမှမဟုတ် ရှုက်လို့လား၊ ဖာသိဖာသာနေလိုက်မိကြတာလား၊ ဘယ်လို ဘဲဖြစ်ဖြစ် ကိုယ်တောင်မှ မိုးရွာထဲကောင်မလေး မိုးစိုခံလျှောက်နေတယ် မိုးခိုနေပြီးမိုးလေးစဲ မှသွားတာ မဟုတ်ဘူး ဒါလောက်ဘဲ စိတ်ထဲဖြစ်မိတာ ကောင်လေးက တကယ်ကူညီချင်စိတ်နဲ့ သွားပေးသည်ဖြစ်စေ သူတို့ဝေဖန် လေကန်သလို ဇာတ်လမ်းရှာ ပေးတာ ဘဲဖြစ်ဖြစ် တခဏတာအတွင်း အဲလိုကူညီလုပ်ရမယ် တွေးပြီး လုပ်လည်း လုပ်လိုက်တဲ့ သူစိတ်လေး၊ သူလုပ်ရပ်လေး ကိုတော့ လေးစားမိသွားတာအမှန်ဘဲ။
အဲဒီတော့ နောက်အခါများ အခုလိုမျိုးကြုံခဲ့သည်ရှိသော် အခုလိုကူညီမိမှာလား ကူညီမှု့ပြုတဲ့အခါမှာလည်း အခုလိုဘဲ မြင်လိုက်ကြတဲ့ ပတ်ဝန်းကျင်ရဲ့ ဝေဖန် လေကန် သံတွေကိုကော ရင်ဆိုင်နိုင်ပြီလား၊ ဘာဘဲဖြစ်ဖြစ် လုပ်ရပ်တစ်ခုတိုင် တစ်ခုတိုင်းမှာ သဘောထားတူသူ အမြင်တူသူတွေရှိသလို သဘောထား မတူညီသူ အမြင်ကွဲ
ပြားသူတွေကတော့ ရှိနေပြီး အဲဒီ သဘောထားမတူညီသူ အမြင်ကွဲပြားသူတွေရဲ့ ဝေဖန်လေကန် သံတွေဟာ လည်းရှိနေနိုင်စမြဲမို့ ဒါဆိုရင်ကော ကူညီမှာလား လို့သာ မိမိကိုယ်မေးနေမိတော့တယ်လေ။
အော် မိတ်ဆွေအနေနဲ့ကော ဘယ်လိုလဲ ဒါဆိုရင်ကော ကူညီမှာလား လို့။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။
ကိုခင်ခ။
47 comments
ကိုခင်ခ
October 3, 2012 at 12:49 pm
ဒီပိုစ့်လေးက FB မှာတင်ဖို့ရည်ရွယ်ရေးတာမို့ စာမျက်နှာနည်းနေတာပါ။
FB မှာတင်ရင်းနဲ့မှ ကျွန်တော်ရွာထဲလည်းတင်လိုက်မယ် စိတ်ကူးပေါက်လို့ တင်မိခြင်းပါဗျာ။
P chogyi
October 4, 2012 at 10:14 am
ကျွန်တော်အမြင်ကိုပြောရရင်-
အပိုင်း ၃ပိုင်းခွဲကြည့်ရပါမယ်။
(၁) လူပျိုပေါက်၊ လူငယ်ပိုင်းက ရာခိုင်နှုန်းတော်တော်များများကူညီမှာပါ။
သူတို့အရွယ်က အမျိုးသမီးငယ်လေးတွေရှေ့မှာ သူရဲကောင်း၊ လူစွမ်းကောင်း၊ ကယ်တင်ရှင်
ဖြစ်ခြင်ကြတာ။
(၂) လူလတ်ပိုင်းကြတော့ ၅၀၊ ၅ဝ ပဲ။ နည်းနည်းစဉ်းစားရပြီ။ အသိမိတ်ဆွေ၊ တစ်ရပ်ကွက်တည်း
တစ်ကျောင်းတည်း၊ မျက်မှန်းတန်းမိသူလား၊ ထီးပြန်ရနိုင်/မရနိုင်။ အိမ်ကိုထီးပြန်မပါသွားရင်
မဟေသီက ပြသနာရှာမလားပေါ့။
(၃) လူကြီးပိုင်းကြတော့ ကိုယ်အသက်အရွယ် ကိုယ်ကျန်းမာရေးနဲ့၊ စီးပွားရေးအခြေအနေကို ကြည့်ပြီး
မကူညီနိုင်ဖို့ များသွားပြီ။
(စိတ်ထဲမှာတော့ အားလုံးက ကူညီခြင်တဲ့ စိတ်ကလေးတွေရှိကြမှာပါ။ လက်တွေ့ကတော့ အကြောင်း
အကြောင်းတွေ စဉ်းစားပြီးမှ လုပ်ဖြစ်မှာပါ။ ဒါက အမျိုးသားတွေဖက်က အတွေးနော်၊ အမျိုးသမီးတွေ
အနေနဲ့ စဉ်းစားရင် နောက်ထပ်အဖြေတွေ၊ အခြေအနေတွေအများကြီးထွက်လာဦးမှာ)။
Crystalline
October 3, 2012 at 1:07 pm
ွနိုးပါ…ဒါပေမယ့်.. ထီးမပါသူသည် သက်ကြီးရွယ်အို ..ဒါမှမဟုတ် ..ကလေးပေါက်စနလေးနဲ့မိခင်ဆိုရင်တော့ ပေးလိုက်မိမှာပဲ.
Mon Kit
October 3, 2012 at 1:08 pm
ကောင်လေးနဲ့ ကောင်မလေးက သူတို့ချင်း သိထားနှင့်ကြလို့များလား????
ဘာဘဲဖြစ်ဖြစ် ကူညီခြင်းဟာ စေတနာစစ်မှန်ရင် ရောင်ပြန်ဟပ်စမြဲလို့ ထင်ပါတယ်…
မိမိစိတ်ရင်း ရိုးသားသန့်ရှင်း နေဖို့ အဓိက လိုတာပေါ့နော်…
ထင်မြင်ချက်လေးရေးမိတာပါရှင်… 🙂
etone
October 3, 2012 at 1:13 pm
အန်ကယ်ရေ ….
မြင်ခဲ့ရတဲ့ မြင်ကွင်းက ရုပ်ရှင်ထဲမှာကလွဲလျှင် ၊ မြင်လေ့မြင်ထရှိတဲ့ မြင်ကွင်းမျိုးတော့ မဟုတ်ဘူးပဲ … ။
သမီးရဲ့ ကိုယ်ပိုင် အမြင်အရ မိန်းမနေရာက ပြောကြည့်မယ်နော် … ။
အရေးတကြီးသွားစရာရှိစေဦးတော့ … မိုးစဲအောင် စောင့်ချင်စောင့်မယ် ၊ ဒါမှ မဟုတ်လျှင် မိုးစိုခံပြီး အိမ်ပြန်မယ် ၊ အဝတ်လဲပြီး ပြန်ထွက်ချင်ထွက်မယ် ။ မိုးဘယ်လောက်ပဲ သည်းသည်း တစိမ်းလူက .. ပေးလာတဲ့ အကူညီကို refuse လုပ်မိမှာပါပဲ ။ မိန်းမဆိုတဲ့အမျိုးက သံသယများတတ်တဲ့ အမျိုးပါ ။ စေတနာနဲ့ ကူညီသည်ထားဦး … နောက်ကွယ်မှာ ဘယ်သူဘာတွေးနေလဲ မသိနိုင်တဲ့အတွက် လက်မခံသင့်တာ အမှန်ပါပဲ ။ စေတနာအစစ်မှန်သာဖြစ်လျှင် စော်ကား သလိုတော့ ဖြစ်သွားလိမ့်မယ် ဆိုတာထက် ၊ သူတပါး အကူညီကို အားနွဲ့တဲ့ မိန်းမဆိုတဲ့ ခေါင်းစဉ်တပ်ပြီး …. မိုးရေအောက်မှာ ရောက်နေသူအချင်းချင်း အလကား အခွင့်ရေး မလိုချင် တာကြောင့်ပါ ။
အန်ကယ်ပြောပုံအရဆိုလျှင် သူတု့ ိ နှစ်ယောက်က အရင်ကများ မျက်မှန်းတမ်းသိကျွမ်းခဲ့သလား မသိဘူး ။ မိုးရွာနေချိန်မှာ အားကိုးစရာဆိုလို့ ဒီထီးပဲ ရှိတာလေ … ။ မျက်စိတဖြတ်အတွင်းဝင်လာတဲ့ ပုံရိပ်ကို …ထီးသွားပေးဖို့ ဆိုတာ … ထီးတန်ဖိုးကလည်း ရှိသေးတယ် …. ဟီးဟီး … တွေ့သမျှ လူတော့ စေတနာ ရှိပါ့မလားရယ်လို့ တွေးမိလို့ ပါ … အဟီး :kwi:
ကိုခင်ခ
October 3, 2012 at 1:23 pm
သမီးမအိတုံရေ ကွန်မန့်လေးအတွက်ကျေးဇူးပါ၊
ပြန်ပြီးဆွေးနွေးပါမယ်နော်။
ma me kyaw
October 3, 2012 at 2:15 pm
ကိုခင်ခရေ ့ကူညီချင်ပါတယ်ထီးဘိုးပြန်တွေးမိရင် ့
ကိုခင်ခ
October 3, 2012 at 1:17 pm
ကောင်လေးနဲ့ ကောင်မလေးက မသိကြပါဘူး၊ တစိမ်းကောင်လေးတစ်ယောက်က လာပေးတဲ့ထီးမို့ ကနဦး ကောင်မလေးကငြင်းတာပါ၊ အဲဒါကို ကောင်းလေးက ယူသွားဖို့တောင်းပန်ပြီးပေးနေတာမို့ စကားတွေခဏပြောဖြစ်တာလေ၊
ကွန်မန့်ပေးထားတဲ့ Crystalline ၊ ma me kyaw နဲ့ Mon Kit ရေ ကျေးဇူးနော်။
မောင်ပေ
October 3, 2012 at 1:26 pm
ကောင်မလေးသာ လက်ခံမယ်ဆိုခဲ့ရင်… ထီးမိုးပေးရုံတင်မက..
ချမ်းနေရှာမယ့်သူလေးကို ခပ်တင်းတင်းလေး ဖက်ပေးဦးမှာ
ဟီဟိ
Hnin Hnin
October 3, 2012 at 1:27 pm
တစ်လောလေးကမှ ဝယ်ထားတဲ့ထီးက ၇၀၀ဝ မို့ သူများထီးပေးပြီး ပြန်ရမရ
မသေချာတာမို့ အနီးအနားဆိုရင်တော့ အတူတူshareပြီး လိုက်ပို့ပေးတတ်
ပါတယ် … း) … (ခြွင်းချက်-မိန်းကလေးချင်းသာ)
ရွှေ ကြည်
October 3, 2012 at 1:28 pm
Crystalline ပြောသလိုပါပဲလေးခင်ခရေ မဟုတ်ရင်တော့
ထီးဖိုးမတတ်နိုင်တာရော ထီးပြန်ယူဖို့ချိန်းရင်အလုပ်တွေရှုပ်ကုန်မှာရောကြောင့် ကူညီဖြစ်မယ်မထင်ပါဘူး။
လမ်းအတူသွားနေသူချင်း မှတ်တိုင်မှာအတူစောင့်နေသူချင်းဆိုရင်တော့တမျိုးပေါ့နော်..။
ဒါတောင်အခြေအနေကြည့်ရဦးမယ်..လေးခင်ခရေ။
ကိုခင်ခ
October 3, 2012 at 2:03 pm
အခုရေးတင်မိတဲ့ အကြောင်းအရာလေးက လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်က ရန်ကုန်မြို့၏ ရန်ကင်း ၁၂လုံးတန်း လမ်းဆုံက ကော်ဖီ၊ ဆီချက်ရောင်းတဲ့ဆိုင်လေးမှာ ကျွန်တော်အသိမိတ်ဆွေ နှစ်ယောက်နဲ့ မိုးခိုရင်း ကော်ဖီထိုင်သောက်စဉ်တွေ့ခဲ့တဲ့ မြင်ကွင်းလေးကို ပြန်သတိတရတွေးမိလို့ ရေးခဲ့တာပါ။
( ဒါဆိုရင်ကော ကူညီမှာလား။ ) ဆိုတာ ကျွန်တော်မိတ်ဆွေက ကျွန်တော်ကိုမေးခဲ့တာလေ။
ကျွန်တော်လည်းအဲဒီတုန်းက ကိုယ်ပိုင်ပစ္စည်းကို နှမျောမိပြီး မအိတုံတို့၊ မရွှေကြည်တို့၊
နှင်းနှင်းတို့လို ဖြေခဲ့ပါတယ်။
အခုပြန်စဉ်းစားတော့ –။
Hnin Hnin
October 3, 2012 at 4:23 pm
အုန်းစားခံပြီး မစဉ်းစားနဲ့တော့ရှင်…99.99% သောလူများက ကိုယ့်ထီး ခုမှတွေ့တဲ့လူ
လက်ထဲ ပေးလိုက်မှာမဟုတ်ပါဘူး…နှမြောတာ အမှန်ပေါ့….အကြံတစ်မျိုး နဲ့ မရိုးမယ့်
သူ ဆိုရင်တော့မသိဘူးပေါ့နော :kwi:
မမအိ စာလုံးပေါင်း ပြင်ပေးလိုက်လို့ တော်သေး… း)
ဖတ်ပြီးတော့ ပေါမရို့ဘဲ..မေ့တွားရို့….
‘စောင်း’ အသုံးက စဉ်းစားရသလောက်တော့
– ကမ္ဘာကြီး တိမ်းစောင်း
– မျက်စိ စွေစောင်း
– စောင်းမြောင်းပြီး အတင်းပြော
– အမူအရာက ပေစောင်းစောင်းနဲ့ တို့ပါ..
မှားနေရင်လည်း ထပ်ပြင်ပေးကြပါ….
surmi
October 3, 2012 at 2:32 pm
ဦးပါလေယာဟိုတလောကတင်သွားတဲ ့ပို ့စ်အရဆိုရင် မလုပ်ရဲဘူး
ယောက်ကျားဆိုတာနေရာတကာသတိထားရတယ်လေ ဟေး ဟေး
:kwi:
Ma Ei
October 3, 2012 at 2:34 pm
ကူညီမှာလား လို့ အမေးရှိလို့ ဖြေရရင်
အရင်ဦးဆုံး ထီးဆောင်း တာကို ဆ နဲ့ သုံးပါကြောင်းပညာရှိ သတိဖြစ်စေဖို့ပါ…
:hee:
ကူညီဖို့ကတော့ မိန်းကလေးချင်းဆိုရင်လမ်းကြုံရင် အတူခေါ်သွားပေးမှာပါ၊
သိတဲ့သူဆိုရင် ထီးငှားပေးလိုက်ပါမယ်…
မိုးရွာထဲ ထီးမပါ လမ်းလျှောက်တဲ့သူတိုင်းကို
ဘယ်လိုကူညီနေနိုင်ပါ့မလဲနော်…
:kwi:
ကိုခင်ခ
October 3, 2012 at 3:38 pm
စာလုံးပေါင်းလေး အမှန်ပြောပေးတဲ့အတွက် ကျေးဇူးနော်မအိ။ ပြင်ထားလိုက်ပါတယ်။
myanmarcitizen
October 3, 2012 at 3:03 pm
အိမ်ရောက်တဲ့ထိအောင် ထီးလေးမိုးပြီး လိုက်ပို့ပေးလိုက်အုန်းမှာ 🙂
mayjuly
October 3, 2012 at 3:13 pm
ရုပ်ရှင်ရိုက်နေတာများလားးး :harr:
ဘေးမှာ ကင်မလာမင်းတို့ ဘာတို့ မတွေ့မိဘူးလားဂျ… :kwi:
Shwe Ei
October 3, 2012 at 3:14 pm
ဟိုကောင်မလေးပေါနေတာ ကျမကြားလိုက်တယ် အန်ကယ်ခ။
“ဟွင်း … ကို့ဖာသာ မိုးရွာထဲလမ်းထွက်လျှောက်တဲ့ ကိတ်စကို အားအားယားယား ထီးလိုက်ပေးတဲ့လူကချိသေး၊ အားနာလို့ယူသွားလိုက်မယ် ပြန်မပေးဝူးဟဲ့။ မှတ်ပလား” တဲ့။ :harr:
ကိုခင်ခ
October 3, 2012 at 4:16 pm
ကိုဆာမိပြောမှဘဲ ကြားမိတော့တယ် ဗျိုင်းကောင်းကျောက်ပိ သေမှဘဲ၊ အဲ နေမှဘဲ။
မအိရေ မိန်းကလေးတွေကတော့ မခင်ဘဲနဲ့ ယောကျင်္ားတစ်ယောက်ကို ထီးအတူဆောင်းခေါ်သွားလေ့မရှိ
တတ်ပါဘူး၊ ကျွန်တော်တို့ကတော့ ခင်တောင်အတူမဆောင်းရဲပါဘူး၊ တော်ကြာသူနဲ့သက်ဆိုင်သူက
နောက်ပိုးလာအုပ်မှဖြင့်။
စေတနာထားပေးကြကုန်သော ဆရာပေ နဲ့ myanmarcitizen ကိုတော့ လေးစားတယ်ဗျာ။
mayjuly ပြောမှဘဲ ပြန်ပြီးသွားကြည့်ရမလိုတောင် ဖြစ်နေပြီ။
မရွှေအိလည်း အဲဒီတုန်းက လမ်းလျောက်နေတာပေါ့၊ မသိလိုက်ဘူးဗျာ သိလိုက်ရရင်ကောင်းမှာ။
ကိုပေါက်(မန္တလေး)
October 3, 2012 at 4:30 pm
သာမန်စိတ်အနေနဲ့ပြောရရင် သူလဲမိုးဝင်ခိုလို့ရနိုင်တာဘဲ ကူညီရလောက်မယ့်အနေအထားမရှိဘူးလို့
တွက်မိမှာပါ။
အရေးပေါ်အခြေအနေဆိုတာမျိုး
အခြေအနေအချိန်အခါရယ်က လိုအပ်မယ်ဆိုရင်တော့
တွေ့တဲ့အချိန်လေးမှာ ကူညီချင်စိတ်ပေါက်လာမယ်ထင်တာပါဘဲ။
ဘာလိုလဲဆိုတော့ မတောင်းပဲပေးတဲ့စေတနာတွေကြောင့် အစော်ကားခံရပေါင်းများခဲ့လို့ပါဘဲ
ကိုကို ခင်ခင် ခခရေ
ကိုခင်ခ
October 3, 2012 at 4:45 pm
ကိုပေါက်ရေ ကိုယ်ပြုတဲ့ကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်။
သူပြုတဲ့ကံ ပဲ့တင်သံ သူထံသွားပါမည် တဲ့၊
မတောင်းပဲပေးတဲ့စေတနာကိုတော့ဆက် do စေချင်ပါတယ်။
ကြောင်ဝတုတ်
October 3, 2012 at 5:09 pm
ကျွန်တော့တုန်းက အဲလိုကစခဲ့တာပဲဗျာ…
အင်္ဂလိပ်စာပထမနှစ်…
မိုးတွေလဲရွာလို့… ထီးသယ်တိုင်းဖျောက်ပစ်တတ်သူမို့ အိမ်ကထီးဝယ်မပေး…
အဲလိုနဲ့ စာသင်ခန်း တစ်ခန်းနဲ့တစ်ခန်းအကူးမှာ… မိုးသည်းနေလို့ စိတ်ညစ်ညစ်နဲ့ မတ်တပ်ရပ်နေ…
“ထီးမပါရင်လိုက်ခဲ့လေ…” ဆိုတဲ့စကားသံလေးနဲ့အတူ…
အသားဖြူဖြူ အရပ်ပုပုကောင်မလေးတစ်ယောက်… အားနာပါးနာနဲ့ မငြင်းဘဲအတူ စာသင်ခန်းကူးရာက
သံယောဇဉ်တွေဖြစ်… သံယောဇဉ်ကနေ တစ်ဆင့်တက်လို့… အော်…ကြာခဲ့ပါပြီလေ….
” သူဘယ်မှာလဲ… သတိရနေတယ်… တစ်ခါတစ်လေတော့လဲ လွမ်းမိပါတယ်… ပြီးဆုံးတဲ့အဖြစ်အပျက်တို့
အသစ်ဖြစ်ဖို့မလွယ်ကူတာမှန်ပေမယ်…”
အဲဒီကတည်းက တောင်ကြီးတက္ကသိုလ်ကို ခြေဦးမလှည့်တော့တာပါ…
အလွမ်းများဖြင့်ခံစားရေးဖွဲ့သည်…
ကြောင်ဝတုတ်
အရီးခင်လတ်
October 3, 2012 at 8:42 pm
ကျွန်မ အဖြေ ကလဲ အများလိုပါဘဲ။
သူလိုငါလို သန်သန်စွမ်းစွမ်း မိန်းကလေး ကို ကိုယ့်ရဲ့ ထီး ပေးပြီး ကူညီမှာ မဟုတ်ပါ။
သာမာန်အတိုင်း ဆို ဘယ်သူကရော ဒါမျိုး ကူညီမှာလဲ လို့ စဉ်းစားနေမိတယ်။
ကိုယ့် ကိုလာပေးလဲ ထုံကလေး (မှားလို့ တုန်ကလေး) ကဲ့သို့ လုံးဝ(လုံးဝ) မယူပါ။
အခုချိန်မှာလဲ ကိုယ့်လို အဖွားကြီး ကို ဘယ်သူမှလဲ ပေးမှာ မဟုတ်ပါဘူး။ :harr:
ကထူးဆန်း
October 3, 2012 at 10:01 pm
wrong .
အဖွားကြီးမို့လို့ ပေးခံထိ်မှာ … :harr:
ပြေးပြီ…….
အရီးခင်လတ်
October 4, 2012 at 4:42 pm
တောက်(စ်) (မူ – ဂဂ) 😆
cobra
October 3, 2012 at 9:05 pm
အမှန်ဆိုရင်တော့ ကူညီချင်ပါတယ်။
ဒါပေမယ့် ဘေးလူတွေကဝိုင်းပြောကြမှာကိုကြောက်လို့
ကိုခင်ခတွေ ့ခဲ့တဲ့လူတွေလိုပေါ့ စေတနာနဲ့ကူညီတာကို
လူကိုနှာဘူးလိုလို နဲ့အပြောခံရမှာကြောက်လို့ မကူညီဘူး။
ကိုခင်ခ
October 3, 2012 at 9:48 pm
ကူညီချင်ပါတယ်ဆိုတဲ့ cobra ရေ ဘယ်အရွယ်လဲ မသိပေမယ့် လေးစားတယ်ဗျာ။
ခင်ခ အရွယ် ၄၅ လောက်ထိ သူများဆီက ဘာရမလဲဘဲ တွက်နေတတ်တာ ကိုယ့်ဆီက ပေးဖို့ကတော့ ခဲတံတစ်ချောင်း ဘောပင်တစ်ချောင်းတောင်မပေးဘူး၊
ဒါပေမယ့် အဲဒီနောက်ပိုင်းမှာတော့ help တို့ care တို့ ကိုနားလည်လာတတ်ပြီဗျာ။
မဟာရာဇာ အံစာတုံး
October 3, 2012 at 9:11 pm
ဟာဂျာ …
အိုက်ဒါ ကျုပ်ပဲဗျ ..
အိုက်တောင်မလေးဂလည်း ကျုပ်တို့နားကပဲ ..
ကျုပ် ကြောင်နေဒဲ့ တောင်မလေးပေါ့ဗျာ ..
တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရလို့ မျက်နှာရအောင် သွားပိုးဒါဘာ ..
:kwi:
ကိုခင်ခ
October 3, 2012 at 9:36 pm
ကွန်မန့်ပေးကြသော အားလုံးကို ခင်ခ မှ အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျ။
အဲဒီအဖြစ်လေးကြုံခဲ့စဉ်တုန်းက ပြီးခဲ့တဲ့ဆယ်စုနှစ်ကျော် ကျွန်တော် အရွယ်၃ဝ ကျော် လောက်ကပါ။ ကျွန်တော်လည်း အဲဒီတုန်းက အများမန့်ကြသလို ဒီကလေးမနဲ့ မိုးတစ်နေရာမှ ခိုပြီးနေပေါ့ မိုးစဲမှသွားတာမဟုတ်ဘူး လို့ဘဲအပြစ်တင် စိတ်လေးနဲ့ မိုးရွာထဲသူလျှောက်တာကို ကြည့်နေမိတာပါ။ ပိုစ့်ထဲမှာလဲအဲလိုဘဲ ကြည့်နေမိ ကြောင်းရေးထား ပါတယ်၊ လူတိုင်းနီပါး ကိုယ်ပိုင်တဲ့ပစ္စည်းလေးကို သူများကို အလကားပေးဖို့ စိတ်ဖြစ်ဖို့ဆိုတာ မလွယ်ဘူးလေ၊ တန်းဖိုးနည်းတာများ တာနဲ့ မဆိုင်ဘူးနော်၊ ကိုယ်ပိုင်တာနဲ့ဘဲဆိုင်တာ၊ ဥပမာ- အဲဒီအရွယ်တုန်းက ကျွန်တော်ရဲ့ ဘောပင်လေး တန်ဖိုးက ၂၀ဝ ထက်မပိုဘူး ဒါပေမယ့် ဘဏ်ရောက်လို့ အခြားသူက ဘောပင်လေး ခဏဌားရင် သူလက်ထဲက ကိုယ့်ဘောပင်ကို မျက်ခြေအပြတ်မခံ လိုက်ကြည့်နေ တတ်တာလေ၊ အဲဒါဘာလို့လည်း ကိုယ်ပိုင်ဖြစ်နေတာကို လွယ်လွယ်နဲ့ သူစိမ်း သူကိုမပေးချင်ကြတာလေ။ ဒါကလည်းသဘာဝကျပါတယ်။
ဒါပေမယ့် ခုနလိုက်ပေးတဲ့ကောင်လေးက ကူညီမှု့အသင်းတစ်ခုမှ လုပ်တဲ့သူလေးတဲ့။ သူတို့ရဲ့အတွေးမှာ သူများကို ဘယ်လိုကူညီရမလဲ စာနာရမလဲ ဒီလိုစိတ်တွေနဲ့ ကြည့်တတ်နေကြတာဖြစ်မှာပါ။ အဲဒီတုန်းက သူထီးလေးပေးခဲ့တာ give မဟုတ် ဘူးနော်၊ care ပါ။ သူတပါးကို ပေးကမ်းစာနာဖို့ဆိုတာ ကိုယ်ဆီကတစ်ခုခုတော့ လက်လွတ် ရပါတယ်၊ လုပ်အားတွေ ဒါမှမဟုတ်အချိန်တွေ ဒါမှမဟုတ် ကိုယ်ရဲ့ငွေကြေး ၊ပိုင်ဆိုင် တာတစ်ခုခုတွေ စသည်ဖြင့်ပေါ့။
အဲဒီအဖြစ်လေးကြုံခဲ့တဲ့ နေရာနဲ့ မြင်ကွင်းကို အခုရောက်နေတဲ့ ခင်ခအရွယ်နဲ့ သာရောက်ခဲ့ရှိခဲ့မယ်ဆိုရင် ကျွန်တော်လည်း ဟိုကောင်လေးလို ကျွန်တော်ထီလေး
အား ပေးမိမယ်ထင်ပါတယ်လို့ သမီးအိတုံရေ ပြန်ပြီးဆွေးနွေးပါမယ်နော်လို့ အကြွေး ထားခဲ့တာလေးကို ဆပ်လိုက်ပါတယ်ခင်ဗျ။
လယ်ထွန်Z
October 4, 2012 at 9:02 am
အဲ့ဒါ မြန်မာ
သူ့ဟာသူ အသိအကျွမ်းဖြစ်လို့ ဖြစ်ချင်ဖြစ်မယ် .. ဖွန်ကြောင်တာ ဖြစ်ချင်ဖြစ်မယ်။ တကယ်တမ်းသဘောရိုးနဲ့
ကူညီတာ ဖြစ်ချင်ဖြစ်မယ်။ ကိုယ်လည်း မလုပ်ဘူး ။ ကိုယ်နဲ့ မဆိုင်တာ ကိုယ့်အပူ မပါတာ ကိုလည်း အထက်က လို ဝေဖန်
လေကန်သေးတယ်။ အဲ့လို လူစားဒွေ အနာပေါက်ပါဇီတော်…။
နောက်တာပါဗျာ .. အတည်ပြောပါ့မယ်။
ကျုပ်ဆိုရင်တော့ …
၁။ ကျုပ် အသိ ဖြစ်တဲ့အပြင် ကျုပ်မှာလည်း မိုးတိတ်အောင် စောင့်ဖို့ အချိန် ရှိမယ်ဆိုရင် သော်လည်းကောင်း
၂။ ကျုပ် မသိတဲ့ လူဖြစ်မယ် ဆိုရင်တောင် သိပ်(သိပ်) လှနေရင် ကူညီမယ်ဗျ။
ပုံ
လစ်ဘရယ် နှူးဘာ
ဂီ့
လုံမလေး မွန်မွန်
October 4, 2012 at 10:16 am
လေးလေးရေ…
သမီးလည်း မိန်းကလေးဆိ်ုတော့ မိန်းကလေးနေရာကပဲ ပြောကြည့်မယ်နော်..
မတုန်ပြောသလိုပဲ သေရေးရှင်ရေး အရေးတကြီးကိစ္စက လွဲလို့ မိန်းကလေးတန်မဲ့ မိုးရေထဲ ပြေးမိမှာမဟုတ်ပါဘူး။ (အဖော်သူငယ်ချင်းလည်း မပါဘူးဆိုရင်တော့ ပိုဆိုးပေါ့)။ ပြေးမိသည်ဆိုဦးတော့ ရေစိုခံနိုင်လို့ မိုးရေထဲထွက်ပါတယ်ဆိုမှ သူစိမ်းယောက်ျားလေးပေးလာတဲ့ အကူအညီကို ယဉ်ယဉ်ကျေးကျေး ပြန်ငြင်းမိမှာပါ။
သမီးသာ ယောက်ျားလေးဆိုရင်လည်း မိန်းကလေးတစ်ယောက်ကို လူတွေကြားထဲမှာ ကူညီဖြစ်ချင်မှ ကူညီဖြစ်မှာပါ။ ပတ်ဝန်းကျင်က ပြောမှာဆိုတာထက် သူက ငြင်းလိုက်ရင် ကိုယ်ပဲ အောင့်သက်သက်နဲ့ ကျန်ခဲ့မှာလေ… လူ့စိတ်ဆိုတာက မှန်းရခက်တယ်လေ..ကိုယ်က စေတနာဆိုရင်တောင် သူက တစ်မျိုးထင်ပြီး ရန်တွေ့မှ ဒုက္ခ… 🙄
လေးလေးရဲ့ စာကိုဖတ်ပြီး သီချင်းလေးတစ်ပုဒ်ကို သတိရသွားတယ်…
ရသနဲ့ ငယ်ငယ် ဆိုထားတာ..နည်းနည်းဆိုလိုက်မယ်နော်…စာနဲ့ဆိုတာက သက်သာပါတယ်…အပြင်မှာဆို နားမခံနိုင်မှာစိုးလို့… 😛
“ဖြည်းဖြည်းလေးနဲ့ အတိတ်ကို နောက်လှည့်ပြန်ရစ်..ရိုးရိုးလေးပဲ တွေ့ခဲ့ပုံကလည်း…မိုးသည်းတဲ့နေ့တစ်နေ့မှာ ထီးကပါမလာ..တိမ်တွေပြိုနေသလို စိုကာရွှဲသွား…လူတစ်ယောက်ဘေးမှာထီးနဲ့..အုပ်မိုးပေးထားတာသိတယ်..ကျေးဇူးအများကြီးတင်ပြီး..သူငယ်ချင်းတို့ ဖြစ်ခဲ့တယ်ပေါ့…”
စိန်ဗိုက်ဗိုက်
October 4, 2012 at 10:57 am
အာ…
ကူညီလို ့ဖြစ်ဘူး..
အိမ်ပြန်လို ့ ထီးမပါရင် မိန်းမရိုက်လိမ့်မယ်..
ဗျစ်.ဗျစ်စ်..ဗျစ်စ်..
ထီးတော့ ပေးဖူးဘူးဗျ
အူလေးကြီးတစ်ယောက်ကိုတော့ လမ်းကြုံတယ် အတူလိုက်ခဲ့ဆိုပြီး ခေါ်ခဲ့ဖူးတယ်
ကိုယ်တွေထီးမပါရင်လဲ လမ်းကြုံလေး ခေါ်သွားကြရင် ကောင်းမှာဘဲဆိုပြီး မျှော်လင့်ဖူးတယ်
ဆိုပေမဲ့..
မိုးဆိုလို ့ မသေသွားပါဘူးလေ..
ကူညီချင်ကူညီ မကူညီချင်နေ ဘယ်သူ ့ကိုမှ အပြစ်ပြောခွင့်မစိပါဘူး
တားတာကတော့ မိုးရွာရင် ဂလိုပဲ ပုဆိုးခြုံပြီး ပြေးထလိုက်တာဘဲ…
မိန်းခလေးတွေတော့ ရတာခြုံပြေးကြပေါ့လေး..
:harr:
Thu Wai
October 4, 2012 at 11:17 am
ပြောရရင်တော့ အဲဒါမျိုးတွေလုပ်တတ်တာ ၂ဝ မကျော်သေးတဲ့သူတွေပါ
နောက်ပြီး ကောင်လေးက အဲဒီကောင်မလေးကို အရင်နေ့တွေက ဂေါ်လက်စဖြစ်လိမ့်မယ်
ဒီနေ့ကျမှ သူ ဖြည့်ဆည်းပေးရမယ့် အခွင့်အရေးရသွားတာနေမှာ
အဲဒီနေရာ တောင်းစားနေရတဲ့ အဘွားကြီးတစ်ယောက်ဆိုရင် သူပေးမှာလား
တောင်းစားနေတဲ့ အဘွားကြီးဆိုရင် မိုးရေထဲ အစိုခံပြီးထွက်ပေးစရာတောင်မလိုဘူး
လှမ်းခေါ်လိုက်ရင်လာယူလိမ့်မယ်
ကိုခင်ခ
October 4, 2012 at 12:49 pm
အကယ်လို့များ ရန်ကုန်လာဖြစ်ရင် ရွာသူားတွေ ဘယ်သူဆီကမှ ထီးမဌားတော့ဘူးဗျ။
နီးရာဆိုင်မှာဘဲ ရှစ်ခိုး တောင်းပန်ပြီး အိပ်တော့မယ်။
အားလုံးကိုခင်မင်လျှက်-
ခင်ခ။
စိန်ဗိုက်ဗိုက်
October 4, 2012 at 12:52 pm
တားတားလိုဘဲ ပုဆိုးခြုံပြီး ပြေးလေ
:harr:
linnlinnn
October 4, 2012 at 12:59 pm
စိတ်စမ်းနည်းတစ်မျိုးလား ကိုခ.. အဟီး.. ကိုခ နီးစပ်ရာဆိုင်မှာ အထုပ်ကလေး တထုပ်နဲ့အိပ်ခွင့်တောင်းပုံကို တွေးမိပြီး.. ရယ်ချင်သွားတယ်.. :kwi: :harr: အဟီး.. နောက်တာနော်..ချိတ်အချိုးနဲ့..
Hnin Hnin
October 4, 2012 at 4:49 pm
ငှားပေးပါမယ်ရှင့်….နော့ထီးတော့ မရဘူး…ပြန်မပေးမှာစိုးလို့(ခုထိ
မလျှော့သေးဘူး 😛 )အိမ်က ထီးကောက်ရှည်ကြီး ၄ချောင်း(တစ်ကယ်ရှိတာ)
ကြိုက်ရာရွေးယူ တစ်ချောင်း ၁၅ကျပ်နဲ့(မန့်တစ်ခုဖိုး) ငှားသည်…
ငှားတဲ့အသင်းအဖွဲ့နာမည်ကတော့ နာရေးကူညီမှုအသင်း အောက်က
စော်ကြည်….အဲလေ..” ဘဲကြည် ထီးလက်ကမ်း ” အသင်းပါ….
… နည်းနည်းတင်းသွားလားလို့ လျှော့ပေးတာ…ချိတ်ချိုးနဲ့နော့…. :kwi:
ကိုခင်ခ
October 4, 2012 at 10:50 pm
တစ်ရွာတည်းရှိနေတဲ့ ရွာသူားတွေကို ချိတ်ချိုးပါဘူးဗျာ။
ဒါနဲ့ ၁၅ ကျပ်နဲ့ ဌားတာတော့ဟုတ်ပါပြီ တစ်ရက်ဌားခလား အင်တာနက်လို တစ်မိနစ်နှုန်းလား ရှင်းအောင်ရေးလေ နှင်းနှင်းရေ။
ထီးဌားလိုက်တဲ့အခါ ပြန်မရလည်း အရင်းရအောင် တစ်မိနစ်နှုန်းဆိုရင် တစ်ရက်ဌားခက ထီးသစ်ဖိုးကမှ သက်သာလိမ့်မယ်နော်။
ကိုခင်ခ
October 4, 2012 at 1:08 pm
အဲဒီကျ ဓာတ်ပုံရိုက်တာ ဝါသနာမပါပေမယ့် လင်းလင်းအတွက်တော့ ဆိုင်ရှင်ကို အကူအညီတောင်းပြီး ဓာတ်ပုံတစ်ပုံလောက်ရိုက်လို့ ပို့ပေးလိုက်မယ်၊ လင်းလင်းတွေးထားတဲ့ပုံနဲ့တူလားလို့—-။
ကိုစိန်ဗိုက်ဗိုက်ရေ အဲဒီအချိန် ကျွန်တော်က ပုဆိုးမဝတ်ဘဲ ဘောင်းဘီဆိုရင် ဘယ်လိုခြုံပြေးရမလဲ ညွှန်အုံးဗျ၊
pooch
October 4, 2012 at 2:13 pm
ိုမိုးတွေရွာတဲ့တနေ့ ၁ဝ တန်းကျူရှင်က အပြန် သူငယ်ချင်းကောင်လေးက စက်ဘီးပေါ်ကနေ ထီးလှမ်းပေးဘူးတယ်။ ကျမလည်း လှမ်းယူပြီး ဆောင်းပြန်ခဲ့ပါတယ်။ နောက်နေ့ပြန်ပေးတာပဲလေ။
သူငယ်ချင်းအရင်းကြီးပါ ခုဆို သားသားမီးမီးတို့ရဲ့ အဖေတောင် ဖြစ်နေပါပြီ။
ူ
ကိုယ့်မိုးကာကို သူများပေးပြီးကိုယ်က မိုးတိတ်အောင် စောင့်ပြီး ပြန်တာမျိုးတော့ ကျောင်းတက်စဉ်က ကိုယ်တိုင်လုပ်ဖူးတယ်။ သူက နယ်ကားဂိတ်အမှီ ပြန်ရမဲ့သူမို့ ကူညီလိုက်တာပါ။ မိုးကာပြန်ပေးတဲ့အပြင် မုန့်ပါလိုက်ကျွေးပါသေးတယ်။
တကျူရှင်ထဲပေမဲ့ တစိမ်းဆိုရင်တော့ မယူပါဘူး။ ပေးချင်စိတ်လည်း မရှိဘူး။ သက်ကြီးရွယ်အိုနဲ့ သားသည်မိခင်ဆိုရင်တော့ မပြောတတ်ဖူး။ မကြုံဖူးလို့ ပါ။
အရီးခင်လတ်
October 4, 2012 at 2:38 pm
ကိုခင်ခရေ
မိုးရေထဲ လမ်းလျှောက် နေသူက မိန်းကလေး မဟုတ်ဘဲ ယောကျာင်္းလေး ဖြစ်ရင် ရော ကူညီ မှာ လား။
:hee:
ပြသနာက ဒီမှာ
ရင်းဂလိတ် လို မှာ
vulnerable (Exposed to the possibility of being attacked or harmed, either physically or emotionally) ဆိုတဲ့ စကားအရ …..
အဲလို vulnerable လို့ သတ်မှတ်နိုင်တဲ့ သူ တစ်ဦး ဒုက္ခအခက်အခဲ ဖြစ်နေချိန် မကူညီဘဲ ရှောင်ထွက် သွားရင် အင်မတန် ရှက်ဖို့ ကောင်းပါတယ်။
ဒါပေမဲ့ မိန်းမဖြစ်တိုင်း vulnerable လို့ မသတ်မှတ်စေချင်ပါဘူး။
မိန်းမ တိုင်းဟာ ကိုယ့်အားကိုယ်ကိုးချင်စိတ် ရှိချင်မှ ရှိမယ်။
ဒါပေမဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ် ဖို့ ကြိုးစား နိုင်တဲ့/ နေတဲ့ မိန်းမ တွေ လဲ အများကြီးပါ။
ဒီတော့ မိန်းမတွေ ကို vulnerable လို့ သတ်မှတ် ခဲ့ရင် ဒါဟာ discrimination ပါဘဲ။ 😉
ကျွန်မဆို အဲဒီလို မိန်းမတွေကို အားနွဲ့သူ လို့ သတ်မှတ်ခဲ့ရင် အလွန် မကြိုက်ပါဘူး။
အခုချိန်မှာ လဲ မြန်မာပြည်မှာ အမျိုးသမီး တွေဟာ နိုင်ငံ ခေါင်းဆောင်နေရာတွေမှာ ပါဝင် လာနေပါပြီ၊
လေယာဉ်မှူး မိန်းကလေး တွေတောင် ရှိလာပြီမို့ မိန်းမ တွေဟာ vulnerable တွေ မဟုတ်ကြောင်းပြလာပါပြီ။
အခု ကိုခင်ခ ရဲ့ ထီးပေးပြီး ကူညီ တဲ့ ကောင်လေး ဟာ မိန်းကလေး လို့ ရွေးပေးတာ မဟုတ်ဘဲ တစ်ခြား ယောကျာင်္းလေး ကို လဲ ကူညီဖို့ စေတနာရှိတာ ဆိုရင်ဖြင့် အလွန်လေးစားပါတယ်။
မဟုတ်ရင်တော့ ဒီရွာထဲက နူးဘာဂိုဏ်း ဝင်ဘဲ ဖြစ်ရမယ်။
အမှန်က ကိုခင်ခ ပြောချင်တဲ့ လိုရင်းကို သဘောပေါက်ပါတယ်။
ဒါပေမဲ့ ထီးပေး ကူညီခံရသူဟာ
အဖွားအိုကြီး/ အဖိုးအိုကြီး/ ကလေးသူငယ်၊ စိတ်မနှံ့သူ ဆို ပိုပြီး မြင်သာပါမယ်။ :harr:
ကိုခင်ခ
October 4, 2012 at 4:09 pm
အရီးရေ ပြန်ပြီးဆွေးနွေးပေးတဲ့ ကွန်မန့်အတွက် ကျေးဇူးလည်းတင်ပါတယ်။
အရီးသေချာရှင်းလင်းစွာရေးပြခြင်းကြောင့်လည်း အတွေးတွေအဆုံးသတ်ခဲ့ပါတယ်။
မိုးရေထဲ လမ်းလျှောက် နေသူက မိန်းကလေး မဟုတ်ဘဲ ယောကျာင်္းလေး ဖြစ်ရင် ရော ကူညီ မှာ လား။ ဆိုတာကူညီမှာပါ အဲဒီကူညီခဲ့တဲ့ကောင်လေးက နာရေးကူညီမှု့ အသင်းတစ်ခုကပါ။ အမည်က ဖိုးဇော် လို့ခေါ်ပါတယ်၊ အဲဒီဝန်းကျင်မှာတော့ ကူညီတတ်တဲ့သူလေးတစ်ယောက်ပါ။
တစ်ခုဘဲ ရွာသူတွေရဲ့ မာနကိုများ ဒီပိုစ့်နဲ့ ကွန်မန့်တွေက ထိခိုက်သွားသလို ဖြစ်မိတယ်ဆိုရင်တော့ဖြင့်
အနူးအညွှန့်တောင်းပန်ပါတယ်လို့။
ကိုခင်ခ။
အရီးခင်လတ်
October 4, 2012 at 4:41 pm
ရပါဒယ်၊ ရပါဒယ် ကိုခင်ခ ရယ်။
မာန ရယ်လို့ တော့ မဟုတ်ပါဘူး။
ရွာသူတွေ က စိတ်ဓာတ်ကြံ့ခိုင် သမို့ တော်ရုံ စိတ်မဆိုး ကြပါရှင့်။ :kwi:
ဦး ကျောက်ခဲ
October 5, 2012 at 10:05 am
ဦးကျောက်
“ဪ…. မိုးရေထဲမှာ ဒီသူငယ်မလေး ဘာများ အရေးကြီးလာပါလိမ့်၊ မိဘကို ရှာကြွေးနေတာလားမသိ၊ မတော် ဖျားနာ ကုန်ရင် ခက်မယ်၊ ငါ့ ထီးလေးတော့ ကမ်းလိုက်ဦးမှ”
ဆိုင်ထဲကသူများ
“ဟီးဟိ၊ အဖိုးကြီးက တော်တော်မလွယ်တဲ့ ဇ ပဲ၊ အသက်ကြီးမှ ဇတ်လမ်း ရှာပြန်ဘီ”
ကောင်မလေး
“သေသာသေလိုက်ချင်တော့တယ်၊ ငယ်ငယ်ချောချော ကောင်လေးဆိုလဲ တော်သေး၊ ကိုယ့်သမီး အရွယ်ကလေးကို လာ ကြောင် ရတယ်လို့”
char too lan
October 5, 2012 at 12:46 pm
ကြားမယ့်သာကြားရတာ ဒီခေတ်မှာတော့ ရှားပါးအကွက်ပဲ 😀
အလင်းဆက်
October 7, 2012 at 9:12 pm
စဉ်းစားကြည့်ဦးမယ်…